တို့မြေရဲ့ အရှင်သခင် ငါ ဆိပ်ကမ်းမှာရောက်နေပြီ..မင်းဘယ်မှာလဲ. ရာဂျာအမ်ပတ်ကိုလာတဲ့ ခရီးသွားတွေက ပြည်ပရင်းနှင်္ီးမြုပ်နှံသူတွေနဲ့ စီးပွားရေးသမားတွေပိုင်တဲ့ အပန်းဖြေစခန်းတွေမှာ တည်းတယ်. အဲဒီရင်းနှီးမြုပ်နှံသူတွေက ရာဂျာအမ်ပတ်ကိုလာတာဟာ… ဒီနေရာမှာ ငွေရှာပြီး သူတို့နိုင်ငံဆီ ငွေတွေသဲ့ယူသွားဖို့ပဲ. ရာဂျာအမ်ပတ်ဖွား တစ်ယောက်အနေနဲ့ ဒီနေရာကို ကျွန်တော်ပိုင်တယ်..ကျွန်တော်လည်း သူတို့လိုမျိုး ဖြစ်သင့်တယ် လို့ တွေးမိတယ်. ရာဂျာအမ်ပတ်က မွေားခါစကလေးလိုပဲ..ရုတ်တရက်ကြီးနာမည်ထကြီးလာတာ. ဒီတော့ လူတွေက သူ့ရဲ့ဆွဲဆောင်မှုကို ခံစားလာကြတယ်. ဒီဆွဲဆောင်မှုတွေမရှိတဲ့အချိန်မှာ ရာဂျာအမ်ပတ် ဘာဖြစ်ကျန်ခဲ့မလဲ.? အပန်းဖြေစခန်းတွေကို တကယ့်စီးပွားရေးသမားကြီးတွေက ပိုင်ဆိုင်ကြတာပါ. သူတို့က ဘိုးဘွားပိုင်မြေတွေကို ပိုက်ဆံနဲ့လိုက်ဝယ်တဲ့အခါကျ လူတွေစဒုက္ခရောက်တော့တာပဲ. ဒါကြောင့်ဒီနေရာမှာ ဘယ်လို အပန်းဖြေစခန်းကိုမှ ထပ်မလိုချင်တော့ဘူး.. ကျွန်တော်က ညဆို ငါးဖမ်းလေ့ရှိတယ်.ရလာတဲ့ငါးကို အပန်းဖြေစခန်းတွေမှာ ပြန်ရောင်းတယ်. ဘယ်ဈေးနဲ့ထင်လဲ.တစ်နေ့စာစားလောက်ရုံပဲ.နောက်နေ့စားဖို့ မလောက်ဘူး.. ဒါကြောင့် လုံလောက်တဲ့ ၀င်ငွေရအောင် ဒီနေရာကို ဆောက်ခဲ့တာ. ကျွန်တော့်မှာ ငွေမရှိခဲ့ဘူး..ချေးငှားမယ့်လူလည်းမရှိဘူး. ဒါပေမယ့်ကျွန်တော့်မှာ ရာဂျာအမ်ပတ်ရဲ့စွန့်ပစ်နေရာကရတဲ့ သစ်သားတွေရှိတယ်. ကြိမ်ကြိုးတွေလည်း အဲဒီမှာ အများကြီးပေါ့.. ခေါင်မိုးအတွက် သဘာဝပစ္စည်း ခပ်များများကို အဲဒီမှာရနိုင်တယ်. ကျွန်တော်တို့ ဘိုးဘွား၊မိဘတွေလည်း ဒီလိုအသုံးပြုခဲ့တာပဲ. ဘုရားသခင်က ဒီမြေကို အဆင်သင့်သုံးနိုင်အောင် ထောက်ပံ့ခဲ့တာ. ဒါကြောင့် ကျွန်တော်လည်း ဒီလို စခန်းလေးဖွင့်တယ်.၀င်ငွေလည်းကောင်းတယ်. ဒေသခံတွေကတော့ ရာဂျာအမ်ပတ်မှာ ဒီလိုစခန်းလေးတွေဆောက်ကြတာပဲ.. ဒါတွေမဖြစ်လာခင်က ရာဂျာအမ်ပတ်ရဲ့ လူငယ်တွေ..အထူးသဖြင့် မီရိုစမ်စွာ နဲ့ တောင်ပိုင်းဝေဂီယိုနယ်ပိုင်းကလူတွေက အပန်းဖြေစခန်းကြီင်္းတွေမှာအလုပ်လုပ်ကြတယ်. သူတို့ စခန်းမှာ အလုပ်လုပ်နေစဉ်မှာပဲ ခရီးသွားလုပ်ငန်းကို သင်ယူကြတယ်. လုပ်ငန်းကို နားလည်သွားတာနဲ့ အလုပ်ကထွက်ပြီး သူတို့ကိုယ်ပိုင်စခန်းငယ်လေးတွေ စဖွင့်တော့တာပဲ. တစ်နှစ်ပြီးတစ်နှစ်ဆိုသလို ကိုယ်ပိုင်ဖွင့်တဲ့ စခန်းငယ်လေးတွေ ပိုများလာတယ်. ခုဆို (၅၅)ခုတောင်ဖြစ်နေပြီ. လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ သူဌေးတစ်ယောက်က ကျွန်တော့်ဝန်ထမ်းကို ဒီနေရာကို ဘယ်သူပိုင်တာလဲ လို့လာမေးတယ်. သူတို့က မစ္စတာ မာတီယာစ်မေယာ ပိုင်တယ် လို့ပြန်ဖြေတယ်. ကျွန်တော်က သိပ်သပ်သပ်ရပ်ရပ်မနေတော့ သူ မယုံတာဖြစ်ပါလိမ့်မယ်. ဒီတော့ သူက ထပ်မေး၊အလုပ်သမားလေးကပြန်ဖြေပေါ့.”ဒီစခန်းကို မစ္စတာ မေယာ ပိုင်တာပါ’’ပေါ့. ဒီမှာတင်သူ့လက်ဆွဲအိတ်ကို ကျွန်တော့်ရှေ့တင်ဖွင့်တယ်.အနီရောင်ရူပီးတစ်သိန်းတန်တွေ နဲ့ အပြာရောင် ရူပီးငါးသောင်းတန်တွေကို လှမ်းမြင်နေရတယ်. ဒါပေမယ့် ဒီငွေတွေဘယ်လောက်တန်ဖိုးရှိမှာလဲ လို့တွေးမိတယ်. သူက ရူပီး သန်း ၂၀၀(ဒေါ်လာ ၂၀၀၀) ပေးဝယ်ရင် ရောင်းရငွေကို မိသားစုတွေကို ဝေမျှပေးလိုက်မှာ.တစ်ပတ်အတွင်း အကုန်ကုန်သွားမှာပဲလေ. ကျွန်တော့်က စွန့်ဦးစီးပွားရေးသမားဖြစ်ချင်တာ..ကျွန်တော်တို့အခေါ် အမ်ဘာပေါ့.။ တို့မြေရဲ့အရှင်သခင် ဖြစ်ချင်တာ။ အိပ်မက်တစ်ခုရှိတယ်။ နောက်လာမယ့် ၂ နှစ်၊ ၃ နှစ် မှာပေါ့။ ကျွန်တော့ရဲ့ စခန်းလေးဟာ အပန်းဖြေစခန်းကြီးဖြစ်လာလိမ့်မယ်လို့ ..။ ၀န်းကျင်ရွာတွေက အလုပ်သမားတွေလည်းအများကြီးပေါ့. ဒီတော့ ဒီနေရာမှာ အတူတူအလုပ်လုပ်ကြပြီး အတူရှင်သန်နိုင်ကြမယ်…။