Return to Video

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သင် မသိတာလေးတွေ။

  • 0:00 - 0:03
    နှစ်စဉ် အမေရိကန်ပြည်ထောင်စု
    တစ်ခုတည်းမှာတင်
  • 0:03 - 0:06
    စုံတွဲပေါင်း ၂၀၇၇၀၀၀ ဟာ
  • 0:06 - 0:09
    ဥပဒေအရရော၊ ဘာသာရေးအရပါ
  • 0:09 - 0:13
    တစ်သက်တာလုံး
    အတူတူနေထိုင်ပြီး သူတစ်ပါးနဲ့
  • 0:13 - 0:15
    (ရယ်သံများ)
  • 0:15 - 0:18
    ဘယ်တော့မှ မဆက်ဆံရပါဘူးလို့
  • 0:18 - 0:21
    ဆုံးဖြတ်ကြတယ်။
  • 0:21 - 0:24
    သူက လက်စွပ်တစ်ကွင်းဝယ်၊
    သူမက ဂါဝန်တစ်ထည်ဝယ်ပေါ့။
  • 0:24 - 0:26
    အမျိုးစုံဝယ်ဖို့ စျေးဝယ်
  • 0:26 - 0:28
    ထွက်ကြတာပေါ့။
  • 0:28 - 0:30
    သူမက သူ့ကို စုံတွဲအကသင်ဖို့
  • 0:30 - 0:33
    Arthur Murray ကိုခေါ်သွားတယ်၊
  • 0:33 - 0:35
    ဒါနဲ့ ရက်မြတ်ကြီးရောက်လာတယ်။
  • 0:35 - 0:38
    ဘုရားသခင်၊ မိသားစုနဲ့ သူမအဖေ တစ်ခါက
  • 0:38 - 0:41
    စီးပွားတွဲလုပ်ခဲ့ဖူးတဲ့ ငနဲတို့ရှေ့မှာ
    ရပ်ကြပြီး
  • 0:41 - 0:43
    သစ္စာပြုကြမှာက
  • 0:43 - 0:45
    ချွတ်ခြုံကျ မွဲတေမှု၊
  • 0:45 - 0:48
    အသက်ကို ခြိမ်းခြောက်တဲ့နာမကျန်းမှု၊
  • 0:48 - 0:51
    အလုံးစုံသော ဝေဒနာ ဘာကမှ
  • 0:51 - 0:54
    သူတို့ရဲ့ အဆုံးမဲ့ ချစ်သံယောဇဉ်ကို
  • 0:54 - 0:56
    မဖျက်ဆီးစေရပါဘူးပေါ့။
  • 0:56 - 0:58
    (ရယ်သံများ)
  • 0:58 - 1:00
    အကောင်းမြင်သမား ကောင်စုတ်တွေက
  • 1:00 - 1:02
    တစ်ဦးကိုတစ်ဦး သွေးဆုံးချိန်
  • 1:02 - 1:04
    စိတ်ကယောက်ကယက်၊ အသက်ထက်ဝက်ကျိုး
  • 1:04 - 1:07
    သောက နဲ့ ပေါင် ၅၀တိုးလာတဲ့ တစ်လျှောက်လုံး
  • 1:07 - 1:10
    ဂုဏ်ယူ မြတ်နိုးဖို့ ကတိတွေပေးကြတယ်၊
  • 1:10 - 1:13
    နောက်ဆုံး သူတို့ထဲက
  • 1:13 - 1:15
    တစ်ယောက်က ရိုးမြေကျချိန်
  • 1:15 - 1:18
    ဝေးလွန်းတဲ့ နေ့အထိပေါ့။
  • 1:18 - 1:21
    သိတဲ့အတိုင်း ဟောက်တာကို
    သူတို့မကြားရတော့လို့လေ၊
  • 1:21 - 1:23
    မူးရူးပြီး တစ်ယောက်မျက်နှာ တစ်ယောက်
  • 1:23 - 1:26
    ကိတ်မုန့်နဲ့ ပစ်ပေါက်မယ်၊
    တင်ပါးလှုပ်အကကကြပေါ့၊
  • 1:26 - 1:28
    ကျွန်မတို့က အဲဒီမှာ ရှိနေမယ်၊
  • 1:28 - 1:30
    သူတို့ကို တဘက်တွေ၊
    ပေါင်မုန့်ကင်စက်တွေ
  • 1:30 - 1:32
    ပေးကြ အခမဲ့ ဝိုင်းဖွဲသောက်ကြ၊
  • 1:32 - 1:34
    သူတို့ကို ဆန်စေ့တွေ ပစ်ပေးနေမှာပေါ့၊
  • 1:34 - 1:36
    အချိန်တိုင်းနော်။
  • 1:36 - 1:38
    စာရင်းအရတော့
  • 1:38 - 1:40
    သူတို့အထဲက ထက်ဝက်ဟာ
  • 1:40 - 1:43
    ဆယ်စုနှစ်တစ်ခုအတွင်း
    ကွာရှင်းမှာ သိတာတောင်မှပဲလေ
  • 1:43 - 1:46
    (ရယ်သံများ)
  • 1:46 - 1:48
    တကယ်က အခြားတစ်ဝက်ကတော့ ကွာမှာမဟုတ်ဘူးလေ။
  • 1:48 - 1:51
    သူတို့တွေဟာ နှစ်ပတ်လည်တွေကို
    ဆက်မေ့နေမှာဖြစ်ပြီး
  • 1:51 - 1:54
    အားလပ်ရက်မှာ ဘယ်သွားမလဲဆိုတာ
    ဆက် ငြင်းခုံနေရင်း
  • 1:54 - 1:56
    ရေအိမ်သုံးစက္ကူက အလိပ်ထဲကနေ
  • 1:56 - 1:58
    ဘယ်ကပြုတ်ထွက်လာမလဲဆိုတာ ဆက်ပြီး
  • 1:58 - 2:00
    စကားအချေအတင် ပြောနေမယ်လေ။
  • 2:00 - 2:02
    ပြီးတော့ တစ်ချို့တွေက
  • 2:02 - 2:06
    တစ်ယောက်မှ အစာကို အခဲလိုက်
    ဝါးမစားနိုင်တဲ့ အချိန်မှာတောင်
  • 2:06 - 2:09
    တစ်ယောက်ကိုတစ်ယောက်
    အဖော်ပြုနေလိမ့်ဦးမယ်ပေါ့။
  • 2:09 - 2:12
    ဘာကြောင့်ဆိုတာ သုသေသီတွေက သိချင်တယ်။
  • 2:12 - 2:15
    ဆိုလိုတာက ကြည့်ပါ၊ အိမ်ထောင်ရေး
    မသာယာတာကို မှန်းကြည့်ဖို့
  • 2:15 - 2:19
    နှစ်ထပ်အကာ ချွေးသိပ်ဆေးနဲ့
    ထိန်းတဲ့ လေ့လာမှု မလိုပါဘူး။
  • 2:19 - 2:21
    မလေးစားမှု၊ ငြီးငွေမှု၊
  • 2:21 - 2:24
    Facebook မှာ အချိန်ကုန်လွန်းတာနဲ့
  • 2:24 - 2:26
    သူတစ်ပါးနဲ့ ဖောက်ပြန်တာပါ။
  • 2:26 - 2:29
    ဒါပေမဲ့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေကိုလည်း
    ရှင်တို့ရနိုင်တာပဲလေ။
  • 2:29 - 2:32
    လေးစားမှု၊ စိတ်လှုပ်ရှားမှု၊
  • 2:32 - 2:34
    အင်တာနက် အဆက်အသွယ် ဖြတ်တောက်တာ၊
  • 2:34 - 2:38
    တစ်လင်တစ်မယားစနစ်မှာ စိတ်ကို ထုံထားတာ၊
  • 2:38 - 2:41
    ပြီတော့ ဒါက တမဟုတ်ချင်းကို
    ဒုက္ခရောက်သွားစေတာမျိုးလေ။
  • 2:41 - 2:44
    ဒီတော့ ဒါမဖြစ်တဲ့အခါ ဘာဆက်ဖြစ်လဲ။
  • 2:44 - 2:46
    သင်္ချိုင်းမြေ ရောက်တဲ့အထိ
  • 2:46 - 2:48
    လက်တွဲသွားကြတဲ့
  • 2:48 - 2:50
    သူတွေမှာ တူညီတာက ဘာလဲ။
  • 2:50 - 2:52
    ဘာတွေကို သူတို့ လမ်းကျကျ လုပ်ဆောင်ကြလဲ။
  • 2:52 - 2:55
    သူတို့ဆီက ဘာတွေကို သင်ယူနိုင်လဲ။
  • 2:55 - 2:59
    ကိုယ်ဟာ တစ်ကိုယ်တော် ပျော်ရွင်စွာပဲ
    အိပ်နေတုန်းဆိုရင်
  • 2:59 - 3:01
    ဘာလို့ ကိုယ်လုပ်နေတာကို ရပ်ပြီး
  • 3:01 - 3:03
    ကိုယ့်ကျန်တဲ့ဘဝကို
  • 3:03 - 3:06
    အနှောင့်အယှက်ပေးနိုင်တဲ့
  • 3:06 - 3:09
    အထူးပုဂ္ဂိုလ်ကိုရှာဖို့
    ကိုယ့်ဘဝကို ခိုင်းမလဲ။
  • 3:09 - 3:12
    အင်း၊ ဒါကို တွက်ချက်ဖို့ သုသေသီတွေဟာ
    ရှင်တို့ရဲ့ အခွန်ငွေ
  • 3:12 - 3:14
    ဒေါ်လာ ဘီလီယံချီပြီး သုံးပါတယ်။
  • 3:14 - 3:16
    သူတို့ဟာ ပျော်ရွှင်နေတဲ့ စုံတွဲတွေကို
  • 3:16 - 3:19
    မေးပြီး သူတို့ရဲ့ လှုပ်ရှားမှု၊
    ဟန်အမူအရာတိုင်းကို လေ့လာပါတယ်။
  • 3:19 - 3:21
    နောက် သူတို့ကို သူတို့ရဲ့ မပျော်ရွှင်တဲ့
  • 3:21 - 3:23
    အိမ်နီးချင်းတွေ၊ မိတိဆွေတွေနဲ့ ဘာက
  • 3:23 - 3:25
    ကွာခြားစေတယ်ဆိုတာကို အတိအကျဖေါ်ထုတ်ပါတယ်။
  • 3:25 - 3:27
    ဒါနဲ့ ဖြစ်သွားတာက
  • 3:27 - 3:29
    အောင်မြင်တဲ့ အဖြစ်အပျက်တွေဟာ
  • 3:29 - 3:31
    အနည်းငယ် တူညီတဲ့ သဘောသဘာဝတွေရှိကြပြီး
  • 3:31 - 3:34
    တကယ်တော့ သူတို့ဟာ သူတပါးနဲ့
    မဖောက်ပြားတာထက်ကို လွန်ပါတယ်။
  • 3:34 - 3:37
    ဥပမာ အပျော်ရွှင်ဆုံး အိမ်ထောင်တွေမှာ
  • 3:37 - 3:40
    ဇနီးသည်ဟာ ခင်ပွန်းထက် ပိုပြီးပိန်ကာ
    ကြည့်လို့ ပိုကောင်းတယ်။
  • 3:40 - 3:42
    (ရယ်သံများ)
  • 3:42 - 3:44
    တကယ် အမှန်ပဲနော်။
  • 3:44 - 3:46
    ဒါက အိမ်ထောင်ရေးချမ်းမြေ့မှု ဖြစ်စေတာ
  • 3:46 - 3:48
    ရှင်းတယ်၊ အကြောင်းက အမျိုးသမီးတွေဟာ
  • 3:48 - 3:50
    ပိန်ဖို့နဲ့ ကြည့်ကောင်းဖို့ကို အင်မတန်
  • 3:50 - 3:53
    ဂရုစိုက်ပြီး ယောက်ျားအများစုကတော့
    လိင်အကြောင်း ဂရုစိုက်ကြတယ်၊
  • 3:53 - 3:55
    အထူးသဖြင့် သူတို့ထက် ပိုပိန်ပြီး
  • 3:55 - 3:57
    ပိုကြည့်ကောင်းတဲ့ အမျိုးသမီးတွေနဲ့ပေါ့။
  • 3:57 - 3:59
    ဒါပေမဲ့ ဒီသုသေသနရဲ့ ကောင်းကွက်က
  • 3:59 - 4:01
    ဘာကမှ ပျော်ရွှင်ဖို့အတွက် အမျိုးသမီးတွေဟာ
  • 4:01 - 4:03
    ပိန်ဖို့မလိုဘူးဆိုတာကို အဆိုပြု မထားဘူး၊
  • 4:03 - 4:06
    ကျွန်မတို့ဟာ ကိုယ်အဖော်ထက်
    ပိုပိန်ဖို့လိုတယ် ဆိုတာကိုပါ။
  • 4:06 - 4:08
    ဒီတော့ ပင်ပန်းခက်ခဲလှတဲ့
  • 4:08 - 4:10
    အစာရှောင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့အစား
  • 4:10 - 4:14
    သူတို့ ဝလာဖို့ကိုစောင့်ဖို့ပဲ လိုတာပါ၊
  • 4:14 - 4:16
    ဖြစ်နိုင်တာက ကိတ်မုန့် နည်းနည်းဖုတ်တာပေါ့။
  • 4:16 - 4:18
    ဒါက သိဖို့လိုတဲ့ သတင်းကောင်းပါ၊
  • 4:18 - 4:21
    ပြီးတော့ အဲလောက် မရှုပ်ထွေးဘူးလေ။
  • 4:21 - 4:23
    သုသေသနမှာ ထပ်ညွှန်ပြထားတာက
  • 4:23 - 4:25
    အပျော်ဆုံး စုံတွဲတွေဟာ အပြုသဘောတွေကို
  • 4:25 - 4:27
    အာရုံစိုက်သူတွေဖြစ်တယ်လို့ပါ။
  • 4:27 - 4:29
    ဥပမာ ပျော်ရွှင်နေတဲ့ ဇနီးသည်ဟာ
  • 4:29 - 4:32
    သူ့မခင်ပွန်း ဗိုက်ရွှဲလာတာကို ထောက်ပြတာ
  • 4:32 - 4:34
    ဒါမှမဟုတ် အပြေးလေ့ကျင့်ဖို့ အကြံပေးတာအစား
  • 4:34 - 4:36
    သူမပြောနိုင်တာက
  • 4:36 - 4:39
    အိုး၊ အချစ်ရေ၊ ကျွန်မကို
    တော်တော်လေး ပိုပိန်လာစေဖို့
  • 4:39 - 4:42
    ရှင် တကူးတကွ လုပ်ပေးတာ
    ကျေးဇူးတင်ပါတယ်။
  • 4:42 - 4:45
    ဒီစုံတွဲတွေဟာ အခြေနေတိုင်းမှာ
    အကောင်းမြင်နိုင်သူတွေပါ။
  • 4:45 - 4:47
    "ဟေး၊ မီးလောင်တာမှာ အကုန်လုံး
  • 4:47 - 4:50
    ပါသွားတော့ ယူကြံးမရတော့ဖြစ်တယ်၊
  • 4:50 - 4:53
    ဒါပေမဲ့ ကြယ်တွေအောက်မှာ အပြင်ထွက်
    အိပ်ရတာတော့ ကောင်းသလိုပဲဟေ့၊
  • 4:53 - 4:55
    ပြီးတော့ မင်းက ဝလာတော့ တို့တွေ
  • 4:55 - 4:57
    နွေးထွေးစေဖို့ ကောင်းတဲ့ အချက်ပဲလေ။"
  • 4:57 - 5:00
    တွေ့ရှိထားတဲ့ လေ့လာမှုတွေထဲက
    အကြိုက်ဆုံးတစ်ခုက
  • 5:00 - 5:03
    အိမ်မှုကိစ္စလုပ်ဖို့ ခင်ပွန်းက ဆန္ဒရှိလေလေ
  • 5:03 - 5:06
    သူ့ဇနီးက သူ့ကို ဆွဲဆောင်မှု
    ပိုရှိတယ်လို့မြင်လာလေပါတဲ့။
  • 5:06 - 5:10
    အကြောင်းတော့ ဒါကို ကျွန်မတို့ကို
    ပြောပြဖို့ လေ့လာမှုတစ်ခု လိုအပ်ခဲ့လို့ပါ။
  • 5:10 - 5:12
    ဒါပေမဲ့ ဒီမှာ ဆက်ဖြစ်နေတာတွေပါ။
  • 5:12 - 5:15
    သူမက ဆွဲဆောင်ရှိတယ်လို့ ပိုမြင်လေလေ
    သူတို့ လိင်ကိစ္စပိုလာလေလေ၊
  • 5:15 - 5:17
    လိင်ကိစ္စပိုလာလေလေ
    သူမအပေါ် ပိုကောင်းလေလေ
  • 5:17 - 5:19
    သူမအပေါ် ပိုကောင်းလေလေ၊
  • 5:19 - 5:22
    သူ့ကို အိပ်ရာမှာ တဘက်တွေစိုကျန်တဲ့
    အကြောင်း တကျည်ကျည်လုပ်တာ
  • 5:22 - 5:25
    နည်းလေ၊ နောက်ဆုံး အသက်ထက်ဆုံး
    ပျော်ရွှင်စွာ နေကြလေသတည်းပေါ့။
  • 5:25 - 5:28
    တနည်းပြောရရင် ယောက်ျားတွေ၊
    အိမ်တွင်းဌာနမှာ
  • 5:28 - 5:31
    ရှင်တို့ အမှတ်ယူချင်ကြမှာပေါ့ ရှင်။
  • 5:31 - 5:33
    ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုပါ။
  • 5:33 - 5:35
    လေ့လာမှုတစ်ခုမှာ တွေ့တာက
  • 5:35 - 5:38
    ကလေးဘဝဓာတ်ပုံတွေထဲမှာ ပြုံးတဲ့သူတွေဟာ
  • 5:38 - 5:40
    ကွာရှင်းဖို့ အလားအလာ ပိုနည်းကြတယ်ဆိုတာပါ။
  • 5:40 - 5:42
    ဒါက တကယ့်လေ့လာမှုတစ်ခုပါ၊
  • 5:42 - 5:44
    ဒီတော့ ရှင်းပြပါရစေ။
  • 5:44 - 5:46
    သုသေသီတွေဟာ ကလေးဘဝ ပြုစုထားတဲ့
  • 5:46 - 5:48
    ကိုယ်ရေးမှတ်တမ်းတွေ(သို့) နေ့စဉ်မှတ်တမ်း
  • 5:48 - 5:50
    ဟောင်းတွေတောင် မကြည့်ခဲ့ပါဘူး။
  • 5:50 - 5:52
    အချက်အလက်တွေဟာ ဒီငယ်စဉ်က ပုံတွေထဲမှာ
  • 5:52 - 5:55
    လူတွေဟာ ပျော်ရွှင်ပုံရလားဆိုတာကိုပဲ့
  • 5:55 - 5:57
    လုံးလုံးလျားလျား အခြေခံခဲ့တာပါ။
  • 5:57 - 6:00
    ကဲ ရှင်တို့အသက်တွေ
    ဘယ်လောက်ဆိုတာ ကျွန်မ မသိဘူး၊
  • 6:00 - 6:02
    ဒါပေမဲ့ ကျွန်မငယ်ငယ်တုန်းက
  • 6:02 - 6:04
    ရှင်တို့မိဘတွေဟာ ဖလင်လို့ခေါ်တဲ့အရာ
  • 6:04 - 6:07
    ထည့်ထားတဲ့ အထူးကင်မရာလိုမျိုးနဲ့
    ဓာတ်ပုံတွေရိုက်ခဲ့တယ်၊
  • 6:07 - 6:11
    ဘုရားစူး ဖလင်ကစျေးကြီပါဘိသနဲ့။
  • 6:11 - 6:13
    ဒစ်ဂျစ်တယ် ဗီဒီယိုစနစ်နဲ့ ဒီလောက်
  • 6:13 - 6:16
    အမြန်ကြီး ရှင်တို့ပုံ ၃၀၀ မရိုက်ခဲ့ပါဘူး။
  • 6:16 - 6:18
    ပြီးတော့ အကောင်းဆုံး အရွှင်ပြဆုံးပုံကို
  • 6:18 - 6:20
    ခရစ်စမတ်ကဒ်အတွက် ရွေးထုတ်ကြတယ်လေ။
  • 6:20 - 6:22
    အိုး မဟုတ်သေးဘူး။
  • 6:22 - 6:24
    ရှင်တို့ကို အလှဆင်တယ်၊ တန်းစီခိုင်းတယ်၊
  • 6:24 - 6:26
    သူတို့ပြောသလို အဲဒီကင်မရာကို ပြုံးပြ၊
  • 6:26 - 6:29
    ဒါမှမဟုတ် မွေးနေ့ပွဲမှာ နှုတ်ဆက်
    နမ်းတာမျိုးဖြစ်နိုင်တာပေါ့။
  • 6:29 - 6:31
    ဒါနဲ့ နေဦး၊ ကျွန်မမှာ ပျော်ဟန်ဆောင်ထားတဲ့
  • 6:31 - 6:33
    ကလေးဘဝဓာတ်ပုံတွေ တစ်ပုံကြီးရှိတယ်၊
  • 6:33 - 6:36
    ဝမ်းသာမိတာက ဒါတွေက ကျွန်မကို
    တစ်ချို့လူတွေထက် ကွာရှင်းဖို့
  • 6:36 - 6:38
    အလားအလာနည်းအောင် လုပ်ပေးလို့ပါ။
  • 6:38 - 6:40
    ဒီတော့ အိမ်ထောင်ရေး မြဲမြံဖို့
  • 6:40 - 6:42
    ဒီ့ပြင် ဘာတွေလုပ်နိုင်သေးလဲ။
  • 6:42 - 6:45
    အကောင်းဆုံး မင်းသမီး Oscar
    ဆုရဖို့တော မလုပ်လိုက်နဲ့နော်။
  • 6:45 - 6:47
    (ရယ်သံများ)
  • 6:47 - 6:49
    တကယ်ပြောတာပါ။
  • 6:49 - 6:51
    Bettie Davis, Joan Crawford,
    Hallie Berry, Hilary Swank,
  • 6:51 - 6:53
    Sandra Bullock, Reese Witherspoon
  • 6:53 - 6:55
    ဒီရုပ်ထုကို အိမ်ကိုသယ်သွားပြီးနောက်မှာ
  • 6:55 - 6:57
    တို့အားလုံး တစ်ကိုယ်ရေတစ်ကာတွေချည်းပဲ။
  • 6:57 - 6:59
    သူတို့က ဒါကို Oscar ကျိန်စာလို့ခေါ်ဲကြတယ်။
  • 6:59 - 7:01
    ဒါက ရဲ့ အိမ်ထောင်ရေး မရဏ အနမ်းပါ။
  • 7:01 - 7:04
    ရှောင်သင့်တဲ့အရာပေါ့။
  • 7:04 - 7:06
    ဒါက အန္တရာယ်များတဲ့ ရုပ်ရှင်တွေထဲမှာ
  • 7:06 - 7:08
    အောင်မြင်စွာ အသုံးတော်ခံနေခြင်း မဟုတ်ပါ။
  • 7:08 - 7:12
    ဖြစ်သွားတာက စိတ်ကူးယဉ်
    ဟာသရုပ်ရှင်ကို ကြည့်ရုံ ကြည့်နေခြင်းဟာ
  • 7:12 - 7:15
    ဆက်ဆံရေး ကျေနပ်စိတ်ကို စောက်ထိုးကျစေတာပါ။
  • 7:15 - 7:17
    (ရယ်သံများ)
  • 7:17 - 7:19
    ကြည့်ရတာက ကျွန်မတို့ကို ဖြစ်လာနိုင်
  • 7:19 - 7:23
    လောက်တယ်ဆိုတဲ့ ဆိုပေမဲ့
    မဖြစ်ထားဘူး၊ ဘယ်တော့မှ ဖြစ်မလာလောက်တာ
  • 7:23 - 7:25
    ရှင်းနေတဲ့ ခါးသီးတဲ့ နားလည်မှုက
  • 7:25 - 7:27
    ယှဉ်လိုက်ရင် ကျွန်မတို့ဘဝတွေကို
  • 7:27 - 7:29
    မခံနိုင်အောင် မနှစ်မြို့စရာပုံပေါက်စေတာပါ။
  • 7:29 - 7:31
    ပြီးတော့ သဘောတရားအရ
  • 7:31 - 7:34
    ယူဆမိတာက ရက်ရက်စက်စက် အသတ်ခံရတဲ့ (သို့)
    အလွန်ပြင်းတဲ့
  • 7:34 - 7:36
    ကားတိုက်မှုမှာ တဦးဦးသေတဲ့ ဇာတ်ကားရွေးမိရင်
  • 7:36 - 7:39
    ပိုဖြစ်နိုင်တာက ရုံထဲကထွက်လိုက်တာဟာ
  • 7:39 - 7:42
    တော်တော်လေးကောင်း သလိုခံစားရပါတယ်။
  • 7:42 - 7:45
    အရက်သောက်တာဟာ အိမ်ထောင်ရေးအတွက်
  • 7:45 - 7:47
    ဆိုးဝါးစေပုံရပါတယ်။
  • 7:47 - 7:49
    ရေး။
  • 7:49 - 7:51
    ဒီအကြောင်း ဆက်မပြောနိုင်တော့တဲ့ အကြောင်းက
  • 7:51 - 7:53
    ခေါင်းစီးမှာပဲ ဖတ်တာကို ရပ်လိုက်လို့ပါ။
  • 7:53 - 7:55
    ဒါပေမဲ့ ဒီမှာ လန့်စရာတစ်ခုပါ။
  • 7:55 - 7:58
    ကွာရှင်းခြင်းဟာ ကူးစက်တတ်တယ်။
  • 7:58 - 8:01
    ဒါဟုတ်တယ်၊ ကိုယ့်နဲ့ ရင်းနှီးတဲ့
    စုံတွဲတစ်တွဲ ခွာပြဲတဲ့အခါ
  • 8:01 - 8:03
    ကိုယ့်ရဲ့ ကွာရှင်းနိုင်တဲ့ အခွင့်အလမ်းဟာ
  • 8:03 - 8:06
    ၇၅% တိုးလာပါတယ်။
  • 8:06 - 8:09
    ကဲ ပြောစရာရှိတာက ဒါကို
    ကျွန်မ လုံးဝနားမလည်ပါဘူး။
  • 8:09 - 8:11
    ကျွန်မခင်ပွန်းနဲ့ ကျွန်မ
  • 8:11 - 8:14
    ကြည့်ဖူးတာက မိတ်ဆွေတစ်ချို့
    သူတို့ပစ္စည်းတွေခွဲဝေကြကာ
  • 8:14 - 8:16
    နောက်တော့ လိင်ပိုင်းစာတွေရိုက်ပို့တာ၊
  • 8:16 - 8:19
    Viagra နဲ့ eHarmony ခေတ်မှာ
  • 8:19 - 8:21
    ကိုယ့်အရွယ်တူ တစ်ကိုယ်ရေတစ်ကာယသမားတွေနဲ့
  • 8:21 - 8:23
    နပန်းလုံးကြတယ်လေ။
  • 8:23 - 8:25
    ကိုယ်အိမ်ထောင်ရေးအတွက် ကုထုံးရဲ့ တစ်သက်တာ
  • 8:25 - 8:28
    သူတို့ လုပ်နိုင်သမျှထက်ကို
    ပိုလုပ်ကြတယ်လို့ ထင်မိတယ်။
  • 8:29 - 8:31
    ဒီတော့ ရှင်တို့တွေးနေမိမှာက
  • 8:31 - 8:34
    ဘာလို့များ လူတွေ
    အိမ်ထောင်ပြုကြတာပါလဲ လို့ပေါ့။
  • 8:35 - 8:38
    အင်း U.S ပြည်ထောင်စု အစိုးရက ရေတွက်တာက
  • 8:38 - 8:40
    တစ်ဦးဦးရဲ့ ကြင်ဖက်ဖြစ်ခြင်းမှာ
  • 8:40 - 8:42
    ဥပဒေပိုင်း ခံစားခွင့် တစ်ထောင်ကျော်တယ်တဲ့။
  • 8:42 - 8:45
    စာရင်းတစ်ခုမှာဆို
    ထောင်ဝင်စာတွေ့ခွင့်ပါတယ်၊
  • 8:45 - 8:47
    ဘယ်တော့မှ မလိုပါစေနဲ့လို့မျှော်လင့်ပါတယ်။
  • 8:47 - 8:51
    ဒါပေမဲ့ ပြည်ထောင်စု
    အကျိုးခံစားခွင့်တွေအပြင်
  • 8:51 - 8:53
    အိမ်ထောင်သည်တွေဟာ ပိုက်ဆံပိုရှာနိုင်ကြတယ်။
  • 8:53 - 8:55
    ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ
  • 8:55 - 8:58
    ပိုပြီး ကျန်းမာကြတယ်။
  • 8:58 - 9:00
    ပိုပြီး ပျော်ရွှင်၊ပိုပြီး တည်ငြိမ်ကာ
  • 9:00 - 9:03
    ပိုပြီး အောင်မြင်တဲ့ ကလေးတွေ မွေးတယ်။
  • 9:03 - 9:05
    ကျွန်မတို့ရဲ့ လွှဲပြောင်းနေပုံရတဲ့
  • 9:05 - 9:07
    တစ်ကိုယ်တည်းသမားတွေထက် ပိုဆက်ဆံကြတယ်။
  • 9:07 - 9:09
    ယုံချင်မှ ယုံပါ။
  • 9:09 - 9:11
    ပိုတောင် အသက်ရှည်ကြတယ်။
  • 9:11 - 9:13
    ဒါကတော့ ကိုယ်အရမ်း နှစ်သက်တဲ့သူကို
  • 9:13 - 9:15
    ပထမဦးဆုံး လက်ထပ်ခြင်းအတွက် တော်တော်
  • 9:15 - 9:18
    စိတ်ဝင်စားစရာကောင်းတဲ့ ငြင်းခုံမှုတစ်ခုပါ။
  • 9:18 - 9:21
    ကဲ ရှင်တို့ဟာ လောလောဆယ်မှာ
    ဖက်စပ် အခွန်တုံ့ပြန်မှုရဲ့
  • 9:21 - 9:24
    ပျော်ရွှင်မှုကို မခံစားနေရဘူးဆိုရင်
    အိမ်မှုကိစ္စကို
  • 9:24 - 9:27
    ချစ်တဲ့သူကို ဘယ်လိုရှာရမလဲဆိုတာ
    ပြောပြလို့မရဘူးလေ။
  • 9:27 - 9:30
    အရပ်အမောင်းနဲ့ ဆွဲဆောင်မှုမှာ
    ကိုယ်အကြိုက်ဆုံး နီးပါးရှိသူ၊
  • 9:30 - 9:32
    ရင်တုန်စရာ ကားတွေကြိုက်ပြီး
    ကွာရှင်းလုလု
  • 9:32 - 9:34
    မိတ်ဆွေအများကြီး မရှိသူတွေပေါ့။
  • 9:34 - 9:37
    ဒါပေမဲ့ ကြိုးစားပါလို့ အားပေးနိုင်ရုံပါပဲ။
  • 9:37 - 9:39
    အကြောင်းက ကျွန်မထောက်ပြထားသလို
  • 9:39 - 9:41
    ခံစားခွင့်တွေဟာ အရေးပါလို့ပါ။
  • 9:41 - 9:44
    အခြေခံမျဉ်းက ရှင်ဟာ ဒီထဲမှာရှိတာ
    (သို့) ရှာနေတာဖြစ်ဖြစ်
  • 9:44 - 9:47
    အိမ်ထောင်ရေးဆိုတာ ဆည်းပူး၊ ကာကွယ်ထိုက်တဲ့
  • 9:47 - 9:50
    တက္ကသိုလ်ကြီးလို့ ကျွန်မယုံကြည်ပါတယ်။
  • 9:50 - 9:52
    ဒီတော့ ဒီနေ့ပေးတဲ့ အချက်တွေကိုသုံးပြီး
  • 9:52 - 9:54
    ကိုယ့်စွမ်းအားနဲ့ ကိုယ့်စွန့်စားမှုတွေနဲ့
  • 9:54 - 9:56
    ယှဉ်ပြီး ချိန်ဆကြဖို့ မျှော်လင့်ပါတယ်။
  • 9:56 - 9:58
    ဥပမာ ကျွန်မရဲ့ အိမ်ထောင်ရေးမှာ
  • 9:58 - 10:00
    အဆင်ပြေတယ်လို့ ဆိုရမှာပါ။
  • 10:00 - 10:02
    တစ်ဖက်မှာက
  • 10:02 - 10:05
    စိတ်ပျက်လောက်အောင် လှီပြီး
  • 10:05 - 10:07
    မယုံနိုင်အောင် ချောတဲ့ ခင်ပွန်းရှိပါတယ်။
  • 10:07 - 10:10
    ဒီတော့ သူ့ကို ဝလာအောင်
    လုပ်ဖို့လိုတာ ရှင်းပါတယ်။
  • 10:10 - 10:12
    ပြောခဲ့သလို ကျွန်မတို့မှာ တိတ်တိတ်ပုန်း
  • 10:12 - 10:14
    (သို့) မသိစိတ်နဲ့ ကွဲဖို့ကြိုးစားနေတဲ့
  • 10:14 - 10:16
    အိမ်ထောင်ကွဲ မိတ်ဆွေတွေရှိတယ်။
  • 10:16 - 10:19
    ဒီတော့ မျက်ခြေမပြတ်ကြည့်ဖို့လိုတာပေါ့။
  • 10:19 - 10:22
    ကော့က်တေး တစ်ခွက်၊
    နှစ်ခွက်တော့ ကျွန်မတို့ကြိုက်တယ်။
  • 10:22 - 10:24
    အခြားဖက်ကကြည့်ရင်
  • 10:24 - 10:26
    ပျော်ဟန်ဆောင်တဲ့ ပုံလိုအရာ ကျွန်မမှာရှိတယ်
  • 10:26 - 10:29
    ပြီးတော့လည်း ကျွန်မခင်ပွန်းက
    အိမ်အလုပ်တွေ အများကြီးလုပ်ပေးပြီး
  • 10:29 - 10:31
    သူ့ဘဝမှာ နောက်ထပ် စိတ်ကူးယဉ် ဟာသဇာတ်ကို
  • 10:31 - 10:34
    ဘယ်တော့မှ ပျော်ပျော်ကြီး
    ကြည့်တော့မှာ မဟုတ်တာပါ။
  • 10:34 - 10:37
    ဒီတော့ ဒါတွေအားလုံးက
    ကျွန်မအတွက် အဆင်ပြေပါတယ်။
  • 10:37 - 10:39
    ဒါပေမဲ့ တကယ်လို့များ
  • 10:39 - 10:41
    မကြာခင် ဘယ်အချိန်မှာမှ Oscar ဆုမရဖို့
  • 10:41 - 10:44
    ထပ်ဆောင်း ကြိုးစားဖို့ ပြင်ဆင်ပါတယ်။
  • 10:44 - 10:46
    ရှင်တို့ရဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့အတွက်
  • 10:46 - 10:48
    ဒီလိုမျိုးလုပ်ဖို့ အားပေးချင်ပါတယ်။
  • 10:48 - 10:50
    ရှင်တို့နဲ့ အဲဒီဘားမှာ တွေ့မယ်လေ။
  • 10:50 - 10:56
    (လက်ခုပ်သံများ)
Title:
အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သင် မသိတာလေးတွေ။
Speaker:
Jenna McCarthy:
Description:

ရယ်မောစရာကောင်းပြီး၊ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဒီ TEDx ဟောပြောချက်မှာ စာရေးဆရာမ Jenna McCarthy ကနေပြီး အိမ်ထောင်တွေ (အထူးသဖြင့် ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တွေ)ဟာ ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ သုသေသနပြူမှုကို မျှဝေထားပါတယ်။ အကြံပေးချက် - အကောင်းဆုံး မင်းသမီး သရုပ်ဆောင်အတွက် Oscar ဆုရဖို့တော့ မကြိုးစားလိုက်နဲ့နော်)။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:57

Burmese subtitles

Revisions