Return to Video

ရာနှုန်းပြည့် အသစ်ပြန်ဖြစ်နိုင်တဲ့စွမ်းအင် နဲ့ ကမ္ဘာကို မောင်းနှင် နိုင်မလား။ Rosei and Renzo Rosei

  • 0:07 - 0:12
    ကမ္ဘာမှာ ရေနံစည် ပေါင်း ၃၅ ဘီလီယံကို
    နှစ်စဉ် သုံးစွဲပါတယ်။
  • 0:12 - 0:17
    ဒီလောက်များတဲ့ ရုပ်ကြွင်းလောင်စာပေါ်
    မှီခိုခြင်းက ကမ္ဘာကို ညစ်ညမ်းစေပြီး
  • 0:17 - 0:19
    ဒီလောင်စာက ထာ၀ရ တည်ရှိမှာမဟုတ်ပါဘူး။
  • 0:19 - 0:24
    သိပ္ပံပညာရှင်တွေ ခန့်မှန်းချက်အရ
    ကမ္ဘာ့ရေနံ ၄၀% ခန့်ကို သုံးစွဲပြီးပြီ။
  • 0:24 - 0:25
    လတ်တလော ခန့်မှန်းချက် အရ၊
  • 0:25 - 0:29
    ဒီနှုန်းအတိုင်းဆိုရင်၊ နှစ် ၅၀ အတွင်း
    ရေနံနှင့်ဓါတ်ငွေ့တွေ ကုန်မယ်
  • 0:29 - 0:32
    ရာစုနှစ် တစ်ခုလောက်အတွင်း....
    ကျောက်မီးသွေးတွေ ကုန်မယ်။
  • 0:32 - 0:37
    တဖက်မှာ.. နေ၊ ရေ၊ လေ တွေ
    ကျွန်တော်တို့မှာ အလျှံပယ် ရှိပါတယ်။
  • 0:37 - 0:39
    အသစ်ဖြစ်နိုင်တဲ့စွမ်းအင်
    ရင်းမြစ်တွေရှိတယ်
  • 0:39 - 0:41
    သဘောကတော့
    ဒါတွေကို သုံးလို့ ကုန်သွားမှာမဟုတ်ပါဘူး။
  • 0:41 - 0:44
    လူသားတို့ရဲ့ ရုပ်ကြွင်းလောင်စာ
    တည်ရှိမှုအပေါ် မှီခိုမှုကို
  • 0:44 - 0:48
    အသစ်ဖြစ်နိုင်တဲ့အရင်း အမြစ်တွေနဲ့သာ
    အစားထိုး လိုက်လျင် ဆိုတဲ့...
  • 0:48 - 0:50
    ဒီမေးခွန်းကို ဆယ်စုနှစ်ချီ
    ချိန်ဆကြည့်နေပြီး၊
  • 0:50 - 0:56
    အခုထိ အသစ်ဖြစ်နိုင်တဲ့စွမ်းအင်က၊ စွမ်းအင်
    လိုအပ်ချက် ၁၃%ခန့်သာဖြည့်ဆည်းပေးတယ်။
  • 0:56 - 1:00
    ဒါကြောင့် အသစ်ဖြစ်နိုင်တဲ့ စွမ်းအင်ကို
    ရာနှုန်းပြည့်ရဖို့ လိုအပ်ပါသည်...
  • 1:00 - 1:03
    စျေးချိုချိုနဲ့ လွယ်လင့်တကူလေးပေါ့။
  • 1:03 - 1:05
    ဒီမှာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ရှိတယ်၊
  • 1:05 - 1:09
    နိုင်ငံရေးတွေ ဘေးဖယ်ထားတောင်၊ သိပ္ပံနဲ့
    အင်္ဂျင်နီယာပညာကို ထည့်တွက်ရမယ်။
  • 1:10 - 1:15
    လူတွေ စွမ်းအင်အသုံးပြုပုံကိုနားလည်ထားလျင်၊
    ပြဿနာကို ကောင်းကောင်းနားလည်နိုင်မယ်။
  • 1:15 - 1:18
    ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အသုံးက
    ထွေပြား ရှုပ်ထွေးတဲ့ စနစ်တစ်ခုပါ
  • 1:18 - 1:22
    ဒါကြောင့် မတူညီတဲ့ ကဏ္ဍတွေမှာ
    မတူညီတဲ့ပဟေဠိတွေ ဖြေကြည့် ရမှာပါ၊
  • 1:22 - 1:26
    ခုဒီမှာတော့ အာရုံစိုက်မယ့် ၂ချက်က
    နိစ္စဓူဝ ထိတွေနေ့တဲ့
  • 1:26 - 1:29
    လျှပ်စစ် နှင့် လောင်စာ အရည်တွေပါ။
  • 1:29 - 1:32
    လျှပ်စစ်မီးက သံရည်ကျိုစက်တွေ၊
    ဓါတ်လှေကားတွေ၊ ကွန်ပြူတာတွေ နှင့်
  • 1:32 - 1:36
    အိမ်၊ လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းတွေရှိ
    အမျိုးမျိုးသောအရာများကို ဓါတ်အားပေးရပါတယ်။
  • 1:36 - 1:40
    တချိန်တည်းမှာ လောင်စာ အရည်က
    သယ်ယူပို့ဆောင်ရေး
  • 1:40 - 1:43
    လုပ်ငန်းတိုင်း လိုလိုမှာ မရှိမဖြစ်ပါ။
  • 1:43 - 1:46
    ပထမဆုံး လျှပ်စစ် ကဏ္ဍနဲ့ စလိုက်စို့။
  • 1:46 - 1:49
    သတင်းကောင်းကတော့ လူ့
    နည်းပညာက ပြည့်ဖြိုးမြဲစွမ်းအင်များမှ
  • 1:49 - 1:52
    ဒီစွမ်းအင် အားလုံးကို
    ထုတ်ယူဖို့ ထိ တိုးတက်နေပြီး
  • 1:52 - 1:54
    အလျှံပယ် ထောက်ပံမည့်
    အရာ တစ်ခုရှိပါတယ်။
  • 1:54 - 1:56
    နေမှ ကမ္ဘာသို့ နေစွမ်းအင်
  • 1:56 - 2:03
    ကဋေ သန်းပေါင်း ၁၇.၃ ကီလိုဝပ် ခန့်
    အမြဲဖြာထုတ်ပေးပြီး
  • 2:03 - 2:06
    ဒီပမာဏက လူတို့ လက်ရှိလိုအပ်ချက်ထက်
    အဆ ၁ သောင်းခန့် ပိုပါတယ်။
  • 2:06 - 2:10
    ခန့်မှန်းတွက်ချက်မှုအရ၊ ကီလိုမီတာ သိန်းချီ
    ဖြန့်ခင်းထားတဲ့မျက်နှာပြင်တစ်ခုရှိမှသာ
  • 2:10 - 2:14
    လူတို့ လက်ရှိသုံးပြုနေသော
    အဆင့်အထိ ပါဝါပေးနိုင်မှာပါ။
  • 2:14 - 2:16
    ဒါဆို ဘာကြောင့် ဒါကို မတည်ဆောက်နိုင်လဲ။
  • 2:16 - 2:18
    အကြောင်းက စွမ်းဆောင်ရည်နှင့်
  • 2:18 - 2:20
    စွမ်းအင် သယ်ပို့ရေးလို
  • 2:20 - 2:21
    အခြားအကြပ်အတည်းတွေ ရှိလို့ပါ။
  • 2:21 - 2:23
    စွမ်းဆောင်ရည် များများရဖို့ ဆို
  • 2:23 - 2:25
    ဆိုလာပြား (နေရောင်ခံ)တွေ ကို။
  • 2:25 - 2:29
    ကန္တာရလို နှစ်လုံးပေါက် နေရောင်ခြည်
    များစွာရတဲ့ နေရာတွေမှာ ထားရမယ်။
  • 2:29 - 2:33
    ဒါပေမဲ့ ဒီနေရာတွေက စွမ်းအင်
    လိုအပ်ချက်မြင့်တဲ့
  • 2:33 - 2:36
    လူနေထူထပ်တဲ့ နေရာတွေနဲ့ အလှမ်းဝေးလှပါတယ်။
  • 2:36 - 2:39
    နောက်ထပ် ထုတ်ယူနိုင်သေးတဲ့
    အသစ်ပြန်ဖြစ်တဲ့စွမ်းအင်တွေမှာ
  • 2:40 - 2:41
    ရေအားလျှပ်စစ်၊
  • 2:41 - 2:42
    ဘူမိအပူဓာတ်နဲ့
  • 2:42 - 2:43
    ဇီ၀ရုပ်များ ဖြစ်ပါတယ်
  • 2:43 - 2:47
    သို့သော် ဒါတွေမှာလည်း အရင်းအမြစ်နှင့်
    နေရာပေါ် မူတည်တဲ့ ကန့်သတ်ချက်များရှိပါတယ်။
  • 2:47 - 2:49
    မူအရတော့ ကမ္ဘာအနှံ့ ဖြန့်ကျက်ပြီး
  • 2:49 - 2:51
    လျှပ်စစ်ကြိုးတွေ ဆက်သွယ်ထားတဲ့
  • 2:51 - 2:54
    လျှပ်စစ်စွမ်းအင် ကွန်ယက်မှ တဆင့်
  • 2:54 - 2:59
    ထုတ်တဲ့နေရာမှ လိုတဲ့နေရာသို့
    ပါဝါပို့နိုင်ပါလိမ့်မယ်။
  • 2:59 - 3:03
    ဒါပေမဲ့ ဒီလို စနစ်တစ်ခုတည်ဆောက်တာ
    ကုန်ကျစရိတ်က ခေါင်ခိုက်နေပါတယ်
  • 3:04 - 3:07
    စွမ်းအင်ကို ပိုထိထိမိမိ စုဆောင်းနိုင်ဖို့
    အဆင့်မြင့်နည်းပညာတွေ
  • 3:07 - 3:10
    ဖွံ့ဖြိုးစေခြင်းဖြင့် ကုန်ကျစရိတ်
    လျော့ချနိုင်ပါတယ်။
  • 3:10 - 3:14
    စွမ်းအင် သယ်ပို့ အခြေခံအဆောက်အအုံကိုလည်း
    ပီပီပြင်ပြင် ပြောင်းရပေလိမ့်မယ်။
  • 3:14 - 3:17
    ခုခေတ် ဓါတ်ကြိုးတွေမှာ သယ်ဆောင်တဲ့
    စွမ်းအင်ရဲ့ ၆% မှ ၈% ခန့်
  • 3:17 - 3:23
    ဆုံးရှုံးနေတာက ဝါယာကြိုးရှိ က လျှပ်စစ်
    ခုခံမှုစွမ်းအင် ဖြုန်းတီးလိုက်လို့ပါ။
  • 3:24 - 3:27
    ဓါတ်ကြိုးရှည်လေလေ စွမ်းအင်
    ဆုံးရှုံးလေလေ ပါပဲ။
  • 3:27 - 3:30
    ဒီဲကိစ္စမှာ ဆူပါ လျှပ်ကူးတွေက
    အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။
  • 3:30 - 3:33
    ဒီပစ္စည်းတွေက လျှပ်စစ်ဓါတ်ကို
    အဖိတ်အစင်မရှိ သယ်ဆောင်နိုင်တယ်
  • 3:34 - 3:38
    ကံမကောင်းစွာပဲ သူတို့ဟာ အပူချိန် နိမ့်ပြီး
    အေးနေ မှသာ အလုပ်လုပ်နိုင်ပါတယ်၊
  • 3:38 - 3:40
    ဒါက စွမ်းအင် လိုအပ်ကာ
    ရည်မှန်းချက် မအောင်မြင်ဘူး။
  • 3:40 - 3:43
    ဒီနည်းပညာ အကျိုးတရားခံစားဖို့
  • 3:43 - 3:46
    အခန်းတွင်းအပူချိန်မှာ အလုပ်လုပ်နိုင်တဲ့
  • 3:46 - 3:48
    ဆူပါလျှပ်ကူး ပစ္စည်းအသစ်တွေ
    ရှာဖွေဖို့ လိုနေပြန်တယ်။
  • 3:49 - 3:53
    အစွမ်းကုန်အရေးပါနေတဲ့ ရေနံလို
    လောင်စာ အရည်နဲ့ ပတ်သတ်တာတွေကရော
  • 3:54 - 3:57
    သိပ္ပံဆိုင်ရာ စိန်ခေါ်ချက်တစ်ခုက
    အသစ်ပြန်ဖြစ်တဲ့စွမ်းအင်ကို
  • 3:57 - 4:00
    လွယ်ကူစွာ သယ်ပို့နိုင်သော ပုံစံနဲ့
    သိုလှောင်ဖို့ပါ။
  • 4:00 - 4:03
    မကြာသေးခင်က ပိုကောင်းလာတဲ့
    လစ်သီယံအိုင်းယွန်း ဘက်ထရီများ ရထားတယ်၊
  • 4:03 - 4:07
    ဒါတွေက ပေါ့ပါးပြီး
    စွမ်းအင်သိပ်သည်းမှုလည်းမြင့်ပါသည်
  • 4:07 - 4:11
    အကောင်းဆုံး ဘက်ထရီသည်ပင် စွမ်းအင်
    ယူနစ် ၂.၅ မက်ဂါဂျုး ခန့် သာသိုလှောင်ပါတယ်။
  • 4:11 - 4:17
    ဒါက ဓါတ်ဆီ ၁ကီလိုဂရမ် မှာရှိတဲ့
    စွမ်းအင်အောက် အဆ ၂၀ ခန့် နည်းပါတယ်။
  • 4:17 - 4:20
    တကယ်တမ်း ယှဉ်ဖို့ဆို ကား ဘက်ထရီတွေက
    ကုန်ကျစရိတ် ထပ်မတိုးပဲ
  • 4:20 - 4:23
    ပိုများတဲ့ စွမ်းအင်သိုလှောင်ဖို့
    လိုပါလိမ့်မယ်။
  • 4:23 - 4:28
    သင်္ဘောတွေ၊ လေယာဉ်တွေလို ကိုယ်ထည်ကြီးတွေ
    အတွက်ဆို ဖြေရှင်းပေးစရာတွေ တိုးလာရုံပေါ့။
  • 4:28 - 4:32
    အက်တလန်တိတ်ကို ဖြတ်မည့်
    ဂျက်တစ်စီးကို ပါဝါပေးဖို့
  • 4:32 - 4:35
    ဘက်ထရီအလေးချိန်
    တန် ၁ထောင်ခန့် လိုအပ်ပါတယ်။
  • 4:35 - 4:39
    ဒါကလည်း တောင်းဆိုတာက ပစ္စည်းသစ်တွေ၊
    ပိုမြင့်မားတဲ့ စွမ်းအင် သိပ်သည်းမှု၊
  • 4:39 - 4:41
    ပိုကောင်းတဲ့ သိုလှောင်မှုကို ဦးတည်တဲ့
  • 4:41 - 4:44
    နည်းပညာဆိုင်ရာ စိတ်ကူးတွေပါ။
  • 4:44 - 4:46
    အဆင်ပြေမည့် ဖြေရှင်းချက်တစ်ခုက
  • 4:46 - 4:50
    နေစွမ်းအင်မှ ဓါတုစွမ်းအင်သို့ ပြောင်းဖို့
    စွမ်းဆောင်ရည်မြင့် နည်းလမ်းတွေ ရှာဖို့ပါ။
  • 4:50 - 4:53
    ဒါတွေက စမ်းသပ်ခန်းတွေမှာ ရပြီးသားလို့
    ဆိုပေမဲ့ ..
  • 4:53 - 4:55
    စျေးကွက်မှာ တင်သွင်းဖို့
    စွမ်းဆောင်ရည်က အလွန်နိမ့်ပါသေးတယ်
  • 4:55 - 4:59
    ခပ်ဆန်းဆန်း အဖြေတွေရှာဖို့ လိုအပ်နေတာက
    မြောက်များလှစွာသော ဖန်တီးမှု၊
  • 4:59 - 5:01
    တည်ထွင်မှု နဲ့ ရင်းနှီးမြုပ်နှံမှု
  • 5:01 - 5:03
    မက်လုံးကောင်းကောင်းတွေပါ။
  • 5:03 - 5:05
    လုံးဝ အသစ်ပြန်ဖြစ်တဲ့စွမ်းအင်တွေဆီ
  • 5:05 - 5:10
    ကူးပြောင်းမှုဟာ နည်းပညာ၊ စီးပွားရေး၊
    နိုင်ငံရေးပါဝင်တဲ့ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခု
  • 5:10 - 5:15
    ဒါကို ဖြေရှင်းဖို့ ဦးစားပေးစရာတွေက
    တိကျတဲ့ ယူဆချက်များ အပေါ်မှုတည်ပါသည်။
  • 5:15 - 5:18
    ဘက်ပေါင်းစုံပြဿများကိုဖြေရှင်းဖို့
    ကြိုးပမ်းလုပ်ဆောင်ရမှာပါ။
  • 5:19 - 5:22
    ဒါပေမဲ့ ဒီကိုရောက်မယ်လို့ ယုံကြည်စေဖို့
    အကြောင်းပြချက်များစွာရှိပါတယ်။
  • 5:22 - 5:26
    ကမ္ဘာတဝန်းက ထိပ်တန်းသိပ္ပံပညာရှင်တွေ
    ဒီပြဿနာတွေကို ပူးပေါင်းဆောင်ရွက်နေကြပြီး
  • 5:26 - 5:30
    အမြဲပဲထိုးဖောက် ကျော်လွှားသွားနေပါတယ်။
  • 5:30 - 5:33
    များစွာသော အစိုးရတွေနဲ့ လုပ်ငန်းတွေက
    ကွျန်တော်တို့ဝန်းကျင်က စွမ်းအင်ကို
  • 5:33 - 5:37
    ထိန်းချုပ်အသုံးပြုတဲ့ နည်းပညာကဏ္ဍမှာ
    ရင်းနှီးမြုပ်နှံနေကြပါပြီ။
Title:
ရာနှုန်းပြည့် အသစ်ပြန်ဖြစ်နိုင်တဲ့စွမ်းအင် နဲ့ ကမ္ဘာကို မောင်းနှင် နိုင်မလား။ Rosei and Renzo Rosei
Description:

သင်ခန်းစာ အပြည့်အစုံကြည်ရန် https://ed.ted.com/lessons/can-100-renewable-energy-power-the-world-federico-rosei-and-renzo-rosei

ကမ္ဘာပေါ်မှာ ရေနံစည် ပေါင်း ၃၅ ဘီလီယံကို နှစ်စဉ် သုံးစွဲပါတယ်။ ဒီလောက် ပမာဏများသောရုပ်ကြွင်းလောင်စာပေါ် မှီခိုခြင်းက ကမ္ဘာကို ညစ်ညမ်းစေပြီး ဒီလောင်စာက ထာ၀ရ မတည်ရှိနိုင်ပါဘူး။ တဖက်မှာ.. နေ၊ ရေ၊ လေ တွေ ပေါပေါ များများ ရှိပါတယ်၊ ယင်းတို့ဟာ အသစ်ပြန်ဖြစ်နိုင်သော စွမ်းအင် အရင်းအမြစ်များ ဖြစ်ပါသည်။ ဒီလိုဆို လူသားထုရဲ့ ရုပ်ကြွင်းလောင်စာ တည်ရှိမှုအပေါ် မှီခိုခြင်းကို အသစ်ပြန်ဖြစ်နိုင်တဲ့ အရင်း အမြစ်တွေနဲ့ ဘာကြောင့် အလဲအလှယ် မလုပ်လဲ။
စိန်ခေါ်ချက်များကို ဖော်ပြသူ Federico Rosei and Renzo Rosei describe the challenges။

သင်ခန်းစာတင်ဆက်သူ Federico Rosei and Renzo Rosei
ညွှန်ကြားသူ Giulia Martinell။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:55
  • ကျွန်တော့်ရဲ့ ဒုတိယမြောက် စာတန်းထိုး ဗီဒီယိုပါ။ ဘာသာပြန်ဆိုခြင်းနှင့် စပ်လျဉ်းသော အားနည်းချက်များ တွေ့ရှိပါက အကြံပြုပေးပါ။

Burmese subtitles

Revisions Compare revisions