အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ
- 
0:01 - 0:05ကျွန်မတို့ ကောင်းကောင်းကြီး မှတ်မိနေကြတဲ့
 ဘဝထဲမှာ အရေးကြီးတဲ့ မှတ်တိုင်တွေ ရှိပါတယ်။
- 
0:05 - 0:09ကျွန်မအတွက် ပထမတစ်ခုမှာ
 သူငယ်တန်းကို တက်စကပါ။
- 
0:09 - 0:12ကျွန်မ အကိုကြီးဟာ ကျောင်းကို တက်နှင့်နေကာ၊
 ကျွန်မ အလှည့်ရောက်လာခဲ့တယ်။
- 
0:13 - 0:15ခန်းမကြီးကို ဖြတ်ပြီး ကျွန်မ သွားနေခဲ့တယ်။
- 
0:15 - 0:18စိတ်သိပ်ကို လှုပ်ရှားနေခဲ့ကာ
 တကိုယ်လုံး စိုနေခဲ့တယ်။
- 
0:19 - 0:20ကျွန်မ တံခါးနားကို ကပ်လိုက်တယ်၊
- 
0:20 - 0:23ဆရာမဟာ ရပ်နေခဲ့ကာ
 နွေးထွေးစွာ ကြိုဆိုလျက်၊
- 
0:23 - 0:25သူဟာ ကျွန်မကို အတန်းကို
 ခေါ်သွင်း သွားခဲ့တယ်၊
- 
0:25 - 0:26ကျွန်မရဲ့ နေရာကလေးကို၊
- 
0:27 - 0:29ရှင်တို့ အားလုံး မှတ်မိနေကြတဲ့
 နေရာကလေးဟာမျိုးကို ပြတယ်၊
- 
0:29 - 0:31ကျွန်မတို့ရဲ့ ပစ္စည်းတွေ ထည့်ဖို့ နေရာလေ။
- 
0:31 - 0:33ပြီနောက်၊ “ဟိုကစားဝိုင်းကို သွား၊
- 
0:33 - 0:36အတန်း မစမီအထိ
 ကလေးတွေနဲ့ ကစားပါ။”လို့ ပြောတယ်။
- 
0:36 - 0:40အဲဒါနဲ့ ကျွန်မ အဲဒီနေရာကို သွားပြီး
 ကိုယ်ပိုင်နေရာလို ထိုင်ချလိုက်တယ်၊
- 
0:40 - 0:41ပြီးတော့ ကစားနေခဲ့တယ်၊
- 
0:41 - 0:43ရုတ်ခနဲဆိုသလို ဘေးမှာ
 ရပ်နေခဲ့ကာ
- 
0:43 - 0:46အင်္ကျီဖြူနဲ့ အပြာရောင်
 ဘောင်းဘီတိုနဲ့ ကောင်လေးက၊
- 
0:46 - 0:48မနေ့က ဖြစ်ခဲ့သလိုကို ကျွန်မ
 မှတ်မိတယ်၊
- 
0:49 - 0:51ရုတ်တရက် ကစားနေတာကို
 ရပ်လိုက်ပြီး ပြောလိုက်တာက၊
- 
0:52 - 0:53“နင်ဘာဖြစ်လို့ ဒီလောက်
 ပုနေရတာလဲ။”
- 
0:54 - 0:57ကျွန်မကတော့ ဆက်စကားနေတယ်၊
 သူကျွန်မကို ပြောနေမှန်း မထင်ခဲ့ဘူး။
- 
0:57 - 0:58(ရယ်သံများ)
- 
0:58 - 1:00သူဟာ ကျယ်လောင်တဲ့ အသံကြီးနဲ့၊
- 
1:00 - 1:02“ဟေး၊ နင်ဘာဖြစ်လို့
 အရပ်ပုနေတာလဲ။”
- 
1:03 - 1:04အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး၊
- 
1:04 - 1:08“နင် ဘာတွေ ပြောနေတာလဲ။
 ကစားကြရအောင်၊ ငါတို့ ပျော်တယ်လေ။
- 
1:08 - 1:09ဒီလို ကစားဖို့ စောင့်လာခဲ့တာ။
- 
1:10 - 1:12အဲဒါနဲ့ ဆက်ကစားလာကြရာ၊
 တစ်မိနစ် အကြာမှာ၊
- 
1:12 - 1:15အင်္ကျီဖြူနဲ့ ပန်းနုရောင် စကတ်နဲ့
 ကျွန်မဘေးက ကလေးမလေးက၊
- 
1:15 - 1:18မတ်တတ်ရပ်လိုက်ကာ သူ့လက်တွေကို
 တင်ပါးဆုံပေါ် တင်လိုက်ကာ၊
- 
1:18 - 1:21“ဟုတ်တယ်၊ နင့်ကြည့်ရတာ
 လုံးဝတမျိုးကြီးပဲ။”
- 
1:22 - 1:24ကျွန်မက၊ “နင်တို့ ဘာတွေ ပြောနေကြတာလဲ။
- 
1:24 - 1:28ကျွန်မ ဘာမှမခြားနားဘူး၊ အရပ်မပုဘူး၊
 ဆက်ပြီး ကစားကြရအောင်။”
- 
1:29 - 1:32အဲဒီအချိန်မှာ ကျွန်မကို ဝန်းရံနေတဲ့
 စက်ဝန်းကို ကြည့်လိုက်တော့
- 
1:32 - 1:35ကလေးတွေအားလုံး ကစားတာကို ရပ်လိုက်ကြပြီး
 ကျွန်မကို ဝိုင်းကြည့်နေကြတယ်။
- 
1:36 - 1:38ကျွန်မက စဉ်းစားနေခဲ့တယ်--
- 
1:38 - 1:41ဒီနေ့ အသုံးအနှုန်းနဲ့ ပြောရရင်
 အဲဒါ "OMG" (သို့) "WTF ဖြစ်ခဲ့မှာပါ။"
- 
1:42 - 1:44(ရယ်မောသံများ)
- 
1:46 - 1:47ဘာတွေများ ဖြစ်လာပါလိမ့်။
- 
1:48 - 1:52ဒီလိုနည်းဖြင့်၊ မနက်က
 ကျောင်းကို လာစဉ် ရှိခဲ့တဲ့ ယုံကြည်မှုဟာ
- 
1:52 - 1:55နံနက်ခင်း ကုန်လာတာနဲ့အမှှ
 လွင့်ပျောက်သွားခဲ့တယ်၊
- 
1:55 - 1:57မေးခွန်းတွေကတော့ ဆက်လာနေတုန်းပဲ။
- 
1:57 - 2:00နံနက်အကုန်ပိုင်းမှာ၊ ကျွန်မ
 အိမ်ကို မပြန်ခင်တွင်၊
- 
2:00 - 2:02ဆရာမက ကျွန်မတို့ကို စက်ဝန်း
 ပုံစံ ရပ်ခိုင်းတယ်၊
- 
2:02 - 2:05ကျွန်မကျတော့ စက်ဝန်း အပြင်မှာ
 ရှိနေတာ သတိထားမိတယ်။
- 
2:05 - 2:06ကျွန်မဟာ ဘသူ့ကိုမှ မကြည့်ခဲ့ပါ။
- 
2:06 - 2:09ခုနက ဖြစ်ပျက်ခဲ့တာကို ကျွန်မ
 နားလည် မရခဲ့ပါ။
- 
2:10 - 2:12အဲဒီနောက်ပိုင်း နှစ်အတော်ကလေး
 ကြာတဲ့ အထိ၊
- 
2:12 - 2:14ကျွန်မဟာ လူရှေ့သူရှေ့
 သွားရမှာကို မုန်းခဲ့တယ်။
- 
2:14 - 2:17ကျွန်မဟာ စိုက်ကြည့်ခံရတာကို
 တခစ်ခစ် ရယ်နေကြတာကို
- 
2:17 - 2:19ထိုးပြနေတဲ့ လက်ချောင်းတွေကို၊
- 
2:19 - 2:20လက်ချောင်းကို မဟုတ်ဘူး၊
- 
2:20 - 2:22ထိုးပြနေတဲ့ လက်ချောင်းတွေကို၊
- 
2:22 - 2:23မှတ်မိနေကာ သိပ်ကို မုန်းတယ်။
- 
2:23 - 2:27ကျွန်မဟာ မိဘခြေတွေရဲ့ နောက်မှာ
 ပုန်းနေတတ်ကာ ဘသူမှ မမြင်ဘူးမှတ်တယ်။
- 
2:27 - 2:29ကလေးတစ်ယောက် အနေနဲ့၊
- 
2:29 - 2:32အခြား ကလေးတစ်ယောက်ရဲ့ စပ်စုလိုစိတ်ကို၊
 လူကြီးတွေရဲ့ လျစ်လျူရှုမှုကို
- 
2:32 - 2:34နားလည်ရန် ခဲယဉ်းပါတယ်။
- 
2:35 - 2:39ဒီကမ္ဘာကြီးကို ကျွန်မလို အရွယ်အစားရှိသူတွေ
 အတွက် တည်ဆောက်မထားဘူးဆိုတာ
- 
2:39 - 2:43ကျွန်မအတွက် လုံးဝကို ရှင်းလာခဲ့တယ်။
- 
2:44 - 2:50ဒီတော့ ရှင်တို့ အားလုံး မြင်နိုင်သလို
 ကျွန်မဟာ မထင်မရှား နေလို့ မရနိုင်ပါ၊
- 
2:50 - 2:52ကျွန်မရဲ့ အရွယ်အစား ရှိသူတွေ
- 
2:52 - 2:55အားလုံးတို့ဟာ တသက်တာမှာ စိန်ခေါ်မှုတွေ
 အများကြီးကို ရင်ဆိုင်ကြရပါတယ်။
- 
2:55 - 2:58အချို့တို့ဆိုရင် ကျွန်မနဲ့ တူကြမှာပါ။
- 
2:58 - 3:00ဒါပေမဲ့ မြင်မရတာလည်း အများကြီးပါ။
- 
3:00 - 3:05စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူကို၊
 ဒါမှမဟုတ် မျိုးရိုးဗီဇဆိုင်ရာ
- 
3:05 - 3:07ပြဿနာရှိလို့ ရုန်းကန်နေရသူကို
 သိမြင်ရန် မလွယ်ပါ။
- 
3:07 - 3:10အသက်ကြီးရင့်လာနေတဲ့ မိဘတွေကို
 စောင့်ရှောက်ပေးသူကို၊
- 
3:10 - 3:12ငွေရေးကြေးရေး အခက်အခဲမရှိသူတွေကို
 မြင်မရနိုင်ပါ။
- 
3:12 - 3:14ပြဿနာတွေကို အမျိုးမျိုး ရှိနိုင်ပါတယ်။
- 
3:15 - 3:16ကျွန်မလို အရွယ်အစားရှိသူရဲ့
- 
3:16 - 3:19ပြဿနာကို ရှင်တို့ မြင်နိုင်ကြပါပြီ၊
- 
3:19 - 3:22မြင်လိုက်ကြခြင်းက ကျွန်မ နေ့စဉ်
 ဖြတ်ကျော်ရတာတွေကို
- 
3:22 - 3:26ကျွန်မ ရင်ဆိုင်ရတာတွေကို တကယ်
 နားလည်နိုင်ပြီလို့ ပြောမရနိုင်ပါ။
- 
3:26 - 3:29ဒီနေ့ ကျွန်မ ဒီကို ရောက်လာတာက
 ဒဏ္ဍာရီကို ဖွင့်ချြပဖို့ အတွက်ပါ။
- 
3:29 - 3:33ရှင်တို့ဟာ အခြားတစ်ဦးဦးရဲ့
 ဖိန်ပ်ကို စီးမရနိုင်တာ ကျွန်မယုံတယ်၊
- 
3:33 - 3:38ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ
 ကိုယ့်ကိုကိုယ် တစ်မျိုး မြင်သင့်ပါတယ်။
- 
3:38 - 3:42ရိုးရိုးလေး ပြောရရင်၊ ရှင်တို့ရဲ့ဘဝကို
 ကျွန်မ ဘယ်တော့မှ နားလည်မရနိုင်သလိုပဲ၊
- 
3:42 - 3:44ကျွန်မရဲ့ အဖြစ်ကို ရှင်တို့လည်း
 ဘယ်တော့မှ သိနိုင်မှာ မဟတ်ပါ။
- 
3:44 - 3:48ကျွန်မဟာ ရှင်တို့ရဲ့ စိုးရိမ်စရာတွေ
 စိတ်ကူးတွေကို မသိနိုင်သလို
- 
3:48 - 3:50ရှင်တို့ကလည်း ကျွန်မအတွက်
 အဲဒါကို လုပ်မရနိုင်ပါ။
- 
3:50 - 3:52ဒါပေမဲ့ ကျွန်မတို့ တစ်ဦးကို
 တစ်ဦး ကူညီပေးနိုင်ကြပါတယ်။
- 
3:52 - 3:55တစ်ဦးက အခြားတစ်ဦးရဲ့ ဖိနပ်ကို
 စီးရန် ကြိုးစားမယ့်အစား
- 
3:55 - 3:59ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် အလျှော့ပေးရန်
 နည်းသစ်ကို ကျင့်သုံးကြရပါမယ်။
- 
3:59 - 4:01ငယ်ငယ်ကတည်းက ကျွန်မ
 နားလည်လိုက်တာ တစ်ခုက
- 
4:01 - 4:05ကျွန်မဟာ လူအများစုနဲ့မတူဘဲ
 တစ်မျိုး လုပ်ရတဲ့ ကိစ္စတွေ ရှိတယ်၊
- 
4:05 - 4:09တချိန်တည်းမှာ အားလုံးနဲ့ တန်းတူ
 လုပ်နိုင်တဲ့ အရာတွေ၊ စာသင်ခန်းလိုမျိုး
- 
4:09 - 4:11ရှိတယ်ဆိုတာကို သိနားလည်လိုက်တယ်။
- 
4:11 - 4:13ဟေး၊ဟေး၊ ဟေး။ တန်းတူရည်တူနော်။
- 
4:14 - 4:17ပြီးတော့ ဖြစ်ချင်တော့ ကျွန်ဟာ
 အတန်းထဲမှာ တော်ခဲ့တယ်။
- 
4:17 - 4:20ကျွန်မ အသက်ကြီးလာတာနဲ့အမျှ၊
 ကိုယ်ကာယသုံးရမယ့် အလုပ်ကို
- 
4:21 - 4:24ကျွန်မ မလုပ်နိုင်တာကို နားလည်လာတော့
 အဲဒီအချက်ဟာ သိပ်ကို အရေးကြီးတယ်။
- 
4:24 - 4:26ကျွန်မဟာ ပညာသင်ဖို့ လိုခဲ့တယ်။
- 
4:26 - 4:29အဲဒါနဲ့ ကျွန်မ ဆက်အားထုတ်ခဲ့လို့
 တက္ကသိုလ်ဘွွဲ့ကို ရယူခဲ့တယ်၊
- 
4:29 - 4:33ဒါပေမဲ့ အလုပ်ရဖို့အတွက် ကျွန်မဟာ
 သူများထက် တပန်းသာရန် လိုတာကို
- 
4:33 - 4:36နားလည်ခဲ့တယ်၊ အဆင့်မြင့်
 တက္ကသိုလ်ဘွွဲ့ ရဖို့လိုလို့၊
- 
4:36 - 4:38ရှေ့ဆက် တက်ခဲ့လျက် ရယူခဲ့တယ်။
- 
4:38 - 4:40အခုတော့ ကျွန်မဟာ အင်တာဗျူး
 အတွက် အသင့်ရှိနေပြီ။
- 
4:40 - 4:42ရှင်တို့ရဲ့ ပထမဦးဆုံး အင်တာဗျူးကို
 မှတ်မိကြလား။
- 
4:42 - 4:44မေးခွန်းတွေက ဘာတွေလဲ။
- 
4:44 - 4:46အခိုင်အမာ လက်ဆွဲနှုတ်ဆက်ဖို့
 မမေ့ရန်။
- 
4:46 - 4:48ကျွန်မလည်း ရှင်တို့ အတိုင်းပါပဲ။
- 
4:48 - 4:50အင်တာဗျား မတိုင်မီ ၂၄ နာရီအလိုတွင်၊
- 
4:50 - 4:52ကျွန်မ တသက်လုံး သိလာခဲ့တဲ့
 မိတ်ဆွေ တစ်ဦးက
- 
4:52 - 4:57ဖုန်းဆက်ပြီး၊ “Michele၊ နင်သွားရမယ့်
 အဆောက်အဦမှာ လှေခါးထစ်တွေ ရှိတယ်။“
- 
4:57 - 4:59ကျွန်မ လှေခါးထစ်တွေကို
 မတက်နိုင်တာ သူသိခဲ့တယ်။
- 
4:59 - 5:01အဲဒါနဲ့ ကျွန်မရဲ့ အာရုံဟာ
 ရုတ်ခနဲ ပြောင်းသွားတယ်။
- 
5:01 - 5:04ကျွန်မအခြေအနေထဲမှာ အဲဒီကို
 ဘယ်လိုများ သွားရမလဲ စိုးရိမ်မိတယ်။
- 
5:05 - 5:10ဒါနဲ့ စောစီးစွာ သွားခဲ့ပြီး ပစ္စည်းတင်
 ဓါတ်လှေခါးနဲ့ အင်တာဗျူးကို ရောက်သွားတယ်။
- 
5:10 - 5:14အဲဒီနေ့မှာ ကျွန်မ ဘယ်လို အခက်အခဲတွေ
 ရင်ဆိုင်ခဲ့ရမှန်း သူတို့ မသိတာ အိုကေပါ။
- 
5:14 - 5:17ကျွန်မအတွက် အဲဒီနေ့မှာ အင်တာဗျူး
 ဒါမှမဟုတ် အဆောက်အဦနေရာ
- 
5:17 - 5:20ရောက်ဖို့ အခက်ဆုံး ပြဿနာလို့
 ရှင်တို့ ထင်ခဲ့ကြမယ်။
- 
5:20 - 5:23တကယ်ကျတော့၊ ပစ္စည်းတင် ဓာတ်လှေခါးထဲ
 ရောက်ဖို့ လုပ်ရတဲ့ ကိစ္စဟာ
- 
5:23 - 5:25ကျွန်မအတွက် အဲဒီနေ့မှာ
 အခက်ဆုံး ဖြစ်ခဲ့တယ်။
- 
5:26 - 5:29ကျွန်မဟာ အချို့ အခြေအနေတွေမှာ
 သိပ်ကို ထိခိုက်လွယ်ပါတယ်-
- 
5:30 - 5:34လေဆိပ်တို့၊ ခန်းမကြီးတွ၊ ကားထားရုံတွေ၊
- 
5:34 - 5:36တွန်းလှည်းတင် ဓာတ်လှေခါးပေါ့။
- 
5:36 - 5:38ကျွန်မဟာ သိပ်ကို သတိထားထို့ လိုပါတယ်။
- 
5:38 - 5:41ကိုယ်က ကြိုတင်တွက်ရတာ၊
 အလွယ်တကူ ပြောင်းလွဲနိုင်ပြီး
- 
5:41 - 5:43ကျွန်မ တတ်နိုင်လောက် အမြန်သွားဖို့
 လိုတတ်ပါတယ်။
- 
5:45 - 5:47အဲဒီအလုပ်ကို ကျွန်မ ရခဲ့လို့၊
- 
5:47 - 5:50ကျွန်မရဲ့ အလုပ်သဘောအရ
 မကြာခဏဆိုသလို ခရီးထွက်ရတယ်။
- 
5:50 - 5:53ခရီးသွားရခြင်းဟာ အခုဆိုရင်
 စိန်ခေါ်မှုနဲ့ တူတတ်ပါတယ်။
- 
5:53 - 5:58ရှင်တို့ဆိုရင်၊ လေဆိပ်ကို အမှီသွားရတာ၊
 လုံခြုံရေးကို ဖြတ်ပြီး ဂိတ်ဝကို သွားရတယ်။
- 
5:58 - 6:01ကိုယ့်ထိုင်ရမှာက ပြူတင်းနားမှာလား၊
 အဆင့်မြှင့်လို့ ရမလား ပေါ့လေ။
- 
6:02 - 6:04ကျွန်မကျတော့ ဘာတစ်ခုကိုမှ
 ပြေးလွှား လုပ်လို့ မရနိုင်ပါ။
- 
6:04 - 6:06(ရယ်မောသံများ)
- 
6:06 - 6:08အထူးသဖြင့် ကျွန်မကို ဝန်ထမ်းတွေကို
 တင်ချပေးရတော့ လုံခြုံရေး
- 
6:08 - 6:11စစ်ဆေးမှုတွေကို ပြေးရင်း
 ဖြတ်ကျော် မရနိုင်ပါ။
- 
6:12 - 6:13အဲဒီအကြောင်း မပြောချင်ပါဘူး။
- 
6:13 - 6:16အဲဒီနောက်မှာ ကျွန်မဟာ ဂိတ်ဆီကို
 ရှေ့ရှုသွားတတ်တယ်၊
- 
6:16 - 6:19ကျွန်မ မိဘတွေ ပြောသလို မွေးရာပါ
 မွန်ရည်စွာ စကားပြောနိုင်စွမ်းကြောင့်
- 
6:19 - 6:24ဂိတ်စောင့်အေဂျင့်နဲ့ စကားပြောရင်း၊
 ကျွန်မ စကူတားရဲ့ အလေးချိန်က ဘယ်လောက်၊
- 
6:24 - 6:25အဲဒီမှာ ဘက်ထရီဆဲလ် အခြောက်ပါတယ်၊
- 
6:25 - 6:29ကျွန်မ အဲဒါကို လေယာဉ် တံခါးပေါက်အထိ
 မောင်းနိုင်တာကို ပြောပြပါတယ်။
- 
6:29 - 6:32ပြီးတော့ တစ်နေ့ကဆိုရင်၊ ကျွန်မ ခရီး
 ထွက်ဖို့ ရှိတဲ့ မြို့ကို ဖုန်းဆက်ပြီး၊
- 
6:32 - 6:37ကျွန်မရဲ့ စကူတား ပျက်သွားခဲ့ရင် စကူတား
 ငှါးလို့ ရနိုင်မလား မေးကြည့်ခဲ့တယ်။
- 
6:38 - 6:40ဒီတော့ ကျွန်မရဲ့ အဖြစ်က
 နဲနဲလေးတော့ မတူချင်ပါ။
- 
6:40 - 6:42လေယာဉ်ပေါ်ကို ရောက်ရင်လည်း၊
- 
6:42 - 6:45ကျွန်မရဲ့ အိတ်ကို တင်ထားပေးရန်
 ပြောရင် ယဉ်ကျေးစွာ တင်ပေးကြပါတယ်။
- 
6:45 - 6:49လေယာဉ်ပေါ်တွင် ကျွန်မဟာ စားခြင်း
 သို့မဟုတ် သောက်ခြင်းကို ရှောင်ရတယ်၊
- 
6:49 - 6:51ထပြီး လေယာဉ်ထဲ လမ်းမလျှောက်ချင်လို့ပါ။
- 
6:51 - 6:53ဒါပေမဲ့ သဘာဝမှာ
 ၎င််းကိုယ်ပိုင် အစီအစဉ် ရှိတတ်တယ်၊
- 
6:53 - 6:56မကြာခင်တုန်းကပဲ ၎င်းက တံခါးကို
 လာခေါက်တာ ဖြေကြားလိုက်ရတယ်။
- 
6:56 - 6:58ကျွန်ဟာ လေယာဉ် ရှေ့ပိုင်းကို
 လျှောက်သွားလျက်
- 
6:58 - 7:00တာဝန် ထမ်းဆောင်နေသူနဲ့
 စကားပြောဆိုနေခဲ့တယ်၊
- 
7:00 - 7:03“တံခါးကိုများ စောင့်ကြည့်ပေးနိုင်မလား။
 ကျွန်မလက်နဲ့ မမှီလိုပါ။”
- 
7:04 - 7:08အဲဒါနဲ့ အထဲမှာ ထိုင်နေရင်း ကိစ္စဝိစ္စတွေ
 လုပ်နေတုန်း တံခါးက သူဘာသာသူ ပွင့်သွားရော။
- 
7:08 - 7:10ဟိုအမျိုးသားက အဲဒီမှာ ရပ်နေရင်း
- 
7:11 - 7:13သူ့မျက်နှာက ကြောက်လန်နေလို့ပေါ့။
- 
7:13 - 7:15ကျွန်မကလည်း အလားတူ ဖြစ်ခဲ့မှာ သေချာတယ်။
- 
7:16 - 7:20ကျွန်မ ထွက်လာခဲ့တယ်၊ သူဟာ
 ရှေ့မှာ ရပ်နေလို့၊
- 
7:22 - 7:24သူဟာ လုံးဝကို စိတ်ပျက်လျက် ရှိနေခဲ့တယ်။
- 
7:25 - 7:28ကျွန်မဟာ သူ့ဆီကို လမ်းလျှောက်သွားလျက်၊
- 
7:28 - 7:30“ဒီအဖြစ်ကို ရှင်ကရော ကျွန်မလိုပဲ
 မှတ်မိနေမှာလား။”
- 
7:30 - 7:33(ရယ်မောသံများ)
- 
7:36 - 7:38သူကလည်း၊ “မှတ်မိမယ် ထင်တာပဲ။”
- 
7:38 - 7:40(ရယ်မောသံများ)
- 
7:40 - 7:43ကျွန်မက ဒီအကြောင်းကို ပြောနိုင်ပေမဲ့၊
 သူကတော့ ဒီအကြောင်း ပြောမှာ မဟုတ်ပါ။
- 
7:43 - 7:45(ရယ်မောသံများ)
- 
7:45 - 7:48ဒါပေမဲ့ ကျွန်မတို့ဟာ ကျန်တဲ့
 ခရီးစဉ်မှာ စကားပြောခဲ့ကြတယ်၊
- 
7:48 - 7:51တစ်ဦးကိုတစ်ဦးကို၊ မိသားစုတွေ
 အလုပ်တွေ အပြန်အလှန် သိလာကြတယ်၊
- 
7:51 - 7:53ကျွန်မတို့ လေယာဉ် ဆင်းလိုက်တော့၊ သူက
- 
7:53 - 7:56“Michele၊ ခင်ဗျား အိတ်ကို
 ကူတင်ပေးတာ သတိထားမိတယ်၊
- 
7:56 - 7:57ခင်ဗျားအတွက် ချပေးရမလား။”
- 
7:57 - 7:59ကျွန်မ၊ “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။”
- 
7:59 - 8:02တစ်ဦးအတွက်တစ်ဦး ဆုမွန်ကောင်း တောင်းရင်း
- 
8:02 - 8:03အဲဒီနေ့အတွက် အရေးကြီးဆုံးအချက်က
- 
8:04 - 8:07သူဟာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာကို
 မေ့လို့ရမှာ မဟုတ်ပါဘူး၊
- 
8:07 - 8:10စိတ်အနှောင့်အယှက်ခံလိုက်ရတဲ့
 အတွေ့အကြုံကိုလေ။
- 
8:10 - 8:12သူဟာ အဲဒါကို မေ့နိုင်မှာ မဟုတ်သလို
 ကျွန်မလည်း မေ့မရနိုင်၊
- 
8:12 - 8:14ဒါပေမဲ့ သူဟာ ကျွန်မတို့ ပြောဆိုခဲ့တာတွေကို
- 
8:14 - 8:17ဘဝအမြင် မတူကြတာကို ပိုမှတ်မိမယ်
 ထင်ပါတယ်။
- 
8:18 - 8:20အခြားနိုင်ငံတွေကို ခရီးထွက်တဲ့
 အခါမှာကျတော့၊
- 
8:20 - 8:23တော်တော်များများဟာ ပိုလို့ကို
 စိန်ခေါ်ရာ ကျနိုင်ပါတယ်။
- 
8:23 - 8:26လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက
 ကျွန်မ ဇန်ဇီဘာကို သွားခဲ့တယ်၊
- 
8:26 - 8:27တွန်းလှည်းလေးနဲ့ ရောက်သွားတာ၊
- 
8:27 - 8:29ရှင်တို့ စဉ်းစားကြည့်ကြပါ။
- 
8:29 - 8:34အရပ်ပုပု၊ ဆံပင်ဖြူနဲ့ အမျိုးသမီး
 တွန်းလှည်းထိုင်ခုံထဲမှာ။
- 
8:34 - 8:36နေ့စဉ် တွေ့နေကျ အရာမျိုး မဟုတ်ပါဘူး။
- 
8:37 - 8:41အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး
 အေဂျင့်နဲ့ စကားပြောဆိုနေပါတော့တယ်။
- 
8:41 - 8:44ခင်မင်စွာဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့
 ဒီပြင် အကြောင်းတေနွကို ပြောနေစဉ်၊
- 
8:44 - 8:47ပေါင်းကူးတံတါး မရှိတာကို ကျွန်မ
 သတိထားမိတယ်။
- 
8:47 - 8:50အဲဒါနဲ့ ကျွန်မက၊ “ကျွန်မရဲ့
 ထိုင်ခုံကို မတင်ပေးရုံတင်မက
- 
8:50 - 8:52ကျွန်မ လှေခါးထစ်တွေကို တက်ဖို့လည်း
- 
8:52 - 8:54အကူအညီ လိုပါဦးမယ်။”လို့ ပြောရတယ်။
- 
8:54 - 8:58ဒီလိုနည်းဖြင့် ပျံဖို့အတွက်ကို
 စောင့်နေရတာ တစ်နာရီကြာခဲ့တယ်၊
- 
8:58 - 9:00အဲဒီခရီးစဉ်ဟာ အရမ်းကို
 အံ့အားသင့်စရာကြီးပါပဲ။
- 
9:00 - 9:03အဲဒီနေ့မှာ ကျွန်မတို့ရဲ့ ရှုထောင့်တွေ
 နှစ်ဦးစလုံဆီမှာ ပြောင်းသွားတယ်။
- 
9:03 - 9:05ကျွန်မ လေယာဉ် အပေါ် ရောက်သွားတော့
- 
9:05 - 9:08သူက ကျွန်မ ကျောကို ပုပ်ပေးရင်း
 အားလုံးကောင်းဖို့ ဆန္ဒပြုတယ်၊
- 
9:08 - 9:10ကျွန်မ သူ့ကို ကျေးဇူးအရမ်းတင်မိတယ်။
- 
9:10 - 9:14ဒီတကြိမ်မှာလည်း အဲဒီအတွေ့အကြုံကို
 သူဟာ မှတ်မိမယ် ထင်ပါတယ်၊
- 
9:14 - 9:18ကျွန်မ စဝင်လာချိန်မှာ စနိုးစနောင့်
 ဖြစ်ခဲ့ရတာကို မှတ်မိမှာပါ။
- 
9:19 - 9:21ရှင်တို့ သတိထားမိကြသလို၊
 ကျွန်မကို တော်တော်များ ကူကြတယ်။
- 
9:21 - 9:24ကျွန်မရဲ့ မိသားစု၊ မိတ်ဆွေတွေ၊
 လုပ်ဖေါ်ကိုင်ဘက်တွေ၊
- 
9:24 - 9:28လူစိမ်းတွေသာ မရှိခဲ့ကြပါက
 ကျွန်မ အနေနဲ့
- 
9:28 - 9:30ဒီမှာ ရပ်နေနိုင်ခဲ့မှာ မဟုတ်ပါဘူး။
- 
9:30 - 9:33သူတို့အားလုံးဟာ ကျွန်မကို ကျွန်မရဲ့
 နေ့စဉ်ဘဝထဲ ကူညီပေးခဲ့ကြပါတယ်။
- 
9:34 - 9:38ကျွန်မတို့ အားလုံးဆီမှာ ပံ့ပိုးကူညီရေး
 စနစ်ရှိနေတာ အရေးကြီးပါတယ်။
- 
9:38 - 9:40အကူအညီကို တောင်းခံခြင်းဟာ စွမ်းအားပါ၊
- 
9:41 - 9:42အားနည်းမှု မဟုတ်ပါ။
- 
9:42 - 9:43(ဩဘာပေးသံများ)
- 
9:49 - 9:52ကျွန်မတို့ အားလုံး ဘဝတလျှောက်လုံးမှာ
 အကူအညီ လိုအပ်ကြပါတယ်။
- 
9:52 - 9:54ပြီးတော့ နောက် အရေးကြီးသေးတာက
- 
9:54 - 9:58ကျွန်မတို့ဟာ အခြားသူတွေအား ကူညီရေး
 စနစ်ထဲက အစိတ်အပိုင်း ဖြစ်ကြခြင်းပါပဲ။
- 
9:58 - 10:01ကျွန်မတို့ဟာ အဲဒီလို အတုန့်အလှည့်
 သဘောကို လက်ခံကြရပါမယ်။
- 
10:01 - 10:05ကျွန်မတို့ဟာ ကျွန်မတို့ရဲ့
 အောင်မြင်မှုထဲမှာ ကပြရမယ့် အခန်း ရှိတယ်၊
- 
10:06 - 10:09ဒါပေမဲ့ ကျွန်မကို အခြားသူတွေ နေ့စဉ်
 ကူညီပေးနေကြသလို အခြားသူတွေရဲ့
- 
10:09 - 10:13အောင်မြင်မှုထဲ ကျွန်မတို့ ကပြရမယ့်
 အခန်းကိုလည်း စဉ်းစားရမယ်။
- 
10:14 - 10:18လူ့အဖွဲ့အစည်းထဲမှာ အစွဲအလမ်းတွေ
 အယူဝါဒတွေရဲ့
- 
10:18 - 10:23ဖိအားပေးမှုတွေ များလှတော့၊ ကျွန်မတို့
- 
10:24 - 10:27အပြန်အလှန်ကူညီကြရန် အရေးကြီးပါတယ်။
- 
10:28 - 10:30ပြီးတော့ ကျွန်မတို့ ဘဝခရီးကို နှင်ကြရာတွင်
- 
10:30 - 10:33ကျွန်မတို့အထဲက ဘယ်သူမှာမှ အားလုံး
 မြင်နေကြသလို
- 
10:33 - 10:36မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို
 ရင်ဆိုင်ကြရတာကို သတိရနေရန် လိုတယ်။
- 
10:36 - 10:38အဲဒီထက်ကိုပိုပြီး၊ ကျွန်မတို့ အားလုံးဟာ
- 
10:38 - 10:42မြင်လို့မရနိုင်တဲ့ အရာတွေကို
 ကိုင်တွယ်နေကြရပါတယ်။
- 
10:43 - 10:46ဒါကြောင့်မို့လို့ ဝေဖန်သုံးသပ်မှု
 ကင်းမဲ့စွာ နေထိုင်ကြမယ်ဆိုရင်
- 
10:46 - 10:51ခုနက အတွေ့အကြုံတွေကို
 အပြန်အလှန် မျှဝေပေးနိုင်မှာမို့
- 
10:51 - 10:54ကျွန်မရဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့တဲ့
 အထဲက လူတွေလိုပါပဲ၊
- 
10:54 - 10:57လုံးဝကို မတူကွဲပြားတဲ့ ရှုထောင့်တွေကို
 ရရှိလက်ခံလာနိုင်ကြမှာပါ။
- 
10:59 - 11:02ဒီတော့ ရှင်တို့ အားလုံး
 သတိရသင့်တာက ရှင်တို့
- 
11:02 - 11:04တကယ် လမ်းလျှောက်နိုင်တာက
 ကိုယ့်ဖိနပ်ကို စီးရမှာပါ။
- 
11:04 - 11:07ကျွန်မဟာ ရှင်တို့ရဲ့ ဖိနပ်ကို
 စီးမရနိုင်ပါ။
- 
11:07 - 11:10ပြီးတော့ ရှင်တို့ကလည်း ကျွန်မရဲ့
 ဖိနပ်ဆိုက် ၁ ကို စီးမရနိုင်ပါ။
- 
11:10 - 11:11(ရယ်မောသံများ)
- 
11:11 - 11:13ရှင်တို့ စမ်းကြည့်နိုင်ပါတယ်။
- 
11:14 - 11:16ဒါပေမဲ့ ကျွန်မတို့အားလုံး ဒီထက်
 ပိုကောင်းစွာ လုပ်နိုင်ကြပါတယ်။
- 
11:17 - 11:21စာနာစိတ်၊ အားပေးလိုစိတ်နဲ့
 သိနားလည်လိုစိတ်နဲ့သာ ဆိုရင်
- 
11:21 - 11:23ကျွန်မတို့ဟာ ဘေးချင်းယဉ် လျှောက်ရင်း
- 
11:24 - 11:25တစ်ဦးကိုတစ်ဦး ကူညီပေးနိုင်ကြတယ်၊
- 
11:25 - 11:28ကျွန်မတို့ မြင်ရတာတွေကိုသာ စဉ်းစား
 ဆုံးဖြတ်ကြမယ့်အစား၊
- 
11:28 - 11:30အဲဒီလိုသာ ကျွန်မတို့
 နေထိုင်နိုင်ကြမယ်ဆိုရင်
- 
11:30 - 11:33လူ့အဖွဲ့အစည်းကြီး ဘယ်လို ပြောင်းလဲ
 လာမှာကို စဉ်းစားကြည့်ကြပါ။
- 
11:34 - 11:35ကျေးဇူးတင်ပါတယ်။
- 
11:35 - 11:41(လက်ခုပ်တီးသံများ)
- 
11:41 - 11:42ကျေးဇူးတင်ပါတယ်။
- Title:
- အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ
- Speaker:
- Michele L. Sullivan
- Description:
- 
    more » « lessကျွန်မတို့ အားလုံးဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်မှုတွေကို ရင်ဆိုင်ကြရတယ်၊ တချို့ကို မြင်နိုင်သလို မမြင်နိုင်တာလည်း ရှိတယ်လို့ Michele L. Sullivan က ဆိုထားပါတယ်။ ဘဝရှုထောင့်ဆိုင်ရာ ဒီဆွေးနွေးခန်းမှာ၊ Sullivan ဟာ ကျွန်ုပ်တို့ အားလုံးဟာ အပြန်အလှန် ကူညီပံ့ပိုးနေကြရတဲ့ စနစ်များရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ကြတာကို ထောက်ပြနေတဲ့ ဟာသဆိုင်ရာ အမြော်အမြင်ကြီးမားမှုဆိုင်ရာတွေနဲ့ ပြည့်နေတဲ့ ဖြစ်ရပ်တွေ အကြောင်းကို ပြောပြထားပါတယ်။ "ကျွန်မတို့ လမ်းကောင်းကောင်း လျှောက်ချင်ရင် ကိုယ့်ဖိနပ်ကိုသာ စီးရန် လိုပါတယ်၊ စာနာစိတ်၊ အားပေးမှုနဲ့ နားလည်မှုသာ ရှိရင် ကျွန်မတို့ ဘေးချင်းယဉ်ပြီး လမ်းလျှောက်နိုင်ကြမှာပါ။"လို့ သူမက တင်ပြထားတာ နားဆင်ကြည့်ကြပါ။ 
- Video Language:
- English
- Team:
 closed TED closed TED
- Project:
- TEDTalks
- Duration:
- 11:55
|   | sann tint edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | sann tint edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | sann tint accepted Burmese subtitles for Asking for help is a strength, not a weakness | |
|   | sann tint edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | Myo Aung edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | Myo Aung edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | Myo Aung edited Burmese subtitles for Asking for help is a strength, not a weakness | |
|   | Myo Aung edited Burmese subtitles for Asking for help is a strength, not a weakness |