Return to Video

အလုပ်၊ ဘဝ ဟန်ချက်ညီ လုပ်ကိုင်နည်း။

  • 0:00 - 0:02
    ကျွန်တော်လုပ်မယ်လို့ ကြံထားတာက
  • 0:02 - 0:04
    ရိုးရိုး ပန်ကြားချက်တစ်ခုနဲ့ စမယ်ပေါ့
  • 0:05 - 0:07
    ခင်ဗျားတို့အားလုံး ခဏကြာ
  • 0:07 - 0:09
    ကိုယ့်ရဲ့ စိတ်မချမ်းသာစရာ ပျော့ညံ့ချက်တွေ
  • 0:09 - 0:11
    ကိုယ့်ရဲ့စိတ်ပျက်စရာ ဖြစ်တည်မှုတွေကို
  • 0:11 - 0:14
    ရပ်တန့် ပစ်လိုက်စေချင်ပါတယ်။
  • 0:14 - 0:16
    (ရယ်သံများ)
  • 0:18 - 0:20
    ကဲ ဒါက ငါးရာစုမှာ St. Benedict က
  • 0:20 - 0:22
    သူ့ရဲ့ အတော့ကို ချောက်ချားနေတဲ့
  • 0:22 - 0:24
    နောက်ပါးတွေကိုပေးတဲ့ အကြံပါ။
  • 0:24 - 0:26
    ဒါက ကျွန်တော် အသက် ၄၀ အရောက်မှာ ကိုယ်တိုင်
  • 0:26 - 0:29
    လိုက်နာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြံဉာဏ်ပါ။
  • 0:29 - 0:32
    အဲဒီကာလမတိုင်ခင်က ဖြစ်နေကျ
    ပူးပေါင်းသူ ရဲမက်ဖြစ်ဖူးတယ်၊
  • 0:32 - 0:34
    အရမ်းစား၊ အရမ်းသောက်
  • 0:34 - 0:36
    အရမ်း အလုပ်ကြိုးစားခဲ့ပြီး
  • 0:36 - 0:38
    မိသားစုကို လျစ်လျှူရှု နေခဲ့တာပေါ့။
  • 0:38 - 0:40
    ဒါနဲ့ ကိုယ့်ဘဝကို အလှည့်
  • 0:40 - 0:42
    အပြောင်းလုပ်ဖို့ ကြိုးစာရန်
    ဆုံးဖြတ်ခဲ့တယ်။
  • 0:42 - 0:44
    အထူးသဖြင့် အလုပ်၊ ဘဝ ဟန်ချက်ရဲ့
  • 0:44 - 0:46
    ရှုပ်ထွေးလှတဲ့ ကိစ္စကို ဖြေရှင်းဖို့
  • 0:46 - 0:49
    ကြိုးစားမယ်ပေါ့။
  • 0:49 - 0:52
    ဒါနဲ့ အလုပ်နေရာမှ နှုက်ထွက်ခဲ့ပြီး
  • 0:52 - 0:55
    အိမ်မှာ ဇနီး၊ ကလေးငယ် လေးယောက်နဲ အတူ
  • 0:55 - 0:58
    တစ်နှစ်တာ ကုန်ဆုံးခဲ့တယ်။
  • 0:58 - 1:00
    ဒါပေမဲ့ အဲဒီနှစ်က အလုပ်၊ ဘဝ ဟန်ချက်
  • 1:00 - 1:02
    ညီမှုနဲ့ ပတ်သက်ပြီး သိလိုက်ရတာက
  • 1:02 - 1:04
    အလုပ်နဲ့ ဘဝကို ဟန်ချက်ညီဖို့ဆိုတာ
  • 1:04 - 1:06
    အလုပ်လုပ်စရာ မရှိတဲ့အခါမှာ
  • 1:06 - 1:08
    အတော်လွယ်သားပဲလို့ ထင်ခဲ့တာပါ။
  • 1:08 - 1:12
    (ရယ်သံများ)
  • 1:12 - 1:14
    သိပ် အသုံးမဝင်တဲ့ အတတ်တစ်ခုပါ၊
  • 1:14 - 1:17
    အထူးသဖြင့် ငွေကုန်သွားတဲ့အခါမှာပေါ့။
  • 1:17 - 1:19
    ဒါနဲ့ အလုပ်ပြန်လုပ်ခဲ့ပြီး
  • 1:19 - 1:22
    အဲဒီကတည်းက ခုနစ်နှစ်ကြာ အလုပ်၊ဘဝ
  • 1:22 - 1:25
    ဟန်ချက်ညီမှု အကြောင်း လေ့လာခြင်း၊
  • 1:25 - 1:28
    ရေးသားခြင်းနဲ့ ရုန်းကန်ခဲ့ပါတယ်။
  • 1:28 - 1:30
    ဒီနေ့ ခင်ဗျားတို့နဲ့ မျှဝေချင်တဲ့
  • 1:30 - 1:32
    လေ့လာမှု လေးခုရှိပါတယ်။
  • 1:32 - 1:34
    ပထမဆုံးက
  • 1:34 - 1:37
    လူ့အဖွဲ့အစည်းက ဒီကိစ္စကို
    တိုးတက်အောင်လုပ်ဖို့ဆိုရင်
  • 1:37 - 1:40
    ရိုးသားတဲ့ ဆွေးနွေးမှုကို လိုအပ်ပါတယ်။
  • 1:40 - 1:42
    ဒါပေမဲ့ ပြဿနာက
  • 1:42 - 1:44
    လူတော်တော်များများက အလုပ်၊ ဘဝ
  • 1:44 - 1:46
    ဟန်ချက်ညီမှုကို ပေါက်ကရ ပြောလွန်းတာပါ။
  • 1:47 - 1:49
    အလုပ်ချိန် လွှဲပြောင်းတာ (သို့)
  • 1:49 - 1:52
    ပေါ့ပေါ့ပါးပါး ဝတ်တဲ့ သောကြာနေ့တွေ၊
    ကလေးအဖေခွင့်နဲ့
  • 1:52 - 1:54
    ပတ်သက်တဲ့ ဆွေးနွေးချက်တွေဟာ
  • 1:54 - 1:57
    အဓိက ကိစ္စကို ဖုံးကွယ်ရာပဲ ရောက်ပါတယ်။
  • 1:57 - 1:59
    ဒါက
  • 1:59 - 2:02
    တစ်ချို့ အလုပ်နဲ့ အသက်မွေးမှု
    ရွေးချယ်မှုတွေဟာ
  • 2:02 - 2:05
    ငယ်ရွယ်တဲ့ မိသားစုနဲ့ နေ့တဓူဝ ကိစ္စမှာ
  • 2:05 - 2:07
    အဓိပ္ပါယ်ရှိရှိ ဆက်စပ်နေခြင်းနဲ့
  • 2:07 - 2:09
    အခြေခံအားဖြင့်
  • 2:09 - 2:11
    သဟဇာတ မဖြစ်တာပါ။
  • 2:13 - 2:15
    အခု ပြဿနာတိုင်းကို ဖြေရှင်းဖို့ ပထမအဆင့်က
  • 2:15 - 2:18
    ကိုယ်ရှိနေတဲ့ အခြေအနေရဲ့
    ဒိဋ္ဌဖြစ်ရပ်ကို လက်ခံခြင်းပါ။
  • 2:18 - 2:22
    ကျွန်တော်တို့ ရှိနေတဲ့
    လူ့အဖွဲ့အစည်းရဲ့ ဒိဋ္ဌဖြစ်ရပ်က
  • 2:22 - 2:24
    အဲဒီက ထောင်ပေါင်းများစွာသော
  • 2:24 - 2:26
    လူတွေရှိနေပြီး
  • 2:26 - 2:30
    တိတ်ဆိတ်တဲ့၊ အော်ဟစ်နေတဲ့ ကြံရာ
    မရတဲ့ ဘဝတွေမှာနေထိုင်နေတယ်၊
  • 2:30 - 2:32
    အဲဒီမှာ သူတို့မကြိုက်တဲ့ လူတွေအထင်ကြီးဖို့
  • 2:32 - 2:34
    သူတို့မလိုအပ်တဲ့ ပစ္စည်းတွေဝယ်နိုင်အောင်
  • 2:34 - 2:36
    သူတို့မုန်းတဲ့ အလုပ်တွေမှာ အကြာကြီး
  • 2:36 - 2:38
    ပင်ပန်းစွာ အလုပ်လုပ်ကြတယ်။
  • 2:38 - 2:40
    (ရယ်သံများ)
  • 2:40 - 2:43
    (လက်ခုပ်သံများ)
  • 2:43 - 2:47
    ကျွန်တော့ အမြင်က သောကြာနေ့မှာ ဂျင်းနဲ့
    တီရှပ်တစ်ထည်ဝတ်ပြီး အလုပ်သွားခြင်းဟာ
  • 2:47 - 2:49
    ပြဿနာရဲ့အဓိကအရာဆီ မရောက်တာပါ။
  • 2:49 - 2:52
    (ရယ်သံများ)
  • 2:53 - 2:55
    ကျွန်တော်ထောက်ပြလိုတဲ့ ဒုတိယလေ့လာမှုက
  • 2:55 - 2:57
    အစိုးရတွေ၊ လုပ်ငန်းအဖွဲ့ကြီးတွေက
  • 2:57 - 2:59
    ဒီကိစ္စကို ကျွန်တော်တို့အတွက် ဖြေရှင်း
  • 2:59 - 3:02
    ပေးမှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို
    ရင်ဆိုင်ဖို့လိုတာပါ။
  • 3:02 - 3:04
    အပြင်ကို ကြည့်တာ ရပ်ဖို့သင့်ပါတယ်။
  • 3:04 - 3:06
    တစ်ဦးချင်းအနေနဲ့ ကိုယ်ရှင်သန်ရှင်တဲ့ ဘဝ
  • 3:06 - 3:09
    အမျိုးအစားအတွက်ထိန်းချုပ်၊ တာဝန်ယူဖို့က
  • 3:09 - 3:12
    ကျွန်တော်တို့အပေါ် မူတည်ပါတယ်။
  • 3:12 - 3:14
    ကိုယ့်ဘဝကို ပုံစံမချရင်
  • 3:14 - 3:17
    သူများက ကိုယ့်အတွက် ပုံစံချသွားမှာဖြစ်ပြီး
  • 3:17 - 3:19
    သူတို့ရဲ့ ဟန်ချက်ညီမှု စိတ်ကူးကို
  • 3:19 - 3:21
    ကိုယ်က ကြိုက်ချင်မှ ကြိုက်မှာပါ။
  • 3:21 - 3:24
    ဒါက အထူး အရေးကြီးပါတယ်၊
  • 3:24 - 3:26
    WWW မှာမရှိဘူးမို့လား၊ ငါအထုတ်ခံရတော့မယ်။
  • 3:26 - 3:28
    ဒါက အထူးအရေးကြီးတာက
  • 3:28 - 3:31
    စီးပွားရေး အဖွဲ့အစည်းတွေရဲ့ လက်ထဲကို
  • 3:31 - 3:34
    ကိုယ့်ဘဝ အရည်အသွေးကို ကိုယ်က
    ဘယ်တော့မှ ထည့်မပေးခြင်းပါ။
  • 3:35 - 3:38
    အခု ကျွန်တော်က မကောင်းတဲ့
    ကုမ္ပဏီတွေအကြောင်းပဲ ပြောမနေပါဘူး၊
  • 3:38 - 3:41
    ကျွန်တော့ အခေါ်အရ "လူသားစိတ်ရဲ့
    သားသတ်ရုံတွေပေါ့။
  • 3:41 - 3:43
    (ရယ်သံများ)
  • 3:43 - 3:46
    ကုမ္ပဏီအားလုံးကို ပြောနေတာပါ။
  • 3:46 - 3:48
    အကြောင်းက စီးပွားရေး ကုမ္ပဏီတွေဟာ
  • 3:48 - 3:50
    သူတို့ရှောင်လို့ရသလောက်
  • 3:50 - 3:52
    သင့်ဆီကနေ အများဆုံးယူဖို့ နဂိုကတည်းက
  • 3:52 - 3:54
    ပုံစံချထားတာကြောင့်ပါ။
  • 3:54 - 3:56
    ဒါက သူတို့သဘာဝ၊ သူတို့ရဲ့ DNA ၊
  • 3:56 - 3:58
    သူတို့ လုပ်နေကျပါ။
  • 3:58 - 4:01
    ကောင်းမွန်ပြီး၊ စေတနာကောင်းတဲ့
    ကုမ္ပဏီတွေတောင်ပါ။
  • 4:01 - 4:03
    တစ်ဘက်မှာကျတော့
  • 4:03 - 4:05
    အလုပ်ခွင်မှာ ကလေးစောင့်ရှောက်ရေး
  • 4:05 - 4:07
    အထောက်အကူတွေ တပ်ဆင်တာ
    အံ့ဩစရာ၊ အသိကြွယ်တာပါ
  • 4:07 - 4:09
    အခြာတစ်ဘက်ကျတော့ အိပ်မက်ဆိုးတစ်ခုပါ။
  • 4:09 - 4:12
    ဆိုလိုတာက သင်ဟာ သွေးပျက်စရာရုံးမှာ
    အချိန်ပိုကုန်တာပါ။
  • 4:14 - 4:16
    ကျွန်တော်တို့ ဘဝမှာလိုချင်တဲ့
  • 4:16 - 4:18
    နယ်နိမိတ်တွေကို
  • 4:18 - 4:21
    ချမှတ်၊ ပြဋ္ဌာန်းဖို့ တာဝန်ယူဖို့လိုပါတယ်။
  • 4:22 - 4:24
    တတိယလေ့လာမှုက
  • 4:24 - 4:26
    ကိုယ့်ဟန်ချက်ကို အကဲဖြတ်တာအပေါ်
  • 4:26 - 4:29
    ကိုယ်ရွေးတဲ့ အချိန်ဘောင်ကို
  • 4:29 - 4:32
    သတိပြုဖို့လိုတာပါ။
  • 4:33 - 4:35
    အလုပ်ပြန်မလုပ်ခင်
  • 4:35 - 4:37
    အိမ်မှာနေတဲ့ နှစ်အပြီးမှာ
  • 4:37 - 4:39
    ထိုင်ပြီး
  • 4:39 - 4:41
    ရေးချလိုက်တာက
  • 4:41 - 4:44
    ကိုယ် ဆန္ဒပြင်းပြတဲ့ အကောင်းဆုံး
  • 4:44 - 4:47
    ဟန်ချက်ညီ နေ့တစ်နေ့ရဲ့ အသေးစိတ် အဆင့်ဆင့်
  • 4:47 - 4:49
    ရေးသားဖေါ်ြပချက်ပါ။
  • 4:49 - 4:52
    ဒါက ဒီလိုမျိုးပါ။
  • 4:52 - 4:54
    ကောင်းမွန်တဲ့ ညရဲ့ အိပ်စက်မှုအပြီး
  • 4:54 - 4:56
    ကောင်းစွာ အနားယူမှုနဲ့ နိုးထ၊
  • 4:56 - 4:58
    သံဝါသပြု။
  • 4:59 - 5:01
    ခွေးကို လမ်းလျှောက်ပေး၊
  • 5:01 - 5:04
    ဇနီး၊ ကလေးတွေနဲ့ နံနက်စာစား၊
  • 5:04 - 5:06
    သံဝါသ ထပ်ပြု။
  • 5:06 - 5:09
    (ရယ်သံများ)
  • 5:09 - 5:12
    ရုံးသွားတဲ့လမ်းမှာ ကလေးတွေကို
    ကားနဲ့ ကျောင်းပို့၊
  • 5:12 - 5:14
    အလုပ် သုံးနာရီစာလုပ်၊
  • 5:14 - 5:17
    မိတ်ဆွေတစ်ယောက်နဲ့
    နေ့လည်စာအချိန်မှာ အားကစားလုပ်၊
  • 5:17 - 5:19
    နောက် သုံးနာရီ အလုပ်လုပ်။
  • 5:19 - 5:22
    ညနေအစောပိုင်း သောက်စားဖို့
    အရက်ဆိုင်မှာ အဖော်တွေနဲ့ ဆုံ၊
  • 5:23 - 5:25
    မိန်းမ၊ ကလေးတွေနဲ့အတူ
  • 5:25 - 5:28
    ညစာအတွက် အိမ်ကို ကားမောင်းပြန်၊
  • 5:28 - 5:31
    နာရီဝက်လောက် တရားထိုင်၊
  • 5:31 - 5:33
    သံဝါသပြု၊
  • 5:33 - 5:36
    ခွေးကို လမ်းလျှောက်ပေး၊ ထပ်ပြီး သံဝါသပြု၊
  • 5:36 - 5:39
    အိပိရာဝင်တယ်။
  • 5:39 - 5:44
    (လက်ခုပ်သံများ)
  • 5:44 - 5:46
    အဲဒီလိုနေ့မျိုး ဘယ်နှစ်ခုလောက် ရတယ်ထင်လဲ။
  • 5:46 - 5:49
    (ရယ်သံများ)
  • 5:49 - 5:51
    လက်တွေ့ကျဖို့တော့ လိုတာပေါ့။
  • 5:51 - 5:53
    တစ်နေ့တည်း အကုန်လုပ်လို့မရဘူးလေ။
  • 5:53 - 5:56
    ဘဝဟန်ချက်ကို အကဲဖြတ်တာအပေါ်မှာ
  • 5:56 - 5:58
    အချိန်ဘောင်ကို ရှည်အောင်လုပ်ဖို့လိုတယ်။
  • 5:58 - 6:00
    ဒါပေမဲ့ ဒီလှည့်ကွက်ထဲ ကျမသွားစေပဲ
  • 6:00 - 6:02
    တာရှည်ဖို့တော့ လိုပါတယ်၊
  • 6:02 - 6:05
    "ငါ အငြိမ်းစားယူတဲ့အခါ အချိန်ရှိမှာပဲ၊
  • 6:05 - 6:07
    ကလေးတွေ အိမ်ကထွက်သွားတဲ့အခါ၊
  • 6:07 - 6:10
    မိန်းမက ငါနဲ့ကွာရှင်းပြီး
    ကျန်းမာရေးကျဆင်းတဲ့အခါ၊
  • 6:10 - 6:12
    အဖော်တွေ မရှိ၊ စိတ်ဝင်စားစရာ ကုန်တဲ့အခါ"
  • 6:12 - 6:14
    (ရယ်သံများ)
  • 6:14 - 6:17
    တစ်နေ့တာဟာ တိုလွန်းတယ်၊
    "အငြိမ်းစားယူပြီးမှ" ဆိုတာ ကြာလွန်းတယ်။
  • 6:17 - 6:20
    အလယ်အလတ်မှာ ဖြစ်ဖို့လိုတယ်လေ။
  • 6:21 - 6:23
    စတုတ္ထလေ့လာမှုက
  • 6:23 - 6:25
    ဟန်ချက်ညီမှုကို ဟန်ချက်ညီတဲ့
  • 6:25 - 6:28
    နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ လိုတာပါ။
  • 6:28 - 6:30
    မနှစ်က မိတ်ဆွေတစ်ယောက် လာတွေ့တယ်၊
  • 6:30 - 6:33
    ဒီဇာတ်လမ်းပြောလို့ ကျွန်တော့ကို
    သူမစိတ်မဆိုးဘူး၊ သူမလာပြီး
  • 6:33 - 6:35
    ပြောတာက "Nigel ရှင့်စာအုပ် ဖတ်ပြီးပြီ၊
  • 6:35 - 6:38
    ကျွန်မဘဝဟာ လုံးဝ ဟန်ချက်ပျက်နေတယ်လို့
    နားလည်လိုက်တယ်။
  • 6:38 - 6:41
    လုံးဝကို အလုပ်ရဲ့ ကြီးစိုးတာခံရတယ်။
  • 6:41 - 6:44
    တစ်နေ့ ၁၀ နာရီ အလုပ်လုပ်တယ်၊
    အလုပ်အသွား လမ်းမှာက တစ်နေ့ ၂နာရီ။
  • 6:44 - 6:46
    ဆက်ဆံရေးတွေအားလုံ ပျက်ကုန်ပြီ။
  • 6:46 - 6:48
    ကျွန်မအလုပ်ကလွဲပြီး
  • 6:48 - 6:50
    ဘဝမှာ ဘာမှမရှိတော့ဘူး။
  • 6:50 - 6:53
    ဒါနဲ့ ထိန်းချုပ်ပြီး ဖြေရှင်းဖို့
    ဆုံးဖြတ်လိုက်တယ်။
  • 6:53 - 6:55
    ဒါနဲ့ အားကစား လေ့ကျင့် လိုက်တယ်။"တဲ့
  • 6:55 - 6:58
    (ရယ်သံများ)
  • 6:58 - 7:01
    ကဲ လှောင်ပြောင်ဖို့ မရည်ရွယ်ပါဘူး၊
  • 7:01 - 7:05
    ဒါပေမဲ့ ကျန်းမာတဲ့ တစ်နေ ၁၀ နာရီ
    ရုံးကြွက်တစ်ကောင်ဖြစ်နေတာက
  • 7:05 - 7:08
    ပိုဟန်ချက်ညီတာမဟုတ်ပဲ ပိုပြီး ကျန်းမာတာပါ။
  • 7:08 - 7:10
    (ရယ်သံများ)
  • 7:10 - 7:13
    ကိုယ်လက်လေ့ကျင့်ခန်းက
    ချစ်စရာကောင်းလောက်ပေမယ့်
  • 7:13 - 7:15
    ဘဝမှာ အခြားအပိုင်းတွေ ရှိနေတယ်။
  • 7:15 - 7:17
    ဉာဏ်ရည်ပိုင်း၊ စိတ်ခံစားမှုပိုင်း၊
  • 7:17 - 7:19
    စိတ်ပိုင်းဆိုင်ရာတွေရှိတယ်။
  • 7:19 - 7:21
    ပြီးတော့ ဟန်ချက်ညီဖို့ပါ။
  • 7:21 - 7:23
    ဒီနယ်ပယ်အားလုံးကို အာရုံစိုက်
  • 7:23 - 7:25
    လုပ်ဆောင်ဖို့ လိုတယ်လို့ ယုံကြည်တယ်။
  • 7:25 - 7:28
    ဗိုက်လေ့ကျင့်ခန်း အကြိမ်
    ၅၀ တင်ပဲမဟုတ်ပါဘူး။
  • 7:28 - 7:30
    ကဲဒါက လန့်စရာဖြစ်နိုင်တာပေါ့။
  • 7:30 - 7:33
    အကြောင်က လူတွေက " ငါ့မှာ ကျန်းမာရေး
    လုပ်ဖို့ အချိန်မရှိဘူး၊
  • 7:33 - 7:35
    ဘုရားကျောင်းတက်၊ အမေ့ကို
  • 7:35 - 7:37
    ဖုန်းဆက်ခိုင်းတယ်"။ ကျွန်တော် နားလည်ပါတယ်။
  • 7:37 - 7:40
    အဲဒါ လန့်စရာကောင်းတာ တကယ်ပဲ နားလည်ပါတယ်။
  • 7:40 - 7:43
    ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က
    ကြုံခဲ့တဲ့ အဖြစ်က
  • 7:43 - 7:45
    ကျွန်တော့ကို အမြင်သစ်တစ်ခုပေးခဲ့တယ်။
  • 7:45 - 7:48
    ကျွန်တော့ ဇနီးက၊ ဒီနေ့ပရိတ်သတ်ထဲမှာ
    ရှိနေပါတယ်၊
  • 7:48 - 7:51
    ရုံးကို ဖုန်းဆက်ပြီး ပြောတာက
  • 7:51 - 7:54
    "Nigel ရှင် ကျွန်မတို့ အငယ်ဆုံးသား
    Harry ကို
  • 7:54 - 7:56
    ကျောင်းက ကြိုလာဖို့ လိုတယ်နော်"တဲ့။ သူမဟာ
  • 7:56 - 7:59
    အဲဒီညနေက အခြားကလေး
    သုံးယောက်နဲ့ တစ်နေရာမှာ ရှိဖို့လိုတာကိုး။
  • 7:59 - 8:02
    ဒါနဲ့ အဲဒီနေ့လည်က ရုံးက
    တစ်နာရီစောဆင်းခဲ့ပြီး
  • 8:02 - 8:05
    Harry ကို ကျောင်းတံခါးဝမှာ ကြိုခဲ့တယ်။
  • 8:06 - 8:08
    ကျွန်တော်တို့ အနီးရှိပန်းခြံဆီ လျှောက်တယ်၊
  • 8:08 - 8:11
    ဒန်းတွေပေါ်မှာ ဆော့၊ ပေါက်ကရတွေ ကစားပေါ့။
  • 8:11 - 8:14
    နောက် တောင်ကုန်းလေးပေါ်တက်၊
    အနီးက ကော်ဖီဆိုင်ကို လျှောက်ကာ
  • 8:14 - 8:17
    ပီဇာတစ်ချပ် နှစ်ယောက် မျှစားခဲ့တယ်။
  • 8:17 - 8:19
    တောင်ကုန်းကို ဆင်းပြီး အိမ်ပြန်ခဲ့တာပေါ့။
  • 8:19 - 8:21
    သူ့ကို ရေချိုးပေးပြီး
  • 8:21 - 8:24
    သူ့ရဲ့ Batman ညဝတ်အင်္ကျီဝတ်ပေးလိုက်တယ်။
  • 8:24 - 8:26
    Roald Dahl ရဲ့ "James and the Giant Peach
  • 8:26 - 8:29
    က အခန်းတစ်ခန်း သူ့ကို ဖတ်ပြတယ်။
  • 8:29 - 8:31
    သူ့ကို အိပ်ရာထဲသိပ်ပြီး စောင်ခြုံပေးကာ
  • 8:31 - 8:33
    သူ့နဖူးကို နမ်းပြီး "ကောင်းသောညပါကွာ" လို့
  • 8:33 - 8:35
    ပြောပြီး သူ့အိပ်ရာက ထွက်ခဲ့တယ်။
  • 8:35 - 8:37
    သူ့အိပ်ရာက အထွက်မှာ သူပြောတာက
  • 8:37 - 8:40
    "ဖေဖေလား" ကျွန်တော်က "အေးပါ သားရ။"
  • 8:40 - 8:42
    သူက "ဖေဖေ၊ ဒီနေ့ဟာ သားဘဝမှာ
  • 8:42 - 8:45
    အကောင်းဆုံး နေ့ပဲ"တဲ့။
  • 8:47 - 8:50
    ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး၊
  • 8:50 - 8:53
    သူ့ကို Disney World ပို့တာ၊
    PlayStation ဝယ်ပေးတာ မလုပ်ခဲ့ဘူး။
  • 8:53 - 8:55
    အခု ကျွန်တော် ပြောချင်တာက
  • 8:55 - 8:58
    အသေးအဖွဲလေးတွေက အရေးပါတာပါ။
  • 8:58 - 9:00
    ပိုပြီး ဟန်ချက်ညီတာက
  • 9:00 - 9:03
    ကိုယ့်ဘဝမှာ သိသာတဲ့
    ဗြောင်းဆန်တာကို မဆိုလိုပါဘူး။
  • 9:03 - 9:05
    မှန်ကန်တဲ့ နေရာတွေမှာ
  • 9:05 - 9:07
    အသေးဖွဲဆုံး ရင်းနှီးမြှုပ်နှံမှုနဲ့
  • 9:07 - 9:10
    ကိုယ့်ဆက်ဆံရေးရဲ့ အရည်အသွေးနဲ့
    ကိုယ့်ဘဝ အရည်အသွေးကို
  • 9:10 - 9:12
    အကြီးအကျယ် ပြောင်းလဲနိုင်တာပါ။
  • 9:12 - 9:14
    ဒါ့အပြင် ကျွန်တော်တွေးမိတာက
  • 9:14 - 9:17
    ဒါက လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်တာပါ။
  • 9:17 - 9:19
    အကြောင်းက အတော်အသင့် လူတွေလုပ်ကြရင်
  • 9:19 - 9:22
    လူအဖွဲ့အစည်းရဲ့ အောင်မြင်မှု
    အဓိပ္ပါယ်ကို ပြောင်းနိုင်ပါတယ်၊
  • 9:22 - 9:25
    ပိုက်ဆံအရှိဆုံးလူဟာ သူသေတဲ့အခါ
    အောင်နိုင်တယ်ဆိုတဲ့
  • 9:25 - 9:29
    လွယ်သယောင် ခပ်တုံးတုံး အယူအဆကနေ ဖယ်ခွာပြီး
  • 9:29 - 9:32
    ကောင်းမွန်စွာနေထိုင်တဲ့ ဘဝတစ်ခုဟာ
    ဘယ်ပုံပေါက်တယ်ဆိုတာရဲ့
  • 9:32 - 9:36
    ပိုပြီးလေးနက်ကာ ဟန်ချက်ညီတဲ့
    အဓိပ္ပါယ်တစ်ခုဆီကိုပါ။
  • 9:36 - 9:38
    ပြီးတော့ ဒါက ပျံ့နှံ့ထိုက်တဲ့
  • 9:38 - 9:40
    စိတ်ကူးတစ်ခုလို့ ထင်ပါတယ်။
  • 9:40 - 9:43
    (လက်ခုပ်သံများ)
Title:
အလုပ်၊ ဘဝ ဟန်ချက်ညီ လုပ်ကိုင်နည်း။
Speaker:
Nigel Marsh
Description:

အလုပ်၊ ဘဝ ဟန်ချက်ညီမှုဟာ အရေးကြီးလွန်းလို့ သင့်အလုပ်ရှင်ရဲ့ လက်ထဲမှာ ချန်ထား မရနိုင်ဘူးလို့ Nigel Marsh ကပြောပါတယ်။ Marsh ကနေပြီး မိသားစုအချိန်၊ ကိုယ်ရေးကိုယ်တာအချိန်နဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို အကောင်းဆုံး ချိန်ညှိထားတဲ့ နေ့တစ်နေ့ကို တင်ပြထားပြီး အဲဒီလို ဖြစ်လာနိုင်ဖို့အတွက် လွန်စွာစိတ်လှုပ်ရှားစရာကောင်းတဲ့ အားပေးတိုက်တွန်းမှု တစ်ချို့ကို ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:44

Burmese subtitles

Revisions