Return to Video

အနုပညာအဖြစ် ပြန်လည်မွေးဖွားလာတဲ့ စာအုပ်ဟောင်းများ။

  • 0:01 - 0:03
    ကျွန်တော်က ပန်းပုပညာရှင်ပါ၊
    စာအုပ်တွေကိုဖြတ်ညှပ်ပေးသူပါ။
  • 0:03 - 0:04
    ဒါက ကျွန်တော့ ပထမဆုံး
    စာအုပ်တွေထဲက လက်ရာတစ်ခုပါ။
  • 0:04 - 0:06
    ဒါက "Alternate Route to Knowledge"
    ဆိုတဲ့ စာအုပ်ပါ။
  • 0:06 - 0:08
    စာအုပ်တွေ အဆင့်ဆင့်စီထားတဲ့
    အပုံတစ်ခုကို ဖန်တီးချင်ခဲ့တယ်။
  • 0:08 - 0:10
    တစ်ယောက်ယောက်က ပြခန်းထဲဝင်လာပြီး
  • 0:10 - 0:11
    သူတို့ဟာ သာမန်စာအုပ် ပုံတစ်ခုကို
  • 0:11 - 0:13
    ကြည့်နေတာပဲလို့ ထင်မိစေဖို့ပေါ့ဗျာ။
  • 0:13 - 0:14
    ဒါပေမဲ့ အနီးကပ်ကြည့်လို့ သူတို့တွေ့မိကြမှာက
  • 0:14 - 0:15
    ဒါကိုအတွင်းက ဖြတ်လှီးထားတဲ့
  • 0:15 - 0:16
    ဒီအခေါင်းပေါက် ကြမ်းကြမ်းကြီးကိုပါ။
  • 0:16 - 0:18
    ပြီးတော့ ဘာဖြစ်နေတာလဲ၊
    ဘာဖြစ်လို့လဲ ဆိုပြီး အံ့ဩမိကြဖို့၊
  • 0:18 - 0:20
    စာအုပ်တွေရဲ့ အတွင်းသားကို
    စဉ်းစားမိစေဖို့ပါ။
  • 0:20 - 0:21
    ဒီတော့ မျက်နှာပြင် ကြမ်းမှု၊ ချောမှုကို
  • 0:21 - 0:23
    ကျွန်တော် စိတ်ဝင်စားတယ်၊
  • 0:23 - 0:25
    ဒါထက်ပိုပြီး စိတ်ဝင်စားမိတာက
    စာအုပ်တွေထဲမှာ
  • 0:25 - 0:27
    ကျွန်တော်တို့တွေ့ကြတဲ့
    စာသားတွေနဲ့ ရုပ်ပုံတွေပါ။
  • 0:27 - 0:29
    ကျွန်တော့လက်ရာ အများစုမှာ
    ကျွန်တော်လုပ်တာက
  • 0:29 - 0:32
    စာအုပ်တစ်အုပ်ရဲ့ အစွန်းတွေကို
    အရောင်တင်ဆီ ထူထူနဲ့ပိတ်တော့
  • 0:32 - 0:34
    ဒါက စာအုပ်ရဲ့အပြင်ဘက်ပေါ်မှာ
    အခွံတစ်ခုလိုမျိုး ဖန်တီးပေးပြီး
  • 0:34 - 0:36
    တောင့်တင်းတဲ့ အထည်ပစ္စည်းတစ်ခု
    ဖြစ်လာပါတယ်။
  • 0:36 - 0:38
    ဒါပေမဲ့ အတွင်းဘက်က စာရွက်တွေကတော့
    လျော့ရဲရဲ ရှိနေတုန်းပါ။
  • 0:38 - 0:40
    ပြီးတော့ စုအုပ်မျက်နှာပြင်ကို
    လှီးထုတ်လိုက်ပြီး
  • 0:40 - 0:42
    ဖယ်လိုက်တာတို့၊ ထပ်ဖြည့်တာတို့
    ဘာမှမလုပ်ပါဘူး။
  • 0:42 - 0:44
    ကျွှန်တော် စိတ်ဝင်စားတယ် လို့ထင်တဲ့
  • 0:44 - 0:45
    အရာတွေ တစ်ဝိုက်ကိုပဲ လှီးဖြတ်နေတာပါ။
  • 0:45 - 0:47
    ဒီတော့ ခင်ဗျားတို့မြင်တွေ့ရတဲ့
    ပြီးမြောက်သွားတဲ့
  • 0:47 - 0:48
    လက်ရာအတွင်းက အရာတိုင်းဟာ
  • 0:48 - 0:50
    ကျွန်တော် မစခင်က စာအုပ်မှာရှိခဲ့တဲ့ နေရာမှာ
  • 0:50 - 0:51
    တစ်သွေမသိမ်း ရှိနေပါတယ်။
  • 0:51 - 0:53
    ကျွန်တော်ကတော့ ကျွန်တော့
    လက်ရာကို နည်းလမ်းတစ်ခုမှာ
  • 0:53 - 0:55
    ရောသမမွှေထားတဲ့ တေးသွား
    တစ်ခုလိုမျိုး မြင်မိတယ်။
  • 0:55 - 0:56
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ
  • 0:56 - 0:58
    တစ်ခြားသူတစ်ယောက်ရဲ့
    ပစ္စည်းဟာ D.J တစ်ယောက်က
  • 0:58 - 0:59
    တစ်ခြားသူတစ်ယောက်ရဲ့ တေးသွားကို
  • 0:59 - 1:01
    ရောစပ်တယ်ဆိုတာနဲ့ အတူတူပဲမို့လို့ပါ။
  • 1:01 - 1:03
    ဒါက Raphael ရဲ့ ပန်းချီကားတွေ
    အကြောင်းစာအုပ်ပါ။
  • 1:03 - 1:05
    ပြန်လည်ဆန်းသစ်ရေးခေတ် ပန်းချီဆရာပေါ့။
  • 1:05 - 1:07
    သူရဲ့လက်ရာကိုယူပြီး
    ရောသမမွှေ လိုက်ခြင်းအားဖြင့်
  • 1:07 - 1:09
    ကျွန်တော်ဟာ ဒါကို
  • 1:09 - 1:11
    ပိုပြီးသစ်လွင်၊ ပိုပြီးခေတ်ပြိုင်
    သဘောဆောင်တဲ့
  • 1:11 - 1:13
    တစ်ခုခု လုပ်လိုက်တာမျိုးပေါ့။
  • 1:13 - 1:16
    ကျွန်တော် စဉ်းစားမိနေသေးတာက
  • 1:16 - 1:18
    အစဉ်အလာစာအုပ်ဘူးကိုဖောက်ပြီး
  • 1:18 - 1:20
    အလျားလိုက် အချိုးအစားကို
    ထိုးထည့်လိုက်ကာ
  • 1:20 - 1:24
    စာအုပ်ဖွဲ့စည်းမှု သက်သက်ကိုပဲ
    ထိုးထည့်ကြည့်ပြီး
  • 1:24 - 1:27
    စာအုပ်ဟာ ပြည့်ဝတဲ့
    ပန်းပုဆန်ဆန်လေး ဖြစ်လာအောင်ပေါ့။
  • 1:27 - 1:30
    ကျွန်တော်ဟာ ပြုတ်တူတွေ၊
    ကြိုးတွေနဲ့ အလေးပြားတွေလို
  • 1:30 - 1:32
    ပစ္စည်းစုံ သုံးနေပါတယ်။
  • 1:32 - 1:34
    အရောင်တင်ဆီ မသုတ်ခင်
  • 1:34 - 1:36
    ပစ္စည်းတွေ နေရာတကျ ရှိအောင်ထိန်းဖို့ပါ။
  • 1:36 - 1:39
    မစခင် ပုံစံသွင်းနိူင်အောင်လို့ပါ၊
  • 1:39 - 1:43
    ဒီလိုဟာကနေ ဒီလိုလက်ရာမျိုး
    ဖြစ်လာအောင်လို့ပါ။
  • 1:43 - 1:46
    ဒါက အဘိဓာန် တစ်အုပ်ကနေ လုပ်ယူထားတာပါ။
  • 1:46 - 1:49
    ဒါမှမဟုတ်လည်း ဒီလိုမျိုးကနေ
  • 1:49 - 1:52
    ဒီလို လက်ရာမျိုး ဖြစ်လာနိူင်တာပဲလေ။
  • 1:55 - 1:57
    ဒါမှမဟုတ် ဒါမျိုးပေါ့။ ဒါကဘာဖြစ်သွားလိမ့်မယ်၊
    ဘယ်လိုများ ဖြစ်သွားလိမ့်မယ်၊
  • 1:57 - 1:58
    ဘာဖြစ်လို့ ကျွန်တော့ စတူဒီယိုထဲမှာ
    ရှိနေတယ်ဆိုတာ
  • 1:58 - 2:00
    ဘယ်သူက သိမှာတုန်းဗျာ။
  • 2:00 - 2:03
    ဒီလိုဟာမျိုး ဖြစ်လာလိမ့်မယ် ဆိုတာလေ။
  • 2:03 - 2:06
    ဒီတော့ ကျွန်တော့အထင်က စာအုပ်တွေကို
  • 2:06 - 2:09
    ဖျက်ဆီးရတာနဲ့ ပတ်သက်ပြီး
  • 2:09 - 2:10
    လူတွေ စိတ်အနှောက်အယှက်
    ဖြစ်စေတဲ့ အကြောင်းတစ်ခုက
  • 2:10 - 2:11
    လူတွေက စာအုပ်တွေကို
    မဆုတ်ဖြဲပစ်ချင်ကြဘူး၊
  • 2:11 - 2:12
    မလွှင့်ပစ်ချင်ကြတာလေ။
  • 2:12 - 2:13
    စာအုပ်တွေကို သက်ရှိတွေလို့
  • 2:13 - 2:15
    ကျွန်တော်တို့ ထင်မြင်နေကြတာပါ။
  • 2:15 - 2:16
    ကျွန်တော်တို့က ဒါတွေကို
    ကိုယ်ခန္ဓာတစ်ခုလို့ ထင်မှတ်ပြီး
  • 2:16 - 2:18
    ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့
    ဆက်စပ်ဖို့ ဒါတွေကို
  • 2:18 - 2:19
    ဖန်တီးထားတယ်ဆို့တဲ့ အထင်ပါ။
    စကေးကို ကြည့်လိုက်ရင်ပေါ့လေ၊
  • 2:19 - 2:22
    ပြီးတော့ ဒါတွေဟာ
    ဆက်ပြီးကြီးထွားလာဖို့ရှိပြီး၊
  • 2:22 - 2:24
    အကြောင်းအရာ အသစ်တွေ
    ဆက်ဖြစ်လာတယ်ဆိုတာပါ၊
  • 2:24 - 2:26
    ဒီတော့ စာအုပ်တွေဟာ တကယ်ပဲ
    အသက်ဝင်နေတော့တာပေါ့။ ဒီတော့
  • 2:26 - 2:29
    စာအုပ်တစ်အုပ်ကို
    ခန္ဓာကိုယ်တစ်ခုလိုမျိုး တွေးမိပါတယ်၊
  • 2:29 - 2:32
    နည်းပညာတစ်ခုလိုမျိုး တွေးပါတယ်၊
  • 2:32 - 2:34
    ကိရိယာတစ်ခုလိုမျိုး တွေးမိပါတယ်။
  • 2:36 - 2:40
    နောက်ပြီး စာအုပ်တစ်အုပ်ကို
    စက်တစ်လုံးလိုပဲ ထင်မိတယ်။
  • 2:40 - 2:43
    ရှုခင်းတစ်ခုလို ထင်မိတယ်။
  • 2:43 - 2:45
    ဒါဟာဆိုရင် အတူတူတွဲစပ်ပြီး
    ကော်နဲ့ ကပ်ပေးထားတဲ့
  • 2:45 - 2:47
    စွယ်စုံကျမ်း အပြည့်အစုံ တစ်စောင်ပါ
  • 2:47 - 2:49
    ဒါကို လှီးဖြတ်နေတုန်း
  • 2:49 - 2:51
    ကိုယ်ဘာကို ရွေးချင်တာလဲဆိုတာကို
    ဆုံးဖြတ်နေတာပေါ့။
  • 2:51 - 2:52
    ဒီတော့ စွယ်စုံကျမ်းတွေနဲ့
    ကျွန်တော်ကြိုက်ရာကို
  • 2:52 - 2:54
    ရွေးယူနိူင်တယ်လို့ဆိုပေမဲ့
  • 2:54 - 2:57
    အထူးသဖြင့်ကတော့
    ရှုခင်းပုံတွေကို ရွေးချယ်ပါတယ်။
  • 2:58 - 3:00
    ဒီတော့ ဒီပစ္စည်းသက်သက်နဲ့ပဲ
    ကျွန်တော်ဟာ ကော်ဖတ်သုံးပြီး
  • 3:00 - 3:02
    အနားစောင်းတွေကို ကော်ဖတ်စားနေတာက
  • 3:02 - 3:04
    ရုပ်ပုံတွေက ရှုခင်းကို
    ညွှန်ပြနေတာတင်မကပဲ
  • 3:04 - 3:06
    ဒီပစ္စည်းကိုယ်၌ကိုလည်း
    ရှုခင်းတစ်ခုဆိုတာ
  • 3:06 - 3:08
    ညွှန်ပြနေပါတယ်။
  • 3:08 - 3:10
    ဒီတော့ ဒီစာအုပ်ကိုဖြတ်လှီးနေတုန်း
  • 3:10 - 3:13
    ကျွန်တော်လုပ်တာတစ်ခုက
  • 3:13 - 3:15
    ရုပ်ပုံတွေအကြောင်း စဉ်းစားနေမိတာပါ၊
  • 3:15 - 3:16
    စာသားတွေအကြောင်း စဉ်းစားမိတာပေါ့။
  • 3:16 - 3:17
    ဒါတွေအကြောင်း ကျွန်တော် စဉ်းစားပုံကတော့
  • 3:17 - 3:19
    အရမ်းကိုဆင်ပါတယ်။
  • 3:19 - 3:20
    စိတ်ဝင်တစား ဖြစ်စေတာကတော့ ကျွန်တော်တို့
  • 3:20 - 3:22
    စာသားတွေကိုဖတ်တဲ့အခါ၊
  • 3:22 - 3:23
    စာအုပ်တစ်အုပ် ဖတ်နေတဲ့အခါမှာ
  • 3:23 - 3:25
    ဒါက ကျွန်တော်တို့ခေါင်းထဲကို
    ပုံရိပ်တွေကို ထည့်ပေးတာပါ။
  • 3:25 - 3:26
    ဒီတော့ ကျွန်တော်တို့ဟာ
    ဒီနေရာကို ဖြည့်ပေးနေသလိုမျိုးပေါ့ဗျာ။
  • 3:26 - 3:28
    ကျွန်တော်တို့ စာသားတွေကို
    ဖတ်တဲ့အခါ၊ ပုံရိပ်တွေကို
  • 3:28 - 3:30
    ဖန်းတီးနေသလိုမျိုးပေါ့၊
  • 3:30 - 3:31
    ရုပ်ပုံတစ်ပုံကို ကြည့်တဲ့အခါ
  • 3:31 - 3:33
    ကျွနိတော်တို့ ကြည့်နေတာကို
  • 3:33 - 3:34
    နားလည်ဖို့အတွက် တကယ်တမ်းမှာတော့
  • 3:34 - 3:36
    ဘာသာစကားကို သုံးကြပါတယ်။
  • 3:36 - 3:37
    ဒီတော့ ဆန့်ကျင်ဘက် ဓါတ်သဘောတွေ
    ဖြစ်ပေါ်သလိုမျိုးပေါ့၊
  • 3:37 - 3:38
    ကပြောင်းကပြန်သဘောမျိုးတွေပေါ့ဗျာ။
  • 3:38 - 3:39
    ဒါနဲ့ ကြည့်ရှုသူကိုယ်တိုင် ဖြည့်ပေးနေရတဲ့
  • 3:39 - 3:42
    လက်ရာတစ်ခုကို ကျွန်တော်
    ဖန်တီးနေပါတယ်။
  • 3:42 - 3:46
    ကျွန်တော့ လက်ရာကို
    ရှေးဟောင်း သုသေသန
  • 3:46 - 3:49
    တစ်ခုနီးပါးကို တွေးမိပါတယ်။
  • 3:49 - 3:52
    တူးဖော်ရင်း၊ အလားအလာ
    အများဆုံးဖြစ်အောင် ကြိုးပမ်းရင်း၊
  • 3:52 - 3:54
    အတတ်နိူင်ဆုံး များနိူင်သမျှ
    များများ ရှာဖွေပြီး
  • 3:54 - 3:57
    ဒါကို ကျွန်တော့ ကိုယ်ပိုင်လက်ရာထဲမှာ
    ဖော်ထုတ်ရင်းပေါ့။
  • 3:58 - 4:00
    ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ
  • 4:00 - 4:02
    တွေးမိနေတာက မေ့ပျောက်ခြင်းရဲ့သဘော၊
  • 4:02 - 4:04
    ပြီးတော့ လက်ရှိဖြစ်ပျက်နေတဲ့
    အထည်ဒြပ်မရှိတဲ့
  • 4:04 - 4:06
    ကျွန်တော်တို့ရဲ့ သတင်းအချက်အများစုပါ၊
  • 4:06 - 4:09
    ပြီးတော့ ပျောက်ဆုံးခြင်းရဲ့
    ဒီသဘော၊ ပုံစံတွေဟာ
  • 4:09 - 4:11
    ကွန်ပြူတာတွေ အတွင်းမှာသာ
    စဉ်ဆက်မပြတ်
  • 4:11 - 4:13
    ရွေ့ပြောင်းနေရုံမက အခုကျွန်တော်တို့မှာ
  • 4:13 - 4:14
    အထည်ဒြပ် အပိုဆောင်းထားတာမရှိတဲ့
  • 4:14 - 4:16
    သတင်းအချက်အလက် ကိုယ်၌ကိုပါ၊
  • 4:16 - 4:17
    မပျောက်ပျက်အောင် စဉ်ဆက်မပြတ်
  • 4:17 - 4:18
    မွမ်းမံနေဖို့လည်း လိုသေးတယ်လေ။
  • 4:18 - 4:21
    ပြီးတော့ ကျွန်တော့ကိုယ်ပိုင် စတူဒီယိုမှာ
  • 4:24 - 4:27
    အဘိဓာန် အမြောက်အများ ရှိပါတယ်၊
  • 4:27 - 4:29
    ကျွန်ပြူတာ တစ်လုံးကိုလည်း
    နေ့စဉ်အသုံးပြုပြီး
  • 4:29 - 4:32
    စာလုံးတစ်လုံးကို ရှာချင်ရင်
    ကျွန်ပြူတာပေါ်ကို သွားလိုက်ပါတယ်။
  • 4:32 - 4:35
    ဘာဖြစ်လို့လဲဆိုတော့ ရှာချင်တဲ့စာလုံးကို
    တိုက်ရိုက်ချက်ချင်း သွားရှာနိူင်လို့ပါ။
  • 4:35 - 4:37
    ကျွန်တော့အထင် အစဉ်အတိုင်းမဟုတ်တဲ့
    အချက်အလက်တွေအတွက် စာအုပ်ဟာ
  • 4:37 - 4:40
    ဘယ်တော့မှ မှန်ကန်တဲ့ ပုံစံမဟုတ်ခဲ့ဘူး
    ဆိုတာတော့ တကယ်ပါ။
  • 4:40 - 4:42
    ဒါကြောင့်မို့လို့ ရည်ညွှန်းစာအုပ်တွေဟာ
    ပထမဆုံး ဘေးသင့်တော့မယ်
  • 4:42 - 4:46
    ဒါမှမဟုတ် ပျောက်ကွယ်တော့မယ်လို့ မြင်မိတာပါ။
  • 4:50 - 4:53
    ဒါကြောင့် စာအုပ်ဟာ ဘယ်တော့မှ
    ပျေက်ကွယ်သွားလိမ့်မယ်လို့ မထင်မိပါဘူး။
  • 4:53 - 4:57
    လူတွေထင်ကြတာက အခု ကျွန်တော်တို့မှာ
    ဒစ်ဂျစ်တယ် နည်းပညာရှိတယ်၊
  • 4:57 - 4:58
    စာအုပ်တော့ ပျေက်သွားတော့မယ်ပေါ့။
  • 4:58 - 5:01
    အရာဝတ္ထုတွေ ရွေ့ပြောင်းနေတာ၊
    ဆင့်ကဲဖြစ်နေတာကို တွေ့နေရပါတယ်။
  • 5:01 - 5:04
    စာအုပ်ဟာ ဆင့်ကဲပြောင်းလဲလာမယ်လို့
    ကျွန်တော်ထင်တယ်၊
  • 5:04 - 5:07
    ဓာတ်ပုံပညာနဲ့ ပုံနှိပ်လုပ်ငန်းဟာ
    နေ့စဉ်သုံး ပစ္စည်းတွေဖြစ်လာတဲ့အခါ
  • 5:07 - 5:11
    ပန်းချီရေးခြင်းဟာ ပျောက်ကွယ်တော့မယ်လို့
    လူတွေပြောကြသလိုပဲလေ
  • 5:11 - 5:13
    ဒါပေမဲ့ ပန်းချီရေးခြင်းက အခွင့်ပေးတာက
  • 5:13 - 5:16
    ၎င်းရဲ့ လုပ်ရိုးလုပ်စဉ်ကို ရပ်နားဖို့၊
  • 5:16 - 5:22
    ပန်းချီရေးခြင်းက ပုံပြောခြင်းလို နေ့စဉ်အလုပ်
    မလုပ်ရအောင် အခွင့်ပေးလိုက်တာဖြစ်ပြီး
  • 5:22 - 5:25
    ပန်းချီရေးခြင်းဟာ လွတ်လပ်လာပြီး ကိုယ်ပိုင်
    ဇာတ်လမ်းကို ပြောပြခွင့်ပေးလိုက်တာပါ။
  • 5:25 - 5:28
    ဒါနဲ့ ခေတ်သစ်ဝါဒီတွေ
    ပေါ်ထွန်းလာတာကို ကျွန်တော်တို့
  • 5:28 - 5:30
    မြင်တွေ့လာရပြီး၊ ပန်းချီမျိုးကွဲတွေကို
    မြင်တွေ့ရတာပေါ့။
  • 5:30 - 5:32
    ကျွန်တော်ထင်တာက စာအုပ်တွေနဲ့
    ပတ်သက်ပြီး ဖြစ်ပေါ်နေတာက
  • 5:32 - 5:35
    ကျွန်တော်တို့ရဲ့ နည်းပညာ၊
    သတင်းအချက်အလက်၊ ကိုယ်ရေးကိုယ်တာနဲ့
  • 5:35 - 5:39
    ယဉ်ကျေးမှုမှတ်တမ်း အများစုဟာ
    ဒစ်ဂျစ်တယ် ပုံစံတွေနဲ့ရှိကြတာပါ။
  • 5:39 - 5:42
    ဒါက စာအုပ်ကို အသစ်အဆန်းတစ်ခုခုဖြစ်ဖို့
    တကယ့်ကို အခွင့်ပေးတယ်လို့ ထင်ပါတယ်။
  • 5:42 - 5:45
    အနုပညာသမားအတွက် အရမ်း စိတ်လှုပ်ရှားစရာ
    ကောင်းတဲ့ကာလလို့ ကျွန်တော်ထင်တယ်။
  • 5:45 - 5:48
    အနာဂတ်မှာ စာအုပ်တွေ ဘယ်လိုဖြစ်လာမလဲ
    ဆိုတာ စိတ်လှုပ်ရှားစရာ အရမ်းကောင်းပါတယ်။
  • 5:48 - 5:50
    ကျေးဇူးတင်ပါတယ်။
  • 5:50 - 5:54
    (လက်ခုပိသံများ)
Title:
အနုပညာအဖြစ် ပြန်လည်မွေးဖွားလာတဲ့ စာအုပ်ဟောင်းများ။
Speaker:
Brian Dettmer
Description:

သတင်းအချက်အလက် ခေတ်ကြီးမှာ ခေတ်ကုန်သွားပြီဖြစ်တဲ့ စွယ်စုံကျမ်းဟောင်းကြီးကို ဘာလုပ်လို့ရနိုင်ပါသလဲ။ X-Acto ဓားတွေရယ်၊ ကောင်းမွန်တဲ့ ရောသမမွှေခြင်း အမြင်နဲ့
Brian Dettmer က စာအုပ်ဟောင်းတွေထဲကို ရှင်သန်မှုအသစ် တစ်ခုသွင်းပေးတဲ့ လှပပြီး မျှော်လင့်မရနိုင်တဲ့ ပန်းပုရုပ်အဖြစ် ဖန်တီးပေးလိုက်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:06

Burmese subtitles

Revisions