Return to Video

Loki နဲ့ ပန်းရံဆရာကြီးတို့ရဲ့ ဒဏ္ဍာရီ - Alex Gendler

  • 0:07 - 0:12
    အံ့သြဖွယ်ရာတွေ ပြည့်နေတဲ့ Asgard ဆိုတာ
    Norse နတ်ဘုရားတွေ စံမြန်းရာ နေရာပေါ့။
  • 0:12 - 0:16
    အဲ့ဒီမှာ Odin ရဲ့ မဟာခန်းမကြီး Valhalla က
    တောင်တွေထက်မှာ ထိုးထွက်မြင့်မားနေပြီး
  • 0:16 - 0:20
    သက်တံ့ရောင်တံတားကြီး Bifrost လည်း
    တည်ရှိနေပါတယ်။
  • 0:20 - 0:22
    နတ်တို့ရဲ့ နယ်မြေဟာ ကြီးကျယ်ခမ်းနားပေမဲ့
  • 0:22 - 0:26
    နတ်တွေကို မုန်းလို့ ပျက်စီးရာ
    ပျက်စီးကြောင်း အမြဲရှာနေတဲ့
  • 0:26 - 0:30
    Jotunheim က အကောင်ကြီးတွေနဲ့ ဘီလူးကြီး
    တွေရဲ့ ရန်ကိုတော့ မကာကွယ်နိုင်ပါဘူး။
  • 0:30 - 0:34
    တစ်နေ့တော့ နတ်တွေထဲက အားအကြီးဆုံးဖြစ်တဲ့
    Thor ဟာ ရန်သူတွေကို သွားတိုက်ခိုက်နေတုန်း
  • 0:34 - 0:39
    သန်မာတဲ့ မီးခိုးရောင်မြင်းကြီးကို
    စီးလာတဲ့ လူစိမ်းတစ်ယောက် ရောက်လာပြီး
  • 0:39 - 0:42
    နတ်တွေကို အံ့သြသွားစေတဲ့
    အကြံတစ်ခုကို ပြောပြပါတယ်။
  • 0:42 - 0:45
    သူတို့ မြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံး
    တံတိုင်းကြီးကို သူဆောက်ပေးမှာမို့
  • 0:45 - 0:50
    အကောင်ကြီးတွေ တက်မရနိုင်အောင် မြင့်ပြီး
    ဘီလူးကြီးတွေ ဖျက်မရအောင် ခိုင်မာမယ်တဲ့။
  • 0:50 - 0:55
    အဲ့အတွက် သူပြန်တောင်းဆိုတာက လှပချောမာတဲ့
    နတ်ဘုရားမ Freyaနဲ့ လက်ဆက်ပေးဖို့နဲ့
  • 0:55 - 0:59
    ကောင်းကင်က နေရယ် လရယ်ကိုပါ ပေးဖို့ပါပဲ။
  • 0:59 - 1:03
    အဲ့လိုကျတော့ နတ်တွေက လက်မခံကြဘဲ
    သူ့ကို မောင်းထုတ်ဖို့ လုပ်ကြပါတယ်။
  • 1:03 - 1:07
    ဒါပေမဲ့ ကလိမ်ကောင် Lokiက
    ပါးနပ်တဲ့ အကြံတစ်ခုကို တင်ပြလာပါတယ်။
  • 1:07 - 1:10
    Lokiက နတ်တွေကို လူစိမ်းရဲ့
    တောင်းဆိုမှုကို လက်ခံလိုက်ပြီး
  • 1:10 - 1:16
    နံရံကို အချိန်မီမပြီးနိုင်ဖို့ တင်းကျပ်တဲ့
    ကန့်သတ်ချက်တွေ သတ်မှတ်ပေးဖို့ ပြောသတဲ့။
  • 1:16 - 1:21
    ဒီလိုဆိုရင် နတ်တွေ ဘာမှ မဆုံးရှုံးကြရဘဲ
    တံတိုင်းကြီး တစ်ခုလုံးနီးပါး အလကားရမယ်လေ။
  • 1:21 - 1:23
    Freya က ဒီအကြံကို လုံးဝကို မကြိုက်ပေမဲ့၊
  • 1:23 - 1:26
    Odin နဲ့ တခြားနတ်တွေကတော့
    အဲဒီအကြံကို ကျေနပ်ကြလို့
  • 1:26 - 1:28
    ပန်းရံဆရာကြီးနဲ့ သဘောတူညီမှုကို
    ပြုလုပ်ခဲ့ကြပါတယ်။
  • 1:28 - 1:31
    ပန်းရံဆရာကြီးက တံတိုင်းကြီးကို ဆောင်း
    တစ်ရာသီအတွင်း အပြီး ဆောက်ပေးဖို့ပါ။
  • 1:31 - 1:34
    ပထမဆုံး နွေရက်ရောက်လို့ တစ်ခုခု မပြီးဘဲ
    ကျန်နေခဲ့မယ် ဆိုရင်
  • 1:34 - 1:36
    သူဟာ တစ်ပြားမှ ရရှိမှာ မဟုတ်ပါဘူး။
  • 1:36 - 1:40
    ပြီးတော့ တခြားလူ အကူအညီကိုလည်း မယူဘဲ
    သူတစ်ယောက်တည်း ဆောက်ရမှာပါ။
  • 1:40 - 1:43
    နတ်တွေက ဒီသဘောတူညီချက်ကို
    သစ္စာဆို ချိတ်ပိတ်လိုက်ပြီး
  • 1:43 - 1:47
    Asgard ဒေသထဲမှာ ပန်းရံဆရာဟာ ဘယ်လိုမှ
    အန္တရာယ် မရှိစေရဘူးလို့ ကျိန်ဆိုခဲ့ကြတယ်။
  • 1:47 - 1:52
    မနက်ကျတော့ လူစိမ်းက အုတ်မြစ်ချနိုင်ဖို့
    အံ့ဖွယ် မြန်ဆန်တဲ့ နှုန်းနဲ့ စတူးခဲ့ပြီး
  • 1:52 - 1:57
    ညဘက်မှာ ကျောက်တုံး‌တွေ ယူဖို့
    တောင်တွေဘက်ကို ထွက်သွားပါတယ်။
  • 1:57 - 2:00
    နောက်နေ့မနက် သူပြန်လာတာကို
    နတ်တွေ တွေ့သွားချိန်မှာမှ
  • 2:00 - 2:02
    သူတို့ စပြီး စိတ်ပူရတော့တာပါပဲ။
  • 2:02 - 2:05
    သဘောတူထားတဲ့အတိုင်း
    ပန်းရံသမားကို အခြားဘယ်သူကမှ မကူခဲ့ပါ။
  • 2:05 - 2:10
    သူ့ မြင်းကြီး Svadilfari က ကျောက်တုံးကြီး
    တွေကို ဆွဲလာလိုက်တာများ
  • 2:10 - 2:13
    မြေကြီးမှာတောင် စွပ်ကြောင်းကြီးတွေ
    ထင်ကျန်ရစ်ခဲ့သတဲ့။
  • 2:13 - 2:15
    ဆောင်းရာသီလည်း ရောက်ရှိလာခဲ့တယ်။
  • 2:15 - 2:19
    လူစိမ်းကလဲ ဆောက်မြဲဆောက်နေပြီး
    Svadilfari ကလဲ ဆွဲမြဲဆွဲနေဆဲပါ။
  • 2:19 - 2:22
    နှင်းမှုန်တွေရော မိုးစက်တွေပါ သူတို့ကို
    နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ကြဘူး။
  • 2:22 - 2:27
    နွေရောက်ဖို့ ၃ရက်အလိုမှာ မြင့်မားပြီး
    ထိုးဖောက်မရတဲ့ တံတိုင်းကြီး ပေါ်လာခဲ့ကာ
  • 2:27 - 2:30
    တံခါးပေါက်ကိုသာ ဆောက်ဖို့ ကျန်ပါတော့တယ်။
  • 2:30 - 2:33
    အဲ့ကျမှ နတ်တွေလဲ ကြောက်လန့်သွားပြီး
    သူတို့ ထာဝရ ဆုံးရှုံးကြရမှာက
  • 2:33 - 2:35
    သားဆုပန်နတ်ဘုရားမ အပြင်
  • 2:35 - 2:40
    နေနဲ့လ မရှိရင် ကမ္ဘာကြီး အနန္တအမှောင်တိုက်
    ထဲ ကျရောက်သွားမှာ နားလည်လာကြတယ်။
  • 2:40 - 2:44
    ဘယ်လိုလုပ်ပြီး သူတို့ဟာ ဒီလို မိုက်မဲတဲ့
    အလောင်းအစားကို လုပ်မိကြပါလိမ့်ပေါ့။
  • 2:44 - 2:48
    အဲ့အခါကျမှ Loki နဲ့ သူ့ရဲ့
    အကြံဆိုးကြီးကို သတိရလိုက်ကြတယ်။
  • 2:48 - 2:51
    ရုတ်တရက်ကြီး Lokiကလဲ
    သူ့ကံ မကောင်းတော့မှန်း ခံစားမိတယ်။
  • 2:51 - 2:55
    နတ်တွေကလဲ ပန်းရံသမားကို ငွေမပေးရအောင်
    နည်းလမ်းကို သူက မရှာပေးနိုင်ရင်
  • 2:55 - 3:00
    သူ့ကို စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့
    နည်းမျိုးနဲ့ သတ်ပစ်ဖို့ ခြိမ်းခြောက်ကြတယ်။
  • 3:00 - 3:04
    အဲ့တော့ လိုကီလဲ သူရှင်းပေးပါ့မယ်လို့
    ကတိပေးပြီး ဝေးရာကို အမြန်လစ်သွားပါတယ်။
  • 3:04 - 3:06
    အပြင်မှာတော့
    ညအချိန် ကျရောက်နေလို့၊
  • 3:06 - 3:10
    ပန်းရံသမားကြီးကလဲ နောက်ဆုံးအသုတ်
    ကျောက်တုံးတွေကို သွားယူဖို့ ပြင်နေပါပြီ။
  • 3:10 - 3:14
    ဒါပေမဲ့ Svadilfari ကို သူ့ဆီ ခေါ်လိုက်စဉ်
    မြင်းမလေးတစ်ကောင် ကွင်းပြင်မှာ ပေါ်လာတယ်။
  • 3:14 - 3:18
    မြင်းမလေးက လှပလွန်းလို့
    Svadilfari က သူ့သခင်ကို လှည့်မကြည့်တော့ဘဲ
  • 3:18 - 3:20
    သိုင်းကြိုးတွေကို ရုန်းဖြတ်ပစ်လိုက်ပါတယ်။
  • 3:20 - 3:22
    ပန်းရံသမားကြီးက
    လိုက်ဖမ်းဖို့ ကြိုးပမ်းပေမဲ့၊
  • 3:22 - 3:26
    မြင်းမလေးက တောနက်ထဲကို တိုးဝင်သွားတော့
    Svadilfari ကလဲ နောက်ကလိုက်သွားတယ်တဲ့။
  • 3:26 - 3:28
    ပန်းရံသမားဟာ စိတ်ဆိုးကျန်ရစ်ခဲ့တယ်ပေါ့။
  • 3:28 - 3:31
    အဲဒါ နတ်တွေလက်ချက်ပဲဆိုတာ သူသိလို့
    နတ်တွေကို ရန်သွားတွေ့တေ့
  • 3:31 - 3:33
    ယဉ်ကျေးသိမ်မွေ့တဲ့
    ပန်းရံသမား အဖြစ် မဟုတ်တော့ဘဲ၊
  • 3:33 - 3:38
    သူ့ရဲ့ နဂိုရုပ်သွင် ကြောက်စရာ
    တောင်ဘီလူးကြီးပုံမျိုးနဲ့ပါ။
  • 3:38 - 3:39
    အဲဒါ တကယ့်အမှားကြီးပါ။
  • 3:39 - 3:42
    Thor ကလည်း Asgard ကို ပြန်ရောက်လာချိန်ပါ၊
  • 3:42 - 3:45
    နတ်တွေကလည်း သူတို့ကြား
    ဘီလူးကြီးတစ်ကောင် ရှိနေမှန်း သိလိုက်ရလို့၊
  • 3:45 - 3:47
    သူတို့ရဲ့ ကတိတွေကို စွန့်ပစ်လိုက်ကြတယ်။
  • 3:47 - 3:49
    ပန်းရံသမား ရရှိမယ့် တစ်ခုတည်းသောနဲ့
  • 3:49 - 3:51
    နောက်ဆုံး သူမြင်ရမယ့် အရာက --
  • 3:51 - 3:55
    Thor ရဲ့ အံ့မခန်း တူကြီး Mjolnir ရဲ့
    တအားလွှဲရိုက်ခံရမှုပဲ ဖြစ်ပါတော့မယ်။
  • 3:55 - 4:00
    နောက်ဆုံး ကျောက်တုံးတွေကို တံတိုင်းကြီးထဲ
    ထည့်လိုက်ပြီး နတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။
  • 4:00 - 4:02
    ဒါပေမဲ့ Lokiကတော့ ပျောက်နေတုန်းပါပဲ။
  • 4:02 - 4:05
    လပေါင်း အတော်ကြာပြီးမှ သူပြန်လာတေ့၊
  • 4:05 - 4:09
    သူနဲ့အတူ ခြေရှစ်ချောင်းရှိ မီးခိုးရောင်
    လှပတဲ့ မြင်းပေါက်လေး ပါလာပါတယ်။
  • 4:09 - 4:13
    မြင်းပေါက်လေးကတော့ Sleipnir လို့ခေါ်တဲ့
    မြင်းကောင်းကြီး ဖြစ်လာပြီး
  • 4:13 - 4:18
    Odin ရဲ့ လေထက်မြန်အောင် ပြေးနိုင်တဲ့
    စီးတော်မြင်းကြီး ဖြစ်လာတယ်။
  • 4:18 - 4:23
    ဒါပေမယ့် ဒီမြင်းလေး ဘယ်ကနေရခဲ့လဲ ဆိုတာကို
    Loki က ဘယ်တော့မှ ထုတ်မပြောဖြစ်ခဲ့ဘူးတဲ့။
Title:
Loki နဲ့ ပန်းရံဆရာကြီးတို့ရဲ့ ဒဏ္ဍာရီ - Alex Gendler
Speaker:
Alex Gendler
Description:

သင်ခန်းစာအပြည့်အစုံ - https://ed.ted.com/lessons/the-myth-of-loki-and-the-master-builder-alex-gendler

အံ့သြဖွယ်ရာတွေ ပြည့်နေတဲ့ Asgard ဆိုတာ Norse ဘုရားတွေ စံမြန်းရာ နေရာပေါ့။ အဲ့ဒီမှာ Odin ရဲ့ မဟာခန်းမကြီး Valhalla ခန်းမဆောင်ကြီးဟာ တောင်တွေ အထက်မှာ ထိုးထွက်မြင့်မားနေပြီး သက်တံ့ရောင်တံတားကြီး Bifrost လည်း တည်ရှိနေပါတယ်။ နတ်တို့ရဲ့ နယ်မြေဟာ ကြီးကျယ်ခမ်းနားပေမဲ့ နတ်တွေကို မုန်းလို့ ပျက်စီးရာပျက်စီးကြောင်း အမြဲရှာနေတဲ့ အကောင်ကြီးတွေနဲ့ ဘီလူးကြီးတွေရဲ့ ရန်ကတော့ မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ လူစိမ်းတစ်ယောက် ပေါ်လာပြီး နတ်တွေကို သူ့အကြံကို ပြောပြပါတယ်။ Alex Gendler က ပန်းရံဆရာကြီးအကြောင်း ဒဏ္ဍာရီ ကို အသေးစိတ် ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:25

Burmese subtitles

Revisions