အလုပ်တစ်ခု ရှာနေတာလား။ ဦးစားပေးဖော်ပြရမှာက သင့်အတွေ့အကြုံမဟုတ်ပဲ၊ သင်ရဲ့ ကျွမ်းကျင်မှုကိုပါ။
-
0:01 - 0:02ကျနော်အားကျတာ ဘယ်သူတွေလဲ သိလား။
-
0:03 - 0:06သူတို့ရဲ့ ကောလိပ် အဓိကဘာသားနဲ့ဆိုင်တဲ့
အလုပ်တစ်ခုမှာ လုပ်သူတွေပေါ့။ -
0:06 - 0:08(ရယ်သံများ)
-
0:08 - 0:11သတင်းစာပညာ လေ့လာခဲ့တဲ့
သတင်းစာသမားတွေ၊ -
0:11 - 0:13အင်ဂျင်နီယာသင်ခဲ့သူတေွက အင်ဂျင်နီယာတွေလေ။
-
0:14 - 0:16တကယ်က ဒီလူတွေဟာ ထုံးစံမဟုတ်တော့ပဲ
-
0:16 - 0:18ခြွင်းချက်ပါ။
-
0:18 - 0:21၂၀၁၀ လေ့လာမှုတစ်ခုမှာ တွေ့ရတာက
ကောလိပ်ဘွဲ့ရ လေးပုံတစ်ပုံပဲ -
0:21 - 0:23ဘွဲ့နဲ့ဆိုင်တဲ့ နယ်ပယ်တစ်ခုမှာ
အလုပ်လုပ်တယ်တဲ့။ -
0:24 - 0:28ကျွန်တော်ဟာ ဇီဝဗေဒဘာသာနဲ့
တစ်ဘွဲ့တင်မဟုတ် နှစ်ဘွဲ့ ရခဲ့တယ်။ -
0:29 - 0:33မိဘတွေတုန်လှုပ်သွားတာက ကျွန်တော်က ဆရာဝန်
လည်းမဟုတ် သိပ္ပံပညာရှင်လည်းမဟုတ်တာပါ။ -
0:33 - 0:35(ရယ်သံများ)
-
0:35 - 0:38DNA ပုံတူပွားခြင်းနဲ့ အပင်အစာချက်ခြင်းရဲ့
နှစ်တွေဟာ -
0:38 - 0:40နည်းပညာက အလုပ်တစ်ခုအတွက်
ကျွန်တော့ကို မပြင်ဆင်ပေးသလောက်။ -
0:41 - 0:45ရောင်းချမှု စျေးကွက်ဖော်မှု၊ ၊နည်းဗျူဟာကနေ
အကုန်လုံး ကိုယ်တိုင်သင်ယူခဲ့ရတယ်၊ -
0:45 - 0:48ပရိဂရမ်းမင်း နည်းနည်းတောင်
ကိုယ့်ဘာသာပါ။ -
0:49 - 0:52Etsy ကိုယ်ရေးအကျဉ်း မတင်ခင်က
ထုတ်လုပ်မှု မန်နေဂျာ -
0:52 - 0:53ခေါင်းစဉ်ကို တစ်ခါမှ မယူခဲ့ဖူးပါဘူး။
-
0:55 - 0:58ကျွန်တော်ဟာ Google နဲ့ အခြားမျာစွာသော
ကုမ္ပဏီတွေမှ ပယ်ချခံရပြီး -
0:58 - 0:59စိတ်ပျက်လာပါတယ်။
-
1:00 - 1:02ကုမ္ပဏီက မကြာခင်ကမှ အများပိုင်
ဖြစ်သွားတော့ -
1:02 - 1:04အလုပ်လျှောက်လွှာရဲ့ အစိတ်အပိုင်းအဖြစ်
-
1:04 - 1:07IPO အမှုတွဲတွေကို အစမှအဆုံးဖတ်ပြီး
-
1:07 - 1:11ကျွန်တော့ လုပ်ငန်းစိစစ်ချက်နဲ့ အဂင်္ါရပ်
အသစ် လေးခုပါတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို -
1:11 - 1:13ရသမျှနဲ့ တည်ဆောက်ခဲ့တယ်။
-
1:14 - 1:18ဖြစ်သွားတာက ဒီအသင်းက ဒီစိတ်ကူးတွေအနက်
နှစ်ခုကို တက်ကြစွာလုပ်နေပြီး -
1:18 - 1:20တတိယတစ်ခုကို
အသည်းအသန် စဉ်းစားခဲ့ပြီးပြီ။ -
1:21 - 1:22ကျွန်တော် အလုပ်ရခဲ့တယ်။
-
1:25 - 1:28လူတွေဟာ အစမှာ လျစ်လျူရှုတာ
ခံရပေမဲ့ သူတို့ဝေဖန်မှုတွေ မှားတာ -
1:28 - 1:30ဆက်လက်သက်သေပြကြတာ
အားလုံးသိပါတယ်။ -
1:31 - 1:32အကြိုက်ဆုံး ဇာတ်လမ်းလား၊
-
1:33 - 1:36Brian Acton ပါ၊
Twitter နဲ့ Facebook ကနေ -
1:36 - 1:39ငြင်းပယ်တာခံလိုက်ရတဲ့
အင်ဂျင်နီယာပညာ မန်နေဂျာပါ။ -
1:39 - 1:40ဒေါ်လာ ၁၉ ဘီလီယံနဲ့ ရောင်းချမယ့်
-
1:41 - 1:44မိုဘိုင်း သတင်းပေးပို့ခြင်း စနစ်
WhatsApp ကို ပူးပေါင်းမတည်ထောင်ခင်ကပါ။ -
1:46 - 1:49၂၀ ရာစုမှာ ဆောက်တဲ့ အလုပ်ခန့်စနစ်တွေက
ကျွန်တော်တို့ကို -
1:49 - 1:52ကျဆုံးကာ၊ မယုံနိုင်တဲ့အစွမ်းရှိတဲ့ လူတွေ
ကို လက်လွတ်ဆုံးရှုံးနေစေတယ်။ -
1:53 - 1:55စက်ရုပ်ပညာ တိုးတက်မှုတွေနဲ့
စက်သင်ကြားရေး၊ -
1:55 - 1:57အလုပ်လုပ်ပုံ ပြောင်းလဲခြင်း၊
-
1:57 - 2:00အလုပ်များစွာမှာ ပုံသေလုပ်ဆောင်မှုတွေကို
စက်ဖြင့်လုပ်ဆောင်ခြင်း -
2:01 - 2:05တစ်ဖက်မှာက အခြားတွေထဲက လူသား လုပ်အားကို
တိုးပွား၊ ပွားများအောင်လုပ်ခြင်းတွေပါ။ -
2:05 - 2:09ဒီနှုန်းမှာ ကျန်တဲ့ အလုပ်အကိုင်
အားလုံးအတွက် အရင်က မလုပ်ဖူးတဲ့အလုပ်တွေ -
2:10 - 2:11လုပ်ဖို့ မျှော်လင့်နေသင့်ပါတယ်။
-
2:12 - 2:15မနက်ဖြန်ရဲ့ စွမ်းဆောင်မှု
မြင့်တဲ့သူတွေ ရှာဖို့ -
2:15 - 2:17လိုအပ်တဲ့ ကိရိယာတွေနဲ့ ဗျူဟာတွေက ဘာတွေလဲ။
-
2:18 - 2:22အဖြေတွေရှာရာမှာ ကဏ္ဍများစွာက
ခေါင်းဆောင်တွေနဲ့ တိုင်ပင်ခဲ့တယ်၊ -
2:22 - 2:25ဒါဇင်ချီတဲ့ အစီရင်ခံစာတွေ၊ သုတေသန
စာတမ်းတွေ ဖတ်ခဲ့ပြီး -
2:25 - 2:27ကိုယ်ပိုင် အရည်အချင်း စမ်းပ်မှုတွေ
ပြုလုပ်ခဲ့တယ်။ -
2:28 - 2:30ရှာဖွေမှုက ပြီးဖို့ အဝေးကြီးဆိုပေမဲ့
-
2:30 - 2:33ရှေ့ဆက်လှမ်းဖို့ စိတ်ကူး သုံးခုရှိပါတယ်။
-
2:33 - 2:36တစ်၊ သင့်ရှာဖွေမှုကို ချဲ့ထွင်ပါ။
-
2:36 - 2:39ကျွန်တော်တို့ အမြဲရှာနေကျနေရာမှာပဲ
ပင်ကိုယ်စွမ်းရည်ကိုရှာရင် -
2:39 - 2:41ပါရမီရှင်ကလေး အစီအစဉ်တွေ၊
Ivy League ကျောင်းတွေ၊ -
2:41 - 2:43ဂုဏ်သတင်းကြီးတဲ့ အဖွဲ့အစည်းတွေဆို
-
2:43 - 2:46ကျွန်တော်တို့မှာ အမြဲရနေတဲ့
ရလဒ်တွေပဲ ရတော့မှာပါ။ -
2:46 - 2:50ဘေ့စ်ဘော ပြောင်းလဲသွားတာက
ဘိုငိကျနေတဲ့ Oakland Athletics ဟာ -
2:50 - 2:52အမှတ်မမြင့်တဲ့ ကစားသမားတွေ
စစုဆောင်းတဲ့အခါမှာပါ။ -
2:52 - 2:55အစဉ်အလာ ပြေး ဝင်ရိုက်လို
အဖိုးတန် အရည်အချင်းတွေဆိုပေမဲ့ -
2:55 - 2:58အသင်းကို အမှတ်တွေရဖို့၊ ကစားပွဲတွေ
နိုင်အောင် ကူညီတဲ့ -
2:58 - 2:59အရည်အချင်းရှိသူတွေပါ။
-
3:00 - 3:02ဒီအယူအဆကက အားကစား အပြင်မှာ
လွှမ်းမိုးနေတယ်။ -
3:02 - 3:05Pinterest က ဒီဇိုင်းနဲ့ သုတေသန ဦးစီးက
-
3:05 - 3:07ကျွန်တော့ကို ပြောတာက Silicon Valley မှာ
-
3:07 - 3:09အစုံဆုံးနဲ့ စွမ်းဆောင်မှု မြင့်တဲ့အသင်းတွေ
-
3:09 - 3:12တည်ဆောက်ထားတာက
ပင်ကိုယ်အစွမ်းကို လူတစ်မျိုးက -
3:12 - 3:14လက်ဝါးကြီးမအုပ်တာကို ယုံကြည့်လို့ပါ။
-
3:14 - 3:17ပင်မ နည်းပညာ ဗဟိုတွေအပြင်
ကြည့်ဖို့၊နောက်ခံသမိုင်းမဟုတ်ပဲ -
3:17 - 3:19
ကိုယ်ရေးအချက်အလက်ကိုပဲ အာရုံစိုက်ဖို့ -
3:19 - 3:21ကြိုးစားလုပ်ခဲ့တယ်။
-
3:22 - 3:24နှစ်။ စွမ်းဆောင်မှုအတွက် ခန့်ပါ။
-
3:25 - 3:27ကိုယ်ပိုင် အလုပ် အတွေ့အကြုံက စေ့ဆော်မှုနဲ့
-
3:27 - 3:30Headlight ခေါ်တဲ့ အလုပ်ခန့်တဲ့
စနစ် ပူးပေါင်းတည်ထောင်တယ် -
3:30 - 3:33ဒါက အလုပ်လျှောက်သူတွေကို
တောက်ပဖို့ အခွင့်အလမ်းပေးတယ်။ -
3:33 - 3:36အသင်းတွေမှာ စမ်းသပ်မှုတွေ
ပြဇာတ်တွေမှာ အစမ်းလုပ်တာရှိသလို -
3:36 - 3:39အလုပ်လျှောက်သူတွေကို မခန့်မီ
သူတို့ရဲ့ ကျွမ်းကျင်မှုတွေ -
3:39 - 3:40ထုတ်ပြဖို့ မေးသင့်ပါတယ်။
-
3:40 - 3:44ကျွန်တော်တို့ ဖောက်သည်တွေဟာ ၈၅ နှစ်
အလုပ်ခန့်မှု သုတေသနက အကျိုးရနေတယ်။ -
3:44 - 3:45ဒါက အလုပ်နမူနာတွေဟာ အလုပ်
-
3:45 - 3:48အောင်မြင်မှုရဲ့ အကောင်းဆုံး
နိမိတ်တေွကတစ်ခုလို့ ပြတယ် -
3:49 - 3:50ဒေတာ စိစစ်သူတစ်ယောက်ခန့်မယ်ဆိုရင်
-
3:50 - 3:54သမိုင်းဆိုင်ရာ ဒေတာစာရွက်တစ်ခုပေးပြီး
သူတို့ရဲ့ အဓိက ထိုးထွင်းအမြင်တွေ တောင်းပါ -
3:54 - 3:56စျေးကွက် မန်နေဂျာတစ်ဦး ခန့်မယ်ဆိုရင်
-
3:56 - 3:58ထုတ်ကုန်သစ်အတွက်
လှုံဆော်ပွဲစဖို့ အစီအစဉ်ချပါစေ။ -
3:58 - 4:02သင်ဟာ အလုပ်လျှောက်သူဆိုရင်
အလုပ်ရှင်မေးတာကို မစောင့်ပါနဲ့။ -
4:02 - 4:06ပုံမှန် ကိုယ်ရေးအကျဉ်းနဲ့ အပေါ်စာအပြင်ဘက်က
သင့်ရဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှုတွေနဲ့ -
4:06 - 4:08ကျွမ်းကျင်မှုတွေကို ပြသဖို့
နည်းလမ်းတွေ ရှာဖွေပါ။ -
4:09 - 4:12သုံး။ ပိုကြီးမားတဲ့ ရုပ်ပုံကိုရပါစေ။
-
4:13 - 4:16ကိုယ်ရေးအကျဉ်းက တာဝန်တိုတာ အခြေခံ
ကာ အလုပ်လျှောက်သူကို အလုပ်မမြဲသူလို့ -
4:16 - 4:19အမြန် တံဆိပ်ကပ်တဲ့ ဝန်ထမ်းသစ်
စုသူတွေအကြောင်း ကြားဖူးတယ်။ -
4:19 - 4:23နာမည်က လူဖြူအစား လူမည်း (သို့) အာရှသား
ဖြစ်လို့ ကျောင်းသားတွေဆီက သတင်းတိုကို -
4:24 - 4:28လျစ်လျှူရှုဖို့ ပိုဖြစ်နိုင်ခြေရှိတဲ့
ပါမောက္ခတွေအကြောင်းဖတ်ဖူးတယ်။ -
4:29 - 4:31ကလေးတုန်းက အထူးလိုအပ်တဲ့
လမ်းကြောင်းမှာ အထားခံရလုလုပါ -
4:32 - 4:34သူငယ်တန်းဝင်ဖို့ တစ်လမှာ
-
4:34 - 4:35ဆရာက ဘာမှမဟုတ်ပေပမဲ့ ကျွန်တော်က
-
4:35 - 4:37စိတ်လိုက်မာန်နဲ့၊ ဂရုစိုက်မှု ကာလတိုတယ်
-
4:37 - 4:39လို့ တစ်မျက်နှာစာ မှတ်စုရေးခဲ့တယ်။
-
4:39 - 4:41ကျွန်တော့ရဲ့ ထူးဆန်းတဲ့ သိလိုစိတ်ဆိုပေမဲ့
-
4:41 - 4:43တွဲလုပ်ဖို့ ဟောဟဲလိုက်နေတာပေါ့။
-
4:43 - 4:45(ရယ်သံများ)
-
4:46 - 4:49အစည်းအဝေးတစ်ခုမှာ ကျောင်းအုပ်ကြီးက
ကျွန်တော့ မိဘတွေကိုမေးတယ်၊ -
4:49 - 4:52မွေးတုန်းက ရောဂါဖြစ်ခဲ့လားလို့
အမေ့ကို မေးခဲ့ပြီး -
4:52 - 4:55ကျွန်တော့ကို ကျောင်းက စိတ်ပညာရှင်နဲ့
တွေ့ဖို့ အကြံပေးခဲ့တယ်။ -
4:55 - 4:56ဖြစ်ပျက်နေတာကို အဖေက မြင်တော့
-
4:56 - 4:58မိသားစုအခြေအနေကို အမြန်ရှင်းပြခဲ့တယ်။
-
4:59 - 5:02မကြာခင်က ပြောင်းလာသူတွေဆိုတော့
စိတ်ချို့ယွင်းနေတဲ့ -
5:02 - 5:05လူကြီးတွေကို စောင့်ရှောက်တဲ့ အိမ်ရဲ့
ထပ်ခိုးမှာ နေခဲ့ရတယ်။ -
5:05 - 5:08စရိတ်ကာမိဖို့ မိဘတွေဟာ
ညဘက် အလုပ်လုပ်ခဲ့ပြီး -
5:08 - 5:11ကျွန်တော်ဟာ ကိုယ့်ရွယ်တူတွေနဲ့
အချိန်ကုန်ခွင့် မရှိခဲ့သလောက်ပါ။ -
5:12 - 5:16တက်ကြွမှုလိုနေတဲ့ ငါးနှစ်သားလေးဟာ
သူတစ်ကိုယ်တည်း နွေရာသီတစ်ခုလုံးအပြီးမှာ -
5:16 - 5:18သူငယ်တန်း စာသင်ခန်းတစ်ခုမှာ
မဆိုစလောက် စိတ်လှုပ်ရှားတာ -
5:18 - 5:20တကယ့်အံ့သြစရာလားဗျာ။
-
5:21 - 5:24တစ်ယောက်ယောက်ရဲ့ ခြုံငုံတဲ့ အမြင်ကိုမရခင်
-
5:24 - 5:28သူတို့အပေါ် အကဲဖြတ်ချက်ဟာ
အမြဲတမ်း အားနည်းချက်ရှိနေပါမယ်။ -
5:29 - 5:33အတွေ့အကြုံကို ကျွမ်းကျင်မှုနဲ့၊
အထောက်အထားကို ပြိုင်လုပ်နိုင်စွမ်းနဲ့ -
5:33 - 5:35တန်းတူထားတာ ရပ်လိုက်ရအောင်။
-
5:36 - 5:39စိတ်ချရတဲ့၊ ရင်းနှီးနေတဲ့ ရွေးချယ်မှု
သတ်မှတ်တာကို ရပ်တန့်ပြီး -
5:39 - 5:42အံ့သြဖွယ်ဖြစ်နိုင်တဲ့ တစ်ယောက်ယောက်
အတွက် တံခါးဖွင့်ထားရအောင်။ -
5:44 - 5:47လိုတာက ခေတ်ကုန်နေတဲ့ အလုပ်ခန့်တဲ့
အလေ့အထတွေကိုစွန့်လွှတ်ပြီး -
5:47 - 5:50အစွမ်းကို ဖော်ထုတ်၊ ပျိုးထောင်ပေးတဲ့
နည်းသစ်တွေကျင့်သုံးတဲ့ အလုပ်ရှင်တွေ -
5:51 - 5:54စွမ်းအားရှိ၊ဆွဲဆောင်တဲ့့ နည်းတွေနဲ့
ဇာတ်လမ်းပြောဖို့ သင်ရင်း -
5:54 - 5:56ကူနိုင်တဲ့ အလုပ်လျှောက်သူတွေပါ။
-
5:57 - 6:01လူတွေအမှန်တကယ် တတ်စွမ်းတာအတွက်
မြင်ရပြီးသူတို့ရဲ့ ပြည့်ဝတဲ့ အစွမ်းကို -
6:02 - 6:05သဘောပေါက်ဖို့ အခွင့်အလမ်းရှိတဲ့
ကမ္ဘာတစ်ခုမှာ ကျွန်တော်တို့ နေနိင်ပါတယ်။ -
6:06 - 6:08ဒီတော့ အပြင်ထွက်ပြီး
တည်ဆောက်လိုက်ရအောင်။ -
6:09 - 6:10ကျေးဇူးတင်ပါတယ်။
-
6:10 - 6:17(လက်ခုပ်သံများ)
- Title:
- အလုပ်တစ်ခု ရှာနေတာလား။ ဦးစားပေးဖော်ပြရမှာက သင့်အတွေ့အကြုံမဟုတ်ပဲ၊ သင်ရဲ့ ကျွမ်းကျင်မှုကိုပါ။
- Speaker:
- Jason Shen
- Description:
-
ကျွန်တော်တို့ မဆိုစလောက်ပဲ ကျွန်တော်တို့ရဲ့ အရင်က အတွေ့အကြုံ (သို့) ကောလိပ်မှာ သင်ကြားခဲ့တာတွေနဲ့ တိုက်ရိုက် အကျုံးဝင်တဲ့ အလုပ်တွေကို ထမ်းဆောင်ကြပါတယ်။ TED Resident Jason Shen ကိုကြည့်လိုက်ပါ၊ သူဟာ ဇီဝဗေဒကို လေ့လာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နည်းပညာ ကုမ္ပဏီတစ်ခုမှာ ထုတ်လုပ်ရေး မန်နေဂျာဖြစ်လာခဲ့ပါတယ်။ ဒီသွက်လက်ပြီး ထိုးထွင်းအမြင်ရှိတဲ့ လူသားစွမ်းရည်အကြောင်း ဟောပြောချက်မှာ Shen ကနေပြီး အလုပ်ရှာနေသူတွေ ဆွဲဆောင်မှုပိုရှိဖို့ သူတို့ကိုယ်သူတို့လုပ်နိုင်ပုံအကြောင်း တွေးခေါ်ခြင်းအသစ်တစ်ချို့နဲ့ ဘာကြောင့် အလုပ်ရှင်တွေဟာ သက်သေခံအထောက်အထားတွေထက် ကျွမ်းကျင်မှုကို ကြည့်သင့်တယ်ဆိုတာကို မျှဝေထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 06:30
![]() |
sann tint approved Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
Myo Aung accepted Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
Myo Aung edited Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
sann tint edited Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
sann tint edited Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
sann tint edited Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
sann tint edited Burmese subtitles for Looking for a job? Highlight your ability, not your experience | |
![]() |
sann tint edited Burmese subtitles for Looking for a job? Highlight your ability, not your experience |