သင် သုညနဲ့ ဘာကြောင့် မစားနိုင်လဲ
-
0:05 - 0:09သင်္ချာလောကမှာ
-
0:09 - 0:13တို့တွေ စည်းမျဉ်းတွေကို ပြောင်းလိုက်တဲ့အခါ
ထူးဆန်းတဲ့ ရလဒ်အများကြီး ဖြစ်နိုင်တယ်။ -
0:13 - 0:17ဒါပေမဲ့ တို့များကို မချိုးဖောက်ရလို့
သတိပေးထားတဲ့ ဥပဒေသတစ်ရပ် ရှိတယ် -
0:17 - 0:20သုညနဲ့ မစားပါနဲ့...တဲ့။
-
0:20 - 0:23ပုံမှန် ကိန်းတစ်လုံး နဲ့
အခြေခံ လုပ်ထုံးတရပ်၊ -
0:23 - 0:26ရိုးရိုးလေးပေါင်းစည်းခြင်းဟာ
ဒါမျိုးပြဿနာကို ဘယ်လိုဖြစ်စေနိုင်လဲ။ -
0:26 - 0:30ပုံမှန်အားဖြင့်၊ ပို.. ပိုပြီး
ငယ်တဲ့ ကိန်းတွေနဲ့ စားလေ..လေ -
0:30 - 0:32ပို.. ပိုပြီး ကြီးတဲ့
အဖြေတွေ ထွက်လေ..လေပါပဲ။ -
0:32 - 0:35တစ်ဆယ်_အစား_နှစ် ဟာ ငါး
-
0:35 - 0:36အစား_တစ် ဆို တစ်ဆယ်
-
0:36 - 0:39တစ်သန်းပုံ တစ်ပုံနဲ့ စားရင် ၁၀ သန်း
-
0:39 - 0:40စသည်ဖြင့်ပေါ့။
-
0:40 - 0:42ဒါကြောင့်၊ သင်ဟာ သုညထိ ထိုးဆင်းအောင်
-
0:42 - 0:45ငယ်နေတဲ့ကိန်းတွေနဲ့ စားရင်
-
0:45 - 0:48အဖြေတွေက အကြီးနိုင်သမျှအကြီးဆုံးထိ
ကြီးလာလိမ့် မလိုထင်ရတယ်။ -
0:48 - 0:53ပြီးတော့၊ ၁၀ကို သုညနဲ့ စားတဲ့ အဖြေက
အနန္တ မဟုတ်ဘူးလား။ -
0:53 - 0:55ဒီလိုထင်စရာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
-
0:55 - 0:58ဒါပေမဲ့၊ တို့ တကယ်သိတာဟာ ၁၀ ကို
-
0:58 - 1:01သုညနဲ့ နီးနီးလာတဲ့ ကိန်းနဲ့ စားရင်
-
1:01 - 1:04အဖြေက အနန္တတိုင် ကပ်မယ်။
-
1:04 - 1:08ပြီးတော့၊ ဒါက ၁၀ကို သုညနဲ့စားတာ
အနန္တနဲ့ ညီတယ်လို့ -
1:08 - 1:11ပြောနေတဲ့ ဟာနဲ့ မတူဘူး။
-
1:11 - 1:12ဘာကြောင့် မတူလဲ။
-
1:12 - 1:16ကောင်းပြီ၊ တို့တွေ စားခြင်းဆိုတာ တကယ်တမ်း
ဘာ ဆိုလိုလဲကို အကျယ်ချဲ့ကြည့်ရအောင် -
1:16 - 1:19တဆယ်_အစား_နှစ် ဆိုလိုတာက၊
တို့တွေ ၁၀ ရဖို့ -
1:19 - 1:23နှစ်တွေကို အကြိမ်ဘယ်လောက်များ
ပေါင်းပေးရမလဲ... သို့မဟုတ် -
1:23 - 1:26နှစ် အမြောက် ဘာနဲ့ က ၁၀နဲ့ ညီမလဲ။
-
1:26 - 1:30ကိန်းတစ်လုံးနဲ့ စားခြင်းဟာ အခြေခံအားဖြင့်
၎င်းနဲ့ မြောက်ခြင်းကို ပြောင်းပြန်ဖြစ်တယ်။ -
1:30 - 1:32နောက်ဆက်တွဲ နည်းအရ၊
-
1:32 - 1:35တို့တွေ ဘယ်ကိန်းကို မဆို
x လို့ဖော်ပြတဲ့ ကိန်းနဲ့ မြောက်ရင် -
1:35 - 1:40တို့ စတဲ့ နေရာကို ပြန်ရောက်ဖို့
နောက်ထပ် မြောက်နိုင်တဲ့ -
1:40 - 1:42ကိန်းသစ်တစ်လုံး
ရှိလား စုံစမ်းနိုင်တယ်။ -
1:42 - 1:47ရှိတယ် ဆိုရင်.. ဒီ ကိန်းသစ်ကို
x ရဲ့ အမြောက်လှန်ကိန်း လို့ခေါ်မယ်။ -
1:47 - 1:51ဥပမာ။ သင်ဟာ သုံးကို နှစ်နဲ့ မြောက်၊
ခြောက် ရလျင်.... ထို့နောက် -
1:51 - 1:56သုံးပြန်ရဖို့ နှစ်ပိုင်းတစ်ပိုင်းနဲ့
သင် မြောက်နိုင်ပါတယ်။ -
1:56 - 1:59ဒါ့ကြောင့် နှစ်ရဲ့ အမြောက်လှန်ကိန်းဟာ
နှစ်ပိုင်းတစ်ပိုင်း၊ -
1:59 - 2:04ပြီးတော့ ၁၀ရဲ့ အမြောက်လှန်ကိန်းဟာ
ဆယ်ပိုင်းတစ်ပိုင်းပါ။ -
2:04 - 2:09သင် သတိပြုမိနိုင်တာက၊ ဘယ်ကိန်းမဆို
၎င်းရဲ့ အမြောက်လှန်ကိန်း -
2:09 - 2:11မြောက်လဒ်ဟာ တစ် အမြဲတမ်းဖြစ်တာကိုပါ။
-
2:11 - 2:13တို့တွေ သုညနဲ့ စားလိုတယ် ဆိုရင်၊
-
2:13 - 2:16၎င်းရဲ့ အမြောက်လှန်ကိန်းကို
တို့ ရှာဖို့ လိုတယ်၊ -
2:16 - 2:19ယင်းက တစ်အစား သုည ဖြစ်သင့်တယ်။
-
2:19 - 2:25ဒါက သုညနဲ့ ၎င်းကို မြောက်ခြင်းဟာ တစ်
ဖြစ်လာတဲ့ ကိန်းမျိုးသာ ဖြစ်ရလိမ့်မယ်။ -
2:25 - 2:29သို့သော် သုညနဲ့ မြောက်တဲ့ ဘယ်ဟာမဆို
သုညဖြစ်မြဲကြောင့် -
2:29 - 2:32ဒါမျိုးကိန်း မရှိကောင်းပါ
-
2:32 - 2:35ဒါ့ကြောင့် သုညဟာ
အမြောက်လှန်ကိန်း မရှိပါ။ -
2:35 - 2:37ဒါ တကယ်အတည် ဖြစ်တာ သံသယဖြစ်စရာပဲလား။
-
2:37 - 2:41တကယ်တော့ သင်္ချာသမားတွေဟာ အရင်ကတည်းက
စည်းမျဉ်းတွေကို ချိုးဖောက်ကြပါတယ်။ -
2:41 - 2:43ဥပမာ။ အချိန်အတော်ကြာအောင်
-
2:43 - 2:47အနုတ်ကိန်းတွေရဲ့ နှစ်ထပ်ကိန်းရင်းကို
သတ်မှတ်ထားတဲ့အရာမျိုးမရှိခဲ့ပါ။ -
2:47 - 2:51သို့သော် သင်္ချာပညာရှင်များဟာ
i လို့ခေါ်တဲ့ ကိန်းသစ်တစ်ခု အဖြစ် -
2:51 - 2:53အနုတ်တစ်ရဲ့ နှစ်ထပ်ကိန်းရင်းကို
သတ်မှတ် ပြီးနောက် -
2:53 - 2:58ကိန်းထွေ သင်္ချာလောကသစ်ကို
ဖွင့်လှစ်လိုက်ပါတယ်။ -
2:58 - 2:59သူတို့ ဒါကို ဒီလိုလုပ်နိုင်ရင်
-
2:59 - 3:01စည်းမျဉ်းအသစ်တရပ်
မလုပ်နိုင်ဘူးလား -
3:01 - 3:05infinity သင်္ကေတဟာ တစ်_အစား_သုည
ဆိုတာမျိုး...ပေါ့ -
3:05 - 3:08ပြီးတော့ ဘာဖြစ်မလဲ ကြည့်မယ်။
-
3:08 - 3:09ဒါကို စလိုက်ကြစို့
-
3:09 - 3:12အနန္တကိန်း နဲ့ ပတ်သတ်လို့ သိထားပြီးသား
မရှိဘူး စိတ်ကူးကြည့်။ -
3:12 - 3:14အမြောက်လှန်ကိန်းရဲ့ အဓိပ္ပါယ်
သတ်မှတ်ချက်ကို အခြေခံပြီး -
3:14 - 3:18သုည အမြောက် အနန္တကိန်း က
တစ်နဲ့ ညီကို ညီရမယ်။ -
3:18 - 3:25သုည အမြောက် အနန္တကိန်း အပေါင်း
သုည အမြောက် အနန္တကိန်းဟာ နှစ်နဲ့ညီ မယ်တယ်။ -
3:25 - 3:26အခု၊ ဖြန့်ဝေရ ဂုဏ်သတ္တိအရ
-
3:26 - 3:29ညီမျှခြင်း ဘယ်ဘက်ကို ပြန်စီစဉ်နိုင်တယ်
-
3:29 - 3:33သုည_အပေါင်း_သုည အမြောက် အနန္တကိန်း ပေါ့
-
3:33 - 3:36ပြီးတော့ သုည_အပေါင်း_သုညဟာ
လုံး၀ သုည ဖြစ်တော့ -
3:36 - 3:40ဒါက သုည အမြောက် အနန္တကိန်းဖြစ်လာတယ်။
-
3:40 - 3:44ကံအကြောင်းမလှစွာဘဲ တို့တွေ ဒါကို
တစ်နဲ့ ညီထားပြီးသားဖြစ်နေပြီး -
3:44 - 3:48ညီမျှခြင်း တဘက်က တို့ကိုပြောနေတာ
ဒါက နှစ်နဲ့ ညီတယ်ဆိုတော့. -
3:48 - 3:51ဒါဆို တစ်က နှစ်နဲ့ ညီတယ်ပေါ့။
-
3:51 - 3:54ခပ် ကြောင်တောင်တောင်၊
ဒီလောက် မှားစရာ မလိုပေါင်။ -
3:54 - 3:58တို့ရဲ့ ပုံမှန်ကိန်းကမ္ဘာမှာဆို
ဒါလုံး၀ကို အမှန် မဟုတ်သေးဘူး။ -
3:58 - 4:01ဒါကို သင်္ချာနည်းကျ အကျုံးဝင်စေတဲ့
နည်းတစ်ခုရှိသေးတယ် -
4:01 - 4:05တစ်၊ နှစ်နဲ့ တခြားကိန်းတိုင်းကို
သုညနဲ့ ညီပေးရင်ပေါ့။ -
4:05 - 4:08သို့သော် အနန္တကိန်းက သုည ညီထားတော့
-
4:08 - 4:13နောက်ဆုံးမှာ သင်္ချာပညာရှင်တွေထိ လုံး၀
သုံမရတော့ဘူး၊ ဘယ်သူမှလည်း မရဘူး။ -
4:13 - 4:16အရေးပါတာတစ်ခု အမှန်ရှိပါတယ်။
Riemann စက်လုံး လို့ခေါ်ပြီး -
4:16 - 4:19ဒါက ကွဲပြားတဲ့နည်းသုံးလို့
သုညနဲ့စားခြင်း ပါဝင်လာတယ် -
4:19 - 4:22ဒါပေမဲ့ ဒါက နောက်ရက်ပြောမယ့် အကြောင်းပါ။
-
4:22 - 4:26ဒီအတောအတွင်း အရှင်းဆုံးနည်းနဲ့
သုညနဲ့စားခြင်းဟာ -
4:26 - 4:28သိပ်ပြီးတော့ အလုပ်မဖြစ်ပါဘူး။
-
4:28 - 4:31သို့သော် စူးစမ်းဖို့ ပျော်စရာ ကမ္ဘာသစ်တွေ
ဖန်တီးနိုင်မလား -
4:31 - 4:34သိဖို့ ကေြာက်ဖွယ်လိလိ
ရှင်သန်ခြင်းနဲ့ သင်္ချာစည်းမျဉ်းတွေ -
4:34 - 4:37ချိုးဖောက် စမ်းသပ်ခြင်းကနေ
မတားဆီးသင့်ဘူးလေ။
- Title:
- သင် သုညနဲ့ ဘာကြောင့် မစားနိုင်လဲ
- Description:
-
Patreon စာမျက်နှာသို့: https://www.patreon.com/teded
သင်ခန်းစာအပြည့်အစုံကြည်ရန်: https://ed.ted.com/lessons/why-can-t-you-divide-by-zero
သင်္ချာ လောကမှာ၊ တို့တွေက စည်းမျဉ်းတွေကို အပြောင်းအလဲလုပ်တဲ့အခါ လွန်စွာထူးဆန်းတဲ့ ရလဒ်တွေဖြစ်နိုင်ပါတယ်။ သို့သော်.. တို့များကို မချိုးဖောက်ဖို့ သတိပေးပြီးသား စည်မျဉ်းတစ်ခုဟာ၊ သုညနဲ့ မစားရ...ပါ။ တွေ့နေမြင်နေကျ ကိန်းတစ်လုံးနဲ့ အခြေခံ သင်္ချာလုပ်ထုံးလုပ်နည်းတရပ်ကို ပုံမှန်အတိုင်းပဲ ပေါင်းစပ်မှုဟာ ဒီလို ပြဿနာတွေကို ဘယ်လို ဖြစ်စေမလဲ။
ရုပ်သံလှု်ရှားမှုပုံရိပ်-Nick Hilditch.
ကျွန်တော်တို့ရဲ့ patrons ကို အားပေးမှုအတွက် သင့်ကို များစွာကျေးဇူးတင်ပါသည် ခဗျာ။
သင့်တို့ မရှိရင် ဒီ ဗီဒီယိုလည်း ဖြစ်လာ ပေမည်မဟုတ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:51
![]() |
sann tint approved Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint accepted Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint edited Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint edited Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint edited Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint edited Burmese subtitles for Why can't you divide by zero? - | |
![]() |
sann tint edited Burmese subtitles for Why can't you divide by zero? - | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for Why can't you divide by zero? - |