Return to Video

နောင်လာမည့် ကမ္ဘာ့ကပ်ရောဂါကို တားဆီးဖို့ ဗိုင်းရပ် ရှာဖွေရေး ကွန်ရက်တစ်ခု။

  • 0:01 - 0:02
    (၂၀၂၀ ဇန်နဝါရီလမှာ
  • 0:02 - 0:05
    Christian Happi နဲ့ Pardis Sabeti က
    ရဲတင်းတဲ့စိတ်ကူး တင်ပြတယ်)
  • 0:07 - 0:11
    [ Sentinel: လာမည့် ကမ္ဘာ့ကပ်ရောဂါကို ထောက်
    လှမ်း၊ခြေရာခံဖို့ ကြိုတင်သတိပေးစနစ်တစ်ခု]
  • 0:13 - 0:15
    [ ဒီမှာတော့ ဒါက လုပ်ဆောင်မည့်ပုံပါ]
  • 0:16 - 0:23
    CH : Sentinel ဟာ ကမ္ဘာ့ကပ်ရောဂါတွေကို
    ဟန့်တားဖို့ လုပ်တဲ့ ကြိုတင်သတိပေးစနစ်ပါ။
  • 0:23 - 0:26
    အဓိက ထောက်တိုင် သုံးခုမှာ တည်ဆောက်ထားတယ်။
  • 0:26 - 0:28
    Pardis Sabeti: ပထမ ထောက်တိုင်က Detect ပါ။
  • 0:28 - 0:31
    Christian နဲ့ ကျွန်မဟာ ကမ္ဘာတစ်ဝှမ်းက
    ကူးစက်ရောဂါတွေကို
  • 0:31 - 0:33
    ဆယ်စုနှစ်ခုကြာ လေ့လာနေခဲ့တယ်။
  • 0:33 - 0:35
    ဂျီနုမ်း အစီအစဉ်ချခြင်းကို သုံးနေတယ်။
  • 0:35 - 0:38
    အဏုဇီဝရုပ်တစ်ခုရဲ့ ဗီဇ သတင်းအချက်အလက်
    အပြည့်အစုံကို ဖတ်တာပါ။
  • 0:38 - 0:42
    ဒါက ဗိုင်းရပ်စ်တွေကို ရှာဖွေခွင့်ပေးတယ်၊
    တစ်ခါမှ မတွေဖူးတာတွေတောင်ပါ။
  • 0:42 - 0:44
    ဒါတေွ ပျံ့နှံ့စဉ် ခြေရာခံပြီး
  • 0:44 - 0:45
    သန္ဓေပြောင်းမှု အသစ်တွေကို ကြည့်တယ်။
  • 0:45 - 0:49
    အခုတော့ အားကောင်းတဲ့ ဗီဇတည်းဖြတ်မှု
    နည်းပညာ CRISPR နဲ့
  • 0:49 - 0:51
    ဒီဗီဇအချက်အလက်ကို
    အဏုဇီဝရုပ်တိုင်းအတွက်
  • 0:51 - 0:56
    သိမ်မွေ့ ထိခိုက်လွယ်တဲ့ ရောဂါစမ်းသပ်မှုတွေ
    ကို အမြန် ပုံစံထုတ်ဖို့ သုံးနိုင်တယ်။
  • 0:57 - 0:59
    CH: ဒီကိရိယာတွေထဲက တစ်ခုက
    SHERLOCK လို့ ခေါ်တယ်။
  • 0:59 - 1:04
    ရိုးရိုး စက္ကူချပ်တွေပေါ်မှာ သိတဲ့
    ဗိုင်းရပ်စ်တွေကို စမ်းသပ်ဖို့သုံးနိုင်တယ်။
  • 1:05 - 1:07
    သိပ်စျေးမကြီးတော့
  • 1:07 - 1:10
    ရှေ့တန်း ကျန်းမာရေး လုပ်သားတွေ
    အဖြစ်အများဆုံး (သို့)
  • 1:10 - 1:14
    ခြိမ်းခြောက်မှုအပေးဆုံး ဗိုင်းရပ်စ်
    တွေကို တစ်နာရီအတွင်း ရှာဖွေဖို့
  • 1:14 - 1:16
    SHERLOCK ကို သုံးနိုင်တယ်။
  • 1:16 - 1:18
    PS: အခြားကိရိယာက CARMEN ပါ။
  • 1:18 - 1:22
    ဒါက ဓာတ်ခွဲခန်း လိုပေမဲ့ ရာချီတဲ့ ဗိုင်း
    ရပ်စ်တွေကို တစ်ပြိုင်နက် စမ်းသပ်နိုင်တယ်။
  • 1:22 - 1:25
    ဒီတော့ ဓာတ်ခွဲခန်း ဝန်ထမ်းတွေဟာ
    ဗိုင်းရပ်စ်မျိုးစုံအတွက်
  • 1:25 - 1:26
    လူနာ နမူနာတွေကို နေ့တွင်းချင်း
  • 1:26 - 1:28
    စမ်းသပ်နိုင်တယ်။
  • 1:28 - 1:31
    ဒုတိယ ထောက်တိုင်ကတော့ Connect ပါ။
  • 1:31 - 1:33
    လူတိုင်းကို ဆက်သွယ်ပြီး ကျန်းမာရေး
    အသိုက်အဝန်းအနှံ့
  • 1:33 - 1:35
    ဒီသတင်းအချက်အလက်ကို မျှဝေတာပါ။
  • 1:36 - 1:37
    ရောဂါဖြစ်ပွားမှု အများစုမှာ
  • 1:37 - 1:42
    ဆေးရုံဝန်ထမ်းတွေဟာ ရောဂါ သတင်းအချက်အလက်ကို
    စာရွက်ကနေ မျှဝေတယ်၊ လိုအပ်ရင် Excel ပေါ့။
  • 1:42 - 1:45
    ဒါက ဖြစ်ပွားမှုတစ်ခုကို နေရာနဲ့
    အချိန်ကနေ ခြေရာခံပြီး
  • 1:45 - 1:46
    အလွန်ခက်တဲ့ တုံ့ပြန်မှုကို
  • 1:46 - 1:47
    ညှိနှိုင်းဆောင်ရွက်တာပါ။
  • 1:48 - 1:51
    ဒီတော့ ရပ်ရွာ ကျန်းမာရေး လုပ်သားတွေ၊
    ဆရာဝန်တွေနဲ ပြည်သူ့ကျန်းမာရေး
  • 1:51 - 1:53
    အဖွဲ့တွေကို ဆက်သွယ်ပေးပြီး
  • 1:53 - 1:56
    သူတို့ကို ဒေတာတွေ
    တင်ဖို့၊ စိစစ်မှုတွေလုပ်ဆောင်ဖို့
  • 1:56 - 1:58
    အသိတွေ မျှဝေခွင့်ပေးကာ
  • 1:58 - 2:01
    အချိန်နဲ့တစ်ပြေးညီ
    တုံ့ပြန်မှုနဲ့ လုပ်ဆောင်မှု အစီအစဉ်ကို
  • 2:01 - 2:03
    ညှိနှိုင်းခွင့်ပေးတဲ့ ကလောက် အခြေခံစနစ်၊
  • 2:03 - 2:05
    မိုဘိုင်းအက်ပ် တီထွင်နေတယ်။
  • 2:05 - 2:08
    တတိယ ထောက်တိုင်က Empower ပါ။
  • 2:08 - 2:11
    ရပ်ရွာတွေကို စောင့်ရှောက်ရင်း
    ရောက်နှင့်ပြီးဖြစ်တဲ့
  • 2:11 - 2:15
    ရှေ့တန်း ကျန်းမာရေးလုပ်သားတွေကို လုပ်ခွင့်
    ပေးရင်ရောဂါဖြစ်ပွားမှု စောင့်ကြည့်တဲ့
  • 2:15 - 2:17
    စနစ်က အောင်မြင်နိုင်ရုံသာရှိတာပါ။
  • 2:17 - 2:19
    ဒါက လေ့ကျင့်မှု အများကြီးလိုတယ်။
  • 2:19 - 2:22
    Pardis နဲ့ ကျွန်တော် ဒါကို
    အတော်ကြီး သတိပြုမိတယ်။
  • 2:22 - 2:23
    လွန်ခဲ့တဲ့ ၁၀ နှစ်ကို ရာချီတဲ့ အာဖရိကန်
  • 2:23 - 2:27
    လူငယ် သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေကို
    သင်တန်းပေးရင်း ကုန်လွန်ခဲ့တယ်။
  • 2:27 - 2:32
    နောက် ငါးနှစ်ကျော်တဲ့အခါ နောက်ထပ်
    ကျန်းမာရေးလုပ်သား ၁၀၀၀ ကို Sentinel
  • 2:32 - 2:34
    ထောက်လှမ်းရေး ကိရိယာတွေ
    သုံးဖို့ လေ့ကျင့်ပေးကာ
  • 2:34 - 2:37
    သူတို့ရဲ့ ကောလိပ်တွေမှာ သင်တန်းပေးဖို့
    အခွင့်ပေးမယ်။
  • 2:37 - 2:40
    ဒီနည်းနဲ့ မူလ ကျန်းမာရေးစနစ်ကို
    တိုးတက်စေပြီး
  • 2:40 - 2:45
    စောင့်ကြည့်မှုကို ဆေးပညာ
    အလုပ်မှာ ပေါင်းစပ်ပေးမယ်။
  • 2:45 - 2:49
    [ သူတို့ရဲ့ Audacious အစီအစဉ်ကို TED မှာ
    တင်ဆက်ကတည်းက ကမ္ဘာဟာ ပြောင်းလဲခဲ့တယ်]
  • 2:51 - 2:53
    Briar Goldberg ကျွန်မတို့က
    ဒါကို ရိုက်ကူးနေတာပါ။
  • 2:53 - 2:56
    ဒါက ၂၀၂၀ ဧပြီ ၇ ရက်ပါ။
  • 2:56 - 3:01
    ရှင်းတာက ကျွန်မတို့ ကိုရိုနာဗိုင်းရပ်စ်
    ကြောင့် ဖြစ်တဲ့ ဒီကြောင်တောင်တောင်
  • 3:01 - 3:03
    ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတယ်။
  • 3:03 - 3:06
    ဒီတော့ ရှင်တို့နှစ်ယောက်က အမ​ြဲ
    အတူ တွဲလုပ်နေခဲ့ပြီး
  • 3:06 - 3:08
    ၂၀၁၄ တုန်းက အီဘိုလာကပ်ဘေးနဲ့
    အတော် တက်ကြွစွာ အတူတူ
  • 3:08 - 3:11
    အတူတူ ဖြစ်ခဲ့တယ်း
  • 3:11 - 3:14
    ရှင်တို့ရဲ့ ရှုထောင့်ကနေ
    ဘယ်လိုမျိုး ခံစားရလဲ။
  • 3:14 - 3:17
    CH: အီဘိုလာ ဖြစ်ပွားပြီး
    ခြောက်နှစ်နီးနီးမှာ
  • 3:17 - 3:19
    နောက်အကျပ်အတည်းကို
    တကယ် ရင်ဆိုင်နေရပြီး
  • 3:19 - 3:25
    ကျွန်တော်တို့ဟာ အရင် အကျပ်အတည်းကနေ
    လုံးဝနီးနီး မသင်ယူခဲ့သလို ရှိဆဲပါ။
  • 3:25 - 3:27
    ဒါက ကျွန်တော့အတွက်တော့
    ကြေကွဲစရာပါ။
  • 3:27 - 3:34
    PS: ဒီကမ္ဘာ့ကပ်ရောဂါ ကမ္ဘာ့နေရာတိုင်းက
    ကျွန်မတို့တွေ ဘယ်လောက်ကို ပြင်ဆင်မထားဘူး
  • 3:34 - 3:35
    ဆိုတာကိုပြတာလို့ ထင်တယ်။
  • 3:35 - 3:40
    Christian နဲ့ အဖွဲ့တွေဟာ ဖေဖော်ဝါရီ အစမှာ
    Nigeria Sierra Leone နဲ့ Senegal က
  • 3:40 - 3:43
    ကျွန်မတို့ရဲ့ဆေးရုံနေရာတွေမှာ အတူတူ
    ရောဂါစစ်ဆေးမှုတွေ ရှိခဲ့တယ်။
  • 3:43 - 3:49
    အမေရိကန် ပြည်ထေင်စုက ပြည်နယ်အများစုမှာ
    နောက်အတော်ကြာတဲ့အထိ မရှိခဲ့ဘူး။
  • 3:49 - 3:52
    ဒါကို ပြောပြတာက
    ကျွန်မတို့အားလုံး အတူတူဖြစ်ပြီး
  • 3:52 - 3:54
    အားလုံးဟာ လက်ရှိအခြေအနေမှာ
    အတော်နောက်ကျနေတာပါ
  • 3:54 - 3:58
    BG: ဒီတော့ ဒီ Sentinel စနစ်က
    အံဩစရာဆိုပေမဲ့
  • 3:58 - 4:01
    လူတိုင်းရဲ့စိတ်ထဲမှာ မေးခွန်းရှိနေတာ
    ကျွန်မ သိတယ်။
  • 4:01 - 4:03
    ဒါက လက်ရှိ ဒီနေရာမှာ ဘယ်လို
    လုပ်ဆောင်နေလဲ။
  • 4:03 - 4:06
    PS: Sentinel ကို ကမ္ဘာ့ကပ်ရောဂါ
    ကြိုတင်သတိပေးစနစ်အဖြစ်သရုပ်ဖော်ပြီး
  • 4:06 - 4:08
    အခု ကျွန်မတို့က
    ကပ်ရောဂါထဲမှာပါ
  • 4:08 - 4:10
    ဒါပေမဲ့ ထူးကဲတာက တကယ်က
    ကမ္ဘာ့ကပ်ရောဂါကို ကြိုတင်တားဖို့
  • 4:10 - 4:12
    လိုတဲ့ အလားတူ ကိရိယာတွေက
  • 4:12 - 4:14
    ဒါကို တုံ့ပြန်ဖို့ သင် လိုအပ်တာတွေပါ။
  • 4:14 - 4:17
    ဒီတော့ ကျွန်မတို့ တင်ပြထားတဲ့
    နည်းပညာအားလုံးဟာ
  • 4:17 - 4:19
    ချက်ချင်း စမ်းသပ်မှု၊
    အစုံ စမ်းသပ်မှု
  • 4:19 - 4:23
    ဗိုင်းရပ်စ် ပြောင်းလဲစေစဉ်မှာ
    ရှာဖွေမှုနဲ့ ခြေရာခံမှု၊
  • 4:23 - 4:26
    ဒိုင်ခွက်မှာ မိုဘိုင်း အက်ပ်ကို
    ထပ်လွှာတာ
  • 4:26 - 4:27
    အားလုံးက အလွန်အရေးပါတယ်။
  • 4:27 - 4:30
    CH:ကျွန်တော်တို့အတွက် ဒါက စစ်ပွဲတစ်ပွဲပါ။
  • 4:30 - 4:33
    အခြေခံအားဖြင့် ရလဒ်တွေကို ပေးဖို့
    ၂၄ နာရီ အချိန်ပြည့်
  • 4:33 - 4:35
    မြှုပ်နှံထားတယ်။
  • 4:35 - 4:39
    ကျွန်တော်တို့ ၂၄ နာရီ မရပ်မနား
    အလုပ်လုပ်ဖို့ လိုတယ်။
  • 4:39 - 4:41
    ဒီတော့ အတော် စိန်ခေါ်နေတဲ့ ကာလတစ်ခုပါ။
  • 4:41 - 4:43
    မိသားစုနဲ့ ဝေးနေတယ်။
  • 4:43 - 4:45
    အနည်းဆုံး ဒီနေ့ မိသားစုကို
    တွေ့ဖို့ အခွင့်ရှိပြီး
  • 4:45 - 4:48
    မနက်ဖြန်မှာ ကတုတ်ကျင်းတွေဆီ
    ဦးတည်ရမှာ ကျိန်းသေတယ်။
  • 4:48 - 4:51
    ကျွန်တော့ ဓာတ်ခွဲခန်းမှာ
    ပထမဆုံCOVID-19 ဂျီနူမ်းကို
  • 4:51 - 4:52
    အာဖရိကတိုက်မှာ အစဉ်ချတယ်။
  • 4:52 - 4:54
    တကယ်တော့ ဒါက ၄၈ နာတွင်း
    လုပ်ထားတာပါ။
  • 4:54 - 4:58
    ဒါက အာဖရိကမှ လာနေတဲ့
    တော်လှန်ရေးဖြစ်ပြီး
  • 4:58 - 5:01
    ဒီနောက် သတင်းအချက်အလက်ကို ကမ္ဘာ့ကျန်မာရေး
    အသိုက်အဝန်းအတွက်ရရှိအောင် လုပ်တာက
  • 5:01 - 5:03
    ဒီဗိုင်းရပ်စ် အာဖရိကမှာ
    ဘယ်လိုဆိုတာသိဖို့ပါ။
  • 5:03 - 5:06
    နည်းပညာတွေ၊ အသိသုတတွေနဲ့
    သတင်းအချက်အလက် မျှဝေခြင်းနဲ့ဆို
  • 5:06 - 5:08
    ပိုကောင်းကောင်း လုပ်နိုင်ပြီး
  • 5:08 - 5:10
    ကျော်လွှားနိုင်တယ်လို့ ယုံကြည်တယ်။
  • 5:10 - 5:13
    PS: Sentinel စိတ်ကူးတစ်ခုလုံးက
  • 5:13 - 5:15
    အားလုံး အချင်းချင်း
    သတိနဲ့ ကာကွယ်ကြတာပါ။
  • 5:15 - 5:16
    အားလုံး စောင့်ကြည်တာပါ။
  • 5:16 - 5:17
    တစ်ဦးစီဟာ ကင်းသမားပါ။
  • 5:17 - 5:21
    တစ်ဦးစီဟာ ကိုယ့်ကို ဖျားနေစေတာကို
    ထောက်လှမ်းနိုင်ခြင်းက
  • 5:21 - 5:24
    ကျန်တဲ့ လူစုတွေနဲ့ မျှဝေနိုင်ပါတယ်။
  • 5:24 - 5:27
    ကျွန်မ နက်ရှိုင်းစွာ လိုချင်တာက
    ကျွန်မတို့အတွက် အားလုံးက
  • 5:27 - 5:29
    သတိနဲ့ ကာကွယ်ကာ အချင်းချင်း
  • 5:29 - 5:31
    စောင့်ကြည့်တာလို့ ထင်တယ်။
  • 5:31 - 5:34
    [Dr. Pardis Sabeti နဲ့
    Dr. Christian Happi]¶
  • 5:35 - 5:36
    ထွင်တဲ့ သိပ္ပံပညာရှင်တွေ
  • 5:36 - 5:38
    ရဲရင့်တဲ့ လက်တွဲဖော်တွေ
  • 5:38 - 5:40
    ကမ္ဘာ့ သူရဲကောင်းတွေပါ။]
Title:
နောင်လာမည့် ကမ္ဘာ့ကပ်ရောဂါကို တားဆီးဖို့ ဗိုင်းရပ် ရှာဖွေရေး ကွန်ရက်တစ်ခု။
Speaker:
Pardis Sabeti and Christian Happi
Description:

နောင်လာမည့် ကမ္ဘာ့ကပ်ရောဂါကို ၎င်း မစတင်မီ ဘယ်လို တားဆီးနိုင်လဲ။ ရောဂါ သုတေသီတွေဖြစ်ကြတဲ့ Pardis Sabeti နဲ့ Christian Happi တို့ကနေပြီး ဗိုင်းရပ်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းပြီး ခြေရာခံပေးကာ ဒါတွေ မပျံ့နှံ့ခင် တားဆီးပေးနိုင်လောက်တဲ့ ကြိုတင် သတိပေးပေးရေး စနစ်တစ်ခုဖြစ်တဲ့ Sentinel ကို မိတ်ဆက်ပေးထားပါတယ်။ ဒီစနစ်ကို မောင်းနှင်တဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ Sentinel အသင်းက သိပ္ပံပညာရှင်တွေနဲ့ ကျန်းမာရေး လုပ်သားတွေကို ကိုရိုနာဗိုင်းရပ် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းမှာ ကူညီနေပုံအကြောင်းကို ဆက်ပြီး လေ့လာလိုက်ပါဦး။ ( ရည်မှန်းချက်ကြီးတဲ့ ဒီအစီအစဉ်မှာ Audacious Project ရဲ့ အစိတ်အပိုင်းတစ်ခု၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုကို စေ့ဆော်ပေးရန်နှင့် ငွေကြေးထောက်ပံ့ရန် TED ရဲ့ ပဏာမခြေလှမ်းဖြစ်ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:54

Burmese subtitles

Revisions Compare revisions