Burmese subtitles

← နိမိတ်ပုံ မျှော်စင်။ ပရိုဂရမ်ရေးသူတစ်ယောက်လို တွေးပါ။ ဇာတ်ကွက် အမှတ် ၇။

Get Embed Code
20 Languages

Showing Revision 13 created 03/10/2020 by Myo Aung.

  1. Ethic နဲ Hedge တို့ဟာ ဧရာမ မျှော်စင်ရဲ့
    မြေညီထပ်မှာ ရောက်နေတယ်။
  2. စွမ်းအင် အတားအဆီးတွေက သူတို့ရဲ့ ရှာဖွေမှု
    ဒုတိယ ပန်းတိုင် Node of Creation ကနေ
  3. သူ့တို့ကို ကွဲကွာအောင်လုပ်နေတယ်။
  4. ဒီရောက်ဖို့ Ethic ဟာ မျှော်စင်ကို တက်ဖို့
    စွမ်းအင် စီးကြောင်း သုံးခုကို သုံးရမှာပါ။
  5. သူ ရှေ့ကို လှမ်းတာနဲ့ အချိန်တိုင်းကိရိယာက
    စက္ကန့် ၆၀ ကနေ လျှော့ကာ စရေတွက်မယ်။
  6. အခန်းရဲ့ အနောက်ဘက်မှာ သူတို့ကြားက
    စွမ်းအင်ကို ထိန်းပေးနိုင်တဲ့
  7. မမြင်နိုင်တဲ့ မျှော်စင်တွေနဲ့ လုပ်ထားတဲ့
    ဇလုံတစ်လုံးရှိတယ်။
  8. တစ်မိနစ်အကြာမှာ အထက်ဆီကနေ
    စွမ်းအင် ဒလဟော သွန်ကျလာမယ်။
  9. တကြိမ်ကို တစ်ယူနစ်စာ ဖြည့်ပေးရင်း၊
  10. ဒါကို တားဆီးတဲ့ အားစက်ကွင်းတစ်ခုနဲ့အတူ
    အရှေ့(သို့) အနောက်ကနေ လျှံထွက်ရင်းပါ။
  11. တည်ငြိမ်တဲ့ စက္ကန့် ၆၀ အတွင်း
  12. Ethic နဲ့ Hedge ဟာ စွမ်းအင်ယူနစ် ဘယ်နှခု
    အတိအကျ ကျမယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။
  13. စိန်ခေါ်မှု သုံးခုရဲ့ တစ်ခုစီအတွက်
  14. ဇလုံကို ဖြည့်ပေးမယ့် အတိအကျ ပမာကကို
    သူတို့ ရွေးချယ်ရမှာပါ။
  15. သူတို့ ဒီလိုလုပ်ရင် စွမ်းအင်က သူတို့ကို
    အပေါ်ဘက်ဝေးဝေးကို တွန်းပို့လိမ့်မယ်။
  16. ဒါပေမဲ့ သူတို့ရတဲ့ ပမာဏ လုံးဝမှားသွား
    ရင်တော့ စွမ်းအင် ပင့်မမှု ပျက်ကာ
  17. သူတို့ကို ကျသွားစေမှာပါ။
  18. နံရံတွေပေါ်က ပုံပြမျဉ်းတွေက
    နမူနာတချို့ကို သရုပ်ပြတယ်။
  19. ဒီအစီအစဉ်စနစ်က စွမ်းအင် နှစ်ယူနစ်ကို
    အတိအကျ ဖမ်းယူလိမ့်မယ်။
  20. ဒီအစီအစဉ်စနစ်က ၄၊
    ဒီမှာ ၃၊ ဒီ ၁ ဖမ်းယူလိမ့်မယ်။
  21. ဒီတစ်ခုကလည်း ၄ ကို ဖမ်းယူလိမ့်မယ်။
  22. အကြောင်းက ဘယ်ဘက်မှာရှိတဲ့
    စွမ်းအင်တိုင်းဟာ လျှံထွက်မှာကြောင့်ပါ။
  23. ဒါကို ထိန်းထားနိုင်တဲ့ နေရာလွတ်မရှိရင်
  24. လျှံရုံသာဖြစ်တော့မယ်ဆိုတဲ့
    နည်းအတိုင်း စွမ်းအင်ဟာ သွန်ကျလာမှာပါ။
  25. တစ်ကြိမ် Hedge ဟာ မျှော်စင်အတုံးတစ်ခုကို
    ပေါ်အောင်လုပ်ကာ ဘယ်လောက်မြင့်တာ
  26. ရေနိုင်ပေမဲ့ အဆောက်အအုံတစ်ခုလုံးကိုတော့
    ချက်ချင်း ကြည့်လို့မရဘူး။
  27. ဇလုံတစ်လုံးစီမှာ စွမ်းအင် အတိအကျ
    ဘယ်လောက်ထိန်းနိုင်လဲဆိုတာ
  28. အဖြေရှာဖို့ Ethic ဟာ Hedge ကို
    ဘယ်လို အစီအစဉ်ချလဲ။
  29. ခဏလေး ရပ်ပြီး ကိုယ်တိုင် အဖြေရှာကြည့်ပါ။
  30. ဒီမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး
    တွေးနည်းတစ်နည်းပါ
  31. နောက်ဆုံး ၎င်းရဲ့ ညာဘက်မှာ နံရံတစ်ခုနဲ့
  32. နောက်ဆုံး ၎င်းရဲ့ ဘယ်ဘက်မှာ နံရံတစ်ခု
    ရှိပြီး ရှိမှသာလွတ်နေတဲ့ အကွက်တိုင်းဟာ
  33. စွမ်းအင်ထိန်းထားလိမ့်မယ်။
  34. ဒါပေမဲ့ အကွက်တိုင်းကို စစ်ဆေးဖို့က
    Hedge အတွက် အချိန်အတော်ကြာလိမ့်မယ်။
  35. ဒီတော့ တစ်ကြိမ်မှာ ဘလောက်တိုင်တစ်ခုလုံးကို
    သူ ထည့်သွင်းစဉ်းစားမယ်ဆိုရင်ရော။
  36. ဥပမာ ဒါက စွမ်းအင်ယူနစ် ဘယ်နှစ်ခုလောက်
    ထိန်းထားနိုင်လဲ။
  37. ခဏလေး ရပ်ပြီး ကိုယ်တိုင် အဖြေရှာကြည့်ပါ။
  38. ကျွန်ုပ်တို့ရဲ့ နမူနာကို ကြည့်ရင်း
    ပြဿနာကို စိစစ်ရအောင်။
  39. ဒီမှာ တိုင် အတုံးတိုင် ၅ တိုင်ရှိတယ်။
  40. ဘယ်ဘက်အကျဆုံးက ဘယ်စွမ်းအင်မဆို
    ထိန်းနိုင်တာက ၎င်းထက် ပိုမြင့်တာမရှိလို့ပါ
  41. ဒုတိယ အပုံက ၎င်းအထက်က ၃ ယူနစ် ရနိုင်တယ်။
  42. ဘာလို့ဆိုတော့ ၎င်းတို့ဟာ ၄ တုံး နှစ်ပုံ
    ကြားမှာ ပိတ်မိနေမှာမို့ပါ။
  43. စွမ်းအင် ၄ တန်းသွားရာက အမြင့်ကနေ ယူရင်း
    အပုံရဲ့ အမြင့်ကို နှုတ်ခြင်းက
  44. ၃ ယူနစ် ရတော့
    ဒါက ၄ အနှုတ် ၁ ပါ။
  45. တတိယ အပုံက ဘယ်ဘက်က ၄ နဲ့တူတယ်။
    ညာဘက်ကို ၄၊ ပြီးတော့ အမြင့် ၃။
  46. ဒီတော့ ဒါက ဒါက ၄ - ၃ = ၁ ယူနစ်
    ထိန်းပေးမယ်။
  47. စတုတ္ထ အပုံနဲ့ ပဉ္စမ အပုံတွေမှာ
    ညာဘက်မှာ သူတို့ထက် ပိုမြင့်တာမရှိတော့
  48. ဘာစွမ်းအင်မှ ထိန်းမထားနိုင်ဘူး။
  49. ဒီစိတ်ကူးကို အယ်လ်ဂိုရစ်သမ်အဖြစ်
    ပြောင်းလို့ရတယ်။
  50. ညွှန်းမှတ်အဖြစ်တစ်ကြိမ်မှာ
    တစ်တိုင် စဉ်းစားခြင်းအားဖြင့်
  51. Hedge ဟာ အရှည်ဆုံးတစ်ခုရဲ့ အမြင့်ခုကို
    ရှာဖို့ ဘယ်ဘက်မှာ တစ်ပုံခြင်းကြည့်ကာ
  52. အရှည်ဆုံးတစ်ခုရဲ​့ အမြင့်ကို
    ရှာဖို့ ဘယ်ကို ကြည့်နိုင်ကာ
  53. စွမ်းအင်ဖြည့်နိုင်တဲ့ အမြင့်အဖြစ်
    ပိုငယ်တာနှစ်ခုယူနိုင်တယ်။
  54. ရလဒ်က ပြဿနာဖြစ်နေတဲ့
    တိုင်ထက် ပိုမြင့်တယ်ဆိုရင်
  55. မူလတိုင်ရဲ့ အမြင့်ကို နှုတ်ပါ။
  56. ရလဒ်က ဒီတိုင် ထိန်းနိုင်တဲ့
    ယူနစ် အရေအတွက်ဖြစ်မယ်။
  57. ပြဿနာဖြစ်နေတဲ့ တိုင်ရဲ့ အမြင့်နဲ့
    တူတာ (သို့) အောက်မှာဆိုရင်
  58. စွမ်းအင်ဟာ လျှံထွက်လိမ့်မယ်။
  59. Hedge ဟာ ဒါကို ဇလုံတစ်ခုလုံးမှာ
    ဘယ်ဘက်အကျဆုံးတိုင်မှာစပြီး
  60. တစ်ကြိမ် ဘယ်ဘက် တစ်တိုင်
    ရွေ့တဲ့ကျော့ကွင်းနဲ့ သုံးနိုင်တယ်။
  61. တိုင်တိုင်းအတွက် အဆင့်တူတွေ သူပြေးမယ်။
    အမြင့်ဆုံးအတွက် ဘယ်ဘက်တစ်လျှောက် ကြည့်ပြီး
  62. ညာဘက်ကိုလည်း အလားတူလုပ်ပါ။
    နှစ်ခုထဲက အမြင့်ပိုနိမ့်တာကို ယူပါ။
  63. မူလတိုင် အမြင့်ကို နှုတ်ပါ။
  64. အပေါင်းကိန်းဖြစ်တယ်ဆိုရင်
    စုစုပေါင်းကို တိုးလိုက်ပါ။
  65. သူ့ကျော့ကွင်းဟာ တိုင်တွေရှိသလောက်
    အကြိမ်များစွာ ထပ်ကျော့နေလိမ့်မယ်။
  66. ဒါက အလုပ်ဖြစ်ပေမဲ့ ပိုကြီးတဲ့
    ဇလုံတစ်လုံးအတွက်တော့ အချိန်ပိုကြာမယ်။
  67. ဘယ်ကြည့်၊ ညာကြည့်လုပ်ဆောင်မှုကို
    Hedge ထပ်ကျော့တဲ့ အဆင့်တိုင်းမှာပါ။
  68. အပုံပေါင်း N ရှိတယ်ဆိုရင်
    N အပုံအားလုံးကို N အကြိမ် သူကြည့်လိမ့်မယ်။
  69. ပိုမြန်တဲ့ နည်းလမ်းတစ်ခုရှိလား။
  70. ဟောဒီမှာ အချိန်သက်သာစေတာတစ်ခုပါ။
    အခြားဟာတွေ မလုပ်ခင်
  71. Hedge ဟာ ဘယ်ဘက်မှာ စနိုင်ပြီး
  72. အမြင့်ဆုံး အပုံရဲ့ ဆက်တိုက်ဖြစ်နေတဲ့
    တာလီတစ်ခုကို ဆက်ထားပါ။
  73. ဒီမှာ ၂၊၂ ထပ်ဖြစ်လိမ့်မယ်၊
    ပထမတစ်ခုက ပိုမြင့်ခဲ့လို့ပါ။
  74. ဒီနောက် ၄၊၄၊၄ ပါ။
  75. ဒီနောက် သူဟာ
    ညာအစွန်ဆုံးက ညာမှ ဘယ်ကို
  76. ဒီအတိုင်း သွားရင်းကနေ
    အမြင့်ဆုံးအပုံတွေကို ရှာတွေ့နိုင်တယ်။
  77. အဆုံးမှာတော့ သူ့မှတ်ဉာဏ်မှာ
    ဒီလိုမျိုး ဇယားတစ်ချပ် ရလိမ့်မယ်။
  78. အခုဆို Hedge အရင်ကနေ ညီမျှခြင်း
    တူတာနဲ့အတူ အပုံတိုင်းရဲ့ အထက်မှာ
  79. စွမ်းအင်ဘယ်လောက်ရမယ်ဆိုတာ
    တွက်ချက်ဖို့ နောက်တစ်ဆင့် ကျော်နိုင်ပါပြီ။
  80. ဘယ်နဲ့ညာ တန်ဖိုးတွေမှာ သိုထားတာရဲ့
    ပိုငယ်တာကို ယူပြီး
  81. လက်ရှိမျှော်စင်ရဲ့ အမြင့်ကို နှုတ်ပါ။
  82. N အပုံမှာ N အကြိမ် ကြည့်တာအစား
    သူဟာ N အပုံမှာ ၃ ကြိမ် ကြည့်လိမ့်မယ်။
  83. ဒါက အလျားလိုက် အချိန်လို့ခေါ်တာပါ။
  84. အဖြေကို ထပ်ပြီးတောင် သင့်မြတ်အောင်
    လုပ်ဖို့ နည်းလမ်းတွေရှိပေမဲ့
  85. ဒါက ကျွန်ုပ်တို့ဇာတ်လိုက်တွေအတွက်
    ကောင်းလောက်ပါပြီ။
  86. Ethic နဲ့ Hedge ဟာ တစ်ခုအဖြစ်လုပ်တယ်။
  87. ပထမ ရေတံခွန်က အေးဆေးပါ၊
    သူတို့ဟာ မျှော်စင်ပေါ် ထိုးတက်သွားတယ်။
  88. ဒုတိယက နည်းနည်း လက်ပေါက်ကပ်တယ်။
  89. တတိယက ဒါဇင်ချီတဲ့
    အတုံးပုံတွေနဲ့ ဧရာမကြီးပါ။
  90. အချိန်တိုင်း ကိရိယာ သုညဆီကို
    မြည်သွားပေမဲ့ Ethic ရဲ့ ပရိုဂရမ်က မြန်တယ်။
  91. သူဟာ အချိန်မီ ဘီးကို အနေအထားမှန်
    ရလိုက်ပြီး
  92. စွမ်းအင်က သူတို့ကို Node of Creation
    ဆီ ပင့်ပေးလိုက်တယ်။
  93. ပထမလိုပဲ ဒါက အမြင်တစ်ခုကို ဖွင့်ဟတယ်။
    လွန်လေသော နှစ်တွေရဲ့ အမှတ်တရတွေပါ။
  94. ကမ္ဘာ့ ယန္တရားက အရာရာကို
    ပြောင်းလဲလိုက်ပြီး
  95. ရာထူးအရ စက်ရုပ် အင်ဂျင်နီယာ
    ဦးစီးမှုအဖြစ် Ethic ဟာ
  96. သူမြင်ခဲရတာရဲ့ ဒုက္ခပေးခံရတာက
    ကြီးထွားလာတယ်။
  97. လူတွေကို ထိန်ထားဖို့ Bradbarrier တွေ
    တက်လာတဲ့အခါ
  98. တစ်ခုခုဟာ စိုးရိမ်တကြီး
    မှားယွင်းနေတာကို သူသိခဲ့တယ်။
  99. ဒီတော့ ရှေးဟောင်းပစ္စည်းသုံးခုကို
  100. လူတွေရဲ့ အစွမ်း၊ ဖန်တီးမှုနဲ့ မှတ်ဉာဏ်ကို
    နဂိုအတိုင်း ပြန်ဖြစ်နိုင်စွမ်းနဲ့ ဖန်တီးကာ
  101. ဒါတွေကို လူစုသုံးစုထဲကို
    ခိုးသွင်းခဲ့တယ်။
  102. လူတွေကို ဒါတွေ အသုံးပြုနည်း
    မပြောပြနိုင်ခင်မှာ
  103. အစိုးရက သူ့အားထုတ်မှုတွေကို သိရှိသွားပြီး
    သူ့နဲ့ အခြား ပရိုဂရမ်မာတွေကို
  104. ဖမ်းဖို့ ပိုးလောင်းတွေ လွှတ်လိုက်တယ်။
  105. ဖန်တီးဖို့ ကမ္ဘာ့ ယန္တရားကို Ethic
    သုံးခဲ့တဲ့ နောက်ဆုံးအရာက
  106. ဧရာမ ဝင်္ကပါကြီးတစ်ခုထဲမှာ ဒါကို
    ထည့်ထားခြင်းဖြင့်
  107. မသိမှု အင်အားစုတွေကနေ ရှေးဟောင်း
    ကိရိယာကို ကာကွယ်ပေးမယ့် စက်ရုပ်တစ်ရုပ်ပါ။
  108. သူ့ဖန်တီးမှုကို Hedge လို့
    သူအမည်ပေးခဲ့တယ်။
  109. ကြိုတင် သတိပေးခြင်းမရှိဘဲ စွမ်းအင်က
    မှိတ်တုပ်မှတ်တုပ် တက်ပြီး မှိန်ကျသွားတယ်။