မြင်မရနိုင်တဲ့ လှုပ်ရှားမှုကို ကြည့်နိုင်မယ့်၊ တိတ်နေတဲ့ အသံတွေကို ကြားရမယ့် တီထွင်မှု အကြောင်း
-
0:00 - 0:04ရာစုနှစ် အနည်းငယ်အတွင်းမှာ
မိုက်ခရိုစကုပ်တွေဟာ -
0:04 - 0:09
ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ -
0:09 - 0:14၎င်းတို့ဟာ ကျွန်တော်တို့ သာမန်မျက်စိနဲ့
မြင်မရနိုင်တဲ့ -
0:14 - 0:17သေးနုပ်တဲ့ အရာများ သက်ရှိများ နဲ့ ပုံစံများကို
ဖွင့်ထုတ်ပြပေးခဲ့ကြပါတယ်။ -
0:17 - 0:19၎င်းတို့ဟာ သိပ္ပံပညာ နဲ့ နည်းပညာကို
ကြီးမားစွာ ထောက်ကူခဲ့ကြပါတယ်။ -
0:19 - 0:21ဒီနေ့တော့ ကျွန်တော်ဟာ ခင်ဗျားတို့ကို
ပုံစံသစ် မိုက်ခရိုစကုပ်နဲ့ -
0:21 - 0:23မိတ်ဆက်ပေးချင်ပါတယ်၊
-
0:23 - 0:26အပြောင်းအလဲများကို
အသုံးပြုတဲ့ မိုက်ခရိုစကုပ်ပါ။ -
0:26 - 0:29၎င်းဟာ သေးငယ်တဲ့
အရာများကို ပုံချဲ့ပေးရန် -
0:29 - 0:31ပုံမှန် မိုက်ခရိုစကုပ်လို
မှန်ဘီလူးတွေကို အသုံးမပြုဘဲ၊ -
0:31 - 0:34ဗီဒီယို ကင်မရာ နဲ့ ပုံတွေကို
စီမံဆန်းစစ်မှုကို သုံးပြီး -
0:34 - 0:37ပစ္စည်းများ နဲ့ လူတွေထဲက
မသိသာတဲ့ လှုပ်ရှားမှုများ နဲ့ -
0:37 - 0:41အပြောင်းအလဲများကို
ဖေါ်ထုတ်ပေးတယ်၊ -
0:41 - 0:44သာမန်မျက်စိနဲ့ မြင်မရနိုင်တဲ့
အပြောင်းအလဲတွေပါပဲ။ -
0:44 - 0:48အဲဒါကြောင့်မို့လို့ ကမ္ဘာကြီးကို
လုံးဝတမျိုး မြင်လာနိုင်ပါတယ်။ -
0:48 - 0:50ကျွန်တော် ပြောတဲ့ အရောင်းပြောင်းလဲမှုများကို
ရှင်းပြပါမယ်။ -
0:50 - 0:53ကျွန်တော်တို့ရဲ့ အရေပြားရဲ့ အရောင်ဟာ
မသိမသာ ပြောင်းလဲတတ်ပါတယ် -
0:53 - 0:55၎င်းရဲ့ အောက်မှာ သွေးစီးမှုကြောင့်ပါ။
-
0:55 - 0:58အပြောင်းအလဲဟာ သိပ်ကို မသိမသာကလေးပါ၊
-
0:58 - 1:00အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့
ဘေးမှာ ထိုင်နေသူကို -
1:00 - 1:02ကြည့်ကြည့်နေရင်းတောင်၊
-
1:02 - 1:06သူတို့ရဲ့ အရေပြား ဒါမှမဟုတ်
မျက်နှာ အရောင်ပြောင်းတာကို မမြင်ကြပါ။ -
1:06 - 1:10ဒီမှာ ရှိနေတဲ့ Steve ရဲ့ ပုံကိုကြည့်ရင်
လုံးဝငြိမ်သက်နေပါတယ်၊ -
1:10 - 1:14ဒါပေမဲ့ ဒါကိုပဲ ကျွန်ုပ်တို့ရဲ့ အသစ်ဖြစ်တဲ့
အထူးမိုက်ခရိုစကုပ်နဲ့ ကြည့်ရင်တော့၊ -
1:14 - 1:16ရုတ်ခနဲဆိုသလို လုံးဝကို မတူတဲ့
ပုံကို မြင်ကြရမှာပါ။ -
1:16 - 1:20ဒီမှာ ခင်ဗျားတို့ မြင်နေရတာက အဆ ၁၀၀
ချဲ့ထားလို့ မြင်လာရတဲ့ -
1:20 - 1:25Steve ရဲ့ အရေပြားထဲက
မသိမသာ ပြောင်းလဲမှုတွေပါ။ -
1:25 - 1:28ကျွန်တော်တို့ဟာ လူတယောက်ရဲ့
နှလုံးခုန်နှုန်းကို မြင်နေကြရခြင်းပါပဲ။ -
1:28 - 1:31ကျွန်တော်တို့ဟာ Steve ရဲ့
နှလုံးခုန်နှုန်းကို မြင်ကြရုံသာမက၊ -
1:31 - 1:37သူ့မျက်နှာပေါ်မှာ လက်တွေ့တွင်
သွေးစီးဆင်းနေပုံကိုပါ မြင်နိုင်ပါတယ်။ -
1:37 - 1:39ကျွန်တော်တို့ အဲဒီလုပ်ကြတာက
နှလုံးခုန်နှုန်းကို မြင်ရဖို့အတွက်သာမက၊ -
1:39 - 1:43နှလုံးခုန်နှုန်းကို ဖေါ်ထုတ်ပေးရန်နဲ့
-
1:43 - 1:44တိုင်းထွာနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။
-
1:44 - 1:48ပြီးတော့ ရိုးရိုးကင်မရာတွေကို သုံးပြီး
လူနာကို မထိမတို့ရဘဲနဲ့ လုပ်နိုင်ပါတယ်။ -
1:48 - 1:51အခု မြင်နေရတာက အဲဒီလို ရယူထားတဲ့
မွေးကင်းစကလေးငယ်ရဲ့ -
1:51 - 1:55သွေးခုန်နှုန်း နဲ့ နှလုံးခုန်နှုန်းပါပဲ
-
1:55 - 1:57ရိုးရိုး DSLR camera နဲ့ ရိုက်ထားတဲ့
ဗီဒီယိုထဲမှ ရယူခဲ့ရာ -
1:57 - 1:59နှလုံးခုန်နှုန်းဟာ ဆေးရုံထဲက
သာမန် စောင့်ကြည့်စက်နဲ့ မရနိုင်တဲ့ -
1:59 - 2:04တိကျမှုမျိုးနဲ့ ရရှိခဲ့ပါတယ်။
-
2:04 - 2:07ပြီးတော့ အဲဒီလို ဗီဒီယိုကို
ကျွန်တော်တို့ကမှ ရိုက်ရမယ်လို့ မဆိုလိုပါ။ -
2:07 - 2:09ဘယ်ဗီဒီယိုနဲ့မဆို ကျွန်တော်တို့
အဲဒီလို လုပ်ပေးနိုင်ကြပါတယ်။ -
2:09 - 2:11ဥပမာအဖြစ်၊ ကျွန်တော်ဟာ "Batman Begins" ထဲက
-
2:11 - 2:14ရိုက်ကွက်အတိုကို ယူပြီး
-
2:14 - 2:15Christian Bale ရဲ့ သွေးခုန်နှုန်းကို
ပြပေးထားပါတယ်။ -
2:15 - 2:17(ရယ်မောသံများ)
-
2:17 - 2:19ခင်ဗျားတို့ သိကြသလို
သူဟာ မိတ်ကပ်တွေကို သုံးထားကာ -
2:19 - 2:21ဒီထဲက အလင်းရောင်ဟာ သိပ်မကောင်းတာတောင်၊
-
2:21 - 2:23အဲဒီလို ဗီဒီယိုကို သုံးပြီး
ကျွန်တော်တို့ဟာ -
2:23 - 2:24သူ့နှလုံးခုန်နှုန်းကို ရယူနိုင်ခဲ့ရာ
-
2:24 - 2:26ကောင်းကောင်းကို မြင်နိုင်ကြပါတယ်။
-
2:26 - 2:28ဒီတော့ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုများ
လုပ်ကိုင်ကြတာလဲ။ -
2:28 - 2:33ကျွန်တော်တို့ဟာ ဗီဒီယိုထဲက
ပီခ်ဆယ်တိုင်းရဲ့ -
2:33 - 2:35အချိန်အလိုက် အလင်းရောင် ပြောင်းလဲမှုတွေကို
တိုင်းယူပြီး -
2:35 - 2:37အဲဒီအပြောင်းအလဲတွေကို
အရှိန်ဖြင့် ကြည့်ကြတာပါ။ -
2:37 - 2:39ကျွန်တော်တို့ဟာ ၎င်းတို့ကို
ပိုကြီးအောင် လုပ်ပေးလို့ မြင်လာနိုင်ပါတယ်။ -
2:39 - 2:41အခက်ဆုံး အလုပ်က
ကျွန်တော်တို့ လိုက်ရှာနေကြတဲ့ -
2:41 - 2:43အဲဒီလို အချက်ပြမှုတွေဟာ
သိပ်ကို မသိသာလွန်းလို့၊ -
2:43 - 2:45ဗီဒီယိုထဲမှာ အစဉ်ပဲ ပါလာလေ့ရှိကြတဲ့
-
2:45 - 2:47ဆူညံသံများမှ ခွဲထုတ်ယူကြရာမှာ
-
2:47 - 2:51သိပ်ကို သတိဖြင့် လုပ်ကိုင်ရန် လိုပါတယ်။
-
2:51 - 2:54အဲဒါကြောင့် ကျွန်တော်တို့ဟာ
သိပ်ကို စမတ်ကျတဲ့ ပုံများအား ဆန်းစစ်ရေး -
2:54 - 2:56နည်းပညာတွေကို သုံးပြီး ဗီဒီယိုထဲက
ပီခ်ဆယ်တိုင်းရဲ့ အရောင်ကို -
2:56 - 2:58ပြီးတော့ အချိန်အလိုက်
အရောင်ရဲ့ ပြောင်းလဲမှုကို -
2:58 - 3:00တိကျစွာ တိုင်းကြကာ၊
-
3:00 - 3:02ရတဲ့ ပြောင်းလဲမှုတွေကို ချဲ့ယူကြပါတယ်။
-
3:02 - 3:05အဲဒီလို အပြောင်းအလဲတွေကို ကျွန်တော်တို့ကို
-
3:05 - 3:06တကယ့်ကို ပြသပေးရန်
-
3:06 - 3:08ကျွန်တော်တို့ဟာ ခုနကလို မြှင့်တင်ထားတဲ့
ဒါမှမဟုတ် -
3:08 - 3:09ပုံချဲ့ထားတဲ့ ဗီဒီယိုတွေကို ရရှိပါတယ်။
-
3:09 - 3:13ပြီးတော့ အရောင်ဆိုင်ရာ မသိသာတဲ့
အပြောင်းအလဲတွေကိုသာမက -
3:13 - 3:16မသိသာတဲ့ လှုပ်ရှားမှုတွေကိုပါ တိုင်းနိုင်တာကို
တွေ့လာကြပါတယ်၊ -
3:16 - 3:19ကျွန်တော်တို့ ကင်မရာတွေကို
ရိုက်ထားတဲ့ ထဲမှာ -
3:19 - 3:22အလင်းရောင် ပြောင်းလဲမှုတွေကိုသာမက၊
-
3:22 - 3:24ပစ္စည်းတွေရဲ့ လှုပ်ရှားမှုကိုပါ
မြင်တွေနိုင်လို့ပါပဲ။ -
3:24 - 3:28ဒါကတော့ နှစ်အရွယ် ကျွန်တော့ သမီးလေးပါ။
-
3:28 - 3:30လွန်ခဲ့တဲ့ သုံးနှစ်တုန်းက
ကျွန်တော် ရိုက်ယူခဲ့တဲ့ ဗီဒီယိုပါ။ -
3:30 - 3:32မွေးခါစ ကလေးရဲ့ မိဘတွေဆိုတော့
-
3:32 - 3:34ကျွန်တော်တို့ရဲ့ ကလေးဟာ ကျန်းမာရဲ့လား
-
3:34 - 3:35အသက်ရှူနေရဲ့လား၊ အသက်ရှင်လျက်
ရှိရဲ့လားကို -
3:35 - 3:36သိပ်သိလိုကြတာ အမှန်ပါပဲ။
-
3:36 - 3:38အဲဒါနဲ့ ကျွန်တော်ကလည်း
ကလေးတွေကို -
3:38 - 3:39စောင့်ကြည့်ဖို့ သုံးကြတဲ့
-
3:39 - 3:41စက်ကို ဝယ်ယူခဲ့ပြီး သမီးလေး
အိပ်နေတုန်း စောင့်ကြည့်ခဲ့ပါတယ်။ -
3:41 - 3:43အဲဒီလို ပုံမှန် ကလေးစောင့်ကြည့်စက်နဲ့ဆိုရင်
-
3:43 - 3:45မြင်ရမှာက ဒါမျိုးဖြစ်ပါတယ်။
-
3:45 - 3:47ကလေး အိပ်လျက် ရှိနေတာကို ခင်ဗျားတို့
-
3:47 - 3:48မြင်နိုင်ကြပေမဲ့ ဒေတာဟာ နည်းလှပါတယ်။
-
3:48 - 3:50ကျွန်တော်တို့ မြင်နိုင်တာလည်း
သိပ်မများလှပါဘူး။ -
3:50 - 3:51ကျွန်တော်တို့ဟာ ဒါကိုပဲ
ဒီလိုပုံစံမျိုးအဖြစ် -
3:51 - 3:53ကြည့်နိုင်ကြမယ်ဆိုရင်
-
3:53 - 3:54ပိုပြီးတော့ အချက်အလက်တွေရပြီး
-
3:54 - 3:57ပိုလို့ကို အသုံးဝင်မယ် မဟုတ်ပါကလား။
-
3:57 - 4:00အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီထဲက
လှုပ်ရှားမှုတွေကို -
4:00 - 4:02ယူလိုက်ကာ အဆ ၃၀ ချဲ့လိုက်ပါတယ်၊
-
4:02 - 4:04ဒီလိုကျမှ ကျွန်တော့ သမီးဟာ
တကယ့်ကို အသက်ရှင်လျက် -
4:04 - 4:06အသက်ရှူနေတာကို မြင်နိုင်လာတယ်။
-
4:06 - 4:08(ရယ်မောသံများ)
-
4:08 - 4:10ထပ်ပြီးတော့ ဘေးချင်းယှဉ်ပြီး
ကြည့်နိုင်ပါသေးတယ်။ -
4:10 - 4:13ဒါပေမဲ့၊ ထပ်ပြောရရင်၊
မူရင်း ဗီဒီယို၊ ရင်းမြစ် ဗီဒီယိုကိုယ်နှိူင်မှာက -
4:13 - 4:15ကျွန်တော်တို မြင်နိုင်တာ သိပ်မရှိလှပါ၊
-
4:15 - 4:16ဒါပေမဲ့ လှုပ်ရှားမှုတွေကို ချဲ့ပေးလိုက်ရင်
အသက်ရှူမှုကို -
4:16 - 4:18အထင်အရှား မြင်လာနိုင်ပါတယ်။
-
4:18 - 4:20ပြီးတော့ ကျွန်တော်တို့ရဲ့
လက်ရှိ မိုက်ခရိုစကုပ် အသစ်နဲ့ဆိုရင် -
4:20 - 4:22ကျွန်တော်တို့ဟာ ဖေါ်ထုတ် ချဲ့ပေးနိုင်တဲ့
အရာတွေ -
4:22 - 4:24အများကြီးရှိတာကို တွေ့လာပါတယ်။.
-
4:24 - 4:26ခန္ဓာကိုယ်ထဲက သွေးလွှတ်ကြောနဲ့
သွေးပြန်ကြောတွေ -
4:26 - 4:28လှုပ်ကစားနေကြတာ မြင်နိုင်ပါတယ်။
-
4:28 - 4:31ကျွန်တော်တို့ရဲ့ မျက်လုံးတွေ
တချိန်လုံး -
4:31 - 4:33ဒီလိုပုံစံ လှုပ်ကစားနေတတ်ပါတယ်။
-
4:33 - 4:34တကယ်တမ်းတွင် အဲဒါက ကျွန်တော့မျက်လုံးပါ၊
-
4:34 - 4:36အဲဒီဗီဒီယိုကိုလည်း
ကျွန်တော့သမီး၏ -
4:36 - 4:38မွေးပြီးပြီးချင်မှာ ရိုက်ယူခဲ့ရာ၊
-
4:38 - 4:40ကျွန်တော် အိပ်မရေး မဝထားမှန်း
ခင်ဗျားတို့ -
4:40 - 4:42မြင်နိုင်ကြပါတယ်။ (ရယ်မောသံများ)
-
4:42 - 4:44လူတယောက်ဟာ ငြိမ်သက်စွာထိုင်နေတောင်မှ၊
-
4:44 - 4:46ကျွန်တော်တို့ ထုတ်နှုတ်ရယူနိုင်တဲ့
အချက်အလက်တွေ မနည်းလှပါ၊ -
4:46 - 4:48အသက်ရှူမှုနဲ့ ဆိုင်တာတွေ၊ မျက်နှာပေါ်က
-
4:48 - 4:50မသိသာတဲ့ အမူအယာလေးတွေ။
-
4:50 - 4:52အဲဒီလို လှုပ်ရှားမှုလေးတွေကို သုံးပြီး
-
4:52 - 4:53ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ဒါမှမဟုတ်
-
4:53 - 4:55စိတ်ခံစားမှုတွေ အကြောင်းကို
ပြောလို့ရနိုင်ပါတယ်။ -
4:55 - 4:58ကျွန်တော်တို့ဟာ စက်ပစ္စည်းတွေရဲ့
မသိသာတဲ့ လှုပ်ခါမှုများကို၊ -
4:58 - 5:00အင်ဂျင်ရဲ့ တုန်ခါမှုလိုမျိုးကို
တိုင်းထွာနိုင်ကြရာ၊ -
5:00 - 5:01စက်ဆရာကို စက်ပစ္စည်းဆိုင်ရာ ပြဿနာတွေကို
-
5:01 - 5:04စူးစမ်းဖေါ်ထုတ်ရေးကို ကူပေးနိုင်တယ်၊
-
5:04 - 5:06ဒါမှမဟုတ် အဆောက်အဦတွေ လေထဲမှာ
လှုပ်ယမ်းကာ -
5:06 - 5:08စွမ်းအားတွေကို တုန့်ပြန်ကြပုံကို မြင်နိုင်ပါတယ်။
-
5:08 - 5:10အဲဒါတွေ အားလုံးကို
ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ -
5:10 - 5:13အခြားနည်းလမ်းများဖြင့် တိုင်းတတ်နေပါပြီ၊
-
5:13 - 5:15ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုတွေကို
တိုင်းထွာမှု နဲ့ -
5:15 - 5:17အဲဒီလို လှုပ်ရှားမှုကို
လက်တွေ့ကြည့်မြင်နိုင်မှုဟာ -
5:17 - 5:20လုံးဝတခြားစီပါ။
-
5:20 - 5:22ကျွန်တော်တို့က ဒီနည်းပညာအသစ်ကို
တွေ့ရှိခဲ့တဲ့ နောက်မှာ၊ -
5:22 - 5:24ကျွန်တော်တို့ရဲ့ ကုဒ်တွေကို အွန်လိုင်းမှာ
တင်ပေးထားတော့ -
5:24 - 5:27အခြားလူတွေ သုံးနိုင်ကြပါတယ်၊
-
5:27 - 5:29အဲဒါသုံးရတာ သိပ်ကို လွယ်ပါတယ်။
-
5:29 - 5:30အဲဒါကို ခင်ဗျားတို့ ကိုယ်တိုင်ရိုက်ထားတဲ့
ဗီဒီယိုအတွက် သုံးနိုင်ပါတယ်။ -
5:30 - 5:32Quanta Research ထဲက လုပ်ဖေါ်တို့က
သိပ်ကောင်းတဲ့ -
5:32 - 5:34ဒီဝက်ဘ်ဆိုက်ကို ဖန်တီးပေးထားရာ
-
5:34 - 5:35ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ဗီဒီယိုတွေကို
တင်ပြီး -
5:35 - 5:37အွန်လိုင်းမှာ စီမံလုပ်ကိုင်နိုင်ပါတယ်၊
-
5:37 - 5:39ခင်ဗျားတို့ဆီမှာ ကွန်ပျူတာ
သိပ္ပံပညာ ဒါမှမဟုတ် -
5:39 - 5:40ပရိုဂရမ်ပြုစုမှု အတွေ့အကြုံ မရှိရင်တောင်၊
-
5:40 - 5:42ခင်ဗျားတို့ကပါ ဒီမိုက်ခရိုစကုပ်အသစ်ကို
-
5:42 - 5:43လွယ်ကူစွာ သုံးစမ်းကြည့်နိုင်ပါတယ်။
-
5:43 - 5:46ဒီနေရာမှာ ကျွန်တောဟာ
ဥပမာ နှစ်ခုလောက်ကို ပြပေးချင်ပါတယ် -
5:46 - 5:48အခြားသူတွေက အဲဒါကို သုံးပြီး
လုပ်ကိုင်ခဲ့ကြတာတွေကိုပါ။ -
5:48 - 5:54ဒီဗီဒီယိုကို YouTube သုံးစွဲသူ Tamez85 က
ပြုလုပ်ခဲ့တာပါ။ -
5:54 - 5:55အဲဒီ သုံးစွဲသူကို ကျွန်တော်မသိပေမဲ့၊
-
5:55 - 5:58ထိုသူဟာ ကျွန်တော်တို့ ကုဒ်ကို သုံးပြီး
-
5:58 - 6:01ကိုယ်ဝန်ရှိနေစဉ် ဗိုက်ရဲ့ သေးနုပ်တဲ့
လှုပ်ရှားမှုများကို ပုံချဲ့နိုင်ခဲ့ပါတယ်။ -
6:01 - 6:03အဲဒါဟာ ထိတ်လန့်စရာကြီးပါပဲ။
-
6:03 - 6:05(ရယ်မောသံများ)
-
6:05 - 6:07လူတွေဟာ သူတို့ရဲ့ လက်ပေါ်က သွေးကြောတွေ
-
6:07 - 6:09ြသွေးခုန်နေတာကို
ချဲ့ကြည့်ရန် သုံးခဲ့ကြတယ်။ -
6:09 - 6:13ကျွန်တော်တို့ဟာ ဂီနီဝက်တွေကို၊
အထူးသဖြင့် Tiffany လို အမည်ပေးထားတဲ့ -
6:13 - 6:17ဂီနီဝက်ကို မသုံးသရွေ့ ကျွန်တော်တို့ရဲ့
သိပ္ပံသုတေသနလို ခေါ်မရနိုင်ပါ၊ -
6:17 - 6:20ဒီ YouTube သုံးစွဲသူဆိုရင်
ဒါဟာ လှုပ်ရှားမှုချဲ့ရေး နည်းဖြင့် -
6:20 - 6:21ချဲ့ပြခဲ့တဲ့ ကမ္ဘာ့ ပထမဦးဆုံး
ကိုက်ဖြတ်သတ္တဝါပါလို့ ဆိုပါတယ်။ -
6:21 - 6:23ခင်ဗျားတို့လည်း အဲဒါကို သုံးပြီး
-
6:23 - 6:24အနုပညာကို ဖန်တီးနိုင်ကြပါတယ်။
-
6:24 - 6:26ဥပမာ ဒီဗီဒီယိုကို ကျွန်တော့ဆီ
Yale ဒီဇိုင်း -
6:26 - 6:28ကျောင်းသူက ပို့ပေးခဲ့တယ်။
-
6:28 - 6:30သူမနဲ့အတူ တက်နေကြတဲ့
ကျောင်းသားတွေရဲ့ လှုပ်ရှားမှုထဲက -
6:30 - 6:32ခြားနားချက်တွေကို စူးစမ်းကြည့်လိုခဲ့ပါတယ်။
-
6:32 - 6:33သူဟာ သူတို့အားလုံးကို
ငြိမ်ငြိမ်လေး ရပ်ခိုင်းပြီး -
6:33 - 6:35သူတို့ရဲ့ လှုပ်ရှားမှုတွေကို
ချဲ့ကြည့်ခဲ့ပါတယ်။ -
6:35 - 6:39အဲဒါက ပုံငြိမ်တွေ အသက်ဝင်လာသလိုပါပဲ။
-
6:39 - 6:41ဒီလို ဥပမာတွေ အားလုံးကို
လေ့လာကြည့်တဲ့အခါမှာ -
6:41 - 6:43အဲဒါတွေကို ဘာမှလုပ်ရန် မလိုခြင်းဟာ
သိပ်ကောင်းတဲ့အချက်ပါ။ -
6:43 - 6:45ကျွန်တော်တို့ဟာ ကိရိယာအသစ်ကို၊
ကမ္ဘာကြီးကို ကြည့်ရှုရေး -
6:45 - 6:48နည်းသစ်ကို စီမံပေးလိုက်တယ်၊
-
6:48 - 6:50အဲဒီနောက်မှာ လူတွေဟာ
အဲဒါ့ကို တီထွင်ဉာဏ်နဲ့ -
6:50 - 6:52အမျိုးမျိုး သုံးလာကြတယ်။
-
6:52 - 6:54ကျွန်တော်တို့ဟာ ဒီမှာတင်
ရပ်မနေကြပါဘူး။ -
6:54 - 6:56ဒီကိရိယာက ကျွန်တော်တို့အား ကမ္ဘာကြီးကို
နည်းသစ်နဲ့ -
6:56 - 6:57ကြည့်ရှုနိုင်မှုကို ပေးခဲ့ရုံသာမက၊
-
6:57 - 6:58ကျွန်တော်တို့က ကင်မရာတွေနဲ့
-
6:58 - 7:00လုပ်ကိုင်နိုင်တာရဲ့ ဘောင်တွေကိုပါ
-
7:00 - 7:02တိုးချဲ့ပေးလိုက်ပါသေးတယ်။
-
7:02 - 7:03အဲဒါနဲ့ သိပ္ပံပညာရှင်တွေ အနေနဲ့
-
7:03 - 7:05ကျွန်တော် စပြီး စဉ်းစားလာရတာက၊
-
7:05 - 7:07ကျွန်တော်တို့ အနေနဲ့ ကင်မရာတွေကို
သုံးပြီး တိုင်းလို့ ရနိုင်သေးတဲ့ -
7:07 - 7:10မသိသာတဲ့ လှုပ်ရှားမှုတွေကို
နောက်ထပ် ဘယ်အရာတွေက -
7:10 - 7:12ထုတ်လုပ်ပေးကြလဲ စဉ်းစားလာပါတယ်။
-
7:12 - 7:14မကြာမီက ကျွန်တော်တို့ အာရုံစိုက်လာကြတဲ့
-
7:14 - 7:16အဲဒီလို အရာတခုမှာ အသံပါပဲ။
-
7:16 - 7:18အသံဆိုတာက၊ ကျွန်တော်တို့ အားလုံးသိကြသလို၊
-
7:18 - 7:20လေကို အသုံးပြုပြီး ကူးဖြတ်လာတဲ့
လေထုဖိအား ခြားနားချက်ပါပဲ။ -
7:20 - 7:22အဲဒီ ဖိအားလှိုင်းတွေက
အရာဝတ္ထုတွေကို ရိုက်ခတ်ကာ -
7:22 - 7:23၎င်းတို့ထဲတွင် တုန်ခါမှုလေးတွေကို ဖြစ်စေတယ်၊
-
7:23 - 7:25အဲဒါကိုမှ ကျွန်တော်တို့
ကြားနိုင်ခြင်းဖြစ်ပြီး -
7:25 - 7:27အသံအဖြစ် သွင်းယူနိုင်ကြပါတယ်။
-
7:27 - 7:28တဖန် အသံဟာလည်း မြင်လို့ရနိုင်တဲ့
လှုပ်ခါမှုတွေကို -
7:28 - 7:30ဖန်တီးပေးတာ တွေ့နိုင်ပါတယ်။
-
7:30 - 7:33အဲဒီလို လှုပ်ခါမှုကို ကျွန်တော်တို့
မမြင်နိုင်ကြပေမဲ့ -
7:33 - 7:36လိုအပ်တဲ့ စီမံဆန်းစစ်မှုကို သိရင်
ကင်မရာဟာ အဲဒါကို မြင်လာပါမယ်။ -
7:36 - 7:37အဲဒါ့အတွက် ဥပမာ နှစ်ခုကို ပြပါ့မယ်။
-
7:37 - 7:40ဒါကတော့ ကျွန်တော်က
အဆိုတော် ဖြစ်ဖို့ အားထုတ်နေတာပါ။ -
7:41 - 7:43(သီချင်းဆိုနေ)
-
7:43 - 7:44(ရယ်မောသံများ)
-
7:44 - 7:47အဲဒီလို ဆိုနေစဉ် ကျွန်တော်ဟာ
နှုန်းမြင့် ဗီဒီယိုကို ရိုက်ယူခဲ့ပါတယ်။ -
7:47 - 7:49ဒီနေရာမှာလည်း၊ ခင်ဗျားတို့ဟာ
ဗီဒီယိုကိုသာ ကြည့်ကြမယ်ဆိုရင်၊ -
7:49 - 7:51မြင်နိုင်တာဆိုလို့ ဘာရယ်လို့
ရှိမှာ မဟုတ်ပါဘူး၊ -
7:51 - 7:55ဒါပေမဲ့ ကျွန်တော်တို့က လှုပ်ရှားမှုတွေကို
အဆ ၁၀၀ အထိ ချဲ့လိုက်မယ်ဆိုရင် -
7:55 - 7:59လည်ပင်းရဲ့ လှုပ်ရှားမှုနဲ့
တွန့်လိမ်မှုတွေကို မြင်လာပါမယ်။ -
7:59 - 8:01အဲဒီလို အချက်အလက်တွေ
ဗီဒီယိုထဲမှာ ရှိနေကြပါတယ်။ -
8:01 - 8:04အဆိုတော်တွေဟာ လိုအပ်တဲ့
အသံစဉ်ကို ဟစ်ဆိုနိုင်ရင် -
8:04 - 8:05ဝိုင်ခွက် မှန်ကို ကွဲအက်လာစေနိုင်တာ
ကျွန်တော်တို့ သိကြပါတယ်။ -
8:05 - 8:07အဲဒီတော့ ကျွန်တော်တို့ဟာ
ခွက်မှန်ရဲ့ တုန်ခါမှုနဲ့ ကိုက်ညီတဲ့ -
8:07 - 8:10ကစားကြည့်ကြပါမယ်
-
8:10 - 8:12ကပ်လျက် ရှိနေတဲ့ အသံချဲ့စက်နဲ့
ဖွင့်ကြည့်ကြပါမယ်။ -
8:12 - 8:14အဲဒီ အသံစဉ်ကို ဖွင့်ကစားလိုက်ကာ
လှုပ်ရှားမှုတွေကို -
8:14 - 8:16အဆ ၂၅၀ ချဲ့လိုက်ကြမယ်ဆိုရင်၊
-
8:16 - 8:19ဖန်ခွက်မှန် တုန်ခါနေတာကို
အထင်အရှား မြင်လာကြရပါမယ် -
8:19 - 8:22၎င်းဟာ အသံကို တုန့်ပြန်ရင်း
တုန်ခါနေတာပါ။ -
8:22 - 8:24ဒါမျိုးကို ကျွန်တော်တို့ဟာ နေ့စဉ်ဘဝထဲမှာ
တွေ့ခဲ့ပါတယ်။ -
8:24 - 8:26ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ကို
စဉ်းစားလာစေလို့ -
8:26 - 8:29ဒီအရူးအမူး စိတ်ကူးကို ရခဲ့ပါတယ်။
-
8:29 - 8:31ကျွန်တော်တို့ဟာ ဒီဖြစ်စဉ်ကို
ပြောင်းပြန်လုပ်ပြီး -
8:31 - 8:33အသံလှိုင်းတွေက အရာဝတ္ထုတွေထဲမှာ
-
8:33 - 8:36ဖန်တီးပေးတဲ့ တုန်ခါမှုကို လေ့လာကာ
-
8:36 - 8:38ဗီဒီယိုထဲမှ အသံကို ရယူနိုင်ကြမလား၊
-
8:38 - 8:40အဲဒီနောက်မှာ အဲဒါတွေကို
၎င်းတို့ကို ထုတ်လုပ်ပေးလိုက်တဲ့ -
8:40 - 8:42အသံကို ပြန်ဖေါ်ထုတ်နိုင်မလား။
-
8:42 - 8:45အဲဒီလိုနည်းဖြင့် ကျွန်တော်တို့ဟာ
နေ့စဉ်သုံး ပစ္စည်းတွေကို -
8:45 - 8:47မိုက်ခရိုဖုန်းလို သုံးနိုင်မယ်။
-
8:47 - 8:49ကျွန်တော်တို့ လက်တွေ့
လုပ်ခဲ့ကြတာကို ပြပါမယ်။ -
8:49 - 8:51စားပွဲပေါ် ရှိနေတဲ့ အာလူးကျော်
အိတ်ခွံဆိုပါစို့၊ -
8:51 - 8:53ကျွန်တော်တို့ဟာ အဲဒီ အာလူးကျော်
အိတ်ခွံကို -
8:53 - 8:54ဗီဒီယို ကင်မရာဖြင့် ရိုက်ကူးပြီး
-
8:54 - 8:55အသံလှိုင်းတွေက ၎င်းထဲမှာ
ဖြစ်ပေါ်လာစေမယ့် -
8:55 - 8:56သေးနုပ်တဲ့ လှုပ်ရှားမှုတွေကို
တိုင်းကြည့်ကာ -
8:56 - 9:00မိုက်ခရိုဖုန်းအဖြစ် သုံးနိုင်ကြပါမယ်။
-
9:00 - 9:02အခန်းထဲမှာ ကျွန်တော်တို့ ဖွင့်ခဲ့ကြတဲ့
အသံက ဒါပါ။ -
9:02 - 9:07(ဂီတသံ: "Mary Had a Little Lamb")
-
9:10 - 9:13ဒါက ခုနက အိတ်ခွံကို နှုန်းမြင့် ဗီဒီယိုဖြင့်
ရိုက်ယူခဲ့တဲ့ဟာပါ။ -
9:13 - 9:14ထပ်ပြီး ဖွင့်ပြပါမယ်။
-
9:14 - 9:18ခုနက ဗီဒီယိုကို ကြည့်ရုံသက်သက်ဖြင့်
ခင်ဗျားတို့ဟာ -
9:18 - 9:19ဘာကိုမှ မြင်နိုင်မှာ မဟုတ်ပါဘူး၊
-
9:19 - 9:20ဒါပေမဲ့ ခုနက ဗီဒီယိုထဲက မမြင်မရနိုင်တဲ့
လှုပ်ရှားမှုလေးတွေကို -
9:20 - 9:22ဆန်းစစ်လိုက်တဲ့ နောက်မှာ
-
9:22 - 9:24ဒီလို အသံကို ကြားရလာပါမယ်။
-
9:24 - 9:27(ဂီတသံ: "Mary Had a Little Lamb")
-
9:41 - 9:42အဲဒါက-- ကျေးဇူးတင်ပါတယ်။
-
9:42 - 9:48(လက်ခုပ်သံများ)
-
9:50 - 9:52အဲဒါကို ကျွန်တော်က
အမြင်မိုက်ခရိုဖုန်းလို့ ခေါ်ပါတယ်။ -
9:52 - 9:56လက်တွေ့တွင် ဗီဒီယို အချက်ပြမှုထဲမှ အသံ
အချက်ပြမှုတွေကို ထုတ်ယူခဲ့ကြတာပါ။ -
9:56 - 9:59ခင်ဗျားတို့အားလုံးကို ဒီထဲက လှုပ်ရှားမှုရဲ့
စကေးကို နားလည်လာစေဖို့အတွက်၊ -
9:59 - 10:04တော်တော့ကို ကျယ်တဲ့ အသံကတောင်
အိတ်ခွံကို တမိုက်ခရိုမီတာတောင် မလှုပ်စေနိူင်ပါ။ -
10:04 - 10:07တမီလီမီတာရဲ့ ထောင်ပုံတပုံကို ပြောနေတာ။
-
10:07 - 10:10အလင်းရောင်ဟာ အရာဝတ္ထုတွေ ဆီကနေပြီး
ရောင်ပြန်ဟပ်တာကို -
10:10 - 10:14ကျွန်တော်တို့ရဲ့ ကင်မရာတွေနဲ့
ဖမ်းယူလိုက်ခြင်းဖြင့် -
10:14 - 10:16ဘယ်လောက် သေးနုပ်တဲ့ လှုပ်ခါမှုတွေကို
ကျွန်တော် ရယူနိုင်ကြောင်း သိသါပါတယ်။ -
10:16 - 10:19ကျွန်တော်တို့ဟာ အပင်လို အခြား အရာများထံမှပါ
အသံတွေကို ရယူနိုင်ကြပါတယ်။ -
10:19 - 10:25(ဂီတသံ: "Mary Had a Little Lamb")
-
10:27 - 10:29အလားတူပဲ စကားပြောမှုကိုပါ
ထုတ်ယူနိုင်ပါတယ်။ -
10:29 - 10:32ဒီမှာ လူတယောက်ဟာ အခန်းထဲမှာ
စကားပြောနေပါတယ်။ -
10:32 - 10:36အသံ: Mary had a little lamb
whose fleece was white as snow, -
10:36 - 10:40and everywhere that Mary went,
that lamb was sure to go. -
10:40 - 10:43Michael Rubinstein: အဲဒီ ပြောစကားကို
ကျွန်တော်တို့ဟာ ခုနက -
10:43 - 10:46အိတ်ခွံကို ရိုက်ထားတဲ့ ဗီဒီယိုမှ ထုတ်ယူနိုင်ခဲ့ကြတာ
ဒီလိုရှိပါတယ်။ -
10:46 - 10:51အသံ: Mary had a little lamb
whose fleece was white as snow, -
10:51 - 10:56and everywhere that Mary went,
that lamb was sure to go. -
10:56 - 10:58MR: ကျွန်တော်တို့က "Mary Had a Little Lamb"ကို
-
10:58 - 11:00သုံးခဲ့ကြတာက Thomas Edison က ၁၈၇၇ ခုနှစ်တုန်းက
သူ့ ဖိုနိုဂရပ်ထဲကို -
11:00 - 11:05ပြောခဲ့တဲ့ ပထမဦးဆုံး
စကားလုံးတွေ ဖြစ်ကြတယ်လို့ အဆိုရှိလို့ပါ။ -
11:05 - 11:08အဲဒါဟာ သမိုင်းထဲတွင် ကိရိယာ တခုခုဖြင့်
ပထမဦးဆုံး သွင်းယူခဲ့တဲ့ အသံပါပဲ။ -
11:08 - 11:11အဲဒီတုန်းက အသံတွေကို
အချပ်ပြား တခုဆီကို ပို့ပေးခဲ့လျက် -
11:11 - 11:15အဲဒါကြောင့် တုန်ခါနေတဲ့ အပ်ချောင်းက
ဆလင်ဒါ တခုပေါ်မှာ ရစ်ပတ်ထားတဲ့ -
11:15 - 11:17သွတ်ပြားပေါ်မှာ အသံလှိုင်းကို
ရေးခြစ်ပေးလိုက်တာပါ။ -
11:17 - 11:23ခင်ဗျားတို့ကို Edison ရဲ့ ဖိုနိုဂရပ်ဖြင့် အသံသွင်းခြင်းနဲ့
ပြန်ဖွင့်ပြခြင်းကို ပြပေးပါမယ်။ -
11:23 - 11:26(ဗီဒီယို) အသံ: Testing,
testing, one two three. -
11:26 - 11:30Mary had a little lamb
whose fleece was white as snow, -
11:30 - 11:34and everywhere that Mary went,
the lamb was sure to go. -
11:34 - 11:36Testing, testing, one two three.
-
11:36 - 11:40Mary had a little lamb
whose fleece was white as snow, -
11:40 - 11:46and everywhere that Mary went,
the lamb was sure to go. -
11:46 - 11:50MR: အခု၊ ၁၃၇ နှစ်ကြာလာတဲ့ နောက်မှာ၊
-
11:50 - 11:54ကျွန်တော်တို့ဟာ အလားတူ
အရည်အသွေးမျိုးရှိတဲ့ အသံကို -
11:54 - 11:58ကင်မရာဖြင့် ပစ္စည်းတွေရဲ့ လှုပ်ခါမှုကို
စောင့်ကြည့်ရုံဖြင့် ရရှိနိုင်ကြပါပြီ၊ -
11:58 - 12:00ပြီးတော့ အဲဒီကင်မရာဟာ အသံပီတဲ့ မှန်ရဲ့
နောက်မှာ -
12:00 - 12:04၁၅ ပေ အထိ အဝေးမှာ ရှိနေတောင်
အဲဒီလို ရယူနိုင်ကြပါပြီ။ -
12:04 - 12:07ခုနက ပြောခဲ့တဲ့ ကိစ္စထဲမှာ
ကျွန်တော်တို့ ရယူနိုင်ခဲ့ကြတဲ့ အသံက ဒီလိုပါ။ -
12:07 - 12:13အသံ: Mary had a little lamb
whose fleece was white as snow, -
12:13 - 12:17and everywhere that Mary went,
the lamb was sure to go. -
12:17 - 12:21MR: ဒါကို ကြည့်ပြီး လုံခြုံရေးကိစ္စတွေအတွက်
သုံးသင့်တာကို စဉ်းစားမိကြတာ အမှန်ပါပဲ။ -
12:21 - 12:24(ရယ်မောသံများ)
-
12:24 - 12:28ဒါပေမဲ့ အဲဒါဟာ တခြား အရာများအတွက်ပါ
တကယ်အသုံးဝင်နိုင်ပါတယ်။ -
12:28 - 12:31အနာဂတ်မှာ၊ ကျွန်တော်တို့ဟာ၊ ဥပမာ၊
-
12:31 - 12:33အာကာသထဲက အသံကို ရယူရန်အတွက်၊
-
12:33 - 12:37အသံဟာ အာကာသထဲမှာ ခရီးဆန့်နိုင်ပေမဲ့
ကျွန်တော်တို့ မြင်မရနိုင်လို့ပါ။ -
12:37 - 12:39ကျွန်တော်တို့ဟာ ဒီနည်းပညာအသစ်ကို
-
12:39 - 12:42သုံးနိုင်မယ့် အလားအလာတွေကို
အခုမှ စတင်စူးစမ်းနေတုန်းပါ။ -
12:42 - 12:45ရှိနေကြတာကို ကျွန်တော်တို့ သိခဲ့ကြပေမဲ့
အခုထက်ထိ မြင်မရနိုင်ခဲ့တဲ့ -
12:45 - 12:49ရုပ်ပိုင်း ဖြစ်စဉ်များကို ကျွန်တော်တို့ အနေနဲ့
ကြည့်ရှုခွင့် ရလာပါတော့မယ်။ -
12:49 - 12:50ဒါက ကျွန်တော်တို့ရဲ့ အဖွဲ့ပါ။
-
12:50 - 12:53ကျွန်တော် ဒီနေ့ ပြသခဲ့တာတွေဟာ
ဒီမှာ မြင်ရတဲ့ မဟာအဖွဲ့ကြီးရဲ့ -
12:53 - 12:55လက်တွဲလုပ်ကိုင်အားထုတ်မှုရဲ့
ရလဒ်တွေပါ၊ -
12:55 - 12:58ကျွန်တော်တို့ ခင်ဗျားတို့အားလုံးကို
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို -
12:58 - 12:59ဝင်ကြည့်ကြပါ၊ စမ်းကြည့်ကြပါ၊ တိုက်တွန်းချင်ပါတယ်၊
သေးနုပ်တဲ့ လှုပ်ရှားမှုများရဲ့ -
12:59 - 13:02ကမ္ဘာကြီးအား စူးစမ်းမှုထဲ
လက်တွဲပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ -
13:02 - 13:04ကျေးဇူးတင်ပါတယ်။
-
13:04 - 13:05(လက်ခုပ်သံများ)
- Title:
- မြင်မရနိုင်တဲ့ လှုပ်ရှားမှုကို ကြည့်နိုင်မယ့်၊ တိတ်နေတဲ့ အသံတွေကို ကြားရမယ့် တီထွင်မှု အကြောင်း
- Speaker:
- Michael Rubinstein
- Description:
-
“လှုပ်ရှားမှု မိုက်ခရိုစကုပ်” ခေါ် သာမန်မျက်စိဖြင့် မြင်မရနိုင်တဲ့ မသိမသာ လှုပ်ရှားမှု နဲ့ အရောင် ပြောင်းလဲမှုများကို မြင်လာစေနိုင်တဲ့ ဗီဒီယို စီမံပြုလုပ်ရေး ကိရိယာ ပေါ်လာနေပါပြီ။ ဗီဒီယို သုတေသီ Michael Rubinstein က အဲဒီ အံ့အားသင့်စရာ နည်းပညာက လူတယောက်ရဲ့ သွေးခုန်နှုန်း နဲ့ နှလုံးခုန်နှုန်းကို လွယ်ကူစွာ တိုင်းပေးနိုင်တာကို ပြောပြထားပါတယ်။ အာလူးကြော် အိတ်ခွံထံမှ တုံ့ပြန်လာကြတဲ့ အသံ လှိုင်းတွေကို ချဲ့ယူနားထောင်နိုင်ပုံကို သူက ရှင်းပြထားပးါတယ်။ ကိုယ်တိုင် မြင်ရမှသာ အဲဒီလို အသုံးပြုနည်းပညာတွေကို ယုံကြည့်လက်ခံနိုင်လာမှာပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:18
Myo Aung approved Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
Myo Aung edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
Myo Aung edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
Myo Aung edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
Myo Aung edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
Myo Aung edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
sann tint accepted Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide | ||
sann tint edited Burmese subtitles for See invisible motion, hear silent sounds. Cool? Creepy? We can't decide |