-
လူသားတွေ အမြဲလို မြင်ဖူးထားတာက
-
ရွေ့လျားနေတဲ့ အရာဝတ္ထုတစ်ခု၊
-
ဒါက သွားနေတဲ့ဟာ
-
ရွေ့နေတဲ့ အရာဝတ္ထုတစ်ခု ဟာ
-
သူ့အလိုအလျောက် ရပ်တန့်သွားတာကို ပါ။
-
အဲဒီ ရွေ့နေတဲ့ အရာဝတ္ထုကို
-
ဘာမှသွားမလုပ်ဘူးဆိုလျှင်
-
သူ့အလိုအလျောက် ရပ်ကိုရပ်သွားမှာပါ။
-
တစ်ဖက်မှာ ကြည့်ပြန်တော့လဲ၊
-
ရွေ့နေတဲ့ အရာဝတ္ထုတစ်ခုကို ဆက်ရွေ့စေချင်လျှင်
-
အားတစ်ခု ဆက်တိုက် ထည့်ပေးနေရမယ်။
-
ဘယ်သူမှ ဘာမှမလုပ်ဘဲနဲ့
-
မရပ်ဘဲ ဆက်ရွေ့နေတဲ့ အရာဝတ္ထုကို
-
ကျွန်တော်တို့ မမြင်ဖူးကြပါဘူး။
-
ဘယ်အရာမဆို အမြဲပဲ ရပ်သွားကြတာချည်းပါပဲ။
-
အဲ့ဒါကြောင့်လည်း လူ့သမိုင်း တစ်လျှောက်လုံး နီးနီး၊
-
သမိုင်းမတင်မီကတည်းက၊ သေချာတာက ရှေးဦးဂရိလူမျိုးတွေကနေ
-
၁၆၀ဝ ခုနှစ်လောက်အထိ၊
-
အနည်းဆုံး နှစ်ပေါင်း နှစ်ထောင်လောက်
-
အရာဝတ္ထုတွေဟာ သူ့ဟာသူ
-
ရပ်တတ်ကြတယ် လို့ ယူဆခဲ့ကြတယ်။
-
အဲဒီ အရာတွေကို ဆက်ရွေ့နေစေချင်လျှင်
-
အားတစ်ခုခု ထပ်ထည့်ရလိမ့်မယ်။
-
ထပ်ပြောရလျှင်၊ ဒီသဘောက လူတွေနေ့စဉ်မြင်တွေ့နေတာနှင့်
-
တစ်ထပ်တည်းဖြစ်ပြီး
-
ဒါကို ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ကြုံခဲ့ကြတာပါ။
-
ဒါပေမယ့် ဒီပညာရှင် (၃) ဦး ၁၆၀ဝ မှာပေါ်လာကြတယ်။
-
ဒီသင်ခန်းစာက နယူတန်ရဲ့ ပထမနိယာမအကြောင်း ဆိုပြီး
-
ပညာရှင် (၃)ယောက်ပုံ တွေ့နေတာ သင်အံသြလိမ့်မယ်။
-
ဒါပေမယ့် ဒီထဲက တစ်ယောက်က
-
ဆာအိုက်စက် နယူတန် (Sir Issac Newton) ပါ။
-
ဟော့ဒီအလယ်ကသူက နယူတန်ပါ။
-
သို့သော် ဒီနှစ်ဦးကိုလည်း သူ့နည်းတူ အသိအမှတ်ပြုရမယ်၊
-
ဘာလို့လဲဆိုတော့ နယူတန်ရဲ့ ပထမနိယာမ
-
အလားတူကို တင်ပြခဲ့ကြပြီး
-
သူ့ထက်လည်း စောခဲ့ကြပါတယ်။
-
ဒါက ဂလေလီယို (Galileo)။
-
သူက ရနေးဒေးကာ့ (Rene Descarts) ပါ။
-
သူတို့က တစ်ခြားပုံစံနှင့် တင်ပြခဲ့ကြပြီး၊
-
နယူတန်ကပဲ အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။
-
အကြောင်းကတော့ နယူတန်က ဘောင်ကျယ်ကျယ်နှင့်
-
တစ်ခြားနိယာမတွေအပြင် သမားရိုးကျ ရွေ့လျားမှု နိယာမ တစ်ခုဖြစ်သည့်
-
ကမ္ဘာ့ဆွဲငင်အားနိယာမ (Laws of Gravitation) တို့နှင့်တွဲပြီး
-
ဒီနိယာမကို ရှင်းပြသွားလို့ဖြစ်ပြီး ဒါဟာ ၂၀ ရာစုအထိ
-
တကယ့် ဖြစ်ရပ်ပါပဲ။
-
သူတို့ ထိုးထိုးထွင်းထွင်းမြင်ခဲ့တာ၊ အဲဒီတုန်းက နားလည်ရသိပ်ခက်ခဲ့သည့်၊
-
(၁၆၀၀ ခုနှစ်တွေကိုရောက်လာပြီ)
-
ဒါကတော့ သူတို့ပြောခဲ့တဲ့
-
ပြောင်းပြန်လိုဖြစ်နေတဲ့ အချက်က
-
အရာဝတ္ထုတွေဟာ သူတို့ရဲ့ အမြန်၊ အရှိန်နဲ့ ဦးတည်ရာကို ထိန်းထားလိုက်ကြတယ်..ဆိုတာပါ။
-
ပြီးတော့ သူတို့ရဲ့ အမြန်နှုန်းက သုညဆိုလျှင်
-
အပြင်က အားတစ်ခုနှင့် သက်ရောက်သည့်အထိ အဲဒီနားနေမှုကို ထိန်းထားမှာပါပဲ။
-
ဒီတော့ တစ်ကယ့် ဆန့်ကျင်ဘက် အတွေးပါပဲ။
-
နှစ် ၂၀ဝ၀ ကျော်လောက် အထိ သိခဲ့တာက အရာဝတ္ထုတွေက ရပ်ချင်ကြတယ်။
-
ဆက်သွားနေစေချင်လျှင် အားတစ်ခုခုထည့်လိုက်။
-
ဒီပညာရှင်တွေ ပြောတာကတော့
-
အရာဝတ္ထုတွေဟာ ရွေ့နေမှုကို ထိန်းလိုကြတယ်။
-
သူတို့ကိုရပ်သွားစေဖို့ တစ်ခုတည်းသောနည်းက
-
သက်ရောက်မှုပြု (သို့) အရှိန်တိုးပေး
(သို့) အလျင်ပြောင်းခြင်း တို့ဖြင့်
-
သူတို့ရဲ့အရှိန် (သို) ဦးတည်ရာ ကို တစ်နည်းနည်းနှင့်ပြောင်းစေဖို့က
-
သူတို့ကို မညီမျှသည့်အား သက်ရောက်စေရမယ်တဲ့။
-
ဒါပေမယ့် သင်ပြောလို့ရတာက
-
ဟေး၊ Sal (သူ့နာမည်) ဘာတွေဖြစ်ကုန်ပြီလဲ။
-
ခုနကပဲ ရှင်းခဲ့တာက
-
လူ့သမိုင်းတစ်လျှောက်လုံးနီးနီး
-
ကျွန်တော်တို့ပါ အပါအဝင်
-
ဒီ (ညာဘက်အပေါ်က) ဟာကို သိခဲ့တယ်။
-
ဒီလူတွေ ဘာလို့ ဒီဟာက ထာဝရ
-
သွားနေချင်တယ်လို့ ပြောရတာလဲ။
-
ဒါ ရှေ့နောက်မညီဘူး။
-
သူတို့ ထိုးထွင်းသိမြင်ခဲ့တာက
-
အရာဝတ္ထုတွေက သူတို့ဘာသာသူတို့
-
ရပ်ချင်တာမဟုတ်ဘူး၊ ပတ်ဝန်းကျင်နှင့်
-
ထိတွေ့ရာက အားတွေဖြစ်ပေါ်လာပြီး၊
-
အဲ့ဒီအားတွေက ရွေ့နေမှုကို ဖြိုဖျက်တာပါ။
-
အဲဒီတော့ သင်က ဒီအရာဝတ္ထုကို
သူ့ဟာသူ ထားထားတယ်လို့ သင်ထင်တဲ့အခါ
-
တကယ်တမ်းတော့ သူ့ကို ရပ်စေလိုသည့်
အားတွေရှိနေပါတယ်။
-
ဒီဥပမာထဲမှာတော့
-
အဲဒီ ဆန့်ကျင်ဘက်အားက ပွတ်အားပါ။
-
အဲဒါဟာ ဒီအတုံးနှင့် ကြမ်းပြင်ရဲ့ ထိတွေ့မှုအားပါပဲ။
-
ဒီ သစ်တုံးကို သူ့ဟာသူထားထားတယ်လို့ သင် ထင်သည့်အခါ၊
-
အမှန်တကယ်တော့ ပွတ်တိုက်အားက
-
သူရဲ့ရွေ့လျားမှုကိုဆန့်ကျင်နေပါတယ်။
-
အဲဒါကို ဒီပညာရှင်တွေက တွေ့ရှိခဲ့တာပါ။
-
သူတို့ ပြောတာက..
-
ကြည့်စမ်း...တကယ်လို့သာ အရာဝတ္ထုတွေရဲ့
အတွင်းသတ္တိသာဆိုလျှင်
-
ပတ်ဝန်းကျင်က ဘယ်လိုပဲ ဖြစ်နေဖြစ်နေ
-
(အဲဒီလိုမျိုး) အမြဲတမ်းကို
-
ရပ်သွားဖို့ကောင်းတယ်။
-
ဒါပေမယ့် သူတို့တွေ့ခဲ့တာက ကြမ်းပြင်ကို
နဲနဲပိုချောအောင်လုပ်လျှင်
-
ဒီအတုံးက ပိုဝေးဝေးသွားမယ်။
-
အဲဒီပွတ်အားကို လုံးလုံးဖျောက်ဖျက်ခဲ့လျှင်၊
-
ဒီကြမ်းပြင်ကို ပွတ်တိုက်မှု လုံးဝကင်းပြီး
-
လုံးဝချောအောင် လုပ်ထားလျှင် ဒီအတုံးက
ထာဝရ သွားနေလိမ့်မယ်။
-
ပြီးတော့ သူတို့မှာ လွှတ်တင်စရာ ဂြိုလ်တုလဲ မရှိ။
-
အာကာသထဲ စမ်းတာလဲ မရှိဆိုတော့
-
သိပ်ကို နားလည်ရခက်သည့် စိတ်ကူးသုတေသန ပါပဲ။
-
ဒီတော့ သင်ကပြောနိုင်တယ်၊ တခြားတစ်မျိုးကရော။
-
ကျွန်တော် အားသက်ရောက်လိုက်လျှင်ရော။
-
ဘာလို့လဲဆိုတော့ ကျွန်တော်တို့နေ့စဉ်ဘဝမှာ၊
-
တီဗွီကို အခန်းဒီဖက်ကနေ ဟိုဖက်ကို ဆွဲလျှင်
-
အားထည့်ရတယ် မဟုတ်လား။
-
ဒီပညာရှင်တွေက သင့်ကို ဒီလိုပြောလိမ့်မယ်၊
-
မင်းတကယ်တမ်းလုပ်နေတာက
-
တီဗွီရဲ့ အမြန်နှုန်းကို ပုံမှန်ထိန်းထားလျှင်
-
မင်းတကယ်တမ်းလုပ်နေတာက
ပွတ်တိုက်မှုအားကို တန်ပြန်နေတာပဲ။
-
တီဗွီကို ကော်ဇော်ပေါ်ကို ဖြတ်ဆွဲတာဆိုလျှင်
-
တီဗွီရွေ့တာကို ဆန့်ကျင်တဲ့အားရှိနေပြီး
-
သင်ကတွန်းနေတဲ့အခါ
-
အဲဒီအားကို သင်က တကယ်တော့ တန်ပြန်နေတာပါပဲ။
-
အဲဒါကို ကွက်တိ မျှနေစေမယ်ဆိုလျှင်
-
သင်ဟာ အမြန်နှုန်းကို ထိမ်းထား နိုင်လိမ့်မယ်။
-
သင်ဟာအမြန်နှုန်းကို ထိန်းထားနိုင်လိမ့်မယ်
-
သွားနေသည့်ဘက်ကို အားပိုထည့်ပေးရမယ်။
-
Many thanks to Sal! :)