အချစ်ခြင်းအကြောင်း ပြောဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု။
-
0:01 - 0:05ကောင်းပြီ၊ ဒီနေ့ပြောချင်တာက ကျွန်မတို့
အချစ်အကြောင်း ပြောကြပုံပါ။ -
0:05 - 0:06အထူးသဖြင့်တော့
-
0:06 - 0:10ကျွန်မတို့ အချစ်အကြောင်း ပြောကြပုံက
မှားနေတာကို ပြောချင်တာပါ။ -
0:11 - 0:14ကျွန်မတို့ အများစုဟာ ဘဝတစ်လျှောက်မှာ
အကြိမ်အနည်းငယ်တော့ -
0:14 - 0:16ချစ်မိဖူးကြပါလိမ့်မယ်၊
-
0:16 - 0:20အင်္ဂလိပ်ဘာသာစကားမှာတော့
ဒီတင်စားတဲ့ လဲကျခြင်းက -
0:20 - 0:23ဒီအတွေ့အကြုံအကြောင်း ပြောဆိုတဲ့
တကယ့် အဓိက နည်းလမ်းပါ။ -
0:24 - 0:25ရှင်တို့အကြောင်းမသိပေမဲ့
-
0:25 - 0:27ဒီတင်စားချက်ကို ရုပ်လုံးဖော်ကြည့်တဲ့အခါ
-
0:27 - 0:30ကျွန်မ ပုံဖော်လို့ရတာက
တိုက်ရိုက် ကာတွန်းတစ်ခုကနေပါ၊ -
0:30 - 0:31ဆိုပါစို့ လူတစ်ယောက်ရှိတယ်၊
-
0:31 - 0:33ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတယ်။
-
0:33 - 0:36အဖုံးပွင့်နေတဲ့ လူဆင်းပေါက်ကို
သူကျော်လိုက်တာကို မသိပဲနဲ့ပေါ့၊ -
0:36 - 0:40သူ အောက်က မိလ္လာထဲကို စောက်ထိုးကျသွားတယ်
-
0:40 - 0:44ကျွန်မ ဒါကို ဒီလို ပုံဖော်တာက
လဲကျမှုဟာ ခုန်တာမဟုတ်လို့ပါ။ -
0:45 - 0:47လဲကျခြင်းဟာ မတော်တဆပါ၊
-
0:47 - 0:49ဒါက ထိန်းချုပ်မရနိုင်တာပါ။
-
0:49 - 0:52ကျွန်မတို့ မလိုချင်ပဲနဲ့
ကျွန်မတို့ဆီ ဖြစ်လာတဲ့ တစ်ခုခုပါ။ -
0:52 - 0:53ဒါကတော့...
-
0:54 - 0:57ဒါက သံယောဇဉ်သစ်တစ်ခုကို စတဲ့အကြောင်း
ပြောတဲ့ အဓိကနည်းလမ်းပါ။ -
0:58 - 1:02ကျွန်မက စာရေးဆရာမ၊ အင်္ဂလိပ်စာ
ဆရာမလည်းဖြစ်ပါတယ်၊ -
1:02 - 1:04ဆိုလိုတာက အသက်မွေးမှုအတွက်
စကားလုံးတွေကို တွေးတာ၊ -
1:04 - 1:09သုံးတဲ့ဘာသာစကားက အရေးပါတာလို့ စောဒကတက်ဖို့
ကျွန်မ လစာရတာလို့သင်တို့ပြောနိုင်ကာ -
1:09 - 1:13အချစ်အကြာင်း ပြောဖို့ သုံးကြတဲ့ များစွာသော
တင်စားချက်တွေကို -
1:13 - 1:14စောဒကတက်ချင်ပါတယ်၊
-
1:14 - 1:16၎င်းတို့ အများစုဟာ ပြဿနာတစ်ခုတောင်
-
1:16 - 1:18ဖြစ်ချင်ဖြစ်မှာပါ။
-
1:19 - 1:21ဒီတော့ အချစ်မှာ ကျွန်မတို့ လဲကျကြတယ်။
-
1:22 - 1:23ကျွန်မတို့ ချေမွခံရတယ်၊
-
1:23 - 1:25အရူးအမူးဖြစ်ကြတယ်။
-
1:25 - 1:27ကျွန်မတို့ မေ့မူးကြတယ်။
-
1:27 - 1:29ရမက်နဲ့ ကျွမ်းလောင်ကြတယ်။
-
1:30 - 1:32အချစ်ဟာ ကျွန်မတို့ကို အရူးအမူးဖြစ်စေပြီး
-
1:32 - 1:33အော့နှလုံးနာစေတယ်။
-
1:34 - 1:35နှလုံးသားတွေ နာကျင်စေပြီး
-
1:35 - 1:37နောက်တော့ ကွဲအက်သွားတယ်။
-
1:38 - 1:41ဒီတော့ ကျွန်မတို့ တင်စားချက်တွေက
တစ်ယောက်ယောက်ကိုချစ်တာကို -
1:41 - 1:44လွန်ကဲတဲ့ ကြမ်းတမ်းမှု( သို့)
မမာကျန်းမှုလို့ အတူပြုတယ် -
1:44 - 1:46(ရယ်သံများ)
-
1:47 - 1:48၎င်းတို့ လုပ်ကြတယ်။
-
1:48 - 1:50၎င်းတို့က ကျွန်မတို့ကို မမြင်နိုင်ပြီး
-
1:50 - 1:54လုံးဝရှောင်မရတဲ့ အခြေအနေတွေရဲ့
သားကောင်အဖြစ် နေရာထားတယ်။ -
1:55 - 1:57ကျွန် အကြိုက်ဆုံးတွေထဲက တစ်ခုက
"smitten"ပါ၊ -
1:57 - 2:00ဒါက "smite" ရဲ့ အတိတ်ကာလပြ
စကားလုံးပါ။ -
2:00 - 2:03ဒီစကားလုံးကို အဘိဓာန်ထဲမှာ
ရှာကြည့်ရင် -
2:03 - 2:04(ရယ်သံများ)
-
2:04 - 2:09ဒါကို "ပြင်းထန်တဲ့ ချစ်ခင်မှု" နဲ့
"အင်မတန် ချစ်မိတယ်'' -
2:09 - 2:12လို့ နှစ်ခုစလုံး အနက်ဖွင့်တာ တွေ့ရမယ်။
-
2:14 - 2:17ကျွန်မ "smite" ဆိုတဲ့ စကားလုံးကို
သမ္မာကျမ်းဟောင်းထဲကထူးခြားတဲ့ -
2:17 - 2:19စကားစပ်အဖြစ် ယှဉ်ကြည့်လိုပါတယ်။
-
2:20 - 2:24Exodus ကျမ်း တစ်ခုတည်းမှာတင်
smiting ကို ရည်ညွှန်းတာ ၁၆ ခုရှိတယ်။ -
2:24 - 2:28ဒေါသထွက်နေတဲ့ ဘုရားသခင်ရဲ့ လက်တုံ့
ပြန်မှုအတွက် သမ္မာကျမ်းစာကသုံးတဲ့ စာလုံးပါ -
2:28 - 2:30(ရယ်သံများ)
-
2:30 - 2:33ဒီမှာ ဒီစကားလုံးကိုပဲ ကျိုင်းကောင်
ကပ်ဘေးကို ရှင်းပြဖို့ -
2:33 - 2:35သုံးတဲ့ အချစ်အကြောင်းပြောဖို့
သုံးနေတာတွေပါ၊ -
2:35 - 2:36(ရယ်သံများ)
-
2:36 - 2:37ဟုတ်တယ်နော်။
-
2:37 - 2:39ဒီတော့ ဒါဘယ်လို ဖြစ်ခဲ့တာလဲ။
-
2:40 - 2:43ဘယ်လိုဖြစ်ပြီး အချစ်ကို ကြီးမားတဲ့
နာကျင်မှု၊ ဝေဒနာနဲ့ ယှဉ်ဖြစ်တာလဲ။ -
2:44 - 2:48ဘာဖြစ်လို အပြင်ပန်းအားဖြင့်
အတွေ့အကြုံကောင်းကို -
2:48 - 2:50သားကောင်တွေလိုမျိုး ပြောကြတာလဲ။
-
2:51 - 2:52ဒါတွေက ခက်ခဲတဲ့ မေးခွန်းတွေဆိုပေမဲ့
-
2:52 - 2:54ကျွန်မမှာ သီအိုရီတွေရှိပါတယ်။
-
2:54 - 2:55ဒါကို ထွင်းဖောက်တွေးဖို့
-
2:55 - 2:58တင်စားမှုတစ်ခုကိုပဲ
အထူး အာရုံစိုက်ချင်ပါတယ်။ -
2:58 - 3:00ဒါက ရူးသွပ်မှုလို အချစ်ရဲ့ စိတ်ကူးပါ။
-
3:01 - 3:04စိတ်ကူးယဉ်အချစ်ကို စတင်
သုတေသနပြုတော့ -
3:04 - 3:07ဒီရူးသွပ်မှု တင်စားတာတွေကို
နေရာတိုင်းမှာ တွေ့ရှိခဲ့တယ်။ -
3:07 - 3:09အနောက်တိုင်း ယဉ်ကျေးမှုသမိုင်းဟာ
-
3:09 - 3:13အချစ်ကို စိတ်ပိုင်း မကျန်းမာမှုနဲ့
အနှိုင်းပြုတဲ့ ဘာသာစကားနဲ့ ပြည့်နေတယ်။ -
3:13 - 3:15ဒါတွေက နမူနာ အချို့လောက်ပါ။
-
3:15 - 3:17William Shakespeare:
-
3:17 - 3:18"အချစ်ဟာ ရူးသွပ်မှု သက်သက်ပဲ"
-
3:18 - 3:20"As You Like It" ကပါ။
-
3:20 - 3:21Friedrich Nietzsche:
-
3:21 - 3:24"အချစ်မှာ ရူးသွပ်မှုတစ်ခု အမြဲရှိတယ်။"
-
3:25 - 3:27"ငါ့ကို အချစ်မှာ အရူးအမူး ပုံပေါက်အောင်
လုပ်၊လုပ်နေတယ်။" -
3:27 - 3:30(ရယ်သံများ)
-
3:30 - 3:32ကြီးကျယ်လှတဲ့ ဒဿနပညာရှင်
Beyoncé Knowles ဆီကပါ။ -
3:32 - 3:34(ရယ်သံများ)
-
3:35 - 3:38ကျွန်မ ပထမဆုံး ချစ်မိတာက
အသက် ၂၀ မှာဖြစ်ပြီး -
3:38 - 3:41ဒါ စကတည်းက အတော်လေး ရှုပ်ထွေးတဲ့
သံယောဇဉ်တစ်ခုပါ။ -
3:41 - 3:45ပထမ တစ်နှစ်၊နှစ်နှစ်မှာတော့
ရှည်လျားတဲ့ အကွာအဝေးဖြစ်ခဲ့ပြီး -
3:45 - 3:49ကျွန်မအတွက်တော့ အရမ်း မြင့်မြင့်သွားလိုက်၊
အရမ်း နိမ့်နိမ့်သွားလိုက်ပေါ့။ -
3:50 - 3:52ကာလတစ်ခုကို အထူး မှတ်မိနိုင်သေးတယ်။
-
3:53 - 3:56တောင်အမေရိကက တည်းခိုဆောင်တစ်ခုက
အိပ်ယာထက်မှာ ထိုင်နေပြီး -
3:56 - 4:00ကျွန်မ ချစ်တဲ့သူ တံခါးက ထွက်သွားတာ
စောင့်ကြည့်နေတုန်းပေါ့။ -
4:00 - 4:02ဒါက နောက်ကျနေပြီ၊
-
4:02 - 4:03သန်းခေါင်နီးပါးပါ၊
-
4:03 - 4:05ကျွန်မတို့ ညစာစားရင်း စကားများဖြစ်ခဲ့တယ်၊
-
4:05 - 4:07ကျွန်မတို့ အခန်းကို ပြန်ရောက်တော့
-
4:07 - 4:10အိတ်ထဲကို သူ့ပစ္စည်းတွေ ပစ်ထည့်ပြီး
ခြေဆောင့်ထွက်သွားတယ်။ -
4:11 - 4:14စကားများတဲ့ အကြောင်းကို
မမှတ်မိနိုင်တော့ပေမဲ့ -
4:14 - 4:18အရမ်း ရှင်းလင်းစွာ မှတ်မိနိုင်တာက သူထွက်
သွားတာ စောင့်ကြည့်ရင်းခံစားခဲ့ရတာကိုပါ။ -
4:19 - 4:23ကျွန်မက ၂၂ နှစ်၊ ဖွံ့ဖြိုးနေတဲ့ ကမ္ဘာမှာ
ကျွန်မရဲ့ ပထမဆုံးဖြစ်ပြီး -
4:23 - 4:26လုံးဝကို အထီးကျန်ခဲ့တာပါ။
-
4:26 - 4:30လေယာဉ်နဲ့ အိမ်မပြန်ခင်ထိ
နောက်တစ်ပတ်ကြာခဲ့တယ်၊ -
4:30 - 4:32ကျွန်မ ရှိခဲ့တဲ့ မြို့အမည်ကို
သိခဲ့ပြီး -
4:32 - 4:36ကျွန်မ လေယဉ်စီးထွက်ဖို့ ရောက်ဖို့လိုတဲ့
မြို့အမည်ကို သိခဲ့ပေမဲ့ -
4:36 - 4:39ဘယ်လို သွားရမလဲ မသိခဲ့ဘူး။
-
4:40 - 4:43လမ်းညွန်စာအုပ်ကမရှိ၊
ငွေကလည်း မရှိသလောက်၊ -
4:43 - 4:45စပိန်လိုလည်း မပြောတတ်ဘူးလေ။
-
4:46 - 4:48ကျွန်မထက်ပိုပြီး စွန့်စားတ်သူတစ်ဦးဆို
-
4:48 - 4:50ဒါကို အခွင့်အလမ်းရဲ့ အခါသမယလို့
မြင်ကောင်းမြင်မယ်၊ -
4:50 - 4:52ဒါပေမဲ့ ကျွန်မတော့ ကြက်သေသေပြီး
-
4:52 - 4:54အဲဒီမှာ ထိုင်ပဲနေခဲ့တယ်။
-
4:55 - 4:57ဒီနောက် ချုံးပွဲချငိုလိုက်တယ်။
-
4:57 - 5:00ဒါပေမဲ့ တုန်လှုပ်နေပေမဲ့
-
5:00 - 5:02ကျွန်မ ခေါင်းထဲက အသံလေးက တွေးတာက
-
5:02 - 5:05"အိုး၊ ဒါဟာ ပြဇာတ်ဆန်လိုက်တာ၊
-
5:05 - 5:07ဒီချစ်စရာလေးကို သင့်တင့်အောင်
တစ်ခုခု လုပ်နေရမှာပေါ့လေ။" -
5:07 - 5:09(ရယ်သံများ)
-
5:09 - 5:14အကြောင်းက ကျွန်မရဲ့ အချို့အပိုင်းက
အချစ်မှာ စိတ်မသက်မသာဖြစ်တာခံစားချင်သေးတယ်။ -
5:14 - 5:18အခုဆိုရင် ကျွန်မအတွက် အတော်
ထူးဆန်းတာပေါ့၊ ဒါပေမဲ့ ၂၂ နှစ်မှာ -
5:18 - 5:21ဇာတ်လမ်းဆန်ဆန်
အတွေ့အကြုံတွေရှိဖို့ တမ်းတခဲ့ပြီး -
5:21 - 5:26အဲဒီအချိန်က ကျွန်မဟာ မဆင်မခြင်၊
ဒေါသဖြစ်ကာ ယူကျုံးမရဖြစ်ခဲ့ကာ -
5:26 - 5:27ဘယ်လိုမှန်း မသိခဲ့အောင်ပဲ
-
5:27 - 5:31ကိုယ့်ကို ပစ်ထားခဲ့တဲ့ ကောင်အတွက်
ခံစားချက်တွေကို တစ်နည်းနည်းနဲ့ -
5:31 - 5:33တရားဝင်ဖြစ်အောင်လုပ်ခဲ့
တာလို့ ထင်တယ် -
5:34 - 5:39အဆင့်တစ်ခုမှာ နည်းနည်းလေး
ရူးသွပ်တာခံစားချင်ခဲ့တာက -
5:39 - 5:42ဒါက အချစ်လုပ်ဆောင်ပုံလို့
ထင်ခဲ့လို့ပါ။ -
5:43 - 5:45ဒါက တကယ့်ကို အံဩစရာ မဖြစ်သင့်ဘူး၊
-
5:45 - 5:47Wikipedia အရ ထောက်ဆမယ်ဆိုရင်
-
5:47 - 5:50ရုပ်ရှင် ရှစ်ကား၊
-
5:50 - 5:52သီချင်း ၁၄ ပုဒ်၊
-
5:52 - 5:55အယ်ဘမ် နှစ်ခု၊ ဝတ္ထုတစ်ပုဒ်ဟာ
"ရူးသွပ်တဲ့ အချစ်" ခေါင်းစဉ်နဲ့ပါ။ -
5:56 - 5:59နောက် နာရီဝက်ကြာတော့
သူ ကျွန်မတို့အခန်းကို ပြန်လာတယ်။ -
5:59 - 6:00ပြန်ပေါင်းထုပ်ကြတယ်။
-
6:00 - 6:03နောက် အများစု ပျော်ရွှင်တဲ့ တစ်ပတ်
ခရီး အတူထွက် ကုန်ဆုံးတယ် -
6:03 - 6:04ဒီနောက် အိမ်ပြန်ရောက်တော့
-
6:04 - 6:09တွေးမိတာက "အတော်ကို ဆိုးဝါးခဲ့ပြီး
အတော်ကောင်းခဲ့တာပဲ၊ -
6:10 - 6:12ဒါ တကယ့် ချစ်ဇာတ်လမ်း ဖြစ်ရမယ်"ပေါ့။
-
6:13 - 6:16ကျွန်မ အချစ်ဦး
ရူးသွပ်မှုလို ခံစားဖို့ မျှော်လင့်ခဲ့တယ် -
6:16 - 6:20တကယ်တော့ ဒီမျှော်လင့်ချက်ကို
ကောင်းကောင်းကြီး ဆုံခဲ့တယ်။ -
6:20 - 6:22ဒါပေမဲ့ လူတစ်ဦးကို ဒီလိုချစ်တာ
-
6:22 - 6:26ကျွန်မ ကျန်းမာသုခ အလုံးစုံဟာ သူကျွန်မကို
ပြန်ချစ်တာအပေါ်မူတည်နေတာမျိုးဟာ -
6:26 - 6:28ကျွန်မအတွက် (သို့) သူ့အတွက်
-
6:28 - 6:29သိပ်မကောင်းလှပါဘူး။
-
6:30 - 6:34ဒါပေမဲ့ အချစ်အတွေ့အကြုံက ဒီလောက်
တစ်မူထူးခြားမနေဘူးလို့ သံသယရှိတယ်။ -
6:34 - 6:38ကျွန်မတို့အများစုဟာ စိတ်ကူးယဉ်အချစ်ရဲ့
အစောပိုင်းအဆင့်တွေမှာ အနည်းငယ် ရူးကြပါတယ်၊ -
6:39 - 6:43အမှန်က ဒါဟာ အတော်လေး ပုံမှန်ဆိုတာ
အတည်ပြုဖို့ သုတေသနရှိပါတယ်၊ -
6:43 - 6:45အကြောင်းက အာရုံကြောဓာတုပိုင်းဆိုရင်
-
6:45 - 6:50စိတ်ကူးယဉ်အချစ်နဲ့ စိတ်မကျန်းမာမှုဟာ
အဲဒီလောက် လွယ်လွယ် မကွဲပြားဘူး။ -
6:51 - 6:52ဒါက အမှန်ပါ၊
-
6:52 - 6:57၁၉၉၉ က ဒီလေ့လာမှုဟာ
ချစ်စဦးတွေရဲ့ ဆီရိုတိုနင် အဆင့်တွေဟာ -
6:57 - 7:00အလွန်အကျွံ စွဲလမ်းတဲ့ရောဂါ
တွေ့ရှိထားသူတွေရဲ့ -
7:00 - 7:03ဆီရိုတိုနင်အဆင့်တွေနဲ့
အလွန် နီးစပ်စွာ ဆင်တူတာကို -
7:03 - 7:06အတည်ပြုဖို့ သွေးစစ်ချက်တွေကို သုံးခဲ့တယ်။
-
7:06 - 7:07(ရယ်သံများ)
-
7:07 - 7:10ဟုတ်ပါတယ်၊ ဆီရိုတိုနင် အဆင့်တွေနိမ့််တာဟာ
-
7:10 - 7:13ရာသီအလိုက် ထိခိုက်တဲ့
ရောဂါနဲ့ စိတ်ကျမှုနဲ့လည်း -
7:13 - 7:15ဆက်စပ်နေပါတယ်။
-
7:16 - 7:18ဒီတော့ အချစ်ဟာ ကျွန်မတို့ စိတ်နေစိတ်ထားနဲ့
-
7:18 - 7:22အပြုအမူတွေကို ပြောင်းလဲမှုတွေနဲ့ ဆက်စပ်
ပေးတယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။ -
7:22 - 7:26ဆက်ဆံရေးအများစုဟာ ဒီနည်းနဲ့ စတင်တာလို့
-
7:26 - 7:30အတည်ပြုဖို့ အခြားလေ့လာမှုတွေ ရှိပါတယ်။
-
7:31 - 7:35ဆီရိုတိုနင် အဆင့်နိမ့်တာဟာ
အချစ်ရဲ့ ရည်မှန်းရာအကြောင်း -
7:35 - 7:39လွန်ကဲတဲ့ တွေးခြင်းနဲ့ ဆက်နွယ်နေတယ်လို့
သုတေသီတွေ ယုံကြည်ပါတယ်။ -
7:39 - 7:43ဒါက တစ်ဦးဦးဟာ သင့်ဦးနှောက်ထဲမှာ
စခန်းချနေတယ်လို့ ခံစားတာမျိုးပါ။ -
7:43 - 7:46ကျွန်မတို့ အများစုဟာ ပထမဆုံး ချစ်တဲ့အခါ
ဒီနည်း ခံစားကြပါတယ်။ -
7:46 - 7:49ဒါပေမဲ့ သတင်းကောင်းက
ဒါက အမြဲ အရှည်မတည်တံ့ပါဘူး -
7:49 - 7:52များသောအားဖြင့် လအနည်းငယ်ကနေ
တစ်နှစ်၊နှစ်နှစ်ပါ။ -
7:53 - 7:56တောင် အမေရိက ခရီးကပြန်လာတော့
-
7:56 - 8:00အချိန်အတော်များများကို အခန်းထဲမှာ
တစ်ယောက်တည်း -
8:00 - 8:01ကျွန်မချစ်တဲ့ ငနဲဆီက
-
8:01 - 8:04သေမလောက် ကြားရဖို့
အီးမေး စစ်ရင်း ကုန်ဆုံးခဲ့တယ်၊ -
8:05 - 8:10သူငယ်ချင်းတွေက ကျွန်မရဲ့အင်မတန် ဆိုးတဲ့
ဝေဒနာကို နားမလည်နိုင်ရင် သူတို့ ဆက်ဆံရေး -
8:10 - 8:12မလို့အပ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
-
8:12 - 8:14ဒါနဲ့ သူတို့အများစုနဲ့ တွဲသွားတာ
ရပ်လိုက်တယ် -
8:14 - 8:19ဒါဟာ ကျွန်မဘဝရဲ့ မပျော်ရွှင်ဆုံး
နှစ်ဖြစ်လောက်ပါတယ်။ -
8:19 - 8:23ဒါပေမဲ့ စိတ်မချမ်းမသာဖြစ်ဖို့က
ကျွန်မရဲ့ အလုပ်လိုမျိုးဖြစ်မိတယ်ထင်တယ်။ -
8:24 - 8:26အကြောင်းက စိတ်မချမ်းမြေ့ဖြစ်နိုင်ရင်
-
8:26 - 8:28ကျွန်မ သူ့ကို ဘယ်လောက်ချစ်ခဲ့တာ
သက်သေပြလိမ့်မယ်။ -
8:28 - 8:30ဒါကို ကျွန်မ သက်သေပြနိုင်ရင်
-
8:30 - 8:33ကျွန်မတို့ နောက်ဆုံး အတူတူ
အဆုံးသတ်ဖို့လိုတယ်။ -
8:34 - 8:36ဒါက တကယ့် ရူးသွပ်မှုပါ၊
-
8:36 - 8:39အကြောင်းက ကြီးမားတဲ့ ဝေဒနာခံစားခြင်းဟာ
-
8:39 - 8:42ကြီးမားတဲ့ ဆုလာဘ်နဲ့ ညီမျှတယ်လို့
စကြာဝဠာဆိုင်ရာ စည်းမျဉ်းမရှိဘူလေ။ -
8:42 - 8:46ဒါပေမဲ့ ဒါက အမှန်လိုမျိုး အချစ်အကြောင်း
ကျွန်မတို့ ပြောကြတယ်။ -
8:47 - 8:51ကျွန်မတို့ အချစ် အတွေ့အကြုံတွေဟာ
ဇီဝပိုင်း၊ ယဉ်ကျေးမှုပိုင်း နှစ်ခုစလုံးပါ။ -
8:52 - 8:54ကျွ့န်မတို့ ဇီဝဗေဒက အချစ်ဟာ ကောင်းတယ်လို့
-
8:54 - 8:57ဦးနှောက်အတွင်းက ဆုလာဘ် ပတ်လမ်းတွေကို
အသက်သွင်းကာ ပြောပြပြီး -
8:57 - 9:02အာရုံကြောဓာတုဗေဒဆိုင်ရာ ဆုလာဘ် ဆုတ်ခွာတဲ့
ရန်ဖြစ်တာ(သို့) လမ်းခွဲတဲ့အခါ -
9:02 - 9:05အချစ်ဆိုတာ နာကျင်တယ်လို့ ပြောပြတယ်။
-
9:05 - 9:08တကယ်က ဖြစ်လောက်တာက
ဒါကို သင်တို့ ကြားပြီးသားပါ -
9:08 - 9:09အာရုံကြောဓာတုပိုင်းအရဆိုရင်
-
9:09 - 9:13လမ်းပခွဲတာကို ဖြတ်ကျော်တာဟာ
ကိုကိန်း ဖြတ်တာလိုမျိုးပါ၊ -
9:14 - 9:15စိတ်အေးစရာလို့ ထင်ပါတယ်။
-
9:15 - 9:16(ရယ်သံများ)
-
9:17 - 9:20ဒီနောက် ကျွန်မတို့ ယဉ်ကျေးမှုက
အချစ်အကြောင်း စိတ်ကူးတွေကို -
9:20 - 9:23ပုံသွင်းဖို့နဲ့ အားကောင်းစေဖို့
ဘာသာစကားတွေ အသုံးပြုတယ်။ -
9:23 - 9:25ဒီကိစ္စမှာ နာကျင်မှု၊
စွဲလမ်းမှုနဲ့ ရူးသွပ်မှုတွေရဲ့ -
9:25 - 9:27တင်စားချက်တွေအကြောင်း ပြောကြတယ်
-
9:28 - 9:30ဒါက စိတ်ဝင်စားစရာ တုံ့ပြန်
ကွင်းဆက် တစ်ခုလိုပါ။ -
9:30 - 9:34အချစ်ဟာ စွမ်းအားရှိပြီး တစ်ခါတစ်ခါကျတော့
နာကျင်ရကာ -
9:34 - 9:37ဒါကို ကိုယ့် စကာလုံးတွေ၊
ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြပေမဲ့ -
9:37 - 9:40နောက်တော့ ကျွန်မတို့ စကားလုံးတွေနဲ့
ဇာတ်လမ်းတွေဟာ -
9:40 - 9:43အချစ်ကို စွမ်းအားရှိကာ နာကျင်ရန်
မျှော်လင့်ဖို့ ကျွန်မတို့ကို သင်ပေးတယ် -
9:44 - 9:47ကျွန်မကို စိတ်ဝင်စားစေတာက
ဒါအားလုံး ဖြစ်ပျက်တာက တစ်သက်တာ -
9:47 - 9:50တစ်လင်တစ်မယားစနစ်ကို
တန်ဖိုးထားတဲ့ ယဉ်ကျေးမှုတစ်ခုမှာပါ။ -
9:51 - 9:53ကျွန်မတို့က နည်းနှစ်ခုလုံး လိုချင်ပုံရတယ်။
-
9:53 - 9:55အချစ်ကို ရူးသွပ်မှုလိုမျိုး လိုချင်တယ်၊
-
9:56 - 9:59ဒါကို တစ်သက်တာလုံး တည်တံ့ချင်ကြတယ်။
-
10:00 - 10:01အတော်လေး ဆိုးပုံရတယ်နော်။
-
10:01 - 10:03(ရယ်သံများ)
-
10:04 - 10:05ဒါကို ပြေလည်ဖို့
-
10:05 - 10:10ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို (သို့)
မျှော်လင့်ချက်တွေ ပြောင်းတာ လုပ်ဖို့လိုတယ် -
10:11 - 10:15ကျွန်မတို့အားလုံး အချစ်မှာ တုံဏှိဘာဝေ
ဖြစ်တာ နည်းတယ်လို့ စိတ်ကူးကြည့်ပါ -
10:16 - 10:20ကျွန်မတို့ ပိုပြီး ရဲတင်းရင်
ပိုပွင့်လင်းပြီး ပိုရက်ရောရင် -
10:20 - 10:23အချစ်မှာ လဲကျတယ်ဆိုတာထက်
-
10:23 - 10:25အချစ်ထဲကို လှမ်းဝင်လိုက်တာပါ။
-
10:26 - 10:28ဒါက အများကြီး တောင်းခံတာကို သိပေမဲ့
-
10:28 - 10:32ဒါကို အကြံပေးတာ ကျွန်မက ပထမဆုံး
ပုဂ္ဂိုလ် မဟုတ်ပါဘူး။ -
10:33 - 10:36သူတို့စာအုပ်ဖြစ်တဲ့ "Metaphors We Live By"
မှာ -
10:36 - 10:41ဘာသာဗေဒပညာရှင် Johnson နဲ့ Lakoff တို့ဟာ
အကျပ်ရိုက်တာအတွက် စိတ်ဝင်စားစရာ -
10:41 - 10:42အဖြေကို အကြံပြုထားတယ်၊
-
10:42 - 10:45ဒါကတော့ ကျွန်မတို့ရဲ့ တင်စားမှုတွေကို
ပြောင်းဖို့ပါ -
10:46 - 10:50တင်စားမှုတွေက ကျွန်မတို့ လောကကို
တေွ့ကြုံခံစားပုံကို ပုံသွင်းပေးတယ်၊ အနာဂတ် -
10:51 - 10:55လုပ်ဆောင်မှုတွေအတွက် မလွဲနိင်တဲ့
ဟောကိန်းတွေလို လမ်းညွှန်အဖြစ်တောင် -
10:55 - 10:56လုပ်ဆောင်တယ်လို့ ငြင်းခုံထားပါတယ်။
-
10:57 - 11:01Johnson နဲ့ Lakoff တို့က အချစ်အတွက်
တင်စားမှုအသစ်ကို ညွှန်ပြတာက -
11:02 - 11:04အချစ်က အနုပညာရဲ့ ပူးပေါင်းဆောင်ရွက်တဲ့
အနုပညာ -
11:05 - 11:08အချစ်အကြောင်း ဒီလိုတွေးတာကို
ကျွန်မ တကယ် သဘောကျတယ်။ -
11:09 - 11:13ဘာသာဗေဒပညာရှင်တွေက တင်စားမှုတွေအကြောင်း
ပတ်သက်မှုတွေရှိတာအဖြစ်ဆွေးနွေးတယ် -
11:13 - 11:16ဒါက အခြေခံအားဖြင့် ပတ်သက်မှုအားလုံးကို
ထည့်တွက်တဲ့ နည်းတစ်ခု၊ -
11:16 - 11:19(သို့) ပေးထားတဲ့ တင်စားမှုအတွင်းက
ပါဝင်နေတဲ့ စိတ်ကူးတွေပါ။ -
11:19 - 11:22Johnson နဲ့ Lakoff တို့ဟာ
ပတ်သက်တဲ့ အနုအပညာ လက်ရာတစ်ခုမှာ -
11:22 - 11:24ပူးပေါင်းလုပ်ဆောင်တာ အားလုံးကို
ဆွေးနွေးတယ်၊ -
11:25 - 11:29အားထုတ်မှု၊ ညှိနှိုင်းမှု၊ သည်းခံမှု၊
တူညီတဲ့ ရည်မှန်းချက်တွေပါ။ -
11:30 - 11:33ဒီစိတ်ကူးတွေက ရေရှည် ချစ်ရေး နှစ်မြှုပ်မှု
ထဲကို ယဉ်ကျေးမှုပိုင်း မြှုပ်နှံမှုနဲ့ -
11:34 - 11:36ကောင်းမွန်စွာ ပူးပေါင်းတာမက
-
11:36 - 11:39အခြား သံယောဇဉ်အမျိုးအစားတွေအတွက်လည်း
ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်၊ -
11:40 - 11:46ရေတို၊ အပျော်း၊ မျက်နှာများမှု၊
တစ်လင်တစ်မယားမဟုတ်သူ၊ လိင်မှုကင်းမှုတို့ပါ -
11:46 - 11:50အကြောင်းက ဒီတင်စားမှုက တစ်ဦးဦးကို
ချစ်ခြင်းဆီ အများကြီး ပိုရှုပ်ထွေးတဲ့ -
11:50 - 11:52စိတ်ကူးတွေယူလာလို့ပါ။
-
11:53 - 11:57ဒီတော့ အချစ်ဆိုတာ အနုပညာရဲ့ ပူးပေါင်း
ဆောင်ရွက်တဲ့ လက်ရာဆိုရင် -
11:57 - 12:00အချစ်ဟာ သုခုမဟန် အတွေ့အကြုံတစ်ခုပါ။
-
12:02 - 12:03အချစ်ဟာ မခန့်မှန်းနိုင်ပါဘူး၊
-
12:04 - 12:06အချစ်ဟာ ဖန်တီးတတ်တယ်၊
-
12:07 - 12:11အချစ်ဟာ ဆက်သွယ်မှုနဲ့
စည်းကမ်းလိုအပ်တယ်၊ -
12:11 - 12:14စိတ်ပျက်စရာနဲ့ စိတ်ပိုင်းအရ
အားထုတ်မှု လိုအပ်တာပါ။ -
12:15 - 12:18အချစ်ဟာ ပျော်ရွှင်မှုနဲ့ နာကျင်မှုပါဝင်တယ်
-
12:19 - 12:22နောက်ဆုံး အချစ်ရဲ့ တွေ့ကြုံမှုတစ်ခုစီဟာ
ကွဲပြားပါတယ်။ -
12:24 - 12:25ကျွန်မ ငယ်စဉ်က
-
12:25 - 12:30အချစ်ဆီက ပိုတောင်းဆိုဖို့ ခွင့်ပြုခံရတာ
တစ်ခါမှ ကျွန်မမှာ မဖြစ်ခဲ့ပါဘူး၊ -
12:30 - 12:34အချစ်က ပေးကမ်းသမျှကို
လက်ခံစရာကို မလိုခဲ့တာပါ။ -
12:35 - 12:38အသက် ၁၄ နှစ်မှာ ဂျူးလိယက် ပထမဆုံး
တွေ့တော့ -
12:38 - 12:42(သို့) အသက် ၁၄ နှစ်မှာ ဂျူးလိယက်
ပြီးခဲ့တဲ့ လေးရက်က တွေ့ခဲ့တဲ့ -
12:42 - 12:45ရိုမီယိုနဲ့ အတူရှိမနေနိုင်တဲ့အခါ
-
12:45 - 12:49ဂျူးလိယက် စိတ်ပျက်တာ၊ စိတ်ကုန်တာ
မခံစားခဲ့ရပါဘူး။ -
12:49 - 12:50သူမက ဘယ်မှာလဲ။
-
12:50 - 12:52သူမ သေချင်တယ်။
-
12:52 - 12:53ဟုတ်လား၊
-
12:53 - 12:56သစ်လွင်သူ တစ်ယောက်လိုပဲ
ပြဇာတ်ထဲက ဒီနေရာ -
12:56 - 12:57ငါးခန်းထဲက အခန်းသုံးမှာ
-
12:57 - 12:59ရိုမီယို မသေပါဘူး၊
-
13:00 - 13:01သူ ရှင်နေတုန်းပါ၊
-
13:01 - 13:02သူက ကျန်းမာတယ်၊
-
13:02 - 13:05မြို့ကနေ နှင်ထုတ်ခံလိုက်ရတာပါ။
-
13:06 - 13:12၁၆ ရာစု Verona ဟာ ယနေ့ခေတ်
North America လို မဟုတ်တာ ကျွန်မ နားလည်တယ် -
13:12 - 13:15ဒါပေမဲ့ ဒီပြဇာတ်ကို ပထမ ဖတ်တုန်းက
-
13:15 - 13:17အသက်ကလည်း ၁၄ နှစ်ဆိုတော့
-
13:17 - 13:20ဂျူးလိယက်ရဲ့ ဝေဒနာက ကျွန်မအတွက်
အဓိပ္ပာယ်ရှိပါတယ်။ -
13:21 - 13:27ကျွန်မ ထိန်းချုပ်မှု(သို့) သဘောတူမှုမပါပဲ
ကျွန်မကို ဖြစ်စေတဲ့ တစ်ခုခုဆိုတာထက် -
13:27 - 13:29ကိုယ်ချစ်ခင်တဲ့သူတစ်ယောက်နဲ့
ဖန်တီးဖို့ အရာအဖြစ် -
13:29 - 13:32အချစ်ကို ပြန်လည်ဘောင်ခတ်ခြင်းဟာ
-
13:32 - 13:33လုပ်ပိုင်ခွင့်ပေးခြင်းပါ။
-
13:34 - 13:35ဒါက ခက်ပါသေးတယ်။
-
13:35 - 13:41အချစ်ဟာ လုံးဝကို ရူးသွပ်ပြီး
နေ့တစ်ချို့ကို နင်းခြေတာခံစားရဆဲဖြစ်ကာ -
13:41 - 13:43ကျွန်မ တကယ်ကို စိတ်ပျက်တဲ့အခါ
-
13:43 - 13:44ကိုယ့်ကိုယ်ကို သတိပေးရတာက
-
13:45 - 13:48ဒီသံယောဇဉ်မှာ ကိုယ့်အလုပ်က
ကိုယ့်အဖော်ကို ကိုယ်က ဘာကို -
13:48 - 13:50အတူ ဖန်တီးချင်တာအကြာင်း
ပြောပြဖို့ပါ။ -
13:52 - 13:54ဒါလည်း မလွယ်ဘူးလေ။
-
13:55 - 13:58ဒါပေမဲ့ အခြားနည်းလမ်း၊
ရူးသွပ်တာမျိုး ခံစားရတယ်ဆိုတာထက်တော့ -
13:59 - 14:01အများကြီး ပိုကောင်းပါတယ်။
-
14:03 - 14:08ဒီအချစ်ရဲ့အဆိုက တစ်ဦးဦးရဲ့ ချစ်ခင်ခြင်းကို
ရတာ (သို့) ဆုံးရှုံးတာနဲ့ မဆိုင်ပါဘူး။ -
14:09 - 14:12ဒီအစား သင်က သင့်အဖော်ကို ယုံကြည်ဖို့နဲ့
ယုံကြည်ဖို့ ခက်တယ်လို့ -
14:12 - 14:15ခံစားရတဲ့အခါ ဒီအကြောင်းတွေကို
ဆွေးနွေးဖို့ လိုအပ်ပါတယ်။ -
14:15 - 14:18ဒါက အရမ်း ရိုးစင်းပုံရေပေမဲ့
-
14:18 - 14:22တကယ့်ကို လုံးလုံးလျားလျား
အခြေခံကျတဲ့ လုပ်ဆောင်မှုမျိုးပါ။ -
14:23 - 14:26အကြောင်းကတော့ ကိုယ်အကြောင်းတွေးတာ၊
-
14:27 - 14:30ရနေတာ၊ ဆုံးရှုံးနေတာကို ရပ်ပစ်စေပြီး
-
14:30 - 14:34သင်က ဘာပေးဖို့လိုတာကို
စတွေးမိစေလို့ပါ။ -
14:35 - 14:38ဒီအချစ်ရဲ့ အဆိုက ဒီလိုမျိုးတွေ
ပြောဖြစ်စေပါတယ်။ -
14:38 - 14:43"ဟေး၊ တိုတွေဟာ သိပ်တော်တဲ့ ပူပေါင်းသူတွေ
မဟုတ်ဘူး၊ဒါက တို့အတွက် မဖြစ်လောက်ဘူးး" -
14:44 - 14:48(သို့) ဒီသံယောဇဉ်က စီစဉ်ထားခဲ့တာထက်
ပိုတိုတောင်းပေမဲ့ -
14:48 - 14:50လှတော့ လှနေသေးတာမျိုးပဲ"
-
14:51 - 14:54အနုအညာရဲ့ စုပေါင်း လက်ရာအကြောင်း
ကောင်းကွက်က -
14:54 - 14:57၎င်းကိုယ်၌ကို ဆေးခြယ်၊
ပုံဆွဲ၊ ထုဆစ်မှာ မဟုတ်တာပါ။ -
14:57 - 15:01ဒီအချစ်ရဲ့ အဆိုက အချစ်က ဘယ်ပုံဆိုတာ
ဆုံးဖြတ်ဖို့ ကျွန်မတို့ကို ခွင့်ပြုပေးတယ်။ -
15:01 - 15:02ကျေးဇူးတင်ပါတယ်။
-
15:02 - 15:04(လက်ခုပ်သံများ)
- Title:
- အချစ်ခြင်းအကြောင်း ပြောဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု။
- Speaker:
- Mandy Len Catron
- Description:
-
"အချစ်မှာ ကျွန်မတို့ လဲကျကြတယ်။ ကျွန်မတို့ ချေမွခံရတယ်၊ အရူးအမူးဖြစ်ကြတယ်။ ရမက်နဲ့ ကျွမ်းလောင်ကြတယ်။ အချစ်ဟာ ကျွန်မတို့ကို အရူးအမူးဖြစ်စေပြီး ့အော့နှလုံးနာစေတယ်။ နှလုံးသားတွေ နာကျင်စေပြီး နောက်တော့ ကွဲအက်သွားတယ်။ ဒီနည်းလမ်းနဲ့ အချစ်အကြောင်း ပြောဆိုခြင်းဟာ ဒါကို ကျွန်မတို့ တွေ့ကြုံခံစားရပုံကို အခြေခံကျကျ ပုံသွင်းပေးပါတယ်။" လို့ စာရေးဆရာမ Mandy Len Catron က ဆိုပါတယ်။ အချစ်ကို အရးအမူး ဖြစ်ဖူးသူတိုင်းအတွက် ဒီဟောပြောချက်မှာ Catron ကနေပြီး အချစ်မှာ ကျွနု်တို့အတွက် ပိုပျော်ရွင်ကာ ဝေဒနာခံစားရမှု ပိုနည်းစေအောင် ကူညီပေးလောက်တဲ့ အချစ်အတွက် မတူညီတဲ့ ဥပစာတစ်ခုကို မီးမောင်းထိုးပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 15:17
![]() |
sann tint approved Burmese subtitles for A better way to talk about love | |
![]() |
Myo Aung accepted Burmese subtitles for A better way to talk about love | |
![]() |
Myo Aung edited Burmese subtitles for A better way to talk about love | |
![]() |
sann tint edited Burmese subtitles for A better way to talk about love | |
![]() |
sann tint edited Burmese subtitles for A better way to talk about love | |
![]() |
sann tint edited Burmese subtitles for A better way to talk about love | |
![]() |
sann tint edited Burmese subtitles for A better way to talk about love | |
![]() |
sann tint edited Burmese subtitles for A better way to talk about love |