Return to Video

မိဘအသစ်တွေနဲ့ သူတို့ရဲ့ ကလေးတွေအပေါ် အမေရိက ဘယ်လို ကျရှုံးသလဲ။

  • 0:00 - 0:03
    အလုပ်လုပ်နေတဲ့ အမေတစ်ယောက်ဘာနဲ့တူလဲ။
  • 0:03 - 0:06
    အင်တာနက်ကို မေးရင်
    ရှင်ကို ဒီလိုပြောလိမ့်မယ်။
  • 0:07 - 0:11
    ကလေးကို ရှင့်ပေါင်ပေါ်တင်ပြီး ကွန်ပျူတာနဲ့
    အလုပ်လုပ်ရင် ရလာမယ့်ရလဒ်က
  • 0:11 - 0:14
    ဒါဆိုတာကိုတော့ အရေးမထားပါနဲ့။
  • 0:14 - 0:15
    (ရယ်သံများ)
  • 0:15 - 0:18
    ဒါပေမဲ့ မဟုတ်ဘူး၊ ဒါ အလုပ်လုပ်နေတဲ့
    အမေ မဟုတ်ဘူး။
  • 0:18 - 0:22
    ဒီပုံတွေထဲက အပြင်အဆင်ကို သတိထားမိမှာပါ။
    ဒီပုံတွေအများကြီးကြည့်ရအောင်။
  • 0:22 - 0:25
    အဲ့ဒါက ပြီးပြည့်စုံတဲ့
    သဘာဝ အလင်းရောင်လေ။
  • 0:25 - 0:27
    ကျွန်မတို့ သိတဲ့အတိုင်း ဒါက
  • 0:27 - 0:31
    အမေရိကန် အလုပ်နေရာရဲ့
    ဝိသေသလက္ခဏာပေါ့။
  • 0:31 - 0:35
    ဒီလိုပုံတွေ ထောင်ပေါင်းများစွာရှိပါတယ်။
  • 0:35 - 0:38
    ဓာတ်ပုံ စတော့ဆိုက်မှာ၊ Google ရုပ်ပုံ
    ရှာဖွေရေးအင်ဂျင်ထဲကို "အလုပ်
  • 0:38 - 0:40
    လုပ်နေတဲ့အမေ" ရိုက်လိုက်
  • 0:40 - 0:41
    ပုံတွေက အင်တာနက်ပေါ်မှာပါ။
  • 0:41 - 0:43
    ဘလော့ နဲ့ သတင်းတွေရဲ့
    မျက်နှာစာမှာ ရောက်နေပါတယ်။
  • 0:43 - 0:48
    ဒီသတင်းတွေရယ်၊ မုသားစကားတွေရယ်၊
    ကျွန်မတို့ကိုပေးတဲ့ စိတ်သက်သာမှုတွေ၊
  • 0:48 - 0:50
    အမေရိကန်မှာ အလုပ်လုပ်နေသူ
    အမေသစ်တစ်ယောက်ဖြစ်လာရင်
  • 0:50 - 0:53
    အရာရာက အဆင်ပြေတယ်ဆိုတာတွေနဲ့
    ပတ်သတ်ပြီး
  • 0:53 - 0:55
    ရေးနေကြတာ အများကြီးပါပဲ။
  • 0:55 - 0:57
    ဒါပေမဲ့ အဲလိုကောင်းနေတာ မဟုတ်ဘူး။
  • 0:57 - 1:00
    နိုင်ငံတစ်ခုအနေနဲ့ ကျွန်မတို့တွေ
    နှစ်တိုင်း သန်းပေါင်းများစွာ
  • 1:00 - 1:04
    အမျိုးသမီးတွေကို ကလေးမွေးပြီးချင်း
    ဆိုးရွားစွာဘဲ ချက်ချင်း
  • 1:04 - 1:06
    အလုပ်ပြန်လုပ်ခိုင်းနေပါတယ်။
  • 1:06 - 1:07
    ဒါက စာရိတ္တပြဿနာပါ။
  • 1:07 - 1:11
    ဒါပေမဲ့ ဒါက ဘာလို့ စီးပွားရေးပြဿနာ
    ဖြစ်လဲဆိုတာ ကျွန်မ ပြောပါမယ်။
  • 1:11 - 1:15
    ဒီပုံတွေရဲ့ မစစ်မှန်မှုကို ကျွန်မ
    စွဲလန်းပြီး စိတ်ကုန်လာတယ်။
  • 1:15 - 1:17
    အဲဒါတွေက ကျွန်မ ဘဝနဲ့ တခြားစီပဲလေ။
  • 1:17 - 1:22
    ဒါကြောင့် မကြာသေးခင်က သရော်ဓာတ်ပုံတွေ
    ပါဝင်ရိုက်ကူးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
  • 1:22 - 1:25
    ရှင့်ကလေးရဲ့ အဟာရအရင်းအမြစ်က
    ရှင့်ကိုယ်မှာ တွယ်ကပ်ရှိနေပေမဲ့
  • 1:25 - 1:29
    အလုပ်ကိုပြန်သွားရတဲ့ နားလည်ရ
    ခဲယဉ်းတဲ့ အဖြစ်မှန်ကို
  • 1:29 - 1:32
    တစ်ကမ္ဘာလုံးက စသုံးလိမ့်မယ်လို့
    မျှော်လင့်ပါတယ်။
  • 1:33 - 1:36
    အဲဒီအထဲက နှစ်ပုံကို ကျွန်မပြမယ်။
  • 1:36 - 1:38
    (ရယ်သံများ)
  • 1:38 - 1:41
    "တင်ပြမှုလုပ်တုန်း အင်္ကျီမှာ
    နို့စွန်းနေတဲ့ ကောင်မလေးကို
  • 1:41 - 1:43
    ရာထူးတိုးပေးလိုက်စမ်း"
  • 1:43 - 1:45
    ဒီပုံထဲမှာ ကလေးမပါဘူးဆိုတာ
    ရှင်တို့ သတိထားမိမယ်။
  • 1:46 - 1:48
    အကြောင်းက အဲလို လုပ်လို့မရဘူးလေ။
  • 1:48 - 1:50
    အလုပ်လုပ်နေတဲ့ အမေအများစုအတွက်ပေါ့။
  • 1:51 - 1:53
    သိလား။ ဒါက ရှင်တို့ရဲ့ နေ့ကို
    ဖျက်ဆီးပစ်မှာ။
  • 1:53 - 1:56
    အိမ်သာရေလောင်းတိုင်း
    အိမ်သာရေမှုန်တွေက လေထဲမှာ
  • 1:56 - 1:58
    နာရီအနည်းငယ်ရှိနိုင်တယ် ဆိုတာကိုလေ။
  • 1:58 - 2:01
    အလုပ်လုပ်နေတဲ့ အမေသစ်တွေအတွက်
  • 2:01 - 2:04
    သူတို့ မွေးကင်းစကလေးတွေအတွက်
    တနေ့အတွင်း အစာပြင်ဆင်ရေး
  • 2:04 - 2:06
    တစ်ခုတည်းသော နေရာဖြစ်တယ်။
  • 2:07 - 2:10
    ကမ္ဘာကို ဒီလိုအရာတွေများစွာတင်ပြပါတယ်။
  • 2:10 - 2:12
    ကျွန်မ အဆိုပြုချင်လို့ပါ။
  • 2:12 - 2:15
    ကျွန်မလုပ်နေတာက တံခါးတစ်ချပ်
    ဖွင့်ပေးလိုက်တယ်ဆိုတာ မသိခဲ့ပါဘူး။
  • 2:15 - 2:19
    အကြောင်းက လူတန်းစားအလွှာစုံ
    လုံးဝသူစိမ်းတွေက အချိန်တိုင်း
  • 2:19 - 2:21
    ကျွန်မဆီ စာရေးလာကြလို့လေ။
  • 2:21 - 2:25
    ကလေးမွေးပြီး ရက်၊ အပတ်အနည်းငယ်
    အတွင်း အလုပ်ပြန်လုပ်ရတာ
  • 2:25 - 2:28
    ဘယ်လိုလဲဆိုတာ ကျွန်မကို
    ပြောဖို့ပေါ့။
  • 2:28 - 2:30
    သူတို့ရဲ့ ပုံပြင်ထဲက ၁၀ ပုဒ်
    ရှင်တို့ကို ပြောပြမယ်။
  • 2:30 - 2:34
    လုံးဝ အစစ်မှန်တွေပါ။
    တစ်ချို့ဟာတွေက ခံစားချက်ပြင်းပါတယ်။
  • 2:34 - 2:37
    အဲဒီအထဲက တစ်ခုမှ ဒါနဲ့ မတူဘူး။
  • 2:38 - 2:40
    ဒါက ပထမတစ်ပုဒ်။
  • 2:40 - 2:44
    "ကျွန်မက ဗဟိုအစိုးရ အကျဉ်းဌာနမှာ
    တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်တစ်ဦးပါ။
  • 2:44 - 2:48
    ကျွန်မ ဗိုက်ခွဲမွေးလို့ ခွင့်ပြုထားတဲ့
    ၈ ပတ်ပြီး အလုပ်ပြန်လုပ်ပါတယ်။
  • 2:48 - 2:52
    အမျိုးသား အလုပ်ဖော်တစ်ယောက်က
    ကျွန်မ "အားလပ်ရက်"ရလို့ ဒေါသဖြစ်ပါတယ်။
  • 2:52 - 2:56
    ဒါကြောင့် ကျွန်မ နို့ညှစ်နေတဲ့အချိန်မှာ
    တံခါးကို သူ တမင် ဖွင့်လိုက်ပြီး
  • 2:56 - 3:00
    တခြားအကျဉ်းသားတွေနဲ့ အတူ
    တံခါးဝမှာ ရပ်ကြပါတယ်။"
  • 3:00 - 3:03
    ဒီ ကျွန်မဆီပို့လာတဲ့ အမျိုးသမီးတွေ၊
    သူစိမ်းတွေရဲ့ ပုံပြင်အများစုဟာ
  • 3:03 - 3:05
    တကယ်တော့ နို့တိုက်တဲ့အကြောင်းတွေ
    မဟုတ်ပါဘူး။
  • 3:05 - 3:07
    အမျိုးသမီးတစ်ယောက် ကျွန်မဆီ
    စာရေးပါတယ်။
  • 3:07 - 3:12
    "ကျွန်မ အမွှာပူးလေးမွေးပြီး လစာမဲ့ ခွင့်
    ၇ ပတ်ပြီးနောက် အလုပ်ပြန်ဆင်းပါတယ်။
  • 3:12 - 3:14
    စိတ်ပိုင်းအရ ကျိုးပဲ့ခဲ့ပါတယ်။
  • 3:14 - 3:18
    ရုပ်ပိုင်းအရတော့ ကလေးမွေးနေတုန်း
    သွေးထွက်လွန်ပြီး အသားပြဲသွားလို့
  • 3:18 - 3:21
    မထနိုင်၊ မရပ်နိုင်၊
    လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပါတယ်။
  • 3:21 - 3:25
    ကျွန်မ အလုပ်ရှင်က ကျွန်မရဲ့ ကျန်တဲ့
    အားလပ်ရက်တွေသုံးခွင့်မရှိဘူးလို့ ပြောတယ်။
  • 3:25 - 3:27
    အကြောင်းက ဘက်ဂျက်ကာလဖြစ်နေလို့ပါ။"
  • 3:28 - 3:32
    ဒီလိုအခြေအနေတွေကို ကျွန်မတို့ တည့်တိုး
    မကြည့်ရဲကြဘူး လို့ယုံကြည်လာပါတယ်။
  • 3:32 - 3:34
    ကျွန်မတို့က လန့်ကြမှာလေ။
  • 3:34 - 3:37
    ကျွန်မတို့ လန့်ရင် ကျွန်မတို့က
    တစ်ခုခုလုပ်ရမှာပေါ့။
  • 3:37 - 3:41
    ဒါကြောင့် ကျွန်မတို့ ဒီပုံကို ကြည့်ပြီး
    ယုံကြည်ကြတယ်လေ။
  • 3:41 - 3:44
    ဒီပုံမှာ ဘာဖြစ်နေလဲတော့ ကျွန်မ
    မသိဘူး။
  • 3:44 - 3:46
    ဒီပုံ ထူးဆန်းပြီး
    ကြောက်ဖို့ကောင်းတယ် ထင်လို့ပါ။
  • 3:46 - 3:48
    (ရယ်သံများ)
  • 3:48 - 3:49
    ဆိုပါစို့၊ သူဘာလုပ်နေတာလဲ။
  • 3:49 - 3:53
    ဒါပေမဲ့ ဒါက ဘာကိုပြောလဲဆိုတာ
    ကျွန်မသိပါတယ်။
  • 3:53 - 3:56
    အရာအားလုံးအဆင်ပြေတယ်လို့
    ကျွန်မတို့ကို ပြောနေတာလေ။
  • 3:56 - 3:59
    ဒီအလုပ်လုပ်နေတဲ့ အမေ၊ အလုပ်လုပ်နေတဲ့
    အမေအားလုံး၊ ကလေးအားလုံး ကောင်းတယ်ပေါ့။
  • 3:59 - 4:01
    ဒီမှာ ဘာမှကြည့်စရာမရှိဘူးပေါ့။
  • 4:01 - 4:05
    ဘာပဲဖြစ်ဖြစ်လေ၊ အမျိုးသမီးတွေက
    ရွေးချယ်မှုတစ်ခု လုပ်ခဲ့တယ်။
  • 4:05 - 4:07
    ဒါကြောင့် ကျွန်မတို့ ပြဿနာမဟုတ်ဘူးပေါ့။
  • 4:07 - 4:10
    ဒီရွေးချယ်မှုကို နှစ်ပိုင်း ခွဲချင်ပါတယ်။
  • 4:10 - 4:14
    ပထမတစ်ခု - အမျိုးသမီးတွေက
    အလုပ်လုပ်ဖို့ ရွေးချယ်တာပါ။
  • 4:14 - 4:16
    အဲဒါ မမှန်ပါဘူး။
  • 4:16 - 4:21
    ကနေ့ အမေရိကန်မှာ အမျိုးသမီးတွေက
    အလုပ်အားရဲ့ ၄၇ ရာခိုင်နှုန်းပါ။
  • 4:21 - 4:23
    အမေရိကန် အိမ်ထောင်စု ၄၀ %
  • 4:23 - 4:27
    အမျိုးသမီးက တစ်ဦးတည်းသော
    ပိုက်ဆံရှာသူဖြစ်ပါတယ်။
  • 4:27 - 4:31
    ကျွန်မတို့ရဲ့ လစာရ အလုပ်က ဒီစီးပွား
    ယန္တာရားရဲ့ အစိတ်အပိုင်းကြီးတစ်ခုပါ။
  • 4:31 - 4:34
    ကျွန်မတို့ မိသားစု ယန္တရားအတွက်လည်း
    အလွန်အရေးကြီးပါတယ်။
  • 4:34 - 4:38
    တစ်နိုင်ငံလုံးအဆင့်မှာ ကျွန်မတို့
    လုပ်အားက ရွေးချယ်စရာမဟုတ်ဘူး။
  • 4:38 - 4:41
    နံပါတ်၂ ပြောတာက အမျိုးသမီးတွေက
    ကလေးယူဖို့ ရွေးချယ်တာမို့လို့
  • 4:41 - 4:45
    ဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲကို
    သူတို့ဘဲ ခံယူသင့်တယ်ဆိုတာပါ။
  • 4:46 - 4:48
    ဒီလိုအရာတွေက ရှင်သွားလာရင်း
    ကြားတဲ့အခါ
  • 4:48 - 4:50
    မှန်တယ်လို့ ထင်ရနိုင်တဲ့
    အရာတွေထဲက တစ်ခုပါ။
  • 4:50 - 4:52
    မင်းကို ကလေးရအောင် ငါမလုပ်ဘူး။
  • 4:52 - 4:54
    မင်းကလေးရတဲ့အချိန် ငါမှ မရှိတာ။
  • 4:54 - 5:00
    ဒါပေမဲ့ ဒီလို အမြင်က အခြေခံကျတဲ့
    အမှန်တရားကို လျစ်လျူရှုထားပါတယ်။
  • 5:00 - 5:05
    ဒီနိုင်ငံအဆင့်မှာ ကျွန်မတို့ရဲ့ ကလေး
    မွေးဖွားမှု ရွေးချယ်စရာမဟုတ်ဘူး။
  • 5:05 - 5:09
    အဲ့အမျိုးသမီးတွေ အလုပ်လုပ်နေတဲ့
    အမျိုးသမီးတွေ ရနေတဲ့ ကလေးတွေက
  • 5:10 - 5:13
    ကျွန်မတို့ လုပ်အားကို ဖြည့်ဆည်းပြီး
    ကာကွယ်ပါလိမ့်မယ်။
  • 5:13 - 5:15
    ကျွန်မတို့ အခွန်ကို အစားထိုးပေးပါတယ်။
  • 5:15 - 5:19
    တစ်နိုင်ငံလုံးအဆင့်မှာ ကျွန်မတို့ရဲ့
    ကလေးမွေးမှုက ရွေးချယ်စရာမဟုတ်ဘူး။
  • 5:19 - 5:20
    ဒါတွေက ရွေးချယ်မှုမဟုတ်ဘူး။
  • 5:20 - 5:24
    အမျိုးသမီးတွေ အလုပ်လုပ်ဖို့၊ အလုပ်
    လုပ်တဲ့ အမျိုးသမီးတွေကလေးယူဖို့ လိုပါတယ်။
  • 5:24 - 5:27
    ဒါကြောင့် ဒီလိုတွေ တစ်ချိန်တည်းလုပ်တာ
    လက်ခံနိုင်အောင်
  • 5:27 - 5:28
    လုပ်ပေးရမှာ မဟုတ်ဘူးလား။
  • 5:29 - 5:32
    ကောင်းပြီ။ အခု အမေးအဖြေ
    အချိန်ပါ။
  • 5:32 - 5:35
    အမေရိကန်မှာ အလုပ်လုပ်နေတဲ့
    အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်
  • 5:35 - 5:38
    လစာရ သားဖွားခွင့်
    မရဘူးလို့ ရှင်တို့ ထင်သလဲ။
  • 5:39 - 5:41
    ၈၈ %။
  • 5:42 - 5:45
    အလုပ်လုပ်တဲ့ အမေရဲ့ ၈၈ %က
    ကလေးမွေးပြီး လစာရ ခွင့်
  • 5:45 - 5:47
    တစ်မိနစ်လေးတောင် မရဘူး။
  • 5:47 - 5:50
    အခုလောက်ဆို ရှင်တို့ လစာမဲ့ ခွင့်
    အကြောင်းကို စဉ်းစားနေလောက်ပြီ။
  • 5:50 - 5:54
    အမေရိကမှာ ဒီလို ရှိနေတာပါ။
    FMLA လို့ခေါ်ပါတယ်။ အလုပ်မဖြစ်ပါဘူး။
  • 5:54 - 5:57
    သူ့ရဲ့ ဖွဲ့စည်းပုံ၊
    ခြွင်းချက်များစွာကြောင့်
  • 5:57 - 6:01
    မိခင်အသစ် တစ်ဝက်လောက်က
    ခံစားခွင့်မရှိဘူး။
  • 6:01 - 6:02
    ဒါကတော့ ဖြစ်ပျက်ပုံပါ။
  • 6:04 - 6:06
    "ကျွန်မတို့ သားကို မွေးစားခဲ့ပါတယ်။
  • 6:06 - 6:10
    သူ့ကို မွေးတဲ့နေ့ ဖုန်းခေါ်တော့
    ကျွန်မ အလုပ်ပျက်ခဲ့ရပါတယ်။
  • 6:10 - 6:14
    FMLA ရထိုက်ဖို့အတွက်
    လုပ်သက်မပြည့်သေးပါဘူး။
  • 6:14 - 6:16
    ဒါကြောင့် လစာမဲ့ ခွင့် မရခဲ့ပါဘူး။
  • 6:16 - 6:19
    အလုပ်ပျက်ပြီး ကျွန်မ
    မွေးကင်းစ သားကို သွားတွေ့တော့
  • 6:19 - 6:20
    ကျွန်မ အလုပ်ပြုတ်သွားတယ်။"
  • 6:22 - 6:27
    ဒီစတော့ ပုံတွေက နောက်အမှန်တရား၊
    နောက် အလွှာတစ်ခုကို ဖုံးကွယ်ထားပါတယ်။
  • 6:27 - 6:30
    လစာမဲ့ ခွင့်လေးဘဲရတဲ့ သူတွေထဲက
  • 6:30 - 6:34
    အမျိုးသမီးအများစုက ခွင့်အများကြီး
    ယူဖို့ မတတ်နိုင်ကြဘူး။
  • 6:34 - 6:37
    သူနာပြု တစ်ယောက် ကျွန်မကို ပြောတယ်
    "ကျွန်မ ယာယီမသန်စွမ်းမှု သတ်မှတ်မခံရဘူး"
  • 6:37 - 6:41
    ဘာလို့လဲဆိုတော့ ကျွန်မကိုယ်ဝန်က
    ရှိပြီးသား အခြေအနေအဖြစ် သတ်မှတ်ခံရလို့ပါ။
  • 6:41 - 6:44
    ကျွန်မရဲ့ လစာမဲ့ ၆ ပတ်သာအတွင်း
    ပြန်အမ်းအခွန်ငွေအားလုံးနဲ့
  • 6:44 - 6:46
    စုငွေတစ်ဝက်ကို သုံးလိုက်ပါတယ်။
  • 6:46 - 6:47
    ကျွန်မတို့ ဆက်မလုပ်နိုင်တော့ပါဘူး။
  • 6:48 - 6:50
    ရုပ်ပိုင်းအရ ခက်ခဲပေမဲ့
    စိတ်ပိုင်းအရ ပိုဆိုးပါတယ်။
  • 6:50 - 6:53
    ကျွန်မသားနဲ့ ကွဲကွာရတာကို
    လပေါင်းများစွာ ရုန်းကန်ရပါတယ်။"
  • 6:53 - 6:56
    ဒါမို့လို အလုပ်အစောကြီးပြန်လုပ်ဖို့
    ဒီဆုံးဖြတ်ချက်ကြီးက
  • 6:56 - 7:00
    ဒါက မိသားစုငွေကြေးကြောင့် ဖြစ်လာတဲ့
    ကျိုးကြောင်းဆက် စီးပွားရေး ဆုံးဖြတ်ချက်ပါ။
  • 7:00 - 7:02
    ဒါပေမဲ့ ရုပ်ပိုင်းအရ ဆိုးရွားပါတယ်။
  • 7:02 - 7:06
    ဘာလို့ဆိုတော့ လူတစ်ယောက်ကို
    မွေးထုတ်လိုက်တာ ရှုပ်ထွေးတယ်လေ။
  • 7:06 - 7:07
    စားပွဲထိုးတစ်ယောက်က ပြောတယ်။
  • 7:07 - 7:11
    "ကျွန်မ ပထမကလေးတုန်းက မွေးပြီး
    ၅ ပတ်နောက် အလုပ်ကို ပြန်ရောက်နေပါပြီ။
  • 7:11 - 7:14
    ဒုတိယတစ်ယောက်ကျတော့ ကလေးမွေးပြီး
    ခွဲစိတ်မှုခံယူရပါတယ်။
  • 7:14 - 7:17
    ဒါကြောင့် အလုပ်ပြန်လုပ်ဖို့
    ၆ ပတ်လောက် စောင့်လိုက်ရပါတယ်။
  • 7:17 - 7:19
    တတိယအဆင့် အသားပြဲမှုရှိခဲ့ပါတယ်။
  • 7:21 - 7:24
    အမေရိကန်က အလုပ်လုပ်တဲ့ အမေ ၂၃ % က
  • 7:24 - 7:29
    ကလေးမွေးပြီး နှစ်ပတ်အတွင်း
    အလုပ်ပြန်လုပ်နေကြပါလိမ့်မယ်။
  • 7:30 - 7:35
    "ကျွန်မ ကိုယ်ဝန်နဲ့ တစ်ပတ်ကို ၇၅ နာရီ
    ဘားထိန်းသူ၊ အချက်အပြုတ်သမ အဖြစ်လုပ်ပါတယ်
  • 7:35 - 7:38
    ကျွန်မ ကလေး တစ်လ မပြည့်ခင်
    အလုပ်ပြန်လုပ်ရပါတယ်။
  • 7:38 - 7:40
    တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ရင်းပေါ့။
  • 7:40 - 7:45
    ကျွန်မ အလုပ်ဖော်တစ်ယောက်ဆို သူ့ကလေးအတွက်
    ခွင့် ၁၀ ရက်ပဲ တတ်နိုင်တာပါ။"
  • 7:45 - 7:49
    ဒါက စီးပွားရေး၊ ရုပ်ပိုင်း ပတ်သတ်မှု
    ရှိနေတဲ့ ဖြစ်ရပ်မဟုတ်ဘူးပေါ့။
  • 7:49 - 7:54
    ကလေးမွေးခြင်းက ကြီးမားတဲ့ စိတ်ပိုင်း
    ဖြစ်စဉ် ဖြစ်သလို အမြဲဖြစ်နေမှာပါ။
  • 7:54 - 7:56
    ဆရာမ တစ်ယောက် ကျွန်မကို ပြောပြတယ်။
  • 7:56 - 7:59
    "ကျွန်မ သားလေးမွေးပြီး ၈ ပတ်ပြီးနောက်
    အလုပ်ပြန်လုပ်ပါတယ်။
  • 7:59 - 8:01
    ကျွန်မ စိုးရိမ်မှု ခံစားနေရပါပြီ၊
  • 8:01 - 8:06
    ဒါပေမဲ့ အလုပ်ပြန်မဆင်းခင် ရတဲ့
    စိတ်ချောက်ချားမှုက မခံနိုင်အောင်ပါဘဲ"
  • 8:06 - 8:08
    စာရင်းအင်းနဲ့ ပြောရရင်
  • 8:08 - 8:11
    ကလေးမွေးပြီး အမျိုးသမီးတစ်ဦးရဲ့
    ခွင့်ရက်ကတိုလေ
  • 8:11 - 8:14
    စိတ်ကျရောဂါ၊ စိတ်ပူရောဂါလို
    စိတ်ရောဂါတွေရဖို့ ဖြစ်နိုင်ချေ
  • 8:14 - 8:16
    ပိုများလေပါပဲ။
  • 8:17 - 8:21
    ဒီရောဂါတွေရဲ့ နောက်ဆက်တွဲများစွာထဲကမှ
  • 8:21 - 8:24
    ကိုယ့်ကိုသတ်သေခြင်းက အမျိုးသမီးရဲ့
    ကလေးမွေးပြီးပထမနှစ်အတွင်း
  • 8:24 - 8:26
    သေရတဲ့ ဒုတိယ
    အကြောင်းအရင်းဖြစ်တယ်။
  • 8:27 - 8:29
    နောက်ပုံပြင်အတွက် သတိ။
  • 8:29 - 8:33
    ဒီအမျိုးသမီးကို ကျွန်မ မမြင်ဖူးဘူး
    ဒါပေမဲ့ ကျွန်မအတွက် ဒါက ခံစားရခက်တယ်။
  • 8:33 - 8:38
    "ကျွန်မရဲ့ သားလေးနဲ့ အတူ နေဖို့ အရေးပါ၊
    အစားမထိုးနိုင်၊ ဖွံ့ဖြိုးတဲ့အချိန်လေးကို
  • 8:38 - 8:41
    ဆုံးရှုံးရလို့ ဒေါသ ပူဆွေးမှုကို
    အတိုင်းမသိ ခံစားရပါတယ်။
  • 8:42 - 8:45
    ကလေးမွေးဖွားခြင်းကြောင့်
    ကျွန်မ လုံးဝ စိတ်ပင်ပန်းရပါပြီ။
  • 8:45 - 8:50
    လပေါင်းများစွာ ကျွန်မ မှတ်မိတာက ကလေး
    အော်သံပါ။ ကလေး လေနာတာလို့ပြောပါတယ်။
  • 8:50 - 8:52
    စိတ်ထဲမှာတော့ မွန်းကြပ်နေပါပြီ။
  • 8:52 - 8:55
    မနက်တိုင်း ဘယ်လောက်ကြာ ဆက်လုပ်နိုင်မလဲလို့
    ကျွန်မကိုယ့်ကိုပြန်မေးပါတယ်။
  • 8:56 - 8:59
    အလုပ်ကို ကလေးခေါ်လာခွင့်တော့
    ရှိပါတယ်။
  • 8:59 - 9:02
    ကျွန်မ ဒုက္ခမရောက်အောင် အော်တာ
    ရပ်ဖို့ သူ့ကို လှုပ်ပေး၊ ချော့သိပ်၊
  • 9:02 - 9:05
    တောင်းဆိုတုန်း ရုံးခန်းတံခါးကို
    ပိတ်ထားရပါတယ်။
  • 9:05 - 9:07
    နေ့တိုင်း ရုံးတံခါးနောက်ကွယ်မှာ
    ပုန်းပြီး
  • 9:07 - 9:09
    သူ အော်တာနဲ့ အမျှ ငိုနေမိပါတယ်။
  • 9:09 - 9:13
    သန့်စင်ခန်းထဲမှာ နို့ညစ်ကိရိယာကို
    ဆေးတုန်း ကျွန်မ ငိုပါတယ်။
  • 9:13 - 9:16
    နေ့စဉ် အလုပ်သွားချိန်၊ အိမ်ပြန်ချိန်
    လမ်းတစ်လျှောက် ကျွန်မ ငိုတယ်။
  • 9:16 - 9:19
    နေ့မှာ မပြီးတဲ့အလုပ်တွေကို ည အိမ်မှာ
    ပြီးအောင်လုပ်မယ်လို့
  • 9:19 - 9:21
    ကျွန်မ အကြီးအကဲကို ကတိပေးရပါတယ်။
  • 9:21 - 9:25
    ကျွန်မထင်တာ ဒါကို မပြီးနိုင်တာ ကျွန်မနဲ့
    ပတ်သတ်ပြီး တစ်ခုခုမှားနေလို့ပေါ့။"
  • 9:27 - 9:29
    ဒါဆို အဲဒါတွေက အမေတွေပေါ့နော်။
  • 9:29 - 9:31
    ကလေးတွေကော။
  • 9:31 - 9:33
    နိုင်ငံတစ်ခုအနေနဲ့ နှစ်တိုင်း
    အလုပ်လုပ်တဲ့အမေမွေးတဲ့
  • 9:33 - 9:35
    ကလေး သန်းပေါင်းများစွာကို
    ဂရုစိုက်ကြလား။
  • 9:35 - 9:37
    ဂရုမစိုက်ဘူးလို့ ပြောမယ်။
  • 9:37 - 9:40
    သူတို့ အလုပ်မလုပ်ခင်၊ အခွန်မဆောင်ခင်
    စစ်မှုမထမ်းခင်အထိပေါ့။
  • 9:40 - 9:42
    ၁၈ နှစ်မှတွေ့မယ်လို့ ကျွန်မတို့ ပြောတယ်။
  • 9:42 - 9:44
    အဲကို သွားတာ သူတို့ရဲ့ တာဝန်လိုပေါ့။
  • 9:46 - 9:49
    ကျွန်မသိတဲ့ အကြောင်းအရင်းတစ်ခုကတော့
    အမေနဲ့ အိမ်မှာ အတူ
  • 9:49 - 9:51
    ၁၂ ပတ်နဲ့ အထက်နေရတဲ့ ကလေးတွေက
  • 9:51 - 9:55
    ပထမနှစ်အတွင်း ကာကွယ်ဆေးထိုးပြီး
    ကျန်းမာရေးစစ်ဆေးပြီးသားဖြစ်ပါတယ်။
  • 9:55 - 10:00
    ဒါကြောင့်အဲ့ကလေးတွေက သေစေတဲ့၊
    ဆိုးရွားတဲ့ ရောဂါတွေ ကင်းဝေးပါတယ်။
  • 10:00 - 10:03
    ဒါပေမဲ့ အဲလိုအရာတွေက ဒီလိုပုံ
    နောက်ကွယ်မှာ ပုန်းကွယ်နေတတ်ပါတယ်။
  • 10:06 - 10:12
    အမေသစ်တွေနဲ့ သူတို့ရဲ့ ကလေးတွေအတွက်
    အမေရိကက အမှာစကားတစ်ခုရှိပါတယ်။
  • 10:12 - 10:16
    မင်းတို့ အတူတူနေရတဲ့ အချိန်တွေအတွက်
    မင်းတို့ ကျေးဇူးသိတတ်သင့်တယ်။
  • 10:16 - 10:18
    ပြီးရင် မင်းတို့က စီးပွားရေးအတွက်ကော၊
  • 10:18 - 10:21
    မင်းတို့ အလုပ်ရှင်အတွက်ပါ
    အဆင်မပြေမှုတစ်ခုဘဲ။
  • 10:21 - 10:26
    ဒီလို ကျေးဇူးတရားတင်ပြမှုမျိုးကို ကျွန်မ
    ကြားရတဲ့ ပုံပြင်တွေထဲမှာ မြင်နေရပါတယ်။
  • 10:26 - 10:28
    အမျိုးသမီးတစ်ယောက် ပြောတာပါ။
  • 10:28 - 10:30
    "ဗိုက်ခွဲမွေးပြီး ၈ ပတ်မှာ
    အလုပ်လုပ်ရပါတယ်။
  • 10:30 - 10:32
    ကျွန်မ ယောက်ျားက အလုပ်မရှိလို့ပါ။။
  • 10:32 - 10:34
    ကျွန်မ မရှိတော့ ကျွန်မ သမီးက
    ချူချာလာပါတယ်။
  • 10:34 - 10:36
    နို့လည်း မစို့ဘူး။
  • 10:36 - 10:37
    သူ စ ပိန်လာပါတယ်။
  • 10:37 - 10:40
    ကံကောင်းစွာဘဲ ကျွန်မ မန်နေဂျာက
    နားလည်ပေးတတ်ပါတယ်။
  • 10:40 - 10:42
    ကလေးကို နို့တိုက်လို့ရအောင်
  • 10:42 - 10:44
    အောက်စီဂျင်စက်နဲ့ မော်နီတာနဲ့
    ကျွန်မအမေကို
  • 10:44 - 10:46
    တစ်ဂျူတီကို လေးကြိမ်
    ကလေး ခေါ်လာခွင့်ပေးတယ်။"
  • 10:48 - 10:51
    ကမ္ဘာပေါ်မှာ အမေသစ်တွေကို လစာရ ခွင့်
  • 10:51 - 10:55
    မပေးတဲ့ နိုင်ငံ တစ်စုရှိပါတယ်။
  • 10:55 - 10:58
    သူတို့ဘယ်သူလဲဆိုတာ ခန့်မှန်းချင်လား။
  • 10:58 - 11:02
    ပထမ ၈ ခုက လူဦးရေ ၈ သန်းပါဝင်ပါတယ်။
  • 11:02 - 11:05
    သူတို့ကတော့ Papua New Guinea၊
    Suriname၊ Micronesia ကျွန်းစု
  • 11:05 - 11:11
    Marshall ကျွန်းစု၊ Nauru၊ Niue၊
    Palau နှင့် Tongaပါ။
  • 11:11 - 11:14
    နံပါတ် ၉ ကတော့ လူဦးရေ
    သန်း ၃၂၀ နဲ့
  • 11:14 - 11:16
    အမေရိကဖြစ်ပါတယ်။
  • 11:17 - 11:20
    အို ဒါပဲ။
  • 11:20 - 11:22
    ဒီစာရင်းရဲ့ အဆုံးပဲ။
  • 11:22 - 11:24
    ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေက
  • 11:24 - 11:28
    နိုင်ငံ့အနာဂတ် ဝန်ကို ထမ်းဆောင်နေတဲ့
    လူတွေအတွက် လစာရ ခွင့်ကို ပေးဖို့
  • 11:28 - 11:31
    နည်းတစ်ခုခုကို စီစဉ်ပေးထားကြတယ်။
  • 11:31 - 11:35
    ဒါပေမဲ့ ကျွန်မတို့ကျတော့ "ဒီလို လုပ်လို့
    မရဘူးလေ"လို့ ပြောကြတယ်။
  • 11:35 - 11:37
    စျေးကွက်က ဒီပြဿနာကို ရှင်းလိမ့်မယ်
    ဆိုပြီးပြောကြတယ်။
  • 11:37 - 11:42
    အဖွဲ့အစည်းတွေက ပညာအတတ်ဆုံး
    လစာအကောင်းဆုံး အမျိုးသမီးတွေကို
  • 11:42 - 11:45
    လစာရ ခွင့် ပိုပေးတော့ ကျွန်မတို့
    ဂုဏ်ယူကြတယ်။
  • 11:45 - 11:47
    အဲ ၈၈ % ကို မှတ်မိသေးလား။
  • 11:47 - 11:51
    အလယ်တန်းစား၊ အောက်ခြေတန်းစား
    အမျိုးသမီးတွေက အဲထဲမှာ ပါမှာ မဟုတ်ဘူး။
  • 11:52 - 11:57
    ဒီလမ်းစဉ်အတွက် ကြီးမားတဲ့ စီးပွားရေး၊
    ငွေကြေးရေး၊ ရုပ်နဲ့ စိတ်ပိုင်းဆိုင်ရာ
  • 11:57 - 12:00
    တန်ကြေးတွေရှိတယ်ဆိုတာ
    ကျွန်မတို့ သိတယ်။
  • 12:00 - 12:04
    ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။
    ဆုံးဖြတ်တာနော်။ မတော်တဆ မဟုတ်ဘူး။
  • 12:04 - 12:08
    ဒီတန်ကြေးတွေကို အလုပ်လုပ်တဲ့ အမေနဲ့
    သူတို့ကလေးဆီ တိုက်ရိုက် ပေးဆပ်ဖို့ပေါ့။
  • 12:08 - 12:11
    ဝင်ငွေနည်းအမျိုးသမီးတွေအတွက်
    တန်ကြေးပိုမြင့်တာ သိတယ်၊
  • 12:11 - 12:13
    ဒါကြောင့် လူဖြူမဟုတ်တဲ့
    အမျိုးသမီးတွေအတွက် အဆမတန်ပေါ့။
  • 12:13 - 12:16
    သူတို့ဆီ ပေးဆပ်လိုက်တာပါပဲလေ။
  • 12:16 - 12:18
    ဒါအားလုံး အမေရိကအတွက် ရှက်စရာပါ။
  • 12:19 - 12:22
    ဒါပေမဲ့ ဒါက အမေရိကအတွက်
    ဆုံးရှုံးစရာလည်းဖြစ်တယ်။
  • 12:22 - 12:24
    အကြောင်းက ဒီ ကလေးယူဖို့
    ဆုံးဖြတ်ချက်တွေက
  • 12:24 - 12:28
    ကလေးမယူဖို့ ဆုံးဖြတ်ချက်တွေဖြစ်သွားရင်
  • 12:28 - 12:32
    ဘာတွေဖြစ်မလဲ။
  • 12:33 - 12:35
    အမျိုးသမီးတစ်ယောက်ပြောတယ်။
  • 12:35 - 12:38
    "အမေသစ် ဘဝက ခက်ခဲတယ်။
    ဒီလောက်ထိ စိတ်မဖိစီးသင့်ဘူး။
  • 12:38 - 12:41
    ကျွန်မတို့ မိသားစုတိုးချဲ့တဲ့အကြောင်း
    ပြောတဲ့အခါ
  • 12:41 - 12:45
    ကျွန်မကိုယ့်ကိုနဲ့ ကလေးကို ဂရုစိုက်ဖို့
    အချိန်ဘယ်လောက်ရှိတာကို အာရုံစိုက်ပါတယ်။
  • 12:45 - 12:48
    ကျွန်မတို့ ပထမကလေးတုန်းကလို
    ပြန်လုပ်ရမယ်ဆိုရင်
  • 12:48 - 12:50
    ကလေးတစ်ယောက်နဲ့ဘဲ တော်ပါပြီ။"
  • 12:52 - 12:55
    အမေရိကမှာ လူဦးရေတည်ငြိမ်အောင်
    ထိန်းဖို့ မွေးနှုန်းက
  • 12:55 - 12:57
    အမျိုးသမီးတစ်ယောက်ကို
    ကလေး ၂.၁ ယောက်နှုန်းပါ။
  • 12:57 - 13:01
    ယနေ့ အမေရိကမှာ ကျွန်မတို့က
    ၁.၈၆ ဘဲ ရှိပါသေးတယ်။
  • 13:01 - 13:03
    အမျိုးသမီးတွေ ကလေးမွေးဖို့လိုပါတယ်။
  • 13:03 - 13:08
    ပြီးရင် အမျိုးသမီးတွေ ကလေးမယူဖို့
    ကျွန်မတို့ တက်ကြွစွာ ဟန့်တားနေပါတယ်။
  • 13:08 - 13:11
    အလုပ်အားတွေ၊ ဆန်းသစ်ပြောင်းလဲမှုတွေ၊
    GDP တွေ ဘာဖြစ်သွားမလဲ။
  • 13:11 - 13:15
    ဒီနိုင်ငံက အလုပ်လုပ်တဲ့ အမေတွေ
    တစ်ယောက်ပြီးတစ်ယောက် ဒါကို နောက်တစ်ခါ
  • 13:15 - 13:19
    ဆက်မလုပ်နိုင်တော့ဘူးလို့
    ဆုံးဖြတ်လိုက်ရင်ပေါ့။
  • 13:20 - 13:23
    ဝေမျှဖို့ကောင်းတဲ့ စိတ်ကူးတစ်ခုနဲ့
    ကျွန်မ ဒီကို ရောက်နေတာပါ။
  • 13:23 - 13:25
    ဘာလဲဆိုတာ ရှင်တို့ ခန့်မှန်းပြီးလောက်ပြီ။
  • 13:25 - 13:29
    ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံက
    နိုင်ငံ့ အနာဂတ် တာဝန်ထမ်းနေတဲ့သူတွေ၊
  • 13:29 - 13:31
    နိုင်ငံ့အနာဂတ် ကလေးတွေအတွက်
  • 13:31 - 13:34
    တစ်နိုင်ငံလုံးအဆင့် လစာရ ခွင့်ပေးသင့်တာ
  • 13:34 - 13:37
    ကြာလှပါပြီ။
  • 13:37 - 13:39
    ကလေးမွေးဖွားခြင်းက
    လူထုကောင်းကျိုးတစ်ခုပါ။
  • 13:39 - 13:41
    ဒီ ခွင့်ကို ပြည်နယ်အဆင့်
    ထောက်ပံ့ကြေးပေးသင့်တယ်။
  • 13:42 - 13:44
    ခြွင်းချက်တွေမရှိသင့်ဘူး။
    လုပ်ငန်းသေးတွေ၊
  • 13:44 - 13:46
    အလုပ်ခန့်အပ်မှု၊ လုပ်ငန်း
    အချိန်တစ်ခုအတွက်ပေါ့။
  • 13:47 - 13:49
    အိမ်ထောင်ဖက် နှစ်ယောက်ကြား
    ဝေမျှနိုင်ရပါမယ်။
  • 13:49 - 13:51
    ဒီနေ့ အမေတွေအကြောင်း ကျွန်မ ပြောပြီးပြီ။
  • 13:51 - 13:54
    ဒါပေမဲ့ မိဘကို ကူပေးမှုကလည်း
    အဆင့်တိုင်းမှာ အရေးကြီတယ်။
  • 13:56 - 13:59
    ဘယ်အမျိုးသမီးကမှ သွေးဆင်းတုန်း၊
    ထောနင်းထောနင်း သွားနေရတုန်း
  • 13:59 - 14:02
    အလုပ်ပြန် လုပ်စရာ မလိုရဘူး။
  • 14:02 - 14:05
    ဘယ်မိသားစုကမှ အနားယူ ဖြေဖျောက်ဖို့နဲ့
    စုစည်းဖို့ ရက်လေးတွေ ရဖို့
  • 14:06 - 14:09
    စုငွေတွေကို အကုန်ခံစရာမလိုရဘူး။
  • 14:09 - 14:12
    မိဘတွေက မွေးကင်းစ အထူးကြပ်မတ်
    ကုသဆောင်မှာ
  • 14:12 - 14:14
    ထိုင်ရင်း သူတို့ရဲ့ မရှိရှိတဲ့ အချိန်ကို
    သုံးလိုက်ရလို့
  • 14:14 - 14:17
    ဘယ်နုနယ်တဲ့ကလေးကမှ အနွေးပေးစက်ကနေ
    ကလေးထိန်းကျောင်းကို
  • 14:17 - 14:19
    တိုက်ရိုက် သွားစရာမလိုရဘူး။
  • 14:19 - 14:22
    ဘယ်အလုပ်လုပ်နေတဲ့ မိသားစုကမှ
    သူတို့ရဲ့ အလုပ်ကွဲလွဲမှု၊
  • 14:22 - 14:26
    သူတို့ရဲ လိုအပ်တဲ့ အလုပ်နဲ့
    ကလေးထိန်းကျောင်းမှုက သူတို့ရဲ့
  • 14:26 - 14:28
    ပြဿနာဆိုတာ အပြောခံစရာမလိုရဘူး။
  • 14:29 - 14:33
    မကောင်းတာတစ်ခုက မိသားစုသစ်မှာ
    ဒါဖြစ်တဲ့အခါ အကုန်အကျများတယ်။
  • 14:33 - 14:36
    ကလေးသစ်နဲ့ မိသားစုက အရင်တုန်းကထက်
  • 14:36 - 14:38
    ငွေကြေးအရ အားနည်းပါတယ်။
  • 14:38 - 14:42
    ဒါကြောင့် အမေသစ်က သူ့အတွက်
    ဖွင့်ဟပြောဖို့ မတတ်နိုင်ဘူး။
  • 14:42 - 14:44
    ဒါပေမဲ့ ကျွန်မတို့
    အားလုံး ပြောဆိုခွင့်ရှိတယ်။
  • 14:44 - 14:47
    ကျွန်မတော့ ကလေးယူပြီးသွားပြီ။
  • 14:48 - 14:49
    ရှင်တို့ကတော့ ကလေးယူတော့မယ်။
  • 14:49 - 14:51
    ကလေးယူပြီးပြီ
  • 14:51 - 14:52
    ဒါမှမဟုတ် ကလေးမယူဘူး။
  • 14:52 - 14:54
    ကိစ္စမရှိသင့်ပါဘူး။
  • 14:54 - 14:57
    ဒါကို အမေတစ်ယောက်ပြဿနာ၊
    အမျိုးသမီးတစ်ယောက်ပြဿနာလို
  • 14:57 - 14:58
    ဘောင်ခတ်နေတာမျိုးရပ်သင့်ပြီ။
  • 14:58 - 15:00
    ဒါက အမေရိကန် ပြဿနာပါ။
  • 15:02 - 15:06
    ကျွန်မတို့ကို ဒီပုံတွေပြောတဲ့
    မုသားတွေကို ယုံတာရပ်ဖို့ လိုပါတယ်။
  • 15:06 - 15:08
    သူတို့ ရဲ့ ဖျောင်းဖျမှုကို
    ရပ်ဖို့လိုပါတယ်။
  • 15:08 - 15:11
    ကမ္ဘာအနှံ နေရာတိုင်း
    အလုပ်ဖြစ်နေတဲ့ အချိန်မှာ
  • 15:11 - 15:14
    ဘာလို့ ဒါက မရလဲဆိုတာ
    မေးခွန်းထုတ်ဖို့ လိုပါတယ်။
  • 15:14 - 15:18
    ဒီ အမေရိကန် အမှန်တရားက
    ကျွန်မတို့အတွက် ဂုဏ်ညိုနွမ်းမှု၊
  • 15:18 - 15:21
    အန္တရာယ်ဆိုတာ အသိအမှတ်ပြုဖို့
    လိုပါတယ်။
  • 15:21 - 15:24
    ဘာလို့လဲဆိုတော့ ဒါက
  • 15:24 - 15:25
    ဒါက
  • 15:25 - 15:28
    ဒါက အလုပ်လုပ်နေတဲ့ အမေ
    တစ်ယောက်နဲ့ မတူလို့ပါ။
  • 15:30 - 15:32
    (လက်ခုပ်သံများ)
Title:
မိဘအသစ်တွေနဲ့ သူတို့ရဲ့ ကလေးတွေအပေါ် အမေရိက ဘယ်လို ကျရှုံးသလဲ။
Speaker:
Jessica Shortall
Description:

အမျိုးသမီးတွေအလုပ်လုပ်ဖို့ လိုသလို၊ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ ကလေးယူဖို့ လိုပါတယ်။ ဒါဆို အမေရိကန်က ဘာဖြစ်လို့ အလုပ်လုပ်တဲ့ အမေသစ်တွေကို လစာရ ခွင့် မပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေရတာလဲ။ ဒီ ပြတ်သားတဲ့ ဟောပြောချက်မှာ အမေရိကမှာ အလုပ်လုပ်နေတဲ့ အမေအသစ်ဘဝရဲ့ အမှန်တရားက မမြင်ရတဲ့အပြင် အရမ်းကို ဆိုးရွားလှတာကို Jessica Shortall က ခံစားချက်ပြည့်ဖြင့်ဖော်ထုတ်ထားပါတယ်။ နှစ်တိုင်း သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ ကလေးမွေးပြီး အပတ်အနည်းငယ်အတွင်း အတင်းအဓမ္မ အလုပ်ဆင်းကြရပါတယ်။ သူမရဲ့ အကြံဉာဏ်ကို ဝေမျှဖို့ကောင်းပါတယ် -- အလုပ်လုပ်နေတဲ့ အမေတွေနဲ့ သူတို့ရဲ့ကလေးတွေဆိုင်ရာ ကျွန်ုပ်တို့ရဲ့ ချဉ်းကပ်ပုံကြောင့် စီးပွားရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းအရ ပေးဆပ်နေရတဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုဖို့ရယ်၊ အလုပ်လုပ်နေတဲ့ မိခင်အားလုံးအတွက် လစာရ ခွင့်ပေးရင်း အနာဂတ်စီးပွားရေးကို ပိုခိုင်ခန့်အောင်လုပ်ဖို့ အချိန်ကျရောက်လို့လာပါပြီ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
15:45

Burmese subtitles

Revisions