Return to Video

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အားပေးမြှင့်တင်ပေးခြင်းက ကမ္ဘာကြီး ပူနွေးလာခြင်းကို ရပ်တန့်ပေးနိုင်ပုံ။

  • 0:01 - 0:05
    ကမ္ဘာမြေပေါ်မှာ ဖော်ပြနေတဲ့ အားကောင်းတဲ့
    သဘာဝဖြစ်စဉ် နှစ်ခုရှိတယ်။
  • 0:06 - 0:08
    ကမ္ဘာကြီး တိုးတိုးပြီး ပူနွေးလာခြင်းနဲ့
  • 0:08 - 0:11
    အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ
    တိုးမြင့်လာမှုပါ။
  • 0:12 - 0:15
    သူတို့ကြားက ဆက်နွယ်မှုကို
    မကြာခဏ သတိမမူမိကြပေမဲ့
  • 0:15 - 0:20
    ကျား၊မ တန်းတူညီမျှမှုက ကမ္ဘာဂြိုဟ်ဆိုင်ရာ
    စိန်ခေါ်မှုအတွက် အဓိက အဖြေတစ်ခုပါ။
  • 0:20 - 0:22
    ရှင်းပြပါရစေ။
  • 0:23 - 0:24
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ
  • 0:24 - 0:28
    ကျွန်မဟာ "Project Drawdown" ဆိုတဲ့
    ကြိုးပမ်းမှုတစ်ခုမှာ လုပ်ကိုင်နေတယ်။
  • 0:28 - 0:31
    ကျွန်မတို့ အသင်းက လေထုထဲမှာ
    အပူကို လှောင်တဲ့
  • 0:31 - 0:37
    ရာသီဥတု ပြောင်းစေတဲ့ ထုတ်လွှတ်မှုတွေကို
    လျှော့ချဖို့ ဖြေရှင်းနည်းတွေအတွက် လူသားရဲ့
  • 0:37 - 0:39
    အသိပညာကို လှန်လှောရှာဖွေခဲ့တယ်။
  • 0:39 - 0:43
    "ကံကောင်း ရင် တစ်နေ့တော့ ဖြစ်နိုင်မပေါ့"
    ဆိုတဲ့ ဖြေရှင်းချက်တွေမဟုတ်ဘဲ
  • 0:43 - 0:47
    လက်ထဲမှာ ရှိပြီးသား
    အကောင်းဆုံး နည်းလမ်းနဲ့
  • 0:47 - 0:49
    နည်းပညာ ၈၀ ပါ။
  • 0:49 - 0:54
    နေရောင်နဲ့ ရေအပါအဝင်
    သန့်စင်ပြီး ပြန့်ပြည့်ဖြိုးမြဲ စွမ်းအင်၊
  • 0:55 - 0:58
    စိမ်းလန်းတဲ့ အဆောက်အအုံတွေ၊
    အသစ်ရော၊ ပြန်ဆင်ထားတာရောပေါ့။
  • 1:00 - 1:03
    ဘရာဇီးကနေ တရုတ်ပြည်အထိ
    ထိရောက်မှုရှိတဲ့ သယ်ယူပို့ဆောင်ရေး၊
  • 1:04 - 1:09
    ကာကွယ်ခြင်းနဲ့ ပြင်ဆင်မွမ်းမံခြင်းကလာတဲ့
    ရှင်သန်နေတဲ့ ဂေဟစနစ်၊
  • 1:10 - 1:14
    အမှိုက်ကို လျှော့ချပြီး ၎င်းရဲ့တန်ဖိုးကို
    ဆယ်တင်ခြင်း၊
  • 1:14 - 1:18
    မြေဆီလွာကို ဖြစ်စေတဲ့ နည်းကောင်းတွေနဲ့
    စားစရာ စိုက်ပျိုးခြင်း၊
  • 1:19 - 1:24
    စားစရာတွေကို အသား လျှော့ကာ အပင် ပိုများတာ
    ဆီ ပြောင်းလဲခြင်းနဲ့ အမျိုးသမီးတွေနဲ့
  • 1:24 - 1:28
    မိန်းကလေးတွေအတွက် တန်းတူညီမျှမှုပါ။
  • 1:29 - 1:32
    ကျား၊မ လက္ခဏာနဲ့ ရာသီဥတုတို့ဟာ
    ခွဲခြားလို့မရအောင် ဆက်နွယ်နေတယ်။
  • 1:33 - 1:37
    ထုတ်လွှတ်မှုတွေကို လျှော့ချခြင်းက
    မြင့်တက်လာခြင်းအပေါ် မူတည်ပါတယ်။
  • 1:39 - 1:41
    ပထမ ဆက်စပ်မှု အခြေအနေလေးတစ်ခုပါ။
  • 1:41 - 1:46
    ကျွန်မတို့ဟာ လူသားအနေနဲ့ အရင်က
    တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးတဲ့ အရေးတကြီး
  • 1:46 - 1:48
    ပြင်းထန်တဲ့ အတိုင်းအတာရဲ့
    အခြေအနေတစ်ခုမှာ ရောက်နေတယ်။
  • 1:49 - 1:54
    အခုထိတော့ ကျွန်မတို့ရဲ့ တုံ့ပြန်မှုက
    နေရာတိုင်းမှာ လုံလောက်တဲ့ နီးစပ်မှုမရှိဘူး
  • 1:56 - 1:57
    ဒါပေမဲ့ ဒါကို သိပြီးသားပါ။
  • 1:58 - 2:01
    အူထဲ အသည်းထဲ အရိုးထဲကကို
  • 2:01 - 2:02
    သိတာပါ။
  • 2:03 - 2:06
    ကျွန်မတို့ဟာ ၇.၇ ဘီလီယံနီးပါး လူသားတွေနဲ့
  • 2:06 - 2:12
    သိရှိထားတဲ့ မျိုးစိတ် ၁.၈ သန်းကို
    အတူတူ ဆက်ထားတဲ့ ကမ္ဘာဂြိုဟ်ရဲ့
  • 2:12 - 2:15
    ရှင်သန်ဆဲ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုစီပါ။
  • 2:16 - 2:19
    ကျွန်မတို့ကြားက
    ဆက်သွယ်မှုတွေကို ခံစားနိုင်တယ်။
  • 2:20 - 2:22
    ကျိုးပျက်မှုနဲ့ ဒါကို ကုစားဖို့
  • 2:22 - 2:24
    ပြတင်းပေါက် ပိတ်တာကို ခံစားနိုင်တယ်။
  • 2:25 - 2:28
    ဒီကမ္ဘာမြေ၊ ကျွန်မတို့ရဲ့ အိမ်က
  • 2:29 - 2:33
    တည်ရှိခြင်းရဲ့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု
    အမြန် ပေါ်လာမယ်ဆိုတာ ပြောပြနေတယ်။
  • 2:36 - 2:38
    ကျွန်မရဲ့ အတွေ့အကြုံအရ
    အမြင်ကျယ်ကျယ်ရှိဖို့ဆိုတာက
  • 2:39 - 2:41
    ကြေကွဲတဲ့ နှလုံးသားတစ်ခုကို
    နေ့စဉ်ပိုက်ထားဖို့ပါ။
  • 2:42 - 2:44
    ဒါက အလုပ် ဖုန်းခေါ်တာတွေ၊
    အသံရဲ့ စွမ်းအားကနေ
  • 2:45 - 2:48
    ကျွန်မ ပြောခဲလှတဲ့ စိတ်မကောင်းစရာ
    အဖြစ်တစ်ခုပါ၊
  • 2:50 - 2:56
    နှလုံးသားဟာ ကြေကွဲနိုင်တယ်(သို့) ပွင့်ထွက်
    နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။
  • 2:57 - 3:02
    ပွင့်ထွက်သွားတဲ နှလုံးသားဟာ နိုးထ၊
    ရှင်သန်ပြီး လုပ်ဆောင်ဖို့ ပန်ကြားပါတယ်။
  • 3:03 - 3:06
    သဘာဝလိုပဲ ပြန်လည်သန်စွမ်းတယ်။
  • 3:07 - 3:10
    ပျက်စီးနေတဲ့ မြေကို ဆယ်တင်ပြီး
    အသစ်တစ်ဖန် ကြီးထွားတယ်။
  • 3:10 - 3:14
    ဘဝဟာ ဘဝပိုဆန်တာဆီ၊ ကုစားပေးတာဆီ၊
  • 3:14 - 3:16
    တပေါင်းတည်းရှိမှုဆီ
  • 3:16 - 3:17
    မနားမနေ ရွေ့လျားတာပါ။
  • 3:18 - 3:20
    ဒါက အခြေခံ ဂေဟဆိုင်ရာ အမှန်တရားတစ်ခုပါ။
  • 3:21 - 3:23
    ကျွန်မတို့ အားလုံးဟာ
  • 3:24 - 3:26
    ဇီဝ အားအင်ပါ။
  • 3:28 - 3:32
    အပြင်ပန်းအရ အမျိုးသမီးတွေ၊ မိန်ကလေးတွေနဲ့
    ပူနွေးနေတဲ့ ကမ္ဘာကြားက အဓိကကွင်းဆက်တစ်ခုက
  • 3:32 - 3:34
    အသက်မဟုတ်ဘဲ မရဏပါ။
  • 3:35 - 3:40
    ရှိပြီးသား အားနည်းချက်တွေကြောင့် ရာသီဥတု
    သက်ရောက်မှုက အမျိုးသမီးတွေကို အပြင်းဆုံး
  • 3:40 - 3:42
    ထိခိုက်တယ်ဆိုတာ
    သိရှိမှုက ကြီးထွားလာနေတယ်၊
  • 3:43 - 3:45
    ပိုကြီးမားတဲ့ ရွေ့ပြာင်းမှု ဘေးရှိတယ်၊
  • 3:45 - 3:49
    သဘာဝ ကပ်ဘေးတွေမှာ ဒဏ်ရာရခြင်း
    သေကြေခြင်းရဲ့ပိုမြင့်တဲ့ အလားအလာတွေပါ။
  • 3:50 - 3:53
    မိသားစုတွေဟာ ရှားပါးမှုနဲ့ ရင်ဆိုင်ရတော့
    တာရှည် မိုးခေါင်မှုက
  • 3:53 - 3:55
    အရွယ်မတိုင်မီ
    လက်ထပ်တာကို ဖြစ်စနိုင်တယ်။
  • 3:56 - 3:59
    အမျိုးသမီးတွေဟာ အလျဉ်မီဖို့
    ရုန်းကန်ရတာကြောင့် ရေကြီးမှုတွေက
  • 3:59 - 4:02
    နောက်ဆုံး အားကိုရာ
    ပြည့်တန်ဆာဘဝကို တွန်းပို့နိုင်တယ်။
  • 4:02 - 4:05
    ဒီစာရင်းက ဆက်ပြီး ကျယ်ပြန့်သွားတယ်၊
  • 4:05 - 4:09
    ဒီအင်အားတွေက New Orleans ကနေ
    Nairobi အထိ ဆင်းရဲမှု အခြေအနေတွေအောက်မှာ
  • 4:09 - 4:11
    အကြီးမားဆုံးပါ။
  • 4:13 - 4:15
    မကြာခဏတော့ ဇာတ်လမ်းက
    ဒီမှာ အဆုံးသတ်တယ်။
  • 4:15 - 4:16
    ဒါပေမဲ့ ဒီနေ့မဟုတ်ဘူး။​
  • 4:17 - 4:20
    နောက်ထပ် အားပေးမြှင်တင်ခြင်း
    အမှန်တရားက မြင်ကြဖို့ တောင်းခံတယ်။
  • 4:20 - 4:24
    ကျား၊မ တန်းတူမှုမှာ အရှိန်ရလာတယ်ဆိုရင်
  • 4:24 - 4:27
    ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို
    ကိုင်တွယ်ရာမှာလည်း အရှိန်ရပါတယ်။
  • 4:28 - 4:32
    ဒီဆက်သွယ်မှုကို အဓိက နယ်ပယ်
    သုံးခုမှာ တွေ့ရှိလာရတယ်။
  • 4:32 - 4:36
    အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့
    ရပိုင်ခွင့်တွေကို ကျွန်မတို့ ရယူနိုင်တဲ့၊
  • 4:36 - 4:38
    ဒဏ်ခံနိုင်မှုကို ကျားကန်ပေးပြီး
  • 4:38 - 4:41
    တစ်ချိန်တည်း ထုတ်လွှတ်မှုတွေကို
    လွှဲဖယ်နိုင်တဲ့ သုံးနေရာပါ။
  • 4:41 - 4:45
    အမျိုးသမီးတွေဟာ ကမ္ဘာ့
    အဓိက လယ်သမားတွေပါ။
  • 4:45 - 4:49
    သူတို့က ဝင်ငွေနိမ့်တဲ့နိုင်ငံတွေမှာ စားစရာ
    ၆၀ ကနေ ၈၀ % အထိထုတ်လုပ်တယ်။
  • 4:49 - 4:52
    မကြာခဏတော့ ငါး ဧကထက်နည်းတဲ့
    လယ်မှာ လုပ်ဆောင်ရင်းပါ။
  • 4:52 - 4:55
    "လယ်မြေအသေးစားပိုင်ဆိုင်သူ" ဆိုတာ ဒါပါ။
  • 4:56 - 5:01
    အမျိုးသားတွေနဲ့ ယှဉ်ကြည့်ရင် အမျိုးသမီး
    လယ်မြေ အသေးစားပိုင်ရှင်တွေဟာ
  • 5:01 - 5:03
    မြေယာ ရပိုင်ခွင့်တွေ၊ ချေးငွေ၊အရင်းအနှီး၊
  • 5:03 - 5:05
    သင်တန်း၊ကိရိယာတွေနဲ့
    နည်းပညာအပါအဝင် ရင်းမြစ်တွေဆီ
  • 5:05 - 5:07
    ရောက်ရှိခွင့် ပိုနည်းတယ်။
  • 5:08 - 5:10
    သူတို့ဟာ အမျိုးသားတွေလို
    ပိုင်နိုင်၊ထိရောက်စွာ စိုက်ပေမဲ့
  • 5:11 - 5:15
    အသေအချာ မှတ်တမ်းပြုထားတဲ့
    ရင်းမြစ်တွေနဲ့ ရပိုင်ခွင့်တွေမှာ ကွာဟချက်က
  • 5:15 - 5:19
    အမျိုးသမီးတွေဟာ တူညီတဲ့ လယ်မြေ ပမာဏမှာ
    အစားအစာ ပိုလျော့ပြီး ထုတ်လုပ်တာပါ။
  • 5:19 - 5:21
    ဒီကွာဟချက်တွေကို ပိတ်ပစ်ပြီး
  • 5:22 - 5:25
    လယ်ယာ ထွက်နှုန်းတွေကို ၂၀ ကနေ
    ၃၀ ရာခိုင်နှုန်းအထိ တိုးအောင်လုပ်ပါ။
  • 5:25 - 5:31
    ဆိုလိုတာက တူညီတဲ့ ဥယျာဉ်(သို့)လယ်ကွင်း
    ကနေ အစာ ၂၀ ကနေ ၃၀ % ပိုတိုးတာပါ။
  • 5:32 - 5:36
    ဆာလောင်မှု၊ ကျန်းမာရေး၊ မိသားစု
    ဝင်ငွေအတွက် ဂယက်ရိုက်မှုတွေပါ၊
  • 5:36 - 5:37
    ဒါတွေက မြင်သာပါတယ်။
  • 5:38 - 5:39
    ရာသီဥတု အမျှင်တန်းနောက် လိုက်ရအောင်
  • 5:41 - 5:44
    ကျွန်မတို့ လူသားတွေဟာ အစာ စိုက်ပျိုးဖို့
    မြေယာကို လိုအပ်တယ်၊
  • 5:45 - 5:48
    ကံဆိုးချင်တော့ ဒါကို ထောက်ပံ့ဖို့
    သစ်တောတွေဟာ မကြာခဏ ရှင်းလင်းခံရတယ်။
  • 5:48 - 5:51
    ဒါက သစ်တောပြုန်းတီးမှုကနေ
    ထုတ်လွှတ်မှုတွေ ဖြစ်စေတယ်။
  • 5:52 - 5:55
    ဒါပေမဲ့ တည်ရှိနေတဲ့ လယ်တွေက
    အစာ အလုံအလောက် ထွက်ရှိရင်
  • 5:56 - 5:58
    သစ်တောတွေ ဆုံးရှုံးနိုင်ခြေ ပိုနည်းတယ်။
  • 5:58 - 6:00
    ဒီတော့ ဂယက် သက်ရောက်မှုတစ်ခုရှိတယ်။
  • 6:01 - 6:03
    အမျိုသမီး လယ်ပိုင်ရှင်လေးတွေကို ထောက်ပံ့ပါ
  • 6:03 - 6:05
    ပိုမြင့်တဲ့ အတွက်နှုန်းတွေ ဖြစ်ပေါ်ပါစေ၊
  • 6:05 - 6:07
    သစ်တောပြုန်းတီးမှုကို ရှောင်ရှားပါ
  • 6:07 - 6:11
    သစ်တောတွေရဲ့ အသက်ဓာတ် ပေးတဲ့
    စွမ်းအားကို တည်တံ့ပါစေ။
  • 6:11 - 6:15
    Project Drawdown က ခန့်မှန်းတာက စိုက်
    ပျိုးရေးမှာ တန်းတူညီမှုကိုကိုင်တွယ်တာက
  • 6:15 - 6:20
    အခုနဲ့ ၂၀၅၀ ကြားမှာ ထုတ်လွှတ်မှု ဘီလီယံ
    နှစ် တန်ကို တားဆီးနိုင်တယ်ဆိုတာပါ။
  • 6:20 - 6:25
    ဒါက အိမ်ထောင်စု ပြန်လည်သုံးစွဲမှုက ကမ္ဘာ
    အနှံ့ သက်ရောက်နိုင်မှုနဲ့ တန်းတူပါ။
  • 6:26 - 6:29
    ဒီမညီမျှမှုကို ကိုင်တွယ်ခြင်းက
    ရာသီဥတု ပြောင်းသလို တိုးလာနေတဲ့
  • 6:29 - 6:31
    အစားအစာရဲ့ စိန်ခေါ်မှုတွေကို
    ကိုင်တွယ်ရာမှာ
  • 6:31 - 6:33
    အမျိုးသမီးတွေကိ​ေကူညီပေးနိုင်ပါသေးတယ်။
  • 6:34 - 6:37
    စိုက်ပျိုးရေးမှာ ဇီဝ အားအင် ရှိတယ်။
  • 6:38 - 6:40
    နောက်ဆုံး တင်ပြချက်မှာ
  • 6:40 - 6:45
    မိန်းကလေး သန်း ၁၃၀ ဟာ ကျောင်းတက်ဖို့
    အခြေခံ ရပိုင်ခွင့်တွေကို ငြင်းပယ်ခံရဆဲပါ။
  • 6:45 - 6:48
    ကွာဟချက်တွေက အလယ်တန်းကျောင်း
    စာသင်ခန်းတွေမှာ အကြီးမားဆုံးပါ။
  • 6:49 - 6:53
    ဘဝအတွက် အဓိက အုတ်မြစ်တစ်ခုကို
    မိန်းကလေးတွေဟာ လွတ်နေကြတယ်။
  • 6:54 - 6:57
    ပညာရေးဟာ အမျိုးသမီးတွေနဲ့ သူတို့ရဲ့
    ကလေးတွေအတွက် ပိုကောင်းတဲ့ ကျန်းမာရေး၊
  • 6:58 - 7:00
    ပိုကောင်းတဲ့ ငွေကြေး လုံခြုံမှု၊
  • 7:00 - 7:03
    အိမ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက
    ပိုကြီးမားတဲ့ ထောက်ပံ့မှု၊
  • 7:04 - 7:08
    ရာသီဥတု ပြောင်းနေတဲ့ ကမ္ဘာတစ်ခုကို
    ထိန်းကျောင်း မောင်းနှင်နိုင်စွမ်းပါ။
  • 7:09 - 7:14
    ပညာရေးဟာ ရွေးချယ်မှုတွေ၊ အလိုက်သင့်
    ပြောင်းနိုင်မှု၊အားအင်လို့ ဆိုလိုနိုင်တယ်။
  • 7:14 - 7:17
    ထုတ်လွှတ်မှုတွေ ပိုနိမ့်တာလို့
    လည်းဆိုလိုနိုင်တယ်။
  • 7:17 - 7:19
    အကြောင်းရင်း မျိုးစုံအတွက်
  • 7:19 - 7:22
    ပညာသင် နှစ်တွေ ပိုများများရှိတဲ့အခါ
  • 7:22 - 7:25
    နောက်မှ လက်ထပ်ဖို့ ရွေးချယ်ပြီး
  • 7:25 - 7:26
    ကလေးတွေ ပိုနည်းနည်းယူတာက ထုံးစံပါ။
  • 7:26 - 7:29
    ဒီတော့ မိသားစုတွေဟာ၊ ပိုငယ်လာတာနဲ့
    အဆုံးသတ်သွားတယ်။
  • 7:30 - 7:35
    တစ်ဦးချင်း အဆင့်မှာ ဖြစ်တာက
    ကမ္ဘာအနှံ အချိန်ကြာလာတော့ အရာထင်တာပါ။
  • 7:35 - 7:37
    တစ်ဆင့်ပြီး တစ််ဆင့်ပါ၊
  • 7:37 - 7:42
    ကျောင်းတက်ခွင့်က ဒီကမ္ဘာဂြိုဟ်ပေါ်မှာ
    နေထိုင်တ့် လူသားတွေကို သက်ရောက်ပြီး
  • 7:42 - 7:45
    ကမ္ဘာဂြိုဟ်ရဲ့ ရှင်သန်ဆဲ
    စနစ်တွေကိုသက်ရောက်တယ်။
  • 7:46 - 7:48
    ဒါက ဘာကြောင့် မိန်းကလေးတွေကို
    ပညာပေးသင့်တဲ့ အကြောင်းပါ။
  • 7:49 - 7:51
    အဓိပ္ပာယ်ရှိတဲ့ ရလဒ်တစ်ခုပါ။
  • 7:52 - 7:55
    ပညာရေးက ဒင်္ဂါးရဲ့တစ်ဖက်ပါ။
  • 7:55 - 7:57
    အြခားတစ်ဖက်က မိသားစု စီမံကိန်းပါ။
  • 7:58 - 8:02
    အရည်အသွေးမြင့်တဲ့ ဆန္ဒအလျောက် မျိုးဆက်
    ပွားရေး ကျန်းမာရေး စောင့်ရှောက်မှုပါ။
  • 8:03 - 8:06
    အခွင့်အခါထက် ရွေးချယ်မှုအရ
    ကလေးမွေးဖို့က
  • 8:06 - 8:08
    လုပ်ပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာရဲ့
    ကိစ္စတစ်ရပ်ပါ။
  • 8:09 - 8:12
    ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုမှာ
  • 8:12 - 8:15
    ကိုယ်ဝန်ဆောင် ၄၅ ရာခိုင်နှုန်းဟာ
    မရည်ရွယ်ဘဲရတာပါ။
  • 8:16 - 8:19
    ဝင်ငွေ ပိုနိမ့်တဲ့ နိုင်ငံတွေက
    အမျိုးသမီး ၂၁၄ သန်းက ပြောတာက
  • 8:19 - 8:23
    သူတို့တွေ ကိုယ်ဝန်ယူမလား၊
    ဘယ်တော့ ယူမယ်ဆိုတာကို ဆုံးဖြတ်ချင်ပေမဲ့
  • 8:23 - 8:25
    သန္ဓေတားတားကိုတော့ အသုံးမပြုနေဘူးတဲ့။
  • 8:25 - 8:26
    အမျိုးသမီး လိုအပ်ချက်တွေကို နားထောင်တာ
  • 8:26 - 8:29
    ဒီလိုအပ်ချက်တွေကို ကိုင်တွယ်တာ
  • 8:29 - 8:31
    တန်းတူညီမှုနဲ့ ကျန်းမာသုခကို
    အဆင့်မြှင့်တာပါ၊
  • 8:31 - 8:34
    ဒီလိုအပ်ချက်တွေဟာ မိသားစု စီမံကိန်း
    ကာလရဲ့ ရည်မှန်းချက်တွေ ဖြစ်ရမှာပါ။
  • 8:35 - 8:38
    လူသားဦးရေ တိုးပွားမှုကို ဟန့်တားတာက
  • 8:38 - 8:41
    ဘေးထွက်ဆိုးကျိုးပေမဲ့
    အာနိသင်ရှိတဲ့ တစ်ခုပါ။
  • 8:41 - 8:47
    အစားအစာ၊ သယ်ယူပို့ဆောင်ရေး၊လျှပ်စစ်ဓာတ်၊
    အဆောက်အအုံတွေနဲ့ ကျန်တာ အားလုံးအတွက်
  • 8:47 - 8:49
    လိုအပ်ချက်ကို သိသာစွာ လျှော့ချပေးနိုင်တော့
  • 8:49 - 8:51
    ဒီနည်းနဲ့ ထုတ်လွှတ်မှုတွေကို
    လျှော့ချတာပါ။
  • 8:52 - 8:56
    ပညာရေးနဲ့ မိသားစု စီမံကိန်းဆီ ရောက်ရှိတဲ့
    ကွာဟချက်တွေကို ပိတ်လိုက်ပါ
  • 8:56 - 9:01
    ရာစုနှစ် အလယ်အရောက်မှာ ဘာမှထပ်မလုပ်ရင်
    ရှိလာမယ့် ကမ္ဘာမြေမှာ နေထိုင်တဲ့ လူတွေထက်
  • 9:01 - 9:03
    တစ်ဘီလီယံ
    ပိုနည်းတာ တွေနိုင်တယ်။
  • 9:04 - 9:07
    Project Drawdown အရ
  • 9:07 - 9:09
    တစ်ဘီလီယံထက် ပိုနည်းတဲ့ လူတွေက
    ဆိုလိုနိုင်တာက ကျွန်မတို့ဟာ
  • 9:09 - 9:13
    တန်ချိန် ဘီလီယံ ၁၂၀ နီးပါး
    ရှိတဲ့ ထုတ်လွှတ်မှုတွေကို ရှောင်ရှားတာပါ။
  • 9:14 - 9:15
    သက်ရောက်မှုရဲ့ ဒီအဆင့်မှာ
  • 9:15 - 9:21
    တန်းတူညီမှုက ဘဝနဲ့ အံကျတဲ့ ဥတုပြောင်းလဲမှု
    ပြန်ဖြစ်ဖို့ ထိပ်တန်းဖြေရှင်းနည်းပါ
  • 9:22 - 9:23
    သက်ရောက်မှုရဲ့ ဒီအဆင့်မှာ
  • 9:23 - 9:27
    ကျား၊မ တန်းတူညီမှုဟာ
    လေရဟတ်ဘီးတွေ၊ ဆိုလာပြားတွေ၊
  • 9:27 - 9:30
    သစ်တောတွေနဲ့ တန်းတူပါ။
  • 9:31 - 9:33
    သင်ယူရေးအတွင်းက ဇီဝ အားအင်နဲ့
  • 9:33 - 9:36
    ရွေးချယ်မှုအတွင်းက ဇီဝ အားအင် ရှိတယ်။
  • 9:37 - 9:38
    အခု ရှင်းလင်းပါရစေ။
  • 9:39 - 9:42
    အမျိုးသမီးတွေနဲ့မိန်းကလေးတွေဟာ အရာတိုင်း
    ကို ပြင်ဆင်ဖို တာဝန်ရှိတယ်လို့မဆိုလိုဘူး။
  • 9:42 - 9:44
    (ရယ်သံများ)
  • 9:44 - 9:46
    ဒါပေမဲ့ ကျွန်မတို့ လုပ်နိုင်လောက်ပါတယ်
  • 9:46 - 9:47
    (ရယ်သံများ)
  • 9:47 - 9:52
    (လက်ခုပ်သံများ)
  • 9:52 - 9:57
    စိုက်ပျိုးရေး၊ပညာရေးနဲ့ မိသားစု စီမံကိန်း
    မှာ အမျိုးသမီးတွေအတွက်တန်းတူညီမျှမှုပါ။
  • 9:58 - 10:01
    ဒါတွေက လျှောချရေး ဖြေရှင်းနည်းတွေရဲ့
    စနစ်တစ်ခုအတွင်းက ဖြေရှင်းနည်းတွေပါ။
  • 10:02 - 10:05
    အတူတကွ ဖြစ်နိင်ခြေရဲ့ စီမံချက်တစ်ခု
    အဖြစ် သူတို့ပါဝင်တယ်။
  • 10:06 - 10:09
    ဒါနဲ့ပတ်သက်ပြီး ပိုပြီးတောင်
    ရှင်းလင်းပါရစေ။
  • 10:09 - 10:15
    လူဦးရေတွေကို ထုတ်လုပ်မှု(သို့)
    စားသုံးမှုကနေ သီးခြား မြင်လို့မရပါ။
  • 10:16 - 10:20
    လူသား မိသားစုတွေရဲ့ အပိုင်းအကန့်တချို့က
    အဆမတန် ပိုကြီးမားတဲ့ ဘေးကို ဖြစ်စေစဉ်မှာ
  • 10:21 - 10:24
    အခြားသူတွေက သာမန်ထက်ကြီးတဲ့
    တရားမမျှတမှုကို ခံစားရတယ်။
  • 10:25 - 10:26
    အကြွယ်ဝဆုံး
  • 10:27 - 10:29
    ကျွန်မတို့ဟာ တာဝန်အရှိဆုံးပါ။
  • 10:29 - 10:32
    လုပ်ဖို့ အများဆုံး ကျွန်မတို့မှာရှိတယ်၊
  • 10:34 - 10:38
    ကျား၊မ လက္ခဏာ-ရာသီဥတူ ဆက်သွယ်ချက်က
    အပျက်သက်ရောက်မှုတွေနဲ့ အားကောင်းတဲ့
  • 10:38 - 10:40
    ဖြေရှင်းနည်းတွေကို
    ကျော်လွန်ကာ ဆန့်ထွက်တယ်။
  • 10:40 - 10:46
    ဒီ အမျိုးသမီးတွေဟာ ဒီကမ္ဘာဂြိုဟ်ပေါ်က
    အပြောင်းအလဲအတွက် အဓိက အသံတွေဆိုပေမဲ့
  • 10:46 - 10:51
    အကြိမ်များစွာမှာ လက်လွတ်နေပြီး ညှိနှိုင်း
    မှု ဆွေးနွေးပွဲတွေကနေတောင် တားဆီးခံတယ်။
  • 10:52 - 10:55
    ပြောတဲ့အခါ မကြာခဏ
    လျစ်လျူရှုခံရ(သို့) နှုတ်ဆိတ်နေရတယ်။
  • 10:55 - 10:56
    အစီအစဉ်တွေ ချမှတ်တာ(သို့)
  • 10:57 - 11:00
    ရင်းနှီးမြှုပ်နှံတဲ့အခါ
    မကြာခဏ မသိကျိုးကျွန်ပြုခံရတယ်။
  • 11:01 - 11:03
    စိစစ်ချက်တစ်ခုအရဆို
  • 11:03 - 11:07
    ပရဟိတ ရံပုံငွေရဲ့ ၀.၂ ရာခိုင်နှုန်းသာ
  • 11:07 - 11:10
    အထူးသဖြင့် အမျိုးသမီးတွေနဲ့
    ပတ်ဝန်းကျင်ဆီ ရောက်တယ်၊
  • 11:10 - 11:13
    တစ်ကမ္ဘာလုံးအနေနဲ့ ဒေါ်လာ သန်း ၁၁၀ ပါပဲ။
  • 11:14 - 11:19
    မနှစ်က Basquiat ပန်းချီကားတစ်ချပ်တည်းမှာ
    အမျိုးသားတစ်ဦး သုံးတဲ့ စုစုပေါင်းပါ။
  • 11:21 - 11:25
    ဒီအင်အားတွေဟာ မမျှတရုံမက
    ကျွန်မတို့ကို ရှုံးနိမ့်စေဖို့ ဆင်နေတာပါ။
  • 11:25 - 11:29
    လူ့အဖွဲ့အစည်းကို အမြန်၊ အကြီးအကျယ်
    ပြည်လည်ပုံဖော်ဖို့
  • 11:29 - 11:31
    ဖြေရှင်းနည်းတိုင်းနဲ့ ဖြေရှင်းသူတိုင်း၊
  • 11:32 - 11:34
    အတွေးတိုင်း၊
  • 11:34 - 11:35
    နှလုံးသား အပိုင်းအစတိုင်း
  • 11:35 - 11:37
    လက် အစုံတိုင်းကို လိုအပ်တယ်။
  • 11:38 - 11:41
    မကြာခဏ ရိုးစင်းတဲ့
    နှိုးဆော်ချက်တစ်ခုကို တောင့်တပေမဲ့
  • 11:41 - 11:45
    စိန်ခါ်မှုက အချက်အလက် စာရွက်ထက်၊
    ဆောင်ရွက်ဖို့ စာရင်းတစ်ခုထက်
  • 11:45 - 11:46
    ပိုတာကို တောင်းဆိုတယ်။
  • 11:47 - 11:50
    ဂေဟစနစ်တစ်ခုလိုမျိုး
    ပိုလုပ်ဆောင်ဖို့ လိုအပ်တယ်၊
  • 11:50 - 11:53
    စုံလင်မှုထဲမှာ အင်အားကို ရှာဖွေခြင်းပါ။
  • 11:54 - 11:56
    သင့်ရဲ့ မဟာစွမ်အားတွေကို သင်သိပါတယ်။
  • 11:56 - 12:02
    သင်ဟာ ပညာပေးသူ၊ လယ်သမား၊ ကုသပေးသူ၊
    ဖန်တီးသူ၊လှုံ့ဆော်သူ၊ဉာဏ်ပညာ စောင့်ထိန်းသူ
  • 12:03 - 12:07
    ဖြေရှင်းချက်တွေ ရှေ့ကို ရွေ့စေဖို့
    သင်ရှိနေရာက လက်မောင်းတွေကို
  • 12:07 - 12:09
    သင်ဘယ်လို ချိတ်ဆက်နိုင်မလဲ။
  • 12:10 - 12:12
    သင်တို့အားလုံး ပါဝင်ဖို့
    တောင်းဆိုချင်တဲ့ ကဏ္ဍတစ်ခုရှိတယ်၊
  • 12:12 - 12:14
    သတင်းပို့ပေးသူ ကဏ္ဍပါ။
  • 12:15 - 12:18
    ဒါက မဟာ နိုးကြားမှု အချိန်ကာလပါ။
  • 12:19 - 12:23
    ကျွန်မတို့ ကမ္ဘာဂြိုဟ်ရဲ့ အခြေအနေ
    ပတ်လည်က တိတ်ဆိတ်မှုကို ဖြိုခွဲဖို့လိုတယ်။
  • 12:24 - 12:28
    ရာသီဥတု သိပ္ပံအကြောင်း ထွင်ထားတဲ့
    စကားစစ်ထိုးပွဲတွေကို ကျော်လွန်ပြီး
  • 12:28 - 12:30
    ဖြေရှင်းချက်တွေကို မျှဝေပါ၊
  • 12:31 - 12:35
    ကြေကွဲ ပွင့်ထွက်နေတဲ့ နှလုံးသားတစ်ခုနဲ့
    အမှန်တရားကို ပြောဆိုပါ၊
  • 12:35 - 12:41
    ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖို့တန်းတူ
    ညီမျှမှုကို လက်တွေ့လုပ်ရမယ်ဆိုတာ သင်ပေးပါ။
  • 12:41 - 12:44
    မဖြစ်နိုင်တဲ့ စိန်ခေါ်မှုလို့ ထင်ရတာ
    တစ်ခုကို ရင်ဆိုင်ရပေမဲ့
  • 12:45 - 12:48
    အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ
    ဖြစ်နိုင်ခြေရဲ့ ပြင်းထန်တဲ့ရင်းမြစ်တစ်ခုပါ
  • 12:50 - 12:53
    ဒါက ဒီလောက်ကြီးကို အရေးပါတဲ့ ကာလတစ်ခုမှာ
  • 12:54 - 12:57
    ရှင်သန်ဖို့ ခမ်နားတဲ့ အရာတစ်ခုပါ။
  • 12:59 - 13:00
    ဒီကမ္ဘာမြေ
  • 13:01 - 13:02
    ကျွန်မတို့ရဲ့အိမ်က
  • 13:04 - 13:07
    ကျွန်မတို့ကို ရဲရင့်ဖို့ ပန်ကြားနေတယ်။
  • 13:08 - 13:11
    ဒီအရာမှာ အားလုံး အတူရှိဖို့
    ကျွန်မတို့ကို သတိပေးနေတယ်၊
  • 13:12 - 13:13
    အမျိုးသမီးတွေ၊ အမျိုးသားတွေ၊
  • 13:13 - 13:15
    အားလုံးသော ကျား၊မ လက္ခဏာရှိတဲ့ လူတွေ၊
  • 13:15 - 13:17
    သတ္တဝါအားလုံးကိုပါ။
  • 13:18 - 13:20
    အားလုံးဟာ ဇီဝ အားအင်ပါ။
  • 13:21 - 13:22
    ကမ္ဘာမြေတစ်ခု
  • 13:23 - 13:24
    အခွင့်အလမ်းတစ်ခု
  • 13:25 - 13:27
    ဒါကို မလွတ်တမ်း အသုံးချရအောင်။
  • 13:27 - 13:28
    ကျေးဇူးတင်ပါတယ်။
  • 13:28 - 13:32
    (လက်ခုပ်သံများ)
Title:
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အားပေးမြှင့်တင်ပေးခြင်းက ကမ္ဘာကြီး ပူနွေးလာခြင်းကို ရပ်တန့်ပေးနိုင်ပုံ။
Speaker:
Katharine Wilkinson
Description:

ရာသီဥတု ပြောင်းလဲမှုကို တကယ်ပဲ ကိုင်တွယ်ချင်တယ်ဆိုရင်တော့ ကျား၊မ တန်းတူညီမျှမှုကို လက်တွေ့ဖြစ်အောင် လုပ်ဖို့လိုပါတယ်လို့ ပြောလာသူကတော့ စာရေးဆရာမနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူ Katharine Wilkinson ပါ။ Project Drawdown ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Wilkinson ဟာ အပူကို လှောင်တဲ့ ရာသီဥတု ပြောင်းစေတဲ့ ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ ဖြေရှင်းနည်းတွေအတွက် လူသားရဲ့ အသိပညာကို လှန်လှောရှာဖို့ အကူအညီပေးခဲ့တယ်။ ပြည်ဖြိုးမြဲ စွမ်းအင်နဲ့ ထိန်းထားနိုင်တဲ့ အစားအသောက်တွေလို အရာတွေက မြင်သာပြီး ပညာရေးနဲ့ အမျိုးသမီးတွေကို အားပေးမြှင့်တင်ပေးတာလိုမျိုး အရာတွေက မမြင်သာတဲ့အရာတွေပါ။ ဒီအသိအမြင်ပေးတဲ့ ရဲရင့်တဲ့ ဟောပြောချက်မှာ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရာမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကူညီနိုင်တာအတွက် တန်းတူခံစားခွင့် အဓိက နည်းလမ်း သုံးခုကို သူက မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:48

Burmese subtitles

Revisions Compare revisions