-
ဆိုပါစို့။ ဒီမှာ အလင်းတန်းတစ်ခု၊ အမှတ် A နေစပြီး အမှတ် B ကိုဖြတ်သွားတယ်။ ကျွန်တော်တို့က
-
ဒီအလင်းတန်းကို.. (မျဉ်းကြောင်းကိုနည်းနည်း ဖြောင့်အောင်ဆွဲလိုက်ဦးမယ်) ဒီအလင်းတန်းကို AB လို့ခေါ်နိုင်တယ်။
-
ဒီအလင်းတန်း AB ဟာ A မှာစတယ် (သို့) စမှတ် A ရှိတယ်။
နောက်ပြီးတော့ ဒီဘက်မှာ အလင်းတန်း AC လည်းရှိမယ်။
-
C ကိုဒီထားမှာရှိတယ်လို့ထားရင် ကျွန်တော်တို့ C ကိုဖြတ်သွားမယ့် အလင်းတန်းတစ်ခု ဆွဲလို့ရတယ်။ ဒါက အလင်းတန်း AC ပေါ့။ ဒီမှာစိတ်ဝင်စားစရာဖြစ်လာတာက
-
ဒီအလင်းတန်းနှစ်ခုလုံးမှာ တစ်ထပ်တည်း တူညီတဲ့ ဆုံမှတ်တစ်ခုရှိနေတယ်။
(အဲဒါက ဒီ A ဆိုတဲ့စမှတ်ပေါ့)
-
ယေဘုယျအားဖြင့် ဆုံမှတ်တစ်ခုမှာ ထပ်တူကျနေတဲ့ အလင်းတန်းနှစ်ခုဟာ ထောင့်(Angle) တစ်ခု ကို ဖြစ်ပေါ်စေတယ်။
-
ကြည့်ရှူသူတွေက ထောင့်ဆိုတာ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။
ကျွန်တော် သိသလောက်တော့
-
Angle ဆိုတာ ထောင့်ချိုးကို လက်တင်ဘာသာနဲ့ ခေါ်တာတဲ့ဗျ။ ဒါဖြစ်နိုင်တယ်။ ဒီမှာ ထောင့်ချိုးတစ်ခုဖြစ်နေတယ်လေ အမှတ် A မှာ။
-
ဂျီသြမေတြီ အဓိပ္ဗာယ်ဖွင့်ဆိုချက်အရဆိုရင်တော့
-
မျဉ်းကြောင်းနှစ်ခုမှာ တူညီတဲ့ဆုံမှတ်တစ်ခုရှိတဲ့အခါ ထောင့်ဖြစ်တာပဲဗျ။ အဲဒီ ဆုံမှတ်ကို ထောင့်စွန်းမှတ်လို့ ခေါ်တယ်။
-
ဒီတော့ အမှတ် A က AB နဲ့ AC မျဉ်းနှစ်ခုရဲ့ ဆုံမှတ်တင်မကဘူး။ အဲဒီနှစ်ခုဆုံပြီးဖြစ်လာတဲ့ ထောင့်ရဲ့ ထောင့်စွန်းမှတ်လည်း ဖြစ်တယ်။
-
နောက်ထပ် စဉ်းစားစရာ အချက်က အဲဒီထောင့်ကို နာမည်ဘယ်လိုခေါ်မလဲဆိုတာပဲ။
-
အဲဒီထောင့်ကို ထောင့် A လို့ပဲ အလွယ်တကူခေါ်နိုင်တယ်လို့ တွေးကောင်းတွေးနေမှာပဲ။ ဒါပေမယ့် အဲဒီလိုခေါ်ရင် ရှုပ်ထွေးလာနိုင်တာကို
-
ကျွန်တော်ပြမယ်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-