Return to Video

ပန်းချီဆရာ Jean-Michel Basquiat ရဲ့ ဖရိုဖရဲ တောက်ပထက်မြက်မှု။ Moore Saggese

  • 0:08 - 0:12
    မိုးပြာရောင် ပတ္တူစတစ်စကို
    ဧရာမဦးခွံတစ်ခုက ဆုတ်ဖြဲဖွင့်လိုက်တယ်။
  • 0:12 - 0:16
    ဆီဆေးနဲ့ မှုတ်ဆေးရဲ့ ကလီစာ ရှရာတွေကနေ
    သွားဖြဲပြခဲ့တယ်။
  • 0:16 - 0:17
    ၂၀၁၇ ခုနှစ်မှာ၊
  • 0:17 - 0:23
    ဒီခေါင်းစဉ်မဲ့ ပန်းချီလက်ရာကို ဒေါ်လာ
    သန်း ၁၁၀ ကျော်နဲ့ လေလံတင်ရောင်းခဲ့တယ်။
  • 0:23 - 0:25
    ဒါပေမဲ့ ဒါဟာ ရှေး ဆရာကြီး
    တစ်ဆူရဲ့လက်ရာတော့ မဟုတ်ဘူး။
  • 0:25 - 0:27
    ဒီပါရမီရှင် စုတ်ချက်တွေက
  • 0:27 - 0:31
    ၂၁ နှစ်သား လူမည်း Brooklynite Jean-Michel
    Basquiat နဲ့ဆိုင်တာပါ။
  • 0:31 - 0:34
    အမေရိကရဲ့ ဩဇာအရှိဆုံး
    ပန်းချီဆရာတွေထဲက တစ်ဦးပါ။
  • 0:34 - 0:36
    လောလောဆယ်မှာတော့ အမြင့်ဆုံး
    ရောင်းဈေးပါ။
  • 0:36 - 0:40
    ဟေတီသား အဖေနဲ ပြူရစ်တိုရိကန်သူ
    အမေက ၁၉၆၀ မှာ သူ့ကို ဖွားမြင်ခဲ့တယ်။
  • 0:40 - 0:44
    Basquiat ဟာ Boerum Hill မှာ ပန်းချီဆွဲကာ
    ကျီစယ်ကာ ကလေးဘဝကို ကုန်ဆုံးခဲ့တယ်။
  • 0:44 - 0:46
    ကျောင်းတစ်ခါမှ မတက်ဖူးပေမဲ့၊
  • 0:46 - 0:48
    New York ပန်းချီပြခန်းတွေမှာ
    လျှောက်သွားရင်း၊
  • 0:48 - 0:50
    သူ့အဖေ အိမ်မှာ တီးတဲ့ ဂီတကို
    နာထောင်ရင်း သင်ယူခဲ့တယ်။
  • 0:50 - 0:53
    မမျှော်လင့်တဲ့ နေရာတွေကနေ
    စေ့ဆော်မှုကို ရယူပြီး
  • 0:53 - 0:58
    သူ့မူပိုင် ကာတွန်းတွေ၊ ရုပ်ပြောင်
    စာအုပ်တွေ၊ သမ္မာကျမ်း ရှုခင်းတွေကို
  • 0:58 - 1:00
    သူ့အဖေရုံးက စာရွက်အစအန
    တွေမှာ ရေးခြစ်နေခဲ့တယ်။
  • 1:00 - 1:03
    ဒါပေမဲ့ ဒါက ဘယ်နည်းနဲ့မဆို
    Basquiat အပေါ်
  • 1:03 - 1:06
    သြဇာအကြီးဆုံး သက်ရောက်စေတဲ့
    ဆေးဝါး စွယ်စုံကျမ်းတစ်ခုပါ။
  • 1:06 - 1:09
    Jean-Michael ကားတိုက်ခံရတော့
  • 1:09 - 1:12
    သူ့အမေက "Grey’s Anatomy" တစ်အုပ်ကို
    ဆေးရုံကုတင်ဆီ ယူလာပေးတယ်။
  • 1:12 - 1:15
    ဒါက နောက်ပိုင်းလက်ရာထဲက ဦးခွံတွေ၊
    အရွတ်နဲ့ အူတွေကိုပြတဲ့
  • 1:15 - 1:19
    ခန္ဓာနဲ့ပတ်သက်ပြီး တစ်သက်တာ
    စိတ်ဝင်စားမှုကို အစပျိုးပေးခဲ့တယ်။
  • 1:19 - 1:24
    ၎င်းက ဘေးဖယ်ခံနေရတဲ့ ခန္ဓာကိုယ်တွေရဲ့
    အစွမ်းနဲ့ ပျော့ကွက်ကို စူးစမ်းပါတယ်။
  • 1:24 - 1:29
    ၁၇ နှစ်မတိုင်ခင် ပထမဆုံး ကြိုးပမ်းမှုကို
    မိတ်ဆွေ Al Diaz နဲ့ ပန်းချီ လောကမှာ တင်တယ်
  • 1:29 - 1:33
    အသိခက်တဲ့ တင်ပြချက်တွေနဲ့ သင်္ကေတတွေကို
    Lower Manhattan, တစ်ခုလုံးကို ဆေးမှုတ်တယ်။
  • 1:33 - 1:36
    ပဟေဠိဆန်တဲ့ SAMO အမည်နဲ့
    လက်မှတ်ထိုးခဲ့တယ်။
  • 1:36 - 1:39
    ဒီရယ်စရာ၊ နက်ရှိုင်းပြီး ဖီဆန်တဲ့
    ကြေညာချက်တွေဟာ
  • 1:39 - 1:42
    Soho ရဲ့ ပန်းချီမြင်ကွင်း
    အနှံ့အပြားမှာ ပျံ့ကြဲနေတယ်။
  • 1:42 - 1:45
    သူ့ကိုယ်သူ ပန်းချီဆရာအဖြစ်
    ခံယူပြီးတဲ့နောက်
  • 1:45 - 1:48
    Basquiat ဟာ ကိုယ်တိုင် မြင်ကွင်းထဲဝင်ဖို့
    SAMO ရဲ့အောင်မြင်မှုကို မြှင့်တင်တယ်၊
  • 1:48 - 1:52
    ပို့စ်ကဒ်တွေရောင်း၊ သူရဲ့ အတွေးသစ်
    တီးဝိုင်းအဖွဲ့နဲ့ ကလပ်ရိုက်၊
  • 1:52 - 1:54
    သူ့ဇာတ်လိုက်တွေကို ရဲရင့်စွာ ရှာဖွေရင်းပါ။
  • 1:54 - 1:56
    ၂၁ နှစ် မတိုင်ခင် ပန်းချီကို
    အချိန်ပြည့် ဆွဲခဲ့တယ်။
  • 1:56 - 1:59
    သူ့လုပ်ငန်းစဉ်က ရည်ရွယ်ထားတဲ့
    ကျပန်းဖန်တီးမှုပါ။
  • 1:59 - 2:00
    အရေး အပိုင်းအစတွေကို
  • 2:00 - 2:04
    ပိုင်းပြီးပြန်စုကာ သူတို့လက်ရာတွေကို
    သီကုံးတဲ့ စည်းချက်ကျ စာရေးဆရာတွေလို
  • 2:04 - 2:08
    Basquiat ဟာ သူ့ကုန်ကြမ်းတွေကို ပြန်
    ရောစပ်ဖို့ အလားတူနည်းတွေ သုံးခဲ့ပါတယ်။
  • 2:08 - 2:09
    ပတ္တူစဖိုး မတတ်နိုင်တဲ့အခါ
  • 2:09 - 2:12
    လမ်းပေါ်မှာတွေ့တဲ့ စွန့်ပစ်
    သစ်သားတွေကနေ ပုံသွင်းယူခဲ့တယ်။
  • 2:12 - 2:16
    ဆီခဲ၊ ရောင်စုံခဲတံတွေ၊
    မှုတ်ဆေးနဲ့ ခဲကိုသုံးခဲ့ပြီး
  • 2:16 - 2:20
    ဟင်းလျာစာရင်းတွေ၊ ရုပ်ပြစာအုပ်တွေနဲ့
    ပြဌာန်းစာအုပ်တွေက အကိုးအကားတွေယူ၊
  • 2:20 - 2:22
    အလုပ်ခန်း ကြမ်းပြင်မှာ ဖွင့်ထားတယ်။
  • 2:22 - 2:25
    ဒီရင်းမြစ်တွေကို
    အလုပ်ခန်း ကြမ်းပြင်မှာ ဖွင့်ထားတယ်၊
  • 2:25 - 2:27
    မကြာခဏ ပရောဂျက် ပေါင်းစုံကို
    တစ်ခါတည်းလုပ်တယ်။
  • 2:27 - 2:31
    အပိုင်းပိုင်းကွဲနေတဲ့ ခန္ဓာဗေဒကို သဲ့ယူကာ
    ဂန္ထဝင် သက်ငြိမ်မြင်ကွင်းတွေက
  • 2:31 - 2:34
    ပြောင်းယူထားတဲ့ ဦးခေါင်းခွံတွေကို
    ပြန်လည်အနက်ကောက်တယ်။
  • 2:34 - 2:39
    Basquiat လက်ရှိကာလ အတွေ့အကြုံတွေနဲ့ အနုပညာ
    သမိုင်းကို ဆန်းသစ်တဲ့ စက္ခုဘာသာစကားအဖြစ်
  • 2:39 - 2:41
    ရည်ရွယ်ချက်တစ်မျိုးဖြင့်
    ပြောင်းလဲအသုံးပြုတယ်။
  • 2:41 - 2:45
    သူငှားထားတဲ့ ပန်းချီပညာရှင်တွေရဲ့
    အမွေအနှစ်မှာကိုယ်တိုင် ထည့်သလိုလုပ်ခဲ့တယ်၊
  • 2:45 - 2:49
    အချင်းချင်းရှိနေသလို အနုပညာသမိုင်းနဲ့
    စကားတွေ အများကြီးပြောနေသလိုလို
  • 2:49 - 2:51
    ဖြတ်ညှပ်ကပ်တွေထုတ်လုပ်တာပါ။
  • 2:51 - 2:54
    ဥပမာအနေနဲ့
    "Toussaint L’Overture versus Savonarola"
  • 2:54 - 2:57
    နဲ့ "Undiscovered Genius of the
    Mississippi Delta" ဟာ
  • 2:57 - 3:02
    Basquiat ရဲ့ သမိုင်းနဲ့ ခေတ်ပြိုင်
    ပူပန်မှုတွေရဲ့ ထင်ရှားတဲ့ အမြင်တွေပါ။
  • 3:02 - 3:04
    ဒါပေမဲ့ အသေးစိတ်မှာ
    အချင်းချင်း ပဲ့တင်ပြန်တယ်
  • 3:04 - 3:08
    "PPCD" ထဲမှာလည်း ပြန်ပေါ်တဲ့
    ဦးခေါင်း ပြန်ပေါ်တာမျိုးပေါ့။
  • 3:08 - 3:11
    ဒီလက်ရာအားလုံးဟာ Basqulat ရဲ့
    မနားမနေနေပဲ အလုပ်သွက်တဲ့ စိတ်ရဲ့
  • 3:11 - 3:14
    ရုပ်ပိုင်း အထောက်အထားကို ပြသတဲ့
    ကွန်ရက်တစ်ခုဖွဲ့ပေးတယ်။
  • 3:14 - 3:17
    ဒီဖရိုဖရဲ ပတ္တူတွေဟာ လျင်မြန်တဲ့
    ဂုဏ်ပြုမှု၊ အာရုံစိုက်မှုရတယ်
  • 3:17 - 3:20
    ဒါပေမဲ့ သူ့ရဲ့ပရိတ်သတ်
    တိုးကာတိုးကာလာပေမဲ့
  • 3:20 - 3:23
    Basquiat ဟာ
    ပင်ကိုယ်စရိုက်နဲ့ ဖိနှိပ်မှုရဲ့
  • 3:23 - 3:25
    စိန်ခေါ်မှုရှိတာတွေကို
    မရမက သရုပ်ဖော်တယ်။
  • 3:25 - 3:29
    ထောင်သား၊ထမင်းချက်၊အစောင့်တွေလို အပစ်ပယ်ခံ
    ပုဂ္ဂိုလ်တွေဟာ စင်အလယ်မှာ နေရာယူလာကြတယ်။
  • 3:29 - 3:33
    ခန္ဓာကိုယ်တွေ၊ သမိုင်းနဲ့ သဏ္ဌာန်ပြုမှုနဲ့
    ဆိုင်တဲ့ သူ့ရဲ့စွဲလမ်းမှုကို
  • 3:33 - 3:37
    အတ္တလန်တိတ် ကျွန်ရောင်းဝယ်မှု၊ အာဖရိကန်
    သမိုင်းကိုလှုံဆော်တဲ့ လက်ရာတွေမှာတင်မက
  • 3:37 - 3:41
    ခေတ်ပြိုင် လူမျိုးရေး ဆက်စပ်မှုအပေါ်
    စူးစိုက်တဲ့ လက်ရာတွေလည်း မြင်နိုင်ပတယ်။
  • 3:41 - 3:42
    ဆယ်စုနှစ်မရှိတရှိအတွင်း
  • 3:42 - 3:45
    Basquiat ဟာ ပန်းပုတွေ၊ ကဗျာ၊ ဂီတ
    အပိုင်းအစတွေနဲ့အတူ
  • 3:45 - 3:48
    ထောင်ချီတဲ့ ပန်းချီတွေနဲ့
    ကားချပ်တွေကို ဖန်တီးခဲ့တယ်။
  • 3:48 - 3:52
    ထုတ်လုပ်မှုက သူရဲ့တစ်ရှိန်ထိုး
    ကျော်ကြားမှုနဲ့ယှဉ်ကာ အရှိန်မြင့်ခဲ့ပေမဲ့
  • 3:52 - 3:54
    သူ့ဘဝနဲ့ လက်ရာဟာ ဝမ်းနည်းဖွယ်ရာ
    တိုတောင်းခဲ့ရတာက
  • 3:54 - 3:58
    အသက် ၂၇ နှစ်မှာ ဆေးအလွန်အကျွံ
    သုံးစွဲမှုကြောင့်သေဆုံးတဲ့အခါမှာပါ။
  • 3:58 - 4:01
    သူသေဆုံးပြီးနောက်မှာ Basquiat ရဲ့
    လက်ရာဟာ တန်ဖိုးတက်လာရုံမက
  • 4:01 - 4:03
    သူ့ရဲ့လက်ရာတွေရဲ့ စွမ်းအင်နဲ့ အသွင်က
  • 4:03 - 4:06
    ၎င်းတို့ရဲ့ငွေကြေး တန်ဖိုးထက်
    များစွာ အကျိုးသက်ရောက်ခဲ့တယ်။
  • 4:06 - 4:12
    ယနေ့ သူ့ရဲ့သြဇာဟာ ကျွန်ုပ်တို့ဝန်းကျင်က
    ဂီတ၊ ကဗျာ၊ ဖက်ရှင်၊ ရုပ်ရှင်မှာ ဝေ့လည်ပြီး
  • 4:12 - 4:17
    သူ့အနုပညာဟာ ချောက်ချားဖို့၊စေ့ဆော်ဖို့နဲ့
    သဘောတွေ့ဖို့အစွမ်းကို ထိန်းထားတယ်။
Title:
ပန်းချီဆရာ Jean-Michel Basquiat ရဲ့ ဖရိုဖရဲ တောက်ပထက်မြက်မှု။ Moore Saggese
Speaker:
Moore Saggese
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-chaotic-brilliance-of-artist-jean-michel-basquiat-jordana-moore-saggese တွင်ကြည့်ရှုပါ။
အရေးအသားရဲ့ အပိုင်းအစတွေကို အပိုင်းပိုင်းဖြတ်ပြီး ပြန်စုစည်းကာ သူတို့လက်ရာတွေကို သီကုံးတဲ့ စည်းချက်တကျရေးတဲ့ စာရေးဆရာတွေလိုပဲ ပန်းချီဆရာ Michel Basquiat ဟာ
လည်း သူ့ရဲ့ ကုန်ကြမ်းတွေကို ပြန်လည်ရောစပ်ဖို့ အလားတူနည်းတွေ အသုံးပြုခဲ့ပါတယ်။ အပိုင်းပိုင်းကွဲနေတဲ့ ခန္ဓာဗေဒကို သဲ့ယူရင်း သမိုင်း မြင်ကွင်းတွေနဲ့ ဦးခေါင်းခွံတွေကို ပြန်လည်အနက်ကောက်ကာ လက်ရှိ ကာလ အတွေ့အကြုံတွေနဲ့ အနုပညာသမိုင်းကို ဆန်းသစ်တဲ့ စက္ခုပသာဒ ဘာသာစကားတစ်ခုအဖြစ် မတူညီတဲ့ ရည်ရွယ်ချက်တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုထားပါတယ်။
သင်ခန်းစာကို Jordana Moore Saggese ကပြုစုပြီး Héloïse Dorsan Rachet က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:21

Burmese subtitles

Revisions