Return to Video

တရုတ်ပြည်က အစားအစာကောင်းရဲ့ အနာဂတ်။

  • 0:01 - 0:05
    စိတ်ရှည်တာက ဘာဆိုလိုတာ သိဖို့ ပထမဆုံး
    အခွင့်အရေးရခဲ့တာက ကျွန်မ ခြောက်နှစ်မှာပါ။
  • 0:06 - 0:09
    ကျွန်မရဲ့အဖွားက မျက်လှည့်ဘူးတစ်ဘူး
    မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တယ်၊
  • 0:09 - 0:13
    ဒါက ဘဝအတွက် လက်ဆောင် ဖြစ်လာမယ်လို့
    ကျွန်မတို့ တစ်ယောက်မှ မသိခဲ့ဘူး။
  • 0:14 - 0:16
    ကျွန်မ မျက်လှည့်ပညာကို စွဲလမ်းလာခဲ့ပြီး
  • 0:16 - 0:20
    အသက် ၂၀ မှာ အပျော်တမ်း ချိုးငှက်
    မျက်လှည့်ပညာရှင် ဖြစ်လာခဲ့တယ်။
  • 0:21 - 0:25
    ဒီမျက်လှည့် တင်ဆက်မှုက
    ချိုးငှက်တွေကို ကျွန်မရဲ့ အဝတ်မထည်ထဲမှာ
  • 0:25 - 0:27
    ထိုင်စောင့်နေဖို့ လေ့ကျင်ပေးဖို့လိုအပ်တယ်။
  • 0:28 - 0:32
    လူငယ်မျက်လှည့် ပညာရှင်အနေနဲ့ သူတို့
    ပေါ်လာဖို့ အမြဲ ကမန်းကတမ်းလုပ်ပေမဲ့
  • 0:32 - 0:34
    ကျွန်မရဲ့ ဆရာကတော့
  • 0:34 - 0:37
    မျက်လှည့်တင်ဆက်မှုရဲ့
    အောင်မြင်ရေး လျှို့ဝှက်ချက်က
  • 0:37 - 0:42
    ကုတ်အကျီထဲမှာ ချိုးငှက်တွေ စိတ်ရှည်စွာ
    စောင့်ပြီးမှ သူတို့ပေါ်လာအောင် လုပ်တာလို့
  • 0:42 - 0:43
    ကျွန်မကို ပြောတယ်။
  • 0:44 - 0:47
    ဒါဟာ သတိပါတဲ့ စိတ်ရှည်မှုလိုပါ၊
  • 0:47 - 0:50
    ကျွမ်းကျင်ဖို့ နှစ်ချီပြီး
    အချိန်ယူခဲ့ရတာမျိုးပေါ့။
  • 0:52 - 0:55
    လွန်ခဲ့တဲ့ ခုနှစ်နှစ်က ဘဝက ကျွန်မကို
    ရှန်ဟိုင်းကို ခေါ်လာခဲ့တော့
  • 0:55 - 0:59
    ကိုယ် သင်ခဲ့တဲ့ စိတ်ရှည်မှုက ကျင့်သုံးဖို့
    မဖြစ်နိုင်သလောက် ဖြစ်လာခဲ့တယ်။
  • 1:00 - 1:04
    တရုတ်ပြည်မှာက လူတိုင်း၊ အရာတိုင်းဟာ
    အလျင်စလိုဖြစ်နေတယ်၊
  • 1:04 - 1:08
    ပိုကောင်းမွန်တဲ့ဘဝ တည်ဆောက်ဖို့
    အြခား ၁.၃ ဘီလီယံကျော် လူတွေထက်
  • 1:08 - 1:09
    သာဖို့လိုတယ်။
  • 1:11 - 1:13
    စနစ်ကို ဖောက်၊ မူတွေပြင်
  • 1:13 - 1:15
    နယ်နိမိတ်တွေကို ပတ်ရှောင်တယ်၊
  • 1:16 - 1:18
    အစားအစာမှာလည်း အလားတူပဲ၊
  • 1:18 - 1:22
    အစားအစာနဲ့ပတ်သက်ပြီး ချွင်းချက်က
  • 1:22 - 1:25
    စိတ်မရှည်မှုဟာ ကြောက်မက်ဖွယ်
    အကျိုးဆက်တွေ ရှိနိုင်တာပါ။
  • 1:26 - 1:28
    ပိုမြန်မြန် ကြီးဖို့၊ ပိုရောင်းရဖို့၊
  • 1:28 - 1:33
    စိုက်ပျိုးရေး သက်တမ်း နှစ် ၄၀၀၀ ရှိတဲ့
    သဘာဝ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဟာ
  • 1:33 - 1:37
    ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ
    အလွန်အကျွံ သုံးစွဲတာကြောင့်ပျက်စီးသွားတယ်။
  • 1:38 - 1:41
    ၂၀၁၆ မှာ တရုတ်အစိုးရဟာ ကိုးလအတွင်း
  • 1:41 - 1:45
    သန်းဝက်ရှိတဲ့ အစားအသောက် ဘေးကင်းရေး
    ချိုးဖောက်မှုတွေကို ဖွင့်ချခဲ့တယ်။
  • 1:46 - 1:50
    ကြောက်ခမန်းလိလိကို ကမ္ဘာ့ ဆီးချိုရောဂါသည်
    လေးယောက်မှာ တစ်ယောက်က
  • 1:50 - 1:51
    အခု တရုတ်ပြည်ကနေ လာတယ်။
  • 1:53 - 1:54
    အစားအစာတစ်ခွင်က ဇာတ်လမ်းတွေဟာ
  • 1:54 - 1:58
    ထိတ်လန့်ဖွယ်၊ အလွန်ကို များလွန်းပါတယ်၊
  • 1:58 - 2:03
    စိတ်မရှည်မှုထဲမှာ သတိပါတဲ့ စိတ်ရှည်မှု ယူ
    ဆောင်ဖို့ အချိန်လို့ မိမိကိုယ်ကို ပြောတယ်။
  • 2:04 - 2:06
    သတိပါတဲ့ စိတ်ရှည်မှုလို့ ပြောတော့
  • 2:06 - 2:08
    စောင့်နိုင်စွမ်းကို မဆိုလိုပါဘူး။
  • 2:09 - 2:12
    ဆိုလိုတာက စောင့်နေရင်း
    ဘယ်လိုလုပ်ဆောင်မှာကို သိခြင်းပါ။
  • 2:14 - 2:16
    ဒီလိုနဲ့ တရုတ်ပြည်ှာ ရေရှည်ခံတဲ့
    အစားအစာ စနစ်
  • 2:16 - 2:20
    ဒိဌ ဖြစ်လာမယ့်နေ့ကို
    စောင့်ရင်း တရုတ်ပြည်ရဲ့
  • 2:20 - 2:24
    ပထမဆုံး တစ်ခုဖြစ်တဲ့ အွန်လိုင်း
    လယ်သမားစျေးကွက်ကို အစပျိုးခဲ့တယ်။
  • 2:24 - 2:27
    ဒေသတွင်း သဘာဝအတိုင်း စိုက်တဲ့ လယ်ယာ
    ထွက်ကုန်တွေကို မိသားစုတွေဆီယူပေးဖို့ပါ
  • 2:28 - 2:31
    တိုက်ရိုက်လွှင့်တော့ လွန်ခဲ့တဲ့ ၁၈ လက
  • 2:31 - 2:33
    ကျွန်မတို့ ရောင်းနိုင်တဲ့ အစားအစာက
    အတော် စိတ်ပျက်စရာပါ။
  • 2:34 - 2:37
    ကျွန်မတို့မှာ ရောင်းချဖို့ သစ်သီးမရှိ၊
    အသားလည်း မရှိခဲ့သလောက်ပါ။
  • 2:37 - 2:41
    ပိုးသတ်ဆေး၊ ဓာတုဆေး၊
    ပဋိဇီဝဆေးနဲ့ ဟိုမုန်းတွေနဲ့ပတ်သက်ပြီး
  • 2:41 - 2:45
    လုံးဝသည်းမခံတဲ့ စမ်းသပ်မှုအောင်ကာ
    စမ်းသပ်ခန်းကို ပို့ဖို့ တစ်ခုမှ မရှိလို့ပါ
  • 2:46 - 2:48
    တရုတ်ပြည်က ဒေသတွင်း လယ်သမားတိုင်းကို
  • 2:48 - 2:52
    မတွေ့သရွေ့ လက်မလျှော့ဘူးလို့အရမ်း ပူပန်
    နေကြတဲ့ ဝန်ထမ်းတွေကို ကျွန်မပြောခဲ့တယ်။
  • 2:54 - 2:58
    ဒီနေ့မှာ ဒေသတွင်း လယ်သမား ၅၇ ဦးဆီက
    လယ်ယာထုတ်ကုန်
  • 2:58 - 3:00
    အမျိုး ၂၄၀ ကို ပံ့ပိုးပေးပါတယ်။
  • 3:01 - 3:03
    တစ်နှစ်နီးပါး ရှာဖွေပြီးနောက်မှာ
  • 3:03 - 3:06
    နောက်ဆုံး ဟိုင်နန်ကျွန်းက ရွာသားတွေ
    အိမ်နောက်ဖေးမှာ
  • 3:06 - 3:09
    စိုက်ပျိုးထားတဲ့ ဓာတုဗေဒကင်းတဲ့
    ငှက်ပျောသီးတွေ တွေ့ရှိခဲ့တယ်။
  • 3:11 - 3:13
    ရှန်ဟိုင်းကနေ နှစ်နာရီပဲ ဝေးတဲ့
  • 3:13 - 3:17
    Google Maps မြေပုံညွှန်းမှာမပါတဲ့
    ကျွန်းတစ်ကျွန်းပါ။
  • 3:17 - 3:20
    နွားတွေ မြက်စားပြီး ကောင်းကင်ပြာ အောက်မှာ
  • 3:20 - 3:22
    လွတ်လပ်စွာ ကျက်စားတဲ့နေရာတစ်ခုကို
    တွေ့ခဲ့တာပါ။
  • 3:24 - 3:26
    ထောက်ပံ့ပို့ဆောင်ရေးမှာလည်း
    ကြိုးစား ပါတယ်။
  • 3:27 - 3:30
    ဖောက်သည်တွေရဲ့ အမှာတွေကို သုံးနာရီအတွင်း
    အမြန်ဆုံးရောက်စေဖို့
  • 3:30 - 3:32
    လျှပ်စစ် ယာဉ်တွေနဲ့ ပို့ပေးပါတယ်။
  • 3:32 - 3:35
    ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာတွေ
    နည်းဖို့ ဇီဝနဲ့ပျက်စီးနိုင်၊
  • 3:35 - 3:37
    ပြန်သုံးရနိုင်တဲ့
    ဘူးတွေကို သုံးတယ်။
  • 3:39 - 3:43
    ကျွန်မတို့ရဲ့ကမ်းလှမ်းမှုတွေဟာ ဆက်လက်
    တိုပွားနေမယ်ဆိုတာ သံသယမရှိပေမဲ့
  • 3:43 - 3:45
    အချိန်တော့ ယူရပါလိမ့်မယ်။
  • 3:45 - 3:49
    အစားစအာကောင်းရဲ့ အနာဂတ်ကို ပုံဖော်ဖို့
    လူအများကြီး လိုအပ်တာ ကျွန်မသိပါတယ်။
  • 3:50 - 3:56
    မနှစ်က အစားအစာကောင်းရဲ့ အနာဂတ်ကို လိုရာ
    ပုံဖော်ချင်တဲ့ ကနဦးသမားတွေကိုကူညီဖို့
  • 3:56 - 3:59
    တရုတ်ပြည်ရဲ့အဦးဆုံး အစားအစာ နည်းပညာ
    သွက်လက်မှုနဲ့ VC လမ်းစဉ်ကို
  • 3:59 - 4:00
    တည်ထောင်ခဲ့တယ်၊
  • 4:00 - 4:05
    စားသုံးနိုင်တဲ့ အင်းဆက်တွေကို
    အစားအစာ ပိုကြာရှည်စွာ လတ်ဆတ် စေဖို့
  • 4:05 - 4:09
    ရေရှည်ခံတဲ့ ပရိုတိန်း ရင်းမြစ်အဖြစ်
    သုံးရင်းကနေပါ။
  • 4:11 - 4:13
    ဒီတော့ မေးနိုင်သေးတာက
  • 4:13 - 4:16
    နှေးတယ်ဆိုတာကို ပြစ်မှုတစ်ခုနီးနီးလို့
    ယူဆတဲ့ တိုင်းပြည်တစ်ခုမှာ
  • 4:16 - 4:18
    စိတ်ရှည်မှု လှုပ်ရှားမှုကို မောင်းနှင်ကာ
  • 4:18 - 4:21
    ရေရှည်ခံတဲ့ အစားအစာစနစ်ကို
    တည်ဆောက်ဖို့ ဘာဖြစ်လို့ ကြိုးစားနေတာလဲ။
  • 4:22 - 4:24
    အကြောင်းက ကျွန်မအတွက်တော့
  • 4:24 - 4:27
    အောင်မြင်မှုရဲ့ တကယ့်
    လျှို့ဝှက်ချက်က စိတ်ရှည်မှုပါ၊
  • 4:27 - 4:29
    စောင့်နေစဉ်မှာ
  • 4:29 - 4:33
    ဘယ်လိုလုပ်မယိဆိုတာကို
    သိတဲ့ သတိပါတဲ့ စိတ်ရှည်မှုမျိုးပါ။
  • 4:33 - 4:37
    ကျွန်မအဖွားရဲ့ မျက်လှည်ဘူးနဲ့အတူ
    သိလာခဲ့တဲ့ စိတ်ရှည်မှုမျိုးပါ။
  • 4:38 - 4:42
    နောက်ဆုံးတော့ ကျွန်မတို့ဟာ ကမ္ဘာမြေကို
    ဘိုးဘွားတွေဆီက အမွေရတာမဟုတ်ပါ၊
  • 4:43 - 4:45
    ကျွန်မတို့ရဲ့ ကလေးတွေဆီက ငှားယူထာရတာပါ။
  • 4:45 - 4:46
    ကျေးဇူးတင်ပါတယ်။
  • 4:46 - 4:51
    (လက်ခုပ်သံများ)
Title:
တရုတ်ပြည်က အစားအစာကောင်းရဲ့ အနာဂတ်။
Speaker:
Matilda Ho
Description:

တရုတ်ပြည်မှာ ဓာတုဗေဒနဲ့ ပိုးသတ်ဆေးကင်းတဲ့ လတ်ဆတ်တဲ့ အစားအစာတွေဖို့က ခက်ခဲပါတယ်။ ၂၀၁၆ တွင် တရုတ်အစိုးရက ကိုးလအတွင်းမှာ သန်းဝက်ရှိတဲ့ အစားအစာ ဘေးကင်းရေး ချိုးဖောက်မှုတွေကို ဖွင့်ချခဲ့ပါတယ်။ ဘေးကင်းပြီး ရေရှည်ခံတဲ့ အစားအစာ ရင်းမြစ်တွေ ကင်းမဲ့မှုမှာ TED ဝိုင်းတော်သား Matilda Ho ကနေ အစာထဲမှာပါတဲ့ ပိုးသတ်ဆေး၊ ဓာတုဆေး၊ ပဋိဇီဝဆေးနဲ့ ဟိုမုန်းတွေနဲ့ပတ်သက်ပြီး လုံးဝ သည်းခံမှုမရှိတဲ့ စမ်းသပ်မှုကို ပြဌာန်းရင်း တရုတ်ပြည်ရဲ့ ပထမဦးဆုံး အွန်လိုင်း လယ်သမား စျေးကွက်ကို အစပျိုးခဲ့ပါတယ်။ သူမကနေပြီး သူမရဲ့ တိုးပွားကာလာနေတဲ့ လမ်းစဉ် ဘယ်လို စတင်လာပုံနဲ့ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အစားအစာကို ဒါကို လိုအပ်တဲ့ မိသားစုတွေဆီ ဆောင်ကြဉ်းပေးခြင်းကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:04

Burmese subtitles

Revisions