သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း
-
0:01 - 0:03’’အရင်ကထက် ပိုအဆင်ပြေလာတယ် မဟုတ်လား’’
-
0:03 - 0:06ဒီစကားက ငယ်ရွယ်တဲ့ မိဘတွေဆီကနေ
ကျွန်မ အမြဲကြားနေရတဲ့ စကားပါ -
0:06 - 0:09ခုမှ ကိုယ့်ကလေးတွေကို စပြီးစိတ်ပူ
ရတော့မယ်သူတွေပေါ့။ -
0:09 - 0:12မဟုတ်ပါဘူးလို့ ကျွန်မ
သူတို့ကို ပြန်ငြင်းတယ်။ -
0:12 - 0:13အခု အရင်ကနဲ့မတူတာ ဟုတ်ပေမဲ့၊
-
0:13 - 0:16မိဘဖြစ်လာရင်တော့ စိတ်ပူပန်စရာ
တစ်ခုခု အမြဲတမ်းရှိပါတယ်။ -
0:16 - 0:20ကျွန်မအိပ်ယာထဲ နိုးတစ်ဝက်နဲ့ လှဲနေရင်း
ငယ်ငယ်တုန်းက ပန်းနာရောဂါ ရှိနေခဲ့တဲ့ -
0:20 - 0:22ကျွန်မသား အသက်ရှူသံကို နားထောင်နေခဲ့တာ
-
0:22 - 0:24ကျွန်မ အခုထက်ထိကို မှတ်မိနေလျက်ပါ။
-
0:24 - 0:26အဲဒီနောက် သူဆယ်ကျော်သက် အရွယ်ရောက်တော့
-
0:26 - 0:28ကျွန်မ အိမ်ရှေ့တံခါးဖွင့်သံ မကြားမချင်း
-
0:28 - 0:31သူဟာ အိမ်မှာ
လုံခြုံစွာရှိနေတာ ကျွန်မသိခဲ့တယ်။ -
0:31 - 0:34ကျွန်မတို့ ကလေးတွေကို စိုးရိမ်တာက
နယ်မြေအလိုက် ရှိတတ်ရှိပါတယ်။ -
0:34 - 0:38အခုတော့၊ အဲဒီလို စိုးရိမ်မှုတွေဟာ
သာမန်ကိစ္စလေးတွေနဲ့ ဆိုင်ပါတယ်၊ -
0:38 - 0:41သူတို့ဘာစားတယ်၊ ဘယ်သွားတယ်၊ ဘယ်သူတွေနဲ့
ပေါင်းသင်းနေလဲ ဆိုတာမျိုးတွေပေါ့။ -
0:41 - 0:45ဒါပေမဲ့ ကလေးတွေရဲ့ အပြုအမူသစ်တွေ၊ နေထိုင်
ပုံတွေကိုလည်း ကျွန်မတို့ သတိထားရပါမယ်။ -
0:46 - 0:51အခု ရေပန်းစားနေတဲ့ဟာက ကျန်းမာရေး
နဲ့ပတ်သက်နေတယ်လို့ -
0:51 - 0:53လူတိုင်း သတိမထားမိကြသေးပါဘူး၊
-
0:53 - 0:56အဲဒါက ပုံစံသစ် ဆေးလိပ်သောက်နည်းတစ်မျိုးပါ၊
-
0:56 - 0:58ချိုတဲ့အရသာရှိတဲ့ e-cigarettes
အရည်တွေကို -
0:58 - 1:02အငွေ့ပြန်ထုတ်ပေးတာကို
ရှူနေကြတာဖြစ်ပါတယ်။ -
1:03 - 1:06အားလုံးက e-cigarettes (သို့)
vapes လို့ခေါ်တဲ့ ကိရိယာတွေက -
1:06 - 1:08ချိုချဉ်တွေရဲ့နေရာကို ယူလာနေကြပါပြီ။
-
1:08 - 1:11ဒီနှစ်ထဲမှာ e-cigarettes တွေကို
ကမ္ဘာ့ဈေးကွက်ထဲမှာ -
1:11 - 1:14၂၆ ဘီလီယံ လောက် တစ်ကမ္ဘာလုံးမှာ
ရောင်းဖို့ မျှော်လင့်ထားကြပါတယ်။ -
1:15 - 1:16နောက်လာမယ့် ၆ နှစ်ကျလို့ရှိရင်၊
-
1:16 - 1:18ပမာဏဟာ နှစ်ဆတက်လာမယ်လို့
ခန့်မှန်းကြပါတယ်။ -
1:20 - 1:23vaping လုပ်လို့ဖြစ်လာမယ့် ကျန်းမာရေး
အကျိုးဆက်တွေများကြပြီး၊ -
1:23 - 1:26ကံဆိုးတာက လုံလောက်တဲ့
အဖြေတွေ မရှိသေးခြင်းပါပဲ။ -
1:27 - 1:31e-cigarettes သုံးစွဲသူတွေအကြောင်း
စဉ်းစားမိရင် ပိုတောင်စိုးရိမ်စရာပါ။ -
1:31 - 1:34US တစ်နိုင်ငံတည်းမှာတောင် e-cigarette
သုံးစွဲမှုနှုန်းဟာ -
1:34 - 1:38လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ
အလျင်အမြန် တိုးလာနေတယ်၊ -
1:38 - 1:39ကျွန်မတို့ ကလေးတွေ၊
-
1:39 - 1:41ကျွန်မတို့ရဲ့ အထိခိုက်လွယ်ဆုံး
လူဦးရေတွေပါ။ -
1:42 - 1:46၂၀၁၂ နဲ့ ၂၀၁၅ နှစ်တွေအကြားမှာ e-cigarette
-
1:46 - 1:49သုံးစွဲတဲ့လူငယ်တွေ ၉၀ဝ% တိုးလာခဲ့တယ်။
-
1:49 - 1:52လတ်တလော ခန့်မှန်းချက်အရ
-
1:52 - 1:56US နိုင်ငံထဲက ၃.၆ သန်းနီးပါးရှိတဲ့
အထက်တန်းနဲ့အလယ်တန်း -
1:56 - 1:58ကျောင်းသားတွေဟာ e-cigarette ကို
သုံးစွဲခဲ့ဖူးကြတယ်။ -
1:59 - 2:02တကယ်တော့၊ သန့်စင်ထားတဲ့ နီကိုတင်းပါတဲ့
e-cigarette တွေက ဆေးလိပ်သောက်သူတွေ -
2:03 - 2:05ဆေးလိပ်ဖြတ်ဖို့အတွက်
ဆေးလိပ်အစား သုံးစွဲဖို့ -
2:05 - 2:07ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
-
2:08 - 2:11အမေရိကားမှာ ဒီပစ္စည်းတွေက
ဆေးရွက်ကြီးထုတ်ကုန် -
2:11 - 2:13အဖြစ်နဲ့ FDA ရဲ့ကြီးကြပ်မှုနဲ့
ထုတ်လုပ်တာပါ။ -
2:13 - 2:16ဒါပေမဲ့ အလျင်အမြန်တိုးတက်လာနေတဲ့
ဒီပစ္စည်းရဲ့ဈေးကွက်ကို -
2:16 - 2:19သိပ္ပံပညာဟာ
ထိန်းချူပ်နိုင်ဖို့ လိုက်မမီနိုင်လို့၊ -
2:19 - 2:23ဒီကိရိယာတွေမှာပါတဲ့ အရည် (e-liquid) နဲ့
အခြားပါဝင်ပစ္စည်းတွေ ဆိုင်ရာ -
2:23 - 2:25စည်းကမ်းချက်တွေဟာ လိုက်မမှီနိုင်ဘူး။
-
2:26 - 2:29လက်ရှိ ဥပဒေက အသက် ၁၈ နှစ်အောက်
ဘယ်သူကိုမဆို -
2:29 - 2:32ဒီပစ္စည်းတွေ မရောင်းပေးဖို့
တားမြစ်ထားပါတယ်။ -
2:32 - 2:35ဒါပေမဲ့ ဆယ်ကျော်သက်တွေ အနေနဲ့
ဒီပစ္စည်းအား သုံးစွဲမှုအပေါ် -
2:35 - 2:38အကျိုးသက်ရောက်မှူ သိပ်ရှိပုံမရပါဘူး။
-
2:38 - 2:42ကျွန်မ e-cigarette ကို
ပထမဆုံးအကြိမ် မြင်လိုက်ရချိန်မှာ -
2:42 - 2:45ဆယ်ကျော်သက်တွေ အကြိုက်ဖြစ်မယ်လို့
ချက်ချင်း နားလည်လိုက်တယ်။ -
2:45 - 2:48ဒီကိရိယာတွေကနည်းပညာပါတဲ့
အချောင်းပုံစံလေးပဲ၊ -
2:48 - 2:51စမတ်ဖုန်းကြိုက်တဲ့ မျိုးဆက်သစ်
တွေအတွက် ကွက်တိပဲပေါ့။ -
2:51 - 2:57သေးတယ်၊ အားသွင်းနိုင်တယ်၊
သုံးရလွယ်ပြီးတော့ မွှေးတယ်လေ။ -
2:57 - 3:01တစ်ချို့ဆို ကိုယ့်ဖုန်းနဲ့ ချိန်ဆက်ထားပြီး
ဘယ်လောက်ရှူပြီးကြောင်း ကြည့်နိုင်တယ်။ -
3:01 - 3:04ကျွန်မတောင် ဒီလိုစမတ်ကျတဲ့
ဒီပစ္စည်းတွေကို စိတ်ဝင်စားခဲ့သေးတယ်။ -
3:05 - 3:10ဆယ်ကျော်သက်နဲ့လူကြီးတွေရဲ့ စွဲလမ်းမှုကို
ကျွန်မက သုတေသနအများကြီးလုပ်ခဲ့လို့ -
3:10 - 3:15ဒီပစ္စည်းတွေက လူငယ်တွေရဲ့အကြိုက်ဖြစ်မှာကို
ကျွန်မ ချက်ချင်းနားလည်လိုက်တယ်။ -
3:17 - 3:20လူငယ်တွေက တဇွတ်ထိုးလုပ်တတ်ကြပြီး
ပစ္စည်းသစ်တွေကို စမ်းသပ်ရတာ ကြိုက်ကြတယ်လေ။ -
3:21 - 3:24သူတို့ဟာ လွတ်လပ်မှုကို ရှာယူလိုကြပြီး
ကိုယ်ပိုင် ပစ္စည်းတွေရှိတာကို ကြိုက်ကြတယ်။ -
3:25 - 3:28e-cigarettes တွေက ဒီအချက်တွေနဲ့
ကွက်တိဖြစ်နေတယ်၊ -
3:28 - 3:31သူတို့ဟာ ဆန်းသစ်တဲ့နည်းဖြင့်
အငွေ့ရှူရခြင်းကို -
3:32 - 3:34ကိုယ်ပိုင် အတွေ့အကြုံအဖြစ်
ခံယူနိုင်ကြတာကိုး။ -
3:34 - 3:38အနံ့အရသာပေါင်း ၁၅၀ဝ၀ လောက်ကို
ရွေးချယ်နိုင်ပြီးတော့ -
3:38 - 3:41နီကိုတင်းပါဝင်မှု နှူန်းကိုလည်း
ရွေးချယ်နိုင်ပါသေးတယ်။ -
3:41 - 3:45သူတို့ဟာ သူတို့ကိုယ်ပိုင် နီကိုတင်း
အနံ့အရသာကို ပေါင်းစပ်ပြီး ရှူနိုင်ကြတယ်။ -
3:45 - 3:50ကိုယ်က အငွေ့ဘယ်လောက်
ထွက်စေချင်လဲ ဆိုတာကို -
3:50 - 3:53အဲဒီမှာပါတဲ့ ပစ္စည်းတွေ၊ ရှူသွင်းမှု ပမာဏ၊
-
3:53 - 3:56အဲ့ဒီပစ္စည်းရဲ့ အပူချိန်တွေကို
စိတ်ကြိုက် ဖန်တီးယူလို့ရပါတယ်။ -
3:56 - 4:00ဒီကိရိယာတွေနဲ့ "cloud chasing"
ကို ပြုလုပ်လို့ရပါတယ်။ -
4:00 - 4:03အငွေ့ရှူမှု လှည့်ကွက်များ ဒါမှမဟုတ်
ဆေးလိပ်ရှူမှု လှည့်ကွက်များလို့ -
4:03 - 4:04ခေါ်ကြသေးတဲ့
-
4:04 - 4:09"cloud chasing" ထဲတွင် အငွေ့များဖြင့်
ထူးဆန်းတဲ့ ပုံများကို ထုတ်လုပ်ကြတယ်။ -
4:09 - 4:11နာမည်၊ အကွင်းပုံတွေ၊ နဂါးပုံတွေ သရဲပုံတွေ
စသဖြင့်ပေါ့။ -
4:11 - 4:15အဲသလို 'cloud chasing'
ပြိုင်ပွဲတွေတောင်ရှိတယ်။ -
4:15 - 4:18အဆန်းသစ်ဆုံး ပုံစံကို
လုပ်ပြနိုင်သူကို ဆုချပေးပါတယ်။ -
4:20 - 4:24ကလေးတွေက အငွေ့ရဲ့ပြင်းအားနဲ့ အာခေါင်အား
ရိုက်ခတ်မှုအားကို -
4:24 - 4:27အe-liquid ကို ပိုမြင့်တဲ့ အပူချိန်မှာ
အငွေ့ပျံစေခြင်းဖြင့် ဒါမှမဟုတ် -
4:27 - 4:31e-liquid ကို ပူပြင်းနေတဲ့ အကွင်းပေါ်သို့
အစက်ချပေးခြင်းဖြင့် လုပ်ပေးနိုင်ကြတယ်။ -
4:31 - 4:34အဲဒီကိရိယာထဲမှာ ဆေးခြောက်ထည့်ပြီး
ရှူဖို့လည်း သုံးနိုင်တယ်။ -
4:35 - 4:37အဲဒီကိရိယာတွေ
သုံးကြတဲ့ အပူချိန်က နိမ့်နေပြီး -
4:37 - 4:40အထဲကဆေးခြောက်ဟာ
လောင်ကျွမ်း သွားတာမျိုးမရှိလို့၊ -
4:40 - 4:43ဆေးခြောက်နံ့ ခံမရစေဘဲ
လူငယ်တွေကဆေးခြောက်ကို -
4:43 - 4:45သိုသိပ်စွာ ဘယ်သူမှမသိအောင် သုံးနိုင်ပါတယ်။
-
4:45 - 4:49ဆိုတော့ ဒီကိရိယာတွေနဲ့ သူတို့ဟာ စိတ်ကြိုက်
စမ်းသပ် လုပ်ကိုင်နိုင်ကြလို့၊ -
4:49 - 4:53ဒီကိရိယာတွေ လူငယ်တွေကြားမှာ အံ့ဖွယ်
ရေပန်းစားနေတာကို ရှင်းပြရနိုင်ပါတယ်။ -
4:55 - 4:58E-cigarette တွေက
နည်းပညာအရ ရိုးရှင်းတဲ့ ကိရိယာပါ။ -
4:58 - 5:04e-liquid ထည့်ရန် နေရာရှိမယ်၊ ဒါက
ဗူးပုံစံ၊ အိုးပုံစံ စသဖြင့်ရှိနိုင်တယ်။ -
5:04 - 5:09e-liquid ကို အငွေ့ပျံစေတဲ့ အကွင်းလေးကို
ပူလာစေတဲ့ ဘက်ထရီပါရမယ်။ -
5:09 - 5:10ပါးစပ်နဲ့စုပ်ဖို့ စုပ်တံ ပါရမယ်၊
-
5:10 - 5:13သုံးစွဲသူဟာ စုပ်တံမှ တစ်ဆင့်
e-cigarette ကို ရှူကြတာပါ။ -
5:14 - 5:20၂၀၁၇ ခုနှစ်မှာ ဈေးကွက်ထဲတွင် e-cigarette
စုစုပေါင်း ၄၆၆ မျိုး ရှိခဲ့တယ်။ -
5:21 - 5:25အဲပမာဏထဲတွင် 'cigalikes' ခေါ် ကိရိယာများ
စတင်လျက် -
5:25 - 5:29ဘောပင်ပုံစံ တိုင်ကီ စနစ်တွေအဆုံး
ပါဝင်ပါတယ်။ -
5:29 - 5:33ပြီးတော့ 'mods' ခေါ် အဲ့ကိရိယာတွေကို
အဆင့်မြှင့်ထားတဲ့ ကိရိယာတွေ ရှိသေးတယ်။ -
5:33 - 5:35'mods' တွေဟာ စီးကရက်နဲ့
လုံးဝမတူပါဘူး၊ -
5:35 - 5:38၎င်းတို့ရဲ့ ပုံစံဟာဖြင့် မျိုးစုံပြီး
အရွယ်အစား အစုံပါပဲ၊ -
5:38 - 5:42ချိတ်တွဲသုံးစရာ အမျိုးမျိုး ပါပြီး
သုံးစွဲသူက စိတ်ကြိုက် ညှိနှိုင်းနိုင်တယ်။ -
5:42 - 5:45၎င်းတို့ဟာ 'cloud chasing' အတွက်
သိပ်ကို နာမည်ကြီးကြတယ်။ -
5:45 - 5:47ဈေးကွက်ထဲကို လတ်တလောဝင်လာတဲ့
-
5:47 - 5:49ပစ္စည်းက pod ကိရိယာတွေကျတော့
-
5:49 - 5:51e-liquid ကို pod ထဲ ထည့်ထားတယ်။
-
5:51 - 5:54အဲဒါတွေဟာ လူငယ်တွေကြားမှာ
သိပ်ကို ရေးပန်းစားနေပါတယ်။ -
5:54 - 5:56အဲဒါရဲ့ ဥပမာ တစ်ခုက Juul ပါ၊
-
5:56 - 5:59အဲဒါက USB နဲ့တူရုံတင်မဟုတ်ဘူး
-
5:59 - 6:02USB အပေါက်ထဲ ထည့်ပြီး
အားသွင်းလို့လည်းရသေးတယ်။ -
6:03 - 6:06ဆယ်ကျော်သက်အများစုက ဒါကို
e-cigarettes လို့တောင်မထင်ကြဘဲ -
6:06 - 6:10အငွေ့ရှူမှု vaping အစား juuling
ဆိုပြီး သုံးနှုန်းနေကြတယ်။ -
6:10 - 6:15အဲဒီကိရိယာ တော်တော်များများဆို
အနံ့မပြင်းတဲ့အပြင် အငွေ့ထွက်မှု နည်းလို့ -
6:15 - 6:17ဆယ်ကျော်သက်တွေက
စာသင်ခန်းထဲမှာတောင်သုံးနေကြပြီး -
6:17 - 6:20သူတို့ရဲ့ ဘောပင်တွေ၊ အဝတ်အစားနဲ့
-
6:20 - 6:22စာအုပ်တွေထဲမှာ ဝှက်ထားနိုင်ကြတယ်။
-
6:22 - 6:25ဆယ်ကျော်သက် အများအပြားတို့က
ဒီကိရိယာတွေဟာ ရေငွေ့ကို ထုတ်ပေးတာဘဲ၊ -
6:25 - 6:27သုံးရတာ ဘေးကင်းတယ်လို့ ထင်မြင်ကြတယ်လေ။
-
6:27 - 6:30ဒါပေမဲ့ အဲ့ဒါဟာ အမှန်တရားမဟုတ်နိုင်ပါဘူး။
-
6:30 - 6:32ထုတ်လုပ်ပေးတဲ့အရာက ရေငွေ့
မဟုတ်ရုံတင် မကသေးဘဲ၊ -
6:33 - 6:34aerosol ခေါ် ဓာတုဆေးပါ၊
-
6:34 - 6:37ခြားနားချက်ဟာ သိပ်ကို သိသာထင်ရှား
လှတာကို ကျွန်မ ပြောပြပါရစေ။ -
6:37 - 6:42Aerosol ထဲမှာ အရည်နဲ့ ဂက်စ်တွေရဲ့
နူးညံ့လှတဲ့ အမှုန်တွေ ပါဝင်ကြပြီး -
6:42 - 6:45အဲဒါတွေကို e-liquid ထဲ ပါရှိတဲ့
အရာမှနေပြီး ဖန်တီးပေးပါတယ်။ -
6:45 - 6:49ဒါကြောင့် aerosol ထဲမှာ e-liquid
ထဲတွင် ပျော်ဝင်နေကြတဲ့ -
6:49 - 6:51propylene glycol နဲ့
ဂလစ်ဆရင် တွေ ပါဝင်ကြတယ်။ -
6:51 - 6:54အဲဒီဓာတုပစ္စည်းတွေက စားသုံးရန်
ဘေးကင်းတယ်လို့ ယူဆရလို့ -
6:54 - 6:57ကျွန်မတို့စားတဲ့ ထုတ်ကုန်များထဲမှာ
သုံးရနိုင်ပေမဲ့၊ -
6:57 - 7:02၎င်းတို့ကို ရေရှည် ရှူသွင်းမှု ဘေးကင်း
သလားကို ကျွန်မတို့ သိထားတာ နည်းလှပါတယ်။ -
7:03 - 7:05e-liquid တွေထဲတွင် အရက်လည်းပါဝင်နိုင်ပြီး၊
-
7:05 - 7:07တစ်ခါတစ်ရံ ပါဝင်မှုအဆင့်မြင့်တော့၊
-
7:07 - 7:11အရက်ကို ရှူသွင်းခြင်းက ဦးနှောက်ကို
အဆိပ်သင့်စေနိုင်ကြောင်း သိကြပါတယ်။ -
7:12 - 7:16ကျွန်မ စောစောကပြောခဲ့သလိုပဲ e-liquid
တွေထဲမှာ အနံ့အရသာ ၁၅၀ဝ၀ ကျော်ပါဝင်တယ်။ -
7:16 - 7:18ဥပမာတစ်ချို့ ဖေါ်ပြပေးရရင်၊
-
7:18 - 7:23တစ်ချို့က မှတ်ရလွယ်ပြီး ရင်းနှီးဖွယ်
Skittles နဲ့ Fruit Loops အမည်ဖြစ်လျက်၊ -
7:23 - 7:28တစ်ချို့အမည်တွေက ပိုပြီးထူးခြားပါတယ်
Dragon's milk တို့၊ Tiger's Blood တို့၊ -
7:28 - 7:29Unicorn Puke တို့လိုပေါ့။
-
7:30 - 7:34အဲဒီ e-liquid ဒါမှမဟုတ် aerosol ထဲမှာ
ခရိုမီယံ၊ ကက်ဒ်မီယံ နဲ့ ခဲဓာတ်တို့လို -
7:34 - 7:36သတ္တုအမှုန်အစတွေလည်း ပါနိုင်ပါတယ်။
-
7:37 - 7:40ဒါတွေကို ကိရိယာများထဲရှိ အပူပေးတဲ့
အကွင်းမှ ထုတ်လွှတ်ပေးခြင်း ဖြစ်ပြီး၊ -
7:40 - 7:43ကျွန်မတို့ရဲ့ အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်း
တွေကို အဆိပ်ဖြစ်စေကြောင်း သိရတယ်။ -
7:44 - 7:47ဆိုတော့ ကျွန်မ ရှင်းသွားအောင်
ထောက်ပြလိုတာက- -
7:47 - 7:50အဲဒီကနေ ထုတ်လွှတ်ပေးလိုက်တဲ့ဟာက
ရေငွေ့လုံး ဝမဟုတ်တာ သေချာပါတယ်။ -
7:52 - 7:55e-cigarettes မှတဆင့် ကလေးတွေရဲ့ ဦးနှောက်ထဲ
နီကိုတင်း ဝင်ရောက်လာမှုဟာ -
7:55 - 7:57အင်မတန်မှ စိုးရိမ်စရာကောင်းပါတယ်
-
7:57 - 8:01ကလေးတွေရဲ့ ဦးနှောက်ဟာ နီကိုတင်းပမာဏ
နည်းနည်းကြောင့်ကိုပင် အရမ်းထိခိုက်လွယ်ပြီး -
8:01 - 8:03ဆေးစွဲမိဖို့လည်း အရမ်းကိုလွယ်ပါတယ်။
-
8:03 - 8:06တကယ်တော့ ကျွန်မတို့ အရင်ကတည်းက
သိထားရသလို -
8:06 - 8:11ဆေးလိပ်သောက်သူရဲ့ ၉၀% က စီးကရက်ကို
အသက် ၁၈ နှစ် မတိုင်မီက စခဲ့ကြတာပါ။ -
8:11 - 8:16စောပြီး စသောက်လာသူဟာ ပိုစွဲမိပြီး
ဖြတ်ဖို့လည်း ပိုပြီးခက်ခဲတတ်ပါတယ်။ -
8:16 - 8:20တစ်နည်းအားဖြင့်၊ FDA
ကော်မရှင်နာ ဟောင်းကို ကိုးကားရပါက- -
8:20 - 8:23‘‘နီကိုတင်းစွဲမှုဟာ ကလေးများဆိုင်ရာ
ရောဂါ တစ်ခုပါ။’’ -
8:24 - 8:28e-cigarette တွေကို သုံးခြင်းဖြင့် ဆယ်ကျော်
သက်တွေဟာ နီကိုတင်းကို များစွာရနိုင်ကြတယ်။ -
8:28 - 8:31အဲဒီကိရိယာ အများအပြားတွင်
ပါဝင်တဲ့ နီကိုတင်း ပမာဏဟာဖြင့် -
8:31 - 8:32စီးကရက်ထုပ် အပြည့်နဲ့ အတူတူပါပဲ။
-
8:33 - 8:37နောက်ဆုံးထုတ် pod ကိရိယာများကျတော့
နီကိုတင်းဆား ဆိုတာ ပါဝင်ရာ၊ -
8:37 - 8:40ပိုချောမွေ့တဲ့ အရသာရှိပြီး
သုံးရလည်းလွယ်လို့ -
8:40 - 8:43ဦးနှောက်ထဲရှိ နီကိုတင်းပမာဏကို
လျင်မြန်စွာ မြှင့်တင်ပေးနိုင်ပါတယ်။ -
8:44 - 8:48e-cigarette မှန်မှန်သုံးကြတဲ့ ကလေး
တွေက ဆာလောင်မှုလက္ခဏာကို ပြတတ်ကြပြီး -
8:48 - 8:51သူတို့ရဲ့ e-cigarette မသေုံးရရင်မသုံးရရင်
စိုးရိမ်မှုတွေ ခံစားကြရပါတယ်။ -
8:51 - 8:54ဒါတွေအားလုံးက ဆေးစွဲမှုရဲ့
ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။ -
8:55 - 9:00e-cigarette တွေဟာ စွဲတတ်ရုံတင် မကသေးဘဲ၊
-
9:00 - 9:03ခန္ဓာကိုယ်ထဲက တခြားအစိတ်အပိုင်းတွေကိုလည်း
ဆိုးကျိုးဖြစ်စေပါတယ်။ -
9:03 - 9:06ဒါကြောင့်၊ ဥပမာ၊ e-cigarette ထဲမှာပါတဲ့
နီကိုတင်းဟာ -
9:06 - 9:10အာရုံခံစနစ်တစ်ခုဖြစ်ပြီး ကျွန်မတို့
ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအားလုံး -
9:10 - 9:12ပုံမှန်လည်ပတ်နိုင်ဖို့အတွက် အရေးပါတဲ့
-
9:12 - 9:16nicotinic acetylcholine အာရုံခံစနစ်နဲ့
ချိတ်ဆက်မိနေပြီးတော့ -
9:16 - 9:20နီကိုတင်းကို ရေရှည် သုံးစွဲခြင်းင ဒီစနစ်
တွေရဲ့ လည်ပတ်ပုံကို ပြောင်းလဲသွားစေပါတယ်။ -
9:20 - 9:22ဥပမာ အနေနဲ့ ပြောမယ်ဆိုရင်၊
-
9:22 - 9:26နီကိုတင်းကို နှစ်ရှည်သုံးစွဲရင် သွေးကြော
ပြွန်တွေရဲ့ ပျော့ပြောင်းမှုကို နည်းစေလို့ -
9:26 - 9:30စိတ်ဖိစီးမှုလို ပြင်းထန်တဲ့ စိန်ခေါ်မှုအား
နှလုံးမှ တုံ့ပြန်ပုံကို ပြောင်းလဲစေပါတယ်။ -
9:31 - 9:35ကလေးတွေရဲ့ ဦးနှောက်က နီကိုတင်းကို
စွဲလမ်းမှုရဲ့ ဆိုးကျိုးတွေကိုသာမက -
9:35 - 9:38အဆိပ်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေကိုပါ
ခံနိုင်ရည် မရှိကြပါဘူး။ -
9:38 - 9:42အရွယ်ဝင်စ တိရိစ္ဆာန်လေးတွေမှာ နီကိုတင်းက
အာရုံကြောစနစ်အတွက် အဆိပ်ဖြစ်ပါတယ်၊ -
9:42 - 9:45ပြီးတော့ သင်ယူမှု၊ မှတ်ဉာဏ်၊ အာရုံ
စူးစိုက်မှုတို့ကို နှေးကွေးစေပြီး -
9:45 - 9:48ပုံမှန်ထက် တက်ကြွလှုပ်ရှားမှု
လက္ခဏာတွေ တိုးလာစေတတ်တယ်။ -
9:48 - 9:50ဆေးရွက်ကြီးသုံးတတ်တဲ့ လူငယ်တွေက
-
9:50 - 9:52ဆေးခြောက်နဲ့ အရက်ကိုလည်း သုံးစွဲ
ဖို့ အလားအလာ ပိုများပြီး -
9:52 - 9:57လူကြီး၊ လူငယ်မဆို စိုးရိမ်စိတ်များနဲ့
စိတ်ကျရောဂါ ဖြစ်စေပါတယ်။ -
9:59 - 10:03ဒါကြောင့် e-cigarette သောက်ပြီး နီကိုတင်း
စွဲလမ်းနေပြီဆိုရင် တခြားစွဲလမ်းမှုတွေအတွက် -
10:03 - 10:06လမ်းဖွင့်ပြီး တခြားစိတ်ကျန်းမာရေး ပြဿနာ
တွေလည်း ကြုံရနိုင်ပါတယ်။ -
10:07 - 10:11နီကိုတင်းဟာ ကြီးကောင်ဝင်စ တိရိစ္ဆာန်တွေရဲ့
မျိုးရိုးဗီဇကိုပါ ပြောင်းလဲလာစေနိုင်ပါတယ်။ -
10:11 - 10:14ဒါမှမဟုတ် မျိုးရိုးဗီဇလိုက်ခြင်းကို
ပြောင်းလဲသွားစေပါတယ်။ -
10:14 - 10:17ဥပမာ မျိုးရိုးလိုက် ပန်းနာရောဂါမျိုးပေါ့။
-
10:17 - 10:21ဒါကြောင့် နီကိုတင်းသုံးစွဲတဲ့ လူငယ်ဟာ
ကိုယ့်ကိုကိုယ် ထိခိုက်စေရုံတင်မကပဲ -
10:21 - 10:24သူတို့ရဲ့ အနာဂါတ်မျိုးဆက်တွေကိုပါ
အန္တရာယ်ပြုရာ ရောက်ပါတယ်။ -
10:25 - 10:28e-cigarette တွေရှိနေခြင်း ကိုယ်၌က
-
10:28 - 10:32မျိုးဆက် တစ်ခုလုံးကို နီကိုတင်းစွဲနေတဲ့
လူငယ်တွေ ဖြစ်သွားစေနိုင်ပါတယ်။ -
10:33 - 10:36ဒီကိရိယာတွေကို လွယ်လွယ်နဲ့ ရနိုင်ခြင်းက
ဆေးခြောက်နဲ့ -
10:36 - 10:40တခြား ရှူသွင်းတဲ့ ဆေးပစ္စည်းတွေကို ပိုမို
သုံးစွဲစေရေးဆီ ဦးတည်စေနိုင်ပါတယ်။ -
10:41 - 10:46ဆေးလိပ်စွဲနေသူတို့အတွက် ဆေးလိပ်အစား
ပိုသန့်တဲ့ နီကိုတင်းပုံစံကို စီမံပေးခြင်းက -
10:46 - 10:49ဆက်လုပ်သွားသင့်တဲ့ အရေးကြီးတဲ့
ပန်းတိုင်ဖြစ်သင့်ပေမဲ့၊ -
10:49 - 10:53ဒီကိရိယာတွေက ဆေးလိပ်စွဲသူကို ဆေးလိပ်
ဖြတ်ရာတွင် ကူပေးသလား ကျွန်မတို့မသိပါဘူး။ -
10:53 - 10:57ဒီကိရိယာတွေရဲ့ ရေရှည်အကျိုးဆက်တွေကို
ကျွန်မတို့ သိထားတာ နည်းလှပါတယ်။ -
10:58 - 11:03ကျွန်မတို့ သိထားတာက လူငယ်အတော်များများက
ဒီကိရိယာတွေကို သုံးနေကြခြင်းပါပဲ။ -
11:03 - 11:07တကယ်တော့ FDA ကော်မရှင်နာက လတ်တလောမှာ
e-cigarette ကို US တွင် သုံးနေကြပုံကို -
11:08 - 11:11‘‘ကပ်ရောဂါကြီး’’ ဆိုတဲ့ စကားလုံးကို
သုံးနှုန်း ဖေါ်ပြသွားခဲ့ပါတယ်။ -
11:11 - 11:15ဆေးလိပ်သောက်ခြင်းလို ဧရာမ ပြည်သူ့
ကျန်းမာရေး ပြဿနာကို ဖြေရှင်းနေရင်း -
11:15 - 11:18ကျွန်မတို့ဟာ နောက်ထပ် ကြီးမားလှတဲ့ ပြဿနာ
တစ်ခုကို ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။ -
11:19 - 11:22လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မတို့က စီးကရက်
သောက်မှုကို လျစ်လျူရှူခဲ့ကြလို့ -
11:22 - 11:26စီးကရက်ကပ်ဘေးကို ဖြစ်လာစေခဲ့ပြီး စီးကရက်
ဆိုင်ရာ ရောဂါများစွာကို ဖြစ်လာစေခဲ့ပါတယ်။ -
11:27 - 11:30ကျွန်မတို့ e-cigarette ကိစ္စွမှာလည်း
အလားတူအမှားမျိုးကို ထပ်မလုပ်မိလိုပါဘူး။ -
11:31 - 11:34ဒီတော့ အရေးယူ ဆောင်ရွက်ဖို့ အချိန်
ရောက်လာပါပြီ၊ -
11:34 - 11:39အဲဒီကိရိယာများကို လူငယ်တွေ သုံးနေကြပုံကို
ထိန်းချူပ်ရန် စည်းကမ်းချက်တွေ ချမှတ်ရမယ်။ -
11:40 - 11:46ဆေးလိပ်စွဲသူတွေ ဆေးလိပ်ဖြတ်ရန် ကလေးတွေ
အကြိုက် အနံ့ပေါင်း ၁၅၀ဝ၀ ကို လိုအပ်ကြလား။ -
11:47 - 11:50သူတို့ဟာ ဒီလိုများပြားတဲ့ ကိရိယာတွေကို
လိုအပ်ကြပါသလား။ -
11:50 - 11:54သုံးဖို့လွယ်ပြီး ဝှက်ထားဖို့ပါ
သိပ်ကိုလွယ်ကူတဲ့ အဲဒီလို -
11:54 - 11:56ရှိနေကြခြင်းဟာ ကောင်းပါသလား။
-
11:57 - 12:02e-liquid ပါတဲ့ ဒီလို ကိရိယာတွေကို
ကုန်စုံဆိုင်များနဲ့ ဓာတ်ဆီဆိုင်များမှာ -
12:02 - 12:06ရောင်းချမှုဆိုင်ရာ ပိုတင်းကျပ်တဲ့
စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ ရှိနေကြောင်း -
12:06 - 12:09ပြီးတော့ ဒီလိုကိရိယာများကို
လူငယ်များအား အင်တာနက်မှ ရောင်းချမှုကို -
12:09 - 12:11ပိုပြီး တင်းကျပ်စွာ ထိန်းချုပ်သွားဖို့
-
12:11 - 12:15FDA မှ အရေးယူမယ့် စီမံချက်တွေ
ရှိနေကြောင်း ကျွန်မတို့ သိရပါတယ်။ -
12:15 - 12:19အဲဒါက လူငယ်တွေကြား ဒီလျင်မြန်တဲ့ ပြောင်း
လဲမှုကို ထိန်းချုပ်ဖို့ လုံလောက်ပါ့မလား။ -
12:20 - 12:23ဒီလိုအရေးကြီးတဲ့မေးခွန်းတွေကို ကျွန်မတို့
မေးပြီး အဖြေရှာဖို့လိုပါတယ်။ -
12:25 - 12:28ပြီးတော့ အများပြည်သူကို ပညာပေးရေး
လှုံ့ဆော်မှုကို ဆင်နွဲရမယ့် အချိန်ပါ။ -
12:29 - 12:31မိဘတွေနဲ့ ကလေးတွေသိဖို့ လိုတာက
-
12:31 - 12:35e-cigarette တွေဟာ စီးကရက်တွေထက်
အဆိပ်ပါဝင်မှု နည်းတယ်ဆိုပေမဲ့ -
12:35 - 12:37ဒီဟာတွေက ဘေးမကင်းတာ သေချာတယ်။
-
12:37 - 12:41ဒီကိရိယာတွေက ထုတ်လွှတ်ပေးကြတဲ့ ဓာတုပစ္စည်း
တွေ သူတို့ခန္ဓာကိုယ်ထဲသို့ ရောက်သွားခြင်းက -
12:41 - 12:44သူတို့ဟာ သူတို့ လိုချင်ကြမှာမဟုတ်တဲ့
ပုံစံမျိုးဖြင့် ပြောင်းလဲလာစေပြီး -
12:44 - 12:48မသိရသေးတဲ့ အနာဂတ် အဆိပ်သင့်မှုနဲ့ ကျန်းမာ
ရေး ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ -
12:48 - 12:51ကျွန်မ စောစောပိုင်းတွင်
-
12:51 - 12:54e-cigarette တွေက စမတ်ဖုန်းကြိုက်တဲ့
မျိုးဆက်တွေ အကြိုက်တွေ့မယ်လို့ -
12:54 - 12:56ကျွန်မ ပြောကြားခဲ့တာ နောက်နေတာမဟုတ်ပါဘူး
-
12:56 - 12:59ကျွန်မတို့က နည်းပညာခေတ်ကြီးမှာ
နေထိုင်နေကြတာလေ၊ -
12:59 - 13:03နောက်ဆုံးပေါ်နည်းပညာတွေ၊ ပစ္စည်းတွေကို
လူတွေ သိပ်ကို စိတ်ဝင်စားကြတယ်လေ၊ -
13:03 - 13:07နောက်ဆုံးပေါ်ပစ္စည်းမို့လို့၊
နည်းပညာပစ္စည်းမို့လို့ပါ။ -
13:07 - 13:10ကျွန်မတို့ သက်တမ်း တစ်လျှောက်မှာ
လာမယ့် နှစ်များအတွင်းမှာ -
13:10 - 13:14ကျွန်မတို့ဟာ ဈေးကွက်ထဲ ဝင်လာကြမယ့်
နည်းပညာသစ်တွေကို တွေ့မြင်ကြရဦးမှာပါ၊ -
13:14 - 13:17အဲဒါတွေက အစပိုင်းတွင် ကျန်းမာရေး
အတွက် ပြဿနာရယ်လို့ ထင်ချင်မှ ထင်ရပါမယ်၊ -
13:17 - 13:20အဲဒီကိရိယာတွေရဲ့ ပုံပန်းက
ကျန်းမာရေးကို အန္တရာယ်ပြုနိုင်မယ် -
13:20 - 13:23ဒါမှမဟုတ် အဲဒါတွေဟာ ဆေးကုသရေး
ကိရိယာတွေ မဟုတ်ဘူးလို့ ထင်ရလို့ပါ။ -
13:23 - 13:25ဥပမာ၊ ဒီကိရိယာတွေက
-
13:25 - 13:27မအိပ်ပဲ အချိန်အကြာကြီး နေနိုင်တာကို
-
13:27 - 13:29ဒါမှမဟုတ် ဝိတ်ကျစေနိုင်ပါတယ် --
-
13:29 - 13:31ကျွန်မရဲ့ စိတ်ကြိုက် ပန်းတိုင်တွေပေါ့ --
-
13:31 - 13:34ဒါမှမဟုတ် စားသုံးသူအနေနဲ့ ကျွန်မတို့
အရမ်းလိုချင်ကြတဲ့ -
13:34 - 13:36အခြား ရည်ရွယ်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်တယ်လေ။ -
13:37 - 13:42ဒီကိရိယာအများစုတွင် ကျန်းမာရေးအတွက်
လက်ခံမရနိုင်တဲ့ ဆိုးကျိုးတွေပါလာနိုင်တယ်။ -
13:43 - 13:47ဒါကြောင့် ကလေးတွေနဲ့ ကျွန်မတို့ရဲ့
ကျန်းမာရေးကို ကာကွယ်ချင်တယ်ဆိုရင်၊ -
13:47 - 13:49ကျွန်မတို့ဟာ ဒီလိုနည်းပညာသစ်တွေကို
အလိုအလျောက် -
13:49 - 13:53ဝမ်းပန်းတသာ လက်ခံတတ်တဲ့အကျင့်ကို
ပြင်ပေးလျက် -
13:53 - 13:57အဲဒီကိရိယာတွေကို ဝေဖန်ဆန်းစစ်တဲ့
အမြင်မျိုးဖြင့် ကြည့်ရှုရန် လိုအပ်ပြီး -
13:57 - 13:59ကျန်းမာရေး ရှုထောင့်မှ
ကြည့်ရှုရန် လိုအပ်ပါမယ်။ -
13:59 - 14:01သင်တို့ အားလုံး သိထားရမယ့် အချက်ကပါလဲ။
-
14:01 - 14:05ကျွန်မတို့ရဲ့ ကျန်းမာရေး၊ ကလေးတွေနဲ့
နောင်မျိုးဆက်သစ်တွေရဲ့ ကျန်းမာရေးဟာ -
14:05 - 14:08သိပ်ကို တန်ဖိုးကြီးမားလွန်းလို့
ဆေးလိပ်ငွေ့ထဲမှာပဲ ဖြစ်စေ -- -
14:08 - 14:11aerosol ထဲမှာပဲဖြစ်စေ၊
လွင့်စင်သွားမှာကို ခွင့်ပြု မရနိုင်ပါဘူး။ -
14:11 - 14:13ကျေးဇူးတင်ပါတယ်။
-
14:13 - 14:15(လက်ခုပ်တီးသံ)
- Title:
- သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း
- Speaker:
- Suchitra Krishnan-Sarin
- Description:
-
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက e-cigarette တွေ နဲ့ vape တွေဟာ အလွန်ခေတ်စားလာကြပါတယ်၊ အထူးသဖြင့် လူငယ်နဲ့လူလတ်ပိုင်း အကြားမှာခေတ်စားပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား US နိုင်ငံရဲ့ အထက်တန်း ကျောင်းသားတွေကြား သုံးစွဲမှု ၉၀၀% လောက်ထိ တိုးလာခဲ့ပါတယ်။ ဇီဝအမူအကျင့် ဆိုင်ရာ သိပ္ပံပညာရှင် Suchitra Krishnan-Sarin က ကျွန်တော်တို့ vape ရှူတဲ့အခါ အမှန်တကယ် ဘာတွေရှူသွင်းနေတယ် ဆိုတာကို ရှင်းပြထားပြီး (ရေငွေ့လုံးဝမဟုတ်ပါ) ကလေးတွေကို ပစ်မှတ် ထားတဲ့ ဒီကိရိယာရဲ့ ရည်ရွယ်ရင်း ဖြစ်ကြတဲ့ ကလေးများအား ရောင်းချပေးရန် သုံးနေကြတဲ့ နည်းဗျူဟာတွေကိုပါ စူးစမ်းတင်ပြထားပါတယ်။ ‘‘ကျွန်မတို့ရဲ့ ကျန်းမာရေး၊ ကျွန်မတို့ ကလေးတွေ၊ အနာဂတ်မျိုးဆက်ရဲ့ ကျန်းမာရေးဟာ သိပ်ကို တန်ဖိုးကြီးမားလွန်းလို့ အဲဒါကို မီးခိုးထဲ ဒါမမှဟုတ် ရေငွေ့များထဲ လွင့်ပါသွားမှာကို ခွင့်ပြုလို့ မရနိုင်ပါဘူး’’လို့ သူမက ဆိုပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 14:29
sann tint approved Burmese subtitles for What you should know about vaping and e-cigarettes | ||
sann tint edited Burmese subtitles for What you should know about vaping and e-cigarettes | ||
sann tint edited Burmese subtitles for What you should know about vaping and e-cigarettes | ||
Myo Aung accepted Burmese subtitles for What you should know about vaping and e-cigarettes | ||
Myo Aung edited Burmese subtitles for What you should know about vaping and e-cigarettes | ||
Myo Aung edited Burmese subtitles for What you should know about vaping and e-cigarettes | ||
Myo Aung edited Burmese subtitles for What you should know about vaping and e-cigarettes | ||
Myo Aung edited Burmese subtitles for What you should know about vaping and e-cigarettes |