Return to Video

နီယွန်ကြော်ငြာတွေ ဘာကြောင့် တောက်ပစွာ လင်းကြရတာလဲ။ 360° လှုပ်ရှားပုံများဖြင့် - Michael Lipman

  • 0:13 - 0:17
    ဟူးဗားဆည်ကို ၁၉၃၆ ခုနှစ်တွင်
    ဆောက်ပြီးသွားခဲ့ရာ
  • 0:17 - 0:20
    ၎င်းဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး
    ဧရာမရင်းမြစ်ကို ဖန်တီးပေးလိုက်လို့
  • 0:20 - 0:26
    အိပ်မောကျနေခဲ့တဲ့ သဲကန္တာရကို
    အသက်သွင်းပေးလိုက်တယ်- Las Vegas, Nevada။
  • 0:26 - 0:28
    ဆည်ထံမှရတဲ့ စွမ်းအင်ဖြင့်
  • 0:28 - 0:31
    Las Vegas ဟာ ကွန့်မြူးဖွယ် ပြကွက်များနဲ့
    ပြည့်နှက်လာခဲ့ပါတယ်။
  • 0:31 - 0:37
    အဲဒီလို တောက်ပနေကြတဲ့ အလင်းရောင်တွေရဲ့
    ရင်းမြစ်မှာ နီယွန်ဓာတ်ငွေ့ဖြစ်ခဲ့တယ်။
  • 0:37 - 0:40
    သဘာဝအလျောက် ကြည်လင်ပြီး အနံ့မရှိတဲ့
    ဓာတ်ငွေ့ဖြင့်
  • 0:40 - 0:43
    တောက်ပတဲ့ ကြော်ငြာများကို ပြုလုပ်ရန်
    အခက်အခဲ နှစ်ခုရှိခဲ့ပါတယ်။
  • 0:43 - 0:46
    ဖမ်းယူရေးနဲ့ လင်းလက်လာစေရေး အခက်အခဲတွေပါ။
  • 0:46 - 0:50
    ပြင်သစ် တီထွင်ရှင် Georges Claude က
    နှစ်ခုစလုံးအတွက် နည်းကိုရှာနိုင်ခဲ့တယ်။
  • 0:50 - 0:52
    ၁၉၀၂ ခုနှစ်တွင်
  • 0:52 - 0:57
    သူဟာ လေကို အရည်ဖြစ်အောင်လုပ်ကာ လိုအပ်တဲ့
    အထူးဓာတ်ငွေ့များ ထုတ်ယူနည်းကို ထွင်ခဲ့ရာ
  • 0:57 - 1:01
    နီယွန်ဓာတ်ငွေ့ကို ပထမဦးဆုံး အကြိမ်
    စီးပွားဖြစ် သုံးနိုင်အောင် ထုတ်ခဲ့တယ်။
  • 1:01 - 1:06
    ၁၉၁၀ အရောက်တွင် သူဟာ ဓာတ်​ငွေ့ကို
    အဆုံးနေရာများတွင် လျှပ်ခေါင်းတွေ ရှိခဲ့တဲ့
  • 1:06 - 1:10
    ပြွန်ထဲကို ဖမ်ယူနိုင်ခဲ့ရာမှစပြီး
    နီယွန်အလင်းရောင်ဆိုတာ ပေါ်လာခဲ့တယ်။
  • 1:10 - 1:14
    Claude ရဲ့ စက်ရုံမှာ ပြွန်မှုတ်သူများလို့
    ခေါ်ခဲ့ကြတဲ့ လက်မှုပညာရှင်တွေက
  • 1:14 - 1:19
    နီယွန်ကြောငြာတွေကို
    မှုတ်ထုတ် ပေးခဲ့ကြပါတယ်။
  • 1:19 - 1:24
    ပြွန်ကွေးစက်တွေက ရှည်လျားတဲ့ မှန်ပြွန်ရဲ့
    အပိုင်းလေး တစ်ခုကို အပူပေးပြီး
  • 1:24 - 1:27
    လိုင်ချင်တဲ့ ပုံစံမျိုးဖြင့်
    လျင်မြန်စွာ ကွေးပေးခဲ့တယ်။
  • 1:27 - 1:31
    မှန်အေးလာချိန်မှာ တစ်ဖက်တစ်ချက်မှာ
    လျှပ်ခေါင်းတွေကို တပ်ဆင်ပေးလျက်
  • 1:31 - 1:35
    ကျန်ရှိနေတဲ့ လေကို
    လေစုပ်စက်နဲ့ ထုတ်ပစ်ကြတယ်။
  • 1:35 - 1:39
    ပြီးတော့ ပြွန်ကို ဗို့မြင့်
    လျှပ်စစ်ကို ဖြတ်စီးစေလျက်
  • 1:39 - 1:44
    ပြွန်ထဲက မသန့်ရှင်းမှုများကို
    ဖယ်ရှားပစ်ကြပါတယ်။
  • 1:44 - 1:50
    နောက်ဆုံးမှာ ပြွန်ထဲကို နီယွန်ဓာတ်ငွေ့ကို
    မှုတ်သွင်း၊ လျှပ်ခေါင်းတွေ အလုံပိတ်တယ်။
  • 1:50 - 1:52
    နီယွန် ကြော်ငြာကို ခလုတ်ဖွင့်ထားလျှင်
  • 1:52 - 1:56
    နီယွန် အက်တမ်တချို့ရဲ့ အီလက်ထရွန်များကို
    အရှိန်အဟုန်ရစေလျက်
  • 1:56 - 2:02
    ပတ်လမ်းများမှ လွှတ်သွားကြလို့ အဖိုဓာတ်ပဲ
    ရှိတဲ့ အိုင်းယွန်းများကို ချန်ခဲ့ကြပါတယ်။
  • 2:02 - 2:05
    အဲဒီလို လွတ်လပ်ကြတဲ့ အီလက်ထရွန်တွေဟာ
    လျှပ်ခေါင်း နှစ်ခုအကြားမှာ ပြေးလွှားကြရင်း
  • 2:05 - 2:11
    ပိုများတဲ့ နီယွန်အက်တမ်တွေနဲ့ တိုက်မိလို့
    ၎င်းတို့ကိုပါ အိုင်ယွန်း ဖြစ်လာကြတယ်။
  • 2:11 - 2:15
    အဲဒီလို ပြေးလွှားနေကြတဲ့ အီလက်ထရွန်တွေ
    ပုံမှန် စွမ်းအင်အဆင့်သို့ ပြန်ကျဆင်းလာစဉ်
  • 2:15 - 2:20
    ပိုလျှံတဲ့ စွမ်းအင်ကို ဖိုတွန်များ ဒါမှ
    မဟုတ် အလင်းမှုန်များအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
  • 2:20 - 2:23
    ဒါတွေ ခဏလေးအတွင်းမှာ
    ဖြစ်ပျက်သွားတာပါ။
  • 2:23 - 2:27
    ကျုပ်တို့က နီယွန်မီးကို ဖွင့်လိုက်တဲ့အခါ
    မြင်ရတာက အဲဒီဖိုတွန်တွေပါ။
  • 2:27 - 2:33
    ဓာတ်ငွေ့သုံး ဘယ်ကြော်ငြာကိုမဆို "နီယွန်"
    ကြော်ငြာလို့ သာမန်အားဖြင့် ခေါ်ကြပေမဲ့၊
  • 2:33 - 2:36
    ထုတ်လုပ်ရာတွင် အသုံးပြုကြတဲ့ ဓာတ်ငွေ့
    ၅ မျိုး ရှိပါတယ်။
  • 2:36 - 2:40
    မီးခလုတ်ကို နှိပ်လိုက်တဲ့ အခါမှာ ဓာတ်ငွေ့
    တစ်ခုစီမှ ထုတ်လွှင့်တဲ့ ဖိုတွန်တွေ မတူလို့
  • 2:40 - 2:43
    ကျုပ်တို့ဟာ အလင်းရောင်
    အမျိုးမျိုးကို ရရှိနိုင်ကြတာပါ။
  • 2:43 - 2:48
    နီယွန်က လိမ္မော်-အနီ ရောင်၊ အာဂွန်က
    အပြာနုကို ထုတ်ပေးသလို
  • 2:48 - 2:54
    ဟေလီယံက ပန်းနုရောင်၊ ကရစ်ပ်တန်က ငွေဖြူ
    ရောင်၊ ဇီနွန်ကျတော့ ခရမ်းနုရောင်ပါ။
  • 2:54 - 2:58
    အဲဒီဓာတ်ငွေ့ ၅ မျိုးကို ရောင်စုံချယ်ထားတဲ့
    ပြွန်များထဲမှာ ပေါင်းစပ် ထည့်ပေးခြင်းဖြင့်
  • 2:58 - 3:04
    လိုချင်တဲ့ စာသားနှင့်ရုပ်ပုံများကို
    သက်တံ့ရောင်စုံ ဖန်တီးပေးနိုင်ပါတယ်။
  • 3:04 - 3:08
    အဲဒီလို ရောင်စုံကြော်ငြာတွေက ဈေးဝယ်
    များကို မြှူဆွယ်ရာတွင် အားကောင်းတာကို
  • 3:08 - 3:11
    စီးပွားရေးပိုင်ရှင်တွေ သတိထားမိကြတယ်။
  • 3:11 - 3:16
    ပြီးတော့ မီးသီးနှင့်မတူဘဲ နီယွန်ကြော်ငြာ
    ထဲတွင် လောင်ကျွမ်းနိုင်တဲ့ အပိုင်း မရှိပါ။
  • 3:16 - 3:21
    ၎င်းဟာ ဓာတ်ငွေ့မကုန်မချင်း နှစ်ပေါင်း
    ၄၀ ကြာအောင် အစဉ်မပြတ် လင်းနိုင်ပါတယ်။
  • 3:21 - 3:27
    ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံးမှာ
    စတိုးဆိုင်တိုင်း နီယွန်ကြော်ငြာ သုံးလာတယ်။
  • 3:27 - 3:29
    ဖန်ပြွန်တွေဖြစ်လို့ အက်ကွဲလွယ်ခဲ့လို့
  • 3:29 - 3:33
    ၎င်းတို့ကို ဝေးလံတဲ့ ဒေသများသို့
    ပို့ပေးရန် ခဲယဉ်းခဲ့ပါတယ်။
  • 3:33 - 3:38
    ဒါကြောင့်မို့လို့ နီယွန်ကြော်ငြာ အများစုက
    အနီးအနားရှိ နီယွန်ဆိုင်များက
  • 3:38 - 3:39
    ထုတ်လုပ်ပြီး လာတပ်ဆင်ပေးခဲ့ကြတယ်။
  • 3:39 - 3:44
    ဟာသ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ကိုဆွဲဆောင်
    နိုင်တဲ့ ဒီဇိုင်းတွေ ပေါ်ပေါက်လာခဲ့ကြရာ
  • 3:44 - 3:47
    ပုံစံမတူ ကွဲပြားခဲ့ကြပါတယ်။
  • 3:47 - 3:49
    ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှာ
  • 3:49 - 3:52
    ပလတ်စတစ်ကို ကျယ်ပြန့်စွာ သုံးလာနိုင်ကြရာ
    အကုန်အကျ သက်သာလာခဲ့တယ်။
  • 3:52 - 3:57
    ဒီလိုနည်းဖြင့် ပလတ်စတစ် နီယွန်ကြော်ငြာတွေ
    ဟာ ခေတ်မီမှုရဲ့ သင်္ကေတ ဖြစ်လာကြတယ်။
  • 3:57 - 4:01
    မြို့အများက ခေတ်ဟောင်းသွားပြီလို့ ယူဆပြီး
    နီယွန်ကြော်ငြာဟောင်းတွေ ဖယ်ရှားပစ်ခဲ့တယ်။
  • 4:01 - 4:13
    ဒီနေ့ နီယွန်ကြော်ငြာ ထုတ်လုပ်မှုဟာ တချိန်
    တုန်းကနဲ့စာပါက ဒသမဂဏန်းမျှသာ ရှိတော့ပေမဲ့
  • 4:13 - 4:18
    ပြွန်ကို ကွေးပေးရတဲ့ လက်မှုပညာမှာမူ
    မပြောင်းလဲသလောက် ကျန်ရှိနေလျက်ပါ။
  • 4:18 - 4:21
    ဒေသခံလက်မှုပညာရှင်များရဲ့
    နီယွန်လက်ရာအသစ်တွေဟာ
  • 4:21 - 4:24
    နီယွန်ခေတ်မှ အကြွင်းအကျန်များနဲ့
    လက်တွဲလျက်
  • 4:24 - 4:28
    ကမ္ဘာတဝှမ်းရှိ လမ်းမများပေါ်တွင်
    ပုန်းအောင်းလျက် ရှိနေကြတုန်းပါပဲ။
Title:
နီယွန်ကြော်ငြာတွေ ဘာကြောင့် တောက်ပစွာ လင်းကြရတာလဲ။ 360° လှုပ်ရှားပုံများဖြင့် - Michael Lipman
Speaker:
Michael Lipman
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/what-makes-neon-signs-glow-a-360-animation-michael-lipman

Hoover Dam ဆည်ကြီးကို ဆောက်ပြီးသွားခဲ့တဲ့ နောက်မှာ ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး ဧရာမ အရင်းအမြစ်ကြီး ပေါ်ထွက်လာခဲ့လို့ လူသူမရှိခဲ့တဲ့ သဲကန္တာရကို အသက်သွင်းပေးလိုက်ပါတယ်- Las Vegas၊ Nevada မြို့ကြီးတွေ ပေါ်ထွန်းလာခဲ့ကြပါတယ်။ ရေအားလျှပ်စစ်ဖြင့် Las Vegas မကြာခင်မှာပဲ တောက်ပနေကြတဲ့ ကြော်ငြာများဖြင့် ပြည့်လျှံလာခဲ့ပါတယ်။ အဲဒီလို ရောင်စုံတောက်ပနေကြတဲ့ အလင်းရောင်တွေရဲ့ ရင်းမြစ်မှာ လျှပ်စစ်ဓာတ်နဲ့ ဆက်ပပေးထားတဲ့ နီယွန်ဓာတ်ငွေ့ ဖြစ်ခဲ့ပါတယ်။ အခု အထူးတင်ဆက်ထားတဲ့ 360° လှုပ်ရှားပုံပြပွဲထဲတွင် Michael Lipman မှနေပြီး ရောင်စုံ ထိန်းလင်းနေကြတဲ့ နီယွန်ကြော်ငြာ ကမ္ဘာအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးထားပါတယ်။

Michael Lipman ရဲ့ သင်ခန်းစာကို Lippy မှ လှုပ်ရှားပုံများဖြင့် တင်ဆက်ပေးလိုက်တာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:51

Burmese subtitles

Revisions