Return to Video
videos.engagemedia.org/.../tuan_di_negeri_sendiri_indonesia-mp4.webm
  • 0:24 - 0:29
    တို့မြေရဲ့ အရှင်သခင်
  • 0:47 - 0:51
    ငါ ဆိပ်ကမ်းမှာရောက်နေပြီ..မင်းဘယ်မှာလဲ.
  • 1:02 - 1:09
    ရာဂျာအမ်ပတ်ကိုလာတဲ့ ခရီးသွားတွေက ပြည်ပရင်းနှင်္ီးမြုပ်နှံသူတွေနဲ့ စီးပွားရေးသမားတွေပိုင်တဲ့ အပန်းဖြေစခန်းတွေမှာ တည်းတယ်.
  • 1:14 - 1:19
    အဲဒီရင်းနှီးမြုပ်နှံသူတွေက ရာဂျာအမ်ပတ်ကိုလာတာဟာ…
  • 1:19 - 1:25
    ဒီနေရာမှာ ငွေရှာပြီး သူတို့နိုင်ငံဆီ ငွေတွေသဲ့ယူသွားဖို့ပဲ.
  • 1:25 - 1:35
    ရာဂျာအမ်ပတ်ဖွား တစ်ယောက်အနေနဲ့ ဒီနေရာကို ကျွန်တော်ပိုင်တယ်..ကျွန်တော်လည်း သူတို့လိုမျိုး ဖြစ်သင့်တယ် လို့ တွေးမိတယ်.
  • 1:40 - 1:46
    ရာဂျာအမ်ပတ်က မွေားခါစကလေးလိုပဲ..ရုတ်တရက်ကြီးနာမည်ထကြီးလာတာ.
  • 1:47 - 1:49
    ဒီတော့ လူတွေက သူ့ရဲ့ဆွဲဆောင်မှုကို ခံစားလာကြတယ်.
  • 1:53 - 1:56
    ဒီဆွဲဆောင်မှုတွေမရှိတဲ့အချိန်မှာ ရာဂျာအမ်ပတ် ဘာဖြစ်ကျန်ခဲ့မလဲ.?
  • 1:57 - 2:02
    အပန်းဖြေစခန်းတွေကို တကယ့်စီးပွားရေးသမားကြီးတွေက ပိုင်ဆိုင်ကြတာပါ.
  • 2:03 - 2:09
    သူတို့က ဘိုးဘွားပိုင်မြေတွေကို ပိုက်ဆံနဲ့လိုက်ဝယ်တဲ့အခါကျ လူတွေစဒုက္ခရောက်တော့တာပဲ.
  • 2:10 - 2:17
    ဒါကြောင့်ဒီနေရာမှာ ဘယ်လို အပန်းဖြေစခန်းကိုမှ ထပ်မလိုချင်တော့ဘူး..
  • 2:39 - 2:45
    ကျွန်တော်က ညဆို ငါးဖမ်းလေ့ရှိတယ်.ရလာတဲ့ငါးကို အပန်းဖြေစခန်းတွေမှာ ပြန်ရောင်းတယ်.
  • 2:46 - 2:54
    ဘယ်ဈေးနဲ့ထင်လဲ.တစ်နေ့စာစားလောက်ရုံပဲ.နောက်နေ့စားဖို့ မလောက်ဘူး..
  • 2:54 - 3:00
    ဒါကြောင့် လုံလောက်တဲ့ ၀င်ငွေရအောင် ဒီနေရာကို ဆောက်ခဲ့တာ.
  • 3:03 - 3:09
    ကျွန်တော့်မှာ ငွေမရှိခဲ့ဘူး..ချေးငှားမယ့်လူလည်းမရှိဘူး.
  • 3:09 - 3:16
    ဒါပေမယ့်ကျွန်တော့်မှာ ရာဂျာအမ်ပတ်ရဲ့စွန့်ပစ်နေရာကရတဲ့ သစ်သားတွေရှိတယ်.
  • 3:17 - 3:19
    ကြိမ်ကြိုးတွေလည်း အဲဒီမှာ အများကြီးပေါ့..
  • 3:21 - 3:23
    ခေါင်မိုးအတွက် သဘာဝပစ္စည်း ခပ်များများကို အဲဒီမှာရနိုင်တယ်.
  • 3:24 - 3:31
    ကျွန်တော်တို့ ဘိုးဘွား၊မိဘတွေလည်း ဒီလိုအသုံးပြုခဲ့တာပဲ.
  • 3:31 - 3:36
    ဘုရားသခင်က ဒီမြေကို အဆင်သင့်သုံးနိုင်အောင် ထောက်ပံ့ခဲ့တာ.
  • 3:37 - 3:41
    ဒါကြောင့် ကျွန်တော်လည်း ဒီလို စခန်းလေးဖွင့်တယ်.၀င်ငွေလည်းကောင်းတယ်.
  • 3:41 - 3:49
    ဒေသခံတွေကတော့ ရာဂျာအမ်ပတ်မှာ ဒီလိုစခန်းလေးတွေဆောက်ကြတာပဲ..
  • 3:51 - 4:03
    ဒါတွေမဖြစ်လာခင်က ရာဂျာအမ်ပတ်ရဲ့ လူငယ်တွေ..အထူးသဖြင့် မီရိုစမ်စွာ နဲ့ တောင်ပိုင်းဝေဂီယိုနယ်ပိုင်းကလူတွေက အပန်းဖြေစခန်းကြီင်္းတွေမှာအလုပ်လုပ်ကြတယ်.
  • 4:08 - 4:12
    သူတို့ စခန်းမှာ အလုပ်လုပ်နေစဉ်မှာပဲ ခရီးသွားလုပ်ငန်းကို သင်ယူကြတယ်.
  • 4:12 - 4:21
    လုပ်ငန်းကို နားလည်သွားတာနဲ့ အလုပ်ကထွက်ပြီး သူတို့ကိုယ်ပိုင်စခန်းငယ်လေးတွေ စဖွင့်တော့တာပဲ.
  • 4:28 - 4:32
    တစ်နှစ်ပြီးတစ်နှစ်ဆိုသလို ကိုယ်ပိုင်ဖွင့်တဲ့ စခန်းငယ်လေးတွေ ပိုများလာတယ်.
  • 4:34 - 4:38
    ခုဆို (၅၅)ခုတောင်ဖြစ်နေပြီ.
  • 5:04 - 5:15
    လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ သူဌေးတစ်ယောက်က ကျွန်တော့်ဝန်ထမ်းကို ဒီနေရာကို ဘယ်သူပိုင်တာလဲ လို့လာမေးတယ်.
  • 5:18 - 5:20
    သူတို့က မစ္စတာ မာတီယာစ်မေယာ ပိုင်တယ် လို့ပြန်ဖြေတယ်.
  • 5:22 - 5:28
    ကျွန်တော်က သိပ်သပ်သပ်ရပ်ရပ်မနေတော့ သူ မယုံတာဖြစ်ပါလိမ့်မယ်.
  • 5:28 - 5:34
    ဒီတော့ သူက ထပ်မေး၊အလုပ်သမားလေးကပြန်ဖြေပေါ့.”ဒီစခန်းကို မစ္စတာ မေယာ ပိုင်တာပါ’’ပေါ့.
  • 5:35 - 5:46
    ဒီမှာတင်သူ့လက်ဆွဲအိတ်ကို ကျွန်တော့်ရှေ့တင်ဖွင့်တယ်.အနီရောင်ရူပီးတစ်သိန်းတန်တွေ နဲ့ အပြာရောင် ရူပီးငါးသောင်းတန်တွေကို လှမ်းမြင်နေရတယ်.
  • 5:47 - 5:52
    ဒါပေမယ့် ဒီငွေတွေဘယ်လောက်တန်ဖိုးရှိမှာလဲ လို့တွေးမိတယ်.
  • 5:53 - 6:04
    သူက ရူပီး သန်း ၂၀၀(ဒေါ်လာ ၂၀၀၀) ပေးဝယ်ရင် ရောင်းရငွေကို မိသားစုတွေကို ဝေမျှပေးလိုက်မှာ.တစ်ပတ်အတွင်း အကုန်ကုန်သွားမှာပဲလေ.
  • 6:08 - 6:17
    ကျွန်တော့်က စွန့်ဦးစီးပွားရေးသမားဖြစ်ချင်တာ..ကျွန်တော်တို့အခေါ် အမ်ဘာပေါ့.။ တို့မြေရဲ့အရှင်သခင် ဖြစ်ချင်တာ။
  • 6:18 - 6:27
    အိပ်မက်တစ်ခုရှိတယ်။ နောက်လာမယ့် ၂ နှစ်၊ ၃ နှစ် မှာပေါ့။ ကျွန်တော့ရဲ့ စခန်းလေးဟာ အပန်းဖြေစခန်းကြီးဖြစ်လာလိမ့်မယ်လို့ ..။
  • 6:28 - 6:33
  • 6:35 - 6:39
    ဒီတော့ ဒီနေရာမှာ အတူတူအလုပ်လုပ်ကြပြီး အတူရှင်သန်နိုင်ကြမယ်…။
Title:
videos.engagemedia.org/.../tuan_di_negeri_sendiri_indonesia-mp4.webm
Video Language:
Indonesian
Team:
EngageMedia
Duration:
07:26
Burmese subtitles
Revisions