သမိုင်းနှင့် Sigmund Freud ။ Todd Dufresne
-
0:07 - 0:10၂၀ ရာစုအပြောင်းအလှည်မှာ ဗီယင်နာမှာ
အလုပ်လုပ်နေရင်း -
0:10 - 0:13စိတ်စိစစ်မှု နည်းနာကို အစမပျိုးခင်
-
0:13 - 0:17ဦးနှောက်နှင့် အာရုံကြော ပညာရှင်အဖြစ်
သူ့ အသက်မွေးလုပ်ငန်းကို စတင်ခဲ့တယ်။ -
0:17 - 0:21လူတွေဟာ မသိစိတ် ဆန္ဒတွေနဲ့
ချုပ်တည်းထားတဲ့ မှတ်ဉာဏ်တွေရဲ့ -
0:21 - 0:22စေ့ဆော်တာခံရပြီး
-
0:22 - 0:24သူတို့ရဲ့ ပြဿနာတွေကို ဒီစေ့ဆော်မှုတွေကို
-
0:24 - 0:28အပြောကုထုံးကနေ သတိထားမိအောင်လုပ်ခြင်းနဲ့
ကိုင်တွယ်လို့ရတယ်လို့ သူ အဆိုပြုခဲ့တယ်။ -
0:28 - 0:34သူ့ဩဇာက အခြားသော စိတ်ပညာရှင်တွေ
ထက်ကို အထင်ကရ လွှမ်းမိုးထားတယ်။ -
0:34 - 0:37ဒါပေမဲ့ ဆစ်ဂ်မန် ဖရွိုက်ဟာ လူ့သဘာဝနဲ့
ပတ်သက်ပြီး မှန်ကန်ခဲ့ပါသလား။ -
0:37 - 0:40သူ့နည်းနာတွေက သိပ္ပံနည်းကျခဲ့သလား။
-
0:40 - 0:45ကဲ ခဏလေး တိတ်ကြပါ။
ဒီနေ့ ကျွန်တော်တို့ တန်းပေါ်မှာလား အဖေ။ -
0:45 - 0:47အဟမ်း၊ မဟုတ်ရပါဘူးကွယ်။
-
0:47 - 0:49ဒါကတော့ ဒေါက်တာ ဆစ်ဂ်မန် ဖရွိုက်ပါ။
-
0:49 - 0:52စိတ်ပညာ သမိုင်းမှာ တီထွင်အား အကောင်းဆုံး
အတွေးအခါ်ပညာရှင်တွေထဲက တစ်ယောက်ပါ။ -
0:52 - 0:56အတုအယောင် သိပ္ပံအယူအဆတွေကို
ဝါဒဖြန့်ခဲ့တဲ့ အတ္တနောဝါဒီတစ်ယောက်ပါ။ -
0:56 - 0:58ကောင်းပြီ။ ဒါက ဘယ်ဟာလဲ။
-
0:58 - 1:01စက်က ကိုင်တွယ်ဖို့ ငြင်းဆန်တဲ့
အကြောင်းအချက်တွေကို သူ ကိုင်တွယ်ခဲ့တယ်။ -
1:01 - 1:04ဖရွိုက်ရဲ့ ကိုယ်ပိုင် အလုပ်က အဲဒီအချိန်က
-
1:04 - 1:07စိတ်ကစဉ့်ကလျားလို့ ခေါ်တဲ့ ရောဂါ
ခံစားနေရတဲ့၊ သူတို့ရဲ့ ရောဂါတွေကို -
1:07 - 1:11လုံးဝ အလေးအနက် အထားမခံခဲ့ရတဲ့
အမျိုးသမီးတွေကို ကုသခဲ့တယ်။ -
1:11 - 1:13ကနဦး သူ ကုသခဲ့တဲ့ စိတ်ဓာတ်ကျနေတဲ့
ဒီအမျိုးသမီးတွေကနေ -
1:13 - 1:16PTSD ရောဂါနဲ့ ပထမ ကမ္ဘာစစ် စစ်ပြန်တွေအထိ
-
1:16 - 1:19ဖရွိုက်တဲ့ အပြောကုသမှုဟာ အလုပ်ဖြစ်ခဲ့ပြီး
-
1:19 - 1:23လူနာတွေကို သူပေးတဲ့ ဗန်းပြမှုက သူတို့ရဲ့
စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေဟာ -
1:23 - 1:27တကယ်ဆိုတာကို ဆေးဘက် အဖွဲ့အစည်းကို
အသိအမှတ်ပြုဖို့ တွန်းအားပေးခဲ့တယ်။ -
1:27 - 1:29သူ့လူနာအားလုံးကို သူ ကူညီမပေးခဲ့ဘူဆိုတာ
သေချာပါတယ်။ -
1:29 - 1:32ကျွန်ုပ်တို့ရဲ့အပြုအမူဟာ မသိစိတ်
ဆော်ဩမှုတွေနဲ့ ချုပ်တည်းထားတဲ့ -
1:32 - 1:35အမှတ်ရမှုတွေရဲ့ပုံသွင်းတာခံရတယ်လို့
ဖရွိုက်က အယုံသွင်းခဲ့တယ်။ -
1:35 - 1:39စိတ်ဒဏ်ရာ လွန်မြောက်သူတွေနဲ့ တကယ်
ဘေးသင့်ခံရသူတွေရဲ့ အပြုအမူနောက်ကွယ်က -
1:39 - 1:44အခြေအမြစ်မဲ့တဲ့ မသိစိတ်(သို့)ယုတ္တိမဲ့တဲ့
စေ့ဆော်မှုတွေကို သူ ထွင်ခဲ့တယ်။ -
1:44 - 1:45ဒါက ဘယ်လိုလဲ။
-
1:45 - 1:49သူဟာ သူ့အကျော်ကြားဆုံး ရောဂါ လေ့လာမှု
တချို့ကို အဓိပ္ပာယ်ကောက် မှားခဲ့တယ်။ -
1:49 - 1:54သူ့ကုသမှုတွေဟာ လူနာတွေကို ကုစား
ပေးတယ်ဆိုပေမဲ့ တကယ်က ပိုဆိုးစေတာပါ။ -
1:54 - 1:56နောက်ပိုင်း သူ့သီအိုရီတွေ ဩဇာလွှမ်း
ခံရတဲ့ အထူးကုတွေဟာ -
1:56 - 1:59သူတို့ရဲ့လူနာတွေကို ဘယ်တုန်းကမှ
မကြံဖူးခဲ့တဲ့ ကလေးဘဝ -
1:59 - 2:04နှိပ်စက်ခံရမှုရဲ့ ချုပ်တည်းထားတဲ့ အမှတ်ရ
မှုဆိုတာတွေ "သတိပြန်ရနေတယ်"လို့ ချော့တယ်။ -
2:04 - 2:06ဘဝတွေနဲ့ မိသားစုတွေဟာ
အစိတ်စိတ် ကွဲသွားတယ်။ -
2:06 - 2:10အရိပ်ထိုးနေမယ့်နောက်ပိုင်းသူ့လုပ်ရပ်ရဲ့
လွဲမှားတဲ့အသုံးချမှုတွေအတွက် -
2:10 - 2:11ဖရွိုက်ကို အပြစ်တင်လို့မရဘူး။
-
2:11 - 2:15လွဲမှားတဲ့အသုံးချမှုမပါဘဲ များစွာသော
သူ့အယူအဆတွေဟာ ဘေးဖြစ်စေခဲ့တယ်။ -
2:15 - 2:19လိင်တူဆက်ဆံမှုကို ဖွံ့ဖြိုးလာတဲ့
ချွတ်ယွင်းချက်တစ်ခုအဖြစ် ရှုမြင်ခဲ့တယ်။ -
2:19 - 2:22အထီးလိင် မနာလိုမှုဆိုတဲ့ စကားရပ်ကို
ထွင်ခဲ့တယ်။ -
2:22 - 2:25အမျိုးသမီးတွေဟာ အထီးလိင် ကင်းမဲ့မှုရဲ့
ခြောက်လှန့်တာ တစ်ဘဝလုံး ခံရတာပါ။ -
2:25 - 2:28ဖရွိုက်ဟာ သူ့ခေတ်ရဲ့ ထုတ်ကုန်တစ်ခုပါ။
-
2:28 - 2:30အသေးစိတ်တချို့ ချွတ်ယွင်းချက်ရှိခဲ့ပေမဲ့
-
2:30 - 2:34အနာဂတ် သိပ္ပံပညာရှင်တွေ စူးစမ်းဖို့၊
စုံစမ်းဖို့နဲ့ ဒီပေါ်မှာ တည်ဆောက်ဖို့ -
2:34 - 2:36နေရာသစ်တစ်ခု ဖန်းတီးခဲ့ပါတယ်။
-
2:36 - 2:40သန်းချီတဲ့ လူတွေ အားထားကြတဲ့
ခေတ်သစ် ကုထုံးနည်းစနစ်တွေဟာ -
2:40 - 2:43စိတ်ပညာစိစစ်မှုနဲ့ သူစတင်ခဲ့တဲ့
လက်ရာကနေ ပေါ်ထွက်ခဲ့တာပါ။ -
2:43 - 2:46ဖရွိုက် တွင်ကျယ်အောင်လုပ်ပေးခဲ့တဲ့
မသိစိတ်တစ်ခုရှိတာ -
2:46 - 2:49ယနေ့ လူတိုင်းသိကြတယ်။
-
2:49 - 2:53ယနေ့ စိတ်ပညာရှင်တွေဟာ "သိမှတ်မှု
မသိစိတ်တစ်ခုတည်းမှာပဲ ယုံတယ် ဆိုတဲ့အချက်က -
2:53 - 2:57သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်းမှာ
ဖြစ်နေတာတွေကို သင် သတိမထားမိတာပါ။ -
2:57 - 3:02ဖရွိုက်က အရာတိုင်းအတွက် နက်ရှိုင်းတဲ့
အဓိပ္ပာယ်ပေး ရင်း ဒီအယူအဆကိုယူခဲ့တယ်။ -
3:02 - 3:08ယနေ့ခေတ် အဆင့်တွေနဲ့တင်မကပဲ သူ့ခေတ်ကတောင်
ခေတ်နောက်ကျနေတဲ့သိပ္ပံဆိုင်ရာ အယူအဆတွေမှာ -
3:08 - 3:10သူ့သီအိုရီတွေကို တည်ဆောက်ခဲ့တယ်။
-
3:10 - 3:13ဥပမာ၊ပုဂ္ဂလိက စိတ်ပညာဟာ ရှေးဟောင်း
သမိုင်းထဲကအဖြစ်အပျက်တွေရဲ့ -
3:13 - 3:18ဇီဝဆိုင်ရာ အမွေဆက်ခံမှုကနေ
လာတယ်လို့ သူတွေးခဲ့တာပါ။ -
3:18 - 3:22ရှေးဟောင်း ဆိုတာက ရေခဲခေတ်(သို့)
မောဆက် သတ်ခြင်းလို ခေတ်ပါ။ -
3:22 - 3:28ဖရွိုက်နဲ့ သူ့ရဲ့အနီးဆုံး အပေါင်းအပါတွေဟာ
ဒီသမိုင်းမတင်မ စိတ်ဒဏ်ရာတွေဟာ -
3:28 - 3:31လူသားစိတ်ပညာအပေါ် ဆက်လက် သက်ရောက်
မှုတွေ ရှိတယ်လို့ ယုံကြည်တယ်။ -
3:31 - 3:34ပျိုဖော်ဝင်ချိန်အတွင်း ဖိုမလက္ခဏာကို
အေးစက်စက် ဥပေက္ခာပြုမှု အဆင့်ဟာ -
3:34 - 3:39ရေခဲခေတ်ရဲ့ ပံတင်သံတစ်ခုလို့ သူထင်ခဲ့တယ်။
-
3:39 - 3:43ဒီလိုဆန်းပြားတဲ့ ယုံကြည်မှုတွေနဲ့ဆို
ဘယ်လိုလုပ် သူ့ကို အလေးအနက် ထားနိုင်မှာလဲ။် -
3:43 - 3:46လွန်ခဲ့တဲ့ ရာစုတွေက ကျော်ကြားတဲ့
အတွေးအခါ်ရှင်တိုင်းမှာ -
3:46 - 3:50ယနေ့ခေတ် စံတွေနဲ့ဆို
ဆန်းပြားနေပုံရတဲ့ အယူအဆတွေ ရှိခဲ့ပေမဲ့ -
3:50 - 3:54ဒါကို အခြေခံတဲ့ သူတို့ရဲ့ဩဇာလွှမ်းမှုကို
ကျွန်ပ်တို့ ထည့်မထွက်လို့ မရဘူး။ -
3:54 - 3:57ဖရွိုက်ဟာ နယ်ပယ်များစွာနဲ့ ဆက်စပ်နေတဲ့
အယူအဆတွေကို တီထွင်သူပါ။ -
3:57 - 4:00သူ့အယူအဆတွေဟာ ကိုယ်ပိုင် အတွေ့အကြုံ
တွေအကြောင်း -
4:00 - 4:04ကျွန်ုပ်တို့ နားလည်၊ပြောဆိုပုံကို ပုံသွင်း
ပေးတဲ့ နေ့စဉ်သုံး စကားရပ်တွေ ဖြစ်လာတယ်။ -
4:04 - 4:10အဲဒိပတ်စိတ်ထား၊ အတ္တနဲ့ မသိစိတ်၊
ခုခံမှု ယန္တရား၊ သေလို စိတ်။ -
4:10 - 4:11အားလုံး ဖရွိုက်ပါ။
-
4:11 - 4:14ဒါပေမဲ့ ဖရွိုက်ဟာ သူ့ကိုယ်သူ
လူမှုရေး အယူအဆသမားလို့ မတင်ပြခဲ့ဘူး။ -
4:14 - 4:17သူ့အလုပ်ဟာ သိပ္ပံနည်းကျလို့
အထပ်ထပ်ပြောခဲ့တယ်။ -
4:17 - 4:20သူဟာ ကတ်သီးကတ်သတ် အချက်တွေကို
ချုပ်တည်းခဲ့တယ်လို့ ပြောနေလား။ -
4:22 - 4:25ဖရွိုက်ရဲ့ သီအိုရီတွေဟာ မဟုတ်မမှန်တာတွေ
တော့ မဟုတ်ဘူး။ -
4:25 - 4:27နေဦး။ ဒီတော့ သူ မှန်တယ်လို့ ပြောနေတာလား။
-
4:27 - 4:33မဟုတ်ပါ။ သူ့အယူအဆတွေကို လက်တွေ့ကျကျ စစ်ဆေး
အတည်ပြုဖို့ နည်းမရှိအောင် ဘောင်ခတ်ထားတယ်။ -
4:33 - 4:38ဖရွိုက်ဟာ သူ မဲဆွယ်နေတဲ့ စိတ်စိစစ်မှုကို
တောင် သေချာပေါက် မယုံကြည်ခဲ့ဘူး။ -
4:38 - 4:41ကုထုံးရဲ့ သက်ရောက်မှုနဲ့ပတ်သက်ပြီး
သူ အဆိုးမြင်ခဲ့တယ်။ -
4:41 - 4:44ဘာပြောတယ်။ငါ လှဲချဖို့လိုတယ်လို့ ငါထင်တယ်။
-
4:44 - 4:48ဆစ်ဂမန် ဖရွိုက်ရဲ့ အယူအဆများစွာဟာ
ခေတ်သစ် သိပ္ပံကို တောင့်မခံနိုင်ဘူး။ -
4:48 - 4:52သူ့ရဲ့ ကုသရေး အလေ့အထတွေက ယနေ့ခေတ်
ကျင်ဝတ်ပိုင်းစံတွေနဲ့ မကိုက်ညီဘူး။ -
4:52 - 4:57တစ်ချိန်တည်းမှာပဲ သူဟာ စိတ်ပညာနဲ့ လူအဖွဲ့
အစည်းမှာ တော်လှန်မှုတစ်ခု အစပျိုးခဲ့ပြီး -
4:57 - 5:00စိတ်ခံစားမှုကို ဆွေးနွေးတာအတွက်
ဝေါဟာရတစ်လုံး ဖန်တီးပေးခဲ့တယ်။ -
5:00 - 5:02ဖရွိုက်က အမှားဝေစုတစ်ခု လုပ်ခဲ့တယ်။
-
5:02 - 5:06ဒါပေမဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးဟာ
သူတို့ အယူအဆတွေကို နောက်ပိုင်း မျိုးဆက်တွေ -
5:06 - 5:08အသုံးပြုပုံအတွက် တာဝန်ရှိလား။
-
5:08 - 5:11သမိုင်းမှာ စွဲချက်တင်တဲ့အခါ သူတို့ ဟာ
အပြစ်တင်ထိုက်လား၊ -
5:11 - 5:14ချီးကျူးထိုက်လား၊ အဖတ်ဆည်ထိုက်လား။
- Title:
- သမိုင်းနှင့် Sigmund Freud ။ Todd Dufresne
- Speaker:
- Todd Dufresne
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/history-vs-sigmund-freud-todd-dufresne တွင် ကြည့်ရှုပါ။
၂၀ ရာစုအပြောင်းအလှည်မှာ ဗီယင်နာမှာ အလုပ်လုပ်နေရင်း စိတ်စိစစ်မှု နည်းနာကို အစမပျိုးခင် ဦးနှောက်နှင့် အာရုံကြော ပညာရှင်အဖြစ် သူ့ အသက်မွေးလုပ်ငန်းကို စတင်ခဲ့ပြီး သူ့ဩဇာက အခြားသော စိတ်ပညာရှင်ထက်ကို အထင်ကရ လွှမ်းမိုးထားတယ်။ ဒါပေမဲ့ Sigmund Freud ဟာ လူ့သဘာဝနဲ့ပတ်သက်ပြီး မှန်ကန်ခဲ့ပါသလား။ သူ့နည်းနာတွေက သိပ္ပံနည်းကျခဲ့သလား။ Todd Dufresne ကနေပြီး Sigmund Freud နဲ့ ယှဉ်နေတဲ့ သမိုင်းထဲက ဒီအငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်ကို စမ်းသပ်စစ်ဆေးထားပါတယ်။
သင်ခန်းစာကို Todd Dufresne က ပြုစုပြီး Brett Underhill က စီစဉ်ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:15
sann tint approved Burmese subtitles for History vs. Sigmund Freud | ||
sann tint edited Burmese subtitles for History vs. Sigmund Freud | ||
Myo Aung accepted Burmese subtitles for History vs. Sigmund Freud | ||
Myo Aung edited Burmese subtitles for History vs. Sigmund Freud | ||
sann tint edited Burmese subtitles for History vs. Sigmund Freud | ||
sann tint edited Burmese subtitles for History vs. Sigmund Freud | ||
sann tint edited Burmese subtitles for History vs. Sigmund Freud | ||
sann tint edited Burmese subtitles for History vs. Sigmund Freud |