Return to Video

တခြားသူတွေကို အထောက်အပံ့ပြုပေးခြင်းနဲ့ နားထောင်ပေးခြင်းအတွက် နည်းလမ်းတစ်ခု။

  • 0:02 - 0:03
    ရဲအရာရှိတစ်ယောက်ရဲ့ အလုပ်ကို
  • 0:03 - 0:06
    စဥ်းစားမိတဲ့အချိန် ဘာတွေးမိမလဲတော့
    ကျွန်တော် မသေချာဘူး
  • 0:06 - 0:10
    သိပ်မကြာခင် အဖြစ်အပျက်တွေက လူ့ဘောင်
    အတွင်းက ဥပဒေစိုးမိုးရေးရဲ့ကဏ္ဏပေါ်
  • 0:10 - 0:11
    အငြင်းပွားမှုဖြစ်ပေါ်စေပြီး
  • 0:11 - 0:13

    ဒါကိုပြောင်းသင့်တယ်
  • 0:13 - 0:16
    ဒါက အားလုံးလိုအပ်တဲ့ ကြီးမားပြီး
    အရေးကြီးတဲ့ စကားဝိုင်း တစ်ခုပါပဲ။
  • 0:18 - 0:20
    ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော့်ရဲ့
    နေ့စဥ်အလုပ်ထဲမှ
  • 0:20 - 0:22
    အရေးကြီးတဲ့အရာအကြောင်းကို
    ပြောပြချင်ပါတယ်။
  • 0:22 - 0:26
    ရဲအလုပ်အကြောင်းပြောတိုင်း မကြာခဏ
    မဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတစ်ခုပေါ့။
  • 0:26 - 0:30
    စိတ်ဒဏ်ရာ၊နာကျင်မှု၊ ဆုံးရှုံးမှုတွေနဲ့
    ဆက်နွယ်နေတဲ့အရာတွေ ဖြစ်ပါတယ်။
  • 0:30 - 0:32
    သူတို့ သိတဲ့တစ်စုံတစ်ယောက်
  • 0:32 - 0:33
    သူတို့ချစ်တဲ့တစ်စုံတစ်ယောက်
  • 0:33 - 0:37
    ရုတ်တရက်သေသွားတဲ့အခါ
    ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
  • 0:37 - 0:40
    ခင်ဗျားတို့တွေးမိမှာ ဒါက ဆရာဝန်တွေ
    ဆေးရုံတွေကပဲ လုပ်လိမ့်မယ်ပေ့ါ။
  • 0:40 - 0:43
    အဲဒီမှာ ဆုံးပါးခဲ့ရင်တော့
    အများစုအဲ့လိုဖြစ်မှာပေါ့။
  • 0:43 - 0:46
    တကယ်လို့ ဆေးရုံပြင်ပမှာ သေသွားခဲ့ရင်
    သူတို့အနီးဆုံးချစ်ရတဲ့
  • 0:46 - 0:50
    လူကို အသိပေးရတာက ရဲအလုပ်ထက်မက
    ပိုပြီးမကြာခဏလုပ်ရပါတယ်။
  • 0:50 - 0:54
    ဒီလိုလုပ်ရတဲ့တာဝန်မျိုးက ဘဝရဲ့
    နယ်ပယ်အားလုံးမှာမှ တာဝန်ကြီးယူရတဲ့
  • 0:54 - 0:58
    အခြေအနေတွေအပေါ် ချဥ်းကပ်ဖို့ အားကောင်းတဲ့
    သင်ခန်းစာကိုသင်ပေးလိုက်တယ်။
  • 1:00 - 1:03
    ချိတ်ဆက်ဖို့ ကျွန်တော့ရဲ့ ဝါသနာဟာ
    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ စခဲ့တယ်။
  • 1:03 - 1:06
    ကိုယ့်ကိုပြောင်းလဲတဲ့ နာရေးအသိပေး
    ဖုန်းတစ်ခုကို ပြောလိုက်ရတယ်။
  • 1:07 - 1:10
    အမျိုးသမီးတစ်ယောက်-
    Vicky လို့ ခေါ်ကြပါစို့။
  • 1:10 - 1:12
    Vicky က သူမအမျိုးသား
    သူတို့အိမ်ရဲ့ စင်္ကြံပေါ်
  • 1:12 - 1:14
    ရုတ်တရက် လဲကျသွားလို့
    လှမ်းခေါ်လိုက်တာ။
  • 1:14 - 1:17
    ပထမဆုံးတုံ့ပြန်ရသူတွေနဲ့အတူကျွန်တော်
    အကုန်ကြိုးစားခဲ့တယ်။
  • 1:17 - 1:19
    အကောင်းဆုံးကြိုးစားမှုတွေပေးခဲ့တယ်။
  • 1:20 - 1:22
    ဒါပေမဲ့ သူ ဆုံးပါးသွားခဲ့တယ်။
  • 1:22 - 1:23
    အလုံးစုံ ဆုံးရှုံးပြီးနောက်မှာ
  • 1:23 - 1:25
    Vicky ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။
  • 1:25 - 1:30
    ချက်ချင်းပဲ မူဝါဒနဲ့လုပ်ထုံးလုပ်နည်းအရ
    ဆက်လုပ်ရပေမဲ့
  • 1:30 - 1:33
    ဒီလို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ်
    ကြီးမားစွာခံစားလိုက်မိတယ်။
  • 1:33 - 1:37
    ကျွန်တော် ဆေးဘက်ဆိုင်ရာအသေးစိတ်
    မှတ်တမ်းလို မေးခွန်းတွေနဲ့
  • 1:37 - 1:39
    နာရေးကိစ္စကိုသူမကိုဆက်တိုက်မေးခဲ့တယ်။
  • 1:40 - 1:44
    ဖြေဖို့ မပြင်ဆင်ထားတဲ့ မေးခွန်းတွေမို့
    သူမ မဖြေနိုင်ခဲ့ပါဘူး။
  • 1:45 - 1:46
    သနားညှာတာတဲ့ အပြုအမူနဲ့
  • 1:46 - 1:49
    သူမပုခုံးပေါ်
    ကျွန်တော့လက် ရောက်သွားတယ်။
  • 1:49 - 1:51
    သူမ ရွံ့ဆုတ်ပြီး ရှောင်ထွက်သွားခဲ့တယ်။
  • 1:52 - 1:55
    ချက်ချင်းဆိုသလို သူ့အနီးအနားက
    လူက ပြေးလာပြီး
  • 1:56 - 1:57
    သူမကို အလျင်အမြန် ဖက်ထားကြတယ်။
  • 1:58 - 2:00
    Vicky က သူမကိုလည်း
    တွန်းထုတ် ထွက်လာခဲ့တယ်။
  • 2:00 - 2:02
    အနီးအနားက လူက မှင်တက်သွားကြတယ်။
  • 2:02 - 2:04
    ခဏကြာတော့
  • 2:04 - 2:05
    သူမ ပြန်ထွက်သွားတယ်။
  • 2:06 - 2:09
    ပြီးတော့ ကိစ္စတွေပိုပြီးဆိုးအောင်
  • 2:09 - 2:10
    ဆေးစစ်သူရဲ့ ရုံးခန်းကနေ
  • 2:10 - 2:14
    သူမ အမျိုးသားရဲ့ အလောင်းကိုထည့်ထားတဲ့
    အိတ်ကိုသယ်လာတုန်းက
  • 2:14 - 2:17
    လှေကားတစ်ခုကို ချလိုက်ချိန်မှာ
    အလှဆင်ထားတဲ့ စားပွဲပေါ်ကို
  • 2:17 - 2:20
    အရှိန်ပြင်းပြင်းကျသွားတော့တယ်။
  • 2:21 - 2:24
    ကျွန်တော် သူမရဲ့ အသံကို
    ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။
  • 2:24 - 2:26
    ကျွန်တော့်ကိုကြည့်ပြီးပြောလိုက်တာက
  • 2:27 - 2:29
    "ရှင့်ကိုမခေါ်မိရင် ကောင်းမှာ"
  • 2:30 - 2:31
    ကျွန်တော်စိတ်မသက်မသာဖြစ်ရတယ်
  • 2:33 - 2:36
    သေခြင်းတရားနဲ့ ရင်ဆိုင်နေရတဲ့
    လူတိုင်းဟာ ခက်ခဲနိုင်ပါတယ်။
  • 2:36 - 2:40
    မကြာခဏပဲ ကူညီလမ်းပြဖို့ ကိုယ့်ရဲ့
    စရိုက်ပေါ် လုံးဝဥဿုံ မှီခိုနေရတယ်။
  • 2:40 - 2:42
    ဥပဒေ စိုးမိုးရေးမှာ
  • 2:42 - 2:44
    စိတ်ပိုင်း အကာအကွယ်ကို
    ဝတ်ထားရလေ့ရှိတယ်။
  • 2:44 - 2:46
    စိတ်ခံစားချက်အတားအဆီးတစ်ခုပေါ့။
  • 2:46 - 2:48
    ဒါကကျွန်တော်တို့ကို
    လမ်းညွှန်ဖို့ မူဝါဒနဲ့ကျင့်ထုံးကို
  • 2:48 - 2:49
    အာရုံစိုက်နိုင်တယ်။
  • 2:50 - 2:53
    ဒါကြောင့် ကျွန်တော်တို့တွေ တစ်ခါတစ်လေ
    စက်ရုပ်ဆန်လာတယ်။
  • 2:54 - 2:57
    အရပ်သားတွေထဲမှာ ကျွန်တော်
    ရှာဖွေတွေ့ရှိခဲ့တာက
  • 2:57 - 3:00
    အဲဒါတွေကိုပြုပြင်ဖို့ ခင်ဗျားရဲ့ ဗီဇက
    မကြာခဏ မောင်းထုတ်ပစ်တယ်။
  • 3:00 - 3:04
    အမ​ြဲလိုလိုက ရုပ်ပိုင်းထိတွေ့မှု(သို့)
    ရည်ရွယ်ချက်ကောင်းတဲ့မှတ်ချက်တွေနဲ့ပါ
  • 3:04 - 3:07
    တစ်ခါတစ်လေ ဒီဟာက
    အဖြေမှန်ကောင်းမှန်ပါလိမ့်မယ်။
  • 3:08 - 3:10
    တခြားအချိန်မှာတော့ မဟုတ်ဘူး။
  • 3:12 - 3:16
    ကျွန်တော် ခပ်နှေးနှေးလုပ်ပြီး
    အသက်ရှုခဲ့လိုက်ရင်
  • 3:16 - 3:19
    အဲဒိအချိန်မှာပဲ လူတွေနဲ့ ပိုကောင်းတဲ့
    ချိတ်ဆက်မှုကို လုပ်နိုင်ခဲ့လိမ့်မယ်။
  • 3:19 - 3:24
    check-the-box mentality တွေ၊ မူဝါဒတွေ၊
    လုပ်ထုံးလုပ်နည်းတွေကိုရှောင်နိုင်ခဲ့မှာပါ။
  • 3:24 - 3:26
    သူမပတ်ဝန်းကျင်၊ သူမသာ ခပ်ဖြည်းဖြည်းနဲ့
  • 3:26 - 3:28
    အသက်ဝဝရှူခဲ့မိရင်
  • 3:28 - 3:31
    အဲဒိအချိန်က အခြေအနေကို
    သူမ မြင်ကောင်းမြင်မိမှာပါ
  • 3:31 - 3:35
    Vicky က အထိအတွေ့ အတွက်ကို
    မပြင်ဆင်နိုင်ခဲ့ရုံတင်ပါ။
  • 3:35 - 3:37
    နှလုံးသားတွေ နေရာမှန်မှာ
    ရှိနေခဲ့လောက်တယ်
  • 3:37 - 3:41
    ဒါပေမဲ့ သူမကို အာရုံစိုက်မယ့်အစား
    ကိုယ့်ကိစ္စကိုပဲ ဆက်လုပ်နေမိတာ။
  • 3:42 - 3:43
    လုံးဝ ဆန့်ကျင်ဘက်အတွင်းမှာ
  • 3:44 - 3:45
    သိပ်မကြာသေးခင်ကပဲ
  • 3:45 - 3:48
    အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့တယ်။
    Monica ဆိုပါစို့။
  • 3:48 - 3:50
    သူမအမျိုးသားဟာ
    ဝမ်းနည်းစရာကောင်းစွာ
  • 3:50 - 3:53
    သူ့ဘဝကိုအဆုံးသတ်သွားပြီလို့ပြောဖို့
    ကျွန်တော့်ကို တာဝန်ပေးထားတယ်။
  • 3:54 - 3:58
    သူမ အသက်ရှုရခက်လောက်အောင်ကို
    ကြမ်းပြင်ပေါ်လဲကျ ငိုကြွေးနေတော့တယ်။
  • 3:58 - 4:02
    အဲဒိအခိုက်အတန့်ရဲ့ ကြီးလေးမှုက
    အတော်ပြင်းထန်တယ်။
  • 4:02 - 4:05
    ဒါပေမဲ့ သူမကိုနှစ်သိမ့်ဖို့နဲ့
    ဒီဇောကို ပြောင်းလဲခုခံဖို့
  • 4:05 - 4:07
    လိုအပ်ကြောင်းကို သဘောပေါက်ခဲ့တယ်။
  • 4:07 - 4:08
    ကြောင်တောင်တောင်နိုင်တယ်လား။
  • 4:08 - 4:10
    ရိုးရိုးသားသားပြောရရင် ဒုက္ခကြီးပါ
  • 4:10 - 4:13
    ခင်ဗျားစိတ်ထဲနဲ့ နှလုံးသားထဲမှာ
    ဒီလူကို ဖက်ထားချင်လိမ့်မယ်။
  • 4:14 - 4:15
    ဒါပေမဲ့ ရပ်လိုက်ရတယ်။
  • 4:16 - 4:19
    စိတ်ဒဏ်ရာတွေနဲ့
    နှစ်နှစ်ဆယ်ကျော်နေခဲ့ပြီးနောက်
  • 4:19 - 4:20
    ကျွန်တော်ပြောပြချင်တာက
  • 4:20 - 4:23
    အထိအတွေ့က လူတိုင်းအတွက်တော့
    သက်တောင့်သက်သာမဖြစ်စေဘူးဆိုတာပါ။
  • 4:23 - 4:25
    ကိုယ်ဘာမှ မသိလောက်တဲ့
  • 4:25 - 4:28
    စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်း
    ဆိုင်ရာကနေ ခံစားနေရတဲ့ လူတွေ
  • 4:28 - 4:30
    ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။
  • 4:31 - 4:34
    ဒီလိုအခိုက်အတန့်တွေထဲကသူတို့ဘာတွေးပြီး
    ဘာတွေခံစားနေကြမလဲ ဘယ်သူသိနိုင်မလဲ။
  • 4:34 - 4:36
    ကျွန်တော်ဆက်လုပ်မိရင်
  • 4:36 - 4:38
    Vicky လိုမျိုး ကျွန်တော်သူမကို
    သွားထိမိခဲ့ရင်
  • 4:38 - 4:43
    တစ်ခါပြန်ပြီး သူမကို မရည်ရွယ်ဘဲနဲ့
    မတရားဖိနှိပ်သလို လုပ်မိသွားနိုင်တယ်။
  • 4:44 - 4:46
    လေးစားမှုအတိုင်းအတာတစ်ခုကို စဥ်းစားပါ။
  • 4:46 - 4:49
    လေးစားမှုအတိုင်းအတာရဲ့
    ညွှန်ကြားမှုကိုခံယူပါ။
  • 4:49 - 4:52
    ဒါဟာကြီးမားတဲ့သက်ရောက်မှုနဲ့အတူ
    ရိုးရှင်းတဲ့ အယူအဆပါပဲ။
  • 4:52 - 4:56
    ကိုယ်ကိုမလိုလားဘဲနဲ့
    အဲဒိနယ်ပယ်ထဲ ခြေချလို့မရပါဘူး။
  • 4:57 - 4:59
    ဒါနဲ့ ကျွန်တော် Monica အနားမှာ
  • 5:00 - 5:01
    တိတ်တဆိတ်လေးထိုင်လိုက်တယ်
  • 5:01 - 5:03
    မျက်စိနဲ့ တစ်တန်းတည်း
  • 5:03 - 5:05
    အဲဒီအခိုက်အတန့်ကို ခံစားရင်းနဲ့ပေါ့။
  • 5:05 - 5:08
    ကြားရတဲ့အထိ ကျွန်တော့်နှလုံးသား
    ခပ်ပြင်းပြင်းခုန်လှုပ်နေတာ။
  • 5:08 - 5:09
    လည်ချောင်းမှာ ဆို့သလိုလို။
  • 5:09 - 5:12
    အား...ကျွန်တော် မျိုချရ ခက်ခဲလိုက်တာ။
  • 5:12 - 5:14
    ပြီးတော့ သိလား။
  • 5:14 - 5:15
    အဲဒါအဆင်ပြေတယ်နော်။
  • 5:16 - 5:21
    စိတ်ခံစားချက်နဲ့ တန်ဖိုးထားမှုဟာ
    တချို့လူတွေအတွက် အရမ်းခက်ခဲနိုင်တယ်။
  • 5:21 - 5:22
    ကျွန်တော် ဒါကိုနားလည်တယ်။
  • 5:22 - 5:25
    ဒါပေမဲ့ လူတွေရဲ့အခိုက်အတန့်မှာ လူတွေပဲ
    လူသားတွေကို လိုပြန်ရော။
  • 5:25 - 5:30
    စက်ရုပ်ဆန်တဲ့ ရဲဝန်ထမ်း(သို့) စာရွက်
    စာတမ်းအကြောင်းတွေပြောတာ မလိုချင်ကြဘူး။
  • 5:30 - 5:32
    သူတို့ကိုဆက်သွယ်ဖို့ တခြားလူသား
    တစ်ယောက်ဖြစ်စေချင်ကြတာ။
  • 5:34 - 5:36
    ကျွန်တော်တို့ အတူတူထိုင်လိုက်တာနဲ့
  • 5:36 - 5:40
    သူမ မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါ
    ထပ်ခါမက မေးပါတော့တယ်။
  • 5:40 - 5:43
    "ကျွန်မ ကလေးတွေကို ဘာပြောရမလဲ။"
  • 5:43 - 5:47
    တန်ဖိုးထားရမယ့်နေရာရဲ့
    အ‌ရေးပါဆုံးအပိုင်းထဲက တစ်ခုကတော့
  • 5:47 - 5:50
    အဖြေတစ်ခု အမြဲတမ်းရှိနေဖို့ မလိုအပ်ပါဘူး။
  • 5:50 - 5:53
    သူမ ဒီမေးခွန်းကိုပြန်မဖြေစေချင်တာကိုလည်း
    ကျွန်တော်ခံစားမိပါတယ်။
  • 5:53 - 5:56
    ပြင်မရတဲ့ ကာလကို
    ကြိုးစားပြင်ပေးတာ မဖြစ်စေချင်ဘူး။
  • 5:56 - 5:59
    သူမကြုံတွေ့နေရတဲ့
    ဒီအတွေ့အကြုံရဲ့ အနက်ကို
  • 5:59 - 6:01
    ချိတ်ဆက်မိစေချင်တာ သူမ ဆန္ဒပါပဲ။
  • 6:01 - 6:03
    ဟုတ်တယ်၊ကျွန်တော် အလုပ်တစ်ခုရှိခဲ့တယ်။
  • 6:03 - 6:05
    ပြီးတော့ အချိန်ကိုက်ဖြစ်လာတဲ့အခါ
  • 6:05 - 6:07
    ဖြေဖို့လိုအပ်တဲ့ မေးခွန်းတစ်ခုကို
    ကျွန်တော် မေးခဲ့တယ်။
  • 6:07 - 6:09
    ဒါပေမဲ့ ကျွန်တော် သူမနေရာကနေလုပ်လိုက်တာပါ။
  • 6:10 - 6:15
    နာရေးသတင်းကို တုံ့ ပြန်ရတာဟာ
    လူတွေရဲ့အတွေ့အကြုံကို အများကြီးသင်ပေးပြီး
  • 6:15 - 6:18
    ကိုယ့်ကိုအလိုအပ်ဆုံးအချိန်မှာ နေ‌ပေးဖို့က
    အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
  • 6:19 - 6:22
    ဒါပေမဲ့ ဒါကသေခြင်းနဲ့ကြုံလာတဲ့အခါ
    အမြဲတမ်း ဖြစ်စရာမလိုပါ။
  • 6:22 - 6:25
    အချိတ်အဆက်တစ်ခုတည်ဆောက်ဖို့
    အချိန်ဆိုးဆိုတာ ဘယ်တော့မှမရှိပါဘူး။
  • 6:25 - 6:28
    မိတ်ဆွေဆီမှ သီးသန့် ဖွင့်ဟခြင်းကို
    ကြားရတာနဲ့
  • 6:28 - 6:31
    ပိုကောင်းတဲ့ နားထောင်ပေးတဲ့သူ
    ဖြစ်နိုင်တယ်။
  • 6:31 - 6:33
    ကိုယ်ချစ်ရသူနဲ့ ကတောက်ကဆ ဖြစ်ချိန်
  • 6:33 - 6:36
    နောက်ကိုတစ်လှမ်းဆုတ်ပြီး
    လေးစားသမှုပြလိုက်ခြင်းအားဖြင့်
  • 6:36 - 6:39
    သူတို့ပြသနာတွေဘက်ကနေ ချိတ်ဆက်ဖို့
    ပိုကောင်းလာလိမ့်မယ်။
  • 6:39 - 6:42
    သူတို့ချစ်ရတဲ့လူတစ်ယောက်
    သေဆုံးကြောင်းကို ကိုယ်မသိတဲ့သူစိမ်း ပြောပြဖို့
  • 6:42 - 6:44
    ဘယ်တော့မှ တာဝန်ပေးခံရမှာမဟုတ်ပါဘူး
  • 6:44 - 6:45
    ဒါပေမဲ့ ကျွန်တော်တို့အားလုံး
    အကောင်းဆုံးနဲ့
  • 6:45 - 6:49
    အချိတ်အဆက်မိဆုံးဖြစ်ဖို့
    အခွင့်အရေးရှိပါတယ်။
  • 6:49 - 6:51
    အထူးသဖြင့် လိုအပ်တဲ့အချိန်တွေမှာ‌ပေါ့။
  • 6:52 - 6:54
    ဒီလိုလေးစားမှုနေရာကနေ သူများကို
    ဘဝတစ်ခုပြောင်းလဲဖို့
  • 6:54 - 6:58
    ကိုယ့်အနားရှိတဲ့လူတွေကို
    အထောက်အပံ့ပြုပေးနိုင်ပါတယ်။
  • 6:59 - 7:00
    ကျေးဇူးတင်ပါတယ်။
Title:
တခြားသူတွေကို အထောက်အပံ့ပြုပေးခြင်းနဲ့ နားထောင်ပေးခြင်းအတွက် နည်းလမ်းတစ်ခု။
Speaker:
Jeremy Brewer
Description:

ရဲဝန်ထမ်းတစ်ယောက်အဖြစ် Jeremy Brewer ဟာ နေ့စဥ် စိတ်ပိုင်းဆိုင်ရာဒဏ်ရာနဲ့ ဆုံးရှုံးမှုတွေကြုံရတဲ့လူတစ်ဦးတစ်ယောက်ချင်းဆီနဲ့ ပြောဆိုနေရပါတယ်။
ဒီလို ခပ်ပါးပါးဆွေးနွေးခွင့်ရတဲ့အလုပ်ကနေရလာတဲ့အမြင်ကနေ Brewerဟာ ဖြေရှင်းလို့မရတဲ့အခြေအနေကိုကြိုးစားဖြေရှင်းတာထက် တစ်ခါတစ်လေ သူတို့ရဲ့နေရာကို လေးစားသမှု
ပြုပေးတာက ဘာလို့ပိုအရေးကြီးရသလဲဆိုတဲ့ အမြင်ကို ဝေမျှသွားတာပါ။
ပြီးတော့ ကိုယ့်ကိုအလိုအပ်ဆုံးအချိန်မှာ သူတို့ကိုအ‌ထောက်အပံ့ပြုပေးဖို့ ဘယ်လို ချဉ်းကပ်ရမလဲဆိုတာပါ ရှင်းပြသွားပါတယ်

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:16

Burmese subtitles

Revisions Compare revisions