Return to Video

ကမ္ဘာ့အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းကို ရေအောက်မှာ ဆောက်လုပ်ခဲ့ပုံ - Alex Gendler

  • 0:08 - 0:12
    အင်အားကြီး ဥရောပနှစ်နိုင်ငံကို ခြားထားတဲ့
    English Channel ဟာဖြင့်
  • 0:12 - 0:15
    ကမ္ဘာပေါ်မှာ အရေးပါဆုံး ရေကြောင်းလမ်း
    ဖြစ်လာခဲ့တာ ကြာလှပါပြီ။
  • 0:15 - 0:17
    ဒါပေမဲ့ ၎င်းရဲ့ သမိုင်းစဉ် တလျှောက်မှာ
  • 0:17 - 0:21
    တူးမြောင်းရဲ့ ကျောက်ထူတဲ့ ကမ်းခြေများနဲ့
    မုန်တိုင်းထန်တဲ့ရာသီဥတုကြောင့်
  • 0:21 - 0:24
    ၎င်းကို ကူးဖြတ်မှုဟာ သိပ်ကို
    အန္တရာယ်များခဲ့ပါတယ်။
  • 0:24 - 0:27
    ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွင်
    အင်ဂျင်နီယာတွေက
  • 0:27 - 0:31
    ၃၃ ကီလိုမီတာ လမ်းခုလပ်ကို ပေါင်းကူးပေးရန်
    စီမံကိန်း အမျိုးမျိုးကို တင်ပြခဲ့ကြပါတယ်။
  • 0:31 - 0:35
    ကျွန်းအတုတွေကို ဖန်တီးပြီး
    တံတားတွေနဲ့ ပေါင်းကူးပေးရန်၊
  • 0:35 - 0:39
    ရေပေါ် ပလက်ဖောင်းများမှ ချပေးမယ့်
    ရေထဲမြှုပ်ထားမယ့် ပြွန်များ၊
  • 0:39 - 0:44
    ရှိနေကြတဲ့ တူးမြောင်းများထက် နှစ်ဆကျော်
    ရှည်မယ့် ရေအောက် လမ်းကြောင်း ပါဝင်ခဲ့တယ်။
  • 0:44 - 0:46
    ရာစုအကုန် အရောင်တွင်၊
  • 0:46 - 0:50
    ခုနက နောက်ဆုံးအဆိုပြုချက်ကို
    ဥရောပတိုက်သားတွေ စိတ်ကူးလာခဲ့ကြတယ်။
  • 0:50 - 0:53
    မြောင်းတူးစက်ကို တီထွင်နိုင်ခဲ့မှုနဲ့
  • 0:53 - 0:57
    ပင်လယ်ကြမ်းပြင် အောက်ပိုင်းမှာ တည်ငြိမ်တဲ့
    မြေဖြူအလွှာကို တွေ့ရှိခဲ့ရခြင်းတို့က
  • 0:57 - 1:00
    အံ့အားသင့်ဖွယ် အဲဒီလိုဏ်ခေါင်းကို
    ဆောက်လို့ရနိုင်စေခဲ့ပါတယ်။
  • 1:00 - 1:06
    ဒါပေမဲ့ စီမံကိန်းထဲက အရေးကြီးဆုံး အတားအဆီး
    ကို အင်ဂျင်နီယာတွေ မဖြေရှင်းနိုင်ခဲ့ကြပါ။
  • 1:06 - 1:07
    ထိုအချိန်ကာလတုန်းက၊
  • 1:07 - 1:12
    ဗြိတိသျှတို့က ပထဝီအရ အထီးကျန်ဖြစ်မှုကို
    မဟာဗျူဟာ သာလွန်ချက်လို့ မြင်ခဲ့ကြတယ်။
  • 1:12 - 1:16
    ပြင်သစ်ဘက်မှ ကျူးကျော်ခံရမယ့် စိုးရိမ်မှု
    က လိုဏ်ခေါင်း စီမံကိန်းကို ပိတ်ပစ်ခဲ့တယ်။
  • 1:16 - 1:20
    လေကြောင်း အန္တရာယ် မြင့်မားလာခဲ့လို့
    အဲဒီလို စိုးရိမ်မှုတွေကို မေ့ပစ်လျက်
  • 1:20 - 1:24
    ထည့်စဉ်းစားရမယ့် စီးပွားရေးဆိုင်ရာ
    စိုးရိမ်ပူပန်မှုတွေ နေရာယူလာကြတယ်။
  • 1:24 - 1:27
    လှိုဏ်ခေါင်း တူးဖေါ်ရေး စိတ်ကူး ပေါ်လာတဲ့
    နှစ်ပေါင်း ၁၀၀ အကြာတွင်၊
  • 1:27 - 1:30
    နောက်ဆုံးမှာ နှစ်နိုင်ငံတို့ဟာ
    သဘောတူညီချက် ရရှိခဲ့ကြတယ်-
  • 1:30 - 1:33
    လိုဏ်ခေါင်းကို ပုဂ္ဂလိကငွေများဖြင့်
    ဆောက်လုပ်ဖို့ သဘောတူခဲ့ကြတယ်။
  • 1:33 - 1:37
    ၁၉၈၅ ခုနှစ်တွင် ပြင်သစ်နဲ့ ဗြိတိသျှ
    ကုမ္ပဏီတွေရဲ့ အုပ်စုတစ်စုက
  • 1:37 - 1:41
    ဒီနေ့ငွေနဲ့ ပေါင်ငွေ ၁၄ ဘီလီယံနဲ့
    ညီမျှတဲ့ငွေကို ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊
  • 1:41 - 1:45
    အဲဒီတုန်းက တန်ဖိုးအကြီးမားဆုံး လိုဏ်ခေါင်း
    ဖောက်လုပ်မှု ဖြစ်လာခဲ့တယ်။
  • 1:45 - 1:49
    ဒီဇိုင်းထဲတွင် သီးခြားစီ ဖြစ်ရမယ့်
    ဥမင်လိုဏ်ခေါင်း သုံးခုတူးရန်-
  • 1:49 - 1:53
    တစ်ခုက ပြင်သစ်ကို သွားမယ့်ရထားတွေ၊
    အင်္ဂလန်ကို သွားမယ့် ရထားတွေ၊
  • 1:53 - 1:55
    နဲ့ ၎င်းတို့အကြားက ဝန်ဆောင်ရေး
    လိုဏ်ခေါင်းတို့ပါ။
  • 1:55 - 2:00
    တလျှောက်လုံးမှာ ဆက်ပေးရမယ့် ခန်းမကြီးများ၊
    အရေးပေါ်လမ်းကြောင်းများ၊ လေထုတ်ပြွန်များ၊
  • 2:00 - 2:04
    အဲဒါတွေအားလုံးဟာ လိုင်ခေါင်း စုစုပေါင်း
    ကီလိုမီတာ ၂၀၀ ကျော် ရှိခဲ့ပါတယ်။
  • 2:04 - 2:08
    ၁၉၈၈ ခုနှစ်တွင် နှစ်ဖက်စလုံးမှစပြီး
    တူးဖော်ခဲ့ကြပြီး
  • 2:08 - 2:11
    အလယ်မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြတယ်။
  • 2:11 - 2:16
    အစတွင် ပြင်သစ်ကမ်းရိုးတန်းကို လေ့လာမှုက
    အက်ကြောင်း နေရာအများအပြား တွေ့ရှိခဲ့တယ်၊
  • 2:16 - 2:19
    သေးငယ်တဲ့ အက်ကြောင်းထဲမနေပြီး ရေဟာ
    ကျောက်များထဲကို စိမ့်ဝင်ခဲ့တယ်၊
  • 2:19 - 2:23
    အဲဒါကြောင့် အင်ဂျင်နီယာတွေက ရေမဝင်နိုင်တဲ့
    တူးဖေါ်ရေးစက်တွေကို တီထွင်ခဲ့ကြရတယ်။
  • 2:23 - 2:29
    ဗြိတိသျှဘက်မှာ ခြောက်သွေ့မယ် မျှော်လင့်
    ခဲ့ကြလို့ ပုံမှန် စက်တွေနဲ့ စတင်ခဲ့ကြတယ်။
  • 2:29 - 2:34
    ဒါပေမဲ့ တစ်လအတွင်းမှာကိုပဲ ရေဟာ မျှော်လင့်
    မရခဲ့တဲ့ နေရာများမှ စိမ့်ဝင်လာခဲ့ကြတယ်။
  • 2:34 - 2:38
    ရေစိုနေတဲ့ မြေဖြူထဲ တူးဖေါ်ရန်၊
    ဗြိတိသျှတို့က အက်ကြောင်းတွေကို
  • 2:38 - 2:41
    တူးစက်ရဲ့ ရှေ့မှနေပြီး ပိတ်ပစ်ရန်
    သရွတ်ကိုင်ပေးခဲ့ကြရပြီး
  • 2:41 - 2:43
    အဓိက တူးစက်ရဲ့ ရှေ့မှာ ဦးစွာ တူးဖေါ်မယ့်
  • 2:43 - 2:47
    မြေဖြူတွေကို အားဖြည့်ပေးခဲ့ကြရပါတယ်။
  • 2:47 - 2:52
    အဲဒီလို အခက်အခဲ ကိုယ်စီနဲ့ နှစ်ဖွဲ့စလုံး
    အရှိန်ပြည့် စတင် တူးခဲ့ကြတယ်။
  • 2:52 - 3:00
    တန်ချိန် ၁၃၀၀ လေးကြတဲ့ တူးစက်တွေဟာ
    တစ်နာရီ ၃.၅ မီတာနှုန်းဖြင့် တူးခဲ့ကြတယ်။
  • 3:00 - 3:05
    တူးပြီးတာနဲ့ ပတ်လည်ကွင်းများ တပ်ဆင်ပေးလျက်
    ကျန်ရစ်ခဲ့တဲ့ တူးမြောင်း တည်ငြိမ်စေရင်း
  • 3:05 - 3:09
    တူးစက် နောက်ကနေပြီး လိုက်ပါလာကြတဲ့ အကူ
    တွဲများအတွက် လမ်းဖွင့်ပေးခဲ့ကြတယ်။
  • 3:09 - 3:13
    နှုန်းမြင့်မားခဲ့ပေမဲ့ ဂရုစိုက်
    လုပ်ကိုင်ဖို့ လိုအပ်ခဲ့တယ်။
  • 3:13 - 3:18
    မြေဖြူအလွှာရဲ့ နောက်မှာ မတည်ငြိမ်ကြတဲ့
    ကျောက်တုံးတွေနဲ့ ရွှံ့စေးတွေ ပေါ်လာခဲ့လို့
  • 3:18 - 3:24
    ယခင်လေ့လာခဲ့ကြသူတို့ တူးခဲ့ကြတဲ့
    အပြုပေါက် ၁၀၀ ကျော်တွေလည်း ရှိနေိခဲ့ကြတယ်။
  • 3:24 - 3:28
    အဲဒါတွေအပြင် အဖွဲ့နှစ်ဖွဲ့တို့ဟာ သူတို့ရဲ့
    ကိုသြဒီနိတ်တွေကို တချိန်လုံး စစ်ကြည့်ရင်း
  • 3:28 - 3:32
    နောက်ဆုံးမှာ သူတို့ ၂ စင်တီမီတာ တိကျမှုနဲ့
    ချိတ်ဆက်နိုင်မှာကို အသေအချာ စစ်နေခဲ့ရတယ်။
  • 3:32 - 3:35
    သူတို့ရဲ့ လမ်းကြောင်းကို အဲဒီလို တိကျစွာ
    ဖောက်နိုင်ဖို့အတွက်
  • 3:35 - 3:38
    တူးကြသူတို့ဟာ ဂြိုလ်တုသုံး တည်နေရာ
    ဖေါ်ထုတ်မှုကိုရော
  • 3:38 - 3:42
    ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေကိုပါ
    အသုံးပြုခဲ့ကြရတယ်၊
  • 3:42 - 3:45
    တူးနေတဲ့ နေရာ နက်ရှိုင်းမှု မှန်ကန်ကြောင်း
    အတည်ပြုရန် အတွက်ပါ။
  • 3:45 - 3:50
    ဆောက်လုပ်ရေး စီမံကိန်းကြီးထဲတွင်
    လူ ၁၃၀၀၀ ကျော် ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။
  • 3:50 - 3:53
    ပြီးတော့ လူ ဆယ်ဦး သေဆုံးခဲ့ကြရပါတယ်။
  • 3:53 - 3:55
    ဒါနဲ့ နှစ်နှစ်ခွဲ လိုဏ်ခေါင်းကို
    တူးဖော်မှု နောက်မှာ၊
  • 3:55 - 3:59
    ဖက်နှစ်ဖက်တို့ဟာ နောက်ဆုံးမှာ
    တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။
  • 3:59 - 4:02
    ဗြိတိသျှ အလုပ်သမား Graham Fagg ဟာ
    ပြင်သစ်ဖက်ကို ကူးဖြတ်ခဲ့သူ ဖြစ်လာတယ်။
  • 4:02 - 4:07
    သူဟာ ရေခဲပြင်ခေတ်ရဲ့ နောက်မှာ လိုဏ်ခေါင်း
    ဖြင့် ကူးဖြတ်နိုင်သူ ဖြစ်လာပါတယ်။
  • 4:07 - 4:10
    ဒါပေမဲ့ ဆက်လုပ်ကိုင်စရာတွေ
    ကျန်နေခဲ့ပါသေးတယ်။
  • 4:10 - 4:13
    လိုဏ်ခေါင်းတွေကို ဆက်သွယ်ပေးမယ့်
    ခန်းမကြီးတွေ၊ လေစုပ်စက်ဌာနတွေ၊
  • 4:13 - 4:17
    မိုင်ရာချီ ရှိကြတဲ့ ဝါယာကြိုးတွေ၊ အာရုံခံ
    စနစ်တွေ တပ်ဆင်ပေးရန် လိုခဲ့တယ်။
  • 4:17 - 4:23
    ဒါနဲ့ ၁၉၉၄ ခုနှစ် မေလ ၆ ရက်နေ့တွင် ဥမင်
    လိုဏ်ခေါင်းဖွွင့်ပွဲ ကျင်းပနိုင်ခဲ့ကြတယ်။
  • 4:23 - 4:27
    အများပြည်သူတို့ဟာ ၁၆ လအကြာတွင်
    အပြည့်အဝ သုံးလာနိုင်ကြတယ်။
  • 4:27 - 4:31
    ခရီးသည်တင် ရထားများ၊ ကားတွေနဲ့ ကုန်တင်ကား
    တင် လွန်းပျံရထား မောင်းလာနိုင်တယ်။
  • 4:31 - 4:37
    ယနေ့တွင် ဥမင်လိုဏ်ခေါင်းဟာ နှစ်စဉ် ခရီးသည်
    ၂၀ ကျော်ကို ဝန်ဆောင်မှု ပေးနေပါတယ်။
  • 4:37 - 4:41
    ခရီးသည်တွေကို ၃၅ မိနစ်အတွင်းမှာ
    အရောင်က် ပို့ပေးနိုင်ပါပြီ။
  • 4:41 - 4:46
    ဒါပေမဲ့ အဲဒီလို ခရီးကို လူတိုင်း တရားဝင်
    သွားခွင့် မရှိတာဟာ စိတ်မကောင်းစရာပါ။
  • 4:46 - 4:50
    ဒုက္ခသည် ထောင်ချီတို့ဟာ လိုဏ်ခေါင်းမှတဆင့်
    ဗြိတိန်ထဲ ကူးဝင်ရန် ကြိုးပမ်းခဲ့ကြတယ်၊
  • 4:50 - 4:53
    တချို့ဆိုရင် သေကြေခဲ့ကြရပါတယ်။
  • 4:53 - 4:56
    အဲဒီလို ဝမ်းနည်းစရာ အဖြစ်တွေကြောင့်
    တောင်ဘက်ပိုင်း ဝင်ပေါက်ဟာ
  • 4:56 - 4:59
    ပဋိပက္ခနေရာ ဖြစ်နေတုန်းပါပဲ။
  • 4:59 - 5:03
    ဒီလို ဧရာမအဆောက်အအုံကို
    ဆောက်လုပ်နိုင်ခဲ့တဲ့ သမိုင်းဟာဖြင့်
  • 5:03 - 5:06
    အတားအဆီးတွေ ကျော်လွှားနိုင်ရင် လူသားဟာ
    အကောင်းဆုံး လုပ်ပြနိုင်ကြောင်း သာဓကပါပဲ။
Title:
ကမ္ဘာ့အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းကို ရေအောက်မှာ ဆောက်လုပ်ခဲ့ပုံ - Alex Gendler
Speaker:
Alex Gendler
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန် - https://ed.ted.com/lessons/how-the-world-s-longest-underwater-tunnel-was-built-alex-gendler

အင်အားကြီး ဥရောပနှစ်နိုင်ငံကို ခြားထားတဲ့ English Channel ဟာဖြင့် ကမ္ဘာပေါ်မှာ အရေးပါဆုံး ရေကြောင်းလမ်း ဖြစ်လာခဲ့တာ ကြာလှပါပြီ။ အင်ဂျင်နီယာတွေက အဲဒီခရီးကို ပေါင်းကူးပေးနိုင်ဖို့ စီမံကိန်း အမျိုးမျိုးကို တင်ပြခဲ့ကြရာ အဲဒီတုန်းက ရှိနေခဲ့ကြတဲ့ တူးမြောင်းများထက် နှစ်ဆကျော် ရှည်လျားမယ့် ရေအောက် လိုဏ်ခေါင်း လမ်းကြောင်းရဲ့ ဒီဇိုင်းလည်း ပါဝင်ခဲ့ပါတယ်။ Alex Gendler ကနေပြီး အဲဒီဥမင်လိုဏ်ခေါင်း လမ်းကြောင်းကို ဆောက်လုပ်ဖြစ်ခဲ့ပုံ အသေးစိတ်ကို တင်ပြပေးထားပါတယ်။

Alex Gendler ရဲ့ သင်ခန်းစာကို Studio Kimchi မှ စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:08

Burmese subtitles

Revisions