စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။
-
0:01 - 0:03ကောင်းပါပြီ၊ လက်တွေ ထောင်ပြစေချင်ပါတယ်။
-
0:03 - 0:05ရှင်တို့ထဲက ဘယ်နှစ်ယောက်က
Facebook မှာ နိုင်ငံရေး၊ -
0:05 - 0:09ဘာသာရေး၊ ကလေးစောင့်ရှောက်ရေး၊
အစားကိစ္စမှာ စော်ကားလို့တစ်ဦးဦးကို -
0:09 - 0:11မိတ်ဆွေစာရင်းကဖျက်ဖူးလဲ။
-
0:11 - 0:13(ရယ်သံများ)
-
0:13 - 0:16ဘယ်နှစ်ယောက်က
စကားမပြောချင်လို့ အနည်းဆုံး -
0:16 - 0:18လူတစ်ယောက်ကို ရှောင်နေရလဲ။
-
0:19 - 0:21(ရယ်သံများ)
-
0:21 - 0:24သိတဲ့အတိုင်း ယဉ်ကျေးတဲ့
စကားပြောဆိုဖို့ " My Fair Lady"ထဲက -
0:24 - 0:27Henry Huggins ရဲ့ အကြံပေးချက်ကို
လိုက်နာဖို့ လိုခဲ့ဘူးတယ်လေ။ -
0:27 - 0:29ရာသီဥတုနဲ့ မိမိကျန်းမာရေးကို စွဲမြဲပါ။
-
0:29 - 0:33ဒါပေမဲ့ ဒီနေ့မှာ ရာသီဥတုပြောင်းတာနဲ့
ကာကွယ်ဆေးဆန့်ကျင်တဲ့ အကြောင်းအရာ -
0:33 - 0:34(ရယ်သံများ)
-
0:34 - 0:35တွေက တစ်ခုမှ စိတ်မချရဘူးလေ။
-
0:35 - 0:38ဒီတော့ ဒါ ကျွန်မတို့ နေထိုင်တဲ့ကမ္ဘာ၊
-
0:39 - 0:41စကားပြောတိုင်း ငြင်းတာခုံတာထဲ
-
0:41 - 0:43ကျရောက်သွားနိုင်ခြေရှိတဲ့ ကမ္ဘာ၊
-
0:43 - 0:46နိုင်ငံရေးသမားတွေ အချင်းချင်း
စကားမပြောနိုင်တဲ့ -
0:46 - 0:48အသေးဖွဲဆုံး ကိစ္စလေးတွေမှာတောင်မှ
တစ်ဦးဦးကို -
0:48 - 0:53သဲကြီးမဲကြီး သဘောတူလိုက်၊ ဆန့်ကျင်လိုက်
တိုက်ခိုင်းနေတာ၊ ပုံမှန်မဟုတ်ဘူး။ -
0:53 - 0:56Pew Research ကအမေရိကန်
သက်ကြီး ၁၀၀၀၀ ကို လေ့လာခဲ့ပြီး -
0:56 - 0:59တွေ့ရှိရတာက အခုအခါမှာ ကျွန်မတို့ဟာ
အစွန်းနှစ်ရပ် ဖြစ်နေကာ -
0:59 - 1:00သမိုင်းမှာ ဖြစ်ခဲ့ဘူးတာထက်
-
1:00 - 1:03ပိုပြီး သဘောထားကွဲစေတယ်တဲ့။
-
1:03 - 1:05အပေးအယူလုပ်ဖြစ်ဖို့ ပိုနည်းတယ်၊
-
1:05 - 1:07အချင်းချင်း နားမထောင်ဘူးလို့ဆိုတာပါ။
-
1:07 - 1:09ဘယ်မှာနေဖို့၊ ဘယ်သူ့ကို
လက်ထပ်ဖို့၊ ဘယ်သူတွေက -
1:09 - 1:12ကိုယ့်မိတ်ဆွေ ဖြစ်လာဖို့တောင်
ဆုံးဖြတ်ကြပါတယ်၊ -
1:12 - 1:14ကိုယ်ယုံကြည်ပြီးသားကို အခြေခံပြီးတော့ပေါ့။
-
1:14 - 1:17ထပ်ပြီးတော့ အချင်းချင်း
နားမထောင်တာလို့ ဆိုလိုတာပါ။ -
1:17 - 1:20စကားပြောတာဟာ ပြောခြင်းနဲ့
နားထောင်ခြင်း ညီမျှဖို့ လိုပြီး -
1:20 - 1:23တစ်နေရာရာမှာတော့
ဟန်ချက်ပျက်သွားနိုင်ပါတယ်။ -
1:23 - 1:25အခု ဒါဟာ နည်းပညာကြောင့် တစ်ပိုင်းပါ။
-
1:25 - 1:28စမတ်ဖုန်းတွေက ရှင်တို့အားလုံး
လက်ထဲမှာ (သို့) -
1:28 - 1:30ချက်ချင်း ကောက်ယူနိုင်တဲ့ နေရာမှာရှိပါတယ်။
-
1:30 - 1:32Pew Research အရ အမေရိကန်
-
1:32 - 1:37ဆယ်ကျော်သက် သုံးပုံတစ်ပုံဟာ တစ်နေ့ကို
စာတို အစောင် တစ်ရာကျော် ပို့ကြတယ်။ -
1:37 - 1:41အများစု၊ အားလုံးနီးပါးက သူတို့သူငယ်ချင်း
တွေနဲ့ မျက်နှာချင်းဆိုင် စကားပြောတာထက် -
1:41 - 1:43စာတိုပို့တာ ဖြစ်နိုင်ခြေပိုများပါတယ်။
-
1:44 - 1:46The Atlantic မှာ တကယ့် ဆောင်းပါးကြီးပါ၊
-
1:46 - 1:49ဒါကို အထက်တန်းကျောင်း ဆရာ
Paul Barnwell က ရေးသားတာပါ။ -
1:49 - 1:51သူက တပည့်တွေကို ဆက်သွယ်ရေး
ပရောဂျက် ပေးတယ်။ -
1:51 - 1:55သူသင်ပေးချင်တာက တိကျတဲ့ ကိစ္စရပ်
တစ်ခုကို မှတ်စုမသုံးပဲ ပြောဆိုပုံကိုပါ။ -
1:55 - 1:57ပြီးတော့ သူက "ငါ သဘောပေါက်လိုက်တာက..."
-
1:57 - 2:00(ရယ်သံများ)
-
2:00 - 2:03"ငါ သဘောပေါက်လိုက်တာက စကားပြော
ကျွမ်းကျင်မှုဆိုတာက သတိမမူမိဆုံး -
2:03 - 2:07သင်ကြားဖို့ ပျက်ကွက်နေတဲ့ တစ်ခု
တည်းသော အတတ်တစ်ခု ဖြစ်လောက်တယ်။ -
2:08 - 2:12ကလေးတွေဟာ နေ့စဉ် အချိန်ကုန်ကာ
စကရင်ကနေ စိတ်ကူးတွေနဲ့ အချင်းချင်း -
2:12 - 2:14ချိတိဆက်ကြပေမဲ့ သူတို့ရဲ့လူမှုဆက်ဆံရေး
-
2:14 - 2:16ဆက်သွယ်မှုအတတ်တွေကို
သွေးဖို့ အခွင့်အလမ်းက ရှားပါတယ်။ -
2:16 - 2:19ဒါ ရယ်စရာ မေးခွန်းပုံပေါက်တယ်ဆိုပေမဲ့
ကိုယ်တိုင်ဖြေဖို့လိုပါတယ်။ -
2:20 - 2:21တည်တံ့၊ မြဲမြံ၊ စိတ်ချရနိုင်တဲ့
-
2:21 - 2:27စကားပြောဆိုခြင်းထက် ပိုအရေးပါတဲ့
၂၁ ရာစု အတတ်ပညာဆိုတာရှိလား။ -
2:27 - 2:29ကဲ ကျွန်မက လူတွေကို
စကားပြောပြီး အသက်မွေးပါတယ် -
2:29 - 2:32နိုဘဲလ်ဆုရှင်တွေ၊ ကုန်ကားမောင်းသူတွေ၊
-
2:32 - 2:34ဘီလီယံနာတွေ၊ သူငယ်တန်း ဆရာတွေ၊
-
2:34 - 2:37နိုင်ငံအကြီးအကဲတွေ၊ ပိုက်ပြင်သမားတွေ၊
-
2:37 - 2:40ကိုယ်နှစ်သက်သူတွေကို ပြောပါတယ်၊
ကိုယ်မနှစ်သက်သူတွေကို ပြောပါတယ်။ -
2:40 - 2:44ပုဂ္ဂိုလ်ရေးအဆင့်မှာ ကိုယ်နဲ့ အင်မတန်
သဘောထားကွဲသူ တစ်ချို့ကို ပြောပါတယ်။ -
2:44 - 2:46ဒါပေမဲ့ သူတို့နဲ့ ပြောဆိုလို့
ကောင်းတုန်းပါ။ -
2:46 - 2:50ဒီတော့ နောက် ၁၀ မိနစ်လောက်ကို ရှင်တို့ကို
ဘယ်လိုပြော၊ ဘယ်လိုနားထောင်ဆိုတာကို -
2:50 - 2:52သင်ရင်း ကုန်ဆုံးချင်ပါတယ်။
-
2:53 - 2:55အများက ဒီအကြောင်း အကြံပေးချက်
အများကြီး ကြားဖူးပြီးသားပါ -
2:55 - 2:57ပြောသူရဲ့ မျက်လုံးကိုကြည့်ဖို့တို့၊
-
2:57 - 3:01ရှေ့ဆက် ဆွေးနွေးဖို့ စိတ်ဝင်စားစရာ
အကြောင်းတွေ တွေးတာတို့၊ -
3:01 - 3:06ဂရုစိုက်တာပြဖို့ ကြည့်၊
ခေါင်းညိတ်၊ ပြုံးပြတို့၊ -
3:06 - 3:09ကြားလိုက်တာကို ပြန်ပြော၊
အနှစ်ချုပ်တို့ ဘာတို့ပေါ့။ -
3:09 - 3:11ဒါတွေအားလုံးကို မေ့ပစ်စေချင်တယ်။
-
3:11 - 3:12ပေါက်တတ်ကရ တွေပါ။
-
3:12 - 3:15(ရယ်သံများ)
-
3:15 - 3:19တကယ် ကိုယ်က ဂရုစိုက်နေရင်
ကိုယ် ဂရုစိုက်နေတာကို ဘယ်လိုပြဖို့ -
3:19 - 3:23သင်စရာ အကြောင်းမရှိဘူး။
-
3:23 - 3:25(ရယ်သံများ)
-
3:25 - 3:28(လက်ခုပ်သံများ)
-
3:28 - 3:31ကဲ ကျွန်မ ပုံမှန်ဘဝမှာ လုပ်တဲ့
တွေ့ဆုံမေးမြန်းသူ ပညာရှင်အနေနဲ့ -
3:31 - 3:34ကျွန်မဟာ အလားတူ အတတ်တွေ အတိအကျ သုံးပါတယ်။
-
3:34 - 3:38ဒီတော့ လူတွေကို တွေ့ဆုံမေးမြန်းနည်းကို
သင်ပေးတော့မှာဖြစ်ပြီး -
3:38 - 3:42ရှင်တို့ ပိုကောင်းတဲ့ စကားပြောသူဖြစ်နည်း
သင်ယူရာမှာ ကူညီပါလိမ့်မယ်။ -
3:42 - 3:43စကားပြောဆိုတတ်ဖို့ သင်ယူပါ၊
-
3:43 - 3:45အချိန်မဖြုန်းပဲ၊ မငြီးငွေ့စေပဲ
-
3:46 - 3:49ပြီးတော့ ဘုရားမပါ၊ ဘယ်သူ့ကိုမှ
မစော်ကားမိပဲပေါ့ရှင်။ -
3:49 - 3:51အားလုံး ကြီးကျယ်တဲ့
စကားပြောဆိုတာတွေ ရှိခဲ့တယ် -
3:51 - 3:53အရင်ကရှိဘူးပါတယ်၊ ဘယ်လိုဆိုတာလဲ သိပါတယ်။
-
3:53 - 3:57ကိုယ် ခေါင်းရှောင်တဲ့ စကားပြောဆိုမှုဟာ
ဆွဲဆောင်မှုရှိပြီး စေ့ဆော်ပေးတာ၊ -
3:57 - 3:59(သို့) တကယ့် အဆက်အသွယ်ရလိုက်
တယ်လို့ခံစားရတာ၊ (သို့) -
3:59 - 4:02ကိုယ့်ကို အပြည့်အဝ နားလည်သွားတာမျိုးပါ။
-
4:02 - 4:03ရှင်တို့အများစုရဲ့
-
4:03 - 4:06တုံ့ပြန်မှုတွေဟာ ဒီလိုမျိုး မဖြစ်နိုင်စရာ
အကြောင်းမရှိပါဘူး။ -
4:06 - 4:09ဒီတော့ စည်းမျဉ်း ၁၀ ခုရှိပါတယ်။
ဒါတွေအကုန်လုံး ရှင်းပြသွားမှာပါ။ -
4:09 - 4:13ဒါပေမဲ့ တကယ်က ဒီထဲက တစ်ခုကို
ရွေးပြီး ပိုင်နိုင်အောင် လုပ်ရင်ပဲ -
4:13 - 4:16ပိုကောင်းတဲ့ စကားပြောဆိုတာတွေကို
ခံစားပြီးဖြစ်ပါလိမ့်မယ်။ -
4:16 - 4:18နံပါတ် တစ်။ တစ်ချိန်တည်း အစုံမလုပ်နဲ့။
-
4:18 - 4:20လက်ထဲမှာရှိတဲ့ ကိုယ့် ဆဲလ်ဖုန်း၊ တက်ဘလက်၊
-
4:20 - 4:23ကားသော့ ဘာဖြစ်ဖြစ် ချထားလိုက်လို့
ဆိုလိုတာမဟုတ်ပါဘူး။ -
4:23 - 4:25ဆိုလိုတာက ပစ္စုပ္ပန်မှာ ရှိနေဖို့၊
-
4:25 - 4:27ဒီကာလထဲမှာ ရှိနေဖို့ပါ။
-
4:27 - 4:30ကိုယ့်အကြီးအကဲနဲ့ ငြင်းခုံခဲ့တာကို
မတွေးပါနဲ့။ -
4:30 - 4:33ညစာအတွက် ဘာစားမယ်ဆိုတာ မတွေးပါနဲ့။
-
4:33 - 4:35စကားပြောဆိုတာကနေ ထွက်ချင်ရင်
-
4:35 - 4:36ပြောနေတာကနေ ထွက်လိုက်ပါ။
-
4:36 - 4:38တစ်ဝက်တစ်ပြက်မျိုး မဖြစ်ပါစေနဲ့။
-
4:38 - 4:41နံပါတ် နှစ်။ လူတတ်ကြီး မလုပ်ပါနဲ့။
-
4:41 - 4:43ကိုယ့်အမြင်ကို တုံ့ပြန်ဖို့၊ ငြင်းခုံဖို့၊
-
4:43 - 4:49ဆန့်ကျင်ဖို့၊ တိုးပွာဖို့ အခွင့်အလမ်း
မရှိပဲ ဖော်ပြချင်ရင်တော့ -
4:49 - 4:51ဘလော့ဂ်တစ်ခု ရေးလိုက်ပေတော့။
-
4:51 - 4:54(ရယ်သံများ)
-
4:54 - 4:57ကဲ ဒါက ကျွန်မပွဲမှာ ဆရာကြီးတွေကို
ခွင့်မပြုခြင်းရဲ့ အကြောင်းရင်းပါ။ -
4:57 - 4:59အကြောင်းက တကယ့်ပျင်းစရာကြီးတွေပါ။
-
4:59 - 5:03ရှေးရိုးစွဲတွေဆိုရင်၊ Obama၊ အစားလက်မှတ်၊
ကိုယ်ဝန်ဖျက်တာကို မုန်းမယ်။ -
5:03 - 5:05အစွန်းမရောက်သူတွေဆိုရင် ဘဏ်ကြီးတွေ၊
-
5:05 - 5:07ရေနံအဖွဲ့တွေနဲ့ Dick Cheney
ကို မုန်းလိမ့်မယ်။ -
5:07 - 5:08လုံးဝ ကြိုဟောလို့ရတယ်။
-
5:08 - 5:10ဒါမျိုးဆို ရှင်တို့ မကြိုက်ဘူးလေ။
-
5:10 - 5:15ကိုယ်တစ်ခုခု သင်ယူလို့စရာလိုတယ်လို့
ထင်တဲ့ စကားဝိုင်းတိုင်းကို ဝင်ဖို့လိုတယ်။ -
5:16 - 5:18ကျော်ကြားတဲ့ ကုထုံးပညာရှင် M. Scott Peck
-
5:18 - 5:22ပြောတာက စစ်မှန်တဲ့ နားထောင်ခြင်းမှာ
ကိုယ့်အတ္တကို ဘေးဖယ်ထားဖို့လိုတယ်တဲ့။ -
5:22 - 5:25တစ်ခါတစ်လေမှာ ဆိုလိုတာက
ကိုယ့်အမြင်ကို ဘေးဖယ်ထားတာပါ။ -
5:26 - 5:29သူပြောတာက ဒီလက်ခံခြင်းကို ခံယူတတ်ခြင်းနဲ့
-
5:30 - 5:32ပြောသူဟာ အားနည်းချက် နည်း၊နည်း လာပြီး
-
5:32 - 5:35သူ(သို့) သူမရဲ့ စိတ်အတွင်းက
လှိုက်ခွက်ဟာ နားထောင်သူဆီ -
5:35 - 5:37ပွင့်ဟလာဖို့ ပိုပိုများလာတယ်တဲ့။
-
5:37 - 5:40ထပ်ပြီးတော့ ကိုယ်သင်ယူဖို့
တစ်ခုခုရှိတယ်လို့ ယူဆလိုက်ပါ။ -
5:41 - 5:45Bill Nye: "ကိုယ်တွေ့တဲ့ လူတိုင်းဟာ
ကိုယ်မသိတာတစ်ခုခုကို သိကြတယ်။" -
5:45 - 5:47ဒီနည်းကို ကျင့်သုံးပါတယ်။
-
5:47 - 5:50လူတိုင်းဟာ တစ်ခုခုမှာတော့ ပါရဂူပဲ။
-
5:51 - 5:54နံပါတ် သုံး။ ဖွင့်ထားတဲ့ မေးခွန်းတွေမေးပါ။
-
5:54 - 5:56ဒီကိစ္စမှာ သတင်းစာဆရာတွေဆီက
နည်လမ်းကိုယူပါ -
5:56 - 5:59မေးခွန်းကို ဘယ်သူ၊ ဘာ၊ ဘယ်တော့
ဘယ်မှာ၊ ဘာလို့၊ ဘယ်လိုတွေနဲ့ စပါ။ -
5:59 - 6:03ရှုပ်ထွေးတဲ့ မေးခွန်းနဲ့ မေးလိုက်ရင်
ရိုးစင်းတဲ့ အဖြေထွက်လာမှာပါ။ -
6:03 - 6:05"ရှင် လန့်ခဲ့လား" လို့ ကျွန်မကမေးလိုက်ရင်
-
6:05 - 6:08ဒီဝါကျထဲက အားအပြင်းဆုံး စကားလုံးကို
ရှင်တုံ့ပြန်တော့မှာပေါ့။ -
6:08 - 6:12"လန့်တာ"လေ၊ အဖြေက "ဟုတ်၊ လန့်
ပါတယ်" (သို့) "ဟင့်အင်း၊ မလန့်ပါဘူး" -
6:12 - 6:14"စိတ်ဆိုးလား"
"ဟုတ်၊ အရမ်းစိတ်ဆိုးပါတယ်။" -
6:14 - 6:17သူတို့ကို ဒါကို သရုပ်ဖော်ခိုင်းလိုက်ပါ။
-
6:17 - 6:20ဒါမျိုးတွေ စမ်းမေးကြည့်လိုက်ပါ။
"ဒါက ဘယ်လိုမျိုးလဲ" -
6:20 - 6:21"ဒါက ဘယ်လို ခံစားလဲ။"
-
6:21 - 6:26အကြောင်းက ဒီအချိန်မှာ သူတို့ဟာ ခဏရပ်ပြီး
ဒီအကြောင်း တွေးကြည့်နိုင်လောက်ပြီး၊ -
6:26 - 6:29အရမ်းပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့
အဖြေ ရှာရတော့မှာမို့ပါ။ -
6:29 - 6:31နံပါတ် လေး။ ရေစီးကြောင်းအတိုင်း
လိုက်သွားပါ။ -
6:32 - 6:35ဆိုလိုတာက အတွေးတွေက စိတ်ထဲဝင်လာမှာဖြစ်ပြီး
-
6:35 - 6:38ဒါတွေကို စိတ်ထဲကနေ ထုတ်လိုက်ဖို့လိုပါတယ်။
-
6:38 - 6:40မကြာခဏ ကြားဖူးတဲ့ တွေ့ဆုံခန်းတွေမှာ
-
6:40 - 6:42ဧည့်သည်က မိနစ်ပေါင်းများစွာ ပြောနေပြီး
-
6:42 - 6:45အိမ်ရှင်က ပြန်လာပြီး မေးခွန်းတစ်ခုမေးတယ်၊
-
6:45 - 6:48ဒါက ဘယ်ကနေပေါ်လာမှန်းတဲ့ (သို့)
ဖြေထားပြီးသားကြီး ဖြစ်ပုံရတာမျိုးပါ။ -
6:48 - 6:51လွန်ခဲ့တဲ့ နှစ်မိနစ်က သူ နားထောင်တာ
ရပ်လိုက်တာ ဖြစ်လောက်တယ်။ -
6:51 - 6:54အကြောင်းက သူဟာ ဒီအရမ်း ကောင်းတဲ့
မေးခွန်းကို တွေးခဲ့ပြီး -
6:54 - 6:57ဒါကိုပြောဖို့ အသေအချာ ဆုံးဖြတ်ခဲ့လို့ပါ။
-
6:57 - 6:59ကျွန်မတို့လည်း တစ်သွေမတိမ်း
လုပ်ကြတယ်လေ။ -
6:59 - 7:02အဲဒီမှာ တစ်ယောက်ယောက်နဲ့
စကားပြောကာ ထိုင်နေပြီး -
7:02 - 7:06ကော်ဖီဆိုင်မှာ Hugh Jackman ကို
တွေ့ခဲ့တဲ့ အချိန်ကို အမှတ်ရတာပါ။ -
7:06 - 7:07(ရယ်သံများ)
-
7:07 - 7:09နားထောင်တာ ရပ်လိုက်တယ်။
-
7:09 - 7:11ဖြစ်ရပ်တွေ၊ စိတ်ကူးတွေက ကိုယ့်ဆီလာတော့မှာ။
-
7:11 - 7:14ဒါတွေကို လာခွင့်ပေးပြီး
ထွက်ခွင့်ပေးဖို့ လိုတယ်။ -
7:14 - 7:18နံပါတ် ငါး။ မသိရင် မသိဘူးလို့ ပြောပါ။
-
7:19 - 7:21ကဲ ရေဒီယိုက လူတွေဟာ အထူးသဖြင့် NPR ကပေါ့၊
-
7:21 - 7:24သူ့တို့ဟာ အသံသွင်းတော့မှာကို
အရမ်း ပိုဂရုထားမိတော့ -
7:24 - 7:28သူတို့ဟာ ဆရာတစ်ဆူဆိုတာနဲ့ သူတို့
အသေအချာ သိတာကို -
7:28 - 7:30အခိုင်အမာဆိုဖို့ ပိုပြီး သတိထားကြတယ်။
-
7:30 - 7:32လုပ်တော့လုပ်ပါ၊ သတိတော့ထားပေါ့။
-
7:32 - 7:34ပြောဆိုတာ အပေါစား မဖြစ်သင့်ဘူးလေ။
-
7:35 - 7:38နံပါတ် ခြောက်။ ကိုယ့်အတွေ့အကြုံကို
သူတို့ဟာနဲ့ မနှိုင်းယှဉ်ပါနဲ့။ -
7:39 - 7:42သူတို့ရဲ့ မိသားစုဝင်တစ်ဦး
ဆုံးရှုံးတဲ့အကြောင်း ပြောနေရင် -
7:42 - 7:45ကိုယ့်မိသားစုဝင်တစ်ဦး ဆုံးရှုံးတဲ့
အကြောင်း စမပြောမိစေနဲ့။ -
7:45 - 7:48သူတို့အလုပ်က ဒုက္ခတွေအကြောင်း ပြောနေရင်
-
7:48 - 7:50ကိုယ့်အလုပ်ကို ဘယ်လောက်
မုန်းတာကို မပြောနဲ့။ -
7:50 - 7:52မတူဘူး။ ဘယ်တော့မှ မတူဘူးလေ။
-
7:52 - 7:54အတွေ့အကြုံအားလုံးဟာ သီခြားစီပါ။
-
7:54 - 7:57ပိုပြီး အရေးကြီးတာက ဒါက
ကိုယ့်ကိစ္စမဟုတ်ဘူးလေ။ -
7:57 - 8:01ကိုယ်ဘယ်လောက် အံ့ဩစရာကောင်းတာ
(သို့) ဘယ်လောက် ခံစားရတာ -
8:01 - 8:02ပြဖို့ ဒီကာလကို မသုံးသင့်ဘူး
-
8:03 - 8:06တစ်ခါက လူတစ်ဦးက Stephen
Hawking ကို သူ့ IQ ဘယ်လောက်လဲ မေးတော့ -
8:06 - 8:09သူက "မသိဘူး၊ IQ အကြောင်း
ကြွားသူတွေဟာ အရှုံးသမားတွေ"တဲ့။ -
8:09 - 8:11(ရယ်သံများ)
-
8:11 - 8:14စကားပြောဆိုခြင်းတွေဟာ
ကြော်ငြာခွင့်တစ်ရပ် မဟုတ်ဘူး။ -
8:17 - 8:18နံပါတ် ခုနှစ်။
-
8:19 - 8:21ကိုယ်က ထပ်ထပ်မပြောမိစေနဲ့
-
8:21 - 8:23ဒါဟာ တင်စီးတာ၊ တကယ် ပျင်းစရာကြီးဖြစ်ပြီး
-
8:23 - 8:25ကျွန်မတို့ တော်တော် လုပ်တတ်ကြတယ်။
-
8:25 - 8:29အထူးသဖြင့် အလုပ် စကားဝိုင်းမှာ
(သို့) ကလေးတွေနဲ့ စကားပြောတာမှာ -
8:29 - 8:30မှတ်သားမိစေဖို့ပါ၊
-
8:30 - 8:33ဒါနဲ့ ဒါကို တစ်နည်းနည်းနဲ့
အထပ်ထပ် ဆက်ပြောတယ်။ -
8:34 - 8:35ဒါ မလုပ်ပါနဲ့။
-
8:35 - 8:37နံပါတ် ရှစ်။ မှော်ပင်တွေကနေ ရှောင်ပါ။
-
8:37 - 8:40ရှင်းရှင်းပြောရရင်၊ လူတွေဟာ နှစ်တွေ၊
-
8:40 - 8:43အမည်တွေ၊ ရက်စွဲတွေ၊
-
8:43 - 8:45စိတ်ထဲမှာ ပေါ်လာဖို့ ကိုယ်အပြင်းအထန်
-
8:45 - 8:47လုပ်နေတဲ့ အသေးစိတ်အားလုံးကို ဂရုမစိုက်ဘူး။
-
8:47 - 8:49ဂရုမစိုက်ကြဘူး။
သူတို့ ဂရုစိုက်တာက ရှင့်ကိုပါ။ -
8:50 - 8:51ဂရုစိုက်တာက ရှင်က ဘယ်လိုမျိုးလဲ၊
-
8:52 - 8:54ဘာတွေမှာ တူလဲဆိုတာပါ။
-
8:54 - 8:56ဒီတော့ အသေးစိတ်တွေ မေ့လိုက်၊
ဒါတွေကို ချန်ထားလိုက်ပါ။ -
8:57 - 8:58နံပါတ် ကိုး။
-
8:58 - 9:01ဒါက နောက်ဆုံး တစ်ခု မဟုတ်ဘူး၊
ဒါပေမဲ့ အရေးကြီးဆုံး တစ်ခုပါ။ -
9:01 - 9:03နားထောင်ပါ။
-
9:03 - 9:06နားထောင်တာဟာ ကိုယ်ဖွံ့ဖြိုးအောင်
လုပ်နိုင်တဲ့ နံပါတ်တစ် အရေးကြီးဆုံး -
9:06 - 9:10အတတ်ပညာ ဖြစ်လောက်တာ တကယ့်
အရေးပါတဲ့ လူဘယ်နှစ်ဦးက ပြောခဲ့တာ -
9:10 - 9:12ကျွန်မ မပြောနိုင်ဘူး။
-
9:12 - 9:13ဗုဒ္ဓပြောခဲ့တာ တနည်း ပြန်ပြောရရင်
-
9:13 - 9:16"သင်ဟာ ပါးစပ်ဟနေရင် သင်ယူနေတာမဟုတ်ဘူး"တဲ့။
-
9:16 - 9:20Calvin Coolidge ပြောတာက "ဘယ်သူ
မှ အလုပ်ပျက်ခံပြီး နားမထောင်ဘူး" တဲ့။ -
9:21 - 9:22(ရယ်သံများ)
-
9:22 - 9:24ဘာလို့ အချင်းချင်း နားမထောင်ကြတာလဲ။
-
9:25 - 9:27နံပါတ်တစ် ပြောရတာကို ပိုကြိုက်ကြတယ်။
-
9:27 - 9:29ကိုယ်ပြောနေရင်၊ ကိုယ်လက်ထဲမှာ ရှိတယ်။
-
9:29 - 9:32ကိုယ်စိတ်မဝင်စားတာ ဘာကိုမှ ကြားစရာမလိုဘူး။
-
9:32 - 9:33ကိုယ်က အများ အာရုံစိုက်ရာ။
-
9:33 - 9:35ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်တယ်။
-
9:35 - 9:36ဒါပေမဲ့ နောက်တစ်ကြောင်းက
-
9:37 - 9:38ကျွန်မတို့ဟာ အာရုံထွေပြားတာပါ။
-
9:38 - 9:42သာမန်လူတစ်ယောက်ဟာ တစ်မိနစ်
၂၂၅ ခွန်းလောက်ပြောတယ်။ -
9:42 - 9:46ဒါပေမဲ့ တစ်မိနစ်ကို အလုံး ၅၀၀
လောက်ထိ ကျွန်မတို့ ကြားနိုင်တယ် -
9:46 - 9:50ဒီတော့ ကျွန်မတို့ စိတ်တွေက အခြား
၂ရ၅ လုံး ဖြည့်နေရတာပေါ့။ -
9:50 - 9:53ကြည့်ပါ၊ ကျွန်မသိတာက တကယ်က
တစ်ဦးဦးကို အာရုံစိုက်ဖို့ -
9:53 - 9:55အားထုတ်မှုနဲ့ စွမ်းအင်လိုတာပါ။
-
9:55 - 9:58ဒါပေမဲ့ ဒါမလုပ်နိုင်ရင်တော့ ရှင်ဟာ
စကားဝိုင်းထဲမှာ မဟုတ်ဘူး၊ -
9:58 - 10:01ရှင်တို့ဟာ တစ်နေရာတည်းမှာ
ဆက်စပ်ရုံသာရှိတဲ့ ဝါကျတွေကို -
10:01 - 10:03အော်နေတဲ့ လူနှစ်ဦးပါ။
-
10:03 - 10:04(ရယ်သံများ)
-
10:04 - 10:07အခြားသူကို နားထောင်ဖို့ လိုတယ်။
-
10:07 - 10:09Stephen Covey က ဒါကို အရမ်း လှပစွာ
-
10:09 - 10:13ပြောထားတာက "အများစုဟာ နားလည်ဖို့
ရည်ရွယ်ပြီး နားထောင်တာမဟုတ်ဘူး၊ -
10:13 - 10:16တုံ့ပြန်ဖို့ ရည်ရွယ်ပြီး နာဒထောင်တာ"တဲ့။
-
10:17 - 10:21နောက် စည်းမျဉ်း နံပါတ် ၁၀ က ဒါပါ။
အတိုချုပ်က -
10:21 - 10:24(ကောင်းတဲ့ပြောဆိုမှုဟာ miniskirt
လိုစိတ်ဝင်စားမှုထိန်းဖို့ အနေတော်တို -
10:24 - 10:27ဒါပေမဲ့ ကိစ္စကိုဖုံးဖို့ အတန်သင့်
ရှည်ရမယ်၊ အစ်မရေ) -
10:27 - 10:28(ရယ်သံများ)
-
10:28 - 10:30(လက်ခုပ်သံများ)
-
10:30 - 10:35ဒါအားလုံးကို တူညီတဲ့ အခြေခံ သဘောထား
အဖြစ်အကျဉ်းချုံးလိုက်တာက ဒါပါပဲ။ -
10:35 - 10:38အခြားလူတွေကို စိတ်ဝင်စားပါ။
-
10:38 - 10:41ကျွန်မဟာ အရမ်း ထင်ရှားတဲ့
အဖိုးနဲ့ ကြီးပြင်းခဲ့ကာ -
10:41 - 10:43အိမ်မှာ ဓလေ့လိုမျိုးရှိခဲ့တယ်။
-
10:43 - 10:45လူတွေ အဖိုးဆီလာလည်ပြီး စကားပြောကြတယ်။
-
10:45 - 10:48သူတို့ပြန်သွားတော့ အမေက ကျွန်မတို့ဆီလာပြီး
-
10:48 - 10:50ပြောတာက "အဲဒါဘယ်သူလဲ သိလား။
-
10:50 - 10:52သူမက Miss America ဒုတိယဖြစ်ခဲ့တယ်။
-
10:52 - 10:54သူက Sacramento ရဲ့ မြိုတော်ဝန်လေ။
-
10:54 - 10:57သူမက Pulitzer ဆုရခဲ့တာ။
သူက ရုရှား ဘဲလေး အကသမား။"တဲ့ -
10:57 - 11:00ကျွန်မဟာ လူတိုင်းမှာ ပုန်းကွယ်နေတဲ့
သူတို့အကြောင်း အံ့ဩစရာ တစ်ခုခု -
11:00 - 11:03ရှိတယ်ဆိုတဲ့ ထင်မြင်ချက်နဲ့
ကြီးပြင်းလာခဲ့တာမျိုးပါ။ -
11:04 - 11:07တကယ်တော့ ဒါက ကျွန်မကို ပိုတော်တဲ့
အစီစဉ်မှူးဖြစ်စေခဲ့ပါ။ -
11:07 - 11:10တတ်နိုင်သလောက် ကိုယ့်ပါးစပ်ကို ပိတ်ထားပြီး
-
11:10 - 11:12စိတ်ကို ဖွင့်ထားတာပါ။
-
11:12 - 11:14အံ့ဩဖို့ အမြဲ ပြင်ဆင်ထားပြီး
-
11:14 - 11:16ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူး။
-
11:17 - 11:19အလားတူ ရှင်တို့လည်း လုပ်ကြပါ။
-
11:19 - 11:21အပြင်ကိုထွက်လိုက်ပါ၊ လူတွေကို ပြောဆိုပါ၊
-
11:21 - 11:22လူတွေပြောတာ နားထောင်ပါ။
-
11:22 - 11:26ပြီးတော့ ပိုအရေးကြီးတာက
အံ့အားသင့်ဖို့ ပြင်ဆင်ထားပါ။ -
11:26 - 11:28ကျေးဇူးပါ။
-
11:28 - 11:31(လက်ခုပ်သံများ)
- Title:
- စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။
- Speaker:
- Celeste Headlee
- Description:
-
ကိုယ့်အလုပ်အကိုင်ဟာ လူတွေကို ကိုယ်ဘယ်လောက် ကောင်းမွန်စွာ ပြောဆိုဆက်ဆံတာအပေါ် မူတည်တဲ့အခါမှာ ဘယ်ပုံဘယ်နည်း စကားပြောဆိုဖို့ဆိုတာကို အများကြီး သင်ယူကြပြီး ကျွန်ုပ်တို့ အများစုကတော့ ကောင်းမွန်စွာ မပြောဆိုတတ်ကြပါဘူး။ Celeste Headlee ဟာ ရေဒီယို အစီအစဉ်မှူးအဖြစ် ဆယ်စုနှစ်ချီပြီး လုပ်ကိုင်ဖူးပြီး ထူးကဲကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခုမှာ ပါဝင်တဲ့အရာတွေကိုလည်း သိပါတယ်၊ ရိုးသားမှု၊ တိုတောင်းမှု၊ ရှင်းလင်းမှုနဲ့ သင့်တင့်တဲ့ ပမာဏရှိတဲ့ နားထောင်ခြင်းတွေပါ။ ဒီထိုးထွင်းအမြင်ပါတဲ့ ဟောပြောချက်ထဲမှာ ပိုကောင်းတဲ့ စကားပြောဆိုခြင်းတွေအတွက် အသုံးဝင်လှတဲ့ စည်းမျဉ်း (၁၀)ချက်ကို မျှဝေထားပါတယ်။ သူမပြောတာက "အပြင်ကိုထွက်လိုက်ပါ၊ လူတွေကို ပြောဆိုပါ၊ လူတွေပြောတာ နားထောင်ပါ၊ ပိုပြီးတော့ အရေးကြီးတာက အံ့အားသင့်ဖို့ ပြင်ဆင်ထားပါ" တဲ့။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 11:44
Myo Aung approved Burmese subtitles for 10 ways to have a better conversation | ||
Myo Aung edited Burmese subtitles for 10 ways to have a better conversation | ||
Myo Aung edited Burmese subtitles for 10 ways to have a better conversation | ||
Myo Aung edited Burmese subtitles for 10 ways to have a better conversation | ||
Myo Aung accepted Burmese subtitles for 10 ways to have a better conversation | ||
Myo Aung edited Burmese subtitles for 10 ways to have a better conversation | ||
Myo Aung edited Burmese subtitles for 10 ways to have a better conversation | ||
sann tint edited Burmese subtitles for 10 ways to have a better conversation |