သင့်မှတ်ဉာဏ်တွေ အားလုံးဟာ တကယ်လား။
-
0:07 - 0:09၁၉၉၀ နှစ်လွန် လေ့လာမှုတစ်ခုမှာ
-
0:09 - 0:14ပါဝင်သူတွေဟာ ကလေးတုန်းက ကုန်တိုက်
တစ်ခုမှာ လမ်းပျောက်ခဲ့တာကို မှတ်မိကြတယ်။ -
0:14 - 0:17တချို့က ဒီအမှတ်ရမှုတွေကို
ကွက်ကွက်ကွင်းကွင်း အသေးစိတ် မျှဝေခဲ့ကြတယ်။ -
0:17 - 0:21တစ်ယောက်ကဆို သူ့ကို ကယ်တင်ခဲ့တဲ့
အဖိုးကြီးဟာ ဖလန်နယ် အင်္ကျီဝတ်ထားတယ် -
0:21 - 0:24လို့တောင် မှတ်မိတယ်။
-
0:24 - 0:28ဒါပေမဲ့ ဒီလူတွေထဲက ဘယ်သူမှ
ကုန်တိုက်မှာ လမ်းမပျောက်ခဲ့ပါဘူး။ -
0:28 - 0:30လေ့လာမှု လုပ်ဆောင်တဲ့ စိတ်ပညာရှင်က
-
0:30 - 0:35သူတို့တွေ လမ်းပျောက်ခဲ့တယ်လို့ ပြောတဲ့အခါ
အဖြစ်ပျက်ကို သူတို့ မမှတ်မိလောက်ပေမဲ့ -
0:35 - 0:38မိဘတွေက ဒါကို အတည်ပြုတဲ့အခါ
သူတို့တွေက ဒီအမှတ်ရမှု -
0:38 - 0:40အတုတွေကို ဖန်တီးခဲ့တာပါ။
-
0:40 - 0:45လမ်းပျောက်တာ မှတ်မိတယ်လို့ ထင်သူတွေက
လူတစ်ယောက်၊ နှစ်ယောက်ပဲ မဟုတ်ဘဲ -
0:45 - 0:48ပါဝင်သူတွေရဲ့ လေးပုံးတစ်ပုံက ထင်ခဲ့တာပါ။
-
0:48 - 0:51ဒီတွေ့ရှိမှုတွေက မယုံနိုင်စရာ ထင်ရပေမဲ့
-
0:51 - 0:55ဒါတွေက အတွေ့များတဲ့ အတွေ့အကြုံတစ်ခုကို
တကယ် ထင်ဟပ်စေပါတယ်။ -
0:55 - 0:58ကျွန်ုပ်တို့ မှတ်ဉာဏ်တွေဟာ
တစ်ခါတစ်ရံ စိတ်မချရပါဘူး။ -
0:58 - 1:02ဘာက ဒီမှားတတ်မှုကို ဖြစ်စေတယ်ဆိုတာကို
အာရုံကြောဆိုင်ရာ အဆင့်တစ်ဆင့်မှာ -
1:02 - 1:04တိတိကျကျ မသိသေးပေမဲ့
-
1:04 - 1:08မှတ်ဉာဏ်ဟာ တကယ် ဖြစ်ပျက်ခဲ့တာကနေ
ကွဲလွဲတဲ့ အတွေ့အများဆုံး နည်းလမ်းတချို့ကို -
1:08 - 1:11သုတေသနက မီးမောင်းထိုးပြထားတယ်။
-
1:11 - 1:14အခြားလူတွေ၊ သတင်းတွေလို
ပြင်ပ အရင်းအမြစ်တေွကနေ -
1:14 - 1:16သတင်းအချက်အလက်ကို
-
1:16 - 1:18ကိုယ်ရေးကိုယ်တာ အမှတ်ရခြင်းတွေအဖြစ်
-
1:18 - 1:23ဒါကို မသိရှိဘဲ ပေါင်းစပ်နိုင်ပုံကို
ကုန်တိုက် လေ့လာမှုက အသားပေးဖော်ပြတယ်။ -
1:23 - 1:27ဒီနားယောင်လွယ်မှုမျိုးက မှတ်ဉာဏ်တွေမှာ
ဩဇာလွှမ်းမိုးမှုတစ်ခုပါပဲ။ -
1:27 - 1:28နောက်လေ့လာမှုကိုကြည့်ရင်၊
-
1:28 - 1:33ဒီလေ့လာမှုမှာ သုတေသီတွေက ပါဝင်သူ တစ်စုကို
ကျပန်း ဓာတ်ပုံ အစုတစ်စုကို -
1:33 - 1:34အကျဉ်းချုပ် ပြသခဲ့တယ်။
-
1:34 - 1:40သူတို့တွေ တစ်ခါမှ မလည်ပတ်ဖူးတဲ့
တက္ကသိုလ် ပုရိဝုဏ် ပုံရိပ်တွေ အပါအဝင်ပါ။ -
1:40 - 1:42နောက်သုံးပတ်ကြာတဲ့အခါ ပုံတွေကို ပြသတဲ့အခါ
-
1:42 - 1:47ပါဝင်သူတွေ အများစုက ဒီပရိဝုဏ်ထဲကို
အတိတ်တုန်းက သွားလည်ခဲ့တာ ဖြစ်နိုင်တယ်၊ -
1:47 - 1:50(သို့) ကျီန်းသေးတယ်လို့ ဆိုကြတယ်။
-
1:50 - 1:56ပါဝင်သူတွေဟာ အခြေအနေတစ်ခုက သတင်း
အချက်အလက်ကို မှားယွင်းစွာ မှတ်ယူခဲ့တယ်၊ -
1:56 - 2:01မြင်ခဲ့ဘူးတဲ့ ပုံတစ်ပုံကနေ နောက်တစ်ခု၊
တွေ့ကြုံခဲ့တယ်လို့ ယုံကြည်မှု မှတ်ဉာဏ်ပါ။ -
2:01 - 2:06နောက်ထပ် စမ်းသပ်မှုမှာ လူတွေကို
မှန်ဘီးလူးတစ်ခုရဲ့ ပုံတစ်ပုံ ပြသခဲ့ပြီး -
2:06 - 2:09လော်လီပေါ့ တစ်ခုကို
စိတ်ကူးကြည့်ဖို့ ပြောခဲ့တယ်။ -
2:09 - 2:14မှန်ဘီလူးနဲ့ လော်လီပေါ့ကို မြင်ခဲ့တယ်လို့
မကြာခဏ သူတို့ မှတ်မိကြတယ်။ -
2:14 - 2:17သူတို့ဟာ ဒါတွေကို တကယ် မြင်ခဲ့တာလား
(သို့) စိတ်ကူးကြည်ရုံ သက်သက်လားဆိုတဲ့ -
2:17 - 2:21အရာဝတ္ထုတွေကို မှန်ကန်တဲ့
အခြေအနေနဲ့ ဆက်စပ်ဖို့ ရုန်းကန်ရတယ်။ -
2:21 - 2:25နောက်လေ့လာမှုမှာ စိတ်ပညာရှင်က
မှတ်ဉာဏ်အပေါ် ဩဇာလွှမ်းမှု -
2:25 - 2:29နောက်တစ်မျိုးကို အသားပေးတဲ့ ဆေးခြောက်
-
2:29 - 2:32တရားဝင်လုပ်ရေး အမြင်တွေအပေါ်
လူပေါင်း ၂၀၀၀ ကျော်ကို မေးခဲ့တယ်။ -
2:32 - 2:38ပါဝင်သူတွေက မေးခွန်းတွေကို
၁၉၇၃ နဲ့ ၁၉၈၂ မှာ ဖြေဆိုခဲ့တယ်။ -
2:38 - 2:43၁၉၇၃ ခုနှစ်မှာ ဆေးခြောက် တရားဝင်ဖြစ်မှုကို
ထောက်ခံတယ်လို့ ဆိုပြီး -
2:43 - 2:47၁၉၈၂ မှာ တော့ ဆန့်ကျင်ခဲ့တယ်လို့
သတင်းပို့သူတွေဟာ -
2:47 - 2:53၁၉၇၃ မှာ တရားဝင်ဖြစ်မှုကို တကယ် ဆန့်ကျင်
တာကို မှတ်မိဖို့ ဖြစ်နိုင်ခြေပိုများတယ်။ -
2:53 - 2:58အမြင်ဟောင်းတွေ လက်ရှိ အမြင်သစ်တွေနဲ့
တစ်ပြေးညီ ဖြစ်စေခြင်းပါ။ -
2:58 - 3:01ကျွန်ုပ်တို့ရဲ့ လက်ရှိ အမြင်တွေ၊
ခံစားချက်တွေ၊ အတွေ့အကြုံတွေက -
3:01 - 3:05အတိတ်မှာ ခံစားခဲ့ရပုံရဲ့ အမှတ်ရမှုတွေကို
တစ်ဖက်ဖက်ကို ယိမ်းစေနိုင်ပါတယ်။ -
3:05 - 3:06နောက်ထပ် လေ့လာမှုထဲမှာ
-
3:06 - 3:10သုတေသီတွေဟာ ပါဝင်သူတွေရဲ့ အုပ်စုနှစ်စုကို
သမိုင်းဆိုင်ရာစစ်ပွဲ အကြောင်း -
3:10 - 3:17နောက်ခံ သတင်းအချက် ပေးပြီး တစ်ဘက်စီက
အနိုင်ရမယ့် ဖြစ်နိုင်ခြေ သတ်မှတ်ခိုင်းတယ်။ -
3:17 - 3:19အုပ်စုတစ်စုစီကို တူညီတဲ့
သတင်းအချက်အလက်ပေးတယ်၊ -
3:19 - 3:24ခြွင်းချက်က စစ်ပွဲကို ဘယ်သူ တကယ် နိုင်တဲ့
အုပ်စုတစ်စုကိုသာ ပြောခဲ့တာပါ။ -
3:24 - 3:27အခြားအုပ်စုကတော့ တကယ့် လက်တွေ့
ရလဒ်ကို မသိခဲ့ဘူး။ -
3:27 - 3:31သဘောတရားအရ အုပ်စုနှစ်စုစလုံးရဲ့
အဖြေတွေဟာ တူညီသင့်ပါတယ်။ -
3:31 - 3:33အကြောင်းက တစ်ဘက်စီ နိုင်ခြေက တကယ်
-
3:33 - 3:36နိုင်သူတွေကြောင့် သက်ရောက်မှုမရှိလို့ပါ။
-
3:36 - 3:40မိုးသက်မုန်တိုင်း ဖြစ်နိုင်ခြေ ၂၀% ရှိပြီး
မိုးသက်မုန်တိုင်းတစ်ခု ဖြစ်တယ်ဆိုရင် -
3:40 - 3:45မိုးသက်မုန်တိုင်း ဖြစ်နိုင်ခြေက ၁၀၀% ထိ
နောက်ကြောင်းပြန် တက်မသွားဘူး။ -
3:45 - 3:48ဒါပေမဲ့ စစ်ပွဲ ပြီးဆုံးပုံကို
သိတဲ့ အုပ်စုက သတ်မှတ်တာက -
3:48 - 3:54နိုင်တဲ့ဘက်ကိုမသိတဲ့ အုပ်စုထက်
နိုင်ဖို့ ဖြစ်နိုင်ခြေ ပိုများတယ်။ -
3:54 - 3:58မှတ်ဉာဏ်ရဲ့ ဒီမှားတတ်မှုတွေ အားလုံးဟာ
လက်တွေ့ လောကကို သက်ရောက်မှု ရှိနိုင်တယ်။ -
3:58 - 4:04ရဲရဲ့ စစ်ဆေးမှုတွေက မျက်မြင် သက်သေတွေ
သံသယရှိသူတွေနဲ့ ဦးဆောင်မေးခွန်းတွေ သုံးရင် -
4:04 - 4:11နားယောင်လွယ်မှုက မမှန်တဲ့သက်သေခံမှု(သို့)
စိတ်မချရတဲ့ ဝန်ခံမှုတွေ ဖြစ်စေနိုင်တယ်။ -
4:11 - 4:13ဦးဆောင်မေးခွန်းတွေ မရှိတာတောင်
-
4:13 - 4:18မှားယွင်းမှတ်ယူခြင်းက မမှန်တဲ့
မျက်မြင်သက်သေ ထွက်ဆိုချက် ဖြစ်စေနိုင်တယ်။ -
4:18 - 4:19တရားရုံးတစ်ရုံးမှာ
-
4:19 - 4:22တရားသူကြီးက လက်မခံနိုင်တဲ့
အထောက်အထားတစ်ခုကို ပြဌာန်းပြီး -
4:22 - 4:26ဂျူရီလူကြီးတွေကို ဒါကို အလေးမထားဖို့
ပြောရင် သူတို့ ဒီလိုလုပ်နိုင်ဖွယ်မရှိဘူး။ -
4:26 - 4:30ဆေးဘက်ဆိုင်ရာ အနေအထားတစ်ခုမှာ
လူနာက ဒုတိယ ရွေးချယ်ခွင့်ကို တောင်းခံပြီး -
4:30 - 4:34ဒုတိယ သမားတော်က ပထမတစ်ခုရဲ့
ရောဂါစစ်ဆေးချက်ကို သတိမူမိရင် -
4:34 - 4:37ဒီအသိက သူတို့ရဲ့ သုံးသပ်ချက်ကို
ဘက်လိုက်စေလောက်တယ်။ -
4:37 - 4:41ကျွန်ုပ်တို့ မှတ်ဉာဏ်တွေဟာ ဒိဌဖြစ်ရပ်ရဲ့
စွဲမြဲနေတဲ့ ကိုယ်စားပြုမှုတွေ မဟုတ်ဘဲ -
4:41 - 4:44ဘက်လိုက်တဲ့ အမြင်တွေသာ ဖြစ်ပါတယ်။
-
4:44 - 4:47ဒါနဲ့ပတ်သက်ပြီး သေချာပေါက်
မှားတာ တစ်ခုမှ မရှိဘူး။ -
4:47 - 4:51အမှတ်ရမှုတွေရဲ့ သဘာဝနဲ့ ပတ်သက်ပြီး
အခြေခံ အမှန်တရားကို လက်ခံတာထက် -
4:51 - 4:53မှတ်ဉာဏ်ကို လက်တွေ့အချက်အဖြစ် မှတ်ယူတဲ့အခါ
-
4:53 - 4:56ပြဿနာတွေ ပေါ်လာတာပါ။
- Title:
- သင့်မှတ်ဉာဏ်တွေ အားလုံးဟာ တကယ်လား။
- Speaker:
- Daniel L. Schacter
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/are-all-of-your-memories-real-daniel-l-schacter တွင် ကြည့်ရှုပါ။
၁၉၉၀ နှစ်လွန် လေ့လာမှုတစ်ခုမှာ ပါဝင်သူတွေဟာ ကလေးဘဝတုန်းက ကုန်တိုက်တစ်ခုမှာ လမ်းပျောက်ခဲ့တာကို မှတ်မိခဲ့ကြတယ်။ တချို့က ဒီအမှတ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် မျှဝေခဲ့ကြတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိခဲ့တယ်။ ဒီလူတွေထဲက ဘယ်သူမှ ကုန်တိုက်မှာ လမ်းမပျောက်ခဲ့တာပါ။ သူတို့တွေ လမ်းပျောက်ခဲ့တယ်လို့ စိတ်ပညာရှင်တွေက ပြောဆိုပြီး မိဘတွေက ဒါကို အတည်ပြုပြီးနောက်မှာ သူတို့တွေဟာ ဒီအမှတ်ရမှု အတုတွေကို ဖန်တီးခဲ့တာပါ။ ဒီတော့ ဘာတွေ ဆက်ဖြစ်နေလဲ။ Daniel L. Schacter ကနေပြီး ကျွန်ုပ်တို့ မှတ်ဉာဏ်ရဲ့ မှားတတ်မှုကို စူးစမ်းထားပ်တယ်။
သင်ခန်းစာကို Daniel L. Schacter က ပြုစုပြီး AIM Creative Studios က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:57
![]() |
sann tint approved Burmese subtitles for Are all of your memories real? | |
![]() |
sann tint edited Burmese subtitles for Are all of your memories real? | |
![]() |
Myo Aung accepted Burmese subtitles for Are all of your memories real? | |
![]() |
Myo Aung edited Burmese subtitles for Are all of your memories real? | |
![]() |
sann tint edited Burmese subtitles for Are all of your memories real? | |
![]() |
sann tint edited Burmese subtitles for Are all of your memories real? | |
![]() |
sann tint edited Burmese subtitles for Are all of your memories real? | |
![]() |
sann tint edited Burmese subtitles for Are all of your memories real? |