Return to Video

လူတွေ မှားတဲ့အရာ လုပ်မိမှာကို ကြောက်ကြတာ ဘာကြောင့်လဲ - Gerd Gigerenzer

  • 0:06 - 0:11
    ဆေးအသစ် တစ်ခုဟာ နှလုံးရောဂါ
    ဖြစ်နိုင်ခြေကို ၄၀% လျော့နည်းစေပါတယ်။
  • 0:11 - 0:14
    ငါးမန်းတွေရဲ့ တိုက်ခိုက်ခံရမှုဟာ
    ၂ ဆ တိုးလာခဲ့ပါပြီ။
  • 0:14 - 0:19
    ဆိုဒါရည်ကို နေ့စဉ်တလီတာ သောက်ရင် သင့်ဆီမှာ
    ကင်ဆာဖြစ်နိုင်ခြေကို ၂ ဆ တိုးလာစေမယ်။
  • 0:19 - 0:22
    ဒါတွေဟာ ရှိနိုင်ကြတဲ့ အန္တရာယ်တွေရဲ့
    ဥပမာတွေပါ၊
  • 0:22 - 0:26
    သတင်းဆောင်းပါးများထဲမှာ အန္တရာယ်ကို
    ဖေါ်ပြဖို့ သာမန်နည်းလမ်းပါ။
  • 0:26 - 0:29
    အန္တရာယ်ကို အကဲဖြတ်မှုဟာ စာရင်းအင်းဆိုင်ရာ
    အချက်အလက်တွေနဲ့
  • 0:29 - 0:32
    ပုဂ္ဂိုလ်ရေး ဦးစားပေးချက်တွေ ပါဝင်တဲ့
    ရှုပ်ထွေးခက်ခဲတဲ့ တာဝန်ပါ။
  • 0:32 - 0:35
    အများစု တိုက်မိနိုင်တဲ့ ခလုတ်က ခုနကလို
    ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်များနဲ့
  • 0:35 - 0:40
    အကြွင်းမဲ့ အန္တရာယ်များလို့ ခေါ်ကြတဲ့ဟာတွေ
    အကြားက ခြားနားချက်ကြီးပါပဲ။
  • 0:40 - 0:43
    အန္တရာယ် ဆိုတာက အဖြစ်အပျက် တစ်ခု
    ဖြစ်နိုင်ခြေ ရှိတယ် သဘောပါ။
  • 0:43 - 0:45
    အဲဒါကို ရာခိုင်နှုန်း အဖြစ် --
  • 0:45 - 0:49
    ဥပမာ၊ နှလုံးရောဂါပြဿနာဟာ
    အသက် ၆၀ နဲ့ ၇၉ နှစ်ကြားရှိ
  • 0:49 - 0:51
    အမျိုးသား ၁၁% တွင်ဖြစ်ပွားနိုင်တယ် --
  • 0:51 - 0:57
    ဒါမှမဟုတ် -- ဩစေတြေးလျရဲ့ အနောက်
    ကမ်းခြေ တစ်လျှောက်မှာ ရေငုပ်ကြတဲ့
  • 0:57 - 1:01
    ရေငုပ်သမား နှစ်သန်းမှာ တစ်ဦး ငါးမန်း တိုက်
    ခိုက်ခံရလို့ သေနိုင်မှုနှုန်း ပြနိုင်တယ်။
  • 1:01 - 1:04
    အဲဒီကိန်းဂဏန်းတွေဟာ အကြွင်းမဲ့
    နှလုံးရောဂါဖြစ်နိုင်ခြေနဲ့
  • 1:04 - 1:07
    အဲဒီအုပ်စုတွေ အကြား ငါးမန်းရဲ့ တိုက်ခိုက်
    မှုခံရမယ့် အရေအတွက် ပြပါတယ်။
  • 1:07 - 1:12
    အန္တရာယ် ပြောင်းလဲမှုကို နှိုင်းယှဉ်ပြီး
    ဒါမှမဟုတ် ဂဏန်းဖြင့် ဖြစ်စေ ပြသနိုင်ပါတယ်။
  • 1:12 - 1:16
    ဥပမာ၊ ၂၀၀၉ ခုတုန်းက ဆန်းစစ်ချက် တစ်ခုအရ
    mammography ဓာတ်မှန် ရိုက်ခံမှုက
  • 1:16 - 1:23
    ရင်သားကင်ဆာ သေဆုံးမှုနှုန်းကို အမျိုးသမီး
    တထောင်မှာ ငါးဦးမှ တဦး လျှော့ချနိုင်ခဲ့တယ်။
  • 1:23 - 1:26
    အကြွင်းမဲ့ အန္တရာယ် လျော့နည်းလာမှုဟာ
    ၀.၁% ခန့် ရှိခဲ့ပါတယ်။
  • 1:26 - 1:31
    ဒါပေမဲ့ ယှဉ်ပြောရပါက ကင်ဆာကြောင့် သေဆုံး
    မှု ၅ ဦးမှနေပြီး ၄ ဦးသို့ ကျဆင်းသွားတော့
  • 1:31 - 1:32
    ၂၀% ဖြစ်ပါတယ်။
  • 1:32 - 1:34
    အဲဒီလို မြင့်မားနဲ့ ဂဏန်းကို အခြေခံပြီး
  • 1:34 - 1:38
    လူတွေဟာ ဓာတ်မှန်ရိုက်မှုရဲ့ အကျိုးသက်ရောက်
    မှုကို လွန်ကဲစွာ မျှော်မှန်းလာခဲ့ကြတယ်။
  • 1:38 - 1:42
    အဲဒီအန္တရာယ်ဆိုင်ရာ ဖေါ်ပြနည်း နှစ်မျိုး
    အကြား ခြားနားချက် အရေးပါတာ သိမြင်ဖို့၊
  • 1:42 - 1:45
    နှလုံးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ၄၀%
    လျှော့ချပေးနိုင်တဲ့
  • 1:45 - 1:49
    ဆေးတစ်ခု ရှိတယ်လို့ ခံယူပြီး
    စဉ်းစားကြည့်ကြပါစို့။
  • 1:49 - 1:51
    ဆက်ပြီး အဲဒီဆေးကို မသောက်ခဲ့ကြတဲ့
    လူ ၁၀၀၀ တို့အကြားမှာ
  • 1:51 - 1:55
    ၁၀ ဦးတို့ဆီမှာ နှလုံးရောဂါ ဖြစ်လာခဲ့
    ကြောင်း စိတ်ကူးကြည့်ကြပါ။
  • 1:55 - 2:00
    ကျိန်းသေ အန္တရာယ်ဟာ ၁၀၀၀ မှာ ၁ဝ ဆိုတော့
    ၁% ဖြစ်ပါတယ်။
  • 2:00 - 2:03
    အလားတူပဲ လူ ၁၀၀၀ ပါတဲ့
    အုပ်စုက ဆေးကို သောက်ခဲ့ပါက
  • 2:03 - 2:06
    နှလုံးရောဂါ ဖြစ်တဲ့ အရေအတွက်ဟာ
    ခြောက်ဦး ဖြစ်လိမ့်မယ်။
  • 2:06 - 2:10
    တစ်နည်းပြောရလျှင် ဆေးဟာ နှလုံးရောဂါဖြစ်မှု
    ဆယ်ခုထဲက လေးခုကို ဟန့်တားနိုင်ခဲ့မယ်။
  • 2:10 - 2:13
    ယှဉ်ပြောရလျှင် အန္တရာယ် ကို ၄၀ %
    လျော့နည်းစေမှုပါ။
  • 2:13 - 2:19
    အဲဒီအတောအတွင်းမှာ ကျိန်းသေ အန္တရာယ်ကျတော့
    ၁% မှ ၀.၆% သို့သာ ကျဆင်းခဲ့တာပါ--
  • 2:19 - 2:23
    ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့ ယှဉ်ကြည့်လျှင်
    အန္တရာယ် ၄၀% ကျဆင်းသွားမှုက ပိုသိသာသလိုပဲ။
  • 2:23 - 2:27
    နှလုံးရောဂါတွေကို ဒါမှမဟုတ် အခြားဆိုးတဲ့
    ရလဒ်ကိုနည်းနည်းလေးပဲ ဖြစ်ဖြစ်
  • 2:27 - 2:31
    ဟန့်တားပေးနိုင်ပါက
    ပြုလုပ်ပေးထိုက်တာ အမှန်ပါပဲ။
  • 2:31 - 2:33
    အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာပါ။
  • 2:33 - 2:36
    ပြဿနာက အန္တရာယ် တချို့ကို လျှော့ချပေးတဲ့
    ရွေးလိုက်တဲ့ နည်းလမ်းက
  • 2:36 - 2:39
    ကျုပ်တို့ကို အခြားရောဂါတွေဆီကို
    တွန်းပို့ပေးနို​င်လို့ပါ။
  • 2:39 - 2:45
    ခုက နှလုံးရောဂါဆေးက လူနာ ၁% ထဲက တစ်ဝက်
    ဆီမှာ ကင်ဆာရောဂါကို ဖြစ်စေတယ် ဆိုပါစို့။
  • 2:45 - 2:46
    ကျုပ်တို့ရဲ့ လူ ၁၀၀၀ ပါတဲ့ အုပ်စုထဲတွင်
  • 2:46 - 2:50
    ဆေးကို သောက်လိုက်ခြင်းဖြင့် နှလုံးရောဂါ
    ဖြစ်ပွားမှု လေးခုကို ဟန့်တားနိုင်ခဲ့ပေမဲ့၊
  • 2:50 - 2:54
    ကင်ဆာရောဂါ ဖြစ်ပွားမှု
    အသစ် ငါးခု ရှိလာပါမယ်။
  • 2:54 - 2:58
    နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ကို ယှဉ်
    ပြောရလျှင် သိသာစွာ နှိမ့်ချနိုင်ချိန်မှာ
  • 2:58 - 3:01
    ကင်ဆာရောဂါဖြစ်နိုင်ခြေ
    ကျိန်းသေ ဂဏန်းက သေးသလို ထင်ရပေမဲ့၊
  • 3:01 - 3:04
    နှစ်ခုပေါင်းကြည့်ရင် ရောဂါဖြစ်မှု အရေအတွက်
    ဟာအတူတူ လောက်ပဲ ရှိပါလိမ့်မယ်။
  • 3:04 - 3:05
    လက်တွေ့ ဘဝထဲတွင်၊
  • 3:05 - 3:08
    လူတစ်ဦးချင်းရဲ့ အန္တရာယ်အား အကဲခတ်မှုဟာ
  • 3:08 - 3:11
    ထိုသူရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေကို လိုက်ပြီး
    ကွဲပြားမှာပါ။
  • 3:11 - 3:14
    ကိုယ့်မျိုးရိုးထဲမှာ နှလုံးရောဂါ ဖြစ်ခဲ့
    ဘူးတာကို သိထားရင်
  • 3:14 - 3:17
    ကျိန်းသေ ဂဏန်းအရ နှလုံးရောဂါ ဖြစ်မှုကို
    နည်းနည်း လျှော့ချနိုင်တာ သိထားတောင်
  • 3:17 - 3:19
    နှလုံးရောဂါ ဖြစ်နိုင်ခြေကို
    လျှော့ချနိုင်မယ့်
  • 3:19 - 3:24
    ဆေးကို သောက်ဖြစ်ဖို့ လှုံ့ဆော်အား
    ကောင်းဖို့ များပါတယ်။
  • 3:24 - 3:28
    မကြာခဏဆိုသလို၊ ကျုပ်တို့ တိုက်ရိုက်နှိုင်း
    ယှဉ်ကြည့် မရနိုင်တဲ့ အန္တရာယ်တွေ အကြားမှာ
  • 3:28 - 3:30
    ဖြတ်သန်းရေးကို ဆုံးဖြတ်ဖို့
    လိုအပ်တတ်ပါတယ်။
  • 3:30 - 3:33
    ဥပမာအားဖြင့်၊ နှလုံးရောဂါ ဆေးထဲတွင်
    အသက်ကို ခြိမ်းချောက်တာ မဟုတ်ပေမဲ့
  • 3:33 - 3:36
    အားအင်ကုန်ခမ်းစေမယ့် အန္တရာယ်မြင့်မားမယ်၊
  • 3:36 - 3:39
    ကင်ဆာ မဟုတ်ဘဲ ခေါင်းတစ်ခြမ်းကိုက်တဲ့
    ဦးယဉ်းနာလို ဘေးထွက်ဆိုးကျိုး ရှိပါက၊
  • 3:39 - 3:43
    အဲဒီအန္တရာယ်ကို ယူသင့်သလားဆိုင်ရာ ကျုပ်
    တို့ရဲ့ အကဲဖြတ်မှု ပြောင်းလဲသွားနိုင်တယ်။
  • 3:43 - 3:47
    ရံဖန်ရံခါဆိုရင် မှန်ကန်စွာ ရွေးလို့ ရနိုင်
    တဲ့ ရွေးချယ်မှု ရှိချင်မှရှိနိုင်ပါတယ်-
  • 3:47 - 3:52
    အချို့က ငါးမန်း တိုက်ခိုက်နိုင်တဲ့ အင်မတန်
    မှ သေးတဲ့ အန္တရာယ်ကိုတောင် ရှောင်ကြမယ်၊
  • 3:52 - 3:54
    ယုတ်စွအဆုံး ရေမကူးပဲ နေရုံပဲ မဟုတ်လား၊
  • 3:54 - 3:57
    အဲဒီတချိန်တည်းမှာ အခြားသူတွေကျတော့
    ငါးမန်းတိုက်ခံခရနိုင်တဲ့ သေးငယ်လှတဲ့
  • 3:57 - 4:01
    အန္တရာယ် ရှောင်ရှားရေးထက် ရေကူး
    နိုင်ခွင့်ကို လက်လွတ်မခံချင်လိုပါ။
  • 4:01 - 4:05
    အဲဒီလို အကြောင်းရင်းတွေကြောင့် အန္တရာယ်
    အကဲခတ်ရေး အခြေခံလိုင်းဟာ မရေရာသလို၊
  • 4:05 - 4:08
    အန္တရာယ်ဆိုင်ရာ အစီရင်ခံစာဟာ
    မှားရာသို့ တွန်းပို့ပေးနိုင်ပါတယ်၊
  • 4:08 - 4:11
    အထူးသဖြင့် ၎င်းထဲမှာ ဂဏန်းအချို့ကို
    ကိန်းဂဏန်းအဖြစ် ဖေါ်ပြလျက်
  • 4:11 - 4:13
    ကျန်တာကို ယှဉ်ပြီး ဖေါ်ပြထားလျှင် မလွယ်ပါ။
  • 4:13 - 4:16
    ဒီလို တိုင်းထွာဖေါ်ပြမှုတွေ အလုပ်လုပ်ပုံ
    သိနားလည်ထားလျှင်
  • 4:16 - 4:19
    ကျုပ်တို့ဟာ စိတ်ရှုပ်ထွေးမှု တချို့
    ကျော်လွှားဖို့ ကူညီပေးနိုင်ပြီး
  • 4:19 - 4:22
    အန္တရာယ်ကို ပိုကောင်းမွန်စွာ
    အကဲဖြတ်ဖို့ ကူပေးမှာပါ။
Title:
လူတွေ မှားတဲ့အရာ လုပ်မိမှာကို ကြောက်ကြတာ ဘာကြောင့်လဲ - Gerd Gigerenzer
Speaker:
Gerd Gigerenzer
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန်- https://ed.ted.com/lessons/how-likely-is-a-shark-attack-gerd-gigerenzer

ဆေးအသစ် တစ်ခုဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၄၀% လျော့နည်းစေပါတယ်။ ငါးမန်းတွေရဲ့ တိုက်ခိုက်ခံရမှုဟာ ၂ ဆ တိုးလာခဲ့ပါပြီ။ ဆိုဒါရည်ကို နေ့စဉ် တစ်လီတာကျ သောက်ရင်
သင့်ဆီမှာ ကင်ဆာဖြစ်နိုင်ခြေကို ၂ ဆ တိုးလာစေမယ်။ ဒါတွေဟာ ရှိနိုင်ကြတဲ့ အန္တရာယ်တွေရဲ့ ဥပမာတွေပါ၊ သတင်းဆောင်းပါးများထဲမှာ အန္တရာယ်ကို ဖေါ်ပြဖို့ သာမန်နည်းလမ်းပါ။ ဒီတော့ အန္တရာယ်ကို ကျုပ်တို့ဟာ ပိုကောင်းမွန်စွာ ဘယ်လိုများ အကဲခတ်နိုင်ကြမလဲ။ Gerd Gigerenzer က ယှဉ်ကြည့်လျှင်နဲ့ ကျိန်းသေ အန္တရာယ် အကြားက ခြားနားချးက်ကို စူးစမ်း တင်ပြထားပါတယ်။

Gerd Gigerenzer ရဲ့ သင်ခန်းစာကို visorama မှ စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:21

Burmese subtitles

Revisions