< Return to Video

ဗိုင်းရပ်စ်တွေ တိရိစ္ဆာန်များဆီက လူတွေဆီ ဘယ်လို ခုန်ကူးကြတာလဲ။ Ben Longdon

  • 0:08 - 0:11
    ၂၀၁၇ ခုနှစ်တွင်
    မေရီလန်းစီရင်စု ကုန်စည်ပြပွဲမှာ
  • 0:11 - 0:14
    ဆုရခဲ့ကြတဲ့ ဝက်တွေကြည့်ရတာ
    သိပ်ဟန်မကျခဲ့ပါဘူး။
  • 0:14 - 0:19
    လယ်သမားတွေက ဝက်ထီးတွေ ကိုယ်ပူကြပြီး
    နှာစီးနေကြတယ်လို့ အစီရင်ခံခဲ့ကြတယ်။
  • 0:19 - 0:22
    ကုန်စည်ပြပွဲ စည်းရုံးသူတို့က
    ဝက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြချိန်မှာ
  • 0:22 - 0:28
    မေရီလန်း ကျန်းမာရေးဌာနကျတော့ ဖျားနာနေကြတဲ့
    အကောင်တွေကြောင့် စိုးရိမ်နေခဲ့ကြတယ်။
  • 0:28 - 0:32
    အချို့အကောင်တွေက အိမ်မွေးတိရစ္ဆာန် ဖြစ်ခဲ့
    ကြပြီး တချို့က တင်းကုပ်ထဲ နေခဲ့ကြပါတယ်၊
  • 0:32 - 0:38
    ဒါပေမဲ့ မကြာမီတွင် အကောင် ၄၀ တို့မှာ
    ဝက်တုပ်ကွေးရောဂါ ရှိနေကြောင်း တွေ့ခဲ့ရတယ်။
  • 0:38 - 0:41
    ဖျားနာကြတဲ့ တိရိစ္ဆာန်များဟာ အများအားဖြင့်
    လူတွေကို ရောဂါမကူးစက်ကြပါဘူး။
  • 0:41 - 0:45
    ဒါပေမဲ့ ရောဂါကူးဖြစ်ခဲ့လျှင်၊
    မတူတဲ့ မျိုးစိတ်ကား ကူးစက်မှု
  • 0:45 - 0:47
    သို့မဟုတ် ဗိုင်းရပ်စ်ပိုး ခုန်ကူးမှုဟာ
  • 0:47 - 0:50
    ကြောက်မက်ဖွယ် ကပ်ဘေးတွေကို
    ဖြစ်ပွားစေနိုင်ပါတယ်။
  • 0:50 - 0:54
    ဒီတော့ မျိုးစိတ်တစ်ခုထံမှ ရောဂါပိုးတွေ
    ဒီပြင်မျိုးစိတ်ကို ဘယ်လို ကူးစက်နိုင်တာလဲ၊
  • 0:54 - 0:58
    ပြီးတော့ ပိုးခုန်ကူးမှုဟာ ဘာဖြစ်လို့
    သိပ်ကို အန္တရာယ်များလှတာလဲ။
  • 0:58 - 1:03
    ဗိုင်းရပ်စ်ဆိုတာက သက်ရှိပုံစံမှန်သမျှကို
    ကူးစက်နိုင်တဲ့ သက်ရှိ ကပ်ပါးတစ်မျိုးပါ။
  • 1:03 - 1:07
    ရှင်သန်လျက် မျိုးပွားဖို့အတွက်
    ၎င်းတို့ဟာ အဆင့်သုံးဆင့်ကို ကျော်ကြရတယ်-
  • 1:07 - 1:11
    ရောဂါဖြစ်လွယ်သူနဲ့ ထိတွေ့ရန်၊
    ရောဂါကူးစက်ရန်နဲ့ မျိုးပွားလျက်
  • 1:11 - 1:15
    အခြားသူတို့ထံကို ကူးစက်ရန် လိုပါတယ်။
  • 1:15 - 1:18
    ဥပမာတစ်ခုအဖြစ် လူတွေမှာ ဖြစ်တတ်တဲ့
    တုပ်ကွေးကို ယူကြည့်နိုင်ပါတယ်။
  • 1:18 - 1:21
    ဦးစွအနေနဲ့ တုပ်ကွေးဗိုင်းရပ်စ်ဟာ
    အိမ်ရှင်အသစ်နဲ့ တွေ့ရတယ်၊
  • 1:21 - 1:24
    သူတို့ရဲ့ အသက်ရှူလမ်းကြောင်းထဲ
    ကူးစက်တယ်။
  • 1:24 - 1:27
    အဲဒါက သိပ်မခက်ပေမဲ့
    ခန္ဓာကိုယ်အသစ်ထဲမှာ ရှင်သန်ဖို့
  • 1:27 - 1:31
    ဗိုင်းရပ်စ်ဟာ အောင်မြင်တဲ့ ရောဂါကူးစက်
    တံတိုင်ကို တပ်ဆင်ရပါတယ်၊
  • 1:31 - 1:34
    လူ့ကိုယ်ခံစနစ်ဘက်မှ
    ရိုက်ချိုးပစ်မခံရမီ လုပ်ဖို့ လိုပါတယ်။
  • 1:34 - 1:36
    အဲဒီတာဝန်ကို ပြီးမြောက်စေရန်၊
  • 1:36 - 1:40
    ဗိုင်းရပ်စ်တွေဟာ အိမ်ရှင် မျိုးစိတ်တွေနဲ့
    တုံ့ပြန်ဖို့ အထူးစနစ်တွေ တီထွင်ထားကြတယ်။
  • 1:40 - 1:43
    လူ့တုပ်ကွေး ဗိုင်းရပ်စ်တွေဟာ
    ပရိုတိန်းတွေနဲ့ ဖုံးအုပ်နေကြတယ်၊
  • 1:43 - 1:49
    လူ့အသက်ရှူရာ အာရုံခံစနစ်တွေနဲ့
    တွဲချည်နိုင်ကြပါတယ်။
  • 1:49 - 1:54
    ဆဲလ်အတွင်းကို ရောက်တာနဲ့ ဗိုင်းရပ်စ်ဟာ
    ထပ်ပြီး ပုံစံပြောင်းဖို့ ကြိုးစားတယ်၊
  • 1:54 - 1:56
    အိမ်ရှင်ရဲ့ ဆဲလ်ပွားရေး ယန္တရားကို
    တိုက်ခိုက်ပြီး
  • 1:56 - 1:59
    မိမိရဲ့ ကိုယ်ပိုင်
    မျိုးပွားဖို့အတွက် အသုံးချတယ်။
  • 1:59 - 2:04
    အခုတော့ ဗိုင်းရပ်စ်ဟာ အိမ်ရှင်ရဲ့ ကိုယ်ခံ
    စွမ်းအင်ကို ချိုးနှိမ်ပစ်ဖို့ အားထုတ်ရင်း
  • 2:04 - 2:08
    အခြားဆဲလ်တွေကို ကူးစက်ဖို့ လုံလောက်မယ့်
    ပိုးတွေကို လုံလောက်စွာ ထုတ်လုပ်သွားမှာပါ။
  • 2:08 - 2:12
    အဲဒီအဆင့်မှာ တုပ်ကွေးကို အခြားသူဆီကို
    ကူးစက်ပေးနိုင်ပါပြီ။
  • 2:12 - 2:16
    ရောဂါကူးစက်ခံရသူမှ တဆင့် ကူးစက်နိုင်ပါပြီ။
  • 2:16 - 2:21
    ပြီးတော့ နှာချေမှုကလည်း
    အိမ်မွေးတိရစ္ဆာန်များနဲ့
  • 2:21 - 2:23
    အစားအစားများထဲ
    ဗိုင်းရပ်စ်ပိုးကို ပို့ပေးပါတယ်။
  • 2:23 - 2:29
    ဗိုင်းရပ်စ်တွေဟာ မျိုးစိတ်သစ်တွေကို
    ကူးစက်ဖို့ တချိန်လုံး ကြိုးပမ်းကြပါတယ်။
  • 2:29 - 2:31
    မကြာခဏဆိုသလို သူတို့ဟာ အောင်မြင်ကြပါတယ်။
  • 2:31 - 2:37
    ကိစ္စအများစုမှာ အိမ်ရှင်နှစ်ဦးတို့ရဲ့
    ဗီဇဟာ အတော်ကလေး ဆင်တူပါတယ်။
  • 2:37 - 2:39
    လူသားကို ကူးစက်နေကျ ဗိုင်းရပ်စ်အတွက်
  • 2:39 - 2:43
    ဆလတ်ရွက် ဆဲလ်ဟာ သူစိမ်းဖြစ်လျက်
    ဝင်နေနိုင်မယ့် နေရာမျိုး မဟုတ်ပါ။
  • 2:43 - 2:48
    ဒါပေမဲ့ ဗိုင်းရပ်စ် တော်တော်များများဟာ
    ပတ်ဝန်းကျင်ထဲမှာ ကျင်လည်ရင်း
  • 2:48 - 2:51
    အိမ်ရှင် အသစ်တွေကို ရှာဖို့
    ကြိုးစားနေတတ်ကြပါတယ်။
  • 2:51 - 2:55
    ဗိုင်းရပ်စ်တွေဟာ သန်းနဲ့ချီ လျင်မြန်စွာ
    ပွားနိုင်ကြလို့
  • 2:55 - 2:58
    သူတို့အကြားမှာ ကျပန်းဗီဇပြောင်းလာတဲ့
    အကောင်တွေ ပေါ်လာတတ်ကြတယ်။
  • 2:58 - 3:02
    ဗီဇပြောင်း အကောင်းအများစုဟာ သက်ရောက်မှု
    မရှိကြဘဲ အချို့ကျတော့ အန္တရာယ်များကြတယ်၊
  • 3:02 - 3:08
    ဒါပေမဲ့ နည်းလှတဲ့ အချိုးအစားက မျိုးစိတ်သစ်
    ထံ ကူးစက်လွယ်တဲ့ ရောဂါပိုး ဖြစ်နိုင်တယ်။
  • 3:08 - 3:13
    အဖျက်အားကြီးတဲ့ ဗီဇပိုးတွေဟာ
    အချိန်ကြာလာရင် နိုင်ပွဲခံယူနိုင်ကြတယ်၊
  • 3:13 - 3:18
    ဒါမှမဟုတ် မျိုးစိတ်သစ်တွေဟာ ဗိုင်းရပ်စ်ရဲ့
    အိမ်ရှင်နဲ့ နီးစပ်သူ ဖြစ်နိုင်တယ်။
  • 3:18 - 3:20
    အခြားနို့တိုက်သတ္တဝါနဲ့
    နေနေကျ ဗိုင်းရပ်စ်အဘို့
  • 3:20 - 3:24
    လူသားကို ကူးစက်ဖို့ဟာ ကံကောင်းချင်ရင်
    အပတ်အနည်းငယ်သာ ကြာနိုင်ပါတယ်။
  • 3:24 - 3:27
    ချင်ပန်ဇီမျောက်နဲ့ အဆင်ပြေနေတဲ့
    ဗိုင်းရပ်စ် ဆိုရင်
  • 3:27 - 3:33
    ဗီဇအရ လူနဲ့အနီးစပ်ဆုံး မျိုးစိတ်ဖြစ်လို့
    ဘာမှမပြောင်းဘဲ လူသားကို ကူးစက်နိုင်တယ်။
  • 3:33 - 3:36
    အိမ်ရှင်သစ်ဆီကို ခုန်ကူးမှု
    အောင်မြင်ဖို့ကိစ္စဟာ
  • 3:36 - 3:38
    မျိုးရိုးဗီဇ ဆင်တူဖို့နဲ့
    အချိန်ဘဲ လိုပါတယ်။
  • 3:38 - 3:42
    အချို့ ဗိုင်းရပ်စ်တွေဟာ အိမ်ရှင်သစ်ထဲက
    ဆဲလ်ကို လွယ်ကူးစွာ ကူးစက်နိုင်ကြပေမဲ့
  • 3:42 - 3:46
    ကိုယ်ခံစွမ်းအားရဲ့ တုံ့ပြန်မှုကို
    ရှောင်ရှားနိုင်စွမ်း မရှိကြပါ။
  • 3:46 - 3:50
    ဒီ့ပြင်ဗိုင်းရပ်စ်တွေကျတော့ အိမ်ရှင်သစ်ဆီ
    ကူးစက်ရတာ ခက်ခဲပြီး ကြာနိုင်ပါတယ်။
  • 3:50 - 3:53
    ဥပမာ၊ သူတို့ဟာ အိမ်ရှင်ရဲ့သွေးကို
    အဆိပ်တက်စေနိုင်ကြတယ်၊
  • 3:53 - 3:55
    ဒါပေမဲ့ တံတွေးကို ဘာမှ မလုပ်နိုင်ကြဘူး။
  • 3:55 - 3:59
    ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင်သစ်ဆီ ခုန်ပျံမှုက
    ကူးပြောင်းရေး အဆင့်ကို ရောက်သွားရင်
  • 3:59 - 4:01
    ဗိုင်းရပ်စ်ပိုးဟာ ပိုလို့ကို
    အန္တရာယ်များလာမယ်။
  • 4:01 - 4:04
    အိမ်ရှင် နှစ်ဦးအကြားမှာ
    ကျက်စားနိုင်ခြင်းဖြင့်
  • 4:04 - 4:09
    ပိုးဟာ ပိုကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်
    အဖြစ် ဗီဇပြောင်းဖို့ အလားအလာ များပါတယ်။
  • 4:09 - 4:13
    အိမ်ရှင်သစ်တိုင်းဟာ အကြီးစား ကပ်ဘေး
    ဖြစ်ဖို့ အလားအလာကို တိုးချဲ့ပေးပါတယ်။
  • 4:13 - 4:17
    ဗိုင်းရပ်စ်ပါရဂူများဟာ ဗီဇပြောင်းလဲမှုကို
    တုပ်ကွေး ရောဂါပိုးကို ခုန်ကူးနိုင်တဲ့
  • 4:17 - 4:21
    ဗိုင်းရပ်စ်အဖြစ် ပြောင်းလဲသွားနိုင်မှာကို
    မျက်ချည်မပြတ် စောင့်ကြည့်နေကြပါတယ်။
  • 4:21 - 4:26
    ဘယ်လိုပဲဖြစ်ဖြစ် နောက်တခါဖြစ်လာမယ့်
    ဧရာမကပ်ဘေးကို ဟောကိန်းထုတ်ဖို့ မလွယ်လှပါ။
  • 4:26 - 4:31
    ကျွန်ုပ်တို့ စတွေ့လာနေကြတဲ့ ဗိုင်းရပ်စ်တွေ
    များပြားလှပြီး မတူကွဲပြားကြပါတယ်။
  • 4:31 - 4:35
    သုတေသီတွေဟာ အဲဒီလိုရောဂါပိုးတွေရဲ့
    ဇီဝဗေဒကို မရပ်မနား ဆည်းပူးနေကြပါတယ်။
  • 4:35 - 4:39
    သူတို့ မျိုးပွားမှုကို စောင့်ကြည့်နေရင်း
    ကပ်ဘေးသစ် ပေါ်ပေါက်မှု အမြန်ဖေါ်ထုတ်လျက်
  • 4:39 - 4:45
    ကပ်ဘေးကို ရပ်စဲရန် ကာကွယ်ဆေးများနှင့်
    စည်းကမ်းချက်များကို ပြုစုပေးနိုင်ကြမှာပါ။
Title:
ဗိုင်းရပ်စ်တွေ တိရိစ္ဆာန်များဆီက လူတွေဆီ ဘယ်လို ခုန်ကူးကြတာလဲ။ Ben Longdon
Speaker:
Ben Longdon
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန် - https://ed.ted.com/lessons/how-do-viruses-jump-from-animals-to-humans-ben-longdon

Maryland မှာ ၂၀၁၇ ခုနှစ် ကုန်စည်ပြပွဲတွင်၊ လယ်သမားတွေက ဝက်တွေ ကိုယ်ပူပြီး နှာစီးနေကြောင်း တိုင်ကြားခဲ့ကြတယ်။ လယ်သမားတွေက ဝက်တွေ အကြောင်းကို စိုးရိမ်နေကြချိန်မှာ ကျန်းမာရေးဌာနကျတော့ ပြပွဲလာ အကောင်တွေ ဖျားနာနေတာကို သောက မအေး ဖြစ်နေခဲ့ကြတယ်။ မကြာမီတွင် တက်ရောက်လာကြတဲ့ ဝက်အကောင် ၄၀ တို့မှာ ဝက်တုပ်ကွေး ရောဂါရှိနေ​ကြောင်း တွေ့ခဲ့ရတယ်။ မျိုးစိတ် တစ်ခုရဲ့ ရောဂါပိုးတွေဟာ အခြားမျိုးစိတ်ဆီကို ဘယ်လိုနည်းနဲ့ ကူးစက်နိုင်ခဲ့တာလဲ၊ ပြီးတော့ အဲဒီလို ကူးစက်မှုဟာ ဘာဖြစ်လို့ ကြောက်စရာ ကောင်းတာလဲ။ Ben Longdon မှ ရှင်းပြထားပါတယ်။

Ben Longdon ရဲ့ သင်ခန်းစာကို Cabong Studios မှ ရိုက်ကူးပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:47

Burmese subtitles

Revisions