-
ကျွန်တော်တို့တွေ အရေးကြီးတဲ့ ဇီ၀ဖြစ်စဉ်
-
တစ်ခုအကြောင်းပြောကြရအောင်…
-
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ဒီဖြစ်စဉ်မရှိရင်
-
ဒီကမာၻပေါ်မှာ သက်ရှိတွေရှိလာမှာ မဟုတ်ဘူး၊
-
ကျွှန်တော်လဲ အခုလို မင်းတို့တွေအတွက် ဗီဒီယိုတွေလုပ်မနေနိုင်ပါဘူး။
-
ဘာလို့လဲဆိုတော့ ကျွှန်တော် မည်သည့်နေရာတွင်မှ အစာ မရနိုင်လို့ပါ။
-
အဲ့ဒီ ဖြစ်စဉ်ကို အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) လို့ခေါ်ပါတယ်။
-
မင်းတို့တွေလဲ ဒီအတွေးအခေါ်နဲ့ အသင့်အတင့်တော့ အကျွှမ်းတဝင်ရှိနေမှာပါ။
-
အဓိက ကတော့ အပင်တွေပါ —
-
ပြီးတော့ ဘက်တီးရီးယားတွေ နဲ့ ရေညှိပင်တွေ စသည်ဖြင့်ပေါ့ —
-
ဒါပေမဲ့ ကျွှန်တော်တို့ ပုံမှန်အားဖြင့် ဒီအတွေးအခါ်ကို အပင်တွေနဲ့ ဆက်နွယ်ပြီးပြောကြပါတယ် —
-
ကျွှန်တော် ရိုးရှင်းသောစကားလုံးနဲ့ ရှင်းပြပါမယ်။
-
ဒီတော့ ကျွှန်တော်တို့ ပုံမှန်အားဖြင့် ဒီအတွေးအခါ်ကို အပင်တွေနဲ့ ဆက်နွယ်ပြီးပြောကြပါတယ် —
-
ဒီဖြစ်စဉ်က အပင်တွေပြုလုပ်တာပါ၊
-
ကျွှန်တော်တို့ ငယ်ငယ်တုန်းက ဒီအကြောင်းကို သင်ဖူးရင် သင်ဖူးကြမှာပါ။
-
ဒီဖြစ်စဉ်က အပင်တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်၊
-
ရေ နဲ့ နေအလင်းရောင် ကိုယူပြီး
-
သကြား သို့မဟုတ် ကာဗိုဟိုက်ဒရိတ် (carbohydrate) ပြုလုပ်သောဖြစ်စဉ်ပါ။
-
ကာဗိုဟိုက်ဒရိတ် (carbohydrate) သို့မဟုတ် သကြား နှင့် အောက်ဆီဂျင် (oxygen)ပြုလုပ်တာပါ။
-
ဒီ ကာဗိုဟိုက်ဒရိတ် (carbohydrate) သို့မဟုတ် သကြား နှင့် အောက်ဆီဂျင် (oxygen) နှစ်ခုလုံးသည် ကျွှန်တော်တို့
-
သက်ရှိတွေအတွက် အလွန်အရေးပါတယ်ဆိုတာ သိသာထင်ရှားပါတယ်။
-
ပထမဦးစွာ ကျွှန်တော်တို့ ခႏၶာကိုယ်လောင်စာအတွက် ကာဗိုဟိုက်ဒရိတ် (carbohydrate) သို့မဟုတ် သကြား
-
လိုအပ်ပါတယ်။
-
မင်းတို့ ဒီအကြောင်းကို ဆဲလ်အသက်ရှုခြင်း (cellular respiration)ဗီဒီယိုမှာ မြင်ခဲ့ကြမှာပါ။
-
ကျွှန်တော်တို့လိုအပ်သော ATP တွေကို
-
ဂလူးကို့စ် (glucose)မှတစ်ဆင့် ဆဲလ်အသက်ရှုခြင်း (cellular respiration) လုပ်ငန်းလုပ်ဆောင်ပြီးထုတ်လုပ်ပါတယ်။
-
ဂလူးကို့စ် (glucose) သည် ဘေးထွက်ပစၥည္း သို့မဟုတ် ကာဗိုဟိုက်ဒရိတ် (carbohydrate)အပိုင်းအစပါ။
-
ဒီဂလူးကို့စ် (glucose) သည် ကျွှန်တော်တို့ ဆဲလ်အသက်ရှုခြင်း (cellular respiration)လုပ်ငန်းအတွက် အလွယ်ကူဆုံးပစၥည်းပါ။
-
ဒုတိယအရေးကြီးဆုံး အပိုင်းသည်
-
အောက်ဆီဂျင် (oxygen)ရယူခြင်းပါ။
-
ကျွှန်တော်တို့ အောက်ဆီဂျင် (oxygen)ကို
-
ဂလူးကို့စ် (glucose)ဖြိုခွဲရန်၊ အသက်ရှုရန်၊
-
ဆဲလ်အသက်ရှုခြင်း (cellular respiration)လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ပါတယ်။
-
ဒါကြောင့် ဒီ ကာဗိုဟိုက်ဒရိတ် (carbohydrate) နှင့် အောက်ဆီဂျင် (oxygen)သည် သက်ရှိတွေအတွက် အဓိကသော့ချက် ဖြစ်ပါတယ်၊
-
အထူးသဖြင့် အောက်ဆီဂျင် (oxygen)ကို ရှုသွင်းသောသက်ရှိတွေအတွက်ပါ။
-
ထို့ကြောင့် ဒီဖြစ်စဉ်သည် စိတ်ဝင်စားဖို့ကောင်းတာအပြင်
-
ကျွှန်တော်တို့ ပတ်ဝန်းကျင်မှာရှိသော သက်ရှိတွေသည် (အထူးသဖြင့် အပင်များ)
-
နေရောင်ကိုအသုံးပြုပြီး စွမ်းအင်ထုတ်လုပ်နေတယ်ဆိုတာပါ။
-
မင်းတို့နဲ့ မိုင်ပေါင်း ၉၃သန်း ဝေးကွာသော နေသည်
-
ဒီလို ဖွဲ့စည်းဖြစ်စဉ်ကို လုပ်ဆောင်နေပါတယ်။ ထို့အပြင် ထိုမှတစ်ဆင့် ဖိုတွန်များထုတ်လွှတ်ပြီး
-
အချို့သော ဖိုတွန်အစုအဝေးများသည်
-
ကမာၻျဂိဳဟ် မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပါသည်။
-
ဒီ ဖိုတွန်အစုအဝေးများသည် တိမ်အစရှိသည်တို့ကို ဖြတ်ကျော်ပြီး မြေပြင်ပေါ် ရောက်ရှိလာပါသည်။
-
ထိုမှတစ်ဆင့် အပင်များ နှင့် ဘက်တီးရီးယားများသည်
-
ဖိုတွန်များကိုအသုံးပြုပြီး သကြားဓာတ်ကို ထုတ်လုပ်ပေးပါသည်။
-
ကျွှန်တော်တို့သည် ထိုသကြားဓာတ်ကို အစားအစာအဖြစ်အသုံးပြုပြီး စွမ်းအင်ထုတ်ပါသည်၊ သို့မဟုတ် နွားတွေက ထိုသကြားဓာတ်ကို အစားအစာအဖြစ်အသုံးပြုပြီး
-
ကျွှန်တော်တို့ (သက်သက်လွတ်စားတဲ့သူတွေမဟုတ်ဘူးဆိုရင်) သည် ထိုနွားကိုတစ်ဆင့်ပြန်လည် အစားအစာအဖြစ်အသုံးပြုပြီး စွမ်းအင်ထုတ်လို့ရပါသည်။
-
နွားမှာ ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေဘဲ ပါတယ်လို့ပြောတာမဟုတ်ပါဘူး၊
-
ဒီ ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေသည် ကျွှန်တော်တို့စားသုံးသော ကွန်ပေါင်းများထဲတွင်
-
စွမ်းအင် (လောင်စာ) ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သောအရာဖြစ်နေလို့ပါ။
-
ဒါက ကျွန်တော်တို့၏ လောင်စာ ရလာပုံပါ။
-
ထို့ကြောင့် ဒါသည် သက်ရှိသတၱဝါများအတွက် လောင်စာပါ။
-
သို့မဟုတ် မင်းတို့ အာလူးကို စားလိုက်ရင် အာလူးမှတစ်ဆင့်
-
ကာဗိုဟိုက်ဒရိတ် (carbohydrate)ကို တိုက်ရိုက်ရပါတယ်။
-
မည်သို့ပင်ဆိုစေ ဒီအကြောင်းအရာသည် အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis)၏ အလွန်ရိုးရှင်းသော အယူအဆပင်ဖြစ်ပါသည်။
-
ဒါပေမဲ့ ဒီဟာက မမှန်ဘူး မဟုတ်ပါဘူး။
-
ကျွှန်တော်ဆိုလိုချင်တာက မင်းတို့ အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis)၏အချက်တစ်ချက်ကို သိရမည်ဆိုလျှင်
-
အဲဒီအချက်ကို သိရမှာပါ။
-
ဒါပေမဲ့ ကျွှန်တော်တို့ ဒီဖြစ်စဉ်၏ လေးနက်မှုကို အသေးစိတ်ကြည့်ကြည့်ရအောင်
-
ကျွှန်တော်တို့ ဒီဖြစ်စဉ်မည်သို့ဖြစ်သလဲဆိုတာကို
-
ပိုပြီးနားလည်လာမလားပေါ့။
-
ကျွှန်တော်ကတော့ နေအလင်းရောင်မှတစ်ဆင့် ဖိုတွန်ကိုတစ်နည်းတစ်ဖုံနဲ့ အသုံးပြုနိုင်ပြီး
-
ဒီကာဗိုဟိုက်ဒရိတ် (carbohydrate) သို့မဟုတ် သကြားဓာတ်မော်လီကျူးတွေထုတ်လုပ်နိုင်တာကို အံ့ဩမိပါတယ်။
-
ကျွှန်တော်တို့ အသေးစိတ်ကြည့်ကြည့်ရအောင်။
-
ကျွှန်တော်တို့ အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း ဖြစ်စဉ် (photosynthesis)၏ ညီမျှခြင်းကိုရေးလို့ရပါတယ်။
-
ကျွှန်တော်အခု ဒီမှာရေးထားလိုက်ပါပြီ။
-
ကျွှန်တော် သိပၸံနည်းကျကျ တိတိကျကျ ရေးပြပါမယ်။
-
မင်းတို့ ကာဗွန်ဒိုင်အောက်ဆိုဒ်(carbon dioxide)ကို အသုံးပြုလိုက်ပါတယ်။
-
ပြီးတော့ ရေမော်လီကျူး အချို့ ထည့်ပါတယ်၊ နောက်ပြီး ဖိုတွန် (နေအလင်းရောင်အစား) ထည့်ပါတယ်၊
-
ကျွှန်တော် ဖိုတွန် (photons) ဟုရေးပြခြင်းသည်
-
ကလိုရိုဖေးလ် (chlorophyll) ထဲမှာရှိသော အက်လက်ထရွန်တွေကို လှုံ့ဆော်ခြင်းကို ဒီဖိုတွန်တွေမှ လုပ်ဆောင်ခြင်းကြောင့်ပါ၊
-
မင်းတို့ အဲဒီ ဖြစ်စဉ်ကို ဒီဗီဒီယိုထဲမှာ တွေ့ရနိုင်ပါတယ်၊
-
ကျွှန်တော်တို့ အသေးစိတ်ကိုတော့ နောက်ဗီဒီယိုတွေထဲမှာ ပြောပြပါမယ်။
-
လှုံ့ဆော်ခြင်းခံထားရသော အက်လက်ထရွန်တွေသည် စွမ်းအင်မြင့်သော အနေအထားကိုရောက်သွားပါတယ်၊
-
ထိုမှတစ်ဆင့် စွမ်းအင်နိမ့်သော အနေအထားကိုရောက်သွားသောအခါ
-
ထွက်ရှိလာသော စွမ်းအင်များကို ATP ထုတ်လုပ်ရန်သုံးနိုင်ပါတယ်၊ မင်းတို့ တွေ့ပါလိမ့်မယ် ဒီ ATP နဲ့ NADPHs တွေကို
-
ကာဗိုဟိုက်ဒရိတ် (carbohydrate)ထုတ်လုပ်ရန် အသုံးပြုလို့ရပါတယ်။
-
ဒါကို ကျွှန်တော်တို့ ခဏနေရင် တွေ့ရမှာပါ။
-
အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်းဖြစ်စဉ် (photosynthesis)၏ အကျဉ်းချုံးကတော့ မင်းတို့
-
ဒီအရာဝတၳဳတွေနှင့် ဖြစ်စဉ်စဖြစ်ပြီး
-
ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေရလာခြင်းပင်ဖြစ်ပါသည်။
-
ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေသည် ဂလူးကို့စ် (glucose) တွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
-
ဂလူးကို့စ် (glucose)ဖြစ်စရာမလိုပါဘူး။
-
ကျွှန်တော်တို့ ယေဘုယျအားဖြင့် ကာဗိုဟိုက်ဒရိတ် (carbohydrate)ကို CH2O လို့ရေးနိုင်ပါတယ်။
-
ပြီးတော့ ကျွှန်တော်တို့ ဒီမှာ n ရေးထားပါမယ်၊ n အကြိမ် ဖြစ်နိုင်တယ်လို့ဆိုလိုတာပါ၊
-
ပုံမှန်တော့ n သည် အနည်းဆုံး ၃လုံးရှိရပါမယ်။
-
ဂလူးကို့စ် (glucose) မှာဆိုရင် n သည် ၆ ပါ။
-
ကာဗွန် ၆လုံး၊ ဟိုက်ဒြိုဂျင်(hydrogen) ၁၂လုံး နှင့် အောက်ဆီဂျင် (oxygen)၆လုံး ပါဝင်ပါသည်။
-
ဒါကတော့ ကာဗိုဟိုက်ဒရိတ် (carbohydrate)ကို ယေဘုယျ ခေါ်တာပါ။
-
ဒါပေမဲ့ n သည် အကြိမ်ပေါင်းများစွာလဲ ရှိလို့ရပါတယ်။
-
ကာဗိုဟိုက်ဒရိတ် ချိန်းအရှည်ကြီး (long-chained carbohydrate)တွေမှာလိုမျိုးပေါ့။
-
ဒါဆို မင်းတို့မှာ ကာဗိုဟိုက်ဒရိတ် (carbohydrate) နဲ့
-
အောက်ဆီဂျင် (oxygen) ရရှိလာပါတယ်။
-
ဒါကြောင့် ဒီမှာတွေ့ရတာသည် ကျွန်တော်အပေါ်မှာ ရေးပြခဲ့သော
-
ကျွှန်တော်တို့စိတ်ကူးခဲ့တဲ့
-
အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) အကျဉ်းချုံးနဲ့ အတူတူပါဘဲ။
-
ဒီညီမျှခြင်းညှိရန်အတွက် ကျွန်တော် ဒီမှာ
-
ကာဗွန် n အလုံးအရေအတွက် ရှိပါတယ်၊ ထို့ကြောင့် ဒီမှာ ကာဗွန် n အလုံးအရေအတွက်လိုအပ်ပါတယ်။
-
ကဲကြည့်ကြရအောင် ကျွန်တော်တို့ ဒီမှာ ဟိုက်ဒြိုဂျင် (hydrogen) ၂လုံးရှိပါတယ်။
-
ဟိုက်ဒြိုဂျင်(hydrogen)၂လုံး နဲ့ ဒီမှာ n ဆိုပြီးရှိပါတယ်၊ ထို့ကြောင့် ကျွန်တော် ဒီမှာ
-
2n ဟိုက်ဒြိုဂျင်(hydrogen) လိုအပ်ပါတယ်။
-
ကျွှန်တော်တို့ n ကိုဒီနေရာကိုဖယ်ပြီးကြည့်ကြည့်ရအောင်။
-
အောက်ဆီဂျင် (oxygen)ဘယ်နှစ်လုံးရှိလဲ ဆိုတာကြည့်ကြည့်ရအောင်။
-
ကျွှန်တော့မှာ အောက်ဆီဂျင် (oxygen)၂လုံး၊ နောက်ဒီမှာ n ဆိုတော့
-
စုစုပေါင်း အောက်ဆီဂျင် (oxygen) 3n ရှိပါတယ်။
-
ကြည့်ကြည့်ရအောင် ကျွှန်တော် ဒီမှာ n ၁လုံး၊ နောက်ထပ် n ၁လုံး နဲ့
-
ပြီးတော့ ဒီမှာ n ၂လုံး ရှိပါတယ်၊ အဲဒီတော့ ဒီညီမျှခြင်း ညီသွားပါပြီ။
-
ဒါကတော့ ကျွန်တော်တို့နှင့် ပေ သုံးသောင်းအကွာမှနေ
-
အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) ဖြစ်စဉ် ဖြစ်နေပုံပါ။
-
မင်းတို့ နည်းနည်း အသေးစိတ်ထပ်လေ့လာကြည့်ရင် ဒီဖြစ်စဉ် တိုက်ရိုက်ဖြစ်လာတာ
-
မဟုတ်ဘူးဆိုတာ မြင်ပါလိမ့်မယ်၊ ဒီဖြစ်စဉ်သည်
-
တစ်ဆင့်ပြီးတစ်ဆင့် အဆင့်များစွာမှနေ ကာဗိုဟိုက်ဒရိတ် (carbohydrate) ဖြစ်လာတာပါ။
-
ယေဘုယျအားဖြင့် ကျွှန်တော်တို့ ဒီအပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) ဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာပြီးကြည့်လို့ရပါတယ်။
-
ကျွှန်တော် ပြန်ပြင်ရေးပြပါမည်။
-
အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) ဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာပြီးကြည့်လို့ရပါတယ် —
-
ကျွှန်တော်တို့ နောက်ဗီဒီယိုတွေမှာ အသေးစိတ်ကြည့်ပါမယ်၊ ခုလောလောဆယ်တော့ ကျွှန်တော် မင်းတို့ကို
-
အကျဉ်းချုံးကို အရင်သိစေချင်ပါတယ်။ ဖြစ်စဉ်ကို ၂ ဆင့်ခွဲပြီးကြည့်လို့ရပါတယ်။
-
ကျွှန်တော်တို့ ပထမတစ်ဆင့်ကို အလင်းကိုမှီခိုသောဖြစ်စဉ်ဟု ခေါ်ပါတယ် (light reactions)။
-
တစ်ခါတစ်ရံ light-dependent reactions လို့လဲရေးပါတယ်။
-
ဒီ light-dependent reactions လို့ရေးတာ
-
ပိုပြီးတော့သင့်လျော်ပါတယ်၊
-
ကျွှန်တော်အဲ့လိုဘဲ ရေးပြပါမယ်။
-
အလင်းကိုမှီခိုခြင်းဆိုသည်မှာ အဲဒီဖြစ်စဉ်ဖြစ်ရန်အတွက် အလင်းရောင် လိုအပ်ခြင်းပါ။
-
အလင်းကိုမှီခိုသောဖြစ်စဉ်ပါ။
-
ပြီးတော့ မင်းတို့မှာ နောက်ထပ် အမှောင်ဖြစ်စဉ် (dark reactions) ဆိုပြီးရှိပါသေးတယ်၊
-
တကယ်တော့ ဒီ dark reactions ဆိုတဲ့ နာမည်က သူ့ဖြစ်စဉ်နဲ့ မကိုက်ညီပါဘူး၊ ဘာလို့လဲဆိုတော့
-
ဒီဖြစ်စဉ်သည် အလင်းထဲမှာဘဲ ဖြစ်လို့ပါ။
-
ဒီ dark reactions ကို ကျွှန်တော်အရောင်အရင့်နဲ့ရေးထားပါတယ်။
-
ကျွှန်တော် ဘာလို့ ဒီ dark reactions နာမည်မကိုက်ညီဘူး ပြောရခြင်းသည်
-
ဒီဖြစ်စဉ်သည် အလင်းရှိသောအချိန်မှာ ဖြစ်နေလို့ပါ။
-
သူတို့ အမှောင်ဖြစ်စဉ် (dark reactions) ဟုခေါ်ခြင်းသည်
-
ဒီဖြစ်စဉ် ဖြစ်ရန်အတွက် အလင်းရောင်မလိုအပ်လို့ ဖြစ်နိင်ပါတယ်၊
-
တစ်နည်းအားဖြင့် ဒီ အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) ဖြစ်စဉ်အဆင့်မှာ ဖိုတွန် မလိုအပ်လို့ပါ။
-
ဒါကြောင့် ဒီဖြစ်စဉ်ကို အလင်းကိုမမှီခိုသောဖြစ်စဉ်လို့ ခေါ်ရင်
-
ပိုပြီးတော့ သင့်တော်ပါတယ်။
-
သေချာပြန်ရှင်းပြရရင် အလင်းဖြစ်စဉ်အတွက်
-
နေရောင်လိုအပ်ပါတယ်။
-
ဒီဖြစ်စဉ်ဖြစ်ဖို့ ဖိုတွန် လိုအပ်ပါတယ်။
-
အမှောင်ဖြစ်စဉ်သည် နေရောင်ရှိသောအချိန်တွင် ဖြစ်နိုင်သော်လည်း
-
ဒီဖြစ်စဉ်ဖြစ်ရန်အတွက် ဖိုတွန်မလိုအပ်ပါဘူး။
-
အမှောင်ဖြစ်စဉ်ဖြစ်ရန် ဖိုတွန်တွေမလိုအပ်ပါဘူး၊ ဒါပေမဲ့ ပထမအဆင့် အလင်းဖြစ်စဉ်၏ ဘေးထွက်ပစၥည်းတွေ
-
လိုအပ်ပါတယ်၊ ဒါကြောင့် ဒီဖြစ်စဉ်ကို
-
အလင်းကိုမမှီခိုသောဖြစ်စဉ်လို့ခေါ်တာပါ။
-
ဒီဖြစ်စဉ်သည် နေအလင်းရောင်ရှိသောအချိန်တွင် ဖြစ်နိုင်သော်လည်း
-
နေအလင်းရောင်ကို မလိုအပ်ပါဘူး။
-
ကျွှန်တော် သေသေချာချာရှင်းပြပါမယ်။
-
နေအလင်းရောင်ကို လိုအပ်လျှင်
-
ဖိုတွန်ကို လိုအပ်ပါတယ်။
-
ကျွှန်တော် ဒါက်ု အကျဉ်းချုံးပြီးပြောပြပါမယ်။
-
ဒီအကြောင်းအရာတွေကို ကျွန်တော်တို့ အခြေပြုပြီး နောက်ပိုင်းမှာ
-
အသေးစိတ်လေ့လာလို့ရပါတယ်။
-
ထို့ကြောင့် အလင်းဖြစ်စဉ်သည် ဖိုတွန် နှင့်
-
ရေကို လိုအပ်ပါသည်။
-
ထိုမှတစ်ဆင့် ရေသည် အလင်းဖြစ်စဉ်တွင် အသုံးပြုလိုက်ပြီး
-
အလင်းဖြစ်စဉ်၏ ညီမျှခြင်းတစ်ဖက်ကနေ ပြန်ထွက်လာပါတယ်။
-
ကျွန်တော်တို့ အောက်ဆီဂျင် မော်လီကျူး (oxygen) တွေ ရလာပါတယ်။
-
ဒါကတော့ အလင်းဖြစ်စဉ် ဘယ်လိုဖြစ်လဲ ဆိုတာပါ၊
-
ကျွန်တော်ဒီဖြစ်စဉ်၏အသေးစိတ်ကို ဆက်ပြီးပြောပြပါမယ်။
-
ဒီအလင်းဖြစ်စဉ်မှ ATP တွေထုတ်လုပ်လိုက်ပါသည်၊ ကျွန်တော်တို့သိထားတဲ့အတိုင်း
-
ATP သည် ဇီ၀စွမ်းအင် သို့မဟုတ် ဆဲလ်များ၏ ငွေကြေးစနစ်ပါ။
-
ATP နှင့် NADPH တွေထုတ်လုပ်လိုက်ပါတယ်။
-
ကျွန်တော်တို့ ဆဲလ်အသက်ရှုခြင်းဖြစ်စဉ် (cellular respiration)ကိုလေ့လာပြီးပြီဆိုရင်
-
NADH မော်လီကျူးပုံစံကို မြင်ဘူးကြမှာပါ။
-
ဒီလိုပါဘဲ NADPH သည်လည်း NADH နှင့်အလွန်ဆင်ပါတယ်။
-
ဒီနေရာမှာ P ၁လုံးပိုလာတာပါဘဲ။
-
ဒီနေရာမှာ ဖောစ်ဖိတ် ၁လုံးပိုလာတာပါ၊ ဒါပေမဲ့ သူတို့ မော်လီကျူး ၂ခုလုံး
-
လုပ်ငန်းလုပ်ဆောင်ပုံ တော်တော်ဆင်တူပါတယ်။ ဒီနေရာမှာရှိနေတဲ့
-
မော်လီကျူးကို ပေးပစ်လိုက်တာပါ —— ဒါဘာကိုဆိုလိုတာလဲ ဆိုတာ
-
စဉ်းစားကြည့်ကြည့်ရအောင်ပါ ——
-
သူကဒီဟိုက်ဒြိုဂျင်(hydrogen) နှင့် အီလက်ထရွန် (electron) နှင့်ဆက်နွယ်နေသော ဟိုက်ဒြိုဂျင်(hydrogen)ကို ပေးလိုက်လို့ရတာပါ။
-
ထို့ကြောင့် မင်းတို့ တစ်စုံတစ်ယောက်ကို အီလက်ထရွန် (electron) ပေးလိုက်တယ်ဆိုရင်
-
ထိုတစ်စုံတစ်ယောက်သည် အီလက်ထရွန် (electron) ကို လက်ခံရရှိပြီး
-
အဲဒီတစ်စုံတစ်ခုသည် ဓာတ်လျော့ခြင်းခံလိုက်ရပါတယ်။
-
ကျွှန်တော် အတိုကောက် ရေးချထားပါမည်။
-
ဒါက မှတ်မိလွယ်အောင်လို့ပါ။
-
OIL RIG (O is losing, R is gaining)
-
ဓာတ်တိုးဖြစ်စဉ် (oxidation) ဆိုသည်မှာ အီလက်ထရွန် (electron) ဆုံးရှုံးခြင်း ဖြစ်ပါသည်။
-
ဓာတ်လျော့ခြင်းဖြစ်စဉ် (reduction) ဆိုသည်မှာ အီလက်ထရွန် (electron) ရရှိလာခြင်း ဖြစ်ပါသည်။
-
မင်းတို့ အက်လက်ထရွန် (electron)လက်ခံရရှိတယ်ဆိုရင် မင်းတို့ရဲ့ လျှပ်စစ်ဓာတ်အားတွေ လျော့ကျသွားပါတယ်။
-
အက်လက်ထရွန် (electron) မှာ အနှုတ်လျှပ်စစ်ဓာတ်အားပိုင်ဆိုင်ပါတယ်။
-
ဒါကြောင့် သူ့ကို ဓာတ်လျော့စေနိုင်သော အရာဝတၳဳလို့ခေါ်တာပါ။
-
သူကိုယ်တိုင် ဟိုက်ဒြိုဂျင်(hydrogen) နှင့်
-
အက်လက်ထရွန် (electron) ကို ဆုံးရှုံးလိုက်ပြီး သူ့ကိုယ်ကို ဓာတ်တိုးလိုက်တာပါ။
-
ကျွန်တော် ဓာတ်တိုးဖြစ်စဉ် (oxidation) ကို ဇီ၀ဗေဒအမြင် နဲ့
-
ဓာတုဗေဒအမြင် ၂ခုလုံးနဲ့ ဆွေးနွေးလို့ရပါတယ်၊ ဘယ်အမြင်ပဲဖြစ်ဖြစ် သဘောသဘာ၀ အတူတူပါဘဲ။
-
ကျွန်တော် ဟိုက်ဒြိုဂျင်(hydrogen) ၁လုံး ဆုံးရှုံးသွားရင်
-
အဲဒီဟိုက်ဒြိုဂျင်(hydrogen) ရဲ့ အက်လက်ထရွန် (electron) ကို ချိတ်နိုင်စွမ်းလဲ ဆုံးရှုံးသွားပါတယ်။
-
ထို့ကြောင့် ဒီမှာ တစ်ခြားအရာဝတၳဳများနှင့် ဓာတ်ပြုသောအခါ
-
သူက ဓာတ်လျော့စေသော ပစၥည်းအနေနဲ့ လုပ်ဆောင်ပေးပါသည်။
-
ဟိုက်ဒြိုဂျင်(hydrogen) ကို အီလက်ထရွန် (electron) များပေးလိုက်ပြီး
-
ထိုအီလက်ထရွန် (electron) နှင့်ဆက်နွယ်နေသော ဟိုက်ဒြိုဂျင်(hydrogen) နှင့် တစ်ခြားသောအရာများကို ဓာတ်လျော့စေပါသည်။
-
ဒါကြောင့် ဒီဟာကို ဓာတ်လျော့စေသော ပစၥည်း (reducing agent) လို့ခေါ်ပါသည်။
-
အရေကြီးသော အချက်သည် ဒီဟိုက်ဒြိုဂျင်(hydrogen) အထူးသဖြင့်
-
အီလက်ထရွန် (electron) နှင့်ဆက်စပ်နေသော ဟိုက်ဒြိုဂျင်(hydrogen) ၏
-
NADPH မှသည် တစ်ခြားမော်လီကျူး တစ်ခုသို့ပြောင်းသွားပြီး
-
စွမ်းအင်နိမ့်သော အခြေအနေကိုပြောင်းလဲသွားသောအခါ ရရှိလာသော စွမ်းအင်ကို
-
အမှောင်ဖြစ်စဉ်မှာ အသုံးပြုလို့ရပါသည်။
-
ကျွန်တော်တို့ cellular respiration ဖြစ်စဉ်မှာ
-
ဒီ NADPH နဲ့ အလွန်ဆင်သောမော်လီကျူး NADH သည် ခရပ်စ်ဆိုင်ကယ်လ် (Krebs cycle) မှတစ်ဆင့်
-
အတိအကျပြောရရင် အက်လက်ထရွန် အရွှေ့အပြောင်းလုပ်တဲ့ ကွင်းဆက်ဖြစ်စဉ် (electron transport chain)မှတစ်ဆင့်
-
သူ့ အက်လက်ထရွန်တွေပေးလိုက်ပြီး ATP ထုတ်ပေးတာကို မြင်ခဲ့ကြမှာပါ၊
-
ထိုမှတစ်ဆင့် ဒီမော်လီကျူးတွေသည် စွမ်းအင်နိမ့်သော အခြေအနေကိုပြောင်းလဲသွားပါသည်။
-
ဒါပေမဲ့ ကျွှန်တော် မင်းတို့ကို မရှုပ်ထွေးစေချင်ပါဘူး။
-
ဒါကြောင့် အလင်းဖြစ်စဉ်သည် ဖိုတွန် နှင့် ရေကို အသုံးပြုပြီး
-
အောက်ဆီဂျင် (oxygen)၊ ATP နှင့် NADPH ကိုထုတ်လုပ်ပေးပါသည်။
-
ဒီထုတ်ကုန်တွေက်ု အမှောင်ဖြစ်စဉ်မှာ အသုံးပြုလို့ရပါတယ်။
-
အပင်အများစုရဲ့ အမှောင်ဖြစ်စဉ်ကို
-
ကယ်လ်ဗင်ဆိုက်ကယ်လ် (Calvin Cycle)လို့ခေါ်ပါတယ်။
-
ကျွှန်တော် ဒီကယ်လ်ဗင်ဆိုက်ကယ်လ် (Calvin Cycle)ဖြစ်စဉ် ဘယ်လိုဖြစ်သလဲဆိုတဲ့ အသေးစိတ်ကို ရှင်းပြပါမယ်၊
-
ကယ်လ်ဗင်ဆိုက်ကယ်လ် (Calvin Cycle)မှာ ATP နဲ့ NADPH ကိုယူပြီး
-
ဂလူးကို့စ် (glucose)ထုတ်လုပ်ပါတယ် (တိုက်ရိုက်ထုတ်လုပ်တာမဟုတ်ပါဘူး)
-
PGAL သို့မဟုတ် G3P ကိုအရင်ထုတ်လိုက်တာပါ။
-
PGAL လို့ခေါ်လို့ရပါတယ်။
-
G3P လို့ခေါ်လို့ရပါတယ်။
-
PGAL နှင့် G3P အရှည်နာမည်ကိုရေးပြပါမည်။
-
PGAL = PhosphoGlycerALdehyde
-
ကျွန်တော်လက်ရေး ရှုပ်နေပါတယ်။
-
သို့မဟုတ် G3P = glyceraldehyde 3-phosphate လို့လဲခေါ်လို့ရပါတယ်။
-
၂ခုလုံးသည် မော်လီကျူး တစ်ခုတည်းပါဘဲ။
-
အရှင်းဆုံးပုံစံအနေနဲ့ ဆိုရင် မင်းတို့ ဒီလိုမှတ်လို့ရပါတယ် —
-
ဖောစ်ဖိတ် ၁လုံး ချိတ်ထားသော ကာဗွန် ၃လုံး
-
မော်လီကျူးပါ။
-
ထိုမှတစ်ဆင့် တစ်ခြားသော ဂလူးကို့စ် (glucose) အပါအဝင် ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေ
-
ထုတ်လုပ်လို့ ရပါတယ်။
-
မင်းတို့မှာ P3G ၂လုံး ရှိရင် အဲဒါကို အသုံးပြုပြီး
-
ဂလူးကို့စ် (glucose)ထုတ်လို့ရပါတယ်။
-
ကျွန်တော်တို့ အကျဉ်းချုံးပြီးကြည့်ကြရအောင်
-
ဒါက အရမ်းကို အရေးကြီးလို့ပါ။
-
ကျွန်တော် အလင်းဖြစ်စဉ် နဲ့ အမှောင်ဖြစ်စဉ် အကြောင်းကို
-
ဗီဒီယို လုပ်ပေးပါဦးမယ်။
-
ကျွန်တော် နောက်လုပ်မယ့် ဗီဒီယို၂ခုပေါ့။
-
အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) မှာ ဖိုတွန်နဲ့စပါတယ်။
-
ဒီဖြစ်စဉ်တွေသည် နေထွက်လာသောအချိန်တွင် ဖြစ်ပြီး အလင်းဖြစ်စဉ်တစ်ခုသာလျှင်
-
ဖိုတွန် ကို လိုအပ်ပါတယ်။
-
ကျွန်တော်တို့ နည်းနည်းအသေးစိတ်ပြောကြရအောင်
-
အလင်းဖြစ်စဉ်သည် ဖိုတွန် နှင့်
-
ရေကို ယူအသုံးပြုပြီး
-
အောက်ဆီဂျင်(oxygen) တွေ
-
ATP နှင့် NADPH တို့ကို ထုတ်ပေးပါတယ်။
-
ဒီထုတ်ကုန်တွေသည် အမှောင်ဖြစ်စဉ် သို့မဟုတ် ကယ်လ်ဗင်ဆိုက်ကယ်လ် (Calvin Cycle)
-
သို့မဟုတ် အလင်းမမှီခိုသောဖြစ်စဉ် (အလင်းထဲတွင်ဖြစ်နေသေးသဖြင့်) မှာ
-
အသုံးပြုလို့ရပါတယ်။
-
ဒီဖြစ်စဉ်သည် ဖိုတွန် မလိုအပ်ပါဘူး။
-
ဒါကြောင့် အလင်းမမှီခိုသောဖြစ်စဉ် (light-independent reaction) ဟုခေါ်ပါတယ်။
-
ပြီးတော့ တစ်ခြားအကူပစၥည်းတွေလဲ အသုံးပြုပါသေးတယ် —
-
ကျွှန်တော်တို့ ဒီအကူမော်လီကျူးတွေ အကြောင်းကို ပြောပါမယ်။
-
ကျွန်တော် ဒီအမှောင်ဖြစ်စဉ်ရဲ့ အဓိကပါဝင်သော ပစၥည်း (မော်လီကျူး) ကိုပြောဖို့
-
မေ့နေပါတယ်။
-
ဒီဖြစ်စဉ်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) လိုအပ်ပါတယ်။
-
ထိုမှတစ်ဆင့် ကာဗွန်တွေယူပြီး
-
ဖောစ်ဖိုဂလစ်ရယ်လ်ဒီဟိုက် (PGAL) နဲ့ ဂလစ်ရယ်လ်ဒီဟိုက် သရီးဖောစ်ဖိတ် (G3P)တွေ ဆက်တိုက်ထုတ်နေတာပါ။
-
ဒီအချက်သည် အလွန်အရေးကြီးပါတယ်။
-
အလင်းဖြစ်စဉ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) ကိုယူပြီး
-
ကဲလ်ဗင်ဆိုက်ကယ်လ်မှာ အသုံးပြုခြင်းဖြင့်
-
ကာဗိုဟိုက်ဒရိတ် (carbohydrate)တွေရဲ့ အခြေခံအုတ်မြစ်တွေကို
-
ထုတ်လုပ်နေတာပါ။
-
ဒါ့အပြင် မင်းတို့ ဂလိုက်ကိုး လိုင်းစ်ဆစ် (glycolysis) ဖြစ်စဉ်ကိုမှတ်မိတယ်ဆိုရင်
-
ဒီ PGAL သို့မဟုတ် G3P မော်လီကျူးတွေသည်
-
ကျွှန်တော်တို့ ဂလိုက်ကိုး လိုင်းစ်ဆစ် (glycolysis) ဖြစ်စဉ်မှာ
-
ဂလူးကို့စ် (glucose) ကို ၂ပိုင်းဖြိုခွဲလိုက်ခြင်းဖြင့်ရလာသော ပထမဦးဆုံးသောထုတ်ကုန်တွေဖြစ်တယ်ဆိုတာ မှတ်မိကောင်းမှတ်မိကြမှာပါ။
-
ဒါဆို ကျွှန်တော်တို့ လိုရင်းကိုပြန်ပြောရအောင်။
-
ကျွှန်တော်တို့ နောက်ပိုင်းတွင် ဂလူးကို့စ် (glucose) မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ရန်အတွက်
-
အခု ဂလူးကို့စ် (glucose)ကို ထုတ်လုပ်ခြင်းပင်ဖြစ်ပါသည်။
-
ဒါကတော့ အပင်များအလင်းရောင်မှတဆင့် အစာချက်လုပ်ခြင်း (photosynthesis) ၏အကျဉ်းချုံးပါ၊
-
ကျွှန်တော် နောက်ဗီဒီယိုတွေမှာ ဒီထက်ပိုပြီး အလင်းဓာတ်ပြုမှု ဖြစ်စဉ် နှင့်
-
အမှောင်ဓာတ်ပြုမှု ဖြစ်စဉ် ဘယ်လိုဖြစ်လာလဲဆိုတာကို
-
ကို အသေးစိတ်ရှင်းပြပါမည်။