0:00:06.661,0:00:11.631 အံ့သြဖွယ်ရာတွေ ပြည့်နေတဲ့ Asgard ဆိုတာ[br]Norse နတ်ဘုရားတွေ စံမြန်းရာ နေရာပေါ့။ 0:00:11.633,0:00:16.443 အဲ့ဒီမှာ Odin ရဲ့ မဟာခန်းမကြီး Valhalla က[br]တောင်တွေထက်မှာ ထိုးထွက်မြင့်မားနေပြီး 0:00:16.443,0:00:20.283 သက်တံ့ရောင်တံတားကြီး Bifrost လည်း[br]တည်ရှိနေပါတယ်။ 0:00:20.283,0:00:22.415 နတ်တို့ရဲ့ နယ်မြေဟာ ကြီးကျယ်ခမ်းနားပေမဲ့ 0:00:22.415,0:00:26.335 နတ်တွေကို မုန်းလို့ ပျက်စီးရာ[br]ပျက်စီးကြောင်း အမြဲရှာနေတဲ့ 0:00:26.335,0:00:29.985 Jotunheim က အကောင်ကြီးတွေနဲ့ ဘီလူးကြီး[br]တွေရဲ့ ရန်ကိုတော့ မကာကွယ်နိုင်ပါဘူး။ 0:00:29.985,0:00:34.385 တစ်နေ့တော့ နတ်တွေထဲက အားအကြီးဆုံးဖြစ်တဲ့[br]Thor ဟာ ရန်သူတွေကို သွားတိုက်ခိုက်နေတုန်း 0:00:34.385,0:00:38.715 သန်မာတဲ့ မီးခိုးရောင်မြင်းကြီးကို [br]စီးလာတဲ့ လူစိမ်းတစ်ယောက် ရောက်လာပြီး 0:00:38.715,0:00:41.985 နတ်တွေကို အံ့သြသွားစေတဲ့[br]အကြံတစ်ခုကို ပြောပြပါတယ်။ 0:00:41.985,0:00:45.385 သူတို့ မြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံး[br]တံတိုင်းကြီးကို သူဆောက်ပေးမှာမို့ 0:00:45.385,0:00:50.065 အကောင်ကြီးတွေ တက်မရနိုင်အောင် မြင့်ပြီး[br]ဘီလူးကြီးတွေ ဖျက်မရအောင် ခိုင်မာမယ်တဲ့။ 0:00:50.065,0:00:55.015 အဲ့အတွက် သူပြန်တောင်းဆိုတာက လှပချောမာတဲ့ [br]နတ်ဘုရားမ Freyaနဲ့ လက်ဆက်ပေးဖို့နဲ့ 0:00:55.015,0:00:59.125 ကောင်းကင်က နေရယ် လရယ်ကိုပါ ပေးဖို့ပါပဲ။ 0:00:59.125,0:01:02.825 အဲ့လိုကျတော့ နတ်တွေက လက်မခံကြဘဲ [br]သူ့ကို မောင်းထုတ်ဖို့ လုပ်ကြပါတယ်။ 0:01:02.825,0:01:06.805 ဒါပေမဲ့ ကလိမ်ကောင် Lokiက[br]ပါးနပ်တဲ့ အကြံတစ်ခုကို တင်ပြလာပါတယ်။ 0:01:06.805,0:01:09.925 Lokiက နတ်တွေကို လူစိမ်းရဲ့ [br]တောင်းဆိုမှုကို လက်ခံလိုက်ပြီး 0:01:09.925,0:01:15.505 နံရံကို အချိန်မီမပြီးနိုင်ဖို့ တင်းကျပ်တဲ့[br]ကန့်သတ်ချက်တွေ သတ်မှတ်ပေးဖို့ ပြောသတဲ့။ 0:01:15.505,0:01:20.575 ဒီလိုဆိုရင် နတ်တွေ ဘာမှ မဆုံးရှုံးကြရဘဲ[br]တံတိုင်းကြီး တစ်ခုလုံးနီးပါး အလကားရမယ်လေ။ 0:01:20.575,0:01:23.295 Freya က ဒီအကြံကို လုံးဝကို မကြိုက်ပေမဲ့၊ 0:01:23.295,0:01:25.645 Odin နဲ့ တခြားနတ်တွေကတော့[br]အဲဒီအကြံကို ကျေနပ်ကြလို့ 0:01:25.645,0:01:28.025 ပန်းရံဆရာကြီးနဲ့ သဘောတူညီမှုကို [br]ပြုလုပ်ခဲ့ကြပါတယ်။ 0:01:28.025,0:01:31.495 ပန်းရံဆရာကြီးက တံတိုင်းကြီးကို ဆောင်း[br]တစ်ရာသီအတွင်း အပြီး ဆောက်ပေးဖို့ပါ။ 0:01:31.495,0:01:34.415 ပထမဆုံး နွေရက်ရောက်လို့ တစ်ခုခု မပြီးဘဲ[br]ကျန်နေခဲ့မယ် ဆိုရင် 0:01:34.415,0:01:36.355 သူဟာ တစ်ပြားမှ ရရှိမှာ မဟုတ်ပါဘူး။ 0:01:36.355,0:01:39.955 ပြီးတော့ တခြားလူ အကူအညီကိုလည်း မယူဘဲ[br]သူတစ်ယောက်တည်း ဆောက်ရမှာပါ။ 0:01:39.955,0:01:42.625 နတ်တွေက ဒီသဘောတူညီချက်ကို [br]သစ္စာဆို ချိတ်ပိတ်လိုက်ပြီး 0:01:42.625,0:01:47.175 Asgard ဒေသထဲမှာ ပန်းရံဆရာဟာ ဘယ်လိုမှ[br]အန္တရာယ် မရှိစေရဘူးလို့ ကျိန်ဆိုခဲ့ကြတယ်။ 0:01:47.175,0:01:52.435 မနက်ကျတော့ လူစိမ်းက အုတ်မြစ်ချနိုင်ဖို့[br]အံ့ဖွယ် မြန်ဆန်တဲ့ နှုန်းနဲ့ စတူးခဲ့ပြီး 0:01:52.435,0:01:56.995 ညဘက်မှာ ကျောက်တုံး‌တွေ ယူဖို့[br]တောင်တွေဘက်ကို ထွက်သွားပါတယ်။ 0:01:56.995,0:02:00.325 နောက်နေ့မနက် သူပြန်လာတာကို[br]နတ်တွေ တွေ့သွားချိန်မှာမှ 0:02:00.325,0:02:02.005 သူတို့ စပြီး စိတ်ပူရတော့တာပါပဲ။ 0:02:02.005,0:02:05.405 သဘောတူထားတဲ့အတိုင်း[br]ပန်းရံသမားကို အခြားဘယ်သူကမှ မကူခဲ့ပါ။ 0:02:05.405,0:02:09.915 သူ့ မြင်းကြီး Svadilfari က ကျောက်တုံးကြီး[br]တွေကို ဆွဲလာလိုက်တာများ 0:02:09.915,0:02:13.325 မြေကြီးမှာတောင် စွပ်ကြောင်းကြီးတွေ [br]ထင်ကျန်ရစ်ခဲ့သတဲ့။ 0:02:13.325,0:02:15.055 ဆောင်းရာသီလည်း ရောက်ရှိလာခဲ့တယ်။ 0:02:15.055,0:02:18.515 လူစိမ်းကလဲ ဆောက်မြဲဆောက်နေပြီး[br]Svadilfari ကလဲ ဆွဲမြဲဆွဲနေဆဲပါ။ 0:02:18.515,0:02:22.145 နှင်းမှုန်တွေရော မိုးစက်တွေပါ သူတို့ကို[br]နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ကြဘူး။ 0:02:22.145,0:02:27.295 နွေရောက်ဖို့ ၃ရက်အလိုမှာ မြင့်မားပြီး[br]ထိုးဖောက်မရတဲ့ တံတိုင်းကြီး ပေါ်လာခဲ့ကာ 0:02:27.295,0:02:30.065 တံခါးပေါက်ကိုသာ ဆောက်ဖို့ ကျန်ပါတော့တယ်။ 0:02:30.065,0:02:33.305 အဲ့ကျမှ နတ်တွေလဲ ကြောက်လန့်သွားပြီး[br]သူတို့ ထာဝရ ဆုံးရှုံးကြရမှာက 0:02:33.305,0:02:35.475 သားဆုပန်နတ်ဘုရားမ အပြင် 0:02:35.475,0:02:39.655 နေနဲ့လ မရှိရင် ကမ္ဘာကြီး အနန္တအမှောင်တိုက်[br]ထဲ ကျရောက်သွားမှာ နားလည်လာကြတယ်။ 0:02:39.655,0:02:43.735 ဘယ်လိုလုပ်ပြီး သူတို့ဟာ ဒီလို မိုက်မဲတဲ့[br]အလောင်းအစားကို လုပ်မိကြပါလိမ့်ပေါ့။ 0:02:43.735,0:02:47.895 အဲ့အခါကျမှ Loki နဲ့ သူ့ရဲ့[br]အကြံဆိုးကြီးကို သတိရလိုက်ကြတယ်။ 0:02:47.895,0:02:50.945 ရုတ်တရက်ကြီး Lokiကလဲ[br]သူ့ကံ မကောင်းတော့မှန်း ခံစားမိတယ်။ 0:02:50.945,0:02:55.285 နတ်တွေကလဲ ပန်းရံသမားကို ငွေမပေးရအောင်[br]နည်းလမ်းကို သူက မရှာပေးနိုင်ရင် 0:02:55.285,0:02:59.595 သူ့ကို စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့[br]နည်းမျိုးနဲ့ သတ်ပစ်ဖို့ ခြိမ်းခြောက်ကြတယ်။ 0:02:59.595,0:03:03.965 အဲ့တော့ လိုကီလဲ သူရှင်းပေးပါ့မယ်လို့ [br]ကတိပေးပြီး ဝေးရာကို အမြန်လစ်သွားပါတယ်။ 0:03:03.965,0:03:05.585 အပြင်မှာတော့[br]ညအချိန် ကျရောက်နေလို့၊ 0:03:05.585,0:03:09.945 ပန်းရံသမားကြီးကလဲ နောက်ဆုံးအသုတ်[br]ကျောက်တုံးတွေကို သွားယူဖို့ ပြင်နေပါပြီ။ 0:03:09.945,0:03:14.375 ဒါပေမဲ့ Svadilfari ကို သူ့ဆီ ခေါ်လိုက်စဉ်[br]မြင်းမလေးတစ်ကောင် ကွင်းပြင်မှာ ပေါ်လာတယ်။ 0:03:14.375,0:03:17.915 မြင်းမလေးက လှပလွန်းလို့[br]Svadilfari က သူ့သခင်ကို လှည့်မကြည့်တော့ဘဲ 0:03:17.915,0:03:19.955 သိုင်းကြိုးတွေကို ရုန်းဖြတ်ပစ်လိုက်ပါတယ်။ 0:03:19.955,0:03:22.245 ပန်းရံသမားကြီးက[br]လိုက်ဖမ်းဖို့ ကြိုးပမ်းပေမဲ့၊ 0:03:22.245,0:03:26.015 မြင်းမလေးက တောနက်ထဲကို တိုးဝင်သွားတော့[br]Svadilfari ကလဲ နောက်ကလိုက်သွားတယ်တဲ့။ 0:03:26.015,0:03:27.905 ပန်းရံသမားဟာ စိတ်ဆိုးကျန်ရစ်ခဲ့တယ်ပေါ့။ 0:03:27.905,0:03:30.875 အဲဒါ နတ်တွေလက်ချက်ပဲဆိုတာ သူသိလို့[br]နတ်တွေကို ရန်သွားတွေ့တေ့ 0:03:30.875,0:03:33.115 ယဉ်ကျေးသိမ်မွေ့တဲ့[br]ပန်းရံသမား အဖြစ် မဟုတ်တော့ဘဲ၊ 0:03:33.115,0:03:37.545 သူ့ရဲ့ နဂိုရုပ်သွင် ကြောက်စရာ[br]တောင်ဘီလူးကြီးပုံမျိုးနဲ့ပါ။ 0:03:37.545,0:03:39.365 အဲဒါ တကယ့်အမှားကြီးပါ။ 0:03:39.365,0:03:41.675 Thor ကလည်း Asgard ကို ပြန်ရောက်လာချိန်ပါ၊ 0:03:41.675,0:03:44.895 နတ်တွေကလည်း သူတို့ကြား [br]ဘီလူးကြီးတစ်ကောင် ရှိနေမှန်း သိလိုက်ရလို့၊ 0:03:44.895,0:03:46.855 သူတို့ရဲ့ ကတိတွေကို စွန့်ပစ်လိုက်ကြတယ်။ 0:03:46.855,0:03:49.165 ပန်းရံသမား ရရှိမယ့် တစ်ခုတည်းသောနဲ့ 0:03:49.165,0:03:51.485 နောက်ဆုံး သူမြင်ရမယ့် အရာက -- 0:03:51.485,0:03:55.365 Thor ရဲ့ အံ့မခန်း တူကြီး Mjolnir ရဲ့[br]တအားလွှဲရိုက်ခံရမှုပဲ ဖြစ်ပါတော့မယ်။ 0:03:55.365,0:03:59.975 နောက်ဆုံး ကျောက်တုံးတွေကို တံတိုင်းကြီးထဲ[br]ထည့်လိုက်ပြီး နတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။ 0:03:59.975,0:04:01.955 ဒါပေမဲ့ Lokiကတော့ ပျောက်နေတုန်းပါပဲ။ 0:04:01.955,0:04:05.025 လပေါင်း အတော်ကြာပြီးမှ သူပြန်လာတေ့၊ 0:04:05.025,0:04:08.615 သူနဲ့အတူ ခြေရှစ်ချောင်းရှိ မီးခိုးရောင်[br]လှပတဲ့ မြင်းပေါက်လေး ပါလာပါတယ်။ 0:04:08.615,0:04:12.795 မြင်းပေါက်လေးကတော့ Sleipnir လို့ခေါ်တဲ့[br]မြင်းကောင်းကြီး ဖြစ်လာပြီး 0:04:12.795,0:04:17.655 Odin ရဲ့ လေထက်မြန်အောင် ပြေးနိုင်တဲ့[br]စီးတော်မြင်းကြီး ဖြစ်လာတယ်။ 0:04:17.655,0:04:23.165 ဒါပေမယ့် ဒီမြင်းလေး ဘယ်ကနေရခဲ့လဲ ဆိုတာကို[br]Loki က ဘယ်တော့မှ ထုတ်မပြောဖြစ်ခဲ့ဘူးတဲ့။