Return to Video

ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု

  • 0:01 - 0:02
    အိပ်စက်ခြင်း။
  • 0:02 - 0:05
    တစ်သက်တာရဲ့ သုံးပုံတပုံအထိကို
    ကျွန်တော်တို့ အိပ်ဖို့ သုံးကြပေမဲ့၊
  • 0:05 - 0:09
    အိပ်ခြင်းဆိုတာ ဘာလဲကို ကျွန်တော်ထဲက
    တစ်ယောက်ယောက် နားလည်ရဲ့လား?
  • 0:09 - 0:11
    လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက
    ရှေးခေတ်က
  • 0:11 - 0:13
    အထင်ရှားဆုံး ဆေးသုတေသီ တဦးဖြစ်သူ
  • 0:13 - 0:14
    Galen ရဲ့ ယူဆချက်နှင့်အညီ၊
  • 0:14 - 0:16
    ကျွန်တော်တို့ နှိုးကြားနေစဉ်၊
  • 0:16 - 0:19
    ကျွန်တော်တို့ ဦးနှောက်ရဲ့
    အားအင်တွေ၊ အရည်တွေဟာ
  • 0:19 - 0:22
    ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို
    ဖြာထွက်သွားကြတာမို့လို့၊
  • 0:22 - 0:25
    ၎င်းတို့ဟာ တက်ကြွလှုပ်ရှားချိန်မှာ
    ဦးနှောက်ကျတော့ ခြောက်ကျန်ရစ်ခဲ့တယ်၊
  • 0:25 - 0:28
    ဒါပေမဲ့ ကျွန်တော်တို့
    အိပ်ကြတဲ့ အခါမှကျတော့၊
  • 0:28 - 0:30
    ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ကြတဲ့
    အစိုဓာတ်တွေဟာ
  • 0:30 - 0:32
    ပြန်စီးဝင်လာကြလျက်
  • 0:32 - 0:34
    ဦးနှောက်ကို ပြန်ပြီး
    အရည်တွေနဲ့ စိုပြေလာစေကာ
  • 0:34 - 0:36
    ပြန်ပြီး ဆန်းသစ်လာစေကြပါတယ်။
  • 0:36 - 0:39
    ဒီနေ့တွင် အဲဒါဟာ
    လုံးဝအဓိပ္ပါယ် မရှိလိုက်တာလို့
  • 0:39 - 0:40
    ကျွန်တော်တို့ ထင်နိုင်ကြပေမဲ့၊
  • 0:40 - 0:42
    ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ
    လုပ်ကိုင်နေကြရတဲ့
  • 0:42 - 0:45
    အိပ်ခြင်းအကြောင်းကို
    Galen က ရှင်းပြရန် ကြိုးပမ်းတာပါ။
  • 0:45 - 0:47
    ကျွန်တော်တို့အားလုံးဟာ
    ကိုယ်ပိုင်အတွေ့အကြုံအရ
  • 0:47 - 0:50
    ကျွန်တော်တို့ အိပ်လိုက်ရရင်
    ဦးနှောက် ကြည်လင်လာတာကို၊
  • 0:50 - 0:51
    အိပ်ရေးမဝရင်၊ ဦးနှောက်ဟာ
  • 0:51 - 0:54
    မကြည်မလင် နောက်လျက် ရှိတတ်တာကို သိကြပါတယ်။
  • 0:54 - 0:56
    အခုတော့ ကျွန်တော်တို့ဟာ
    အိပ်ခြင်းအကြောင်းကို
  • 0:56 - 0:59
    Galen နဲ့စာရင် များစွာမှ
    ပိုပြီး သိလာခဲ့ကြပေမဲ့၊
  • 0:59 - 1:01
    ဦးနှောက်ကို အံ့အားသင့်ဖွယ်
    ပြန်ပြီးလန်းဆန်းလာစေတာက
  • 1:01 - 1:04
    လှုပ်ရှားမှုတွေ အားလုံးတွေထဲက
  • 1:04 - 1:06
    အိပ်ခြင်း တစ်ခုပဲ ဖြစ်နေတာကို
    ရှင်းပြမရသေးပါ။
  • 1:06 - 1:08
    ဒါကြောင့်မို့လို့ ကျွန်တော်ဟာ
  • 1:08 - 1:10
    အဲဒီအကြောင်းအတွက် ရှင်းလင်းအသစ်တချို့ကို
  • 1:10 - 1:12
    ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။
  • 1:12 - 1:16
    အိပ်ခြင်းဟာဖြင့် ဦးနှောက်ရဲ့
    အခြေခံ လိုအပ်ချက်များကို
  • 1:16 - 1:18
    ဖြည့်ဆည်းပေးတဲ့ ကြော့ရှင်းတဲ့
    ဖြေရှင်းချက် ဖြစ်ကာ
  • 1:18 - 1:20
    ခန္ဓာကိုယ်ထဲက အခြားအပိုင်းများနဲ့မတူတဲ့
  • 1:20 - 1:23
    ဦးနှောက်အနေနဲ့ ရင်ဆိုင်ရတဲ့
    မြင့်မားတဲ့ တောင်းဆိုချက်တွေကို
  • 1:23 - 1:25
    ကျဉ်းကျပ်တဲ့ အလားအလာများဖြင့်
    လုပ်ပေးနိုင်ဖို့
  • 1:25 - 1:30
    သူမတူ ရှားပါးလှတဲ့
    နည်းလမ်းလည်း ဖြစ်ပုံရပါတယ်။
  • 1:30 - 1:33
    ဇီဝဗေဒဆိုင်ရာ လေ့လာမှုမှန်သမျှ
    အားလုံးတို့ကို
  • 1:33 - 1:34
    ပြဿနာတွေ တသီကြီးအဖြစ်၎င်း
  • 1:34 - 1:38
    ၎င်းတို့အတွက် သက်ဆိုင်ရာ ဖြေရှင်းနည်းများ
    အဖြစ်၎င်း သုံးသပ်နိုင်ပါတယ်၊
  • 1:38 - 1:41
    ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း
    ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး ပြဿနာက
  • 1:41 - 1:43
    ခန္ဓာကိုယ်ထဲ ဆဲလ်တွေအားလုံးဆီကို
  • 1:43 - 1:45
    အာဟာရများကို အဆက်မပြတ်
    ပို့ပေးရခြင်းပဲ ဖြစ်ပါတယ်။
  • 1:45 - 1:48
    ဦးနှောက်ထဲမှာကျတော့
    အဲဒီအလုပ်က သေရေးရှင်ရေး အရေးပါပါတယ်၊
  • 1:48 - 1:50
    ၎င်းရဲ့ ပြင်းထန်လှတဲ့
    လျှပ်စစ် လုပ်ငန်းများဆိုရင်
  • 1:50 - 1:53
    ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင်
    လေးပုံတစ်ပုံကို သုံးတယ်၊
  • 1:53 - 1:56
    ဦနှောက်ဟာ ခန္ဓာကိုယ် ထုထည်ရဲ့
    ၂ ရာခိုင်နှုန်းခန့်သာ ရှိပေမဲ့၊
  • 1:56 - 1:58
    စွမ်းအင်ကျတော့
    အဲဒီလို သုံးနေခြင်းဖြစ်ပါတယ်။
  • 1:58 - 2:00
    ဒီတော့ သွေးလည်ပတ်မှုစနစ်ဟာ
  • 2:00 - 2:02
    သွေးကြောမှတစ်ဆင့် အာဟာရတွေနဲ့
  • 2:02 - 2:05
    အောက်ဆီဂျင်ကို
    ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်း အထိကို
  • 2:05 - 2:08
    ပို့ပေးခြင်းဖြင့် ဖြည့်တင်းရေး တာဝန်ကို
    ထမ်းဆောင်နေပါတယ်။
  • 2:08 - 2:11
    ခင်ဗျားတို့အားလုံး အဲဒါကို ဒီဗီဒီယိုမှာ
    လက်တွေ့မြင်နိုင်ကြပါတယ်။
  • 2:11 - 2:13
    ဒီမှာ ကျွန်တော် ပြထားတာက
    သွေးကြောတွေပါ၊
  • 2:13 - 2:15
    အသက်ရှင်လျက်ရှိနေတဲ့
    ကြွက်ရဲ့ ဦးနှောက်ထဲမှာပါ။
  • 2:15 - 2:18
    သွေးကြောတွေဟာ ရှုပ်ထွေးလှတဲ့
    ကွန်ရက်အသွင်ကို ဆောင်နေပြီး
  • 2:18 - 2:20
    ဦးနှောက်တစ်ခုလုံး
    ၎င်းတို့ဖြင့် ပြည့်နေပါတယ်။
  • 2:20 - 2:23
    ၎င်းတို့ဟာ ဦးနှောက်ရဲ့
    မျက်နှာပြင်ပေါ်မှာ စတင်လျက်၊
  • 2:23 - 2:25
    ၎င်းရဲ့ အသားမျှင်များထဲကို ငုပ်ဝင်ကြပါတယ်၊
  • 2:25 - 2:28
    ၎င်းတို့ဟာ ပျံ့နှံ့နေကြလို့၊
    ဦးနှောက်ထဲက ဆဲလ်တစ်ခုစီထံသို့
  • 2:28 - 2:33
    အာဟာရများနဲ့ အောက်ဆီဂျင်ကို
    ပို့ဆောင်ပေးပါတယ်။
  • 2:33 - 2:36
    ဆဲလ်တိုင်းက အားအင်ဖြစ်လာရေးအတွက်
  • 2:36 - 2:38
    အာဟာရဓာတ်တွေကို လိုအပ်သလိုပဲ၊
  • 2:38 - 2:41
    ဆဲလ်တိုင်းဟာ ဘေးထွက်ပစ္စည်းအဖြစ်
    အစွန့်အကြေးများကိုပါ ထုတ်လုပ်ကြပါတယ်၊
  • 2:41 - 2:43
    အဲဒီလို စွန့်ပစ်စရာများ
    ရှင်းလင်းပေးရေး ကျတော့
  • 2:43 - 2:45
    ဇီဝခန္ဓာကိုယ်တိုင်း ဖြေရှင်းရန် လိုအပ်တဲ့
  • 2:45 - 2:47
    ဒုတိယ အခြေခံ ပြဿနာကြီး ဖြစ်ပါတယ်။
  • 2:47 - 2:50
    ဒီပုံကြမ်းထဲမှာ အဲဒီလိုအပ်ချက်ကို
    ဖြည့်ဆည်းပေးရန် ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့
  • 2:50 - 2:53
    ခန္ဓာကိုယ်ရဲ့ သွေးဖြူစနစ်ကို
    ပြပေးထားပါတယ်။
  • 2:53 - 2:56
    အဲဒါဟာ ခန္ဓာကိုယ်
    တလျှောက်လုံးမှာ ပြန့်ကြဲလျက် ရှိနေတဲ့
  • 2:56 - 2:58
    ဒုတိယ သွေးကြောစနစ်ကြီးပါပဲ။
  • 2:58 - 3:00
    ၎င်းဟာ ဆဲလ်တွေ အကြားမှာ ရှိနေတတ်တဲ့
  • 3:00 - 3:02
    အသားဓာတ်များ နှင့် အညစ်အကြေးများကို
  • 3:02 - 3:04
    ကောက်ယူပြီး၊ သွေးထဲကို
    ထည့်ပေးလိုက်ခြင်းဖြင့်
  • 3:04 - 3:05
    လွှင့်ပစ်ဖို့ကို စီစဉ်ပေးပါတယ်။
  • 3:05 - 3:08
    ဒါပေမဲ့၊ ခင်ဗျားတို့က ဒီပုံကြမ်းကို
    နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင်
  • 3:08 - 3:10
    ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့
  • 3:10 - 3:12
    ထင်ရတဲ့ အရာတွေကို တွေ့နိုင်ပါတယ်။
  • 3:12 - 3:15
    တကယ်လို့များ ကျွန်တော်တို့ဟာ
    ဒီဦခေါင်းကို ချဲ့ကြည့်မယ်ဆိုရင်
  • 3:15 - 3:17
    သတိထားမိမယ့် အချင်တစ်ချက်က
  • 3:17 - 3:20
    ဦးနှောက်ထဲမှာ သွေးဖြူကြောတွေ
    လုံးဝမရှိခြင်းပါပဲ။
  • 3:20 - 3:24
    ဒါပေမဲ့ အဲဒါဘာမှ အဓိပ္ပါယ် မရှိပါလားလို့
    ဖြစ်နေပါတယ်။
  • 3:24 - 3:27
    ဦးနှောက်ဟာ အပြင်းအထန်
    လုပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး
  • 3:27 - 3:30
    အတော့်ကိုများမယ့် အညစ်အကြေးတွေကို
    ထုတ်လုပ်မှာ သေချာတာမို့လို့
  • 3:30 - 3:33
    အဲဒါတွေကို ထိရောက်စွာ
    သန့်ရှင်းပစ်ရန် လိုပါမယ်။
  • 3:33 - 3:36
    အဲဒီလို ထင်စရာရှိပေမဲ့၊ အဲဒီမှာ
    သွေးဖြူကြောများ မရှိခြင်းက
  • 3:36 - 3:37
    ခန္ဓာကိုယ်ထဲက ကျန်တဲ့ အပိုင်းတွေထဲမှာ
  • 3:37 - 3:40
    အညစ်အကြေးတွေ
    ရှင်းလင်းရေးဆိုင်ရာ ချဉ်းကပ်မှုကို
  • 3:40 - 3:42
    ဦးနှောက်ထဲမှာ အသုံးမပြုပုံကို
    ထောက်ပြနေပါတယ်။
  • 3:42 - 3:45
    အဲဒီလိုဆိုရင်၊ ဦးနှောက်ဟာ
    ၎င်းရဲ့ သန့်စင်ရေး ပြဿနာကို
  • 3:45 - 3:46
    ဘယ်လိုများ ဖြေရှင်းတာလဲ?
  • 3:46 - 3:50
    ကျွန်တော်တို့ရဲ့ အုပ်စုက
    သာမန်လို့ထင်စရာရှိခဲ့တဲ့
  • 3:50 - 3:53
    အဲဒီကိစ္စကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊
  • 3:53 - 3:55
    ကျွန်တော်တို့က ဦးနှောက်ရဲ့
    အတွင်းပိုင်းထဲကို ဝင်ပြီး
  • 3:55 - 3:58
    အတွင်းပိုင်းရှိ
    neuronများနဲ့ သွေးကြောတွေကို
  • 3:58 - 4:01
    စူးစမ်းလိုက်လို့ တွေ့လိုက်ရတာက
  • 4:01 - 4:03
    အဲဒီလို အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ
  • 4:03 - 4:05
    ဦးနှောက်ရဲ့ အဖြေဟာ
  • 4:05 - 4:07
    လုံးဝကို မျှော်လင့်မရခဲ့တဲ့
    အဖြေမျိုးဖြစ်နေပါတယ်။
  • 4:07 - 4:10
    အဲဒါကို တီထွင်ထားပုံဟာ သိပ်ကောင်းနေကာ၊
  • 4:10 - 4:12
    တချိန်တည်းမှာ သိပ်လှပပါတယ်။
  • 4:12 - 4:15
    ကျွန်တော်တို့ တွေ့ခဲ့တာကို
    ခင်ဗျားတို့ကို ပြောပါရစေ။
  • 4:15 - 4:17
    ဦးနှောက်ထဲမှာ အတော့်ကို များပြားတဲ့၊
  • 4:17 - 4:20
    သန့်စင် ကြည်လင်တဲ့
    cerebrospinal အရည်ဆိုတာ ရှိပါတယ်။
  • 4:20 - 4:22
    ကျွန်တော်တို့က အဲဒါကို
    CSF လို့ ခေါ်ကြပါတယ်။
  • 4:22 - 4:26
    အဲဒီ CSF ဟာ ဦးနှောက်ကို ဝန်းရံနေတဲ့
    နေရာတွေမှာ ပြည့်နေကာ
  • 4:26 - 4:28
    ဦးနှောက်ထဲက အညစ်အကြေးတွေဟာ
  • 4:28 - 4:30
    CSF မှတစ်ဆင့် အပြင်ကို ထွက်နိုင်ကြပါတယ်၊
  • 4:30 - 4:33
    ကျန်တဲ့ အညစ်အကြေးတွေနဲ့အတူ အဲဒါတွေကို
    သွေးထဲကို စွန့်ပစ်လိုက်တာပါ။
  • 4:33 - 4:34
    အဲဒီလို ပြောလိုက်လို့၊ အဲဒါဟာ
  • 4:34 - 4:37
    သွေးဖြူစနစ်နဲ့ သိပ်ကို တူနေသလို
    ထင်စရာရှိပါတယ်။
  • 4:37 - 4:39
    ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက
  • 4:39 - 4:41
    ဦးနှောက် အတွင်းပိုင်းရှိ
    အရည်နဲ့ အညစ်အကြေးတွေဟာ
  • 4:41 - 4:44
    ခုနက ပြောခဲ့တဲ့ CSF အရည်တွေထဲကို
    စိမ့်ဝင်ထွက်ခြင်း အလုပ်ကို
  • 4:44 - 4:46
    ကျပမ်းပုံစံမျိုးနဲ့
    လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။
  • 4:46 - 4:50
    အဲဒါအစား၊ အညစ်အကြေးထုတ်ပစ်ရေး
    အထူးကွန်ရက်ဖြင့်
  • 4:50 - 4:53
    အဲဒီလုပ်ငန်းစဉ်ကို စည်းရုံး
    လုပ်ကိုင်ပေးပါတယ်။
  • 4:53 - 4:56
    အဲဒါကို ခင်ဗျားတို့ဟာ
    ဒီဗီဒီယိုတွေထဲမှာ မြင်နိုင်ပါတယ်။
  • 4:56 - 4:59
    ကျွန်တော်တို့ အသက်ရှင်နေတဲ့ ကြွက်ရဲ့
  • 4:59 - 5:00
    ဦးနှောက်ကို ထပ်ပြီး ပုံဖေါ်ကြည့်ပါမယ်။
  • 5:00 - 5:02
    ခင်ဗျားတို့ရဲ့ ဘယ်ဘက်ရှိ ဘောင်က
  • 5:02 - 5:04
    ဦးနှောက်ရဲ့ မျက်နှာပြင်ပေါ်
    ဖြစ်ပျက်နေတာကို ပြပါတယ်၊
  • 5:04 - 5:06
    ညာဘက်ရှိ ဘောင်ထဲမှာကျတော့
  • 5:06 - 5:08
    ဦးနှောက်ရဲ့ အတွင်းပိုင်း အသားမျှင်ထဲ
  • 5:08 - 5:09
    ဖြစ်ပျက်တာကို ပြနေပါတယ်။
  • 5:09 - 5:12
    ကျွန်တော်တို့ဟာ သွေးကြောတွေကို
    အနီရောင်ဖြင့် ပြထားကာ
  • 5:12 - 5:14
    ဦးနှောက်ကို ဝန်းရံနေတဲ့ CSF ကို ကျတော့
  • 5:14 - 5:16
    အစိမ်းရောင်ဖြင့် ပြပါမယ်။
  • 5:16 - 5:18
    အဲဒီမှာ ကျွန်တော်တို့အတွက် အံ့ဩစရာအချက်က
  • 5:18 - 5:21
    ဦးနှောက်ရဲ့ အပြင်ဘက်ရှိ အရည်တွေဟာ
  • 5:21 - 5:24
    အပြင်မှာ စောင့်လျက်ရှိနေကြတာ မဟုတ်ပါဘူး။
  • 5:24 - 5:27
    အဲဒါအစား၊ CSF ကို အတွင်းပိုင်းထဲကို
    မှုတ်သွင်းပေးလျက်
  • 5:27 - 5:29
    သွေးကြောတွေရဲ့ အပြင်ပမ်း တလျှောက်မှာ
  • 5:29 - 5:32
    ဦးနှောက်ထဲကို ဝင်သွားပါတယ်၊
  • 5:32 - 5:34
    ၎င်းက အဲဒီလို ဦးနှောက်ထဲကို
  • 5:34 - 5:36
    သွေးကြောတွေ တစ်လျှောက်
    အပြင်မှာကပ်လျက် ဝင်လာခြင်းဟာ
  • 5:36 - 5:39
    လက်တွေ့တွင် သင့်ရှင်းမှုကို
    ကူပေးနေခြင်းပါပဲ၊
  • 5:39 - 5:41
    ဦးနှောက်ရဲ့ ဆဲလ်များအကြားရှိ
    နေရာတွေမှာ ရှိနေတဲ့
  • 5:41 - 5:44
    အညစ်အကြေးတွေကို ရှင်းလင်းပစ်ခြင်းပါပဲ။
  • 5:44 - 5:46
    အဲဒါကို ကျွန်တော်တို့
    စဉ်းစာကြည့်ကြမယ်ဆိုရင်၊
  • 5:46 - 5:50
    သွေးကြောတွေရဲ့ အပြင်နေရာကို
    အခုလို အသုံးပြုခြင်းဟာ
  • 5:50 - 5:52
    သိပ်ကို ပါးနပ်လှတဲ့
    ဖြေရှင်းရေး ဒီဇိုင်းပါပဲ၊
  • 5:52 - 5:55
    ဦးနှောက်ဟာ အလုံပိတ်နေတဲ့ အရာဖြစ်ပြီး
  • 5:55 - 5:57
    ခိုင်ခန့်ထဲတဲ့ ဦးခေါင်းခွံ
    အတွင်းမှာ ရှိနေကာ
  • 5:57 - 5:59
    အဲဒီမှာ ဆဲလ်တွေနဲ့ ပြည့်နှက်နေလို့၊
  • 5:59 - 6:02
    အဲဒီမှာ သွေးဖြူကြော စနစ်လို
  • 6:02 - 6:04
    နောက်သွေးကြောစနစ်
    တစ်ခုလုံးအတွက် နေရာ မရှိနိုင်ဘူး။
  • 6:04 - 6:06
    ဒါပေမဲ့ သွေးကြောတွေကျတော့၊
  • 6:06 - 6:08
    ဦးနှောက်ရဲ့ မျက်နှာပြင်ပိုင်းကနေပြီး
  • 6:08 - 6:11
    ဦးနှောက်ထဲရှိ ဆဲလ်တစ်ခုချင်းစီ
    အောက်ကို ထိုးဝင်လျက်ရှိနေကြလို့၊
  • 6:11 - 6:13
    အဲဒီသွေးကြောတွေရဲ့ အပြင်ဘက်မှနေပြီး
  • 6:13 - 6:15
    စိမ့်ဝင်စီးသွားနိုင်တဲ့ အရည်ဟာ
  • 6:15 - 6:19
    ဦးနှောက် တစ်ခုလုံးထဲက နေရာတိုင်းဆီ
    လွယ်ကူစွာ ချဉ်းကပ်နိုင်တယ်ဆိုတော့
  • 6:19 - 6:21
    ရှိနေတဲ့ သွေးကြော တစ်စုံကို
    နောက်ရည်ရွယ်ချက် တမျိုးအတွက်
  • 6:21 - 6:25
    လွှဲပြောင်းစီစဉ်ပေးလျက်
    သွေးဖြူသွေးကြောတွေအဖြစ် ရှိရမယ့်
  • 6:25 - 6:28
    ဒုတိယ သွေးကြောတွေရဲ့ အလုပ်ကို
    အစားထိုး စီစဉ်ပေးလိုက်ခြင်းဖြင့်
  • 6:28 - 6:31
    သွေးကြောတွေ နောက်တစ်စုံကို
    သုံးရန် မလိုတော့တဲ့
  • 6:31 - 6:34
    တကယ့်ကို ပါးနပ်လှပတဲ့ ဖြေရှင်းနည်းပါပဲ။
  • 6:34 - 6:35
    ဒီနေရာမှာ နောက်အံ့အားသင့်စရာ အချက်က
  • 6:35 - 6:38
    ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းထဲကမှ
    အညစ်အကြေးတွေကို
  • 6:38 - 6:41
    ရှင်းပစ်ဖို့ အဲဒီလို နည်းလမ်းကို
    မသုံးကြခြင်းပါပဲ။
  • 6:41 - 6:46
    အဲဒါဟာ ဦးနှောက်ရဲ့ သူမတူရှားပါးတဲ့
    ဖြေရှင်းနည်းပါပဲ။
  • 6:46 - 6:49
    ဒါပေမဲ့ ကျွန်တော်တို့ တွေ့ရှိခဲ့ရသမျှထဲက
  • 6:49 - 6:51
    အံ့အားသင့်စရာ အကောင်းဆုံး အချက်က၊
  • 6:51 - 6:53
    ကျွန်တော် ခုနက ပြောပြခဲ့တာတွေ အားလုံးဟာ၊
  • 6:53 - 6:56
    ဦးနှောက်ထဲမှာ ဖြတ်စီးနေကြတဲ့ အရည်တွေဟာ၊
  • 6:56 - 7:01
    အိပ်နေတဲ့ ဦးနှောက်ထဲမှာသာ
    ဖြစ်ပျက်တယ်ဆိုတဲ့ အချက်ပါပဲ။
  • 7:01 - 7:02
    ဟောဒီက ဗီဒီယိုထဲမှာ
  • 7:02 - 7:04
    ခုနက CSF ဟာ ကြွက်နိုးနေချိန်တွင်
  • 7:04 - 7:08
    ဦးနှောက်ထဲမှာ ဘယ်လောက်
    လှုပ်ရှား စီးဆင်းနေတာကို ပြပါတယ်။
  • 7:08 - 7:10
    လုံးဝနီးပါးကို မရှိပါဘူး။
  • 7:10 - 7:11
    ဒါပေမဲ့၊ အဲဒီ အကောင်ထဲမှာပဲ၊
  • 7:11 - 7:15
    ၎င်းအိပ်မောကျသွားတာကို
    နည်းနည်းလေး စောင့်ကြည့်မယ်ဆိုရင်
  • 7:15 - 7:17
    CSF ဟာ ဦးနှောက်ထဲကို အလုံးအရင်းဖြင့်
  • 7:17 - 7:20
    စီးဝင်သွားတာကို မြင်နိုင်ပါတယ်၊
  • 7:20 - 7:22
    အဲဒီတစ်ချိတ်တည်းမှာ၊
  • 7:22 - 7:24
    ဦးနောက်ဟာ အိပ်လျက် ရှိနေချိန်မှာ၊
  • 7:24 - 7:27
    ဦးနှောက် ဆဲလ်တွေဟာ သူတို့ဘာသာသူတို့
    ကျုံ့ဝင်သွားကြသလားလို့ ထင်ရပါတယ်၊
  • 7:27 - 7:30
    ၎င်းတို့အကြားမှာ
    နေရာလေးတွေကို ဖွင့်ဟ ပေးနေသလိုပါပဲ၊
  • 7:30 - 7:31
    အဲဒီအရည်တွေ ဖြတ်ကျော် စီးဆင်းနိုင်အောင်
  • 7:31 - 7:34
    အညစ်အကြေးတွေကို
    သန့်ရှင်းပစ်နိုင်အောင် ဖြစ်ပါတယ်။
  • 7:34 - 7:37
    အဲဒီတော့ တခေတ်တုန်းက Galen က
  • 7:37 - 7:38
    ကျွန်တော်တို့ အိပ်နေချိန်မှာ
  • 7:38 - 7:41
    အရည်တွေဟာ ဦးနှောက်ထဲကို စီးဝင်လာကြတယ်လို့
    ရေးသားခဲ့ခြင်းဟာ
  • 7:41 - 7:43
    မှန်ကန်တဲ့ သဘောကို ဆောင်နေတယ်လို့
    ပြောနိုင်ပါတယ်။
  • 7:43 - 7:47
    နှစ်ပေါင်း ၂,၀၀၀ နောက်မှာ ကျွန်တော်တို့
    လုပ်လိုက်တဲ့ သုတေသနများအရ
  • 7:47 - 7:49
    ဖြစ်ပျက်တာတွေကို ခန့်မှန်းပြောရရင်
  • 7:49 - 7:51
    ဦးနှောက် နှိုးကြားနေလို့
  • 7:51 - 7:53
    အလုပ်တွေ အများဆုံး ဖြစ်နေတဲ့ အချိန်မှာ၊
  • 7:53 - 7:55
    ဦးနှောက်ရဲ့ ဆဲလ်တွေအကြားမှာ ပေါ်လာတတ်တဲ့
  • 7:55 - 7:58
    အညစ်အကြေးတွေ ရှင်းလင်းရေးကိစ္စကို
    ဘေးချိတ်ထားလိုက်ပါတယ်၊
  • 7:58 - 8:00
    ဒါပေမဲ့၊ ဦးနှောက် အိပ်ဖို့သွားချိန်ကျတော့၊
  • 8:00 - 8:02
    အလုပ်တွေ မများတော့တဲ့ အချိန်မှာ၊
  • 8:02 - 8:05
    ၎င်းဟာ သန့်ရှင်းရေး မုဒ်ထဲကို
    ပြောင်းလဲသွားသလိုပါပဲ၊
  • 8:05 - 8:07
    ဆဲလ်တွေ အကြားနေရာတွေမှာ ရှိတဲ့
    အညစ်အကြေးတွေကို
  • 8:07 - 8:09
    တစ်နေ့တာ ကာလအတွင်းမှာ
    စုစည်းလာခဲ့တဲ့ အညစ်အကြေးတွေကို
  • 8:09 - 8:11
    လိုက်လံ ရှင်းလင်းပါတော့တယ်။
  • 8:11 - 8:13
    ဒါဟာဖြင့် ကျွန်တော်တို့အားလုံး
    လုပ်ကိုင်ကြတာနဲ့ တူပါတယ်၊
  • 8:13 - 8:17
    ကျွန်တော်တို့ အလုပ်ကြတုန်း ရုံးရက်တွေမှာ
    ငြီးငွေ့ဖွယ်ရာ အိမ်မှုကိစ္စတွေကို
  • 8:17 - 8:19
    အချိန်မပေးနိုင်လို့
    ဘေးချိတ်လိုက်ကြသလိုပါပဲ၊
  • 8:19 - 8:21
    ဒါပေမဲ့ ရုံးပိတ်ရက်တွေ ရောက်လာတာနဲ့အမျှ
  • 8:21 - 8:24
    အဲဒီလို ကိစ္စတွေကို စုပုံဖြေရှင်း
    လုပ်ကိုင်ကြသလိုပါပဲ။
  • 8:24 - 8:27
    ဒီနေရာအထိ၊ အညစ်အကြေးသန့်ရှင်းမှု
    အကြောင်းကို အများကြီးပြောလာခဲ့ပေမဲ့၊
  • 8:27 - 8:29
    ကျွန်တော်တို့ ကျန်းမာလျက် ရှိနိုင်ဖို့
  • 8:29 - 8:31
    အိပ်နေချိန်မှာ ဦးနှောက်အနေနဲ့
    ရှင်းလင်းရမယ့်
  • 8:31 - 8:33
    အညစ်အကြေးတွေက ဘယ်လိုဟာတွေလဲ ဆိုတာကို
  • 8:33 - 8:35
    ကျွန်တော်ဟာ အထူးလုပ် မပြောပြခဲ့ရသေးပါဘူး။
  • 8:35 - 8:38
    မကြာမီတုန်းက လေ့လာမှုများထဲမှာ
    ကျွန်တော်တို့ အထူး အလေးထားခဲ့ကြတာက
  • 8:38 - 8:39
    amyloid-beta လို့ ခေါ်တဲ့ အရာပါ၊
  • 8:39 - 8:42
    ဦးနှောက်ထဲမှာ ထုတ်လုပ်ပေးနေတဲ့
    အသားဓာတ် တစ်မျိုးပါပဲ။
  • 8:42 - 8:45
    အခုအချိန်မှာလည်း ကျွန်တော်ရဲ့ ဦးနှောက်က
    amyloid-beta ကို ထုတ်လုပ်နေပါတယ်၊
  • 8:45 - 8:47
    ခင်ဗျားတို့လည်း အလားတူပါပဲ။
  • 8:47 - 8:49
    ဒါပေမဲ့၊ Alzheimer ရောဂါရှိသူတွေကျတော့၊
  • 8:49 - 8:51
    amyloid-beta ကို ထုတ်လုပ်ရင်း ဦးနှောက်ရဲ့
  • 8:51 - 8:53
    ဆဲလ်တွေအကြားရှိ နေရာတွေမှာ စုပုံလာပါတယ်၊
  • 8:53 - 8:56
    ဖြစ်သင့်သလို အဲဒါတွေကို
    ရှင်းလင်း မပစ်ပါဘူး၊
  • 8:56 - 8:58
    အဲဒီလို စုပုံလာတဲ့ amyloid-beta ကမှ
  • 8:58 - 9:00
    ကြောက်မက်ဖွယ် အဲဒီရောဂါ
    စတင်ဖြစ်လာရခြင်းရဲ့
  • 9:00 - 9:03
    သော့ချက် အဆင့်တစ်ဆင့် ဖြစ်တယ်လို့
    ယူဆရပါတယ်။
  • 9:03 - 9:05
    အဲဒါကြောင့်မို့လို့
    ဦးနှောက် နိုးနေချိန်နဲ့
  • 9:05 - 9:08
    အိပ်နေချိန်မှာ amyloid-beta ကို
    ရှင်းလင်ပေးနိုင်တဲ့ နှန်းကို
  • 9:08 - 9:10
    ကျွန်တော်တို့
    တိုင်းလျက်နှိုင်းယှဉ်ကြည့်ခဲ့ရာ
  • 9:10 - 9:11
    တကယ်တမ်းမှာ တွေ့လိုက်တာက
  • 9:11 - 9:13
    amyloid-beta ကို ရှင်းလင်းပစ်မှုဟာ
  • 9:13 - 9:18
    အိပ်နေတဲ့ ဦးနှောက်ထဲမှါာ
    ပိုပြီးမြန်ဆန်နေပါတယ်။
  • 9:18 - 9:19
    ဒီတော့ အိပ်ခြင်းက
  • 9:19 - 9:21
    အညစ်အကြေးများ ရှင်းလင်းပစ်ရေး ပြဿနာအတွက်
  • 9:21 - 9:23
    အဖြေဖြစ်တယ်လို့ သိလိုက်ရတဲ့ နောက်မှာ၊
  • 9:23 - 9:26
    အိပ်ခြင်း၊ amyloid-beta နဲ့
    Alzheimer ရောဂါ အကြားက
  • 9:26 - 9:28
    ဆက်စပ်ဆင်နွှယ်မှုကို
    ကျွန်တော်တို့ သုံးသပ်ပုံကိုလည်း
  • 9:28 - 9:31
    သိသိသာသာ ပြောင်းလဲသွားစေပါမယ်။
  • 9:31 - 9:33
    မကြာခင်တုန်းက ကျန်းမာရေး သုတေသန တသီကြီး
  • 9:33 - 9:35
    ထောက်ပြနေကြတဲ့ အတိုင်းဆိုရင်လောလောဆယ်မှာ
  • 9:35 - 9:38
    Alzheimer ရောဂါ မရှိသေးတဲ့
    လူနာတွေအကြားမှာ၊
  • 9:38 - 9:41
    အိပ်စက်မှု အရည်အသွေး ကျဆင်းလာခြင်း နဲ့
    အိပ်ချိန် နည်းလာခြင်းဟာ
  • 9:41 - 9:44
    သူတို့ဦးနှောက်ထဲမှာ
    amyloid-beta တိုးစုလာခြင်းနဲ့
  • 9:44 - 9:46
    ဆက်စပ်နေပါတယ်၊ ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊
  • 9:46 - 9:47
    ထောက်ပြပေးရန် အရေးကြီးတာက
  • 9:47 - 9:50
    အိပ်တာနည်းခြင်း သို့မဟုတ်
    ကောင်းကောင်း မအိပ်နိုင်ခြင်းက
  • 9:50 - 9:52
    Alzheimer ရောဂါရဲ့ အကြောင်းရင်းဖြစ်တယ်လို့
  • 9:52 - 9:54
    သက်သေထူပြခြင်း မရှိကြပါဘူး၊
  • 9:54 - 9:57
    ဒါပေမဲ့ ပြောလို့ ရနိုင်တာက တစ်ခုက
  • 9:57 - 9:59
    ဦးနှောက်အနေနဲ့ amyloid-beta လို
  • 9:59 - 10:01
    အညစ်အကြေးကို သန့်ရှင်းပစ်နိုင်စွမ်း
    မရှိခြင်းဟာဖြင့်
  • 10:01 - 10:03
    Alzheimer ရောဂါ ဖြစ်ပွားရေးကို
    ထောက်ကူပေးတဲ့
  • 10:03 - 10:06
    အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
  • 10:06 - 10:09
    ဒီတော့ ဒီသုတေသနအသစ်က
    ကျွန်တော်တို့ ဘာကို ပြောနေသလဲဆိုတော့
  • 10:09 - 10:11
    တစ်ခုက အိပ်စက်ခြင်းအကြောင်းကို
  • 10:11 - 10:13
    ကျွန်တော်တို့ သိနှင့်ခဲ့ကြတဲ့ အချက်ပါပဲ၊
  • 10:13 - 10:15
    အိပ်စက်တာနဲ့ပတ်သက်ပြီး
    Galen ကတောင် နားလည်ခဲ့တဲ့
  • 10:15 - 10:18
    ၎င်းဟာ ဦးနှောက်ကို
    လန်းဆန်းလာစေကာ ကြည်လင်လာစေခြင်းဟာ
  • 10:18 - 10:20
    တကယ်ကျတော့ အိပ်ခြင်းရဲ့
  • 10:20 - 10:22
    အရေးကြီးဆုံး ကဏ္ဍကြီး တစ်ခုပါပဲ။
  • 10:22 - 10:24
    ကျွန်တော်တို့ အားလုံး ညစဉ်ညတိုင်း
  • 10:24 - 10:25
    အိပ်ဖို့ သွားကြပေမဲ့၊
  • 10:25 - 10:28
    ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့
    အနားယူတာရယ်လို့ ဘယ်တော့မှ မရှိပါ။
  • 10:28 - 10:30
    ကျွန်တော်တို့ရဲ့
    ခန္ဓာကိုယ်ဟာ ငြိမ်သက်နေလို့
  • 10:30 - 10:33
    ကျွန်တော်တို့ရဲ့ အသိစိတ်က
    အိပ်မက်ထဲမှာ လျှောက်သွားနေချိန်မှာ၊
  • 10:33 - 10:35
    ဦးနှောက်ရဲ့ ကြော့ရှင်းလှတဲ့
    စက်ယန္တရားကြီးကတော့
  • 10:35 - 10:37
    တိတ်ဆိတ်စွာ အပြင်းအထန် အလုပ်လုပ်နေပါတယ်
  • 10:37 - 10:39
    စိတ်ကူးကြည့် မရအောင်ကို ရှုပ်ထွေးလှတဲ့
  • 10:39 - 10:42
    ယန္တရားကြီးကို သန့်ရှင်းပေးလျက်
    ထိန်းသိမ်းထားပေးပါတယ်။
  • 10:42 - 10:44
    ကျွန်တော်တို့ရဲ့ အိမ်မှုရေးရာ
    အလုပ်တွေလိုပါပဲ၊
  • 10:44 - 10:47
    ၎င်းတို့ဟာ ညစ်ထေးလှကာ
    ကောင်းတာရယ်လို့ ဘာမှမရှိပါဘူး၊
  • 10:47 - 10:48
    ဒါပေမဲ့ အဲဒါဟာလည်း အရေးကြီးတာပါပဲ။
  • 10:48 - 10:51
    ခင်ဗျားတို့အိမ်မှာ မီးဖိုခန်းကို
    မသန့်ရှင်းဘဲ
  • 10:51 - 10:52
    တစ်လ နေကြည့်မယ်ဆိုရင်၊
  • 10:52 - 10:55
    ခင်ဗျားရဲ့ အိမ်မှာ လျင်မြန်စွာပဲ
  • 10:55 - 10:57
    လုံးဝကို နေမရ ဖြစ်လာမှာ သေချာပါတယ်။
  • 10:57 - 10:59
    ဒါပေမဲ့ ဦးနှောက်ထဲမှာကျတော့၊
  • 10:59 - 11:01
    ပေါ်ပေါက်လာကြမယ့် ပြဿနာတွေဟာ
  • 11:01 - 11:04
    မီးဖိုထဲ ညစ်ပတ်မှုနဲ့စာရင်
    များစွာမှနက်ရှိုင်းမှာပါ၊
  • 11:04 - 11:07
    ဘာဖြစ်လို့လဲဆိုတော့၊ ဦးနှောက်
    သန့်ရှင်းလျက် ရှိနေရေးကိစ္စဟာဖြင့်
  • 11:07 - 11:10
    ဦးနှောက်ကိုယ်နှိုက်ရဲ့ ကျန်းမာရေး နှင့်
    လုပ်ကိုင်နိုင်စွမ်းအတွက်
  • 11:10 - 11:12
    ၎င်းနဲ့ ဆက်စပ်နေတဲ့
    ခန္ဓာကိုယ် တစ်ခုလုံးအတွက်
  • 11:12 - 11:14
    သိပ်ကို အရေးကြီးတာမို့လို့၊ ဒီနေ့တွင်
  • 11:14 - 11:19
    ဦးနှောက်ရဲ့ သန့်ရှင်းအောင်
    ထိန်းသိမ်းမှုကိစ္စကို နားလည်လာမှုဟာ
  • 11:19 - 11:22
    ဦးနှောက်အသိစိတ်ရဲ့ အနာဂတ် ရောဂါများကို
  • 11:22 - 11:25
    ဟန့်တားရေ နဲ့ ကုသဖို့အတွက်
    သိပ်ကို အရေးကြီးနိုင်ပါတယ်။
  • 11:25 - 11:27
    ကျေးဇူတင်ပါတယ်။
  • 11:27 - 11:29
    (လက်ခုပ်တီးသံများ)
Title:
ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု
Speaker:
Jeff Iliff
Description:

ခန္ဓာကိုယ်ရဲ့ ထုတယ် နှစ်ရာခိုင်နှုန်းမျှသာ ရှိတဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင် လေးပုံတစ်ပုံကို သုံးစွဲပါတယ်။ သူမတူထူးခြားတဲ့ ဦးနှောက်ဟာ လိုအပ်လှတဲ့ အာဟာရ ဓာတ်တွေကို ဘယ်လို ရယူတာလဲ၊ ပြီးတော့ ပိုလို့ကို အရေးကြီးနိုင်တာက အညစ်အကြေးတွေကို ဘယ်လိုစွန့်ပစ်တာလဲ? သုတေသန အသစ်တွေအရ အဲဒါဟာ အိပ်စက်ခြင်းနှင့် ဆက်စပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:41

Burmese subtitles

Revisions