လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။
-
0:01 - 0:06လွန်ခဲ့တဲ့ နှစ်ခုနှစ်သောင်းတုန်းက မှာ ကျွန်ုပ်
တို့ရဲ့ ဘိုးဘေးတွေဟာ မထင်မရှား သတ္တဝါတွေပါ။ -
0:06 - 0:10သမိုင်းမတင်မီ လူသားတွေအကြောင်းသိဖို့
အရေးကြီးဆုံးအရာက -
0:11 - 0:12သူတို့ဟာ အရေးမပါသူတွေဖြစ်ခဲ့တာပါ။
-
0:12 - 0:18သူ့တို့ရဲ့ ကမ္ဘာ့အပေါ်သက်ရောက်မှုက
ရေခူတွေ၊ ပိုးစုန်းကြူးတွေနဲ့ -
0:18 - 0:20သစ်တောက်ငှက်တွေလောက်
မကြီးမားခဲ့ပါဘူး။ -
0:21 - 0:24ယနေ့ကျတော့ ပြောင်းပြန်ဖြစ်လျက်
ဒီဂြိုဟ်ကို ကျွန်ုပ်တို့ ထိန်းချုပ်ထားတယ်။ -
0:25 - 0:26မေးခွန်းက-
-
0:26 - 0:29ကျွန်တော်တို့ အဲဒီကနေ ဒီကို
ဘယ်လိုရောက်လာခဲ့ကြလဲ။ -
0:30 - 0:33အာဖရိကနဲ့ ထောင့်တစ်နေရာမှာ
ကိုယ့်ကိစ္စနဲ့ အလုပ်များနေခဲ့ကြတဲ့ -
0:33 - 0:36မထင်မရှား မျောက် ဝံတွေကနေ
ကမ္ဘာဂြိုဟ်ကို စိုမိုးသူတွေအဖြစ် -
0:37 - 0:39မိမိတို့ကိုယ်ကို
ဘယ်လိုပြောင်းလဲ နိုင်ခဲ့ကြတာလဲ၊ -
0:40 - 0:46ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့် ကျွန်ုပ်
တို့နဲ့ အခြားသတ္တဝါတွေကြား ခြားနားချက်ကို -
0:46 - 0:47တစ်ဦးချင်းအဆင့်မှာ ရှာကြတယ်။
-
0:47 - 0:50ကျွန်တော်တို့က၊ ကျွန်တော်ပါ၊
ယုံကြည်ချင်တာက -
0:50 - 0:54ကျွန်တော်ထဲတွင်၊ ကျွန်တော့ ကိုယ်ခန္ဓာ
ကျွန်တော့ ဦးနှောက်နဲ့ပတ်သက်ပြီး -
0:54 - 0:57ခွေး (သို့) ဝက် (သို့)ချင်ပင်ဇီထက်
-
0:57 - 1:02ပိုသာအောင် ဖန်တီးပေးတဲ့
ထူးခြားချက် တစ်ခုခုရှိတယ် ဆိုတာပါ။ -
1:03 - 1:06ဒါပေမဲ့ အမှန်ကတော့
တစ်ဦးချင်းအဆင့်မှာ -
1:07 - 1:10ကျွန်တော်ဟာ ချင်ပင်ဇီ အကောင်နဲ့
စိတ်ဓာတ်ကျလောက်အောင် တူနေတာပါ။ -
1:10 - 1:15ကျွန်တော်နဲ့ ချင်ပင်ဇီတစ်ကောင်ကို ခေါ်ပြီး
လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းမှာ အတူတူထား၊ -
1:15 - 1:20ဘယ်သူက ပိုကောင်းကောင်း ရှင်ကျန်တာသိဖို့
ရှင်ကျန်မှုအတွက် ရုန်းကန်ရတယ်ဆိုရင် -
1:20 - 1:25ကျွန်တော်တော့ ကိုယ်ကိုယ်ကို မဟုတ်ဘဲ
ချင်ပင်ဇီဘက်ကနေ လောင်းမှာ ကျိန်းသေပဲ။ -
1:25 - 1:28ဒါက ပုဂ္ဂိုလ်ရေးအရ ကျွန်တော်
တစ်ခုခုလွဲမှားနေလို့ မဟုတ်ဘူးနော်။ -
1:28 - 1:33မှန်းရတာက သင် တစ်ယောက်တည်းကို
ချင်ပင်ဇီနဲ့အတူ -
1:33 - 1:35ကျွန်းတစ်ကျွန်းမှာ ထားလိုက်မယ်ဆိုရင်၊
-
1:35 - 1:37ချင်ပင်ဇီက အများကြီး သာပါလိမ့်မယ်။
-
1:39 - 1:43လူသားတွေနဲ့ အခြားသတ္တဝါအားလုံးကြား
တကယ့် ခြာ။နားချက်က -
1:43 - 1:45တစ်ဦးချင်းအဆင်မှာမဟုတ်ပါဘူး၊
-
1:46 - 1:47အစုအဝေး အဆင့်မှာပါ။
-
1:48 - 1:52လူတွေက ဂြိုဟ်ကို ထိန်းချုပ်တာက သူတို့ဟာ
ပြောင်းလွယ်ပြင်လွယ်ရုံသာမက -
1:52 - 1:58လူများစွာ ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်တဲ့
တစ်ခုတည်းသော သတ္တဝါတွေဖြစ်လို့ပါ။ -
1:58 - 2:00အခု အခြားသတ္တဝါတွေဖြစ်တဲ့
-
2:00 - 2:03စုဝေးနေထိုင်တဲ့ အင်းဆက်တွေ
ပျားတွေ၊ပုရွက်ဆိတ်တွေလို -
2:03 - 2:08တစ်ခဲနက် ပူပေါင်း လုပ်ဆောင်ကြပေမဲ့
အဲဒီလို ပြုမလွယ် ပြောင်းမလွယ်ကြဘူး။ -
2:08 - 2:11သူတို့ပူးဆောင်ဆောင်ရွက်မှုက
အရမ်း တင်းကျပ်ပါတယ်။ -
2:11 - 2:15အခြေခံအာဖြင့်တော့ ပျားအုံတစ်အုံ
လုပ်ဆောင် ရှင်သန်ရေး နည်းတစ်ခုပါပဲ။ -
2:15 - 2:19အခွင့်အလမ်းတစ်ခု (သို့)
အန္တရာယ်သစ်တစ်ခုရှိလာလျှင် -
2:19 - 2:24ပျားတွေဟာ အစုအဝေးစနစ်ကို
ညတွင်းချင်း ပြန်မဖန်တီးနိုင်ပါဘူး။ -
2:24 - 2:26ဥပမာ သူတိုဟာ ဘုရင်မကို ကွပ်မျက်ပြီး
ပျားတွေရဲ့ သမ္မတနိုင်ငံ -
2:27 - 2:28( သို့) ပျားလုပ်သားတွေရဲ့
-
2:28 - 2:32ကွန်မြူနစ် အာဏာရှင်စနစ်ကို
မတည်ထောင်နိုင်ကြဘူး၊ -
2:32 - 2:35အခြား အစုအဝေးနဲ့နေထိုင်တဲ့
နို့တိုက်သတ္တဝါတွေ -
2:35 - 2:39ဝေလငါးတွေ၊ ဆင်တွေ၊ လင်းပိုင်နဲ့
ချင်ပင်ဇီတွေလို အများကြီး ပိုပြီး -
2:39 - 2:41ပြုပြင်ပြောင်းလွယ်ကာ
ပူပေါင်းဆောင်ရွက်နိုင်ပေမဲ့ -
2:41 - 2:45ဦးရေအနည်းငယ်နဲ့သာ လုပ်တတ်ကြတယ်။
-
2:45 - 2:48အကြောင်းက ချင်ပင်ဇီတွေအကြားက
ပူပေါင်းဆောင်ရွက်မှုဟာ -
2:48 - 2:52ရင်းနှီးတဲ့ အသိသုတကိုသာ အခြေခံ
ထားလို့ပါ။ ဒီအထဲက တစ်ဦးက -
2:52 - 2:55ငါက ချင်ပင်ဇီ၊ မင်းက ချင်ပင်ဇီ
-
2:55 - 2:56မင်းနဲ့ငါ ပူပေါင်းဆောင်ရွက်ချင်တယ်၊
-
2:56 - 2:59မင်းကို ငါကိုယ်တိုင်ကိုယ်ကျ သိဖို့လိုတယ်။
-
2:59 - 3:01မင်းက ဘယ်ချင်ပင်ဇီမျိုးလဲ။
-
3:01 - 3:02မင်းက ချင်ပင်ဇီကောင်းလား။
-
3:02 - 3:04မကောင်းဆိုးဝါး ချင်ပင်ဇီလား။
-
3:04 - 3:05မင်းဟာ ယုံကြည်ထိုက်သူလား။
-
3:05 - 3:08မင်းကို ငါမသိရင် ငါဘယ်လို ပူးပေါင်း
ဆောင်ရွက်နိုင်မှာလဲ။ -
3:10 - 3:13အရည်အသွေး နှစ်ခုလုံးကို ပေါင်းစပ်နိုင်ပြီး
ပြုလွယ်ပြောင်းလွယ်ပြီး -
3:13 - 3:19အရေအတွက်အများကြီးနဲ့
နှစ်ခုစလုံး လုပ်နိုင်တဲ့ သတ္တဝါဆိုလို့ -
3:19 - 3:20ကျွန်တော်တို့ ခေတ်လူတွေပါပဲ။
-
3:21 - 3:25တစ်ဦးချင်း (သို့) ဆယ်ယောက်ချင်းတောင်မှ
-
3:25 - 3:28ချင်ပင်ဇီတွေဟာ ကျွန်တော်တို့ထက်
သာနိုင်လောက်ပါတယ်။ -
3:28 - 3:33ဒါပေမဲ့ လူ ၁၀၀၀ နဲ့ ချင်ပင်ဇီ ၁၀၀၀
ထိပ်တိုက်ပေးလိုက်ရင်တော့ -
3:33 - 3:37လူသားတွေက အလွယ်ကလေး နိုင်သွားမှာပါ။
ရိုးစင်းတဲ့ အကြောင်းရင်းက -
3:37 - 3:41ချင်ပင်ဇီ ၁၀၀၀ ဟာ လုံးဝကို
ပူးပေါင်းမဆောင်ရွက်တတ်လို့ပါ။ -
3:41 - 3:45ချင်ပင်ဇီ တစ်သိန်းကို Oxford လမ်း
(သို့) Wembley အာကစားရုံ (သို့) -
3:45 - 3:49Tienanmen ရင်ပြင် (သို့)
-
3:49 - 3:52Vatican မှာ ပြွတ်သိပ်ထည့်ဖို့ ကြိုးစားရင်
-
3:52 - 3:54ခင်ဗျားတော့ ဖရိုဖဲပဲ၊ လုံးဝကို
မရိုဖရဲဖြစ်မှုကို ရလိမ့်မယ်။ -
3:54 - 3:58ချငိပင်ဇီ တစ်သိန်းနဲ့ Wembley
အားကစားရုံကို စိတ်ကူးကြည့်လိုက်ပါ။ -
3:59 - 4:00လုံးဝ ရူးမိုက်မှုပဲလေ။
-
4:00 - 4:06ဆန့်ကျင်ဘက်အနေနဲ့ လူတွေဟာ ပုံမှန်အားဖြင့်
သောင်းချီပြီး အဲဒီမှာစုဝေးကာ -
4:06 - 4:09ရလဒ်က အမြဲလိုလို ဖရိုဖရဲဖြစ်တာမျိုး
မဟုတ်ပါဘူး။ -
4:09 - 4:15အင်မတန်ကို ဆန်းပြားပြီး ထိရောက်လှတဲ့
ပူပေါင်းဆောင်ရွက်မှု ကွန်ရက်တွေရတာပါ။ -
4:17 - 4:21သမိုင်းတစ်လျှောက် လူသားရဲ့
ဧရာမ အောင်မြင်မှုတွေ အားလုံးဟာ -
4:21 - 4:24ပိရမစ်တွေဆောက်တာဖြစ်ဖြစ်၊
လကမ္ဘာဆီ ပျံသန်းတာဖြစ်ဖြစ် -
4:24 - 4:27တစ်ဦးချင်း အရည်အသွေးတွေအပေါ်
မူတည်ခြင်း မဟုတ်ခဲ့ပဲ -
4:27 - 4:31ပြုပြင်ပြောင်းလွယ်စွာ တစ်ခဲနက်
ပူးပေါင်းတဲ့ အရည်အချင်းတွေကိုမူတည်ခဲ့တာပါ။ -
4:31 - 4:35ကျွန်တော် အခုပြောနေတဲ့ ဒီဟောပြောချက်
အကြောင်းကိုတောင် တွေးကြည့်လိုက်ပါ။ -
4:35 - 4:41ကျွန်တော် အခု ပရိတ်သတ် ၃၀၀၊ ၄၀၀
လောက်ရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတယ်၊ -
4:41 - 4:44ကျွန်တော့အတွက် ခင်ဗျားတို့ အားလုံးဟာ
လုံးဝ သူစိမ်းတွေပါ။ -
4:45 - 4:50အလားတူပဲ ဒီပွဲကို စီစဉ်ပြီး လုပ်ဆောင်ကြတဲ့
လူတွေကိုလည်း -
4:50 - 4:52ကျွန်တော် တကယ်မသိဘူး။
-
4:52 - 4:56မနေ့က ဟောဒီ လန်ဒန်ထိ ကျွန်တော့ကို
သယ်ဆောင်လာခဲ့တဲ့ လေယာဉ်ရဲ့ -
4:56 - 4:59လေယာဉ်မှူးနဲ့ ဝန်ထမ်းအဖွဲ့ကို
ကျွန်တော်မသိခဲ့ဘူး။ -
4:59 - 5:03ကျွန်တော် ပြောနေတာတွေကို ဖမ်းယူရိုက်ကူး
နေတဲ့ ဒီမိုက်ကရိုဖုန်း၊ ဒီကင်မရာတွေကို -
5:03 - 5:08တီထွင်၊ထုတ်လုပ်ခဲ့တဲ့သူတွေကို
ကျွန်တော်မသိဘူး။ -
5:08 - 5:12ဒီဟောပြောချက်အတွက် ပြင်ဆင်ရာမှာ
ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေကို -
5:12 - 5:14ရေးခဲ့တဲ့လူတွေကို ကျွန်တော် မသိဘူး။
-
5:14 - 5:17Buenos Aires (သို့) New Delhi တစ်နေရာရာက
-
5:17 - 5:21အင်တာနက်ကနေ ဒီဟောပြောချက်ကို
ကြည့်ရှုနေကြမယ့်လူတွေအားလုံးကို -
5:21 - 5:24ကျွန်တော် အသေအချာ မသိဘူး။
-
5:24 - 5:28ဒါပေမဲ့ ကျွန်တော်တို့အချင်းချင်း
မသိကြဘူးဆိုတာတောင်မှ -
5:28 - 5:34ဒီကမ္ဘာ့ စိတ်ကူးဖလှယ်ရေးကို ဖန်တီးဖို့
ကျွန်တော်တို့ အတူတူလုပ်နိုင်ခဲ့ကြတယ်။ -
5:34 - 5:37ဒါက ချင်ပင်ဇီတွေ မလုပ်နိုင်တဲ့အရာပါ။
-
5:37 - 5:39တကယ်က သူတို့ ဆက်သွယ်ကြပေမဲ့
-
5:39 - 5:45ချင်ပင်ဇီတစ်ကောင်က အဝေးက ချင်ပင်ဇီအုပ်ကို
ငှက်ပျောသီးတွေ (သို့) ဆင်တွေအကြောင်း -
5:45 - 5:49(သို့) ချင်ပင်ဇီတွေ စိတ်ဝင်စား
လောက်တာ တစ်ခုခု -
5:49 - 5:52ဟောပြောဖို့ ခရီးတွက်တာတော့
ဘယ်တော့မှ သင်တွေ့မိမှာမဟုတ်ဘူ၊။ -
5:53 - 5:57ကဲ တကယ်က ပူးပေါင်းဆောင်ရွက်ခြင်းဟာ
အမြဲတော့ မကောင်းဘူး၊ -
5:57 - 6:01သမိုင်းတစ်လျှောက်မှာ လူသားတွေလုပ်ခဲ့ကြတဲ့
ကြောက်မက်ဖွယ်ရာအားလုံး၊ -
6:01 - 6:04ကျွန်တော်တို့ လုပ်ခဲ့ကြတဲ့
ကြောက်မယ်ဖွယ်ရာတစ်ချို့ပေါ့၊ -
6:04 - 6:09ဒါတွေအားလုံးဟာ အကြီးစား ပူးပေါင်း
ဆောင်ရွက်မှုမှာလည်း အခြေခံပါတယ်။ -
6:09 - 6:11အကျဉ်းထောင်တွေဟာ ပူးပေါင်း
ဆောင်ရွက်မှုရဲ့ စနစ်တစ်ခုပါ၊ -
6:12 - 6:14သားသတ်ရုံတွေဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့
စနစ်တစ်ခုပါ၊ -
6:15 - 6:18စစ်အကျဉ်းစခန်းတွေဟာ
ပူးပေါင်းဆောင်ရွက်မှုရဲ့ စနစ်တစ်ခုပါ။ -
6:18 - 6:23ချင်ပင်ဇီတွေမှာ သာသတ်ရုံတွေ၊
အကျဉ်းထောင်တွေ၊ စစ်အကျဉ်းစခန်းတွေမရှိဘူး။ -
6:24 - 6:28ကဲ ကျွန်တော်က ခင်ဗျားတို့ကို ဒါဟုတ်လောက်
တယ်လို့ သိမ်းသွင်းနိုင်တယ်ဆိုပါစို့ -
6:28 - 6:33ကမ္ဘာကိုကျုပ်တို့ ထိန်းချုပ်တာက အလုံးအရင်း
နဲ့ ပြုလွယ်ပြောင်းလွယ် ပူးပေါင်းနိုင်လို့ -
6:34 - 6:36စပ်စုတတ်တဲ့နားထောင်သူရဲ့ စိတ်ထဲမှာ
ချက်ချင်းပေါ်လာတဲ့ -
6:36 - 6:39နောက်ထပ်မေးခွန်းက
-
6:39 - 6:42ဒါကို ဘယ်လောက် အတိအကျ
ကျွန်တော်တို့လုပ်လဲ။ -
6:42 - 6:48သတ္တဝါအားလုံးအနက် ကျွန်တော်တို့ချည်း
ဒီနည်းနဲ့ ပူးပေါင်းဖို့ဘာက ထောက်ကူပေးလဲ။ -
6:50 - 6:52အဖြေကတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးပါ။
-
6:53 - 6:58မရေနိုင်အောင်များတဲ့ သူစိမ်းတွေနဲ့
ပြောင်းလွယ်ပြင်လွယ် ပူးပေါင်းနိုင်တယ်၊ -
6:58 - 7:02အကြောင်းက ကမ္ဘာပေါ်က သတ္တဝါ
အားလုံးထဲမှာ ကျွန်တော်တို့ချည်းပဲ -
7:02 - 7:07ထွင်လုံးတွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေ
ဖန်တီး၊ ယုံကြည်တတ်ကြလို့ပါ။ -
7:07 - 7:12လူတိုင်းဟာ တူညီတဲ့ ထွင်လုံးကို
ယုံကြည်နေသရွေ့၊ -
7:12 - 7:15လူတိုင်းဟာ တူညီတဲ့ စည်းမျဉ်းတွေ၊
တူညီတဲ့ စံတွေ၊ တူညီတဲ့ တန်ဖိုးတွေကို -
7:16 - 7:18နာခံ၊ လိုက်နာနေသရွေ့ပါ။
-
7:19 - 7:23အခြားသတ္တဝါတွေအားလုံးဟာ
၎င်းတို့ရဲ့ ဆက်သွယ်ရေးစနစ်ကို -
7:23 - 7:25ဒိဌဖြစ်ရပ်ကို သရုပ်ဖော်ဖို့ပဲ သုံးပါတယ်၊
-
7:26 - 7:30ချင်ပင်ဇီတစ်ကောင် ပြောလောက်တာက
"ကြည့်စမ်း၊ ခြင်္သေ့တစ်ကောင်၊ ပြေးကြစို့" -
7:30 - 7:34ဒါမှမဟုတ် "ကြည့်စမ်း၊ ငှက်ပျောပင်တစ်ပင်၊
ငှက်ပျောသီးတွေ သွားခူးရအောင်။" -
7:34 - 7:40ဆန့်ကျင်ဘက်က လူသားတွေက သူတို့ဘာသာစကားကို
ဒိဌဖြစ်ရပ်ကို သရုပ်ဖော်ဖို့သက်သက်မက၊ -
7:40 - 7:45ဖြစ်တည်မှုအသစ်တွေ၊ စိတ်ကူးယဉ်ဖြစ်တည်မှု
တွေကိုပါ သရုပ်ဖော်ဖို့ အသုံးပြုကြတယ်။ -
7:45 - 7:49လူသားတစ်ဦးပြောနိုင်တာ "ကြည့်စမ်း၊
တိမ်တွေအထက်မှာ နတ်တစ်ပါးကွ၊ -
7:49 - 7:51ငါပြောတာ မင်းမလုပ်ရင်
-
7:51 - 7:55မင်းသေတဲ့အခါ ဘုရားသခင်က
အပြစ်ပေးပြီး မင်းကို ငရဲကို ပို့လိမ့်မယ်။" -
7:55 - 7:59ကျွန်တော်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းကို
သင်တို့အားလုံး ယုံကြည်တယ်ဆိုရင် -
7:59 - 8:03တူညီတဲ့ စံတွေ၊ ဥပဒေတွေ၊ တန်ဖိုးတွေကို
သင်တို့လိုက်နာမယ်၊ -
8:03 - 8:04သင်တို့ ပူးပေါင်းနိုင်တယ်။
-
8:04 - 8:07ဒါက လူသားတွေသာ လုပ်နိုင်တာပါ။
-
8:07 - 8:11ချင်ပင်ဇီတစ်ကောင်ကို မျှော်လင့်ချက်
ပေးပြီး ကိုယ့်ကို ငှက်ပျာသီးပေးဖို့ -
8:11 - 8:15ဘယ်တော့မှ မသိမ်းသွင်းနိုင်ဘူး၊
"မင်းသေရင် ချင်ပင်ဇီ ကောင်းကင်ဘုံရောက်မယ်" -
8:15 - 8:16(ရယ်သံများ)
-
8:16 - 8:19"မင်းရဲ့ကောင်းမှုတွေကြောင့် ငှက်ပျောသီးတွေ
အများကြီးရလိမ့်မယ်၊ -
8:19 - 8:21ဒီတော့ ငှက်ပျောသီး ငါ့ကိုပေး"
-
8:21 - 8:23ဒီလိုဇာတ်လမ်းကို ဘယ်ချင်ပင်ဇီမှ
ယုံမှာမဟုတ်ဘူး။ -
8:24 - 8:26ဒီလိုဇာတ်လမ်းတွေကို
လူသားတွေပဲ ယုံတာပါ၊ -
8:26 - 8:29ဒါကြောင့် ကျုပ်တို့က ကမ္ဘာကို
ထိန်းချုပ်တာ၊ -
8:29 - 8:33ချင်ပင်ဇီတွေကျတော့ တိရိစ္ဆာန်ရုံတွေ၊
သုတေသနစမ်းသပ်ခန်းတွေမှာ ပိတ်လှောင်ခံရတယ်။ -
8:35 - 8:38ကဲ သင့်အနေနဲ့ ဒါကို လက်ခံသင့်တယ်လို့
မြင်မိနိုင်ပါတယ်။ -
8:38 - 8:44ဘာသာရေးနယ်ပယ်မှာ လူသားတွဟာ တူညီတဲ့ထွင်လုံး
တွေကို ယုံကြည်ရင်း ပူပေါင်းဆောင်ရွက်ကြတယ်။ -
8:44 - 8:49သန်းချီတဲ့လူတွေဟာ ဘုရားရှိခိုးကျောင်းကြီး
(သို့) ဗလီတစ်ခုဆေက်ဖို့ အတူစုစည်းကြတယ်၊ -
8:49 - 8:55(သို့) ဘုရာသခင်၊ ကောင်းကင်ဘုံ၊ငရဲ အကြောင်း
တူညီတဲ့ ဇာတ်လမ်းတွေကို ယုံကြည်တဲ့အတွက် -
8:55 - 8:57ခရူးဆိတ်(သို့) ဂျီဟတ်မှာ ဝင်တိုက်ကြတယ်။
-
8:58 - 9:03ဒါပေမဲ့ ကျွန်တော်အလေးထားချင်တာက
ဒါဟာ ဘာသာရေးနယ်ပယ်တွင်သာမက -
9:03 - 9:09အလုံးအရင်းနဲ လူသား ပူပေါင်းဆောင်ရွက်မှုရဲ့
အခြားသောပုံစံတွေကို ထင်ရှားစေတဲ့ -
9:09 - 9:12အလားတူ ယန္တရားတစ်ခုဖြစ်တယ်ဆိုတာပါ။
-
9:12 - 9:14တရာရေးဆိုင်ရာ နယ်ပယ်ကို နမူနာကြည့်ပါ။
-
9:15 - 9:21ယနေ့ ကမ္ဘာမှာ တရားရေး စနစ်အများစုဟာ
လူအခွင့်အရေးကို ယုံကြည်မုအပေါ်အခြေခံတယ်။ -
9:21 - 9:23ဒါပေမဲ့ လူ့အခွင့်ရေးဆိုတာဘာလဲ။
-
9:24 - 9:28လူ့အခွင့်အရေးဆိုတာ ဘုရားသခင်၊ကောင်းကင်ဘုံ
လိုမျိုး ထွင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ -
9:28 - 9:31ဒါတွေဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
ဖြစ်တည်မှုမဟုတ်ဘူး၊ -
9:31 - 9:34ခေတ်လူသားတွေနဲ့ပတ်သက်တဲ့ ဇီဝပိုင်း
သက်ရောက်မှု မဟုတ်ဘူး။ -
9:35 - 9:39လူသားတစ်ဦးကို ခေါ်၊ သူ့ကို ပိုင်းဖြတ်၊
ဖွင့်ပြီး အတွင်းဘက်ကို ကြည့်ပါ။ -
9:39 - 9:44နှလုံး၊ ကျောက်ကပ်၊ နူရွန်းတွေ၊ ဟိုမုန်း၊
DNA ကို တွေ့ရလိမ့်မယ်၊ -
9:44 - 9:46ဒါပေမဲ့ ဘာအခွင့်အရေးမှ
တွေ့မှာမဟုတ်ဘူး။ -
9:46 - 9:50အခွင့်အရေးဆိုတာတွေကို သင်တွေ့နိုင်တဲ့
တစ်ခုတည်းသောနေရာက ဇာတ်လမ်းတွေထဲမှာပါ၊ -
9:50 - 9:54လွန်ခဲ့တဲ့ ရာစုအနည်းငယ်က ကျွန်တော်တို့
ထွင်ပြီး၊ ပျံ့နှံ့အောင်လုပ်ထားတာတွေပါ။ -
9:55 - 10:00ဒါတွေဟာ သိပ်အပြုသဘောဆောင်တဲ့၊
သိပ်ကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်နိုင်ပါတယ်၊ -
10:00 - 10:03ဒါပေမဲ့ ဒါတွေဟာ ကျွန်တော်တို့ ထွင်ထားတဲ့
စိတ်ကူးယဉ်ဇာတလမ်းတွေ ဖြစ်နေဆဲပါပဲ။ -
10:04 - 10:06နိုင်ငံရေးနယ်ပယ်မှာလည်း
အလားတူမှန်ပါတယ်။ -
10:07 - 10:13ခေတ်သစ်နိုင်ငံရေးမှာ အရေးပါဆုံး
အကြောင်းခံတွေက ပြည်နယ်တွေနဲ့ နိုင်ငံတွေပါ။ -
10:13 - 10:15ဒါပေမဲ့ ပြည်နယ်တွေ နိုင်ငံတွေက
ဘာတွေလဲ -
10:16 - 10:18ဒါတွေက ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှု
မဟုတ်ဘူး။ -
10:18 - 10:20တောင်တစ်လုံးဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
ဖြစ်တည်မှုပါ။ -
10:20 - 10:24မြင်နိုင်တယ်၊ ထိနိုငိတယ်၊
အနံ့တောင် ရှူလို့ရတယ်။ -
10:24 - 10:26ဒါပေမဲ့ အစ္စရေး၊ အီရန်နဲ့ ဂျာမနီလို
-
10:26 - 10:30ပြည်နယ်တစ်ခုနဲ့ နိုင်ငံတစ်ခုတို့ကျတော့
-
10:30 - 10:33ဒါက ကျွန်တော်တို့ထွင်ထားတဲ့
ဇာတ်လမ်းဖြစ်ပြီး -
10:33 - 10:35အလွန်အမင်း ဆက်နွယ်လာတယ်။
-
10:35 - 10:37စီးပွားရေးနယ်ပယ်မှာလည်း
အလားတူမှန်ပါတယ်။ -
10:38 - 10:42ယနေ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ
အရေးပါဆုံး သရုပ်ဆောင်တွေဟာ -
10:42 - 10:44ကုမ္ပဏီတွေနဲ့ စီးပွားရေး
လုပ်ငန်းကြီးတွေပါ။ -
10:44 - 10:48ဒီနေ့ သင်တို့အများအပြားဟာ Google (
(သို့) Toyota (သို့) McDonald လို -
10:48 - 10:51လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်တာ
ဖြစ်နိုင်ပါတယ်။ -
10:52 - 10:53ဒါတွေက အတိအကျဆို ဘာတွေလဲ။
-
10:54 - 10:58သူတိုတွေဟာ ရှေ့နေလို့ခေါ်တဲ့
တရားရေးဆိုင်ရာ ထွင်လုံးတွေပါ။ -
10:58 - 11:02ဒါတွေဟာ ရှေ့နေလို့ခေါ်ကြတဲ့ တန်ခိုးရှိတဲ့
ဝိဇ္ဇာတွေ တီထွင်၊ပံ့ပိုးထားတဲ့ -
11:02 - 11:05ဇာတ်လမ်းတွေပါ။
-
11:05 - 11:07(ရယ်သံများ)
-
11:07 - 11:10စီးပွားရေးလုပ်ငန်းတွေက
တစ်နေ့လုံး ဘာလုပ်လဲ။ -
11:10 - 11:13အများစုကတော့ ငွေရှာဖို့ ကြိုးစားတယ်။
-
11:13 - 11:15ဒါပေမဲ့ ငွေဆိုတာဘာလဲ။
-
11:15 - 11:20ထပ်ပြီး ငွေဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှု
မဟုတ်ဘူ။၊ဓမ္မဓိဋ္ဌာန်ကျတဲ့ တန်ဖိုးမရှိဘူး။ -
11:20 - 11:23ဒီစက္ကူအစိမ်းကို၊
ဒေါ်လာငွေစက္ကူကို ကြည့်ပါ။ -
11:23 - 11:26ဒါကို ကြည့်ပါ၊ တန်ဖိုးမရှိဘူး။
-
11:26 - 11:28စားလို့မရဘူး၊ သောက်လို့မရဘူး၊
-
11:28 - 11:29ဝတ်ဆင်လို့မရဘူး။
-
11:30 - 11:34ဒါပေမဲ့ ဒါက ပုံပြောဆရာကြီးတွေနဲ့
ပါလာခဲ့တယ်၊ -
11:34 - 11:35ဘဏ်လုပ်ငန်းရှင်ကြီးတွေ၊
-
11:35 - 11:37ဘဏ္ဍာရေးဝန်ကြီးတွေ၊
-
11:37 - 11:38ဝန်ကြီးချုပ်တွေပေါ့
-
11:38 - 11:41သူတို့က သိပ်ကိုဘဝင်ကျစေတဲ့
ဇာတ်လမ်းတစ်ပုဒ် ပြောပြတယ်။ -
11:41 - 11:43"ကြည့်၊ ဒီစက္ကူအစိမ်းကို သင်မြင်ရတယ်။
-
11:43 - 11:45ဒါက ငှက်ပျာသီး ၁၀ လုံးတန်ပါတယ်။
-
11:46 - 11:48ဒါကို ကျွန်တော်ယုံကြည်ရင် သင်လည်ယုံကြည်ရင်
-
11:48 - 11:49လူတိုင်းလည်း ယုံကြည်ကာ
-
11:49 - 11:51ဒါက တကယ် အလုပ်ဖြစ်ရင်
-
11:51 - 11:54ဒီတန်ဖိုးမရှိတဲ့ စက္ကူကိုယူပြီး
-
11:54 - 11:56ဆူပါမားကက်ကိုသွားကာ
-
11:56 - 12:00ကိုယ်တစ်ခါမှ အရင်က မဆုံဖူးတဲ့
သူစိမ်းသက်သက်တစ်ယောက်ကိုပေးပြီး -
12:00 - 12:04ဖလှယ်တဲ့အနေနဲ့ ကိုယ်တကယ်စားလို့ရတဲ့
ငှက်ပျာသီးအစစ်တွေ ရနိုင်ပါတယ်။ -
12:05 - 12:07ဒါက အံ့သြစရာပါ။
-
12:07 - 12:09ဒါကို ချင်ပင်ဇီတွေနဲ့
လုံးဝ လုပ်လို့မရဘူး။ -
12:09 - 12:11တကယ်က ချင်ပင်ဇီတွေ အပေးအယူလုပ်တာပါ။
-
12:11 - 12:13"ဟုတ်တယ်၊ ကျွန်တော့ကို အုန်းသီးပေးရင်
ငှက်ပျောသီး ပေးမယ်။" -
12:13 - 12:15ဒါက အလုပ်ဖြစ်နိုင်တယ်။
-
12:15 - 12:18ဒါပေမဲ့ သင်က တန်ဖိုးမရှိတဲ့ စက္ကူပေးပြီး
-
12:18 - 12:20သင့်ကို ငှက်ပျောသီပေးမယ်လို့
မျှော်လင့်လား -
12:20 - 12:21မရဘူးလေ။
-
12:21 - 12:23ကျုပ်ကို ဘာထင်လို့လဲ၊ လူသားဗျ။
-
12:23 - 12:25(ရယ်သံများ)
-
12:25 - 12:29တကယ်တော့ လူသားတွ တီထွင်ပြီး၊
ပြောခဲ့ရာမှာ -
12:29 - 12:32ငွေဟာ အအောင်မြင်ဆုံး ဇာတ်လမ်းပဲ။
-
12:32 - 12:36အကြောင်းက ဒါက လူတိုင်းယုံကြည်တဲ့
တစ်ခုတည်းသော ဇာတ်လမ်းပဲလေ။ -
12:37 - 12:39ဘုရာသခင်ကို လူတိုင်း မယုံကြည်ဘူး၊
-
12:40 - 12:43လူ့အခွင့်အရေးကို လူတိုင်း မယုံကြည်ဘူး၊
-
12:43 - 12:45အမျိုးသားရေးဝါဒကို လူတိုင်း မယုံကြည်ပေမဲ့
-
12:45 - 12:49လူတိုင်း ငွေနဲ့ ဒေါ်လာငွေစက္ကူကို ယုံတယ်။
-
12:50 - 12:51ဥပမာ Osama Bin Laden တောင်နော်၊
-
12:52 - 12:55သူဟာ အမေရိကန် နိုင်ငံရေး၊
အမေရိကန် ဘာသာရေးနဲ့ -
12:55 - 12:57အမေရိကန် ယဉ်ကျေးမှုကိုမုန်းတယ်
-
12:57 - 13:00ဒါပေမဲ့ အမေရိကန်ဒေါ်လာကျတော့
မကန့်ကွက်ဘူးလေ။ -
13:00 - 13:02တကယ်ဆို အတော့ကို နှစ်သက်တာပါ။
-
13:02 - 13:04(ရယ်သံများ)
-
13:04 - 13:06ဒီတော့ နိဂုံးချုပ်ရရင်
-
13:06 - 13:12လူသားတွေဟာ ကမ္ဘာကို ထိန်းချုပ်တာက
ကျွန်တော်တို့ဟာ ဒွိဖြစ်တည်မှုမှာနေလို့ပါ။ -
13:13 - 13:16အခြားသတ္တဝါတွေက ဓမ္မဓိဋ္ဌာန်ကျတဲ့
ဖြစ်တည်မှုတစ်ခုမှာ နေထိုင်တယ်။ -
13:17 - 13:22သူတို့ရဲ့ဖြစ်တည်မှုဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
သီးခြားအရာတွေပါဝင်တယ်၊ -
13:22 - 13:26ဥပမာ မြစ်တွေ၊ သစ်ပင်တွေ၊
ခြင်္သေ့တွေနဲ့ ဆင်တွေပေါ့။ -
13:26 - 13:30ကျွန်တော်တို့ လူသားတွေလည်း ဓမ္မဓိဋ္ဌာန်
ကျတဲ့ ဖြစ်တည်မှုတစ်ခုမှာ နေထိုင်တယ်။ -
13:30 - 13:35ကျွန်တော်တို့ကမ္ဘာမှာလည်း မြစ်တွေ၊
သစ်ပင်တွေ၊ခြင်္သေ့တွေနဲ့ ဆင်တွေရှိပါတယ်။ -
13:35 - 13:37ဒါပေမဲ့ ရာစုနှစ်တွေအကြာမှာ
-
13:37 - 13:42ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှုထက်မှာ
စိတ်ကူးယဉ်တဲ့ ဖြစ်တည်မှု ဒုတိယအလွာကို -
13:42 - 13:46တည်ဆောက်ခဲ့တယ်၊
-
13:46 - 13:49စိတ်ကူးယဉ် သီးခြားအရာတွေနဲ့
ဖန်တီးထားတဲ့ ဖြစ်တည်မှုတစ်ခုပေါ့ -
13:49 - 13:54ဥပမာ နိုင်ငံတွေ၊ ဘုရားတွေ၊
ငွေတို့ စီးပွားရေးလုပ်ငန်းတို့ပေါ့။ -
13:54 - 13:59အံ့သြစရာကောင်းတာက
သမိုင်းကဖွင့်ဟတဲ့အတိုင်းပဲ -
13:59 - 14:05ယနေ့မှာ ကမ္ဘာ့အင်အားအကြီးဆုံးတွေဟာ
ဒီစိတ်ကူးယဉ် သီးခြားအရာတွေ -
14:05 - 14:09ဖြစ်အောင်ကို ဒီစိတ်ကူးယဉ်ဖြစ်တည်မှုဟာ
-
14:09 - 14:11ပိုပိုပြီး အားကောင်းလာခဲ့တယ်။
-
14:12 - 14:19ယနေ့မှာ မြစ်တွေ၊ သစ်ပင်တွေ၊ခြင်္သေ့တွေနဲ့
ဆင်တွေရဲ့ ဆက်လက်ရှင်ကျန်မှုဟာ -
14:19 - 14:24စိတ်ကူးယဉ်သီးခြာအရာတွေရဲ့ ဆုံးဖြတ်ချက်
တွေနဲ့ ဆန္ဒတွေအပေါ် မူတည်ပါတယ်။ -
14:24 - 14:28ဥပမာ အမေရိကန်ပြည်ထောင်စု၊ ဂူဂဲလ်နဲ့
ကမ္ဘာ့ဘဏ်တို့လို -
14:28 - 14:32ကျွန်တော်တို့ စိတ်ကူးထဲမှာပဲ
တည်ရှိတဲ့ သီးခြားအရာတွေပေါ့ဗျာ။ -
14:33 - 14:34ကျေးဇူးပါ။
-
14:34 - 14:39(လက်ခုပ်သံများ)
-
14:44 - 14:47Bruno Giussani: Yuval
ခင်ဗျား စာအုပ်သစ်ထွက်တယ်။ -
14:47 - 14:48Sapiens ပြီးတော့ နောက်တစ်အုပ် ရေးတယ်၊
-
14:48 - 14:51ဒါက ဟီဗရူးဘာသာနဲ့
ဘာသာတော့ မပြန်ရသေးဘူးနော်။ -
14:51 - 14:54Yuval Noah Harari: ကျွန်တော်ပြောနေတုန်း
ဘာသာပြန်တာ လုပ်နေတယ်။ -
14:54 - 14:56BG: ဒီစာအုပ်မှာ ကျွန်တော် နားလည်တာ
မှန်ရင် -
14:56 - 15:02ခင်ဗျား ငြင်းခုတာက ကျွန်တော်တို့ အခု
တွေ့ကြုံနေရတဲ့ ထိုးဖောက်ကျော်လွှားမှုတွေဟာ -
15:02 - 15:04ဘဝတွေကို ပိုကောင်းဖို့
အလားအလာဖြစ်စေတာမက -
15:04 - 15:06ခင်ဗျားပြောတာကိုးကားရရင်
-
15:06 - 15:11"စက်မှုတော်လှန်ရေးလို လူတန်းစာသစ်တွေ၊
လူတန်းစားသစ် ရုန်းကန်မှုတွေပါ ဖန်တီးမယ််" -
15:11 - 15:12အသေးစိတ်ရှင်းပြနိုင်မလား။
-
15:13 - 15:15YNH: ဟုတ်ကဲ့၊ စက်မှုတော်လှန်ရေးမှာ
-
15:15 - 15:20မြို့ပြပစ္စည်းမဲ့လူတန်းစားသစ် ဖန်တီးမှု
ကိုမြင်ခဲ့ကြတယ်။ -
15:20 - 15:25လွန်ခဲ့တဲ့ နှစ် ၂၀၀ ရဲ များစွာသော
နိုင်ငံရေးနဲ့ လူမှုရေးသမိုင်းမှာ -
15:25 - 15:28ဒီလူတန်းစားနဲ့ ပတ်သက်တာတွေ၊ ပြဿနာနဲ့
အခွင့်အလမ်းသစ်တွေ ပါဝင်ခဲ့တယ်။ -
15:28 - 15:33ကဲ အသုံးမကျတဲ့ လူတွေရဲ့ ကြီးမားတဲ့
လူတန်းစားသစ် ဖန်တီးခြင်းကိုမြင်ခဲ့တယ်လေ။ -
15:33 - 15:34(ရယ်သံများ)
-
15:34 - 15:39ကွန်ပြူတာတွေဟာ ကောင်းသထက်ကောင်းကာ
နယ်ပယ်တွေ များသထက်များလာလေလေ၊ -
15:39 - 15:44ကွန်ပြူတာတွေဟာ အလုပ်အများစုမှာ
ကျွန်တော်တို့ထက် ပိုစွမ်းဆောင်ကာ -
15:44 - 15:48လူသား ဝန်ထမ်းလျှော့ပေါ့တာဖြစ်စေမယ့်
ထင်ရှားတဲ့ အလားအလာတစ်ခုရှိတယ်။ -
15:48 - 15:51နောက် ၂၁ ရာစုရဲ့ ကြီးမားတဲ့
နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ -
15:51 - 15:53မေးခွန်းတစ်ခု ရှိလိမ့်မယ်။
-
15:53 - 15:55"လူသားတွေအတွက် ကျွန်တော်တို့
ဘာလိုအပ်လဲ။" -
15:55 - 15:59ဒါမှမဟုတ် အနည်းဆုံး များစွာသော
လူသားတွေအတွက် ကျွန်တေ်တို့ဘာလိုအပ်လဲ" -
15:59 - 16:01BG: ဒီစာအုပ်ထဲမှာ အဖြေတစ်ခု ထည်ထားလား။
-
16:01 - 16:05YNH: လက်ရှိ ရှိနေတဲ့ အကောင်းဆုံး
မှန်းဆချက်က ဆေးတွေ၊ ကွန်ပြူတာဂိမ်းတွေနဲ့ -
16:05 - 16:07သူတို့ကို ဆက်ပျော်စေဖို့ပဲ။
-
16:07 - 16:08(ရယ်သံများ)
-
16:08 - 16:11ဒါပေမဲ့ နှစ်သက်ဖွယ်အနာဂတ်တစ်ခုတော့
ဟုတ်ပုံမရဘူး။ -
16:11 - 16:14BG: ကောင်းပြီ၊ အရင်းခံအားဖြင့်
စာအုပ်ထဲမှာ အခုပြောနေတာက -
16:14 - 16:17သိသာတဲ့ စီးပွားရေး မညီမျှမှုရဲ့
တိုးလာနေတဲ့ သာဓကအကြောင်း -
16:17 - 16:21ဆွေးနွေးမှုအားလုံးအတွက်
ကျွန်တော်တို့ဟာ ဖြစ်စဉ်ရဲ -
16:21 - 16:22အစပိုင်းလို ဖြစ်နေတာလား။
-
16:22 - 16:24YNH: ထပ်ပြီး ဟောကိန်း မဟုတ်ရင်
-
16:24 - 16:28ကျွန်တော်တို့ရှေ့မှာ ဖြစ်နိုင်ခြေမျိုးစုံ
မြင်နေရခြင်းပါ။ -
16:28 - 16:33ဖြစ်နိုင်ခြေတစ်ခုက ကြီးမားတဲ့ အသုံးမကျတဲ့
လူတန်းစားသစ်တစ်ရပ် ဖန်တီးခြင်းပါ။ -
16:33 - 16:36နောက်ဖြစ်နိုင်ခြေက မတူတဲ့
ဇီဝဆိုင်ရာ လူတန်းစားခွဲခြားတဲ့စနစ်တွေမှာ -
16:36 - 16:39လူသားမျိုးနွယ် ကွဲပြားမှုပါ၊
-
16:39 - 16:43လူချမ်းသာတွေကို နတ်ဘုရားတွေနီးနီး
အဆင့်မြှင့်တင်ပေးနေပြီး -
16:43 - 16:48ဆင်းရဲသားတွေကို အသုံးမကျတဲ့လူတွေရဲ့
ဒီအဆင့်ကို ကျဆင်းနေစေတာနဲ့အတူပါ။ -
16:48 - 16:51BG: တစ်နှစ်၊ နှစ်နှစ်မှာ နောက်
TED talk ဖြစ်လာမယ်လို့ ခံစားမိတယ် -
16:51 - 16:52ဒီခရီး အတွက် ကျေးဇူးပါ Yuval
-
16:52 - 16:54YNH: ကျေးဇူးတင်ပါတယ်။
-
16:54 - 16:55(လက်ခုပ်သံများ)
- Title:
- လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။
- Speaker:
- Yuval Noah Harari
- Description:
-
လွန်ခဲ့တဲ့ နှစ်ခုနှစ်သောင်းတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ အခြားသတ္တဝါများ အားလုံးနဲ့အတူ အာဖရိက ထောင့်တစ်နေရာမှာ ကိုယ့်လုပ်ငန်းကိုသာ အရေးစိုက်နေကြတဲ့ မထင်မရှား သတ္တဝါတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာဂြိုဟ်ကို လူသားတွေစိုးမိုးတာကို သဘောမတူတဲ့သူဆိုလို့ မရှိသလောက်ပါ။ ကျွန်ုပ်တို့ဟာ တိုက်ကြီးတိုင်းကို ပျံ့နှံ့သွားတယ်၊ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက အခြားသော သတ္တဝါတွေရဲ့ ကံကြမ္မာကို (ဖြစ်နိုင်တာကတော့ ကမ္ဘာကြီးကိုယ်တိုင်ကိုရောပါ) ဆုံးဖြတ်ပေးနေတယ် ။အဲဒီကနေ ဒီကို ဘယ်လို ကျွန်တော်တို့ ရောက်ရှိခဲ့လဲ။ သမိုင်းပညာရှင် Yuval Noah Harari ကနေပြီး လူသားရယ်လို့ ပေါ်ထွန်းလာမှုအတွက် အံ့သြဖွယ် အကြောင်းရင်းကို ရှင်းလင်းတင်ပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 17:08
![]() |
sann tint approved Burmese subtitles for What explains the rise of humans? | |
![]() |
Myo Aung accepted Burmese subtitles for What explains the rise of humans? | |
![]() |
Myo Aung edited Burmese subtitles for What explains the rise of humans? | |
![]() |
sann tint edited Burmese subtitles for What explains the rise of humans? | |
![]() |
sann tint edited Burmese subtitles for What explains the rise of humans? | |
![]() |
sann tint edited Burmese subtitles for What explains the rise of humans? | |
![]() |
sann tint edited Burmese subtitles for What explains the rise of humans? | |
![]() |
sann tint edited Burmese subtitles for What explains the rise of humans? |