< Return to Video

လူသားတွေကို လဆီ ပို့ပေးတဲ့ ဆော့ဝဲ - Matt Porter and Margaret Hamilton

  • 0:07 - 0:11
    ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်
    ညနေ ၄ နာရီခန့်တွင်
  • 0:11 - 0:15
    လူသားမျိုးဆက်ဟာ လရဲ့ မျက်နှာပြင်ပေါ်ကို
    ခြေချဖို့ မိနစ်ပိုင်းပဲ လိုခဲ့ပါတယ်။
  • 0:15 - 0:19
    ဒါပေမဲ့ အာကာသယာဉ်မှူးတွေက သူတို့ရဲ့
    ဆင်းဖို့ နောက်ဆုံးအဆင့် မတိုင်မီလေးမှာ
  • 0:19 - 0:20
    အရေးပေါ် သတိပေးချက်မီး လင်းလာခဲ့တယ်။
  • 0:20 - 0:23
    တစ်ခုခုကြောင့် ကွန်ပျူတာဟာ
    မနိုင်မနင်း အလုပ်ပိနေလို့
  • 0:23 - 0:25
    ဆင်းသက်မှုကို ဖျက်သိမ်းရမလို ဖြစ်လာခဲ့တယ်။
  • 0:25 - 0:29
    ကမ္ဘာမြေပေါ်တွင် ကျန်ရစ်ခဲ့တဲ့ Margaret
    Hamilton ဟာ အသက်ကို အောင့်ထားခဲ့ရတယ်။
  • 0:29 - 0:32
    ပထမဦးဆုံးဖြစ်တဲ့ ပျံသန်းမှု ဆော့ဝဲ တီထွင်
    ပေးခဲ့တဲ့ အဖွဲ့ကို သူ ဦးဆောင်ပေးခဲ့တာပါ၊
  • 0:32 - 0:35
    အဲဒီအရေးထဲမှာ အမှားအတွက်
    နေရာမရှိနိုင်မှန်း သူသိခဲ့တယ်။
  • 0:35 - 0:39
    တကယ်ကျတော့ နောက်ဆုံး စက္ကန့်ကျမှ ပေါ်
    လာခဲ့တဲ့ အဲဒီ အရေးပေါ် အခြေအနေရဲ့ သဘာဝက
  • 0:39 - 0:43
    သူမရဲ့ ဆော့ဝဲ စီမံခဲ့တဲ့အတိုင်း တိကျစွာ
    အလုပ်လုပ်ခဲ့တာကို သက်သေထူပြပေးမှာပါ။
  • 0:43 - 0:48
    လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းက Indiana ရှိ Paoli
    မှာ မွေးခဲ့သူ Hamilton ဟာ စပ်စုလိုသူပါ။
  • 0:48 - 0:51
    သူဟာ Massachusetts Institute of Technology
    မှာ သုတေသီ ဖြစ်မလာခင်တွင်
  • 0:51 - 0:56
    ကောလိပ်တွင် သင်္ချာနဲ့ ဒဿနိကဗေဒကို
  • 0:56 - 0:57
    သင်ယူပြီး ဘွဲ့ကို ယူခဲ့ပါတယ်။
  • 0:57 - 1:01
    အဲဒီမှာ သူဟာ ပရမ်းပတာဖြစ်မှု သီအိုရီဆိုတဲ့
    နယ်ပယ်သစ် သုတေသနကို ပံ့ပိုးပေးရန်
  • 1:01 - 1:05
    ဆော့ဖ်ဝဲကို တီထွင်စဉ် ပထမဦးဆုံး
    ကွန်ပျူတာကို တွေ့ခဲ့ရတယ်။
  • 1:05 - 1:08
    အဲဒီနောက် MIT ရဲ့ Lincoln ဓာတ်ခွဲခန်းတွင်၊
  • 1:08 - 1:11
    Hamilton ဟာ ရန်သူ့လေယာဉ် ရှာဖွေရေး ဝေဟင်
    ကာကွယ်ရေး ပမထဦးဆုံး အမေရိကန် စနစ်အတွက်
  • 1:11 - 1:13
    ဆော့ဝဲကို ပြုစုပေးခဲ့ပါတယ်။
  • 1:13 - 1:17
    ဒါပေမဲ့ နာမည်ကြီး အင်ဂျင်နီယာ Charles
    Draper က လူသားကို လဆီ စေလွှတ်ဖို့
  • 1:17 - 1:20
    အကူအညီကို ရှာဖွေနေကြောင်း သိလိုက်ရတာနဲ့
    သူဟာ ချက်ချင်းဆိုသလို
  • 1:20 - 1:22
    သူ့အဖွဲ့ထဲ လက်တွဲပါဝင်ခဲ့ပါတယ်။
  • 1:22 - 1:25
    NASA ဟာ Draper နဲ့ အင်ဂျင်နီယာ ၄၀၀ ကျော်
    ပါတဲ့ သူ့အဖွဲ့အား
  • 1:25 - 1:29
    Apollo Guidance Computer ခေါ်တဲ့
    ဒီဂျီတယ် ပျံသန်းရေး ကွန်ပျူတာကို
  • 1:29 - 1:30
    တီထွင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။
  • 1:30 - 1:33
    အာကာသယာဉ်မှူးတွေထံမှ
    ထည့်သွင်းချက်တွေကို သုံးပြီး
  • 1:33 - 1:36
    အဲဒီကိရိယာဟာ အာကာသယာဉ်ကို
    လမ်းညွှန်ဖို့၊ မောင်းနှင်ဖို့နဲ့
  • 1:36 - 1:38
    ထိန်းချုပ်မှုကို တာဝန်ယူရမှာ ဖြစ်ပါတယ်။
  • 1:38 - 1:42
    စိတ်မချရခဲ့တဲ့ ကွန်ပျူတာတွေ
    အခန်းပြည့် နေရာယူခဲ့ချိန်မျိုးမှာ
  • 1:42 - 1:45
    AGC ဟာ အမှားအယွင်းမရှိ
    လုပ်ကိုင်ပေးရန် လိုအပ်ခဲ့ပြီး
  • 1:45 - 1:49
    တစ်ကုဗမျှသာ နေရာယူရန် လိုခဲ့ပါတယ်။
  • 1:49 - 1:52
    Draper ဟာ ဓာတ်ခွဲခန်းကို
    အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ရာ
  • 1:52 - 1:55
    တစ်ခုက ဟာ့ဒ်ဝဲ ဒီဇိုင်းထုတ်ရန်နဲ့
    နောက်တစ်ဖွဲ့က ဆော့ဝဲ ပြုစုရန် ဖြစ်ခဲ့တယ်။
  • 1:55 - 1:59
    Hamilton က အမိန့်ပေးရေးနဲ့
    လဆင်း မော်ဂျူး နှစ်ခုစလုံးအတွက်
  • 1:59 - 2:01
    အာကာသယာဉ်ပေါ် ပါသွားမယ့်
    ဆော့ဝဲကို ပြုစုဖို့ တာဝန်ယူခဲ့တယ်။
  • 2:01 - 2:05
    သူမက “ဆော့ဝဲ အင်ဂျင်နီယာ" လို့
    စခေါ်ခဲ့တဲ့ အဲဒီအလုပ်ဟာ
  • 2:05 - 2:07
    မယုံနိုင်ဖွယ် တာဝန်မြင့်မားခဲ့ပါတယ်။
  • 2:07 - 2:12
    လူသားတွေရဲ့ အသက်ကို တာဝန်ယူရမှာမို့
    ပရိုဂရမ်တိုင်း လုံးဝကို ပြည့်စုံတိကျရမယ်။
  • 2:12 - 2:16
    Margaret ရဲ့ ဆော့ဝဲက မျှော်လင့်မရတဲ့
    အမှားတွေကို လျင်မြန်စွာ ရှာနိုင်လျက်
  • 2:16 - 2:18
    အချိန်နဲ့တပြေးညီ ပြင်ပေးနိုင်စွမ်း
    ရှိဖို့ လိုအပ်ခဲ့တယ်။
  • 2:18 - 2:22
    ရှိခဲ့ကြတဲ့ ဆော့ဝဲတွေက ကြိုတင်ဆုံးဖြတ်ထား
    တဲ့ အစီအစဉ် အတိုင်းသာ လုပ်နိုင်ခဲ့ကြလို့
  • 2:22 - 2:26
    အခြေအနေကို လိုက်ပြီး ပြောင်းလဲနိုင်တဲ့
    ပရိုဂရမ် တီထွင်မှုဟာ ခက်ခဲခဲ့ပါတယ်။
  • 2:26 - 2:27
    အဲဒီပြဿနာကို ဖြေရှင်းပေးဖို့၊
  • 2:27 - 2:30
    Margaret က သူ့ပရိုဂရမ်ကို
    “ချိန်ကိုက်မတုံ့ပြန်ဖို့” ပြုစုခဲ့ရာ
  • 2:30 - 2:35
    ဆော့ဝဲရဲ့ အရေးကြီးတဲ့ အလုပ်တွေက အရေး
    မကြီးတဲ့ဟာတွေကို ရပ်တန့်နိုင်ခဲ့ကြတယ်။
  • 2:35 - 2:39
    သူမအဖွဲ့က တာဝန်တစ်ခုစီကို မတူကွဲပြားတဲ့
    ဦးစားပေးမှုကို သတ်မှတ်ပေးခဲ့ခြင်းဖြင့်
  • 2:39 - 2:42
    မျှော်လင့်မရတာတွေ ကြုံရတောင်မှ
    တာဝန်တစ်ခုစီကို
  • 2:42 - 2:45
    မှန်ကန်တဲ့ အစီအစဉ်နဲ့ အချိန်မှာ
    လုပ်ဖြစ်မှာကို အာမခံပေးပါတယ်။
  • 2:45 - 2:47
    အဲဒီလို အောင်မြင်တဲ့ တီထွင်မှု နောက်မှာ
  • 2:47 - 2:50
    သူ့ဆော့ဝဲဟာ အာကာသယာဉ်မှူးတွေ
    တပြေးညီမဟုတ်တဲ့ ဝန်ကျင်းမျိုးထဲမှာ
  • 2:50 - 2:53
    အလုပ်လုပ်နိုင်အောင် ကူပေးမှာကို
    Margaret သိနားလည်ခဲ့တယ်။
  • 2:53 - 2:55
    သူမဟာ Priority Display
    တွေကို ပြုစုပေးခဲ့ရာ
  • 2:55 - 2:57
    အာကာသယာဉ်မှူးရဲ့ ပုံမှန်တာဝန်များကို
    ရပ်တန့်လျက်
  • 2:57 - 2:59
    အရေးပေါ်အခြေအနေတွေကို
    သတိပေးရန် သုံးခဲ့တယ်။
  • 2:59 - 3:02
    အဲဒီနောက်မှာ အာကာသယာဉ်မှူးဟာ
    Mission Control နဲ့ ဆက်သွယ်ပြီး
  • 3:02 - 3:05
    ရှေ့ဆက် လုပ်ရမယ့် အကောင်းဆုံး
    နည်းလမ်းကို ဆုံးဖြတ်ဖို့ပါ။
  • 3:05 - 3:09
    ပျံသန်းမှု ဆော့ဝဲက ယာဉ်မှူးနဲ့ တိုက်ရိုက်၊
    ချိန်ကိုက်ထားခြင်းမရှိဘဲ ဆက်သွယ်ခဲ့တာ
  • 3:09 - 3:12
    ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့ပါတယ်။
  • 3:12 - 3:16
    လပေါ်ကို မဆင်းမီလေးတင်မှာ အချက်ပေးသံ ပေါ်
    ထွက်လာခဲ့တာ အန္တရာယ်တွေမှ ကယ်တင်ပေးမှုပါ။
  • 3:16 - 3:19
    Buzz Aldrin ဟာ သူ့အမှားကို လျင်မြန်စွာ
    နားလည်လိုက်တယ်--
  • 3:19 - 3:23
    သူဟာ အမှတ်မထင် ဆုံရပ်ရေဒါခလုတ်ကို
    လှန်ချမိခဲ့လို့ပါ။
  • 3:23 - 3:25
    အဲဒီရေဒါဟာ အိမ်ကို
    အပြန်ခရီးအတွက် အရေးကြီးပေမဲ့
  • 3:25 - 3:29
    အခုကျတော့ ၎င်းဟာ ကွန်ပျူတာရဲ့
    စွမ်းအားကို ဖြုန်းနေခဲ့တာပါ။
  • 3:29 - 3:34
    Apollo Guidance Computer စီမံတပ်ဆင်ထားပုံက
    ဒါကို ဖြေရှင်းနိုင်ခဲ့တာ ကံကောင်းခဲ့ပါတယ်။
  • 3:34 - 3:37
    ဝန်ပိချိန်မှာ ဆော့ဝဲက
    ပရိုဂရမ်တွေကို ပြန်လည် စတင်ပြီး
  • 3:37 - 3:40
    ဦးစားပေးမှု အမြင့်ဆုံး တာဝန်တွေ၊ လပေါ်
    ဆင်းရေး ပရိုဂရမ်တွေ အပါအဝင်ကိုသာ
  • 3:40 - 3:43
    လုပ်ဆောင်ခွင့် ပေးပါတယ်။
  • 3:43 - 3:46
    Priority Display တွေက အာကာသယာဉ်မှူးတွေ
    အတွက် ရွေးခွင့် ပေးခဲ့တယ်--
  • 3:46 - 3:49
    ဆင်းမလား၊ မဆင်းဘူးလား။
  • 3:49 - 3:53
    မိနစ်အနည်းငယ် အတွင်းမှာ ပျံသန်းမှု ထိန်း
    ချုပ်ရေးဌာနက အမိန့်ကို ပေးနိုင်ခဲ့တယ်။
  • 3:53 - 3:57
    Apollo 11 လသို့ဆင်းနိုင်မှုက ပျံသန်းမှု
    ထိန်းချုပ်ရေးဌာန၊ အာကာသယာဉ်မှူးတွေ၊
  • 3:57 - 4:02
    ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ အားလုံးက တစုတလုံးတည်း
    စည်းချက်ကျကျ လုပ်ကိုင်ခဲ့ကြမှုရဲ့ ရလဒ်ပါ။
  • 4:02 - 4:07
    လဆီ သွားရေးဆိုတဲ့ သမ္မတ John F. Kennedy
    ရဲ့ ပန်းတိုင်ကြောင့် အားတက်နေခဲ့ကြတဲ့
  • 4:07 - 4:11
    အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်များအတွက်
    Hamiltonရဲ့ ပံ့ပိုးမှုဟာ အရေးပါခဲ့ကြတယ်။
  • 4:11 - 4:14
    အသက်ကို ကယ်ဆယ်ရေး သူမ တီထွင်မှုကို Apollo
    11 ရဲ့ နောက်မှာလည်း သုံးဖြစ်ခဲ့တယ် --
  • 4:14 - 4:20
    လူပါ Apollo ပျံသန်းမှုတွေ တစ်ခုထဲမှာမှ
    ဆော့ဝဲထဲတွင် အမှားတစ်ခုကိုမှ မတွေ့ခဲ့ရပါ။
  • 4:20 - 4:22
    Apollo အတွက် အလုပ်ပြီးသွားတဲ့ နောက်မှာ
  • 4:22 - 4:26
    Hamilton ဟာ ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပြီး
    စနစ်တွေနဲ့ ဆော့ဝဲ အတွက် ထိုးဖောက်ရာကျတဲ့
  • 4:26 - 4:30
    တီထွင်မှုများကို ပြုလုပ်ရန် သူမရဲ့ စံမတူ
    အထွေထွေ စနစ်များ ဘာသာစကားကို သုံးခဲ့တယ်။
  • 4:30 - 4:34
    ၂၀၀၃ ခုနှစ်တွင် NASA ဟာ သူမ အောင်မြင်မှု
    တွေကို ပုဂ္ဂိုလ်တစ်ဦးအား ပေးတဲ့
  • 4:34 - 4:37
    အကြီးမားဆုံး ဆုငွေဖြင့် ဂုဏ်ပြုခဲ့ပါတယ်။
  • 4:37 - 4:42
    အာကာသယာဉ်မှူးတွေကို လဆီ ပထမဦးဆုံး လမ်းပြ
    ပေးခဲ့တဲ့ သူမရဲ့ ဆော့ဝဲကို ၄၇ နှစ် အကြာမှာ
  • 4:42 - 4:45
    နည်းပညာဆိုင်ရာ ကျုပ်တို့အမြင်ကို ပြောင်းလဲ
    ပေးခဲ့မှု အတွက် Hamilton အား
  • 4:45 - 4:48
    သမ္မတရဲ့ လွတ်လပ်မှု တံဆိပ်ကို
    ချီးမြှင့်ပေးခဲ့ပါတယ်။
Title:
လူသားတွေကို လဆီ ပို့ပေးတဲ့ ဆော့ဝဲ - Matt Porter and Margaret Hamilton
Speaker:
Matt Porter and Margaret Hamilton
Description:

သင်ခန်းစာ အပြည့်ကို ကြည်ရန် - https://ed.ted.com/lessons/the-software-that-sent-humans-to-the-moon-matt-porter-and-margaret-hamilton

Apollo 11 လပေါ်ကို ဆင်းနိုင်ခဲ့ခြင်းဟာ အာကာသယာဉ်မှူးတွေ၊ ပျံသန်းမှု ထိန်းချုပ်ရေးဌာနနဲ့ ဆော့ဝဲနဲ့ ဟာ့ဒ်ဝဲ အားလုံး တစုတလုံးတည်း စည်းချက်ကျကျ အလုပ်လုပ်ခဲ့မှုရဲ့ အောင်ပွဲကြီး ဖြစ်ခဲ့ပါတယ်။ အဲဒါတွေအားလုံးဟာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Margaret Hamilton ရဲ့ ပံ့ပိုးမှုသာ မရှိခဲ့ရင် လုပ်ရနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ရှေ့ဆောင် လုပ်ပြခဲ့တဲ့ အဲဒီအမျိုးသမီးက ဘယ်သူများလဲ။ Matt Porter နဲ့ Margaret Hamilton တို့က အမျိုးသမီးတစ်ဦးနဲ့ သူ့အဖွဲ့ကနေပြီး လူသားကို လဆီကို တင်ပို့ပေးခဲ့တဲ့ ဆော့ဝဲကို ပြုစုနိုင်ခဲ့ပုံ အကြောင်း အသေးစိတ်ကို ရှင်းပြထားကြပါတယ်။

Matt Porter နဲ့ Margaret Hamilton တို့ရဲ့ သင်ခန်းစာကို TOTEM Studio မှ စီစဉ် ရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:49

Burmese subtitles

Revisions