အသက် ၁၂ နှစ်အရွယ် အက်ပ် ဖန်တီးရှင် | Thomas Suarez | TEDxManhattanBeach
-
0:05 - 0:08အားလုံးကို နှုတ်ဆက်ပါတယ်၊
ကျွန်တော့အမည်က Thomas Suarez ပါ။ -
0:08 - 0:12ကျွန်တော်ဟာ အမြဲတမ်းပဲ ကွန်ပျူတာများ နှင့်
နည်းပညာတွေကို စိတ်ဝင်စားခဲ့ပါတယ်၊ -
0:12 - 0:14iPhone၊ iPod Touch၊ နှင့်
iPad တို့အတွက် -
0:14 - 0:15အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။
-
0:15 - 0:18ဒီနေ့ နှစ်ခုလောက်ကို ခင်ဗျားတို့ကို
မိတ်ဆက်ပေးချင်ပါတယ်။ -
0:18 - 0:22ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့
ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊ -
0:22 - 0:25ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး
အဲဒါဟာ ကမ္ဘာကြီးကို -
0:25 - 0:28အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။
-
0:28 - 0:30ကျွန်တော့ အကြိုက်ဆုံး နဲ့
အအောင်မြင်ဆုံး အက်ပ်က -
0:31 - 0:34Bustin Jieber ပါ- (ရယ်မောသံများ) -
-
0:34 - 0:37အဲဒါက Justin Bieber Whac-A-Mole လေ။
-
0:39 - 0:42ကျောင်းထဲက လူတော်တော်များများက
Justin Biebe မကြိုက်ခဲ့ကြလို့ -
0:42 - 0:44ကျွန်တော်က သူ့ကို
-
0:44 - 0:47အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။
-
0:48 - 0:50အဲဒါနဲ့ ကျွန်တော်ဟာ အဲဒါကို ပရိုဂရမ်
ရေးဆွဲလာလိုက်တာ -
0:50 - 0:53၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် မတိုင်မီမှာ
ဖြန့်ချိနိုင်ခဲ့ပါတယ်။ -
0:54 - 0:57လူတော်တော်များများက မင်းဒါတွေကို
ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။ -
0:58 - 1:01အဲဒီလို မေးကြတဲ့ လူတွေဟာ
မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း -
1:01 - 1:03အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။
-
1:03 - 1:05ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ
ဂိမ်းတွေကို ကစားချင်ကြတယ်၊ -
1:06 - 1:08အခုတော့ သူတို့ဟာ
ဂိမ်းတွေကို ပြုလုပ်ချင်ကြတယ်၊ -
1:08 - 1:09အဲဒါဟာ ခဲယဉ်းပါတယ်၊
-
1:09 - 1:12ကလေး အများအပြားတို့ဟာ ပရိုဂရမ်
ရေးဆွဲဖို့အတွက် -
1:12 - 1:14ဘယ်သွားရမှန်း မသိကြလို့ပါ။
-
1:14 - 1:17ဘောလုံးကစားချင်ရင်
ဘောလုံး အသင်းထဲ သွားလို့ ရနိုင်တယ်။ -
1:17 - 1:20တယော တီးချင်ရင် တယောတီး သင်ခန်းစာကို
သွားယူနိုင်တယ်။ -
1:20 - 1:22ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော?
-
1:22 - 1:24အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက
-
1:24 - 1:27အဲဒီလို အရာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့၊
-
1:27 - 1:29အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့
မများနိုင်ပါ။(ရယ်မောသံများ) -
1:30 - 1:33ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင်
ဘယ်မှာသွားပြီး ရှာရမှာလဲ? -
1:33 - 1:36ကောင်းပြီ၊ ကျွန်တော် လုပ်ကိုင်ခဲ့ပုံကို
ပြောပြမယ်။ ကျွန်တော် လုပ်ခဲ့တာက ဒီလိုပါ။ -
1:36 - 1:38ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်ဟာ
ပရိုဂရမ်တွေကို ရေးဆွဲလာခဲ့လျက် -
1:38 - 1:42ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိလာရဖို့
ဘာသာစကားအမျိုးမျိုး -
1:42 - 1:45Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။
-
1:47 - 1:49အဲဒီနောက်မှာ Apple က iPhone ကို
ထုတ်ရောင်းလာရာ -
1:50 - 1:52အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး
ဆော့ဝဲ တစုံပါလာတယ်၊ -
1:52 - 1:56အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ
iPhone အက်ပ်တွေကို -
1:56 - 1:59ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ
ပါရှိပါတယ်။ -
2:00 - 2:03အဲဒါဟာ ကျွန်တော့အတါက် အလားအလာ အသစ်တွေရဲ့
ကမ္ဘာကြီးကို ဖွင့်ပေးလိုက်ပါတယ်၊ -
2:03 - 2:07အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး
ကစားကြည့်ပြီးတဲ့ နောက်မှာ၊ -
2:07 - 2:10အက်ပ် နှစ်ခုလောက်ကို ထုတ်လုပ်ခဲ့တယ်၊
စမ်းသပ်ရေး အက်ပ် အချို့ကို ပြုလုပ်ခဲ့တယ်။ -
2:10 - 2:13အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။
-
2:13 - 2:16အဲဒီ Earth Fortune ကို ကျွန်တော်ဟာ
App Store မှာ တင်ဖို့ အသင့်ရှိလာလို့ -
2:16 - 2:20ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့
ပေးရမယ့် -
2:20 - 2:23အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို
စည်းရုံးခဲ့ရပါတယ်။ -
2:23 - 2:26သူတို့က သဘောတူလိုက်ကြလို့ အခုဆိုရင်
ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ -
2:27 - 2:30ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊
ဆရာများ၊ -
2:30 - 2:32ပြီးတော့ Apple Store မှ လူတွေမှအစ
-
2:32 - 2:33အားလုံးတို့က အကြီးအကျယ်ကို အားပေးခဲ့ကြတာဟာ
-
2:33 - 2:36ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။
-
2:36 - 2:39Steve Jobs ထံမှနေပြီး ကျွန်တော်ဟာ
လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ -
2:39 - 2:42အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ
အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ -
2:44 - 2:48ကျွန်တော့ ကျောင်းဆရာများကလည်း
ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ -
2:48 - 2:51ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို
-
2:51 - 2:53လာပြီး အက်ပ်ကို ပုံစံရေးဆွဲမှုကို
သင်ယူနိုင်ပါတယ်။ -
2:54 - 2:57ဒီလိုနည်းဖြင့် ကျွန်တော့ အတွေ့အကြုံကို
အခြားသူတွေကို မျှဝေပေးနိုင်လာပါတယ်။ -
2:59 - 3:02ကျွန်တော်တို့ဆီမှာ iPad Pilot Program
ဆိုတာ ရှိပါတယ်၊ -
3:03 - 3:05တချို ပညာရေး ဌာနတွေမှာလည်း အဲဒါ ရှိပါတယ်။
-
3:05 - 3:07ကျွန်တော်ဟာ အဲဒါရဲ့ တစိတ်တဒေသ ဖြစ်လာတာ
သိပ်ကို ကံကောင်းပါတယ်။ -
3:07 - 3:12iPad တွေကို ဘယ်လို သုံးကြရမလဲ၊
ပြီးတော့ အဲဒီ iPad တွေမှာ -
3:12 - 3:15ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ
ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ -
3:15 - 3:18ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး
-
3:18 - 3:21သူတို့ ဘယ်လို အက်ပ်တွေကို လိုချင်ကြကြောင်း
တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ -
3:21 - 3:23ကျွန်တော်တို့က ပြုစုပေးလိုက်လို့ ဈေးကွက်ကို
တင်ပေးလိုက်တဲ့ အက်ပ်တွေကို -
3:24 - 3:27ဒီဒေသ နှင့် ကျန်တဲ့ ပညာရေး ဌာနတွေအတွက်
အခမဲ့ ဖြစ်ပါမယ်၊ -
3:28 - 3:31ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို
-
3:31 - 3:33ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ
ရရှိကြမှာပါ။ -
3:35 - 3:39ကျွန်တော်တို့ ခေတ်ထဲမှာ၊
ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် -
3:39 - 3:42နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။
(ရယ်မောသံများ) -
3:46 - 3:49ဒီတော့- (ရယ်မောသံများ) -
-
3:50 - 3:53ဆောရီးပဲ - (ရယ်မောသံများ) -
-
3:55 - 3:57ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊
-
3:57 - 4:00ပညာရေး နယ်ပယ်ထဲက လူတွေဟာ
ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက် -
4:00 - 4:02ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။
-
4:03 - 4:07ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေကို
လုပ်ကိုင်လိုတာကို ပြောပြရင်း နိဂုံးချုပ်လိုပါတယ်။ -
4:08 - 4:12ပထမဦးဆုံးအနေနဲ့ ကျွန်တော်ဟာ အက်ပ် အသစ်တွေ
ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ -
4:12 - 4:15ကျွန်တော်ဟာ အက်ပ် တခုကို ထုတ်လုပ်ဖို့ကို
ဘေးမှ အဖွဲ့အစည်းတခုနဲ့ လက်တွဲလုပ်ကိုင်နေတယ်။ -
4:16 - 4:20ကျွန်တော်ဟာ Android ပရိုဂရမ် ရေးဆွဲမှု နဲ့
ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်ပါတယ်၊ -
4:20 - 4:22ပြီးတော့ ကျွန်တော့ အက်ပ် ကလပ်ကိုလည်း
ဆက်ပြီး လုပ်ကိုင်သွားမှာပါ၊ -
4:22 - 4:24အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့
-
4:24 - 4:26တခြားနည်းလမ်းတွေကိုလည်း ရှာကြံသွားမှာပါ။
-
4:26 - 4:28ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
- Title:
- အသက် ၁၂ နှစ်အရွယ် အက်ပ် ဖန်တီးရှင် | Thomas Suarez | TEDxManhattanBeach
- Description:
-
အသက် ၁၂ အရွယ် ကလေးအများစုတို့ဟာ ဗီဒီယိုဂိမ်းတွေ ကစားရတာကို ကြိုက်ကြပေမဲ့ Thomas Suarez ကျတော့ သူကိုယ်တိုင်က ၎င်းတို့ကို ဖန်တီးတတ်ရန် သင်ယူခဲ့ပါတယ်။ iPhone အက်ပ် တခုဖြစ်တဲ့ "Bustin Jeiber" Whac-A-Mole ဂိမ်းကို ပြုစုခဲ့တဲ့ နောက်မှာ သူဟာ သူ့ကျွမ်းကျင်မှုတွေ အသုံးချပြီး အခြား ကလေးတွေပါ အဲဒီလို ပြုစုထုတ်လုပ်မယ့် သူတွေ ဖြစ်လာအောင် စည်းရုံးအားပေးနေပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 04:34
Myo Aung approved Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
sann tint accepted Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for A 12-year-old app developer | Thomas Suarez | TEDxManhattanBeach |