လော့ဂရစ်သမ်၊ ရှင်းပြချက် -Steve Kelly
-
0:16 - 0:17ဒသမ ၀၀၀၀ ၀၀၀၃၉၈ နဲ့
-
0:17 - 0:21ဒသမ ၀၀၀၀ ၀၀၀၀၃၉၈ အကြားက
-
0:21 - 0:26ခြားနားချက်ဟာ ဘယ်လိုလုပ်ပြီး
ရေကူးပြီးသူရဲ့ -
0:26 - 0:28မျက်လုံးတွေကို နီစေတာလဲ။
-
0:28 - 0:30ဒါကိုဖြေဖို့၊ တို့တွေ ကိုင်တွယ်ရမှာက
-
0:30 - 0:32သိပ်ငယ်တဲ့ ကိန်းတွေ၊ ဒါမှမဟုတ်
-
0:32 - 0:34တချို့ကိစ္စတွေမှာ သိပ်ကြီးတဲ့ ကိန်းတွေပါ။
-
0:34 - 0:36ဒါက လော့ဂရစ်သမ်ရဲ့
အယူအဆဘက် ဦးတည်စေပါတယ်။ -
0:36 - 0:38ဒီတော့၊ လော့ဂရစ်သမ်ဆိုတာ ဘာများလဲ။
-
0:38 - 0:40အခြေကိန်းကို b ကို ယူလိုက်စို့၊
-
0:40 - 0:42၎င်း b အပေါ် ပါဝါ p တင်၊
-
0:42 - 0:43၂ ကို ၃ ထပ်သို့ တင်သလိုပေါ့၊
-
0:43 - 0:46ပြီးတော့ အဲဒါကို
n ဆိုတဲ့ကိန်းနဲ့ တူညီပါစေ။ -
0:46 - 0:49တို့တွေ b ကို ပါဝါ p တင်လျက်
n နဲ့ညီတဲ့ ထပ်ညွှန်း ညီမျှခြင်းကိုရကြမယ်။ -
0:49 - 0:51တို့ ဥပမာမှာ ၂ ကို ၃ ထပ် တင်တာဟာ
-
0:51 - 0:53၈ နဲ့ ညီလိမ့်မယ်။
-
0:53 - 0:55ထပ်ညွှန်း p ဟာ ကိန်း n ရဲ့
-
0:55 - 0:57လော့ဂရစ်သမ် ဖြစ်ပါတယ်။
-
0:57 - 0:59ဒါကို ရေးလေ့ရေးထ ရှိကြတာက-
-
0:59 - 1:04အခြေ b ရှိတဲ့ ကိန်းတစ်လုံးရဲ့
လော့ဟာ p ဆိုတဲ့ပါဝါနဲ့ ညီတယ်။ -
1:04 - 1:07အားလုံးက ကိန်းရှင်တွေ ဆိုတော့
နည်းနည်းရှုပ် နေမယ်ထင်တယ်၊ -
1:07 - 1:08ဒီတော့ ဒီ ဥပမာတစ်ခုကို သုံးပြမယ်။
-
1:08 - 1:09လော့ အခြေ ၁၀ ဆိုရင်
-
1:09 - 1:12၁၀၀၀၀ ရဲ့ တန်ဖိုးဟာ ဘာဖြစ်မလဲ။
-
1:12 - 1:14ဒီမေးခွန်းကို ထပ်ညွှန်းတွေသုံးပြီး
မေးနိုင်တာက- -
1:14 - 1:16၁၀၀၀၀ ကို ရဖို့
၁၀ ကို ပါဝါ ဘယ်လောက် တင်ရမလဲ။ -
1:16 - 1:19၁၀ကို ၄ ထပ်တင်တာက ၁၀ ၀၀၀ ပါ။
-
1:19 - 1:20ဒါကြောင့် ၁၀ ၀၀၀ရဲ့ လော့ အခြေ ၁၀ ဟာ
-
1:20 - 1:22၄ နဲ့ ညီပါတယ်။
-
1:22 - 1:26သိပ္ပံဂဏန်းတွက်စက်နဲ့လည်း ဒီဥပမာကို
ရှင်းရှင်းလေး တွက်နိုင်ပါတယ်။ -
1:26 - 1:28လော့ အခြေ ၁၀ ဟာ သိပ္ပံမှာ
-
1:28 - 1:30အသုံးများလို့
-
1:30 - 1:35ဂဏန်းတွက်စက်အများစုမှာ ပုံသေခလုတ်
အထူးကို ထည့်သွင်း ထားပေးတယ်။ -
1:35 - 1:37ဂဏန်းတွက်စက်က လော့တွေ တွက်ပေးနေမှတော့
-
1:37 - 1:38လော့တွေကို ဘာကြောင့် လေ့လာမလဲ။
-
1:38 - 1:40တစ်ချက်သတိပေးပါ့မယ်-
-
1:40 - 1:44လော့ ခလုပ်ဟာ အခြေ ၁၀
လော့ဂရစ်သမ်ကိုသာ တွက်ပါတယ်။ -
1:44 - 1:46ကွန်ပြူတာ သိပ္ပံပညာကို လိုက်စားချင်ရင်
-
1:46 - 1:48အခြေ ၂ ကို နားလည်ဖို့ လိုအပ်မယ်
ဆိုရင်ကော။ -
1:48 - 1:50ဒီလိုဆို ၆၄ ရဲ့ လော့ အခြေ ၂ က ဘာဖြစ်မလဲ။
-
1:50 - 1:54တနည်း၊ ၂ ကို ပါဝါဘယ်လောက်အထိ
တင်ရင် ၆၄ ဖြစ်မလဲ။ -
1:54 - 1:59သင့် လက်ချောင်းတွေကို သုံးပါ။
၂၊ ၄၊ ၁၆၊ ၃၂၊ ၆၄။ -
1:59 - 2:04ဒါဆို ၆၄ ရဲ့ လော့ အခြေ ၂ ဟာ
၆ နဲ့ ညီတယ်။ -
2:04 - 2:06ဒါဆို ကျွန်တော့မျက်လုံးတွေ
တစ်ချို့ရေကူးကန်တွေမှာ နီရဲလာပြီး -
2:06 - 2:08တချို့မှာ နီရဲမလာတာနဲ့ အဲဒါ
-
2:08 - 2:09ဘယ်လိုများ ပတ်သက်နေလဲ။
-
2:09 - 2:11ဒါက ဓာတုဗေဒထဲက
စိတ်ဝင်စားဖွယ် လော့ဂရစ်သမ် -
2:11 - 2:13သုံးနည်းဆီကို ပို့ပေးပါတယ်-
-
2:13 - 2:15ရေ နမူနာများရဲ့ pH ရှာရာမှာ သုံးပါတယ်။
-
2:15 - 2:18pH ဟာ နမူနာတစ်ခုရဲ့ အက်စစ်သတ္တိ နဲ့
ဘေ့စ်သတ္တိကို ဖော်ပြတယ်၊ -
2:18 - 2:20ပြီးတော့ တွက်ချက်ရန် ပုံသေနည်းက-
-
2:20 - 2:26pH ဟာ hydrogen ion ပါဝင်မှုရဲ့ အခြေ ၁၀
အနှုတ်လက္ခဏာ လော့ ဒါမှမဟုတ် H+ နဲ့ ညီတယ်။ -
2:26 - 2:28တို့တွေ ရေနမူနာများရဲ့ pH ကိုရှာချင်ရင်
-
2:28 - 2:33hydrogen ion ပါဝင်မှု
ဒသမ ၀၀၀၀၀၀၀၃၉၈ နဲ့ ပြီးတော့ -
2:33 - 2:38ဒသမ ၀၀၀၀၀၀၀၀ ၃၉၈ ကိုယူပြီး
-
2:38 - 2:40တွက်စက်နဲ့ အမြန် တွက်နိုင်တယ်။
-
2:40 - 2:42ဒီကိန်းတစ်ခုစီရဲ့ အနုတ်လော့ကို
နှိပ်ထည့်လိုက်တာနဲ့ -
2:42 - 2:46pH ဟာ ၇.၄ နဲ့ ၈.၄ ဖြစ်တာကို
သင်တွေ့ လိမ့်မယ်။ -
2:46 - 2:49တို့မျက်လုံးထဲက မျက်ရည်တွေရဲ့ pH က
၇.၄ လောက်ရှိတော့၊ -
2:49 - 2:53H+ ပါဝင်ကိန်း က
.၀၀၀၀၀၀၀ ၃၉၈ ဟာ -
2:53 - 2:55သင့် မျက်လုံးအတွက် ကောင်းပေမဲ့၊
-
2:55 - 2:59pH က ၈.၄ ဆိုရင် သင့်ကို
ယားယံ၊ နီမြန်း စေလိမ့်မယ်။ -
2:59 - 3:04လောဂရစ်သမ်ကို မှတ်မိဖို့လွယ်ကူပါတယ်
"ကိန်း n ရဲ့ လော့ အခြေ b ဟာ p နဲ့ညီ" -
3:04 - 3:08ထပ်ပြောရမှာက- "ကိန်းနဲ့ ညီအောင်
အခြေပေါ် ဘယ်ပါဝါ တင်ရမလဲ။" -
3:08 - 3:13"ကိန်းနဲ့ ညီအောင်
အခြေပေါ် ဘယ်ပါဝါ တင်ရမလဲ။" -
3:13 - 3:15သိပ်ငယ်တဲ့ကိန်း သို့မဟုတ်
သိပ်ကြီးတဲ့ ကိန်းတွေကို -
3:15 - 3:18ကိုင်တွယ်ရတဲ့အခါ လော့ဂရစ်သမ်တွေ
အစွမ်းထက်တာ၊ တို့ အခုသိသွားပြီ။ -
3:18 - 3:20ရေကူးပြီး မျက်စဉ်းခပ်မဲ့ အစား
-
3:20 - 3:24လော့ဂရစ်သမ်ကိုပဲ သုံးလိုက်ပေါ့။
- Title:
- လော့ဂရစ်သမ်၊ ရှင်းပြချက် -Steve Kelly
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/steve-kelly-logarithms-explained
လော့ဂရစ်သမ်တွေဟာ ဘာလဲ၊ သူတို့ ဘာကြောင့် အသုံးဝင်လဲ။ အဲဒီလို အရေးပါကြတဲ့ သင်္ချာလုပ်ဆောင်ချက်များဆိုင်ရာ အခြေခံတွေကို ရယူပါ-- ပြီးတော့ ဒီ နွေရာသီတွင် ရေကူးကန်မှာ သင့်မျက်လုံးတွေနီမြန်းလာမလား၊ မလာဘူးလားကို လော့ဂရစ်သမ် အခန့်သားသုံးပြီး ဆုံးဖြတ်နိုင်ကြောင်း ရှာဖွေပါ။
သင်ခန်းစားတင်ဆက်သူ- Steve Kelly၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-TED-Ed။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:35
![]() |
sann tint approved Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Myo Aung accepted Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Myo Aung edited Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Myo Aung edited Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Logarithms, Explained - Steve Kelly | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Logarithms, Explained - Steve Kelly |