-
ကျွန်မ ဘာတွေကိုနှစ်သက်လဲသိလား? စာရင်းလေးတွေလေ..
-
သင့်မှာ လုပ်စရာတစ်ခုခု ဒါမှမဟုတ်
ဈေး၀ယ်ထွက်မယ့်အခါမျိုးတွေမှာဆို စာရင်းလုပ်ထားဖူးလား?
-
အင်တာနက်စာမျက်နှာတစ်ခုခုမှာ
-
မျက်နှာအပြောင်ဆုံး ထိပ်တန်း ခွေး(၁၀)မျိုးရဲ့စာရင်းတွေကောဖတ်ဖူးလား?
-
ကမ္ဘာကြီးဟာ စာရင်းတွေနဲ့ပဲ ပြည့်နက်နေတဲ့တော့
အဲ့လိုဟာမျိုးတွေ သင်ဖတ်ဖူးလိမ့်မယ်ဆိုတာ ကျွန်မကျိန်းသေပြောရဲပါတယ်.
-
"HTML" မှာ အဲ့လိုစာရင်းတွေလုပ်နိုင်ဖို့အတွက်
သတ်မှတ်ပေးထားတဲ့ အတွဲလေးတွေပါရှိတယ်။
-
အဲ့ဒီတော့ ကျွန်မတို့ "ယုန်တွေဟာ ဘာကြောင့်
အိမ်မွေးတိရစ္ဆာန် ဖြစ်လာရသလဲ"ဆိုတာ
-
နံပါတ်စဉ်တပ် စာရင်းလုပ်ကြည့်ရင်းနဲ့
"HTML" နဲ့ စာရင်းလုပ်နည်းကို လေ့ကျင့်ကြတာပေါ့။
-
ကဲ....အခု ကျည်ဆံပုံစံလေးနဲ့ စတဲ့စာရင်းတစ်ခုကိုလုပ်ဖို့ဆိုရင်
-
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ "ul" ဆိုတဲ့ အတွဲလေးနဲ့စတင်ရပါတယ်။
-
ဟုတ်ပြီ.. ဒါဆို "ul" ရဲ့အရှည်ကောက်ပါ ဘာလဲ?
-
'l' ရဲ့အရှည်ကောက်က 'list' (စာရင်း)ဖြစ်မှန်း သင်ခန့်မှန်းမိလိမ့်မယ်ဆိုတာ
ကျွန်မပြောရဲပါတယ်
-
'u' ကတော့ နည်းနည်းခက်လိမ့်မယ်
သူက 'unordered' (အစဥ်လိုက်မရှိဘူး) ဆိုတဲ့စကားလုံးပါပဲ
-
အဲ့တော့ အဲ့ဒီ "ul" လေးတွေနဲ့ထည့်ရေးလိုက်ခြင်းအားဖြင့် Browser တွေမှာ
ကိုယ့်ရဲ့ပစ္စည်းစာရင်းကို နံပါတ်စဥ်အနေနဲ့မဟုတ်တော့ဘဲ
-
ကျည်ဆံအထောင့်လေးတွေပဲ မြင်ရတော့တာပေါ့
-
ကျွန်မပြောတဲ့ဟာတွေသဘောပေါက်ဖို့အတွက်
ပထမဆုံးအနေနဲ့ တစ်ခုခုထည့်ရေးကြည့်ရအောင်
-
" They're Furry" (သူတို့ တွေဟာ အမွှေးထူကြတယ်)
-
ဒီဘက်ဘေးက စက်၀ိုင်းလေးလိုလိုဟာလေးကို မြင်ရလား
-
ကျည်ဆံပုံစံလေးနဲ့လေ။
-
ဟုတ်ပြီ အခုနောက်တစ်ခုက 'li' ဆိုတဲ့စာလုံးနှစ်လုံး
သူတို့ရဲ့အရှည်ကောက်က ဘာတွေဖြစ်မယ်ထင်လဲ
-
အဲ့မှာ 'l' က 'list' (စာရင်း) ဖြစ်ပြီး
'i' က 'item' (ပစ္စည်းအမျိုးအမည်) ပေါ့
-
ပစ္စည်းအသစ်တစ်ခုကို ထပ်ထည့်တိုင်း
-
ကျွန်မတို့ 'li' ဆိုတဲ့ဟာလေးကို 'ul' ရဲ့အောက်မှာ အသစ်ထည့်ပေးရတယ်
-
'ul' တစ်ခုရဲ့အောက်မှာ 'li' အနည်းဆုံးတစ်ခုရှိရတယ်
-
ဘာလို့လဲဆိုတော့ ပစ္စည်းမပါဘဲ
နံပါတ်စဥ်သက်သက်ပဲဆိုရင် မြင်ရတာငြီးငွေးစရာကြီးလေ။
-
ကောင်းပြီ.. အဲ့တော့ နောက်ထပ်ပြီး အဲ့လိုလေး ထပ်ထည့်ကြည့်ရအောင်
-
"Great Listeners" (ယုန်တွေက) ဆိုတဲ့စာကြောင်းနဲ့
-
(သင်မစားရသေးတဲ့ ခါကြက်ဥတွေကို အကုန်စားပစ်တယ်)
-
ဟုတ်ပြီ ခုစာရင်းလုပ်ထားတဲ့ စာကြောင်းလေးက
သဘောကျစရာစာကြောင်းလေးဖြစ်နေတော့
-
ဒီဟာကို ဖတ်ပြီး ယုန်ကို မလိုချင်တော့တဲ့သူ ရှိမလားပဲ
-
ကျွန်မ အခုဒီစာရင်းတွေကို စဥ်မတပ်ထားဘူး
-
ဘာလို့လဲဆိုတော့ ဘယ်ဟာက ဘယ်ဟာထက်
-
ပိုအရေးကြီးတယ်ဆိုတာ မထင်ရလို့လေ
-
ဒါပေမယ့် လူသိများတဲ့ "ထိပ်ဆုံးယုန်သုံးမျိုး" လို့
-
ကျွန်မတို့ရေးချင်တဲ့အခါမျိုးတွေမှာတော့
-
နံပါတ်စဥ် တပ်ဖို့လိုမှာပေါ့။
-
ကောင်းပြီ နောက်တစ်ခုက ကျွန်မတို့ 'ul' အစား 'ol' ကိုသုံးပြီး
-
နံပါတ်စဥ်တပ်ကြည့်ကြရအောင်
-
'ol' ဆိုတဲ့အရှည်ကောက်လေးတွေကော ဘာဖြစ်လိမ့်မယ်လို့ ထင်ရလဲ
-
သဲလွန်စအနေနဲ့ပေးရမယ်ဆိုရင်
-
စောစောတုန်းက ပြောခဲ့တဲ့ 'ul' အရှည်ကောက်ရဲ့ ပြောင်းပြန်ဆိုပါတော့
-
ဘာဖြစ်မှာလဲဆိုတော့ 'ordered list' (နံပါတ်စဥ်တပ်ထားတဲ့စာရင်း) ဆိုတာပေါ့။
-
အဲ့ဒီ 'ol' လေး ထည့်လိုက်ခြင်းအားဖြင့် Browser က
-
စာကြောင်းအသစ် (ပစ္စည်းအသစ်) တွေကို အလိုအလျှောက် နံပါတ်စဥ်တပ်ပေးသွားမှာ။
-
စာရင်းတွေထဲကို ကျွန်မတို့ ပစ္စည်းအသစ်တွေထည့်တဲ့အခါမှာ
-
'li' ဆိုတဲ့ဟာလေးနဲ့လည်း ပြန်သုံးလို့ရပါသေးတယ်
-
ဥပမာဆိုပါဆို့ "Bugs Bunny"
-
ပြီးတော့ "Thumper"
-
နောက်ထပ်တစ်ခု "Easter Bunny" ဆိုတဲ့စာကြောင်းသုံးကြောင်းကို
-
Browser က ကျကျနနနဲ့
-
နံပါတ်စဥ်တပ်ပြီး စီပေးလိုက်တော့ သပ်သပ်ရပ်ရပ် ရှိသွားတာပေါ့။
-
ဒါကြောင့် ကျွန်မတို့ ပစ္စည်းတွေကို ပြန်စီမယ်၊ ဖျက်မယ်
ဒါမှမဟုတ် အသစ်ထည့်မယ်ဆိုရင်တောင်
-
Browser က နံပါတ်စဥ်တွေကို အမြဲမှန်နေအောင် ပြန်စီပေးသွားမှာဖြစ်တယ်။
-
တကယ်လို့ သင်တို့က ကျွန်မကို "Thumper" ဆိုတာ ဘယ်သူတုန်း
-
သူ့ကိုမသိဘူးလို့ ပြောလာခဲ့ရင်
-
ကျွန်မက ပထမဆုံးဦးဆုံးအနေနဲ့
-
သင်တို့ "Bambi" ရုပ်ရှင်ကို အရင်ကြည့်သင့်တယ် ဆိုပြီး
-
ကတ်သီးကတ်သပ်နဲ့ အဲ့ "Thumper" ဆိုတဲ့စာကြောင်းကို
-
အောက်မှာ သွားထားလိုက်မယ်ဆိုရင်
-
"Thumper" ဆိုတဲ့စာကြောင်းက အလိုအလျောက် နံပါတ်စဥ် သုံး ဖြစ်သွားမှာ။
-
ကဲ့ ဒီလောက်ဆို စာရင်းတွေဘယ်လိုစီရလဲဆိုတာ
အကုန်လည်းသိပြီးသွားပြီဆိုတော့
-
ဆက်ပြီး ပစ္စည်းတွေအားလုံးကို စာရင်းတွေ လုပ်ကြည့်ကြပါစို့ ..