ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက မဟာ အင်အားတစ်ခုပါ၊ အတားအဆီးမဟုတ်ဘူး။
-
0:01 - 0:04ကျွန်မရဲ့မိသားစု သီးသန့်ခန်းထဲက
အနီရောင် အုတ်ကြွပ်ပြားတွေပေါ်မှာ -
0:04 - 0:08Bette Midler ပါဝင်တဲ့ "Gypsy"
တီဗီ ရုပ်ရှင်နဲ့လိုက်ပြီး -
0:08 - 0:10ကျွန်မ ကခုန်၊ သီဆိုနေခဲ့ဖူးတာပေါ့။
-
0:10 - 0:13(သီချင်းဆို) အိပ်မက်တစ်ခု ရှိခဲ့တယ်၊
-
0:13 - 0:17အံ့ဖွယ်အိပ်မက်တစ်ခုပေါ့ ဖေဖေ"
-
0:17 - 0:22ဒါကို ကိုးနှစ်သမီးလေးရဲ့ အရေးတကြီး၊
ပြင်းပြတဲ့ဆန္ဒနဲ့ သီဆိုနေခဲ့တာပေါ့၊ -
0:22 - 0:25တကယ့်ကို အိပ်မက်တစ်ခု ရှိခဲ့သူလေ။
-
0:25 - 0:28ကျွန်မ အိပ်မက်က
ရုပ်ရှင်မင်းသမီးဖြစ်ဖို့ပါ။ -
0:28 - 0:32ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်တွေထဲမှာ
ကျွန်မနဲ့ တူတဲ့သူ တစ်ယောက်မှ -
0:32 - 0:33မမြင်ဖူးခဲ့တာ အမှန်ပဲ။
-
0:33 - 0:39သေချာတာပေါ့၊ ကျွန်မရဲ့မိသားစု၊သူငယ်ချင်း
တွေနဲ့ ဆရာ၊ဆရာမတွေ မပြတ် သတိပေးတာက -
0:39 - 0:42ကျွန်မလိုလူတွေဟာ ဟောလီဝုဒ်မှာ
မအောင်မြင်ဘူးတဲ့။ -
0:44 - 0:47ဒါပေမဲ့ ကျွန်မက အမေရိကန်
တစ်ယောက်ဖြစ်ခဲ့တယ်။ -
0:47 - 0:51လူတိုင်းဟာ ဘာမဆို ဖြစ်မြောက်နိုင်
တယ်ဆိုတာယုံကြည်ဖို့ သင်ကြားခံခဲ့ရတယ်၊ -
0:51 - 0:55ဘယ်အသားအရောင်ပဲဖြစ်ဖြစ်၊
-
0:55 - 0:57ကျွန်မမိဘတွေဟာ ဟွန်ဒူးရပ်ကနေ
ရွေ့ပြောင်းလာတယ်ဆိုတာဖြစ်ဖြစ်၊ -
0:57 - 1:00ကျွန်မမှာ ငွေမရှိဘူးဆိုတာဖြစ်ဖြစ်ပါ။
-
1:01 - 1:04ကျွန်မရဲ့အိပ်မက်ကို အလွယ်ဖြစ်ဖို့
မလိုခဲ့ဘူး၊ -
1:04 - 1:06ဖြစ်နိုင်ခြေရီဖို့ပဲ လိုခဲ့တာပါ။
-
1:08 - 1:09ကျွန်မ ၁၅ နှှစ်အရွယ်မှာ
-
1:11 - 1:14ကျွန်မရဲ့ပထမဆုံး ပညာရှင်အဆင့်
အသံစစ်ဆေးတာလုပ်ရတယ်။ -
1:14 - 1:18ဒါက ကေဘယ်လိုင်း ဝင်ကြေး(သို့)
အာမခံ စာချုပ်တွေအတွက် -
1:18 - 1:20စီးပွားရေးကြော်ငြာတစ်ခုပါ၊
ကျွန်မ မမှတ်မိဘူး။ -
1:20 - 1:21(ရယ်သံများ)
-
1:21 - 1:25ကျွန်မ အသေအချာ မှတ်မိတာက သရုပ်ဆောင်
ရွေးတဲ့ ဒါရိုက်တာ ကျွန်မကို မေးခဲ့တာပါ၊ -
1:26 - 1:31"မင်း ဒါကို ထပ်ပြောနိုင်မလား၊
ဒီတစ်ခါ လက်တင် ပိုဆန်ဆန်ပေါေ။ -
1:33 - 1:35"အင်း၊ ရပါတယ်။
-
1:35 - 1:38"ကျွန်မကို စပိန်လို ပြောစေချင်တာလား"
လို့ မေးလိုက်တယ်။ -
1:38 - 1:43"မဟုတ်ဘူး၊ အင်္ဂလိပ် လိုပြောပါ၊
လက်တင်သံပေါက်ရုံပဲ။" -
1:45 - 1:50"ကောင်းပြီ၊ ကျွန်မက လက်တင်သူပါ၊
ဒီတော့ ဒါက လက်တင်သံပေါက်တာ မဟုတ်ဘူးလား။ -
1:51 - 1:54ကြာရှည်၊ ကသိကအောက်ဖြစ်တဲ့
တိတ်ဆိတ်မှုတစ်ခုဖြစ်ခဲ့ပြီး -
1:54 - 1:55နောက်ဆုံးမှာတော့
-
1:56 - 1:59"အိုကေ၊ အသည်းလေးရေ၊ ကိစ္စမရှိဘူး၊
လာတဲ့အတွက် ကျေးဇူးပါ၊ ဘိုင်။" -
1:59 - 2:04"လက်တင်သံ ပိုပေါက်"ဆိုတာကို နားလည်ဖို့
ကားစီးပြန်ချိန်အများစုကို ယူသွားတယ်။ -
2:04 - 2:07သူက ကျွန်မကို မတောက်တခေါက်
အင်္ဂလိပ်လို ပြောခိုင်းနေတာကိုး။ -
2:07 - 2:09ဘာကြောင့် ကျွန်မဟာ တကယ့် လက်တွေ့ဘဝ၊
-
2:09 - 2:14လက်တင်သူ စစ်စစ်ဆိုတဲ့အချက်က
တကယ်ကို အရေးမပါလဲဆိုတာ -
2:14 - 2:16ကျွန်မ နားမလည်နိုင်ခဲ့ဘူး။
-
2:16 - 2:18ဘာဖြစ်ဖြစ် ကျွန်မ အလုပ်မရခဲ့ဘူး။
-
2:18 - 2:22ကျွန်မကို မြင်ချင်လိုတဲ့ လူတွေအတွက်
အလုပ်တွေ အများကြီးမရခဲ့ဘူး။ -
2:22 - 2:24လူဆိုးဂိုဏ်း ဖွတ်ချက်ရဲ့ ရည်းစား၊
-
2:24 - 2:27လူဝါးဝတဲ့ အလစ်သုတ်သမား၊
-
2:27 - 2:30ကိုယ်ဝန်ဆောင် ကုလားမ နံပါတ်နှစ်၊
-
2:30 - 2:31(ရယ်သံများ)
-
2:31 - 2:35ကျွန်မလိုလူ တစ်ဦးဦးအတွက်
ရှိခဲ့တဲ့ ဇာတ်ကောင်မျိုးတွေရှိခဲ့ပါတယ်။ -
2:36 - 2:40ညိုလွန်းတယ်၊ ဝလွန်းတယ်၊
ဆင်းရဲလွန်းတယ်၊ သိပ်မနပ်ဘူးလို့ -
2:40 - 2:44သူတို့ကြည့်တဲ့၊ မြင်တဲ့ တစ်ဦးဦးပါ။
-
2:44 - 2:46ဒီဇာတ်ကောင်တွေဟာ သမားရိုးကျတွေဖြစ်ပြီး
-
2:46 - 2:49ကျွန်မကိုယ်ပိုင် လက်တွေ့ဘဝကနေ(သို့)
သရုပ်ဆောင်ဖို့ ကျွန်မ အိပ်မက်မက်ခဲ့တဲ့ -
2:49 - 2:52ဇာတ်ကောင်တွေကနေ
ပိုအလှမ်းမကွာနိုင်လောက်ဘူး။ -
2:52 - 2:56ရှုပ်ထွေးပြီး ရှုထောင့်စုံပါတဲ့လူတွေ၊
သူတို့ကိုယ်ပိုင် ဘဝတွေရဲ့ ဗဟိုမှာ -
2:56 - 3:00ဖြစ်တည်ခဲ့တဲ့ လူတွေကို
ကျွန်မ သရုပ်ဆောင်ချင်ခဲ့တယ်။ -
3:00 - 3:05တစ်ဦးဦးရဲ့ နောက်ကွယ်မှာ ရပ်တဲ့
ပေါ့ရွှတ်တဲ့ မဲပြာပုဆိုးတွေမဟုတ်ဘူး။ -
3:05 - 3:07ဒါပေမဲ့ ဒါကို ကျွန်မရဲ့မန်နေဂျာကို
ပြောရဲတဲ့အခါ၊ -
3:07 - 3:11အခွင့်အလမ်းရှာရာမှာ ကျွန်မကို ကူညီဖို့
ကျွန်မ လခပေးတဲ့လူလေ -
3:11 - 3:14သူ့အဖြေက
-
3:14 - 3:20"ဒီမိန်းကလေးမှာ လက်တွေ့မကျတဲ့
မျှော်လင့်ချက်တွေရှိတာ ပြောဖို့လိုတယ်။" -
3:22 - 3:24ပြီးတော့ သူ မမှားပါဘူး။
-
3:24 - 3:26ဆိုလိုတာက သူ့ကို အလုပ်ဖြုတ်
လိုက်တယ်၊ သူ မမှားဘူး။ -
3:26 - 3:28(ရယ်သံများ)
-
3:28 - 3:33(လက်ခုပ်သံများ)
-
3:33 - 3:38အကြောင်းက သမားရိုးကျ ခပ်ညံ့ညံ့
ရေးမထားတဲ့ အခန်းမှာ ပါဖို့ကြိုးစားတိုင်း -
3:38 - 3:39ကြားရလေ့ရှိတာက
-
3:39 - 3:43"ဒီအခန်းကို ထွေပြားစွာ ရိုက်ကူးဖို့
နည်းလမ်းရှာနေတာမဟုတ်ဘူး။" -
3:43 - 3:47ဒါမှမဟုတ် "သူကို ငါတို့သဘောကျပေမဲ့
သူက အထူးကို ယဉ်ကျေးမှုကွဲလွန်းတယ်။" -
3:47 - 3:52ဒါမှမဟုတ် "ကံဆိုချင်တော့ ဒီကားမှာ
လက်တင်သားတစ်ဦး ရှိပြီးသားလေ။" -
3:53 - 3:58ကျွန်မဟာ ဒီအလားတူ သတင်းစကားတွေကို
အထပ်ထပ် ဆက်ဆက် ရနေတယ်။ -
3:59 - 4:05ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက ကျော်လွှားဖို
လိုတဲ့ အတားအဆီးတစ်ခုဖြစ်ခဲ့တယ်။ -
4:06 - 4:09ဒီတော့ တွေးမိတာက
-
4:09 - 4:11"အတားအဆီးရေ၊ ငါ့ဆီလာစမ်း၊
-
4:11 - 4:15ငါဟာ အမေရိကန်တစ်ယောက်၊
ငါ့နာမည်က အမေရိက၊ -
4:15 - 4:19ဒါအတွက် ငါ့တစ်သက်လုံး လေ့ကျင့်
ခဲ့တယ်၊ ကစားနည်းစာအုပ်ကို လိုက်နာမယ်၊ -
4:19 - 4:21ငါ ပိုကြိုးစားမယ်။"
-
4:21 - 4:24ဒီအတိုင်း လုပ်ခဲ့တယ်၊ ကျွန်မနဲ့ပတ်သက်သမျှ
လူတွေပြောတာတွေ -
4:24 - 4:27မှားတယ်ဆိုတာကို ကျော်လွှားဖို့
အပြင်းထန်ဆုံး ကြိုးစားခဲ့တယ်။ -
4:27 - 4:31ကျွန်မရဲ့အသား မညိုလွန်းအောင်
နေရောင်ထဲမှာ နေခဲ့တယ်။ -
4:31 - 4:35ကျွန်မရဲ့ အတွန့်အလိမ်တွေကို
အညံ့ခံပြီး ဖြောင့်ခဲ့တယ်။ -
4:35 - 4:37အမြဲ ကိုယ်အလေးချိန်ကျဖို့ကြိုးစားတယ်။
-
4:37 - 4:39ပိုဆန်းပြာ၊ ပိုစျေးကြီးတဲ့
အဝတ်အစားတွ ဝယ်ခဲ့တယ်။ -
4:39 - 4:41ကျွန်မကို လူတွေကြည့်တဲ့ခါ
-
4:41 - 4:46ဝလွန်း၊ ညိုလွန်း၊ ဆင်းရလွန်းတဲ့
လက်တင်သူတစ်ယောက်လို မမြင်အောင်လေ။ -
4:48 - 4:50ကွန်မဟာ တတ်နိုင်တဲ့လူလို့
သူတို့ မြင်မိကြမယ်။ -
4:50 - 4:53ဖြစ်နိုင်တာက ကျွန်မကို
အခွင့်အလမ်းတစ်ခုပေးမယ်ပေါ့။ -
4:56 - 5:00မမျှော်လင့်တဲ့ ကံကြမ္မာအလှည့်တစ်ခုမှာတော့၊
-
5:00 - 5:04ကျွန်မရဲ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့်
အခန်းတစ်ခု နောက်ဆုံး ရတဲ့အခါမှာပါ၊ -
5:06 - 5:10ဒါက ကျွန်မဘယ်သူဆိုတာနဲ့ အံကိုက်
လိုအပ်တဲ့ အခန်းတစ်ခန်းပါ၊ -
5:11 - 5:15" Real Women Have Curves"
ထဲက Ana ဟာ -
5:15 - 5:18ညိုပြီး ဆင်းရဲတဲ့ လက်တင်သူ
ဝဝ တစ်ယောက်ပါ။ -
5:20 - 5:25သူ့ကိုယ်ပိုင်ဘဝရဲ့ ဗဟိုမှာ တည်ရှိနေတဲ့
သူ့လိုမျိုး၊ ကျွန်မလိုမျိုး -
5:25 - 5:29တစ်aယာက်မှ ကျွန်မ မမြင်ဖူးခဲ့ဘူး။
-
5:29 - 5:31ဒီရုပ်ရှင်နဲ့အတူ US အနှံ့အပြားနဲ့
-
5:31 - 5:33နိုင်ငံမျိုးစုံကို ကျွန်မ ခရီးထွက်ခဲ့တယ်၊
-
5:33 - 5:39အဲဒီမှာ လူတွေဟာ အသက်၊ လူမျိုး၊
ခန္ဓာကိုယ် အမျိုးအစား ပဓာနမထားဘဲ -
5:39 - 5:41သူတိုကိုယ်သူတို့ Ana ဆီမှာ တွေ့ခဲ့တယ်။
-
5:41 - 5:45ဖြစ်နိုင်ခြေမရှိတဲ့ သူ့အိပ်မက်ကို
ဖြည့်ဆည်းဖို့ ယဉ်ကျေးမှု စံတွေကို -
5:45 - 5:50ဆန့်ကျင် ရုန်းကန်နေတဲ့ ၁၇ နှစ် မက္ကဆီကန်
အမေရိကန် ဝဝကစ်ကစ် ကောင်မလေးတစ်ယောက်ပေါ့။ -
5:51 - 5:54ကျွန်မဘဝတစ်ခုလုံးကို ဘာပဲ
ပြောခဲ့ပြောခဲ့၊၊ -
5:54 - 6:01ကိုယ်တွေ့ မြင်ခဲ့တာက လူတွေဟာ ကျွန်မလို
လူတွေရဲ့ ဇာတ်လမ်းတွေကိုတကယ် မြင်ချင်တာပါ။ -
6:01 - 6:04ယဉ်ကျေးမှုထဲမှာ အစစ်အမှန် ကိုယ်စားပြုတာ
-
6:04 - 6:08ကျွန်မကိုယ်တိုင် မြင်တွေ့ဖို့ ကျွန်မရဲ့
လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေဟာ -
6:08 - 6:10အခြားသူတွေရဲ့ မျော်လင့်ချက်
တွေလည်းဖြစ်ခဲ့တယ်။ -
6:11 - 6:13"Real Women Have Curves" ဟာ
-
6:13 - 6:18အလွန်အရေးပါတဲ့ ယဉ်ကျေးမှုနဲ့
ငွေကြေးပိုင်း အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။ -
6:18 - 6:21"ကောင်းလိုက်တာ၊ ငါတို့လုပ်ခဲ့တာ"
လို့ တွေးမိခဲ့တယ်။ -
6:22 - 6:25ကျွန်မတို့ ဇာတ်လမ်းတွေမှာ
တန်ဘိုးရှိတယ်လို့ သက်သေပြခဲ့တယ်။ -
6:25 - 6:27အခုဆို အကြောင်းတရားတွေက
ပြောင်းလဲတော့မယ်။ -
6:30 - 6:33ဒါပေမဲ့ မဆိုစလောက် ဖြစ်ပျက်ခဲ့တာလို
စောင့်ကြည့်ခဲ့တယ်။ -
6:33 - 6:35အရေးပါတဲ့ အပြောင်းအလဲမရှိခဲ့ဘူး။
-
6:35 - 6:39ပရိတ်သတ်ဟာ ဆာလောင်ပြီး ဒါတွေကို ကြည်ဖို့
ပိုက်ဆံပေးချင်စိတ်ရှိကြတယ်ဆိုတဲ့ -
6:39 - 6:45အကြောင်းနောက်ဇာတ်လမ်းတွေ ပြောပြဖို့
လုပ်ငန်းထဲက ဘယ်သူမှ အပူတပြင်းလုပ်မနေကြဘူး။ -
6:47 - 6:51နောက် လေးနှစ်အကြာ
Ugly Betty ကို သရုပ်ဆောင်ရတဲ့အခါ -
6:52 - 6:55အလားတူဖြစ်စဉ် ဆင်နွှဲသွားတာ မြင်ခဲ့တယ်။
-
6:55 - 6:59"Ugly Betty" ဟာ US မှာ
ကြည့်ရှုသူ ၁၆ သန်းကို ပွဲဦးထွက် ပြခဲ့ပြီး -
6:59 - 7:03၎င်းရဲ့ပထမနှစ်မှာ Emmys ဆု
၁၁ ဆု အဆိုပြုခံခဲ့ရတယ်။ -
7:05 - 7:09(လက်ခုပ်သံများ)
-
7:09 - 7:14"Ugly Betty's" အောင်မြင်မှုရပေမဲ့
-
7:14 - 7:17အမေရိကန် ရုပ်သံမှာ ရှစ်နှစ်တိုတိုင်
-
7:17 - 7:19လက်တင် ရုပ်ရှင်မင်းသမီးဦးဆောင်တဲ့
-
7:19 - 7:22နောက်ထပ် ရုပ်သံပြပွဲ ရှိခဲ့မှာမဟုတ်ဘူး။
-
7:25 - 7:27ခေါင်းဆောင် အတန်းအစားမှာ
-
7:27 - 7:30Emmy ဆုတစ်ဆု ရဖူးဖို့ ပထမဆုံးနဲ့
တစ်ဦးတည်းသော လက်တင်သူ -
7:30 - 7:33ကျွန်မ ဖြစ်လာချိန်ကတည်းကဆို
၁၂ နှစ်ကြာခဲ့ပါတယ်။ -
7:34 - 7:37ဒါဟာ ဂုဏ်ယူစရာ အချက်တစ်ခု ဟုတ်ဘူး။
-
7:37 - 7:39နက်ရှိုင်းတဲ့ ခံပြင်းမှုရဲ့ အချက်တစ်ခုပါ။
-
7:39 - 7:42ကျွန်တို့တန်ဘိုးကို သက်သေပြတဲ့
ဆုတွေကြောင့်မဟုတ်ပဲ -
7:42 - 7:46ကျွန်မတို့ ကမ္ဘာထဲမှာ ရှင်သန်နေတာ
မြင်သူက -
7:46 - 7:49ကိုယ်တိုင် မြင်တတ်ဖို့၊
-
7:49 - 7:51ကိုယ်ပိုင်တန်ဖိုးအကြောင်း
တွေးတတ်ဖို့၊ -
7:51 - 7:54အနာဂတ်တွေကို အိပ်မက်မက်
တတ်ဖို့ သင်ပေးတာကြောင့်ပါ -
7:54 - 7:56အချိန်တိုင်းပ ဒါကို ကျွန်မ သံသယစဖြစ်တယ်။
-
7:56 - 8:01ပါကစ္စတန်က Swat Valley မှာနေတဲ့
ကလေးမလေးတစ်ယောက်ရှိတာ အမှတ်ရတယ်။ -
8:01 - 8:04ဘာကြောင့်မှန်းမသိ သူ့မှာ
အမေရိကန် ရုပ်သံပြပွဲတစ်ခုရဲ့ -
8:04 - 8:06လက်တွေ့ကျတဲ့ ဒီဗီဒီတွေ သူ့မှာရှိတယ်၊
-
8:06 - 8:10ဒီထဲမှာ စာရေးဆရာဖြစ်လာခြင်းဆိုတဲ့
သူ့အိပ်မက်ကို ရောင်ပြန်ဟပ်ထာတာ မြင်ခဲ့တယ်။ -
8:11 - 8:15သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ
မာလာလာ ရေးခဲ့တာက -
8:15 - 8:17"ကျွန်မရဲ့ကိုယ်ပိုင်စကားလုံးတွေက
-
8:17 - 8:20ခြားနားမှုတစ်ခု ဖန်တီးနိုင်ပုံကို သိပြီး၊
"Ugly Betty" ဒီဗီဒီတွေနဲ့ -
8:20 - 8:24အမေရိကန် မဂ္ဂဇင်းတစ်ခုက
ဘဝအကြောင်း ကြည့်ပြီး၊နောက်မှာ -
8:24 - 8:27သတင်းစာပညာကို စိတ်ဝင်စားလာခဲ့တယ်။"
-
8:27 - 8:34(လက်ခုပ်သံများ)
-
8:34 - 8:38ကျွန်မအလုပ်ရဲ့ ၁၇ နှစ်လုံးလုံး
-
8:38 - 8:43ကျွန်မတို့အသံတွေယဉ်ကျေးမှုထဲမှာ
တည်ရှိခွင့်ရအခါ -
8:43 - 8:46၎င်းအသံတွေမှာရှိတဲ့
စွမ်းအားကို မျက်မြင်ဒီဌကြုံခဲ့တယ်။ -
8:47 - 8:49ကျွန်မ ဒါကို မြင်တယ်၊
-
8:49 - 8:52ဒါနဲ့ ကျွန်မ ရှင်သန်တယ်၊ ကျွန်မတို့အားလုံး
ဒါကို မြင်တယ်။ -
8:52 - 8:55ဖျော်ဖြေရေးမှာ၊ နိုင်ငံရေးမှာ၊
-
8:55 - 8:59စီပွားရေးမှာ၊ လူမှု ပြောင်းလဲရေးမှာ
-
8:59 - 9:03ဒါကို ကျွန်မတို့ ငြင်းလို့မရဘူး၊
ရှိနေခြင်းဟာ ဖြစ်နိုင်ခြေကို ဖန်တီးတယ်။ -
9:05 - 9:07ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၂ နှစ်လုံးလုံး
-
9:07 - 9:10ဒီဆင်ခြေတွေလည်း ကျွန်မ ကြားခဲ့တယ်၊
-
9:10 - 9:14ဘာကြောင့် ကျွန်မတို့တစ်ချို့က ယဉ်ကျေးမှု
ထဲက တည်ရှိခွင့်ရနိုင်ပြီး -
9:14 - 9:15တစ်ချို့က မရနိုင်တာအတွက်လေ။
-
9:17 - 9:19ကျွန်မတို့ဇာတ်လမ်းတွေက ပရိတ်သတ်မရှိ၊
-
9:19 - 9:22ကျွန်မတို့အတွေ့အကြုံတွေက
ပင်မစီးကြောင်းထဲမှာ ဟိန်းမနေဘူး၊ -
9:22 - 9:26ကျွန်မတို့အသံတွေဟာ ကြီးမားလွန်းတဲ့
ငွေရေးကြေးရေး စွန့်စားမှုတစ်ခုပါ။ -
9:28 - 9:30လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ
ကျွန်မ ကိုယ်စားလှယ်က -
9:30 - 9:33ဘာကြောင့် ကျွန်မ ရုပ်ရှင်မှာ နေရာတော
ရှင်းပြဖို့ ဖုန်းဆက်တယ်။ -
9:33 - 9:35သူပြောတာက "သူတို့ မင်းကို
သဘောကျတယ်၊ -
9:35 - 9:39တကယ်ပဲ မင်းကို အမျိုးမျိုးမှာ
သရုပ်ဆောင်စေချင်ပေမဲ့ -
9:39 - 9:44ရုပ်ရှင်က လူဖြူသရုပ်ဆောင်ကို
အရင်ရိုက်မှ ငွေကြေးရနိုင်တာလေ။" -
9:47 - 9:49ဒီသတင်းစကားကို ဝမ်းနည်းပက်လက်နဲ့
ပြောခဲ့ပြီး -
9:49 - 9:53ဆက်သွယ်မှုရှိတဲ့လေသံနဲ့က
"ဒါ ဘယ်လို အရှုပ်ထုပ်ဆိုတာ ငါနားလည်တယ်"တဲ့ -
9:55 - 10:01ဒါပေမဲ့ ဘာဖြစ်ဖြစ်၊ ဒါမျိုးက
အရင်က အကြိမ်ရာချီပါတယ်။ -
10:01 - 10:03မျက်နှာမှာ မျက်ရည်တွေစီကျတာ သိလိုက်တယ်။
-
10:04 - 10:08ပယ်ချခြင်းရဲ့ စူးရှရှဝေဒနာက
ကျွန်မဆီမှာ မြင့်တက်လာယ်၊ -
10:08 - 10:10ဒီနောက်မှာ အရှက်ရမှုရဲ့ အသံက
ကျွန်မကို ဆူနေတယ်။ -
10:10 - 10:14"နင်ဟာ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်လေ၊
အလုပ်တစ်ခုအတွက် ငိုတာရပ်လိုက်စမ်း။" -
10:15 - 10:19ကျရှုံးမှုကို ကိုယ်ပိုင်အဖြစ်လက်ခံတာ၊
အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုတဲ့ -
10:19 - 10:23နက်ရှိုင်းတဲ့ ရှက်စိတ်
ဒီဖြစ်စဉ်ကို နှစ်တွေချီ ဖြတ်သန်းခဲ့တယ်၊ -
10:25 - 10:26ဒါပေမဲ့ ဒီတစ်ခါ အသံသစ်တစ်သံကြားတယ်။
-
10:28 - 10:31အသံတစ်ခုက ပြေတာက "ငါ ပင်ပန်းတယ်၊
-
10:32 - 10:34ငါ စိတ်ကုန်နေပြီ"တဲ့။
-
10:34 - 10:35ကျွန်မရဲ့မျက်ရည်တွေနဲ နာကျင်မှုဟာ
-
10:35 - 10:40အလုပ် ဆုံးရှုံးတာနဲ့ မဆိုင်ဘူးဆိုတာ
နာလည်တဲ့ အသံတစ်ခုပါ။ -
10:40 - 10:44ဒါတွေဟာ တကယ်တော့ ကျွန်မအကြောင်း
ကျွန်မပြောနေတာနဲ့ ဆိုင်တာပါ။ -
10:44 - 10:48ကျွန်မရဲ့ ဘဝတစ်ခုလုံးအကြောင်းပြောခဲ့တာက
-
10:48 - 10:51အလုပ်အမှုဆောင်တွေ၊ ထုတ်လုပ်သူတွေ၊
-
10:51 - 10:54ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊
ကိုယ်စားလှယ်တွေ၊ မန်နေဂျာတွေ၊ -
10:54 - 10:57ဆရာဆရာမတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုပါ။
-
10:57 - 11:00ကျွန်မဟာ တန်ဖိုးသိပ်မရှိတဲ့လူပေါ့။
-
11:01 - 11:04နေရောင်ခံလိမ်းဆေးနဲ့ ဆံပင်ဖြောင့်တံတွေက
-
11:04 - 11:08နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ တန်ဖိုးစနစ်မှာ
အပြောင်းအလဲ ဖြစ်ပေါ်စေမှာလား တွေးမိတယ်။ -
11:10 - 11:13ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ
နားလည်လိုက်တာက -
11:13 - 11:19ကျွန်မဟာ တကယ်က စနစ်ကို
ပြောင်းဖို့ တောင်းဆိုနေတာမဟုတ်တာပါ။ -
11:19 - 11:25ကျွန်မ တောင်းဆိုနေတာက ကျွန်မကို
ခွင့်ပြုပေးဖို့နဲ့ ဒါတွေဟာ မတူဘူးဆိုတာပါ။ -
11:26 - 11:29ကျွန်မကို ယုံကြည်တဲ့ စနစ်တစ်ခုကို
ကျွန်မ မပြောင်းနိုင်ပေမဲ့ -
11:29 - 11:32ကျွန်မကိုယုံကြည်တဲ့ စနစ်ကို
ကျွန်မ ယုံကြည်တယ်။ -
11:33 - 11:35ကျွန်မ ယုံကြည်ခဲ့တယ်။
-
11:35 - 11:37ကျွန်မအနားက လူတိုင်းလိုပဲ
-
11:37 - 11:43ကျွန်မအတွက် မက်ခဲ့သလို အိပ်မက်ထဲမှာ
တည်ရှိဖို့ မဖြစ်နိုင်ဘူးလို့ယုံကြည်ခဲ့တယ်။ -
11:44 - 11:47ကျွန်မကိုယ်ကျွန်မ ပျောက်သွားအောင်
လျှောက်လုပ်နေခဲ့တယ်။ -
11:50 - 11:55ဒါက ကျွန်မကို ဖွင့်ဟပြတာ
အပြောင်းအလဲကို -
11:55 - 12:00အစစ်အမှန် မြင်ချင်တဲ့လူဖြစ်နိုင်ပေမဲ့
-
12:00 - 12:06အကြောင်းတရားတွေကို အရှိအတိုင်း
တားတဲ့ လုပ်ရပ်တွေနဲ့ လူလည်းဖြစ်နေတာပါ။ -
12:08 - 12:12ဒါက ကျွန်မကို ယုံကြည်စေတာက
အပြောင်းအလဲဟာ လူကောင်း လူဆိုး -
12:12 - 12:15ခွဲခြားခြင်းကနေ လာမှာမဟုတ်ဘူးဆိုတာပါ။
-
12:15 - 12:18ဒီဆွေးနွေးပွဲက ကျွန်မတို့အားလုံးကို
အသက်ရှူပေါက်ရခဲ့တယ်။ -
12:18 - 12:20အကြောင်းက ကျွန်မတို့အများစုဟာ
ဒါတစ်ခုမှ မဟုတ်လို့ပါ။ -
12:22 - 12:23အပြောင်းအလဲ ဖြစ်လာာမှာက
-
12:23 - 12:25တစ်ဦးချင်းစီမှာ ကိုယ့်ကိုယ်ပိုင် အခြေခံ
-
12:25 - 12:29တန်ဖိုးထားမှုတွေ၊ယုံကြည်ချက်တွေကို
မေးခွန်းထုတ်ဖို့ သတ္တိရှိလာတဲ့အခါမှာပါ။ -
12:29 - 12:35ဒီနောက် လုပ်ရပ်တွေက အကောင်းဆုံး
ရည်ရွယ်ချက်တွေကို ဦးတည်စေတာ မြင်ပါ။ -
12:37 - 12:40ကျွန်မရဲ့အိပ်မက်တွေ ဖြည့်ဆည်းဖို့၊
-
12:40 - 12:43ကျွန်မပင်ကိုအစွမ်းတွေ ကမ္ဘာကို ပေးေဝးဖို့
ကျွန်မ ဘယ်သူဆိုတာရဲ့ အမှန်တရားကို -
12:44 - 12:46ခုခံဖို့လိုတယ်လို့ ညွှန်ပြခံထားရတဲ့
-
12:46 - 12:49လူတစ်သန်းထဲက တစ်ယောက်ပါပဲ။
-
12:50 - 12:54ကျွန်မအနေနဲ့ ခုခံခြင်းကို ရပ်တန့်ပြီး
-
12:54 - 12:59ကျွန်မရဲ့ ပြည့်ဝ၊စစ်မှန်တဲ့ အတ္တအဖြစ်
စတင် တည်ရှိဖို့ အဆင်သင့်ပါ။ -
13:00 - 13:03သီးသန့်အခန်းထဲမှာ
ကခုန်နေတဲ့၊ သူ့အိပ်မက်တွေ မက်နေတဲ့ -
13:03 - 13:08အဲဒီကိုးနှစ်သမီးလေးဆီကို ပြန်သွားပြီး
တစ်ခုခုပြောလို့ ရနိုင်မယ်ဆိုရင် -
13:08 - 13:09ကျွန်မ ပြောမှာက
-
13:09 - 13:11ကျွန်မ ကိုယ်ပိုင်လက္ခဏာက အတားအဆီး မဟုတ်ပါ။
-
13:12 - 13:14ကျွန်မ ကိုယ်ပိုင်လက္ခဏာက မဟာ စွမ်းအားပါ၊
-
13:15 - 13:18ဘာကြောင့်လဲဆိုတော့ အမှန်တရားက
-
13:18 - 13:20ကျွန်မဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။
-
13:21 - 13:24သင်တို့ဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။
-
13:24 - 13:29စုပေါင်းအနေနဲ့ ကျွန်မတို့ဟာ
ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။ -
13:29 - 13:32ကျွန်မတို့ စနစ်တွေက ဒါကို ရောင်ပြန်ဟပ်ဖို့
-
13:32 - 13:35သူတို့အနေနဲ့ ဖြစ်တည်မှု
အသစ်တစ်ခု ဖန်တီးဖို့မလိုဘူး။ -
13:36 - 13:39ကျွန်မတို့ ရှင်သန်နေပြီးသား တစ်ခုကို
ခုခံနေတာကို ရပ်တန့်ဖို့ပဲလိုတာပါ။ -
13:41 - 13:42ကျေးဇူးတင်ပါတယ်။
-
13:42 - 13:46(လက်ခုပ်သံများ)
- Title:
- ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက မဟာ အင်အားတစ်ခုပါ၊ အတားအဆီးမဟုတ်ဘူး။
- Speaker:
- America Ferrera
- Description:
-
ဟောလိဝုဒ်ဟာ ကမ္ဘာကြီးက တကယ့် အသွင်သဏ္ဍာန်အား ဆန့်ကျင်နေခြင်းကို ရပ်တန့်ဖို့လိုတယ်လို့ ပြောလာသူကတော့ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာနဲ့ တက်ကြွလှုပ်ရှားသူ America Ferrera. ပါ။ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့ ကောက်ကြောင်းတွေကို ခြေရာခံရင်း မီဒီယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေရဲ့ ပိုစစ်မှန်တဲ့ ကိုယ်စားပြုမှုတွေကို တောင်းဆိုခဲ့ပါတယ်၊ ကျွန်ုပ်တို့ ဇာတ်လမ်းတွေကို ပြောပြပုံ ပြောင်းလဲမှုတစ်ခုပါ။ သူပြောတာက "ရှိနေခြင်းဟာ ဖြစ်နိုင်ခြေကို ဖန်တီးတယ်။ ကျွန်မတို့ ကမ္ဘာထဲမှာ ရှင်သန်နေတာကို မြင်သူက ကျွန်မတို့ကိုယ်တိုင် မြင်ဖို့ ၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးအကြောင်း တွေးတတ်ဖို့၊ ကျွန်မတို့ရဲ့ အနာဂတ်တွေကို အိပ်မက်မက်တတ်ဖို့ ကျွန်မတို့ကို သင်ပေးတယ်"တဲ့။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 14:02
sann tint approved Burmese subtitles for My identity is a superpower -- not an obstacle | ||
Myo Aung accepted Burmese subtitles for My identity is a superpower -- not an obstacle | ||
Myo Aung edited Burmese subtitles for My identity is a superpower -- not an obstacle | ||
sann tint edited Burmese subtitles for My identity is a superpower -- not an obstacle | ||
sann tint edited Burmese subtitles for My identity is a superpower -- not an obstacle | ||
sann tint edited Burmese subtitles for My identity is a superpower -- not an obstacle | ||
sann tint edited Burmese subtitles for My identity is a superpower -- not an obstacle | ||
sann tint edited Burmese subtitles for My identity is a superpower -- not an obstacle |