ဖီဘိုနာချီ ဂဏန်းများရဲ့ အံ့ဖွယ်ရာများ
-
0:01 - 0:04ကျွန်တော်တို့ဟာ သင်္ချာကို ဘာဖြစ်လို့ သင်ယူကြတာလဲ။
-
0:04 - 0:06ရှင်းနေတဲ့ အကြောင်းရင်း သုံးခု ရှိပါတယ်၊
-
0:06 - 0:08တွက်ချက်ဖို့
-
0:08 - 0:10အသုံးချဖို့
-
0:10 - 0:12ပြီးတော့ နောက်ဆုံး၊ စိတ်မကောင်းစရာကတော့
-
0:12 - 0:15ဉာဏ်ကွန့်မြူးဖို့ ကျတော့ ကျွန်တော်တို့ ပေးကြတဲ့ အချိန်က
-
0:15 - 0:16အနည်းဆုံးပဲလေ။
-
0:16 - 0:19သင်္ချာဟာ တကယ်တော့ ပုံစံများရဲ့ သိပ္ပံပညာပါ။
-
0:19 - 0:22ပြီးတော့ ယုတ္တိကျကျ၊ ဝေဖန်မှုစိတ်နဲ့
-
0:22 - 0:25ဖန်တီးလိုစိတ်မျိုးနဲ့ ဘယ်လို တွေးရမယ်
ဆိုကာကို သင်ပေးတာပါ။ -
0:25 - 0:28ဒါပေမဲ့၊ ကျောင်းမှာ ကျွန်တော်တို့ သင်ရတဲ့ သင်္ချာပညာက တော်တော်များများကို
-
0:28 - 0:30ထိထိရောက်ရောက် လှုံ့ဆော် မပေးပါဘူး
-
0:30 - 0:31ကျွန်တော်တို့ရဲ့ ကျောင်းသားတွေက
-
0:31 - 0:33"ဒါကို ကျွန်တော်တို့ ဘာလုပ်ဖို့ သင်နေကြတာလဲ။" လို့ မေးကြတဲ့အခါမှာ
-
0:33 - 0:35တစ်နေ့ကျရင် သူတို့ အဲဒါတွေ လိုအပ်လာမယ်
-
0:35 - 0:38လာမယ့် အတန်းတွေထဲမှာ ဒါမှမဟုတ် အနာဂတ် စမ်းသပ်မှုထဲမှာ လိုမယ်လို့ ကြားကြရပါတယ်။
-
0:38 - 0:40ဒါပေမဲ့၊ တကယ့်ကျတော့ ကျွန်တော်တို့ဟာ
-
0:40 - 0:42တစ်ခါတရံမှာ ပျော်စရာ ကောင်းခဲ့လို့ ဒါမှမဟုတ် လှပခဲ့လို့သာ
-
0:42 - 0:45အဲဒါက စိတ်ကို လှုပ်ရှား တက်ကြွစေခဲ့လို့သာ
-
0:45 - 0:48သင်္ချာကို လေ့လာခဲ့ကြမယ် ဆိုရင် သိပ်ကို ကောင်းခဲ့မှာပါ။
-
0:48 - 0:49အဲဒီလို ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများကို
-
0:49 - 0:52မကြုံခဲ့ကြရတာကို ကျွန်တော် သိပါတယ်။
-
0:52 - 0:53အဲဒါကြောင့်မို့လို့ သာဓက တစ်ခုဖြင့်
-
0:53 - 0:56ကျွန်တော့် စိတ်ကြိုက် ဂဏန်းတွေနဲ့
-
0:56 - 0:58ဖီဘိုနာချီ ဂဏန်းတွေနဲ့ ပြပေးပါရစေ။ (လက်ခုပ်တီးသံများ)
-
0:58 - 1:01ဟုတ်ပြီ၊ ဖီဘိုနာချီ ဝါသနာအိုးတွေ ဒီမှာ ရှိနေကြတာကိုး။
-
1:01 - 1:02အဲဒါသိပ်ကောင်းတယ်။
-
1:02 - 1:04အဲဒီ ကိန်းဂဏန်းတွေက
-
1:04 - 1:06နည်းအမျိုးမျိုးဖြင့် လေ့လာကြည့်လို့ ရနိုင်ပါတယ်။
-
1:06 - 1:09တွက်ချက်ပုံကို အခြေခံ ပြောရရင်
-
1:09 - 1:10နားလည်ဖို့ လွယ်ပါတယ်
-
1:10 - 1:13တစ်အပေါင်းတစ် နှစ်ဖြစ်သလိုပါပဲ။
-
1:13 - 1:15အဲဒီနောက် တစ်အပေါင်းနှစ်ဟာ သုံးပါ
-
1:15 - 1:18နှစ်အပေါင်းသုံးက ငါး၊ သုံးအပေါင်းငါးက ရှစ်၊
-
1:18 - 1:19စသဖြင့်ပေါ့လေ။
-
1:19 - 1:21တကယ်တမ်းတွင်ကျတော့၊ ကျွန်တော်တိုက ဒီနေ့ ဖီဘိုနာချီလို့ ခေါ်တဲ့သူရဲ့
-
1:21 - 1:25တကယ့်နာမည်က Leonardo of Pisa ဖြစ်ခဲ့ပါတယ်
-
1:25 - 1:28ဒီကိန်းဂဏန်းတွေဟာ သူရဲ့ "Liber Abaci" ဆိုတဲ့ စာအုပ်ထဲမှာ ပေါ်လာခဲ့ကြပါတယ်။
-
1:28 - 1:29ဒီနေ့မှာ ကျွန်တော်တို့ သိရှိကြတဲ့ သင်္ချာကို
-
1:29 - 1:32အနောက်တိုင်း ကမ္ဘာကို သင်ပေးခဲ့တဲ့ စာအုပ်တစ်အုပ်ပါပဲ။
-
1:32 - 1:34အသုံးချ ရှုဒေါင့်ကနေ ကြည့်ပြောရရင်
-
1:34 - 1:36ဖီဘိုနာချီ ကိန်းဂဏန်းတွေကို
-
1:36 - 1:38သဘာ၀ ပတ်ဝန်းကျင်ထဲမှာ တွေ့ရှိရတာဟာ အံ့အားသင့်စရာပါပဲ။
-
1:38 - 1:40ပန်းတစ်ပွင့်ထဲက ပွင့်ဖတ်တွေရဲ့ အရေအတွက်
-
1:40 - 1:42သိပ်ကို ထင်ရှားတဲ့ ဖီဘိုနာချီ ဂဏန်းပါ။
-
1:42 - 1:44ဒါမှမဟုတ် နေကြာပန်း အပေါ်က ကြောင်လိမ်လမ်းကြောင်းတွေ
-
1:44 - 1:46ဒါမှမဟုတ် နာနတ်သီး ဆိုရင်လည်း
-
1:46 - 1:48ဖီဘိုနာချီ ဂဏန်းပဲ ဖြစ်နေပါတယ်။
-
1:48 - 1:52တကယ့်တကယ်ကျတော့ ဖီဘိုနာချီ ကိန်းဂဏန်းများကို အမျိုးမျိုး အသုံးချ ရနိုင်ပါတယ်။
-
1:52 - 1:54ဒါပေမဲ့ ကျွန်တော့်အတွက် ၎င်းတို့ရဲ့ အံ့အားအသင့်ဆုံး အချက်ကတော့
-
1:54 - 1:57၎င်းတို့က ခင်းကျင်းပြကြတဲ့ ဇယားပုံတွေပါပဲ။
-
1:57 - 1:59ကျွန်တော့် စိတ်ကြိုက်များထဲက တစ်ခုကို ပြပါရစေ။
-
1:59 - 2:01ခင်ဗျားဟာ ဂဏန်းတွေကိုယူပြီး နှစ်ထပ်ကိန်း ရှာချင်တယ် ဆိုပါစို့၊
-
2:01 - 2:04တကယ်တော့ အဲဒါကို မကြိုက်သူ ဘယ်သူများ ရှိနိုင်မလဲ။ (ရယ်မောသံများ)
-
2:04 - 2:06နှစ်ထပ်ကိန်းတွေကို ကြည့်ကြပါစို့၊
-
2:06 - 2:08ဖီဘိုနာချီ ဂဏန်းတွေရဲ့ နှစ်ထပ်ကိန်းတွေပါ။
-
2:08 - 2:10တစ်ရဲ့ နှစ်ထပ်ကိန်းကတစ်ပေါ့၊
-
2:10 - 2:12နှစ်ကို နှစ်ထပ်ကိန်းရှာရင် လေး၊ သုံးရဲ့ နှစ်ထပ်ကိန်းက ကိုး၊
-
2:12 - 2:16ငါးရဲ့ နှစ်ထပ်ကိန်းက ၂၅၊ စသဖြင့်ပေါ့လေ။
-
2:16 - 2:18ကျွန်တော်တို့ဟာ ဆက်တိုက် ရှိကြတဲ့ ဖီဘိုနာချီ ဂဏန်းတွေကို
-
2:18 - 2:20ယူယူပြီး ပေါင်းသွားမယ်ဆိုရင် ဆက်တိုက် ဖီဘိုနာချီ ဂဏန်းတွေကို ရကြခြင်းဟာ
-
2:20 - 2:22ဘာမှ အံ့အားသင့်စရာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား။
-
2:22 - 2:24၎င်းတို့ကို ဖန်တီးထားတဲ့ သဘာဝကိုက အဲဒီလို ရှိပါတယ်။
-
2:24 - 2:26ဒါပေမဲ့၊ ၎င်းတို့ရဲ့ နှစ်ထပ်ကိနးတွေကို ယူပြီး ထည့်ပေါင်းမယ်ဆိုရင်
-
2:26 - 2:29အထူးစိတ်ဝင်စားစရာ တစ်ခုခု ဖြစ်လာမယ်လို့ မျှော်လင့် မရနိုင်ပါ။
-
2:29 - 2:30ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို စစ်ကြည့်ရအောင်။
-
2:30 - 2:32တစ်နှင့်တစ်ပေါင်းလိုက်တော့ နှစ်ကို ရပါတယ်
-
2:32 - 2:35အဲဒီနောက် (၁)ကို လေးနဲ့ပေါင်းရင် ငါး ရပါတယ်။
-
2:35 - 2:37ပြီးတော့ လေးကို ကိုးနဲ့ပေါင်းလိုက်ရင် ၁၃ ရတယ်
-
2:37 - 2:40ကိုးအပေါင်း ၂၅ က ၃၄၊
-
2:40 - 2:43ကောင်းပြီ၊ ပုံစံကို ဆက်ပြီး မြင်နိုင်ပါတယ်။
-
2:43 - 2:44တကယ်ကျတော့ ဒီမှာက တစ်မျိုးပါ
-
2:44 - 2:46ခုနက ရလိုက်တဲ့ ပထမ ဖီဘိုနာချီ ဂဏန်းတွေရဲ့
-
2:46 - 2:49နှစ်ထပ်ကိန်းတွေကို လိုက်ပေါင်းကြည့်ကြပါမယ်။
-
2:49 - 2:50ဒီလိုနည်းဖြင့် လုပ်ကြည့်လို့ ရတာကို ကြည့်ကြရအောင်။
-
2:50 - 2:53ဒီတော့ တစ်အပေါင်းတစ်အပေါင်းလေးက ခြောက်။
-
2:53 - 2:56အဲဒီထဲကို ကိုးကို ထည့်လိုက်တော့ ၁၅ ကိုရပါတယ်။
-
2:56 - 2:58၂၅ ထပ်ထည့်ရင် ကျွန်တော်တို့ ၄၀ ရမယ်။
-
2:58 - 3:0164 ထည့်ရင် ကျွန်တော်တို့ ၁၀၄ ရမယ်။
-
3:01 - 3:02အဲဒီလို ရလိုက်တဲ့ ဂဏန်းတွေကို အခု ကြည့်ကြည့်ရအောင်။
-
3:02 - 3:05အဲဒါတွေဟာ ဖီဘိုနာချီ ဂဏန်းတွေ မဟုတ်ကြပါ
-
3:05 - 3:06ဒါပေမဲ့ ၎င်းတို့ကို နီးနီးကပ်ကပ် လေ့လာကြည့်မယ်ဆိုရင်
-
3:06 - 3:08၎င်းတို့ထဲမှာ ဖီဘိုနာချီ ဂဏန်းတွေ
-
3:08 - 3:11နစ်မြုပ်လျက် ရှိနေတာကို မြင်လာရမှာပါ။
-
3:11 - 3:13ခင်ဗျားတို့ မြင်နိုင်ရဲ့လား။ ကျွန်တော် ခင်ဗျားတို့ကို ပြပါမယ်။
-
3:13 - 3:16ခြောက်ဟာ နှစ်သုံးလီပါ၊ ၁၅ ဟာ ငါးသုံးလီပါ၊
-
3:16 - 3:18၄ဝဟာ ရှစ်ငါးလီပါ၊
-
3:18 - 3:21နှစ်၊ သုံး၊ ငါး၊ ရှစ် ဆိုတော့ ကျွန်တော်တို့ ရလာတာက ဘာတွေလဲ?
-
3:21 - 3:23(ရယ်မောသံများ)
-
3:23 - 3:25ဖီဘိုနာချီပါပဲ။ ဟုတ်တယ်ဗျ။
-
3:25 - 3:28ကောင်းပါပြီ၊ ဒီလို ရှိနေတဲ့ ပုံစံကို မြင်တွေ့နိုင်ခြင်းဟာ ပျော်စရာ ကောင်းသလိုပဲ
-
3:28 - 3:31အဲဒီလို မှန်ကန်နေခြင်းဟာ ဘာကြောင့်လဲဆိုတာကို
-
3:31 - 3:33နးလည်လာခြင်းကလည်း ကျေနပ်စရာ ကောင်းပါတယ်။
-
3:33 - 3:35ခုနက နောက်ဆုံး ညီမျှခြင်းကို ကြည့်ကြရအောင်။
-
3:35 - 3:39ဘာဖြစ်လို့များ တစ်၊ တစ် နှစ်၊ သုံး၊ ငါး နှင့် ရှစ်တို့ရဲ့ စတုရန်းတွေကို ပေါင်းလိုက်ရင်
-
3:39 - 3:41၁၃ ရှစ်လီ ဖြစ်လာရတာလဲ။
-
3:41 - 3:44ကျွန်တော်ဟာ အဲဒါကို ပုံတစ်ပုံကို ရေးဆွဲပြီး ပြပါ့မယ်။
-
3:44 - 3:47ကျွန်တော်တို့ဟာ တစ်အမြှောက်တစ် စတုရန်းပံက စကြပါမယ်
-
3:47 - 3:51အဲဒါရဲ့ နောက်မှာ ကျွန်တော်တို့ရဲ့ စတုရန်းတွေကိ တစ်ခုပြီးတစ်ခု ထည့်ဆွဲကြပါမယ်။
-
3:51 - 3:54၎င်းတို့ဟာ အတူတူကျတော့ တစ်အမြှောက်နှစ် စတုဂံပုံ ဖြစ်ပါတယ်။
-
3:54 - 3:57အဲဒါရဲ့ အောက်မှာ ကျွန်တော်ဟာ နှစ်အမြှောက်နှစ် စတုရန်းပုံကို ထည့်ပါမယ်
-
3:57 - 4:00အဲဒါရဲ့ ဘေးမှာ သုံးအမြှောက်သုံး စတုရန်းကို ထည့်ပါမယ်
-
4:00 - 4:02အဲဒါရဲ့ အောက်မှာ ငါးအမြှောက်ငါး စတုရန်း ထည့်ပါမယ်
-
4:02 - 4:04အဲဒါရဲ့ နောက်မှာ ရှစ်အမြှောက်ရှစ် စတုရန်းကို ထည့်ပါမယ်
-
4:04 - 4:06အဲဒီလိုနည်းဖြင့် ဧရာမ စတုဂံပုံကြီးကို ရလာတယ်၊ တွေ့တယ် မဟုတ်လား။
-
4:06 - 4:08အခုတော့ ကျွန်တော်ဟာ မေးခွန်းလေး တစ်ခုကို မေးပါရစေ၊
-
4:08 - 4:12အဲဒီ စတုဂံရဲ့ ဧရိယာက ဘယ်လောက်လဲ။
-
4:12 - 4:14ကောင်းပြီ၊ တစ်ဖက်မှ ကြည့်ရင်
-
4:14 - 4:16အဲဒါဟာ ဧရိယာတွေ အားလုံးကို စုပေါင်းပေးမှုပါ
-
4:16 - 4:18အထဲမှာ ရှိနေကြတဲ့ စတုရန်းတွေကို ပေါင်းပေးမှုပါပဲ။
-
4:18 - 4:20ကျွန်တော်တို့က တစ်ခုပြီးတစ်ခု ထည့်ပေးသွားကြတဲ့ အတိုင်းပါပဲ။
-
4:20 - 4:22အဲဒီမှာ တစ်ရဲ့နှစ်ထပ်ကိန်း ဘေးမှာ နောက်တစ်ခါ တစ်ရဲ့နှစ်ထပ်ကိန်း
-
4:22 - 4:24အပေါင်း နှစ်ရဲ့ နှစ်ထပ်ကိန်း၊ အပေါင်း သုံးရဲ့ နှစ်ထပ်ကိန်း
-
4:24 - 4:27အပေါင်း ငါး နှစ်ထပ်ကိန်း အပေါင်း ရှစ် နှစ်ထပ်ကိန်း။ ဟုတ်တယ် မဟုတ်လား။
-
4:27 - 4:28အဲဒါက ဧရိယာပါပဲ။
-
4:28 - 4:31နောက်တစ်ဖက်မှ ကြည့်ကြည့်ရင်၊ အဲဒါဟာ စတုဂံဖြစ်တယ်ဆိုတော့
-
4:31 - 4:34ဧရိယာဟာ အဲဒါရဲ့ အမြင့်ကိ အခြေံနဲ့ မြှောက်လို့ရတဲ့ဟာပါပဲ
-
4:34 - 4:36ဒီမှာ အမြင့်က ရှစ်ဖြစ်မှန်း ရှင်းနေပါတယ်
-
4:36 - 4:39ပြီးတော့ အဲဒီအခြေဟာ ငါးအပေါင်းရှစ် ဖြစ်နေပြန်ပါတယ်
-
4:39 - 4:43အဲဒီနောက်မှာ လာရမယ့် ဖီဘိုနာချီ ဂဏန်းက ဘာများပါလိမ့်၊ ၁၃။ ဟုတ်တယ်မဟုတ်လား။
-
4:43 - 4:47အဲဒါကြောင့်မို့လို့ ဧရိယာဟာ ၁၃ အမြှောက် ရှစ်ပါပဲ။
-
4:47 - 4:49ကျွန်တော်တို့ဟာ ဧရိယာကို မတူကြတဲ့ နည်းလမ်း နှစ်မျိုးဖြင့်
-
4:49 - 4:51မှန်ကန်စွာ တွက်ချက်ခဲ့ကြတ်ဆိုတော့
-
4:51 - 4:53ရလဒ်နှစ်မျိုးဟာ တူညီကြရပါမယ်
-
4:53 - 4:56အဲဒါကြောင့်မို့လို့ တစ်၊တစ်၊ နှစ်၊ သုံး၊ ငါး နှင့် ရှစ်တို့ရဲ့ နှစ်ထပ်ကိန်းတွေကို
-
4:56 - 4:58ပေါင်းသွားမယ်ဆိုရင် ရှစ်အမြှောက်၁၃ ရပါမယ်။
-
4:58 - 5:01အခု ကျွန်တော်တို့က အဲဒီ ဖြစ်စဉ်ကို ဆက်သွားမယ်ဆိုရင်
-
5:01 - 5:05ကျွန်တော်တို့ဟာ ၁၃ အမြှောက် ၂၁ ဆိုတဲ့ စတုဂံကို ရရှိလာပါမယ်
-
5:05 - 5:07၂၁ အမြှောက် ၃၄၊ စသဖြင့် ရရှိသွားပါလိမ့်မယ်။
-
5:07 - 5:09နောက်တစ်ခု စစ်ကြည့်ပါဦး။
-
5:09 - 5:11ခင်ဗျားတို့ဟာ ၁၃ ကို ရှစ်နဲ့ စားကြည့်မယ်ဆိုရင်
-
5:11 - 5:13ခင်ဗျားဟာ ၁.၆၂၅ ကို ရပါမယ်။
-
5:13 - 5:16အဲဒီနောက်မှာ ပိုကြီးတဲ့ ဂဏန်းကိုယူပြီး ငယ်တဲ့ ဂဏန်းနဲ့ စားကြည့်မယ်ဆိုရင်
-
5:16 - 5:19ခုနက ရခဲ့တဲ့ အချိုးအစားဟာ ၁.၆၁၈ နားဆီကို
-
5:19 - 5:22တိုးတိုး နီးစ်လာမှာပါ
-
5:22 - 5:25တော်တော်များက သိထားကြတဲ့ ရွှေအချိုးအစား ဆိုတာပါပဲ
-
5:25 - 5:28သင်္ချာ ပညာရှင်တွေ၊ သိပ္ပံပညာတွေ နှင့် အနုပညာရှင်တွေ တသီကြီးကို
-
5:28 - 5:31ရာစုနှစ်နဲ့ချီ တစ်ချိန်လုံး ဆွဲဆောင် အံ့အားသင့်စေခဲ့တဲ့ ဂဏန်းပါပဲ။
-
5:31 - 5:33ကောင်းပါပြီ၊ ဒါတွေအားလုံးကို ကျွန်တော်က ခင်ဗျားတို့ကို ပြပေးနေတာက
-
5:33 - 5:35သင်္ချာ ပညာထဲက အချက်အလက်တွေ အများကြီးလိုပဲ
-
5:35 - 5:37အဲဒါဆီမယ် လှပ်တဲ့ ဖက်တစ်ဖက်လည်း ရှိသေးလို့ပါ
-
5:37 - 5:39အဲဒါကို ကျွန်တော်တို့ ကျေင်းတွေမှာ လုံလောက်စွာ
-
5:39 - 5:41အလေးမပေးကြတာကို စိုးရိမ်ေနေလို့ပါပဲ။
-
5:41 - 5:44ကျွန်တော်တို့ဟာ တွက်ချက်မှုကို အချိန် အများကြီး ပေးကြပါတယ်
-
5:44 - 5:46ဒါပေမဲ့ အသုံးချရေးကိစ္စကိုလည်း မေ့မရနိုင်ပါ
-
5:46 - 5:50ကျွန်တော့်စိတ်ထင် အရေးကြီးဆုံး အသုံးချမှုဖြစ်တဲ့
-
5:50 - 5:52စဉ်းစားတွေးခေါ်မှု အပါအဝင်ကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်။
-
5:52 - 5:54ဒါကို ကျွန်တော့်အနေနဲ့ စာတစ်ကြောင်းတည်းဖြင့်
-
5:54 - 5:55အတိုချုံးပြီး ပြောရင်တော့
-
5:55 - 5:59သင်္ချာ ပညာဆိုတာ မသိကြတဲ့ x ရဲ့ အဖြေကို ရှာမှုသက်သက် မဟုတ်ဘဲ
-
5:59 - 6:02ဘာဖြစ်လို့လဲ ဆိုတာကိုပါ ဖေါ်ထုတ်မှုပါပဲ။
-
6:02 - 6:03ကျေးဇူးတင်ပါတယ်။
-
6:03 - 6:08(လက်ခုပ်တီးသံများ)
- Title:
- ဖီဘိုနာချီ ဂဏန်းများရဲ့ အံ့ဖွယ်ရာများ
- Speaker:
- Arthur Benjamin
- Description:
-
သင်္ချာဟာ ယုတ္တိကျတယ်၊ လက်တွေ့ကျတယ် ပြီးတော့ ... အရမ်းကို အံ့အားသင့်စရာပါပဲ။ သင်္ချာမှော်ပညာရှင် အာသာ ဗင်ဂျာမင်ဟာ ဖီဘိုနာချီ ဂဏန်းများလို့ ခေါ်ဝေါ်ကြတဲ့ အရာရဲ့ စိတ်ညစ်စရာ နဲ့ အံ့ဖွယ်ရာ အချင်းလက္ခဏာတွေကို စူးစမ်းတင်ပြထားပါတယ်။ (သင်္ချာဟာ စိတ်ကို လှုံ့ဆော်ပေးတဲ့ ကိရိယာ တစ်ခုပါ ဖြစ်နိုင်တာကိုလည်း သတိပေးသွားပါတယ်။)
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 06:24
![]() |
Myo Aung edited Burmese subtitles for The magic of Fibonacci numbers | |
![]() |
Myo Aung edited Burmese subtitles for The magic of Fibonacci numbers | |
![]() |
Dimitra Papageorgiou approved Burmese subtitles for The magic of Fibonacci numbers | |
![]() |
Myo Aung commented on Burmese subtitles for The magic of Fibonacci numbers | |
![]() |
sann tint accepted Burmese subtitles for The magic of Fibonacci numbers | |
![]() |
sann tint commented on Burmese subtitles for The magic of Fibonacci numbers | |
![]() |
sann tint edited Burmese subtitles for The magic of Fibonacci numbers | |
![]() |
sann tint edited Burmese subtitles for The magic of Fibonacci numbers |
sann tint
A good translation to be read and the most fascinating facts into words ! well done !
Myo Aung
Thank you for your support!
I had done a quite lot of translations and review, but still I cannot see them anywhere! It is disappointing me!