Return to Video

ဘာကြောင့် Sylvia Plath ကို သင်ဖတ်သင့်တာလဲ။ Iseult Gillespie

  • 0:07 - 0:09
    သစ်ကိုင်းတစ်ကိုင်းစီရဲ့ ထိပ်ဖျားကနေ
  • 0:09 - 0:11
    ခပ်ဝဝ ခရမ်းရောင် သဖန်းသီးတစ်လုံးလို
  • 0:11 - 0:13
    အံဖွယ် အနာဂတ်တစ်ခုက
    လက်ယပ်ခေါ်၊ မျက်စိမှိတ်ပြခဲ့ပေမဲ့
  • 0:13 - 0:17
    တစ်ခုကို ရွေးတာက
    ကျန်တာအားလုံး ဆုံးရှုံးရတာတဲ့လေ၊
  • 0:17 - 0:20
    အဲဒီမှာ ငါထိုင်ခဲ့၊ ဆုံးဖြတ်မရနိုင်
  • 0:20 - 0:23
    သဖန်းသီးတွေ ရှုံ့တွန့်ပြီး ညိုမည်းသွားတယ်
  • 0:23 - 0:27
    တစ်လုံးပြီး တစ်လုံး ငါ့ခြေထောက်က
    မြေပြင်ဆီ တဖြုတ်ဖြုတ်ကြွေကျ
  • 0:27 - 0:31
    Sylvia Plath ရဲ့ "The Bell Jar" က
    ဒီစာပိုဒ်ထဲမှာ
  • 0:31 - 0:34
    မိန်းမပျိုတစ်ဦးဟာ မရေရာတဲ့
    အနာဂတ်တစ်ခုကို စိတ်ကူးပြီး
  • 0:34 - 0:36
    မှားယွင်းတဲ့ ရွေချယ်ခြင်းရဲ့
    အလားအလာကနေ
  • 0:36 - 0:37
    တုံ့ဆိုင်းရပ်တန့်လာခြင်းရဲ့
  • 0:37 - 0:41
    ဖြစ်နေကျ အကြောက်တရားကို
    စကားပြောတာပါ။
  • 0:41 - 0:43
    အခြားသော အသက်မွေးမှုတွေ
    တွေးတောမိပေမဲ့
  • 0:43 - 0:45
    Plath ဟာ အနုပညာရှင် လမ်းကို
    ရွေးခဲ့တယ်။
  • 0:45 - 0:47
    ကဗျာစာပေဟာ သူ့ရဲ့ အသက်မွေးပညာပါ။
  • 0:47 - 0:49
    သူ့ရဲ့ပါးနပ်တဲ့ မျက်လုံးနဲ့ ကလောင်အောက်မှာ
  • 0:49 - 0:51
    နေ့စဉ်သုံး အရာဝတ္ထုတွေဟာ
    တသသစွဲ ပုံရိပ်တွေဖြစ်လာခဲ့တယ်။
  • 0:51 - 0:54
    လေစိမ်းတိုက်တဲ့ ပြတိုက်ထဲက
    ရုပ်တုသစ်၊
  • 0:54 - 0:57
    မှန်တစ်ချပ်ထဲက အရိပ်တစ်ခု၊
    ဆပ်ပြာတစ်တုံး၊
  • 0:57 - 1:00
    ပြင်းရှစွာ ဉာဏ်ရည်ထက်တယ်၊
    စူးရှတဲ့၊ ဇဝနဉာဏ်ရှိတဲ့
  • 1:00 - 1:03
    Plath ဟာလည်း စိတ်ခံစားခြင်းကင်းတဲ့
    စိတ်ကျရောဂါရှိခဲ့တယ်။
  • 1:03 - 1:06
    အတွင်းရေးအကျဆုံး အခြေအနေတွေက
    သူ့စိတ် အနေအထားကို စူစမ်းဖို့
  • 1:06 - 1:08
    ကဗျာစာပေကို အသုံးပြုခဲ့ပြီး
  • 1:08 - 1:11
    စိတ်ခံစားမှုပေါ် သူ့ရဲ့
    ရင်သပ်ရှုမောဖွယ် အမြင်တွေ၊
  • 1:11 - 1:15
    သဘာဝနဲ့ အနုပညာက ဆက်လက်
    ဖမ်းစား၊ မြည်ဟိန်းနေတယ်။
  • 1:15 - 1:17
    သူ့ရဲ့ ပထမဆုံး ကဗျာပေါင်းချုပ်
  • 1:17 - 1:18
    "The Colossus "ထဲမှာ
  • 1:18 - 1:20
    နတ္ထိဖြစ်မှု ခံစားချက်ကို ရေးခဲ့တာက
  • 1:20 - 1:23
    'အဖြူ- ဒါဟာ စိတ်ရဲ့ အသားအရောင်ပါ။'
  • 1:23 - 1:24
    တစ်ချိန်တည်းမှာ
  • 1:24 - 1:26
    သဘာဝတရာမှာ သက်သာမှု သူတွေ့ရှိခဲ့တယ်၊
  • 1:26 - 1:28
    'မြုခိုးပြာတစ်ခု 'ကန်ကို ဒရွတ်တိုက်ဆွဲ' မှ
  • 1:28 - 1:31
    'အုပ်မိုးကာ ပြိုလဲ'တဲ့ ပန်းပွင့်ဖြူတွေအထိ၊
  • 1:31 - 1:34
    ပင်စည်ဖုတွေလို စုထားတဲ့
    ယောက်သွားပြားတွေအထိပါ။
  • 1:34 - 1:37
    "The Colossus" နောက်မှာ
    သူ့ရဲ့တစ်အုပ်တည်းသော ဝတ္ထု
  • 1:37 - 1:38
    The Bell Jar" ထွက်တယ်။
  • 1:38 - 1:42
    New York မှာ ကောလိပ်တက်စဉ်
    Mademoiselle မဂ္ဂဇင်းမှာ အလုပ်လုပ်ရင်း
  • 1:42 - 1:44
    ကုန်ဆုံးခဲ့တဲ့ ကာလကို ဝတ္ထုဖွဲ့ထားတာပါ။
  • 1:44 - 1:46
    ဝတ္ထုဟာ ၎င်းရဲ့ဇာတ်လိုက်မင်းသမီး
    Esther နောက်လိုက်တယ်၊
  • 1:46 - 1:49
    သူဟာ ပြင်းထန်တဲ့ စိတ်အားငယ်ဖွယ်
    ဇာတ်ကွက်ထဲ လျှောကျသွားရုံမက
  • 1:49 - 1:52
    ဇီဇာကြောင်တဲ့ ဖက်ရှင်ပါတီတွေနဲ့
    ခပ်ထိုင်းထိုင်းလူတွေနဲ့ ချိန်းတဲ့
  • 1:52 - 1:56
    အရမ်းမိုက်တဲ့ ရယ်စရာ၊ ပါးနပ်တဲ့
    သရုပ်ဖော်ချက်တွေလည်းပါလို့ပါ။
  • 1:56 - 1:59
    "The Bell Jar "ထုတ်ပြီး မကြာခင်မှာပဲ
    Plath ဟာ အသက် ၃၀ မှာ
  • 1:59 - 2:02
    သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။
  • 2:02 - 2:07
    နှစ်နှစ်အကြာမှာ သူမဆုံးခင် သုံးလအတွင်း
    ဖန်တီးမှု စွမ်းအား ပေါက်ကွဲမှုမှာ
  • 2:07 - 2:09
    သူရေးခဲ့တဲ့ ကဗျာပေါင်းချုပ်ကို
  • 2:09 - 2:12
    "Ariel" ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့တယ်။
  • 2:12 - 2:14
    သူ့ရဲ့အပြောင်မြောက်ဆုံးလက်ရာအဖြစ်
    မှတ်ယူခံရတယ်
  • 2:14 - 2:17
    Ariel ဟာ ရိုးသားမှုနဲ့ စိတ်ကူးဉာဏ်ကို
    သာဓကဆောင်ခဲ့တယ်။
  • 2:17 - 2:20
    Plath ဟာ နာကျင်မှုကို ဖမ်းယူဖို့
    ထိန်းချုပ် အသုံးချခဲ့တယ်။
  • 2:20 - 2:23
    "Ariel" ရဲ့ အားအပြင်းဆုံး ကဗျာတွေထဲက
    တစ်ပုဒ်
  • 2:23 - 2:28
    "Lady Lazarus" မှာ သေခြင်းကနေ ထမြောက်
    လာတဲ့ သမ္မာကျမ်းလာ ပုဂ္ဂိုလ် Lazarus ကနေ
  • 2:28 - 2:30
    မိမိကိုယ်ကိုယ် သတ်သေဖို့
    အားထုတ်မှုတွေ စူစမ်းခဲ့တယ်။
  • 2:30 - 2:35
    သူရေးထားတာက "ငါက
    ပြုံးနေတဲ့ မိန်းမ၊ ရေကိုသာ ငါဆာလောင်တယ်၊

  • 2:35 - 2:38
    ငါ့မှာရှိတဲ့ကြောင်လိုပဲ
    သေဖို့က ကိုးကြီမ်"
  • 2:38 - 2:41
    ဒါပေမဲ့ ကဗျာက ရှင်ကျန်မှုရဲ့
    သက်သေခံလည်းဖြစ်ပါတယ်။
  • 2:41 - 2:45
    "ငါ့ဆံပင်နီနဲ့ ငါနိုးထတယ်၊
    လေလို ပုရသတွေကို ငါစားတယ်"
  • 2:45 - 2:49
    ဒီမတွန့်မဆုတ် ဘာသာစကားက သောက၊
    အလိုအကျမှုနဲ့ လိင်သဘောရဲ့ ဖြစ်အင်တွေ
  • 2:49 - 2:51
    ဝန်းရံနေတဲ့
    တိတ်ဆိတ်မှုကို ဖြိုခွဲဖို့ ရှာဖွေနေသူ
  • 2:51 - 2:53
    အနမတဂ္ဂ စာဖတ်ပရိတ်သတ်နဲ့
  • 2:53 - 2:57
    စာရေးဆရာတွေအတွက် Plath ကို အရေးပါတဲ့
    မှတ်ကျောက်တစ်ခု ဖြစ်စေခဲ့တယ်။
  • 2:57 - 3:02
    "Ariel"ဟာလည်း အသည်းကွဲတာနဲ့ ဖန်တီးမှုအပေါ်
    စိတ်လှုပ်ရှားစရာ တွေးဆမှုတွေနဲ့ ပြည့်နေတယ်
  • 3:02 - 3:06
    ခေါင်စီးကဗျာ စတာက
    'အမှောင်မှာ ရိုးအီလေးတွဲ့၊
  • 3:06 - 3:11
    နောက်တော့ ဒြပ်မဲ့ အပြာရောင်၊
    ကျောက်တောင်ကုန်းနဲ့ ဝေးကွာခြင်းတွေလောင်း'
  • 3:11 - 3:15
    ဒါက မနက်စောစော ကုန်းနှီးမပါပဲ
    မြင်းစီးထွက်တဲ့ အခန်းကို ဖော်ကျူးတာပါ။
  • 3:15 - 3:19
    Plath ရဲ့ ဖန်တီးတဲ့ လွတ်မြေက်မှု ပီတိရဲ့
    အမှတ်ရစရာ အကောင်းဆုံးတွေထဲကတစ်ခုပါ။
  • 3:19 - 3:22
    ဒါပေမဲ့ စိတ်ထင့်စရာ
    နိမိတ်ပုံလည်း ပြည့်နေပါတယ်၊
  • 3:22 - 3:26
    ဥပမာ၊ 'နံရံထဲ ပျော်ဝင်နေတဲ့
    ကလေးတစ်ယောက်ရဲ့ငိုသံ၊
  • 3:26 - 3:29
    နောက်တော့ မျက်လုံးနီ၊
    မနက်ခင်းရဲ့ ငရဲဒယ်အိုး'
  • 3:29 - 3:31
    စာပေါင်းချုပ်တစ်ခုလုံးမှာ
    အမှောင်ဟာ ပဲ့တင်ထပ်နေတယ်။
  • 3:31 - 3:36
    အစုလိုက်သတ်ခြင်းနဲ့ တဇောက်ကန်းလုပ်ခြင်း
    အထိ အငြင်းပွားဖွယ် ကိုးကားချက်တွေပါတယ်။
  • 3:36 - 3:41
    ပိုပျော်တယ်ထင်ရတဲ့ ကာလတွေရဲ့ အစအနတွေကတောင်
    စာရေးသူကို အပြစ်ပေးတာအဖြစ် သရုပ်ဖော်တယ်။
  • 3:41 - 3:44
    'မိသားစုဓာတ်ပုံထဲကနေ
    ငါ့ခင်ပွန်းနဲ့ ကလေးဟာ ပြုံးနေတယ်၊'
  • 3:44 - 3:49
    သူ့တို့အပြုံးတွေက ငါ့အရေပြားပေါ်မှာ ငြိ၊
    အပြုံးချိတ် သေးသေးလေးတွေ၊'
  • 3:49 - 3:53
    သူ့ရဲ့ အိမ်တွင်း မကျေနပ်ချက်နဲ့
    သူ့ခင်ပွန်းက သူ့အပေါ် နှိပ်စက်မှုတွေဟာ
  • 3:53 - 3:56
    သူ့နောက်ပိုင်း ကဗျာစာပေထဲမှာ
    အတောအသတ်တဲ့ အကြောင်းအရာတွေပါ။
  • 3:56 - 3:59
    သူဆုံးပြီးနောက် ခင်ပွန်းသည်က
    ခြံဝင်းအမွေရခဲ့ပြီး
  • 3:59 - 4:03
    သူရဲ့လက်ရာတွေကို မထုတ်ဝေဘဲ
    ချန်လှပ်ခဲ့တယ်လို့ စွပ်စွဲခံရတယ်။
  • 4:03 - 4:07
    ဒီဖြစ်နိုင်ခြေရှိတဲ့ ချန်လှပ်မှုတွေနဲ့
    သူဟာ အချိန်စော သေဆုံးခဲ့ပေမဲ့
  • 4:07 - 4:10
    ကျန်ရှိနေတာက ၂၀ ရာစု ကဗျာစာဆိုတစ်ဦးရဲ့
  • 4:10 - 4:12
    အံ့မခန်းဆုံး လက်ရာ အစုအဝေးပါ။
  • 4:12 - 4:15
    ၎င်းရဲ့ အမျက်နဲ့ သောကမှာ
    သူ့လက်ရာတွေဟာ တုန်လှုပ်ဖွယ်ဖြစ်နိုင်ပေမဲ့
  • 4:15 - 4:18
    Plath ဟာ သူ့စာဖတ်ပရိတ်သတ်ကို
    သက်သေတွေအဖြစ် အရိပ်ထင်တာက
  • 4:18 - 4:21
    သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဘဝရဲ့
    အမှန်တရားတွေကိုသာမက
  • 4:21 - 4:27
    မကြာခဏ ပြောမပြတတ်အောင် ရှိနေတာကိုက
    စူးစမ်းဖို့ သူ့ရဲ့အံ့ဖွယ် အရည်အချင်းရောပါ။
Title:
ဘာကြောင့် Sylvia Plath ကို သင်ဖတ်သင့်တာလဲ။ Iseult Gillespie
Speaker:
Iseult Gillespie
Description:

သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/why-should-you-read-sylvia-plath-iseult-gillespie တွင်ကြည့်ရှုပါ။

သူ့ရဲ့ ပါးနပ်လှတဲ့ မျက်လုံးနဲ့ ကလောင်သွားအောက်မှာ Sylvia Plath ဟာ နေ့စဉ်သုံး အရာဝတ္ထုတွေကို တသသစွဲလမ်းစေတဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ လေစိမ်းတိုက်တဲ့ ပြတိုက်တစ်ခုအတွင်းက ရုပ်တုသစ်တစ်ခု(a "new statue in a drafty museum)၊ မှန်တစ်ချပ်ထဲက အရိပ်တစ်ခု(a shadow in a mirror) ဆပ်ပြာတစ်တုံး( a slab of soap)။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ရှုထောင့်တွေနဲ့ မတွန့်ဆုတ်တဲ့ ဘာသာစကားတွေက သောက၊ အလိုအကျမှုနဲ့ လိင်သဘောရဲ့ ဖြစ်အင်တွေတစ်ဝိုက်က တိတ်ဆိတ်မှုကို ဖြိုခွဲဖို့ ရှာဖွေနေသူ စာဖတ် ပရိတ်သတ်တွအတွက် သူ့ကို မှတ်ကျောက်တစ်ခုအဖြစ် ဖန်တီးပေးခဲ့တယ်။ Iseult Gillespie ကနေပြီး ဘာကြောင့် Plath ရဲ့ အရေးအသား ဆက်လက် ညှို့စားနေရသလဲဆိုတာကို မျှဝေထားပါတယ်။

သင်ခန်းစာကို Iseult Gillespie ကပြုစုပြီး Sarah Saidan က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:30

Burmese subtitles

Revisions