ကော်ဖီခွက် အဖုံး ဆင့်ကဲတိုးတက်လာခဲ့ပုံ
-
0:00 - 0:03ခင်ဗျားတို့ လုံးဝကို စဉ်းစားချင်မှ
စဉ်းစားမိခဲ့ကြမှာပါ၊ -
0:03 - 0:04အခုတော့ ဘီလီယံချီကို ရှိနေကြပါပြီ၊
-
0:04 - 0:07သေးငယ်တဲ့ ဒီချပ်ပြားလေးရဲ့
ဒီဇိုင်းကို ပြုစုတီဖို့နဲ့ တီထွင်ဖို့ -
0:07 - 0:12အားထုတ်လုပ်ကိုင်ခဲ့ကြပုံဟာ
သိပ်ကို မှတ်သားစရာကောင်းလှပါတယ်။ -
0:12 - 0:14[သေးငယ်တဲ့အရာလေးပါ။ ]
-
0:14 - 0:15[စိတ်ကူးက ကြီးမားလှတယ်။]
-
0:18 - 0:22ကော်ဖီခွက်အဖုံးဟာ
သင့်ကော်ဖီခွက်အတွက် အဖုံးပါ။ -
0:22 - 0:24အပေါ်မှ ဖိစွပ်ပိတ်ရတဲ့ဟာပါ။
-
0:24 - 0:25အဲဒီမှာ အပေါက်ပါပါတယ်။
-
0:25 - 0:28အဖုံးထဲမှာ ဖွင့်ပိတ်နိုင်တဲ့
တံခါးလေးလို ပါတာရှိတယ်။ -
0:29 - 0:31ဆန်းသစ်တဲ့ ပုံစံတွေနဲ့
တီထွင်ထားတာတွေ ရှိပါတယ်။ -
0:31 - 0:34ကော်ဖီခွက် အဖုံးတွေအတွက် ကိုယ်ပိုင်
အခေါ်အဝေါ်တွေ ပေါ်လာကြပါတယ်။ -
0:34 - 0:36လူတွေက ‘‘ပတ်လည်ဝိုင်းထားတဲ့ စကတ်’’
အကြောင်း ပြောကြတယ်။ -
0:36 - 0:39"ဖိဖောက်ရတဲ့ ပါးချိုင့်တွေ"၊
"ရနံ့ ထွက်ပေါက်တွေ" -
0:39 - 0:41"ဖိတ်စင် နိုင်စွမ်း" စတဲ့ စကားလုံးတွေပါ။
-
0:41 - 0:42အဲဒီစကားလုံးတွေကို သုံးရတာက၊
-
0:42 - 0:44အဲဒီကော်ဖီခွက် အဖုံးတွေထဲ
ထည့်သွင်းပေးခဲ့ရတဲ့ -
0:44 - 0:46စိတ်ကူးတွေနဲ့ ဆန်းသစ်မှုတွေ
များပြားခဲ့လို့ပါ။ -
0:46 - 0:49ကျုပ်တို့ လူ့အဖွဲ့အစည်းဟာ တနေ့တခြား
ပိုလှုပ်ရှားသွားလာနေပါတယ်။ -
0:49 - 0:51အရာတိုင်းလိုလို ရွေ့လျားနေတယ်။
-
0:51 - 0:53အဲဒါ အဆင်ပြေခြင်းဟာ
ကောင်းတဲ့အပိုင်းပါ။ -
0:53 - 0:56ကော်ဖီကို နေရာမရွေး သောက်
နိုင်ပြီး စားပွဲနဲ့ထိုင်နေဖို့ မလိုဘူး။ -
0:56 - 0:58မြေအောက်ရထားမှာ ဖြစ်နိုင်တယ်။
လမ်းလျှောက်နေတာ ဖြစ်နိုင်တယ်။ -
0:58 - 1:01လမ်းမကြီးဆီ ထွက်လာရင်း ကော်ဖီကိုသောက်ရတာ
-
1:01 - 1:03သိပ်မလွယ်၊ စိတ်ပျက်စရာပါ။
-
1:03 - 1:05ခွက်ပေါ်မှာ အုပ်လို့ရမယ့်
ပထမဦးဆုံးအဖုံးအတွက် -
1:05 - 1:07မူပိုင်ခွင့်ကို ထုတ်ပေးခဲ့တာ
၁၉၃၄ ခုနှစ်မှာပါ။ -
1:07 - 1:09ဒါပေမဲ့ အအေးအဖျော်ယမကာ
အတွက် ဖြစ်ခဲ့တယ်။ -
1:09 - 1:12ဒါနဲ့ ၁၉၅၀ ပြည့်နှစ်တွင် James Reifsnyder
ဆိုသူကါ -
1:12 - 1:15စွပ်ဖုံးလို့ရတဲ့ အဖုံးကို တီထွင်ပေးခဲ့တယ်။
-
1:15 - 1:17ဒါပေမဲ့ အဲဒီတုန်းက သောက်ဖို့
အပေါက်မပါသေးဘူး။ -
1:17 - 1:21ဒါနဲ့ ၆၀ ပြည့်လွန်နှစ်များမှာ ကြီးမားတဲ့
ယဉ်ကျေးမှုအပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့တယ်။ -
1:21 - 1:24လူတွေဟာ သွားလာရင်း ကော်ဖီကို
သောက်လာကြတယ်။ -
1:24 - 1:287-Eleven ကမှ သွားရင်း သောက်နိုင်တဲ့
ကော်ဖီကို ပထမဦးဆုံး ရောင်းလာတယ်။ -
1:28 - 1:31အဲဒီနောက် တော်လှန်ရေး ၁၉၆၇ ခုနှစ်
ရောက်ရှိလာခဲ့တယ်။ -
1:31 - 1:33Alan Frank ဆိုသူက
တီထွင်ပေးလိုက်တဲ့ အဖုံးထဲ -
1:33 - 1:36တစ်နေရာတွင် ကျုပ်တို့က
အခွံလို ခွာယူလိုက်ရင် -
1:36 - 1:37ဂစ်တာတီးဖို့ သုံးတဲ့ အချွန်မျိုးပါ၊
-
1:38 - 1:39အဲဒီကနေ သောက်နိုင်ပါပြီ။
-
1:39 - 1:42၁၉၇၅ ခုနှစ်တွင် ကြီးမားတဲ့ တိုးတက်မှု
တစ်ခု ရောက်လာခဲ့တယ်- -
1:42 - 1:45ကျုပ်တို့ဟာ တနေရာမှာ ခွာယူပြီး
အဖုံးကိုယ်၌ဆီ ကပ်ပေးနိုင်ခဲ့တယ်။ -
1:45 - 1:49ဒီလိုနည်းဖြင့် ပိုပိုများတဲ့ လူတွေဟာ
သွားလာရင်း ကော်ဖီကို သောက်လာကြပါတယ်။ -
1:49 - 1:54၁၉၈၄ ခုနှစ်ဟာ ကော်ဖီခွက်ရဲ့ သမိုင်းဝင်
အလှည့်အပြောင်း ကာလတစ်ခုပါ။ -
1:54 - 1:56ခရီးသွားသူအတွက် အဖုံး ပေါ်ထွန်းလာခဲ့တယ်။
-
1:56 - 2:00အဲဒီအဖုံးဟာ သင်္ကေတ တစ်ခု ဖြစ်လာတယ်၊
ခင်ဗျားတို့ သန်းနဲ့ချီ မြင်ခဲ့ကြမှာပါ။ -
2:00 - 2:02ပြီးတော့ အဲဒါက ပြဿနာတသီကြီးကို
ဖြေရှင်းပေးလိုက်တယ်။ -
2:03 - 2:06ကျုပ်တို့ မျက်နှာကို ကော်ဖီစင်ခံရမှုမှ
အဲဒီအဖုံး ဒီဇိုင်းက အာမခံပေးလိုက်တယ်၊ -
2:06 - 2:09အဖုံးတွေထဲက
အမြင့်ဆုံး ဒီဇိုင်းဖြစ်ခဲ့လို့ပါ။ -
2:09 - 2:12ပြီးတော့ ၎င်းထဲတွင် ထိုးထွက်နေတဲ့
အနားသတ် ပါခဲ့လို့၊ -
2:12 - 2:15ကျုပ်တို့ရဲ့ နှုတ်ခမ်းနဲ့ မထိမီတွင်
ကော်ဖီဟာ နည်းနည်းလေး အေးလာပါပြီ။ -
2:15 - 2:18ပြီးတော့ ကျုပ်တို့ရဲ့ နှာခေါင်းအတွက်
အလယ်ဗဟိုမှာ ချိုင့်ပေးထားခဲ့ပါသေးတယ်။ -
2:18 - 2:22အဲဒါကြောင့် ကျုပ်တို့ဟာ အနံ့ကိုရော
အရသာကိုပါ ခံစားနိုင်လာကြပါတယ်။ -
2:22 - 2:25အဲဒီထဲမှာ ထွက်ပေါက် အသေးလေးပါခဲ့လို့
အငွေ့တွေ ထွက်နိုင်ခဲ့ခြင်းဖြင့် -
2:25 - 2:27လေဟာသွားမှုကို ဟန့်တားနိုင်ခဲ့တယ်။
-
2:27 - 2:28အဲဒီလို အရာတွေအားလုံးကို ကျုပ်တို့ဟာ
-
2:28 - 2:32ကော်ဖီရည် ကိုယ့်ရင်ဘတ်ပေါ် ဖိတ်စင်မလာ
ခဲ့ရင် သတိထားမိခဲ့ကြမှာ မဟုတ်ပါဘူး။ -
2:32 - 2:36ကော်ဖီခွက် အဖုံးဟာ ရှေ့ဆက်ပြီး
ဆင့်ကဲတိုးတက်လာဦးမယ်လို့ ထင်ပါတယ်၊ -
2:36 - 2:39တကြိမ်သုံး ပလတ်စတစ်အဖုံးကို ရှောင်ရှားပြီး
-
2:39 - 2:41ရေရှည်ပိုသုံးနိုင်မယ့်
အဖုံးတွေ ပေါ်လာကြရပါမယ်။ -
2:41 - 2:43ကျုပ်တို့ဟာ ဆက် သွားလာနေကြမှာပါ။
-
2:43 - 2:46ကော်ဖီသောက်မှုကိုလည်း ကျုပ်တို့
ရပ်ပစ်ကြမှာ မဟုတ်ပါဘူး။ -
2:46 - 2:49ကော်ဖီအဖုံး အင်ဂျင်နီယာတွေ
ကြိုးပမ်းနေကြတာက -
2:49 - 2:54လမ်းပေါ်မှာ သွားရင်း သောက်ရမှုကို
-
2:54 - 2:58စားသောက်ဆိုင်မှာ ထိုင်ပြီး ကြွေခွက်နဲ့
သောက်ရသလိုပဲ ခံစားရအောင် လုပ်ပေးဖို့ပါ။ -
2:58 - 3:01ကော်ဖီဟာ တကယ့်ကို
အရေးကြီးတဲ့ လုပ်ငန်းမို့လို့ပါ။
- Title:
- ကော်ဖီခွက် အဖုံး ဆင့်ကဲတိုးတက်လာခဲ့ပုံ
- Speaker:
- A.J. Jacobs
- Description:
-
စာရေးဆရာ A.J. Jacobs ကနေပြီး ကျုပ်တို့ အားလုံးအနေနဲ့ ကော်ဖီကို သောက်ကြရာတွင် အရသာနဲ့ ရနံ့ကိုပါ အပြည့်အဝ ခံစားနိုင်ကြဖို့အတွက် ကော်ဖီခွက် အဖုံးကို အံဝင်ခွင်ကျ ဖြစ်အောင် တဆင့်ပြီးတဆင့် ပြုစုတီထွင်ခဲ့ကြပုံကို တင်ပြပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED Series
- Duration:
- 03:02
Myo Aung approved Burmese subtitles for The evolution of the coffee cup lid | ||
Myo Aung accepted Burmese subtitles for The evolution of the coffee cup lid | ||
Myo Aung edited Burmese subtitles for The evolution of the coffee cup lid | ||
Sanda Aung edited Burmese subtitles for The evolution of the coffee cup lid | ||
Sanda Aung edited Burmese subtitles for The evolution of the coffee cup lid |