-
မှတ်ပုံတင်ဖို့ လူရာချီစောင့်နေကြပါတယ်
-
လူဝင်မှုကြီးကြပ်ရေးအရာရှိနဲ့ လုံခြုံရေးများလည်းစောင့်ကြပ်နေကြပါတယ်
-
၁၉၈၂ မတိုင်ခင်ကစစ်ဆေးခဲ့တာတွေကို ပြန်လည်စစ်ဆေးနေကြတာပါ
-
သူတို့မြန်မာနိုင်ငံသားဖြစ်နိုင်မဖြစ်နိုင် စစ်ဆေးနေကြတာပါ
-
ဒီစခန်းထဲတွင်လူပေါင်း(၃၀၀၀)ရှိပြီး(၇၀၀)မှာယခုpilot program စာရင်းဝင်ပါတယ်
-
သို့သော်ငြား နိုင်ငံသားဖြစ်ရန်အတွက်
-
၎င်းတို့ကိုယ်တိုင်(သို့မဟုတ်)မိဘများမှာနိုင်ငံတွင်နေထိုင်ကြောင်းသက်သေပြ၇န်လိုအပ်ပါတယ်
-
လွတ်လပ်ရေးမရခင်(၁၉၄၈)က နေထိုင်ခဲ့သူများကိုဆိုလိုပါတယ်
-
၎င်းစာရွက်စာတမ်းရှိမှသာ နိုင်ငံသားဖြစ်ရန်အခွင့်အရေးရှိပါတယ်
-
ရိုဟင်ဂျာ အများစုမှာ အဆိုပါလိုအပ်သောစာရွက်စာတမ်းတွေမရှိကြပါ
-
လူ့အခွင့်အရေးအဖွဲ့များကတော့ (၁၉၈၂) ဥပဒေကို ရှုတ်ချကြပါတယ်
-
ဒီဥပဒေက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အတည်ပြုရန် ငြင်းဆန်သလို ၄င်းတို့ကို ပြည်မဲ့များဖြစ်စေပါတယ်
-
သူတို့က အတင်းအကြပ်မလုပ်ခိုင်းဘူး။
-
ဒီတော့ ကျွန်တော်တို့ကိုယ်ဆန္ဒနဲ့ကိုယ် မှတ်ပုံတင်ခွင့်ရှိတယ်
-
မြေပုံမြို့မှာတော့ ရွေးချယ်စရာ(၃)ခုရှိပါတယ်
-
ကမန်၊ ဘန်ဂါလီနှင့်..လူမျိုးမဲ့ရယ်ဟူပြီး ဖြစ်ပါတယ်
-
ဒါက ရိုဟင်ဂျာလို့ သတ်မှတ်ထားတဲ့လူတွေအတွက် အံ့အားသင့်စရာဖြစ်နေတယ်
-
ဒီမှာရှိတဲ့လူတွေကကိုယ့်ကိုကိုယ် ဘာလူမျိုးပါလို့ ပြောရမလဲ
-
အများစုက ဘန်ဂါလီတွေပါပဲ
-
လူ(၄၀၀)ကျော်လောက် မှတ်ပုံတင်ထားပါတယ်
-
အရာရှိတွေကတော့ တစ်ဦးချင်းအချက်အလက်တွေစုပြီး နေပြည်တော်သို့အစီရင်ခံပါတယ်
-
ထို့နောက် ဘုတ်အဖွဲ့က နိုင်ငံသားဖြစ်သင့်ကြောင်း ဆုံးဖြတ်ပါတယ်
-
ဒီဥပဒေက မညီမျှလှပါဘူး
-
ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်မလာအောင်တားဆီးထားသောသဘောမျိုးသက်ရောက်နေပါတယ်
-
ဒါပေမယ့်ဒီစခန်းကတော့ ရှိနေတုန်းပါပဲ
-
မျှော်လင့်စရာမရှိပေမယ့် မျှော်လင့်နေကြတုန်းပါပဲ