Return to Video

ဘာက စိတ်ချောက်ချားမှုတွေ ဖြစ်စေတာလဲ။

  • 0:07 - 0:10
    Rosalie လို့ ခေါ်တဲ့ အဖွားအိုတစ်ဦးဟာ
    ပြုစုရေး ဂေဟာထဲမှာ ထိုင်နေတုန်း
  • 0:10 - 0:14
    သူ့အခန်းဟာ ရုတ်ရက် လှည့်လည်နေတဲ့
    အထည်စတွေနဲ့ ရုတ်ခြည်း အသက်ဝင်သွားတယ်။
  • 0:14 - 0:16
    အသေးစိတ် အဝတ်စတွေကနေ
  • 0:16 - 0:17
    သူဟာ တိရစ္ဆာန်တွေ၊ ကလေးတွေ၊
  • 0:17 - 0:18
    အဝတ်ဝတ်ထားတဲ့
  • 0:18 - 0:20
    ဇာတ်ကောင်တွေကို ဖန်တီးနိုင်ခဲ့တယ်။
  • 0:20 - 0:23
    Rosalie တုန်လှုပ်တာက
    ချင်းနင်းဝင်ရောက်မှု ကြောင့်မဟုတ်ဘဲ
  • 0:23 - 0:28
    ဒီအခြွေအရံတွေက အလွန်အမင်း အသေးစိတ်တဲ့
    စိတ်ချောက်ချားမှု တစ်ခုဆိုတာ သူ သိလို့ပါ။
  • 0:28 - 0:30
    သူ့သိမှတ်မှု လုပ်ဆောင်ချက်က ထူးကဲပြီး
  • 0:30 - 0:35
    စိတ်ချောက်ချားမှုတွေ ဖြစ်စေလောက်တဲ့
    ဘယ်ဆေးကိုမှာ သူ မသောက်ထားပါဘူး။
  • 0:35 - 0:40
    အဆန်းဆုံးက ဆပ်ကပ် ဖျော်ဖြေသူတွေရဲ့
    တကယ့် ဘဝ လူတစ်စု အခန်း ရုတ်တရက် ဝင်လာရင်
  • 0:40 - 0:42
    သူတို့ကို မြင်နိုင်မှာ မဟုတ်ဘူး။
  • 0:42 - 0:44
    သူက လုံးဝကို ကန်းနေတာပါ။
  • 0:44 - 0:48
    Rosalie ဟာ Charles Bonnet Syndrome
    လို့ သိကြတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ခဲ့တယ်။
  • 0:48 - 0:52
    ဒီရောဂါမှာ အမြင် ချို့တဲ့တာ (သို့)
    လုံးလုံး ကန်းနေတတဲ့ လူနာတွေဟာ
  • 0:52 - 0:56
    မြင်ကွင်းအားလုံးကို တောက်ပတဲ့အရောင်ထဲမှာ
    ရုတ်တရက် စိတ်ချောက်ခြားကြတယ်။
  • 0:56 - 0:58
    ဒီစိတ်ချောက်ချားမှုတွေဟာ
    ရုတ်တရက် ပေါ်လာပြီး
  • 0:58 - 1:02
    မိနစ်ပိုင်းမျှသာ ပေါ်ပြီး
    နှစ်တွေချီကာ ပြန်ပြန်ဖြစ်တယ်။
  • 1:02 - 1:06
    ဘာက ဒါတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်
    ဖြစ်စေလဲ၊ ဘာကြောင့် လူနာတချို့မှာ
  • 1:06 - 1:09
    ဒါတွေဖြစ်ပြီး တချိုမှာ မဖြသ်တာကို
    ကျွန်ုပ်တို့ နားမလည်ကြသေးပါ။
  • 1:09 - 1:13
    fMRI လေ့လာမှုတွေကနေ သိတာကတော့
    ဒီစိတ်ချောက်ချားမှုတွေဟာ အမြင်အာရုံလိုပဲ
  • 1:13 - 1:16
    စိတ်ကူးကနေ နှိုးဆော်မပေးတဲ့
  • 1:16 - 1:20
    အလားတူ ဦးနှောက်
    ဧရိယာတွေကို နှိုးဆော်ပေးတာပါ။
  • 1:20 - 1:23
    အခြား များစွာသော စိတ်ချောက်ချားမှုတွေမှာ
    ပါဝင်တာက အနံ့တွေ၊
  • 1:23 - 1:24
    အမြင်အာရုံတွေနဲ့
  • 1:24 - 1:25
    အသံတွေကလည်း
  • 1:25 - 1:29
    အာရုံခံ တွေ့ကြုံမှု အစစ်တွေလိုပဲ ဦးနှောက်
    ထဲက အလားတူ ဧရိယာတွေ ပါဝင်ပတ်သက်ပါတယ်။
  • 1:29 - 1:36
    ဒါကြောင့် အပြင်လွှာကို ချောက်ချားမှုတွေ
    ရဲ့ အပိုင်းမှာ ပါဝင်တယ်လို့ ထင်ကြတယ်။
  • 1:36 - 1:40
    ဒီမီးခိုးရောင် အရာရဲ့ အလွှာပါးဟာ
    အာရုံတစ်ခုချင်းစီက သတင်းအချက်အလက်
  • 1:40 - 1:44
    ထုတ်ပေးတဲ့ ဧရိယာမျိုးစုံနဲ့အတူ
    ဦးနှောက်အရှေ့ပိုင်းကို ကာထားတယ်။
  • 1:44 - 1:47
    ဒါပေမဲ့ အာရုံ ချွတ်ယွင်းမှု လုံးဝ
    မရှိသူတွေမှာတောင်
  • 1:47 - 1:52
    ဦးနှောက်ဟာ မပြည့်စုံတဲ့ သတင်းအချက်အလက်ကနေ
    ကျွန်ုပ်တို့ သတိမူမိတဲ့ ကမ္ဘာကို ဆောက်တယ်။
  • 1:52 - 1:54
    ဥပမာ မျက်လုံးတွေမှာ
    မြင်လွှာအပိုင်းကိုတားဆီးတဲ့
  • 1:54 - 1:57
    အလင်း အာရုံကြောရှိတဲ့ မမြင်နိုင်တဲ့
    အပိုင်းတွေရှိတယ်။
  • 1:57 - 2:01
    အမြင်ပိုင်း အပြင်လွှာက အလင်းကို
    ဆီလျော်တဲ့ ပုံရိပ်တွေအဖြစ် ထုတ်ပေးတဲ့အခါ
  • 2:01 - 2:06
    ၎င်းက ဒီမမြင်နိုင်တဲ့ နေရာတွေကို ဝန်းကျင်
    ဧရိယာက သတင်းအချက်အလက်နဲ ဖြည့်ပေးတယ်။
  • 2:06 - 2:10
    တစ်ခါတစ်ရံ ချွတ်ယွင်းချက်ကို သတိပြုနိုင်
    ပေမဲ့ အများစုမှာတော့ ပိုထူးပြီး သိမလာဘူး။
  • 2:10 - 2:16
    အမြင်ပိုင်း အလွှာဟာ ယာယီအနေနဲ့တောင်
    မျက်လုံးတွေကနေ ဖြည့်သွင်းမှု မရှိတဲ့အခါ
  • 2:16 - 2:19
    ဦးနှောက်ဟာ ဆီလျော်တဲ့ ရုပ်ပုံတွေ
    ဖန်တီးဖို့ ကြိုးစားဆဲဆိုပေမဲ့
  • 2:19 - 2:23
    ၎င်းရဲ့ စွမ်းရည် ကန့်သတ်ချက်တွေကို
    အများကြီး ပိုသိသာလာတယ်။
  • 2:23 - 2:28
    Charles Bonnet Syndrome ရဲ့ ပီပီပြင်ပြင်
    စိတ်ချောက်ချားမှုတွေဟာ နမူနာတစ်ခုပါ။
  • 2:28 - 2:31
    အကြောင်းက Charles Bonnet Syndrome
    ဟာသာမန် အမြင်အာရုံ
  • 2:31 - 2:34
    ရှိပြီး နောက်မှအမြင်ဆုံးရှုံးသွားတဲ့
    လူတွေမှာသာဖြစ်ပြီး
  • 2:34 - 2:35
    မွေးရာပါ မျက်မမြင်တွေ မဟုတ်ပါ။
  • 2:35 - 2:38
    ဦးနှောက်ဟာမှတ်မိနေတဲ့ ပုံရိပ်များကို
    အမြင် ဖြည့်သွင်းမှုအသစ်
  • 2:38 - 2:42
    ကင်းမဲမှုကို အစားထိုးဖို့ အသုံးပြုတယ်လို့
    သိပ္ပံပညာရှင်တွေ ထင်ကြတယ်။
  • 2:42 - 2:44
    အာရုံတွေအတွက်လည်း အလားတူ မှန်ပါတယ်။
  • 2:44 - 2:48
    အကြားအာရုံ ပျောက်ဆုံးတဲ့ လူတွေဟာ
    မကြာခဏ ဂီတနဲ့ အသံတွေကို ချောက်ချားတယ်။
  • 2:48 - 2:53
    တစ်ခါတစ်ရံ စစ်ချီ တီးဝိုင်းတစ်လုံးရဲ့
    ကျွတ်ကျွတ်ညံသံလို အသေးစိတ်တယ်။
  • 2:53 - 2:56
    အာရုံခံ ကင်းမဲ့မှုအပြင်
  • 2:56 - 2:58
    အပန်းဖြေစရာ၊ ကုထုံးဆိုင်ရာ ဆေးဝါးတွေ၊
  • 2:58 - 3:01
    ဝက်ရူးပြန်ရောဂါ၊ အအိပ်လွန်ရောဂါနဲ့
  • 3:01 - 3:04
    စိတ်ကစဉ့်ကလျားရောဂါလို စိတ်ရောဂါ
    လက္ခဏာတွေဟာ
  • 3:04 - 3:07
    စိတ်ချောက်ချားမှုရဲ့ အသိများတဲ့
    အကြောင်းများစွာထဲက အနည်းငယ်ဖြစ်ပြီး
  • 3:07 - 3:09
    အသစ်တွေကို ရှာနေကြတုန်းပါ။
  • 3:09 - 3:12
    နာမည်ဆိုး ကျော်ကြားတဲ့
    စိတ်ချောက်ချားမှု တချို့က
  • 3:12 - 3:15
    LSD နဲ့ psilocybin လို
    ဆေးဝါးတွေနဲ့ ဆက်စပ်နေတယ်။
  • 3:15 - 3:20
    ၎င်းတို့ရဲ့ ဝိသေသ သက်ရောက်မှုတွေက
    ခြောက်သွေ့တဲ့ အရာဝတ္ထုတွေကို စိုတာနဲ့
  • 3:20 - 3:23
    မျက်နှာပြင်တွေက အသက်ရှူ
    တယ်ဆိုတဲ့ ခံစားချက်ပါဝင်တယ်။
  • 3:23 - 3:27
    ပိုမြင့်တဲ့ အသုံးပြုမှုတွေမှာ အမြင်ပိုင်း
    ကမ္ဘာဟာ အရည်ပျော်ပြီး
  • 3:27 - 3:28
    ဝေ့လည်မှုတွေမှာ ပျော်ဝင်တယ်
  • 3:28 - 3:31
    (သို့) ကွေးကောက်တဲ့ အဆင်တွေအဖြစ်
    ပေါက်ကွဲသွားတယ်။
  • 3:31 - 3:36
    ဒီဆေးဝါးတွေဟာ ဦးနှောက် အပြင်လွှာကိုပါ
    သက်ရောက်တယ်လို့ အထောက်အထားတွေက ညွှန်းတယ်။
  • 3:36 - 3:40
    ဒါပေမဲ့ ထုံးစံအရ အမြင် ချွတ်ယွင်းမှုက
    အမြင် စိတ်ချောက်ချားမှုတွေသာ ဖြစ်စေပေမဲ့
  • 3:40 - 3:42
    LSD လို ဆေးတွေဖြစ်တဲ့
  • 3:42 - 3:48
    အကြားချွတ်ယွင်းတာတွေက အာရုံအားလုံးအနှံ့
    မရပ်မနား နှောင့်ယှက်မှုတွေ ဖြစ်စေတယ်။
  • 3:48 - 3:53
    ဖြစ်နိုင်တာက အာရုံအားလုံးအတွက် အပြင်လွှာ
    နေရာတွေ အပါအဝင် ဦးနှောက် ဧရိယာတွေရဲ့
  • 3:53 - 3:57
    ကျယ်ပြန့်တဲ့ အပိုင်းအခြာ။တစ်ခုထဲက
    အာရုံခံတွေကို နှိုးဆွပေးတာကြောင့်ပါ။
  • 3:57 - 4:01
    LSD နဲ့ psilocybin နှစ်ခုစလုံးဟာ
    ထူးခြားတဲ့ ဆီရိုတိုနင် အာရုံခံတစ်မျိုးကို
  • 4:01 - 4:05
    တိုက်ရိုက် စည်းနှောင်တဲ့ ဦးနှောက်ထဲက
    ဆီရိုတိုနင်လိုပဲလုပ်ဆောင်ပါတယ်။
  • 4:05 - 4:09
    ဦးနှောက်ထဲက ဆီရိုတိုနင်ရဲ့ ကဏ္ဍဟာ
    ရှုပ်ထွေးပြီး အလုံအလောက် နားမလည်ပေမဲ့
  • 4:09 - 4:13
    မျက်စိ၊ နှာခေါင်း၊ နားတွေနဲ့ အခြား အာရုံခံ
    အင်္ဂါတွေက သတင်းအချက်အလက်ကို
  • 4:13 - 4:13
    ပေါင်းစည်ရာမှာ
  • 4:13 - 4:14
    အရေးပါတဲ့
  • 4:14 - 4:15
    ကဏ္ဍကနေ
  • 4:15 - 4:17
    ပါဝင်တယ်။
  • 4:17 - 4:21
    ဒီတော့ အဆိုရှိတာက LSD နဲ့ psilocybin
    ဟာ အာရုံခံ ပေါင်းစည်းခြင်းမှာ ပါဝင်တဲ့
  • 4:21 - 4:25
    အချက်ပြမှုတွေကို နှောင့်ယှက်ရင်း
    စိတ်ချောက်ချားမှုတွေ ဖြစ်ပေါ်စေတယ်။
  • 4:25 - 4:28
    စိတ်ကစဉ့်ကလျား ရောဂါနဲ့ ဆက်စပ်နေတဲ့
    စိတ်ချောက်ချားမှုတွေက
  • 4:28 - 4:33
    LSD နဲ့ psilocybin ကြောင့် ဖြစ်တာတွေနဲ့
    တူညီတဲ့ ယန္တရားတစ်ခုကို မျှဝေကြတယ်။
  • 4:33 - 4:35
    စိတ်ကစဉ့်ကလျား ရောဂါသည်တွေဟာ
  • 4:35 - 4:38
    မကြာခဏ ဦးနှောက်ထဲက ဆီရိုတိုနင်
    အဆင့်တွေ မြင့်တက်ကြတယ်။
  • 4:38 - 4:42
    စိတ်ရောဂါကု ဆေးဝါးတွေက LSD နဲ့ psilocybin
    က ပေါင်းစည်းတဲ့ အလားတူ ဆီရိုတိုနင်
  • 4:42 - 4:48
    အာရုံခံတွေကို ပိတ်ပေးရင်း စိတ်ကစဉ့်ကလျား
    ရောဂါ လက္ခဏာတွေကို လျော့ကျစေတယ်။
  • 4:48 - 4:49
    တချို့အခြေအနေတွေမှာ
  • 4:49 - 4:52
    ဒီဆေးတွေက Charles Bonnet Syndrome
    ရောဂါသည်တွေကို
  • 4:52 - 4:54
    စိတ်ချောက်ချားမှုတွေ
    ကိုတောင်လျော့ပါးစေနိုင်တယ်။
  • 4:54 - 4:58
    ဒီမတူတဲ့ အကြောင်းရင်းအားလုံးနဲ့
    စိတ်ချောက်ချားမှုတွေရဲ့
  • 4:58 - 5:01
    တုံ့လှယ်ဆက်နွယ်နေတဲ့ ယန္တရားတွေကို
    နားလည်ဖို့က အများကြီးလိုပါသေးတယ်။
  • 5:01 - 5:04
    ဒါပေမဲ့ စိတ်ချောက်ချားမှု အတွေ့အကြုံတွေဟာ
  • 5:04 - 5:08
    တစ်ခါက ထင်တာထက် သာမန် အမြင်နဲ့အများကြီး
    ပိုနီးကပ်စွာ ဆက်နွယ်နေတာက ရှင်းပါတယ်။
  • 5:08 - 5:10
    စိတ်ချောက်ချားမှုတွေ လေ့လာရင်း
  • 5:10 - 5:11
    ကျွန်ုပ်တို့ မြင်တဲ့၊ ကြားတဲ့၊
  • 5:11 - 5:14
    အနံ့ရတဲ့၊ထိတွေ့တဲ့ ကမ္ဘာကို
    ဦးနှောက်က တည်ဆောက်ထားပုံအကြောင်း
  • 5:14 - 5:15
    အများကြီး
  • 5:15 - 5:16
    လေ့လာဖို့
  • 5:16 - 5:17
    အခွင့်အလမ်းရှိပါတယ်။
  • 5:17 - 5:18
    ပိုလေ့လာနိုင်ရင်
  • 5:18 - 5:22
    တစ်ဦးချင်းစီရဲ့ ကျွန်း၊ သိမြင်မှု
    စကြာဝဠာဟာတကယ့်ကို ပုဂ္ဂလဓိဋ္ဌာန်နဲ့
  • 5:22 - 5:26
    သီးခြားဖြစ်ပုံကို နားလည်
    သတိပြုမိနိုင်ခြေ ရှိလာမှာပါ။
Title:
ဘာက စိတ်ချောက်ချားမှုတွေ ဖြစ်စေတာလဲ။
Speaker:
Elizabeth Cox
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/what-causes-hallucinations-elizabeth-cox တွင် ကြည့်ရှုပါ။


Charles Bonnet Syndrome လို့ ခေါ်တဲ့ ရောဂါလက္ခဏာတစ်ခုဟာ မျက်မမြင် လူနာတွေကို တောက်ပတဲ့ အရောင်ထဲက မြင်ကွင်းတွေကို စိတ်ချောက်ချားစေအောင် လုပ်နိုင်တယ်။ ဒီစိတ်ချောက်ချားမှုတွေဟာ စိတ်ကူးမြင်ယောက်ခြင်းကနေ လုံးဝ ခြားနားတဲ့ နေရာတစ်ခုဖြစ်တဲ့ အမြင်အာရုံလို အလားတူ ဦးနှောက် ဧရိယာကို နှိုးဆွပေးတယ်လို့ fMRI လေ့လာမှုတွေက ပြတယ်။
အခြားသော စိတ်ချောက်ချားမှုတွေကလည်း အာရုံခံ အတွေ့အကြုံ အစစ်တွေလို ဦးနှောက်ထဲက အလားတူ ဧရိယာတွေ ပါဝင်ပါတယ်။ ဘာများ ဆက်ဖြစ်မလဲ။ Elizabeth Cox ကနေပြီး စိတ်ချောက်ချားမှုရဲ့ သိပ္ပံပညာကို အသေးစိတ် ရှင်းပြထားပါတယ်။

သင်ခန်းစာကို Elizabeth Cox က ပြုစုပြီး Nerdo က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:43

Burmese subtitles

Revisions