Return to Video

ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု

  • 0:00 - 0:04
    လူသားမျိုးနွယ်တွေ
    နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ဖို့ဆို၊
  • 0:04 - 0:08
    ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေကို ဖြေရှင်းဖို့
    နယ်နိမိတ်တွေ ဖြတ်ကျော် ဆောင်ရွက်ရမယ်ဆိုတဲ့
  • 0:08 - 0:11
    ရိုးရှင်းတဲ့အကြံတစ်ခုကို
    နှစ်တော်တော်ကြာ ကျွန်မစဉ်းစားနေခဲ့တယ်။
  • 0:11 - 0:13
    မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ
  • 0:13 - 0:16
    တံတိုင်းနဲ့နယ်ခြားမျဉ်းတွေက
    ကပ်ဘေးမှ ကာကွယ် မပေးနိုင်ကြတော့ပါဘူး။
  • 0:16 - 0:19
    ကျွန်မတို့တွေ စည်းလုံးကြဖို့ကလွဲလို့
    တစ်ခြားရွေးချယ်စရာ မရှိဘဲ၊
  • 0:19 - 0:21
    အဲဒါကို အမြန် လုပ်ဖို့လည်း လိုနေပါပြီ။
  • 0:21 - 0:24
    ၂၀၁၆ ခုနှစ်မှာ EU ကနေ
    ထွက်မယ်ဆိုတဲ့ UK ရဲ့ ဆုံးဖြတ်ချက်ကြောင့်
  • 0:24 - 0:26
    ကျွန်မ အလွန် စိတ်ထိခိုက်ခဲ့ရတယ်။
  • 0:26 - 0:30
    ပြင်သစ်လူမျိုး ဖြစ်တဲ့ ကျွန်မအတွက် EU က
    ပွင့်လင်းတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်ပါ။
  • 0:30 - 0:33
    ရုတ်တရက် ကျွန်မယုံကြည်ချက်တွေ
    ပျိုပျက်သွားခဲ့ကြတယ်။
  • 0:33 - 0:35
    ဒီလိုခံစားခဲ့ရတာ ကျွန်မတစ်ယောက်တည်း
    မဟုတ်ခဲ့ပါဘူး။
  • 0:35 - 0:37
    ကျွန်မရဲ့ လက်တွဲဖော် အီတလီလူမျိုး
  • 0:37 - 0:39
    Andrea နဲ့
    ဂျာမန်သူငယ်ချင်း Damian တို့လည်း
  • 0:39 - 0:42
    ကမ္ဘာကြီး တံခါးပိတ်နေချင်တာကို မြင်ရလို့
    တုန်လှုပ်ကြနေကြတယ်။
  • 0:42 - 0:44
    မတူတဲ့နိုင်ငံတွေမှ ဖြစ်ကြတာတောင်၊
  • 0:44 - 0:47
    လူတွေ ရွှေ့ပြောင်း ဝင်လာကြတဲ့ ပြဿနာတွေကို
    ကိုင်တွယ်ဖြေရှင်းပုံ လူသားမဆန်တာ
  • 0:47 - 0:50
    ရာသီဥတု ပြောင်းလဲမှုတွေ ဒါမှမဟုတ်
    လူင်ယတွေအကြား
  • 0:50 - 0:53
    အလုပ်အကိုင်မဲ့မှု မြင့်မားလာနေတာလို
    ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ
  • 0:53 - 0:54
    အတူတူပဲ ဖြစ်နေတာကို မြင်တွေ့ရတယ်။
  • 0:54 - 0:58
    ကျွန်မတို့ နေ့စဉ်ဘဝတွေမှာလည်း တူညီတဲ့
    မျှော်လင့်ချက်တွေနဲ့ စိတ်ကူးတွေရှိကြတယ်။
  • 0:58 - 1:00
    ဥရောပရဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ဆိုရင်၊
  • 1:00 - 1:04
    နိုင်ငံ့အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့
    ရှေးရိုးစွဲပုံစံကို စွန့်လွှတ်ရမှာကို
  • 1:04 - 1:05
    နားလည်လာခဲ့ကြတဲ့အတွက်
  • 1:05 - 1:07
    လုပ်ဆောင်ဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြတယ်။
  • 1:07 - 1:10
    ပထမဦးဆုံး ဥရောပတစ်ခွင်
    နိုင်ငံရေး လှုပ်ရှားမှုဖြစ်တဲ့ Volt ကို
  • 1:10 - 1:13
    အကောင်အထည် ဖော်ဖို့အတွက်
    လအနည်းငယ်ကြာ လုပ်ဆောင်ခဲ့ကြတယ်။
  • 1:13 - 1:16
    နောက်တော့ ထုံးစံအတိုင်း Facebook က
    သူငယ်ချင်းတွေကို ပြောပြခဲ့လို့၊
  • 1:16 - 1:20
    အများစုက စိန်ခေါ်မှုတွေမှာ
    ပါဝင်ကူညီချင်တယ်လို့
  • 1:20 - 1:21
    တုံ့ပြန်ခဲ့ကြတယ်။
  • 1:21 - 1:25
    သူတို့ရဲ့ ဘုံအနာဂါတ်ကို ဆွေးနွေးဖို့နဲ့
    တိုက်ကြီးရဲ့ အကြီးမားဆုံး ပြဿနာတွေအတွက်
  • 1:25 - 1:27
    သူတို့ရဲ့ ဖြေရှင်းနည်းတွေကို မျှဝေဖို့
  • 1:27 - 1:29
    ပန်းခြံတွေ၊ တက္ကသိုလ်တွေနဲ့
  • 1:29 - 1:32
    ခွက်ပုန်းဆိုင်လေးတွေမှာမိမိတို့
    အသိုင်းအဝိုင်းနဲ့ စည်းဝေးခဲ့ကြတယ်။
  • 1:32 - 1:37
    ဥရောပ ၂၈ နိုင်ငံက လူပေါင်း သောင်းချီကို
    ကျွန်မတို့ စည်းရုံးနိုင်ခဲ့တယ်။
  • 1:37 - 1:39
    လက်တွဲလုပ်ကြရင် ပိုအားကောင်းမယ် ဆိုတဲ့
  • 1:39 - 1:41
    ရပ်တည်ချက်နဲ့ နယ်စည်းမခြား
    စေတနာ့ဝန်ထမ်းတွေရဲ့
  • 1:41 - 1:44
    လှုံ့ဆော်စည်းရုံးမှုဖြင့်
    နှစ်နှစ်အတွင်းမှာ Damian က
  • 1:44 - 1:46
    ဥရောပပါလီမန်မှာ ရွေးကောက်ခံခဲ့ရပါတယ်။
  • 1:46 - 1:49
    ညီညွတ်စွာ တစ်စုတစ်စည်းထဲ
    လုပ်ဆောင်ကြရင်၊
  • 1:49 - 1:52
    နယ်နိမိတ်တွေကို ဖြတ်ကျော်လျက်
    လက်တွဲ ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့်၊
  • 1:52 - 1:55
    လူတွေရဲ့ တွေးခေါ်ပုံကို စပြီးပြောင်းလဲ
    နိုင်တာကို ကျွန်မတို့ ပြသခဲ့ကြတယ်။
  • 1:55 - 1:58
    ဒီလိုအတိုင်းအတာလောက်ဖြင့်
    ကြိုးပမ်းခဲ့ပြီး အောင်မြင်ခဲ့တာ
  • 1:58 - 1:59
    ကျွန်မတို့က ပထမဆုံးပါပဲ။
  • 1:59 - 2:00
    ဒါပေမဲ့လည်း၊
  • 2:00 - 2:03
    ၂၀၁၉ ခုနှစ် မေလ ဥရောပရွေးကောက်ပွဲတွေ
    ပြီးသွားတော့၊
  • 2:03 - 2:06
    နှစ်နှစ်လောက် ကြိုးစားခဲ့တဲ့အရာက
    လက်တွေ့ အောင်မြင်သွားတဲ့အခါ၊
  • 2:06 - 2:09
    ဘယ်တော့မှ မမေးချင်တဲ့
  • 2:09 - 2:11
    "ဒါ လုံလောက်ပြီလား" ဆိုတဲ့မေးခွန်းကို
  • 2:11 - 2:13
    Andrea နဲ့ ကျွန်မ တို့ အချင်းချင်း
  • 2:13 - 2:14
    မေးလိုက်မိတယ်။
  • 2:14 - 2:16
    မလုံလောက်ခဲ့ပါဘူး။
  • 2:16 - 2:18
    ဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံး စိန်ခေါ်မှုတွေက
    ဥရောပနဲ့တင် မကဘဲ၊
  • 2:18 - 2:20
    တစ်ကမ္ဘာလုံးအတွက်လည်း မှန်ပါတယ်။
  • 2:20 - 2:23
    ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကိုတောင်
    ကိုယ်စား မပြုနိုင်တဲ့
  • 2:23 - 2:26
    ဥရောပတိုက်ကိုပဲ အာရုံစိုက်ပြီး
    အဲ့စိန်ခေါ်မှုတွေကို
  • 2:26 - 2:30
    ဖြေရှင်းလို့ မရနိုင်တာကိုလည်း ကျွန်မတို့
    နားလည်ခဲ့ကြပါတယ်။
  • 2:30 - 2:32
    အဓိက ပြဿနာက ကျွန်မတို့
    ကမ္ဘာကြီးကို မြင်ကြပုံနဲ့
  • 2:32 - 2:34
    ကမ္ဘာကြီးရဲ့ လုပ်ဆောင်နေပုံတွေက
  • 2:34 - 2:35
    အခြေခံမှအစ မှားယွင်းနေတာပါ။
  • 2:35 - 2:37
    မျိုးဆက်နှစ်ခု သက်တမ်းအတွင်းမှာ
  • 2:37 - 2:40
    ကမ္ဘာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ ကထက်
    ပိုပြီး ပြောင်းလဲသွားပါပြီ။
  • 2:40 - 2:42
    ကျွန်မတို့ဟာ လပေါ်ကို ခြေချနိုင်ခဲ့ကြပြီ၊
  • 2:42 - 2:46
    ကျွန်မတို့ Shanghai မှာ အိပ်ရာထပြီး
    နယူးယောက်မှာ အိပ်ရာဝင်နိုင်ကြတယ်။
  • 2:46 - 2:49
    အချိန်တိုင်း၊ နေရာတိုင်းမှာ ကျွန်မတို့ဟာ
    ဧရာမအချက်အလက်တွေကို ရရှိနိုင်ကြတယ်။
  • 2:49 - 2:53
    ဒါပေမဲ့ ကမ္ဘာကြီးကို ကျွန်မတို့
    အနီးကပ်ဆုံး အရာလို့ ခံယူကြတုန်းပါ။
  • 2:53 - 2:56
    ဒါပေမဲ့ ကိုဗစ်-၁၉၊ ရာသီဥတုပြောင်းလဲမှု၊
    ရွှေ့ပြောင်းလာမှု၊
  • 2:56 - 2:59
    ဘဏ္ဍာရေး တရားမျှတမှုနဲ့
    လူ့အခွင့်အရေး ကိစ္စတွေက
  • 2:59 - 3:02
    နယ်နိမိတ်တွေကျော်ပြီးစုပေါင်းစဉ်းစားဖို့
    လိုအပ်တာကို ဆိုလိုပါတယ်။
  • 3:02 - 3:05
    ဒါတွေကို ဖြေရှင်းနိုင်ဖို့ တစ်ကမ္ဘာ
    အတိုင်းအတာနဲ့ ချဉ်းကပ်ကြရပါမယ်။
  • 3:05 - 3:08
    နိုင်ငံများဟာ ရင်းမြစ်တွေနဲ့
    ဖြေရှင်းနည်းတွေကို
  • 3:08 - 3:10
    မျှဝေကြဖို့နဲ့ လက်တွဲ
    ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
  • 3:10 - 3:12
    ဒါဟာ လုပ်ကိုင်ဖို့
    မှန်ကန်တဲ့အရာ ဖြစ်ရုံသာမက
  • 3:12 - 3:14
    စမတ်ကျတဲ့ နည်းလည်း ဖြစ်ပါတယ်။
  • 3:14 - 3:17
    ဒါနဲ့ အားလုံး စိုးရိမ်ကြနေရတဲ့
    ကိစ္စတွေ ဖြေရှင်းနိုင်ဖို့အတွက်၊
  • 3:17 - 3:20
    နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး
    လူတွေကို စည်းလုံးပေးဖို့ ကမ္ဘာလုံးဆိုင်ရာ
  • 3:20 - 3:23
    လှုပ်ရှားမှုတစ်ရပ် စတင်ကြမယ်လို့
    Damian အရွေးခံလိုက်ရတဲ့
  • 3:23 - 3:26
    နောက်ပိုင်း အပတ်တွေမှ
    ကျွန်မနဲ့ Andrea တို့ ဆုံးဖြတ်ခဲ့ကြတယ်။
  • 3:26 - 3:28
    ကျွန်မတို့ဟာ အဲဒါကို
    ချက်ချင်းစတင်နိုင်ဖို့
  • 3:28 - 3:30
    သိပ်စဉ်းစား မနေတော့ဘဲ
    NOW! လို့ အမည်ပေးလိုက်ကြတယ်။
  • 3:30 - 3:33
    နယ်နိမိတ်တွေကို ကျော်ပြီး လုပ်ကိုင်ရတာ
    မလွယ်ကူတာကို နားလည်မိလို့
  • 3:33 - 3:36
    ကျွန်မတို့အလုပ်ကို လမ်းညွှန်ပေးမယ့်
    အခြေခံဘောင်က ဒီလိုပါ။
  • 3:36 - 3:39
    ကျွန်မကတော့ "တွေးတော၊ ပေါင်းစည်းပြီး
    ရှေ့ကိုလှမ်းချီ" လို့ ခေါ်ပါတယ်။
  • 3:39 - 3:42
    အရင်ဆုံး ကမ္ဘာကို ကျွန်မတို့ရဲ့
    စဉ်းစားပုံ ပြောင်းလဲကြရပါမယ်။
  • 3:42 - 3:44
    ကြိုက်ကြိုက်မကြိုက်ကြိုက်၊
  • 3:44 - 3:46
    အားလုံးဆက်နွှယ်နေတဲ့
    ကမ္ဘာမှာ နေနေကြရတာပါ။
  • 3:46 - 3:48
    နိုင်ငံတွေရဲ့ မူဘောင်အတွင်းမှာ
    စဉ်းစားနေတာကို ရပ်ပြီး
  • 3:48 - 3:50
    တစ်ကမ္၀လုံး အတိုင်းအတာနဲ့
    စစဉ်းစားကြရပါမယ်။
  • 3:50 - 3:53
    ဥပမာအားဖြင့် အခွန်ကိစ္စကို
    ကျွန်မတို့ စဉ်းစားပုံ ဆိုပါစို့။
  • 3:53 - 3:56
    Facebook လို Amazon လို
    နိုင်ငံစုံ ကုမ္ပဏီကြီးတွေက
  • 3:56 - 3:58
    နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး
    လုပ်ကိုင်နေပေမဲ့
  • 3:58 - 4:01
    ကျွန်မတို့က သူတို့ကို နိုင်ငံထဲက
    မူဘောင်တွေအညီ အခွန်ကောက်ကျတော့
  • 4:01 - 4:04
    သူတို့က နိုင်ငံအနည်းငယ်မှာပဲ
    အခွန်အနည်းငယ်ကို ပေးဆောင်ကြပါတယ်။
  • 4:04 - 4:06
    အဲဒါကြောင့်
  • 4:06 - 4:08
    ကမ္ဘာလုံးဆိုင်ရာ
    အခွန်စနစ်မျိုး ပေါ်ထွန်းမလာပါဘူး
  • 4:08 - 4:09
    အဲအတွက်ကြောင့်၊
  • 4:09 - 4:14
    နိုင်ငံတွေဟာ အနည်းဆုံး ဒေါ်လာ ဘီလီယံ
    ၅၀၀ နှစ်စဉ် ဆုံးရှုံးနေကြရပါတယ်။
  • 4:14 - 4:16
    ဒေါ်လာ ဘီလီယံ ၅၀၀ ကြီးတောင်ပါ။
  • 4:16 - 4:17
    ဒါကို မြင်သာအောင် ပြောရင်၊
  • 4:17 - 4:19
    အဲဒီငွေကြေး ပမာဏတစ်ဝက်နဲ့တင်
  • 4:19 - 4:22
    ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးမှုကို
    တစ်နှစ်စာ အဆုံးသတ်နိုင်ပါတယ်။
  • 4:22 - 4:24
    ဒါပေမဲ့ ကမ္ဘာကြီးအား စဉ်းစားကြပုံကြောင့်
  • 4:24 - 4:26
    ကျွန်မတို့ အဲ့လို မလုပ်နိုင်ကြပါဘူး။
  • 4:26 - 4:29
    NOW! မှာ ကျွန်မတို့ ဒါကို
    ပြောင်းလဲချင်ပါတယ်။
  • 4:29 - 4:31
    ကမ္ဘာကြီးဆိုင်ရာ အမြင်သစ်ကို
    နားလည်ကြပြီး
  • 4:31 - 4:34
    လူတွေအားလုံးဆီမှာ စိတ်ဝမ်း ကွဲပြားစရာထက်
    တူညီတဲ့ အချက်တွေ ပိုများတာကို
  • 4:34 - 4:36
    နားလည်ကြပြီး လက်တွဲ ‌‌ဆောင်ရွက်လိုကြကာ
  • 4:36 - 4:39
    ဆွေးနွေးလိုကြတဲ့ သူတွေကို တစ်ကမ္ဘာလုံးမှာ
    ရှာဖွေ ဆက်သွယ်နေကြပါတယ်။
  • 4:39 - 4:41
    LGBT အခွင့်အရေး၊ ကူးစက်မြန် ကပ်ရောဂါ၊
  • 4:41 - 4:44
    ဘဏ္ဍာရေး တရားမျှတမှုနဲ့
    စိတ်ပိုင်း ကျန်းမာရေးလိုမျိုး
  • 4:44 - 4:45
    ကိစ္စတွေကို ဆွေးနွေးတဲ့
  • 4:46 - 4:47
    အပတ်စဉ်ဆွေးနွေးပွဲတွေကို
  • 4:47 - 4:48
    ကျွန်မတို့ စည်းရုံး ကျင်းပကြပါတယ်။
  • 4:48 - 4:52
    ကမ္ဘာပေါ်က ဒေသအမျိုးမျိုးရှိ ပြည်သူတွေ
    အပေါ် သက်ရောက်မှုကို သုံးသပ်ဖို့
  • 4:52 - 4:55
    ကျွန်မတို့ဟာ ကမ္ဘာ့ စိန်ခေါ်မှုတွေကို
    ခွဲခြားပြီး ဆန်းစစ်ကြည့်တယ်။
  • 4:55 - 4:58
    ကျွန်မတို့ အဖွဲ့ဝင်တွေကလည်း ကမ္ဘာလုံး
    ဆိုင်ရာ တွေးခေါ်မှုကို ပြသနေကြပြီး
  • 4:58 - 5:02
    ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးမှာ
    မျှမျှတတ ခွဲဝေပေးဖြစ်မှာကို အာမခံပေးရေးလို
  • 5:02 - 5:05
    ကိစ္စများကို ဖြေရှင်းပေးရန် သူတို့ရဲ့
    အစိုးရများကို တက်ကြွစွာ စည်းရုံးနေကြတယ်။
  • 5:05 - 5:08
    ဒုတိယက၊ ကျွန်မတို့ရဲ့ စဉ်းစားပုံကို
    ပြောင်းလဲပြီးရင်၊
  • 5:08 - 5:10
    နယ်နိမိတ်တွေ ကျော်ပြီး
    စည်းလုံးဖို့ လိုပါတယ်။
  • 5:10 - 5:13
    ဒီလိုနည်းနဲ့ အစိုးရတွေကို ကမ္ဘာ့ပြဿနာ
    တွေကို ဆောင်ရွက်ခိုင်းနိုင်မှာပါ။
  • 5:13 - 5:16
    ဟောင်ကောင်မှာ ဒီမိုကရေစီ ဆုတ်ယုတ်နေတာ
    ဥပမာတစ်ခုပါ။
  • 5:16 - 5:20
    တရုတ်နိုင်ငံက အခွင့်အရေးတွေ၊ ဒီမိုကရေစီနဲ့
    လွတ်လပ်ခွင့်တွေကို စနစ်တကျ ဖျက်စီးခဲ့ပေမဲ့
  • 5:20 - 5:23
    နိုင်ငံတွေက ဟောင်ကောင်သားတွေ
    ကို ကာကွယ်ဖို့ တုံ့ပြန်ခဲ့တာ မရှိသလောက်ပါ။
  • 5:23 - 5:25
    တကယ့် အပြောင်းအလဲကို လုပ်မပေးနိုင်ကြတဲ့
  • 5:25 - 5:28
    ပြစ်တင်ရှုတ်ချကြောင်း ကျေညာချက်ကို
    ကျွန်မ ဆိုလိုတာ မဟုတ်ဘဲ၊
  • 5:28 - 5:30
    စနစ်တကျ အရေးယူမှုတွေကို
    ဆိုလိုချင်တာပါ။
  • 5:30 - 5:33
    တရုတ်နိုင်ငံရှေ့မှောက်မှာ
    အခိုင်အမာ ရပ်တည်ပြနိုင်မယ့်
  • 5:33 - 5:36
    ဒီမိုကရေစီ ချီတက်ပွဲတွေ
    လုပ်ပိုင်ခွင့်ကို တောင်းဆိုတဲ့
  • 5:36 - 5:39
    လှုံ့ဆော်မှုကို လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက
    NOW! က စတင်ခဲ့တာ အဲ့ကြောင့်ပါ။
  • 5:39 - 5:41
    သူတို့ဘက်မှ သ တိထားမိလာအောင်၊
  • 5:41 - 5:44
    တရုတ်သံရုံးတွေရှေ့မှာ ကျွန်မတို့
    အပတ်တိုင်း ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။
  • 5:44 - 5:45
    တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ၊
  • 5:45 - 5:48
    အွန်လိုင်းကနေပြီး လူပေါင်းတစ်သန်းကျော်ကို
    စည်းရုံးနိုင်ခဲ့တယ်။
  • 5:48 - 5:52
    ကျွန်မတို့မျှော်လင့်တာက နယ်နိမိတ်တွေ
    ကျော်ပြီး လူတွေကို စုပေါင်းလျက်
  • 5:52 - 5:56
    လှုပ်ရှားစေခြင်းဖြင့် တရုတ်နိုင်ငံအပေါ်
    စုပေါင်းအရေးယူမှုတွေ ချမှတ်နိုင်ဖို့
  • 5:56 - 5:59
    နိုင်ငံတွေကို အောင်မြင်စွာ
    စည်းရုံးနိုင်မှာကိုပါ။
  • 5:59 - 6:01
    နောက်ဆုံးမှာတော့ အနာဂါတ်ကမ္ဘာကြီးကို
    ဖန်တီးဖို့အတွက်
  • 6:01 - 6:04
    ကျွန်မတို့ဟာ ရှေ့ကိုချီတက်ဖို့
    သတ္တိရှိရပါမယ်။
  • 6:04 - 6:08
    ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင့်သုံးရနိုင်မယ့်
    စီမံအုပ်ချုပ်မှု စနစ်တစ်ရပ် လိုအပ်ပါတယ်။
  • 6:08 - 6:12
    ကမ္ဘာ့ကုလသမဂ္ဂလိုမျိုး
    နိုင်ငံစုံအဖွဲ့ကြီးတွေရှိနေသရွေ့
  • 6:12 - 6:15
    အဲဒီလို ကျင့်သုံးရေး ယန္တရားတွေအတွက်
    ကန့်သတ်ချက်တွေ များလွန်းပါတယ်။
  • 6:15 - 6:18
    နိုင်ငံသားတွေ မပါဝင်နိုင်ကြဘဲ
  • 6:18 - 6:20
    နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ
    လွှမ်းမိုးနေတတ်ပါတယ်။
  • 6:20 - 6:22
    နိုင်ငံတော် အဆင့်မှာလည်း၊
  • 6:22 - 6:26
    နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ အချိန်
    ဇယားနဲ့ ဘောင်တွေကို လိုက်နာနေရလို့
  • 6:26 - 6:29
    ကမ္ဘာလုံး အတိုင်းအတာဖြင့် ပူးတွဲဆောင်ရွက်
    နိုင်စွမ်း မရှိကြပါဘူး။
  • 6:29 - 6:34
    မူဝါဒချမှတ်ရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံ
    ရေးတို့ကို ဆွဲဆန့်သုံးဖို့ လိုအပ်တယ်။
  • 6:35 - 6:38
    ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါအား
    တုံ့ပြန်ပုံကို ဥပမာကြည့်ကြည့်ပါ။
  • 6:38 - 6:42
    နိုင်ငံတွေက ကပ်ရောဂါကို ချဉ်းကပ်ရာတွင်
    လွန်စွာမှ အမြင်ကျဉ်းနေကြတာ မြင်ရတယ်။
  • 6:42 - 6:45
    ကာကွယ်ရေး ကိရိယာတွေ၊ ကာကွယ်ဆေး၊
    ဆေးဝါးတွေနဲ့ ပတ်သက်ပြီး
  • 6:45 - 6:48
    သူတို့ဟာ လက်တွဲပြီး
    ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ကြဘူး။
  • 6:48 - 6:50
    NOW! မှာ ကျွန်မတို့က ကမ္ဘာတစ်ဝှမ်းရှိ
  • 6:50 - 6:53
    နိုင်ငံသားမရွေး၊ ကျန်းမာရေးဝန်ထမ်းတွေကို
  • 6:53 - 6:56
    ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးထိုးပေးဖို့
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား တောင်းဆိုတဲ့
  • 6:56 - 7:00
    လှုပ်ရှားမှုကို စတင် စည်းရုံးခဲ့ကြတယ်။
  • 7:00 - 7:04
    ကျွန်မတို့ ဦးဆောင်မှုပြီး ဆရာဝန်ကွန်ယက်ကို
    လူမှုမီဒီယာမှာ တင်ပေးခဲ့ပြီး အသိပညာတွေ
  • 7:04 - 7:07
    မြှင့်ပေးရင်း WHO ကို ဦးတည်တဲ့
    သနားခံစာကို စတင်ခဲ့ပါတယ်။
  • 7:07 - 7:08
    နှစ်ပတ်အတွင်းမှာ
  • 7:08 - 7:12
    အဖွဲ့ဝင်တွေက လမ်းပေါ်မှာရော၊
    ဒစ်ဂျစ်တယ်နည်းနဲ့ပါ ဖြန့်ဝေခဲ့ကြရာ
  • 7:12 - 7:16
    WHO ညွှန်ကြားရေးမှုးချုပ် ထံမှ
    တုံ့ပြန်ချက်ရခဲ့ပါတယ်။
  • 7:17 - 7:18
    ဒီလှုပ်ရှားမှုကို ကြိုဆိုကြောင်း၊
  • 7:18 - 7:22
    ဒီလိုဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့်က
    အဖွဲ့ဝင်နိုင်ငံတွေမှာ ရှိတဲ့အကြောင်းနဲ့
  • 7:22 - 7:25
    ဒီလိုဦးတည်ပြီး ဆောင်ရွက်သွားမှာကို
    ကတိပေးပြောဆိုထားတယ်။
  • 7:25 - 7:29
    ကြည့်ပါဦး၊ သိပ်ကောင်းတဲ့ စာဖြစ်တာမှန်ပေမဲ့
    အဓိပ္ပါယ် လုံးဝကို မရှိခဲ့ပါဘူး။
  • 7:29 - 7:32
    WHO က ဒီကိစ္စကို အလေးထားပြီး
    ဆောင်မရွက်နိုင်ပါဘူး။
  • 7:32 - 7:34
    ဒါပေမယ့် အဓိကပြောချင်တာက၊
  • 7:34 - 7:37
    ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဌာနတစ်ခုခုဟာ
    ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ကြုံရရင်၊
  • 7:37 - 7:41
    အားလုံး လိုက်နာရမယ့် မူဝါဒတွေ ချမှတ်ပြီး
    ရုပ်လုံးဖေါ်ပေးဖို့ လိုအပ်တာတွေ
  • 7:41 - 7:43
    လုပ်ကိုင် ဆောင်ရွက်ပေးနိုင်စွမ်း
    ရှိသင့်ပါတယ်။
  • 7:43 - 7:46
    အခုအချိန်မှာ ကျွန်မတို့ အများဆုံး
    မျှော်လင့်နိုင်တာကတော့
  • 7:46 - 7:49
    ကျွန်မတို့ရဲ့ အသံတွေကို
    ကမ္ဘာ့ခေါင်းဆောင် အချို့ ကြားနိုင်ကြပြီး
  • 7:49 - 7:51
    မှန်ကန်စွာ ဆုံးဖြတ် လုပ်ကိုင်ကြမှာကိုပါ။
  • 7:51 - 7:52
    ဒီအတိုင်း ဆက်သွားလို့မဖြစ်ပါဘူး။
  • 7:52 - 7:54
    အားလုံးဆက်နွှယ်နေတဲ့ ကမ္ဘာကြီးမှာ၊
  • 7:54 - 7:58
    လိုအပ်တာက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တာဝန်
    ခံမှုရှိတဲ့ ကမ္ဘာ့စီမံအုပ်ချုပ်မှု စနစ်ပါ။
  • 7:58 - 8:01
    ကျွန်မတို့ ဦးတည်လုပ်ဆောင်
    နေတာကလည်း အဲဒါဖြစ်ပေမဲ့၊
  • 8:01 - 8:04
    ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု
    ညတွင်းချင်း ပေါ်မလာနိုင်တာကို သိပါတယ်
  • 8:04 - 8:07
    အဲဒါအတွက် ပူးပေါင်းဆောင်ရွက်ရင်
    ရလဒ် ပိုကောင်းနိုင်တာကို ပြသပေးပြီး
  • 8:07 - 8:10
    မိမိတို့ အစိုးရများအား
    ကမ္ဘာလုံးဆိုင်ရာ ပုံစံနဲ့ လုပ်ကိုင်ဖို့
  • 8:10 - 8:13
    တိုက်တွန်းပေးကြမယ့် လူတွေကို
    ကျွန်မတို့ လိုအပ်ပါတယ်။
  • 8:13 - 8:14
    ကမ္ဘာကြီး လုပ်ဆောင်နေပုံကို
  • 8:14 - 8:16
    မပြောင်းလဲနိုင်မီ အဲဒါကို
    ကျွန်မတို့ သက်သေထူပြကြရမယ်။
  • 8:16 - 8:18
    ကျွန်မရဲ့ မူဘောင်က ဒီလိုပါ-
  • 8:18 - 8:20
    နိုင်ငံတော် နယ်နိမိတ်တွေကို
    ကျော်ပြီး စဉ်းစားကြပါ၊
  • 8:20 - 8:22
    ကမ္ဘာတစ်ဝန်း ပေါင်းစည်းကြပါ၊
  • 8:22 - 8:26
    ရှေ့ကို တက်လှမ်းရင်း ကမ္ဘာကြီးက တစ်စည်း
    တစ်လုံးတည်း လုပ်ဆောင်နေတာ သေချာပါစေ။
  • 8:26 - 8:27
    လုပ်ပြတာထက် အပြောလွယ်တာ ကျွန်မ သိပါတယ်။
  • 8:28 - 8:29
    ဒါပေမဲ့ လုပ်ရနိုင်ပါတယ်။
  • 8:29 - 8:31
    ကျွန်မတို့ ကိစ္စရဲ့ ဥပမာကို ကြည့်ကြပါ။
  • 8:31 - 8:33
    NOW! ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ
    တည်ထောင်ခဲ့ပေမဲ့၊
  • 8:33 - 8:37
    နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အဖွဲ့ဝင်
    ထောင်ပေါင်းများစွာ ရှိနေကြပါပြီ။
  • 8:37 - 8:40
    နယ်နိမိတ်တွေ ကျော်ဖြတ်ပြီး
    စည်းလုံးလို့ ရနိုင်တာ မြင်နေရကာ
  • 8:40 - 8:42
    လက်လှမ်းမီတဲ့ အရာပါ။
  • 8:42 - 8:45
    ပြီးတော့ ကျွန်မတို့ရော၊ ကျွန်မကိုယ်တိုင်
    ထူးကဲသူ မဟုတ်ပါဘူး။
  • 8:45 - 8:47
    ကျွန်မမှာ ခပ်မိုက်မိုက် အရည်အချင်းတွေ
    မရှိပါဘူး၊
  • 8:47 - 8:50
    ဒီမှာ စကားပြောဖို့ကိစ္စကို
    ကျွန်မ ကြောက်နေခဲ့တာပါ။
  • 8:50 - 8:54
    ဒါပေမဲ့ တစ်ကမ္ဘာလုံးကို ထိရောက်စွာ ပြောင်း
    လဲရေး နည်းမျိုးစုံ ကျွန်မ စမ်းသပ်နေတာပါ၊
  • 8:54 - 8:57
    နိုင်ငံအလိုက် တွေးခေါ်မှုတွေနဲ့
    မူဘောင်တွေကို စွန့်ပစ်ပြီး
  • 8:57 - 8:59
    ပိုကြီးမားပြီး ပိုကောင်းမွန်တဲ့
    အရာတွေအတွက်
  • 8:59 - 9:01
    နေရာပေးရမယ်ဆိုတာ
    ကျွန်မနားလည်လို့ပါ။
  • 9:01 - 9:03
    တခြားအောင်မြင်မှုတွေအထဲကမှ
    စည်းလုံးခြင်းနဲ့အတူ
  • 9:03 - 9:07
    ကျွန်မတို့ဟာ စည်းလုံးကြမယ် ဆိုရင်
    ဒီမိုကရေစီကို အာမခံ စောင့်ထိန်းနိုင်မှာ၊
  • 9:07 - 9:08
    ပတ်ဝန်းကို ကာကွယ်ပေးနိုင်မှာ၊
  • 9:08 - 9:11
    ကာကွယ်ဆေးတွေကို မျှဝေပေးပြီး
    အသက်တွေ ကယ်တင်ပေးနိုင်မှာ၊
  • 9:11 - 9:14
    ရွေ့ပြေင်းလာသူတို့ အတွက် လုံခြုံတဲ့
    လမ်းကြောင်း ဖန်တီးပေးနိုင်မှာ၊
  • 9:14 - 9:16
    တခြားအောင်မြင်တွေကို ရယူနိုင်မှာကို
  • 9:16 - 9:18
    ကျွန်မ ဘဝသက်တမ်း မကုန်ခင်
    တွေ့မြင်နိုင်မယ်လို့
  • 9:18 - 9:20
    ကျွန်မ မျှော်လင့်မိပါတယ်။
  • 9:20 - 9:22
    ကျွန်မဆီမှာ အဖြေရှိသလားကို
    ကျွန်မ မသိပါဘူး--
  • 9:22 - 9:24
    ဘယ်သူမှလည်း မသိပါဘူး။
  • 9:24 - 9:26
    ဒီရည်မှန်းချက်တွေကို
    အကောင်အထည် ဖေါ်ရာမှာ
  • 9:26 - 9:27
    NOW! ဟာ အောင်မြင်မလား
    ကျွန်မ မသိပါဘူး။
  • 9:27 - 9:29
    ပြောချင်က အဲဒါ မဟုတ်ပါဘူး။
  • 9:29 - 9:33
    အဓိကက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့
    ပြောင်းလဲဖို့ ခင်ဗျားတို့ လုပ်ဆောင်ရမယ်။
  • 9:33 - 9:36
    ကမ္ဘာကြီး တစ်စည်းတစ်လုံးတည်းဖြစ်ဖို့
    ဆန်းသစ်တဲ့ နည်းလမ်းတွေကို ဖန်တီးရန်
  • 9:36 - 9:40
    ခင်ဗျားတို့ဟာ နယ်နိမိတ်တွေကျော်ပြီး စတင်
    လက်တွဲ လုပ်ကိုင်ကြမယ်လို့ မျှော်လင့်မိတယ်။
  • 9:40 - 9:43
    ဘာကြောင့်လဲဆိုတော့ လက်တွဲကြရင်
    ကျွန်မတို့က အင်အား ဖြစ်လို့ပါပဲ။
  • 9:44 - 9:46
    ဒီတော့ ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။
  • 9:46 - 9:47
    ကျေးဇူးတင်ပါတယ်။
Title:
ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
Speaker:
Colombe Cahen-Salvador
Description:

ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်တွေကို ဖြေရှင်းဖို့ နိုင်ငံ့နယ်နိမိတ်တွေကို ကျော်လွန်ပြီး စဉ်းစားရန် လိုအပ်တယ်လို့ တက်ကြွလှုပ်ရှားသူ Colombe Cahen-Salvador က ဆိုပါတယ်။ ကမ္ဘာကြီးရဲ့ တကွဲတပြားဖြစ်နေတဲ့ အုပ်ချုပ်မှုစနစ်တွေကို ပြန်လည်ပုံဖော်ပြီး အဓိကကိစ္စရပ်တွေဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှအစ ရာသီဥတုပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေအဆုံး နိုင်ငံတွေရဲ့ ထိရောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေကို ထောက်ပြရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ကမ္ဘာကြီးကို ရုပ်လုံးဖေါ်ဖို့ ပြည်သူတွေကို စည်းရုံးရေး လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ NOW! ကို သူက မိတ်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:00

Burmese subtitles

Revisions