ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု
-
0:01 - 0:02အိပ်စက်ခြင်း။
-
0:02 - 0:05တစ်သက်တာရဲ့ သုံးပုံတပုံအထိကို
ကျွန်တော်တို့ အိပ်ဖို့ သုံးကြပေမဲ့၊ -
0:05 - 0:09အိပ်ခြင်းဆိုတာ ဘာလဲကို ကျွန်တော်ထဲက
တစ်ယောက်ယောက် နားလည်ရဲ့လား? -
0:09 - 0:11လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက
ရှေးခေတ်က -
0:11 - 0:13အထင်ရှားဆုံး ဆေးသုတေသီ တဦးဖြစ်သူ
-
0:13 - 0:14Galen ရဲ့ ယူဆချက်နှင့်အညီ၊
-
0:14 - 0:16ကျွန်တော်တို့ နှိုးကြားနေစဉ်၊
-
0:16 - 0:19ကျွန်တော်တို့ ဦးနှောက်ရဲ့
အားအင်တွေ၊ အရည်တွေဟာ -
0:19 - 0:22ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို
ဖြာထွက်သွားကြတာမို့လို့၊ -
0:22 - 0:25၎င်းတို့ဟာ တက်ကြွလှုပ်ရှားချိန်မှာ
ဦးနှောက်ကျတော့ ခြောက်ကျန်ရစ်ခဲ့တယ်၊ -
0:25 - 0:28ဒါပေမဲ့ ကျွန်တော်တို့
အိပ်ကြတဲ့ အခါမှကျတော့၊ -
0:28 - 0:30ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ကြတဲ့
အစိုဓာတ်တွေဟာ -
0:30 - 0:32ပြန်စီးဝင်လာကြလျက်
-
0:32 - 0:34ဦးနှောက်ကို ပြန်ပြီး
အရည်တွေနဲ့ စိုပြေလာစေကာ -
0:34 - 0:36ပြန်ပြီး ဆန်းသစ်လာစေကြပါတယ်။
-
0:36 - 0:39ဒီနေ့တွင် အဲဒါဟာ
လုံးဝအဓိပ္ပါယ် မရှိလိုက်တာလို့ -
0:39 - 0:40ကျွန်တော်တို့ ထင်နိုင်ကြပေမဲ့၊
-
0:40 - 0:42ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ
လုပ်ကိုင်နေကြရတဲ့ -
0:42 - 0:45အိပ်ခြင်းအကြောင်းကို
Galen က ရှင်းပြရန် ကြိုးပမ်းတာပါ။ -
0:45 - 0:47ကျွန်တော်တို့အားလုံးဟာ
ကိုယ်ပိုင်အတွေ့အကြုံအရ -
0:47 - 0:50ကျွန်တော်တို့ အိပ်လိုက်ရရင်
ဦးနှောက် ကြည်လင်လာတာကို၊ -
0:50 - 0:51အိပ်ရေးမဝရင်၊ ဦးနှောက်ဟာ
-
0:51 - 0:54မကြည်မလင် နောက်လျက် ရှိတတ်တာကို သိကြပါတယ်။
-
0:54 - 0:56အခုတော့ ကျွန်တော်တို့ဟာ
အိပ်ခြင်းအကြောင်းကို -
0:56 - 0:59Galen နဲ့စာရင် များစွာမှ
ပိုပြီး သိလာခဲ့ကြပေမဲ့၊ -
0:59 - 1:01ဦးနှောက်ကို အံ့အားသင့်ဖွယ်
ပြန်ပြီးလန်းဆန်းလာစေတာက -
1:01 - 1:04လှုပ်ရှားမှုတွေ အားလုံးတွေထဲက
-
1:04 - 1:06အိပ်ခြင်း တစ်ခုပဲ ဖြစ်နေတာကို
ရှင်းပြမရသေးပါ။ -
1:06 - 1:08ဒါကြောင့်မို့လို့ ကျွန်တော်ဟာ
-
1:08 - 1:10အဲဒီအကြောင်းအတွက် ရှင်းလင်းအသစ်တချို့ကို
-
1:10 - 1:12ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။
-
1:12 - 1:16အိပ်ခြင်းဟာဖြင့် ဦးနှောက်ရဲ့
အခြေခံ လိုအပ်ချက်များကို -
1:16 - 1:18ဖြည့်ဆည်းပေးတဲ့ ကြော့ရှင်းတဲ့
ဖြေရှင်းချက် ဖြစ်ကာ -
1:18 - 1:20ခန္ဓာကိုယ်ထဲက အခြားအပိုင်းများနဲ့မတူတဲ့
-
1:20 - 1:23ဦးနှောက်အနေနဲ့ ရင်ဆိုင်ရတဲ့
မြင့်မားတဲ့ တောင်းဆိုချက်တွေကို -
1:23 - 1:25ကျဉ်းကျပ်တဲ့ အလားအလာများဖြင့်
လုပ်ပေးနိုင်ဖို့ -
1:25 - 1:30သူမတူ ရှားပါးလှတဲ့
နည်းလမ်းလည်း ဖြစ်ပုံရပါတယ်။ -
1:30 - 1:33ဇီဝဗေဒဆိုင်ရာ လေ့လာမှုမှန်သမျှ
အားလုံးတို့ကို -
1:33 - 1:34ပြဿနာတွေ တသီကြီးအဖြစ်၎င်း
-
1:34 - 1:38၎င်းတို့အတွက် သက်ဆိုင်ရာ ဖြေရှင်းနည်းများ
အဖြစ်၎င်း သုံးသပ်နိုင်ပါတယ်၊ -
1:38 - 1:41ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း
ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး ပြဿနာက -
1:41 - 1:43ခန္ဓာကိုယ်ထဲ ဆဲလ်တွေအားလုံးဆီကို
-
1:43 - 1:45အာဟာရများကို အဆက်မပြတ်
ပို့ပေးရခြင်းပဲ ဖြစ်ပါတယ်။ -
1:45 - 1:48ဦးနှောက်ထဲမှာကျတော့
အဲဒီအလုပ်က သေရေးရှင်ရေး အရေးပါပါတယ်၊ -
1:48 - 1:50၎င်းရဲ့ ပြင်းထန်လှတဲ့
လျှပ်စစ် လုပ်ငန်းများဆိုရင် -
1:50 - 1:53ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင်
လေးပုံတစ်ပုံကို သုံးတယ်၊ -
1:53 - 1:56ဦနှောက်ဟာ ခန္ဓာကိုယ် ထုထည်ရဲ့
၂ ရာခိုင်နှုန်းခန့်သာ ရှိပေမဲ့၊ -
1:56 - 1:58စွမ်းအင်ကျတော့
အဲဒီလို သုံးနေခြင်းဖြစ်ပါတယ်။ -
1:58 - 2:00ဒီတော့ သွေးလည်ပတ်မှုစနစ်ဟာ
-
2:00 - 2:02သွေးကြောမှတစ်ဆင့် အာဟာရတွေနဲ့
-
2:02 - 2:05အောက်ဆီဂျင်ကို
ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်း အထိကို -
2:05 - 2:08ပို့ပေးခြင်းဖြင့် ဖြည့်တင်းရေး တာဝန်ကို
ထမ်းဆောင်နေပါတယ်။ -
2:08 - 2:11ခင်ဗျားတို့အားလုံး အဲဒါကို ဒီဗီဒီယိုမှာ
လက်တွေ့မြင်နိုင်ကြပါတယ်။ -
2:11 - 2:13ဒီမှာ ကျွန်တော် ပြထားတာက
သွေးကြောတွေပါ၊ -
2:13 - 2:15အသက်ရှင်လျက်ရှိနေတဲ့
ကြွက်ရဲ့ ဦးနှောက်ထဲမှာပါ။ -
2:15 - 2:18သွေးကြောတွေဟာ ရှုပ်ထွေးလှတဲ့
ကွန်ရက်အသွင်ကို ဆောင်နေပြီး -
2:18 - 2:20ဦးနှောက်တစ်ခုလုံး
၎င်းတို့ဖြင့် ပြည့်နေပါတယ်။ -
2:20 - 2:23၎င်းတို့ဟာ ဦးနှောက်ရဲ့
မျက်နှာပြင်ပေါ်မှာ စတင်လျက်၊ -
2:23 - 2:25၎င်းရဲ့ အသားမျှင်များထဲကို ငုပ်ဝင်ကြပါတယ်၊
-
2:25 - 2:28၎င်းတို့ဟာ ပျံ့နှံ့နေကြလို့၊
ဦးနှောက်ထဲက ဆဲလ်တစ်ခုစီထံသို့ -
2:28 - 2:33အာဟာရများနဲ့ အောက်ဆီဂျင်ကို
ပို့ဆောင်ပေးပါတယ်။ -
2:33 - 2:36ဆဲလ်တိုင်းက အားအင်ဖြစ်လာရေးအတွက်
-
2:36 - 2:38အာဟာရဓာတ်တွေကို လိုအပ်သလိုပဲ၊
-
2:38 - 2:41ဆဲလ်တိုင်းဟာ ဘေးထွက်ပစ္စည်းအဖြစ်
အစွန့်အကြေးများကိုပါ ထုတ်လုပ်ကြပါတယ်၊ -
2:41 - 2:43အဲဒီလို စွန့်ပစ်စရာများ
ရှင်းလင်းပေးရေး ကျတော့ -
2:43 - 2:45ဇီဝခန္ဓာကိုယ်တိုင်း ဖြေရှင်းရန် လိုအပ်တဲ့
-
2:45 - 2:47ဒုတိယ အခြေခံ ပြဿနာကြီး ဖြစ်ပါတယ်။
-
2:47 - 2:50ဒီပုံကြမ်းထဲမှာ အဲဒီလိုအပ်ချက်ကို
ဖြည့်ဆည်းပေးရန် ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့ -
2:50 - 2:53ခန္ဓာကိုယ်ရဲ့ သွေးဖြူစနစ်ကို
ပြပေးထားပါတယ်။ -
2:53 - 2:56အဲဒါဟာ ခန္ဓာကိုယ်
တလျှောက်လုံးမှာ ပြန့်ကြဲလျက် ရှိနေတဲ့ -
2:56 - 2:58ဒုတိယ သွေးကြောစနစ်ကြီးပါပဲ။
-
2:58 - 3:00၎င်းဟာ ဆဲလ်တွေ အကြားမှာ ရှိနေတတ်တဲ့
-
3:00 - 3:02အသားဓာတ်များ နှင့် အညစ်အကြေးများကို
-
3:02 - 3:04ကောက်ယူပြီး၊ သွေးထဲကို
ထည့်ပေးလိုက်ခြင်းဖြင့် -
3:04 - 3:05လွှင့်ပစ်ဖို့ကို စီစဉ်ပေးပါတယ်။
-
3:05 - 3:08ဒါပေမဲ့၊ ခင်ဗျားတို့က ဒီပုံကြမ်းကို
နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင် -
3:08 - 3:10ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့
-
3:10 - 3:12ထင်ရတဲ့ အရာတွေကို တွေ့နိုင်ပါတယ်။
-
3:12 - 3:15တကယ်လို့များ ကျွန်တော်တို့ဟာ
ဒီဦခေါင်းကို ချဲ့ကြည့်မယ်ဆိုရင် -
3:15 - 3:17သတိထားမိမယ့် အချင်တစ်ချက်က
-
3:17 - 3:20ဦးနှောက်ထဲမှာ သွေးဖြူကြောတွေ
လုံးဝမရှိခြင်းပါပဲ။ -
3:20 - 3:24ဒါပေမဲ့ အဲဒါဘာမှ အဓိပ္ပါယ် မရှိပါလားလို့
ဖြစ်နေပါတယ်။ -
3:24 - 3:27ဦးနှောက်ဟာ အပြင်းအထန်
လုပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး -
3:27 - 3:30အတော့်ကိုများမယ့် အညစ်အကြေးတွေကို
ထုတ်လုပ်မှာ သေချာတာမို့လို့ -
3:30 - 3:33အဲဒါတွေကို ထိရောက်စွာ
သန့်ရှင်းပစ်ရန် လိုပါမယ်။ -
3:33 - 3:36အဲဒီလို ထင်စရာရှိပေမဲ့၊ အဲဒီမှာ
သွေးဖြူကြောများ မရှိခြင်းက -
3:36 - 3:37ခန္ဓာကိုယ်ထဲက ကျန်တဲ့ အပိုင်းတွေထဲမှာ
-
3:37 - 3:40အညစ်အကြေးတွေ
ရှင်းလင်းရေးဆိုင်ရာ ချဉ်းကပ်မှုကို -
3:40 - 3:42ဦးနှောက်ထဲမှာ အသုံးမပြုပုံကို
ထောက်ပြနေပါတယ်။ -
3:42 - 3:45အဲဒီလိုဆိုရင်၊ ဦးနှောက်ဟာ
၎င်းရဲ့ သန့်စင်ရေး ပြဿနာကို -
3:45 - 3:46ဘယ်လိုများ ဖြေရှင်းတာလဲ?
-
3:46 - 3:50ကျွန်တော်တို့ရဲ့ အုပ်စုက
သာမန်လို့ထင်စရာရှိခဲ့တဲ့ -
3:50 - 3:53အဲဒီကိစ္စကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊
-
3:53 - 3:55ကျွန်တော်တို့က ဦးနှောက်ရဲ့
အတွင်းပိုင်းထဲကို ဝင်ပြီး -
3:55 - 3:58အတွင်းပိုင်းရှိ
neuronများနဲ့ သွေးကြောတွေကို -
3:58 - 4:01စူးစမ်းလိုက်လို့ တွေ့လိုက်ရတာက
-
4:01 - 4:03အဲဒီလို အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ
-
4:03 - 4:05ဦးနှောက်ရဲ့ အဖြေဟာ
-
4:05 - 4:07လုံးဝကို မျှော်လင့်မရခဲ့တဲ့
အဖြေမျိုးဖြစ်နေပါတယ်။ -
4:07 - 4:10အဲဒါကို တီထွင်ထားပုံဟာ သိပ်ကောင်းနေကာ၊
-
4:10 - 4:12တချိန်တည်းမှာ သိပ်လှပပါတယ်။
-
4:12 - 4:15ကျွန်တော်တို့ တွေ့ခဲ့တာကို
ခင်ဗျားတို့ကို ပြောပါရစေ။ -
4:15 - 4:17ဦးနှောက်ထဲမှာ အတော့်ကို များပြားတဲ့၊
-
4:17 - 4:20သန့်စင် ကြည်လင်တဲ့
cerebrospinal အရည်ဆိုတာ ရှိပါတယ်။ -
4:20 - 4:22ကျွန်တော်တို့က အဲဒါကို
CSF လို့ ခေါ်ကြပါတယ်။ -
4:22 - 4:26အဲဒီ CSF ဟာ ဦးနှောက်ကို ဝန်းရံနေတဲ့
နေရာတွေမှာ ပြည့်နေကာ -
4:26 - 4:28ဦးနှောက်ထဲက အညစ်အကြေးတွေဟာ
-
4:28 - 4:30CSF မှတစ်ဆင့် အပြင်ကို ထွက်နိုင်ကြပါတယ်၊
-
4:30 - 4:33ကျန်တဲ့ အညစ်အကြေးတွေနဲ့အတူ အဲဒါတွေကို
သွေးထဲကို စွန့်ပစ်လိုက်တာပါ။ -
4:33 - 4:34အဲဒီလို ပြောလိုက်လို့၊ အဲဒါဟာ
-
4:34 - 4:37သွေးဖြူစနစ်နဲ့ သိပ်ကို တူနေသလို
ထင်စရာရှိပါတယ်။ -
4:37 - 4:39ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက
-
4:39 - 4:41ဦးနှောက် အတွင်းပိုင်းရှိ
အရည်နဲ့ အညစ်အကြေးတွေဟာ -
4:41 - 4:44ခုနက ပြောခဲ့တဲ့ CSF အရည်တွေထဲကို
စိမ့်ဝင်ထွက်ခြင်း အလုပ်ကို -
4:44 - 4:46ကျပမ်းပုံစံမျိုးနဲ့
လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။ -
4:46 - 4:50အဲဒါအစား၊ အညစ်အကြေးထုတ်ပစ်ရေး
အထူးကွန်ရက်ဖြင့် -
4:50 - 4:53အဲဒီလုပ်ငန်းစဉ်ကို စည်းရုံး
လုပ်ကိုင်ပေးပါတယ်။ -
4:53 - 4:56အဲဒါကို ခင်ဗျားတို့ဟာ
ဒီဗီဒီယိုတွေထဲမှာ မြင်နိုင်ပါတယ်။ -
4:56 - 4:59ကျွန်တော်တို့ အသက်ရှင်နေတဲ့ ကြွက်ရဲ့
-
4:59 - 5:00ဦးနှောက်ကို ထပ်ပြီး ပုံဖေါ်ကြည့်ပါမယ်။
-
5:00 - 5:02ခင်ဗျားတို့ရဲ့ ဘယ်ဘက်ရှိ ဘောင်က
-
5:02 - 5:04ဦးနှောက်ရဲ့ မျက်နှာပြင်ပေါ်
ဖြစ်ပျက်နေတာကို ပြပါတယ်၊ -
5:04 - 5:06ညာဘက်ရှိ ဘောင်ထဲမှာကျတော့
-
5:06 - 5:08ဦးနှောက်ရဲ့ အတွင်းပိုင်း အသားမျှင်ထဲ
-
5:08 - 5:09ဖြစ်ပျက်တာကို ပြနေပါတယ်။
-
5:09 - 5:12ကျွန်တော်တို့ဟာ သွေးကြောတွေကို
အနီရောင်ဖြင့် ပြထားကာ -
5:12 - 5:14ဦးနှောက်ကို ဝန်းရံနေတဲ့ CSF ကို ကျတော့
-
5:14 - 5:16အစိမ်းရောင်ဖြင့် ပြပါမယ်။
-
5:16 - 5:18အဲဒီမှာ ကျွန်တော်တို့အတွက် အံ့ဩစရာအချက်က
-
5:18 - 5:21ဦးနှောက်ရဲ့ အပြင်ဘက်ရှိ အရည်တွေဟာ
-
5:21 - 5:24အပြင်မှာ စောင့်လျက်ရှိနေကြတာ မဟုတ်ပါဘူး။
-
5:24 - 5:27အဲဒါအစား၊ CSF ကို အတွင်းပိုင်းထဲကို
မှုတ်သွင်းပေးလျက် -
5:27 - 5:29သွေးကြောတွေရဲ့ အပြင်ပမ်း တလျှောက်မှာ
-
5:29 - 5:32ဦးနှောက်ထဲကို ဝင်သွားပါတယ်၊
-
5:32 - 5:34၎င်းက အဲဒီလို ဦးနှောက်ထဲကို
-
5:34 - 5:36သွေးကြောတွေ တစ်လျှောက်
အပြင်မှာကပ်လျက် ဝင်လာခြင်းဟာ -
5:36 - 5:39လက်တွေ့တွင် သင့်ရှင်းမှုကို
ကူပေးနေခြင်းပါပဲ၊ -
5:39 - 5:41ဦးနှောက်ရဲ့ ဆဲလ်များအကြားရှိ
နေရာတွေမှာ ရှိနေတဲ့ -
5:41 - 5:44အညစ်အကြေးတွေကို ရှင်းလင်းပစ်ခြင်းပါပဲ။
-
5:44 - 5:46အဲဒါကို ကျွန်တော်တို့
စဉ်းစာကြည့်ကြမယ်ဆိုရင်၊ -
5:46 - 5:50သွေးကြောတွေရဲ့ အပြင်နေရာကို
အခုလို အသုံးပြုခြင်းဟာ -
5:50 - 5:52သိပ်ကို ပါးနပ်လှတဲ့
ဖြေရှင်းရေး ဒီဇိုင်းပါပဲ၊ -
5:52 - 5:55ဦးနှောက်ဟာ အလုံပိတ်နေတဲ့ အရာဖြစ်ပြီး
-
5:55 - 5:57ခိုင်ခန့်ထဲတဲ့ ဦးခေါင်းခွံ
အတွင်းမှာ ရှိနေကာ -
5:57 - 5:59အဲဒီမှာ ဆဲလ်တွေနဲ့ ပြည့်နှက်နေလို့၊
-
5:59 - 6:02အဲဒီမှာ သွေးဖြူကြော စနစ်လို
-
6:02 - 6:04နောက်သွေးကြောစနစ်
တစ်ခုလုံးအတွက် နေရာ မရှိနိုင်ဘူး။ -
6:04 - 6:06ဒါပေမဲ့ သွေးကြောတွေကျတော့၊
-
6:06 - 6:08ဦးနှောက်ရဲ့ မျက်နှာပြင်ပိုင်းကနေပြီး
-
6:08 - 6:11ဦးနှောက်ထဲရှိ ဆဲလ်တစ်ခုချင်းစီ
အောက်ကို ထိုးဝင်လျက်ရှိနေကြလို့၊ -
6:11 - 6:13အဲဒီသွေးကြောတွေရဲ့ အပြင်ဘက်မှနေပြီး
-
6:13 - 6:15စိမ့်ဝင်စီးသွားနိုင်တဲ့ အရည်ဟာ
-
6:15 - 6:19ဦးနှောက် တစ်ခုလုံးထဲက နေရာတိုင်းဆီ
လွယ်ကူစွာ ချဉ်းကပ်နိုင်တယ်ဆိုတော့ -
6:19 - 6:21ရှိနေတဲ့ သွေးကြော တစ်စုံကို
နောက်ရည်ရွယ်ချက် တမျိုးအတွက် -
6:21 - 6:25လွှဲပြောင်းစီစဉ်ပေးလျက်
သွေးဖြူသွေးကြောတွေအဖြစ် ရှိရမယ့် -
6:25 - 6:28ဒုတိယ သွေးကြောတွေရဲ့ အလုပ်ကို
အစားထိုး စီစဉ်ပေးလိုက်ခြင်းဖြင့် -
6:28 - 6:31သွေးကြောတွေ နောက်တစ်စုံကို
သုံးရန် မလိုတော့တဲ့ -
6:31 - 6:34တကယ့်ကို ပါးနပ်လှပတဲ့ ဖြေရှင်းနည်းပါပဲ။
-
6:34 - 6:35ဒီနေရာမှာ နောက်အံ့အားသင့်စရာ အချက်က
-
6:35 - 6:38ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းထဲကမှ
အညစ်အကြေးတွေကို -
6:38 - 6:41ရှင်းပစ်ဖို့ အဲဒီလို နည်းလမ်းကို
မသုံးကြခြင်းပါပဲ။ -
6:41 - 6:46အဲဒါဟာ ဦးနှောက်ရဲ့ သူမတူရှားပါးတဲ့
ဖြေရှင်းနည်းပါပဲ။ -
6:46 - 6:49ဒါပေမဲ့ ကျွန်တော်တို့ တွေ့ရှိခဲ့ရသမျှထဲက
-
6:49 - 6:51အံ့အားသင့်စရာ အကောင်းဆုံး အချက်က၊
-
6:51 - 6:53ကျွန်တော် ခုနက ပြောပြခဲ့တာတွေ အားလုံးဟာ၊
-
6:53 - 6:56ဦးနှောက်ထဲမှာ ဖြတ်စီးနေကြတဲ့ အရည်တွေဟာ၊
-
6:56 - 7:01အိပ်နေတဲ့ ဦးနှောက်ထဲမှာသာ
ဖြစ်ပျက်တယ်ဆိုတဲ့ အချက်ပါပဲ။ -
7:01 - 7:02ဟောဒီက ဗီဒီယိုထဲမှာ
-
7:02 - 7:04ခုနက CSF ဟာ ကြွက်နိုးနေချိန်တွင်
-
7:04 - 7:08ဦးနှောက်ထဲမှာ ဘယ်လောက်
လှုပ်ရှား စီးဆင်းနေတာကို ပြပါတယ်။ -
7:08 - 7:10လုံးဝနီးပါးကို မရှိပါဘူး။
-
7:10 - 7:11ဒါပေမဲ့၊ အဲဒီ အကောင်ထဲမှာပဲ၊
-
7:11 - 7:15၎င်းအိပ်မောကျသွားတာကို
နည်းနည်းလေး စောင့်ကြည့်မယ်ဆိုရင် -
7:15 - 7:17CSF ဟာ ဦးနှောက်ထဲကို အလုံးအရင်းဖြင့်
-
7:17 - 7:20စီးဝင်သွားတာကို မြင်နိုင်ပါတယ်၊
-
7:20 - 7:22အဲဒီတစ်ချိတ်တည်းမှာ၊
-
7:22 - 7:24ဦးနောက်ဟာ အိပ်လျက် ရှိနေချိန်မှာ၊
-
7:24 - 7:27ဦးနှောက် ဆဲလ်တွေဟာ သူတို့ဘာသာသူတို့
ကျုံ့ဝင်သွားကြသလားလို့ ထင်ရပါတယ်၊ -
7:27 - 7:30၎င်းတို့အကြားမှာ
နေရာလေးတွေကို ဖွင့်ဟ ပေးနေသလိုပါပဲ၊ -
7:30 - 7:31အဲဒီအရည်တွေ ဖြတ်ကျော် စီးဆင်းနိုင်အောင်
-
7:31 - 7:34အညစ်အကြေးတွေကို
သန့်ရှင်းပစ်နိုင်အောင် ဖြစ်ပါတယ်။ -
7:34 - 7:37အဲဒီတော့ တခေတ်တုန်းက Galen က
-
7:37 - 7:38ကျွန်တော်တို့ အိပ်နေချိန်မှာ
-
7:38 - 7:41အရည်တွေဟာ ဦးနှောက်ထဲကို စီးဝင်လာကြတယ်လို့
ရေးသားခဲ့ခြင်းဟာ -
7:41 - 7:43မှန်ကန်တဲ့ သဘောကို ဆောင်နေတယ်လို့
ပြောနိုင်ပါတယ်။ -
7:43 - 7:47နှစ်ပေါင်း ၂,၀၀၀ နောက်မှာ ကျွန်တော်တို့
လုပ်လိုက်တဲ့ သုတေသနများအရ -
7:47 - 7:49ဖြစ်ပျက်တာတွေကို ခန့်မှန်းပြောရရင်
-
7:49 - 7:51ဦးနှောက် နှိုးကြားနေလို့
-
7:51 - 7:53အလုပ်တွေ အများဆုံး ဖြစ်နေတဲ့ အချိန်မှာ၊
-
7:53 - 7:55ဦးနှောက်ရဲ့ ဆဲလ်တွေအကြားမှာ ပေါ်လာတတ်တဲ့
-
7:55 - 7:58အညစ်အကြေးတွေ ရှင်းလင်းရေးကိစ္စကို
ဘေးချိတ်ထားလိုက်ပါတယ်၊ -
7:58 - 8:00ဒါပေမဲ့၊ ဦးနှောက် အိပ်ဖို့သွားချိန်ကျတော့၊
-
8:00 - 8:02အလုပ်တွေ မများတော့တဲ့ အချိန်မှာ၊
-
8:02 - 8:05၎င်းဟာ သန့်ရှင်းရေး မုဒ်ထဲကို
ပြောင်းလဲသွားသလိုပါပဲ၊ -
8:05 - 8:07ဆဲလ်တွေ အကြားနေရာတွေမှာ ရှိတဲ့
အညစ်အကြေးတွေကို -
8:07 - 8:09တစ်နေ့တာ ကာလအတွင်းမှာ
စုစည်းလာခဲ့တဲ့ အညစ်အကြေးတွေကို -
8:09 - 8:11လိုက်လံ ရှင်းလင်းပါတော့တယ်။
-
8:11 - 8:13ဒါဟာဖြင့် ကျွန်တော်တို့အားလုံး
လုပ်ကိုင်ကြတာနဲ့ တူပါတယ်၊ -
8:13 - 8:17ကျွန်တော်တို့ အလုပ်ကြတုန်း ရုံးရက်တွေမှာ
ငြီးငွေ့ဖွယ်ရာ အိမ်မှုကိစ္စတွေကို -
8:17 - 8:19အချိန်မပေးနိုင်လို့
ဘေးချိတ်လိုက်ကြသလိုပါပဲ၊ -
8:19 - 8:21ဒါပေမဲ့ ရုံးပိတ်ရက်တွေ ရောက်လာတာနဲ့အမျှ
-
8:21 - 8:24အဲဒီလို ကိစ္စတွေကို စုပုံဖြေရှင်း
လုပ်ကိုင်ကြသလိုပါပဲ။ -
8:24 - 8:27ဒီနေရာအထိ၊ အညစ်အကြေးသန့်ရှင်းမှု
အကြောင်းကို အများကြီးပြောလာခဲ့ပေမဲ့၊ -
8:27 - 8:29ကျွန်တော်တို့ ကျန်းမာလျက် ရှိနိုင်ဖို့
-
8:29 - 8:31အိပ်နေချိန်မှာ ဦးနှောက်အနေနဲ့
ရှင်းလင်းရမယ့် -
8:31 - 8:33အညစ်အကြေးတွေက ဘယ်လိုဟာတွေလဲ ဆိုတာကို
-
8:33 - 8:35ကျွန်တော်ဟာ အထူးလုပ် မပြောပြခဲ့ရသေးပါဘူး။
-
8:35 - 8:38မကြာမီတုန်းက လေ့လာမှုများထဲမှာ
ကျွန်တော်တို့ အထူး အလေးထားခဲ့ကြတာက -
8:38 - 8:39amyloid-beta လို့ ခေါ်တဲ့ အရာပါ၊
-
8:39 - 8:42ဦးနှောက်ထဲမှာ ထုတ်လုပ်ပေးနေတဲ့
အသားဓာတ် တစ်မျိုးပါပဲ။ -
8:42 - 8:45အခုအချိန်မှာလည်း ကျွန်တော်ရဲ့ ဦးနှောက်က
amyloid-beta ကို ထုတ်လုပ်နေပါတယ်၊ -
8:45 - 8:47ခင်ဗျားတို့လည်း အလားတူပါပဲ။
-
8:47 - 8:49ဒါပေမဲ့၊ Alzheimer ရောဂါရှိသူတွေကျတော့၊
-
8:49 - 8:51amyloid-beta ကို ထုတ်လုပ်ရင်း ဦးနှောက်ရဲ့
-
8:51 - 8:53ဆဲလ်တွေအကြားရှိ နေရာတွေမှာ စုပုံလာပါတယ်၊
-
8:53 - 8:56ဖြစ်သင့်သလို အဲဒါတွေကို
ရှင်းလင်း မပစ်ပါဘူး၊ -
8:56 - 8:58အဲဒီလို စုပုံလာတဲ့ amyloid-beta ကမှ
-
8:58 - 9:00ကြောက်မက်ဖွယ် အဲဒီရောဂါ
စတင်ဖြစ်လာရခြင်းရဲ့ -
9:00 - 9:03သော့ချက် အဆင့်တစ်ဆင့် ဖြစ်တယ်လို့
ယူဆရပါတယ်။ -
9:03 - 9:05အဲဒါကြောင့်မို့လို့
ဦးနှောက် နိုးနေချိန်နဲ့ -
9:05 - 9:08အိပ်နေချိန်မှာ amyloid-beta ကို
ရှင်းလင်ပေးနိုင်တဲ့ နှန်းကို -
9:08 - 9:10ကျွန်တော်တို့
တိုင်းလျက်နှိုင်းယှဉ်ကြည့်ခဲ့ရာ -
9:10 - 9:11တကယ်တမ်းမှာ တွေ့လိုက်တာက
-
9:11 - 9:13amyloid-beta ကို ရှင်းလင်းပစ်မှုဟာ
-
9:13 - 9:18အိပ်နေတဲ့ ဦးနှောက်ထဲမှါာ
ပိုပြီးမြန်ဆန်နေပါတယ်။ -
9:18 - 9:19ဒီတော့ အိပ်ခြင်းက
-
9:19 - 9:21အညစ်အကြေးများ ရှင်းလင်းပစ်ရေး ပြဿနာအတွက်
-
9:21 - 9:23အဖြေဖြစ်တယ်လို့ သိလိုက်ရတဲ့ နောက်မှာ၊
-
9:23 - 9:26အိပ်ခြင်း၊ amyloid-beta နဲ့
Alzheimer ရောဂါ အကြားက -
9:26 - 9:28ဆက်စပ်ဆင်နွှယ်မှုကို
ကျွန်တော်တို့ သုံးသပ်ပုံကိုလည်း -
9:28 - 9:31သိသိသာသာ ပြောင်းလဲသွားစေပါမယ်။
-
9:31 - 9:33မကြာခင်တုန်းက ကျန်းမာရေး သုတေသန တသီကြီး
-
9:33 - 9:35ထောက်ပြနေကြတဲ့ အတိုင်းဆိုရင်လောလောဆယ်မှာ
-
9:35 - 9:38Alzheimer ရောဂါ မရှိသေးတဲ့
လူနာတွေအကြားမှာ၊ -
9:38 - 9:41အိပ်စက်မှု အရည်အသွေး ကျဆင်းလာခြင်း နဲ့
အိပ်ချိန် နည်းလာခြင်းဟာ -
9:41 - 9:44သူတို့ဦးနှောက်ထဲမှာ
amyloid-beta တိုးစုလာခြင်းနဲ့ -
9:44 - 9:46ဆက်စပ်နေပါတယ်၊ ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊
-
9:46 - 9:47ထောက်ပြပေးရန် အရေးကြီးတာက
-
9:47 - 9:50အိပ်တာနည်းခြင်း သို့မဟုတ်
ကောင်းကောင်း မအိပ်နိုင်ခြင်းက -
9:50 - 9:52Alzheimer ရောဂါရဲ့ အကြောင်းရင်းဖြစ်တယ်လို့
-
9:52 - 9:54သက်သေထူပြခြင်း မရှိကြပါဘူး၊
-
9:54 - 9:57ဒါပေမဲ့ ပြောလို့ ရနိုင်တာက တစ်ခုက
-
9:57 - 9:59ဦးနှောက်အနေနဲ့ amyloid-beta လို
-
9:59 - 10:01အညစ်အကြေးကို သန့်ရှင်းပစ်နိုင်စွမ်း
မရှိခြင်းဟာဖြင့် -
10:01 - 10:03Alzheimer ရောဂါ ဖြစ်ပွားရေးကို
ထောက်ကူပေးတဲ့ -
10:03 - 10:06အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
-
10:06 - 10:09ဒီတော့ ဒီသုတေသနအသစ်က
ကျွန်တော်တို့ ဘာကို ပြောနေသလဲဆိုတော့ -
10:09 - 10:11တစ်ခုက အိပ်စက်ခြင်းအကြောင်းကို
-
10:11 - 10:13ကျွန်တော်တို့ သိနှင့်ခဲ့ကြတဲ့ အချက်ပါပဲ၊
-
10:13 - 10:15အိပ်စက်တာနဲ့ပတ်သက်ပြီး
Galen ကတောင် နားလည်ခဲ့တဲ့ -
10:15 - 10:18၎င်းဟာ ဦးနှောက်ကို
လန်းဆန်းလာစေကာ ကြည်လင်လာစေခြင်းဟာ -
10:18 - 10:20တကယ်ကျတော့ အိပ်ခြင်းရဲ့
-
10:20 - 10:22အရေးကြီးဆုံး ကဏ္ဍကြီး တစ်ခုပါပဲ။
-
10:22 - 10:24ကျွန်တော်တို့ အားလုံး ညစဉ်ညတိုင်း
-
10:24 - 10:25အိပ်ဖို့ သွားကြပေမဲ့၊
-
10:25 - 10:28ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့
အနားယူတာရယ်လို့ ဘယ်တော့မှ မရှိပါ။ -
10:28 - 10:30ကျွန်တော်တို့ရဲ့
ခန္ဓာကိုယ်ဟာ ငြိမ်သက်နေလို့ -
10:30 - 10:33ကျွန်တော်တို့ရဲ့ အသိစိတ်က
အိပ်မက်ထဲမှာ လျှောက်သွားနေချိန်မှာ၊ -
10:33 - 10:35ဦးနှောက်ရဲ့ ကြော့ရှင်းလှတဲ့
စက်ယန္တရားကြီးကတော့ -
10:35 - 10:37တိတ်ဆိတ်စွာ အပြင်းအထန် အလုပ်လုပ်နေပါတယ်
-
10:37 - 10:39စိတ်ကူးကြည့် မရအောင်ကို ရှုပ်ထွေးလှတဲ့
-
10:39 - 10:42ယန္တရားကြီးကို သန့်ရှင်းပေးလျက်
ထိန်းသိမ်းထားပေးပါတယ်။ -
10:42 - 10:44ကျွန်တော်တို့ရဲ့ အိမ်မှုရေးရာ
အလုပ်တွေလိုပါပဲ၊ -
10:44 - 10:47၎င်းတို့ဟာ ညစ်ထေးလှကာ
ကောင်းတာရယ်လို့ ဘာမှမရှိပါဘူး၊ -
10:47 - 10:48ဒါပေမဲ့ အဲဒါဟာလည်း အရေးကြီးတာပါပဲ။
-
10:48 - 10:51ခင်ဗျားတို့အိမ်မှာ မီးဖိုခန်းကို
မသန့်ရှင်းဘဲ -
10:51 - 10:52တစ်လ နေကြည့်မယ်ဆိုရင်၊
-
10:52 - 10:55ခင်ဗျားရဲ့ အိမ်မှာ လျင်မြန်စွာပဲ
-
10:55 - 10:57လုံးဝကို နေမရ ဖြစ်လာမှာ သေချာပါတယ်။
-
10:57 - 10:59ဒါပေမဲ့ ဦးနှောက်ထဲမှာကျတော့၊
-
10:59 - 11:01ပေါ်ပေါက်လာကြမယ့် ပြဿနာတွေဟာ
-
11:01 - 11:04မီးဖိုထဲ ညစ်ပတ်မှုနဲ့စာရင်
များစွာမှနက်ရှိုင်းမှာပါ၊ -
11:04 - 11:07ဘာဖြစ်လို့လဲဆိုတော့၊ ဦးနှောက်
သန့်ရှင်းလျက် ရှိနေရေးကိစ္စဟာဖြင့် -
11:07 - 11:10ဦးနှောက်ကိုယ်နှိုက်ရဲ့ ကျန်းမာရေး နှင့်
လုပ်ကိုင်နိုင်စွမ်းအတွက် -
11:10 - 11:12၎င်းနဲ့ ဆက်စပ်နေတဲ့
ခန္ဓာကိုယ် တစ်ခုလုံးအတွက် -
11:12 - 11:14သိပ်ကို အရေးကြီးတာမို့လို့၊ ဒီနေ့တွင်
-
11:14 - 11:19ဦးနှောက်ရဲ့ သန့်ရှင်းအောင်
ထိန်းသိမ်းမှုကိစ္စကို နားလည်လာမှုဟာ -
11:19 - 11:22ဦးနှောက်အသိစိတ်ရဲ့ အနာဂတ် ရောဂါများကို
-
11:22 - 11:25ဟန့်တားရေ နဲ့ ကုသဖို့အတွက်
သိပ်ကို အရေးကြီးနိုင်ပါတယ်။ -
11:25 - 11:27ကျေးဇူတင်ပါတယ်။
-
11:27 - 11:29(လက်ခုပ်တီးသံများ)
- Title:
- ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု
- Speaker:
- Jeff Iliff
- Description:
-
ခန္ဓာကိုယ်ရဲ့ ထုတယ် နှစ်ရာခိုင်နှုန်းမျှသာ ရှိတဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင် လေးပုံတစ်ပုံကို သုံးစွဲပါတယ်။ သူမတူထူးခြားတဲ့ ဦးနှောက်ဟာ လိုအပ်လှတဲ့ အာဟာရ ဓာတ်တွေကို ဘယ်လို ရယူတာလဲ၊ ပြီးတော့ ပိုလို့ကို အရေးကြီးနိုင်တာက အညစ်အကြေးတွေကို ဘယ်လိုစွန့်ပစ်တာလဲ? သုတေသန အသစ်တွေအရ အဲဒါဟာ အိပ်စက်ခြင်းနှင့် ဆက်စပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 11:41
Myo Aung edited Burmese subtitles for One more reason to get a good night's sleep | ||
Myo Aung edited Burmese subtitles for One more reason to get a good night's sleep | ||
Myo Aung edited Burmese subtitles for One more reason to get a good night's sleep | ||
Myo Aung approved Burmese subtitles for One more reason to get a good night's sleep | ||
sann tint accepted Burmese subtitles for One more reason to get a good night's sleep | ||
sann tint edited Burmese subtitles for One more reason to get a good night's sleep | ||
sann tint edited Burmese subtitles for One more reason to get a good night's sleep | ||
Myo Aung edited Burmese subtitles for One more reason to get a good night's sleep |