သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။
-
0:01 - 0:04လူတွေက ကိရိယာတွေနဲ့၊ ကိရိယာတွေက
လူတွေနဲ့ အတူ ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။ -
0:04 - 0:09ဘိုးဘေးတွေက ဒီလက်ပုဆိန်တွေကို
လွန်ခဲ့တဲ့ နှစ် ၁သန်းခွဲက ဖန်တီးခဲ့တယ်။ -
0:09 - 0:12ဒါတွေကို လုပ်ကိုင်ရာတွင်
လက်ထဲ အံကျဖို့ ပုံသွင်းရုံတင်မက -
0:12 - 0:14လက်တွေကိုရော ပုံသွင်းခဲ့ပါတယ်။
-
0:15 - 0:16ဒါပေမဲ့ နှစ်တွေကြာလာတဲ့အခါ
-
0:16 - 0:19ကိရိယာတွေဟာ ပိုပိုပြီး ထူးခြားလာကြတယ်။
-
0:19 - 0:23ဒီထွင်းတဲ့ ကိရိယာတွေဟာ ၎င်းတို့ရဲ့
အသုံးကနေ ပြောင်းလဲလာပြီး -
0:23 - 0:27တစ်ခုချင်းစီဟာ ၎င်းရဲ့ အသုံးဝင်မှုနဲ့
လိုက်ဖက်တဲ့ မတူတဲ့ ပုံတစ်ခုစီရှိတယ်။ -
0:27 - 0:29အရမ်းပိုတိကျတဲ့ အရာတွေကို
ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့ -
0:29 - 0:33ကျွန်တော်တို့ လက်တွေရဲ့ ကျွမ်းကျင်မှုကို
အများဆုံး သုံးတယ်။ -
0:33 - 0:36ဒါပေမဲ့ ကိရိယာတွေဟာ ပိုပိုရှုပ်ထွေးလာတော့
-
0:36 - 0:40ဒါတွေကို ထိန်းချုပ်ဖို့ ပိုရှုပ်ထွေးတဲ့
အထိန်းတွေ ပိုလိုလာတယ်။ -
0:41 - 0:45ဒါနဲ့ ဒီဇိုင်နာတွေဟာ အခြားအရာတွေကို
အာရုံစိုက်နေရင်း ကန့်သတ်ဘောင်တွေကို -
0:45 - 0:49ကိုင်တွယ်ခွင့်ပေးတဲ့ ကြားခံပစ္စည်းတွေ
ဖန်တီးတာမှာ ကျွမ်းကျင်လာပါတယ်။ -
0:49 - 0:52ဥပမာ၊ ဓါတ်ပုံရိုက်ခြင်း၊
ဆုံမှတ် ဒါမှမဟုတ် -
0:52 - 0:53အလင်းပေါက်ပြောင်းခြင်းပေါ့။
-
0:54 - 0:58ဒါပေမဲ့ ကွန်ပြူတာက ကိရိယာတွေနဲ့ပတ်သက်ပြီး
တွေးပုံကို အခြေခံကျကျ ပြောင်းလိုက်တယ် -
0:58 - 1:00ကွန်ပြူတာက ပြောင်းလဲနိုင်စွမ်းရှိတာကိုး။
-
1:01 - 1:03ဒီတော့ ဒါက မတူတဲ့အရာ တစ်သန်းလုပ်နိုင်ပြီး
-
1:03 - 1:05မတူညီတဲ့ လုပ်ဆောင်ချက်
တစ်သန်းကို သုံးနိုင်တယ်လေ။ -
1:05 - 1:09ဒါပေမဲ့ ကွန်ပြူတာတွေမှာ ဒီမတူညီတဲ့
လုပ်ဆောင်ချက်တွေအတွက် တူညီတဲ့ -
1:09 - 1:11တည်ငြိမ်တဲ့ သက်မဲ့ ပုံစံရှိကြပြီး
-
1:11 - 1:14အလားတူ တည်ငြိမ်တဲ့ ကြားခံ
အခြေခံသဘောတွေလည်း ရှိကြတယ်။ -
1:14 - 1:16အခြေခံအားဖြင့်တော့ ဒါက
ပြဿနာတစ်ရပ်လို့ ထင်မိတယ်။ -
1:16 - 1:19အကြောင်းက ဒါက ကျွန်တော်တို့
လက်တွေနဲ့ တုန့်ပြန်ဆက်သွယ်တာနဲ့ -
1:19 - 1:23ကျွန်တော်တို့ကိုယ်ထဲ ရှိနေကြတဲ့
ကြွယ်ဝတဲ့ ကျွမ်းကျင်မှုကို သုံးလာစေပါတယ်။ -
1:24 - 1:29ကျွန်တော့ ယုံကြည်ချက်က ကိုယ့်မှာရှိတဲ့
ဒီကြွယ်ဝတဲ့ လက်မှုကျွမ်းကျင်မှုတွေကို -
1:29 - 1:32သိမ်းထားနိုင်တဲ့ ကြားခံစနစ်အသစ်တွေ
မုချလိုအပ်တယ်၊ ပြီးတော့ ရုပ်ပိုင်းအရ -
1:32 - 1:35ကျွန်တော်တို့ကို လိုက်ဖက်အောင်
ပြင်ပေးနိုင်ပြီး -
1:35 - 1:37နည်းသစ်တွေနဲ့ တုံ့ပြန်ဆက်သွယ်
နိုင်တာတွေပါ။ -
1:37 - 1:40ဒီလိုနဲ့ ဒါက MIT Media Lab မှာ
လုပ်နေခဲ့တာဖြစ်ပြီး -
1:40 - 1:41အခုတော့ Stamford မှာပေါ့။
-
1:42 - 1:46ဒီတော့ လုပ်ဖော်ကိုင်ဖက် Daniel
Leithinger နဲ့ Hiroshi Ishii တို့နဲ့ -
1:46 - 1:47inFORM ကို ဖန်တီးခဲ့တယ်။
-
1:47 - 1:49အဲဒီမှာ ကြားခံစနစ်က
စခရင်ကနေ ကြွလာနိုင်ပြီး -
1:49 - 1:52ဒါကို ကိုယ်တိုင် ကိုင်တွယ်လို့ရတာပါ။
-
1:52 - 1:55(သို့) ရုပ်ပိုင်းဆိုင်ရာ 3D
အချက်အလက်ကို မြင်နိုင်ပြီး -
1:55 - 1:58နည်းသစ်တွေနဲ့ ထိနိုင်၊ ခံစားနိုင်၊
နားလည်နိုင်ပါတယ်။ -
2:04 - 2:08(သို့) ဒစ်ဂျစ်တယ် မြေသားကို ထုဆစ်ဖို့
လက်ဟန်ဖြင့် ပုံစံပြောင်လဲမှုတွေကို -
2:08 - 2:10ညွှန်ကြား တုံ့ပြန်ဆက်သွယ်နိုင်ပါတယ်။
-
2:14 - 2:18(သို့) ကြားခံဒြပ်တွေဟာ စခရင်ကနေ ပေါ်လာကာ
-
2:18 - 2:19လိုရာကို ပြောင်းနိင်တယ်။
-
2:19 - 2:21သဘောက လုပ်ဆောင်ချက်တစ်ခုချင်းအတွက်
-
2:22 - 2:25ရုပ်ပိုင်းပုံစံဟာ ဒီလုပ်ဆောင်ချက်နဲ့
တွဲဖက်နိုင်တာပါ။ -
2:25 - 2:27ဒါဟာ အချက်အလက်ကို
ရုပ်ပိုင်းအဖြစ် ဖန်တီးရင်း -
2:27 - 2:29၎င်းနဲ့ တုံ့ပြန်ဆက်သွယ်ရေး နည်းသစ်ကို
-
2:29 - 2:31ကိုယ်စားပြုတာလို့ ထင်တယ်။
-
2:31 - 2:33ဒီတော့ မေးခွန်းက ဒါကို ဘယ်လိုသုံးနိုင်လဲ။
-
2:34 - 2:38ထုံးစံအရ မြို့ပြစီမံချက်ဆွဲသူတွေ၊ ဗိသုကာ
တွေဟာ မြို့တွေနဲ့ အဆောက်အဦတွေ -
2:38 - 2:40ကို ပိုနားလည်ဖို့ ရုပ်ပိုင်း
ပုံစံငယ်တွေ ဆောက်တယ်။ -
2:40 - 2:45ဒါနဲ့ Media Lab က Tony Tang နဲ့အတူ မြို့ပြ
စီမံချက်ဆွဲသူတွေ တစ်မြို့လုံး ပုံစံထုတ်၊ -
2:45 - 2:50ကြည့်ခွင့်ရအောင် inFORM မှာ ကြားခံစနစ်
တစ်ခု တည်ဆောက် ဖန်တီးလိုက်တယ်။ -
2:50 - 2:54ဒီတစ်ဝိုက်မှာ လမ်းလျှောက်လို့ရပေမဲ့
ဒါက ပြောင်းလဲနိုင်တယ်၊ ရုပ်ပိုင်းဆိုင်ရာပါ -
2:54 - 2:56တိုက်ရိုက် တုံ့ပြန်ဆက်သွယ်နိုင်တယ်၊
-
2:56 - 2:57(သို့) ထောင့်အစုံက ကြည့်လို့ရပါတယ်၊
-
2:57 - 3:00ဥပမာ လူဦးရေ (သို့) ယာဉ် အချက်အလက်ပေါ့။
-
3:00 - 3:02ဒါက ရုပ်ပိုင်းပဲ လုပ်ထားတာပါ။
-
3:03 - 3:07ယုံကြည်သေးတာက ဒီပြောင်းလဲနိုင်တဲ့
သဏ္ဍာန်ဟာ အဝေးကနေ လူတွေနဲ့ ပူးပေါင်း -
3:07 - 3:10လုပ်ဆောင်ပုံတွေကို ပြောင်းလဲနိုင်တယ်
ဆိုတာ ပြတယ်ဆိုတာပါ။ -
3:10 - 3:12ဒီတော့ လူကိုယ်တိုင် အတူတူ လုပ်ကြတဲ့အခါ
-
3:12 - 3:14ခင်ဗျားမျက်နှာကို ကြည့်နေတာသာမက
-
3:14 - 3:17ဟန်အမူအရာပါပြနေပြီး ဝတ္ထုတွေကို
ကိုင်တွယ်နေတယ်၊ -
3:17 - 3:21Skype လိုမျိုး ကိရိယာကို သုံးနေရင်
လုပ်ဖို့ အတော်ခက်ပါတယ်။ -
3:22 - 3:25ဒီလို inFORM ကိုသုံးခြင်းအားဖြင့်
စခရင်ကနေ လှမ်းပြီး -
3:25 - 3:27အဝေးက အရာတွေကို ကိုင်တွယ်နိုင်တာပေါ့။
-
3:27 - 3:30ဒါနဲ့ လူတွေရဲ့လက်တွေကို ကိုယ်စားပြုဖို့
ပြကွက်ပင်တွေကို သုံးကာ -
3:30 - 3:35သူတို့ကို အဝေးက ဝတ္ထုတွေနဲ့
ထိခွင့်၊ ကိုင်တွယ်ခွင့်ပေးပါတယ်။ -
3:39 - 3:433D ဒေတာအစုတွေပေါ်မှာလည်း
ကိုင်တွယ် ပူးပေါင်းနိုင်ပါသေးတယ်။ -
3:43 - 3:46၎င်းတို့ကို ကိုင်တွယ်နိုင်သလို ၎င်းတို့
တစ်ဝိုက်မှာ အမူအရာပြနိုင်ပါတယ်။ -
3:47 - 3:51ဒါက အစဉ်အလာ ကိရိယာတွေနဲ့ ဖြစ်နိုင်ခြေ
ရှိလောက်တာတွေထက် ပိုကြွယ်ဝတဲ့ နည်းမှာ -
3:51 - 3:55လူတွေကို 3D အချက်အလက်ရဲ့ ပုံစံသစ်
တွေပေါ်မှာ ပူးပေါင်းခွင့်ပေးပါတယ်။ -
3:56 - 3:59ဒီလိုနဲ့ ရှိနေတဲ့ ဝတ္ထုတွေထဲ
သင်လည်း ပါဝင်ပတ်သက်လာပြီး -
3:59 - 4:02ဒါတွေကို တစ်ဘက်မှာသိမ်းကာ တခြား
ဘက်ကို ထုတ်လွှင့်တယ်၊ ဒါမှမဟုတ် -
4:02 - 4:05သင့်မှာ နေရာနှစ်ခုကြားကို ဆက်ထားတဲ့
ဝတ္ထုတစ်ခုရှိနိုင်တယ်၊ -
4:05 - 4:07ဒီတော့ ဘောလုံးကို တစ်ဘက်ကို ရွှေ့လိုက်ရင်
-
4:07 - 4:09ဘောလုံးက အခြားဘက်ကိုရော ရွှေ့တယ်။
-
4:10 - 4:13ဒီလိုနဲ့ Microsoft Kinect လို
အာရုံခံ နက်ရှိုင်းတဲ့ -
4:13 - 4:16ကင်မရာကို အဝေးမှ သုံးသူဖြင့်
ရိုက်ယူပြီး ဒါကို ပြုလုပ်တယ်။ -
4:17 - 4:20အခု ဒါအားလုံး ဘယ်လိုအလုပ်လုပ်တယ်
ဆိုတာကို အံ့ဩမိနေကြလိမ့်မယ်၊ -
4:20 - 4:23အခြေခံကတော့ ဒါက အတန်းလိုက်
ရွေ့လျားကိရိယာ ၉၀၀ ပါ၊ -
4:23 - 4:26ဒါတွေကို ဟောဒီအောက်က
ရွေ့လျားမှုကို အပေါ်က -
4:26 - 4:30ပင်တွေထဲမှာ ဖြန့်ဖို့ လမ်းဖွင့်ပေးတဲ့
ဒီကွင်းဆက်တွေနဲ့ ဆက်ထားတယ်။ -
4:30 - 4:33ဒီတော့ ဒါက CERN မှာ ဖြစ်နေတာနဲ့စာရင်
ဒီလောက် မရှုပ်ထွေးပါဘူး၊ -
4:33 - 4:35ဒါပေမဲ့ ဒါဆောက်ဖို့တော့
အချိန်အတော်ယူခဲ့ရတယ်။ -
4:35 - 4:38ဒါနဲ့ မော်တာတစ်လုံး၊ ရွေ့ရှားကိရိယာ
-
4:38 - 4:39တစ်ခုတည်းနဲ့ စခဲ့ပြီး
-
4:40 - 4:43ဒါတွေကို ထိန်းဖို့ အထူး ဆားကစ်ပြား
တစ်ချပ် ပုံစံထုတ်ဖို့လိုခဲ့တယ်။ -
4:43 - 4:45ဒီနောက် ဒါတွေ အများကြီး
လုပ်ဖို့လိုခဲ့တယ်။ -
4:45 - 4:49ဒီတော့ ၉၀၀ ဆိုတဲ့ဟာနဲ့ ရှိနေတဲ့ ပြဿနာက
-
4:49 - 4:52အဆင့်တိုင်းကို အကြိမ် ၉၀၀ လုပ်ဖို့လိုတာပါ။
-
4:52 - 4:54ဆိုလိုတာက အလုပ်အများကြီး
လုပ်ဖို့လိုတယ်ပေါ့။ -
4:54 - 4:58ဒါနဲ့ Media Lab ထဲမှာ ပင်ပန်လွန်းတဲ့
အလုပ်ရုံကလေး တည်လိုက်သလိုဖြစ်ပြီး -
4:58 - 5:02ကျောင်းမပြီးသေးတဲ့သူတွေခေါ်ပြီး
သုသေသနလုပ်ဖို့ နားချခဲ့တယ်၊ -
5:02 - 5:03(ရယ်သံများ)
-
5:03 - 5:06ညဉ့်နက်ခံပြီး ရုပ်ရှင်တွေကြည့်၊ ပီဇာစား၊
-
5:06 - 5:08ထောင်ချီတဲ့ ဝက်အူတွေစုပ်ရင်းပေါ့။
-
5:08 - 5:09သိတယ်နော်၊ သုသေသနလေ။
-
5:09 - 5:10(ရယ်သံများ)
-
5:10 - 5:14ဒါပေမဲ့၊ inFORM က ကျွန်တော်တို့ကို
လုပ်ခွင့် ပေးလိုက်တာတွေကနေ -
5:14 - 5:15တကယ် စိတ်လှုပ်ရှားမိတယ် ထင်ပါတယ်။
-
5:16 - 5:20တိုးပြီးတော့ မိုဘိုင်းကိရိယာတွေသုံးပြီး
အဆက်မပြတ် တုံ့ပြန်ဆက်သွယ်တယ်။ -
5:20 - 5:22ဒါပေမဲ့ မိုဘိုင်းကိရိယာတွေမှာ
ကွန်ပြူတာတွေလိုပဲ -
5:22 - 5:25လုပ်ဆောင်ချက် အများကြီးသုံးပါတယ်။
-
5:25 - 5:27ဒါတွေကို ဖုန်းပြောဖို့၊ ဝက်ဘ်ကြည့်ဖို့၊
-
5:27 - 5:30ဂိမ်းကစားဖို့ ဓါတ်ပုံရိုက်ဖို့ ဒါမှမဟုတ်
-
5:30 - 5:32သန်းချီတဲ့အရာတွေအတွက် သုံးပါတယ်။
-
5:32 - 5:35ဒါပေမဲ့ သူတို့မှာလည်း လုပ်ဆောင်ချက်
တစ်ခုစီအတွက် အလားတူ -
5:35 - 5:37တည်ငြိမ်တဲ့ သက်မဲ့ ပုံစံရှိပြန်တယ်။
-
5:37 - 5:40ဒါနဲ့ inFORM အတွက် ဖန်တီးခဲ့တဲ့
အလားတူ တုံ့ပြန်ဆက်သွယ်မှုတစ်ချို့ယူ -
5:40 - 5:42ဒါတွေကို မိုဘိုင်းကိရိယာတွေဆီ
-
5:42 - 5:44ဘယ်လိုပို့မလဲဆိုတာ သိချင်ခဲ့မိတယ်။
-
5:44 - 5:48ဒါနဲ့ Stanford မှာ ထိတွေ့မှု အစွန်း
မျက်နှာပြင် ဖန်တီးခဲ့တယ်၊ -
5:48 - 5:51ဒါက ပုံစံပြောင်းနိုင်တဲ့ အတန်းလိုက်
ရွေ့ရှားကိရိယာတွေပါတဲ့ -
5:51 - 5:53မိုဘိုင်းကိရိယာပါ။
-
5:53 - 5:57ဒီတော့ စာအုပ်ဖတ်နေစဉ် ဘယ်မှာ
ရှိတာကို လက်ထဲမှာ ခံစားနိုင်တယ်။ -
5:57 - 6:01(သို့) တုန်ခါခြင်းထက် ပိုကြွယ်ဝတဲ့
ထိတွေ့မှုတွေရဲ့ ပုံစံသစ်တွေကို -
6:01 - 6:03အိပ်ကပ်ထဲမှာ ခံစားနိုင်ပါတယ်။
-
6:03 - 6:06(သို့) ကိုယ်ရောက်ချင်တဲ့ နေရာကို
တုံ့ပြန်ဆက်သွယ်နိုင်တဲ့ ခလုတ်တွေ -
6:06 - 6:08ဘေးကနေပေါ်လာနိုင်တယ်၊
-
6:09 - 6:13(သို့) ဂိမ်းတွေကစားနိုင်ပြီး
တကယ့် ခလုတ်တွေ ပါပါတယ်။ -
6:14 - 6:15ဒါနဲ့ပဲ ကိရိယာထဲမှာ အသေးစား
-
6:15 - 6:20အတန်းလိုက်ရွေ့ရှားကိရိယာတွေ ၄၀
မြှုပ်ခြင်းနဲ့ ဒါကို ပြုလုပ်နိုင်ခဲ့ပြီး -
6:20 - 6:22ဒါတွေကို ထိတွေ့ခွင့်ရတာတင်မက
-
6:22 - 6:24နောက်ပြန် တွန်းလို့လည်း ရပါတယ်။
-
6:25 - 6:29ဒါပေမဲ့ ပိုရှုပ်ထွေးတဲ့ ပုံစံအပြောင်းအလဲ
ဖန်တီးဖို့ အခြားနည်းတွေကိုလည်း ကြည့်ပါတယ်။ -
6:29 - 6:33ဒီတော့ ဖုန်းတစ်လုံးနဲ့ အရမ်းတူတဲ့
တစ်ခုခုကနေ လက်ကောက်ဝတ် ပတ်ကြိုးကို -
6:33 - 6:36အဆက်မပြတ်သွားနိုင်တဲ့ ညက်ညောတဲ့
ကိရိယာတစ်ခုကို ဖန်တီးဖို့ -
6:36 - 6:39လေထိုးရွေ့ရှားခြင်းကို သုံးထားတယ်။
-
6:40 - 6:43ဒါနဲ့ Media Lab က Ken Nakagaki နဲ့တွဲပြီး
-
6:43 - 6:45ပုံရိပ်ပြတ်သားမှုမြင့်တဲ့ အသွင်သစ်
ဖန်တီးလိုက်တယ်၊ -
6:45 - 6:51ဒါက တုံ့ပြန်ဆက်သွယ်တဲ့ လက်ကောက်ဝတ်
ပတ်ကြိုးကနေ ထိတွေ့မှု ဖြည့်သွင်း ကိရိယာ၊ -
6:51 - 6:54ဖုန်းဆီကို ပြောင်းပေးတဲ့ ဆာဗိုမော်တာ
-
6:54 - 6:56အတန်းကိုသုံးပါတယ်။
-
6:56 - 6:57(ရယ်သံများ)
-
6:58 - 7:00အသုံးပြုသူတွေဟာ သူတို့ အသုံးပြုချင်တဲ့
-
7:00 - 7:03ကိရိယာတွေထဲကို ပုံဖော်ဖို့
ကြားခံစနစ်တွေကို -
7:03 - 7:06ပုံသွင်းနိုင်တဲ့ နည်းလမ်းတွေ
ကြည့်ဖို့လည်း စိတ်ဝင်စားပါတယ်။ -
7:06 - 7:08ဒီတော ဂိမ်း အထိန်းလို
တစ်ခုခု ဖန်တီးနိုင်ပြီး -
7:08 - 7:11ဘယ်ပုံစံဝင်လာတာကို စနစ်က နားလည်ကာ
-
7:11 - 7:13အဲဒီအသွင်ကို ပြောင်းလိုက်မှာပါ။
-
7:14 - 7:16ဒါက ဘယ်ကို ညွှန်းတာလဲ။
-
7:16 - 7:18ဒီကနေ ရှေ့ကို ဘယ်လိုရွှေ့လဲ။
-
7:18 - 7:20ကျွန်တော့အထင် တကယ်က ဒီနေ့ ကျွန်တော်တို့ဟာ
-
7:20 - 7:23အရာဝတ္ထုတွေရဲ့ ကွန်ရက်ဆက်သွယ်မှု
ရွှေခေတ်မှာပါ။ -
7:23 - 7:25ကွန်ပြူတာတွေက နေရာတိုင်းမှာ..
-
7:25 - 7:27အိတ်ကပ်တွေထဲမှာ၊ နံရံတွေထဲမှာ
-
7:27 - 7:31နောင် ငါးနှစ်အတွင်း ဝယ်ကြမယ့်
ကိရိယာ အားလုံးနီးပါးမှာပါ။ -
7:31 - 7:33ဒါပေမဲ့ ကိရိယာတွေအကြောင်း
တွေးတာရပ်လိုက်ပြီး -
7:33 - 7:36ဒီအစား သဘာဝဝန်းကျင် အရေးကို
တွေးမယ် ဆိုရင်ရော။ -
7:36 - 7:38ကျွန်တော်တို့ကို ရုပ်ပိုင်းအရ
ပြုပြင်ပေးနိုင်ပြီး -
7:38 - 7:42လူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့
-
7:42 - 7:45လုပ်ဆောင်မှု အသစ်တွေလုပ်တာကို
နည်းသစ်တွေဖွင့်ပေးတဲ့ -
7:45 - 7:49သားနားတဲ့ ပရိဘောဂတွေ၊ သားနားတဲ့
အခန်းတွေ၊ သားနားတဲ့ ဝန်းကျင်တွေ၊ -
7:49 - 7:51မြို့တွေ ဘယ်လိုရနိုင်မလဲ။
-
7:51 - 7:55ဒါနဲ့ Milan Design Week အတွက် TRANSFORM
ကို ဖန်တီးခဲ့တယ်၊ -
7:55 - 7:59ဒါက ဒီပုံပြသချက်တွေရဲ့ တုံ့ပြန်
ဆက်သွယ်နိုင်တဲ့ စားပွဲ ပမာဏအသွင်ပါ၊ -
7:59 - 8:02မျက်နှာပြင်ပေါ်မှာ ရုပ်ဝတ္ထုတွေကို
ရွှေ့နိုင်ပါတယ်၊ ဥပမာ၊ -
8:02 - 8:04သင့်ကို သော့တွေယူဖို့ သတိပေးတာပေါ့။
-
8:04 - 8:09ဒါပေမဲ့ တုံ့ပြန်ဆက်သွယ်ခြင်းရဲ့ နည်းလမ်း
စုံကို အံကိုက်အောင် ပြောင်းနိုင်ပါသေးတယ်။ -
8:09 - 8:10ဒီတော့ အလုပ်လုပ်ချင်ရင်
-
8:10 - 8:13အလုပ်စနစ် ဆင်ပေးတာမျိုး ပြောင်းနိုင်ပါတယ်။
-
8:13 - 8:15ဒီလိုနဲ့ ကိရိယာတစ်ခုကို လှမ်းယူစဉ်မှာ
-
8:15 - 8:18သင်လိုအပ်တဲ့ တတ်နိုင်မှုအားလုံးကို
ဖန်တီးပေးပြီး -
8:18 - 8:23ဒီရည်မှန်းချက်တွေ ပြီးမြောက်ဖို့ သင့်ကို
ကူညီတဲ့ အခြားဝတ္ထုတွေကို ယူပေးပါတယ်။ -
8:25 - 8:27ဒီတော့ နိဂုံးချုပ်အနေနဲ့
-
8:27 - 8:31ကွန်ပြူတာတွေနဲ့ တုံ့ပြန်ဆက်သွယ်ရန်
အခြေခံအားဖြင့် မတူညီတဲ့ နည်းသစ်တစ်ခု -
8:31 - 8:33အကြောင်းကို စဉ်းစားဖို့လိုတယ်လို့
ထင်ပါတယ်။ -
8:34 - 8:37ကျွန်တော်တို့အတွက် ရုပ်ပိုင်းအရနဲ့
ကျွန်တော်တို့ သုံးချင်တဲ့ -
8:37 - 8:39ပုံစံတွေအတွက် ပြင်ဆင်ပေးနိုင်ကာ
ကျွန်တော်တို့ လက်တွေရဲ့ -
8:39 - 8:44ကျွမ်းကျင်မှုများနဲ့ အချက်အလက်များကို
ရုပ်ပိုင်းဖြစ်လာစေပြီး ဝန်းကျင်အလိုက် -
8:44 - 8:48တွေးနိုင်စွမ်းကို ထိန်းချုပ်အသုံးချ
နိုင်တဲ့ ကွန်ပြူတာတွေ လိုတယ်။ -
8:49 - 8:53ဒါပေမဲ့ မျှော်လင့်ရင်းနဲ့ ဒါရဲ့အလွန်၊
ကိရိယာတွေရဲ့အလွန်ကို သွားဖို့နဲ့ -
8:53 - 8:56လူတွေကို အတူစုစည်းလာပြီး အချက်
အလက်တွေ ကမ္ဘာထဲကို ဆောင်ကြဉ်းဖို့ -
8:56 - 8:59နည်းသစ်တွေကို တွေးဖို့၊
ကျွန်တော်တို့ကို ရုပ်ပိုင်းအရ -
8:59 - 9:03ပြင်ဆင်ပေးနိုင်တဲ့ သားနားတဲ့ဝန်းကျင်တွေ
အကြောင်း တွေးဖို့လို့ ထင်ပါတယ်။ -
9:03 - 9:05ဒီတော့ ဒါနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။
-
9:05 - 9:06ကျေးဇူးအများကြီးတင်ပါတယ်
-
9:06 - 9:09(လက်ခုပ်သံများ)
- Title:
- သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။
- Speaker:
- Sean Follmer
- Description:
-
ကျွန်တော်တို့တွေဟာ ကီးဘုတ်နဲ့ မောက်စ်တွေကို ကျော်လွန်ပြီ သွားကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်ပုံများပေါက်သွားမလဲ။ တုံ့ပြန်ဆက်သွယ်မှု ဒီဇိုင်နာ Sean Follmer ဟာ သင်အလုပ်လုပ်နေစဉ် သင့်ရဲ့ လက်ချောင်းတွေအောက်မှာ သတင်းအချက်အလက်တွေကို အသက်ဝင်လာစေတဲ့ စက်ယန္တရားတွေနဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေပါတယ်။
ဒီဟောပြောချက်မှာ 3D သဏ္ဍာန်ပြောင်းလဲခြင်း စားပွဲခုံ၊ လက်ကောက်ဝတ်ပတ်ကြိုး အဖြစ်ပြောင်းသွားတဲ့ ဖုန်းတစ်လုံး၊ ပုံဖျက်လို့ရတဲ့ ဂီမ်း ထိန်းချုပ်ရေး ကိရိယာနဲ့ ကျွန်တော်တို့ နေထိုင်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ပြောင်းလဲနိုင်လောက်တဲ့ နောက်ထပ်အရာတွေရဲ့ ရှေ့ပြေးပုံစံတွေကို စစ်ဆေးကြည့်လိုက်ပါဦး။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 09:22
sann tint approved Burmese subtitles for Shape-shifting tech will change work as we know it | ||
sann tint edited Burmese subtitles for Shape-shifting tech will change work as we know it | ||
sann tint edited Burmese subtitles for Shape-shifting tech will change work as we know it | ||
sann tint edited Burmese subtitles for Shape-shifting tech will change work as we know it | ||
Myo Aung accepted Burmese subtitles for Shape-shifting tech will change work as we know it | ||
Myo Aung edited Burmese subtitles for Shape-shifting tech will change work as we know it | ||
Myo Aung edited Burmese subtitles for Shape-shifting tech will change work as we know it | ||
Myo Aung edited Burmese subtitles for Shape-shifting tech will change work as we know it |