Return to Video

သင့်ကိုယ်တွင်းမှာရှိတဲ့ စုံလင်ကွဲပြားမှုရဲ့ စွမ်းအား။

  • 0:01 - 0:03
    ကျွန်မတို့ လက်တွေကိုဆုပ်ကိုင်ထားရင်း
  • 0:03 - 0:04
    တံခါးကို ငေးကြည့်နေတယ်။
  • 0:04 - 0:07
    ကျွန်မတို့မောင်နှမတွေဟာ အမေ
    ဆေးရုံက ပြန်အလာကို
  • 0:07 - 0:09
    စောင့်နေခဲ့ကြတာပေါ့။
  • 0:09 - 0:13
    အဲဒီနေ့က ကျွန်မတို့အဖွား ကင်ဆာခွဲစိတ်မှု
    ရှိတာကြောင့် အမေက အဲဒီကိုရောက်နေတာပါ။
  • 0:14 - 0:17
    နောက်ဆုံးတော့ တံခါးပွင့်လာတယ်၊
  • 0:17 - 0:19
    အမေပြောတာက
  • 0:19 - 0:20
    "အဖွားဆုံးသွားပြီ၊
  • 0:20 - 0:21
    အဖွားဆုံးသွားပြီ"တဲ့။
  • 0:22 - 0:24
    အမေဟာ ရှိုက်ငိုပြီး
    ချက်ချင်းပြောလိုက်တာက
  • 0:24 - 0:27
    "ငါတို့တွေ စီစဉ်စရာတွေ စီစဉ်ရမယ်၊
  • 0:27 - 0:32
    မင်းတို့အဖွားရဲ့ ဆုံးခါနီးဆန္ဒက
    ကိုရီးယားမှာ ပြန်ပြီးမြေမြှပ်ဖို့တဲ့။"
  • 0:34 - 0:38
    ကျွန်မက အသက် ၁၂ နှစ်ပဲရှိသေးပြီး
    ထိတ်လန့်တာ ပြယ်သွားတော့
  • 0:38 - 0:41
    အမေ့ရဲ့စကားလုံးတွေဟာ ကျွန်မနားထဲမှာ
    မြည်ဟည်းနေတယ်။
  • 0:42 - 0:45
    ကျွန်မရဲ့အဖွားက မွေးရပ်မှာ
    ပြန်မြှုပ်စေချင်ခဲ့တယ်။
  • 0:47 - 0:52
    ကျွန်မတို့က ကိုရီးယားကနေ အာဂျင်တီးနားကို
    အရင် ခြောက်နှစ်က ပြောင်းခဲ့တာပါ၊
  • 0:52 - 0:56
    စပိန်လိုမတတ်၊ ဘယ်လိုလုပ်ကိုင်
    စားသောက်ရမလဲဆိုတာ မသိဘဲနဲ့ပါ။
  • 0:57 - 1:01
    ရောက်လာတဲ့အခါ ကျွန်မတို့ဟာ အရာရာဆုံးရှုံး
    ခဲ့တဲ့ ရွေ့ပြောင်းနေထိုင်သူတွေဆိုတော့
  • 1:01 - 1:05
    ကျွန်မတို့ ဘဝတွေတည်ဆောက်ဖို့
    တကယ့်ကို အလုပ်ကြိုးစားခဲ့ရတယ်။
  • 1:05 - 1:08
    ဒီတော့ ဒီနှစ်တွေနောက်ပိုင်းမှာ
    ကိုယ့်အိမ်က ကိုရီးယားမှာပဲဆိုတာ
  • 1:08 - 1:11
    စိတ်ထဲမှာ ပေါ်မလာခဲ့ဘူး။
  • 1:13 - 1:17
    ဒါက ဘယ်နေရာမှာကိုယ့်ကို မြေမြှုပ်စေချင်လဲ၊
    ကျွန်မအတွက် အိမ်က ဘယ်မှာလဲလို့
  • 1:17 - 1:19
    ကျွန်မကို တွေးမိစေခဲ့ပြီး
  • 1:19 - 1:21
    အဖြေက မရှင်းလင်းခဲ့ဘူး။
  • 1:21 - 1:24
    ဒါက ကျွန်မကို အတော် စိတ်
    အနှောင့်အယှက်ပေးခဲ့တယ်။
  • 1:25 - 1:30
    ဒါနဲ့ ဒီဖြစ်ရပ်က ကိုယ့်ကိုယ်ပိုင်လက္ခဏာကို
    ရာသက်ပန်ရှာဖွေမှုကို စတင်စေခဲ့တယ်။
  • 1:31 - 1:35
    ကျွန်မက ကိုရီးယားမှာမွေးတယ်၊
    ကင်မ်ချီရဲ့ တိုင်းပြည်လေ၊
  • 1:35 - 1:37
    အာဂျင်တီးနားမှာ ကြီးပြင်းခဲ့တယ်၊
  • 1:37 - 1:42
    ဒီမှာ အမဲကင်တွေစားလွန်းတော့ အခု ကျွန်မဟာ
    ၈၀ ရာခိုင်နှုန်းက နွားဖြစ်လောက်ပြီလေ။
  • 1:42 - 1:44
    အမေရိကမှာ ပညာသင်ကြားခဲ့တယ်၊
  • 1:44 - 1:47
    အဲဒီမှာ မြေပဲထောပတ်ကို
    စွဲလန်းလာခဲ့တာပေါ့။
  • 1:47 - 1:48
    (ရယ်သံများ)
  • 1:48 - 1:52
    ကလေးဘဝအတွင်းမှာ
    အာဂျင်တီးနားသူလို့ အရမ်းခံစာမိပေမဲ့
  • 1:52 - 1:55
    တစ်ခါတစ်ရံကျတော့ ကျွန်မရဲ့ရုပ်က
    ဖောက်နေတတ်တယ်လေ။
  • 1:55 - 1:58
    အလယ်တန်းကျောင်းတုန်းက
    ပထမရက်ကို မှတ်မိနေတယ်။
  • 1:58 - 2:01
    ကျွန်မရဲ့ စပိန်စာပေ ဆရာမက
    အခန်းထဲဝင်လာတယ်၊
  • 2:01 - 2:03
    ကျွန်မတန်းဖော်တွေအားလုံးကို
    စေ့စေ့ကြည့်ကာ
  • 2:03 - 2:04
    ပြောလိုက်တာက
  • 2:04 - 2:07
    "နင်၊ နင် သီးသန့်ဆရာ
    ခေါ်ဖို့လိုတယ်နော်၊
  • 2:07 - 2:10
    မဟုတ်ရင် နင်ဒီအတန်းကို
    အောင်မှာမဟုတ်ဘူး"တဲ့။
  • 2:10 - 2:14
    ဒါပေမဲ့ အဲဒီမတိုင်ခင်ကကို ကျွန်မဟာ
    စပိန်ဘာသာကို ကျွမ်းကျင်ပြီးသားပါ၊
  • 2:14 - 2:19
    ဒီတော့ ကျွန်မဟာ ကိုရီးယား(သို့)အာဂျင်
    တီးနား တစ်ခုခုဖြစ်နိုင်ပေမဲ့ နှစ်ခုစလုံး
  • 2:19 - 2:21
    မဖြစ်နိုင်ဘူးလို့
    ခံစားမိတယ်။
  • 2:21 - 2:23
    ဒါက သုည အပေါင်းကစားနည်းလိုပါ၊
  • 2:23 - 2:26
    အသစ်တစ်ခုကို ရရှိနိုင်ဖို့
  • 2:26 - 2:30
    ကျွန်မရဲ့ကိုယ်ပိုင်လက္ခဏာ
    ဟောင်းကို စွန့်လွှတ်ဖို့လိုခဲ့တာပေါ့။
  • 2:31 - 2:35
    ဒီတော့ ၁၈ နှစ်ရောက်တဲ့အခါမှာ
    ကိုရီးယားကို သွားဖို့ဆုံးဖြတ်ခဲ့တယ်၊
  • 2:35 - 2:39
    အိမ်လို့ခေါ်နိုင်မယ့် နေရာတစ်ခုကို ရှာဖို့
    မျှော်လင့်ရင်းပေါ့။
  • 2:39 - 2:41
    ဒါပေမဲ့ အဲဒီက လူတွေကကျွန်မကို မေးတာက
  • 2:42 - 2:45
    "နင်ဘာလို့ ကိုရီးယားစကားကို
    စပိန်လေသံနဲ့ ပြောတာလဲ"တဲ့။
  • 2:45 - 2:46
    (ရယ်သံများ)
  • 2:46 - 2:49
    ပြီးတော့ "နင်ဟာ ဂျပန်လူမျိုးဖြစ်ရမယ်၊
    နင့်မျက်လုံးတွေက အကြီးကြီးတွေ၊
  • 2:49 - 2:52
    နင့်ရဲ ပင်ကိုမဟုတ်တဲ့
    ကိုယ်လက်အမူအရာလေ"
  • 2:52 - 2:57
    ဒီလိုနဲ့ ဖြစ်သွားတာက ကျွန်မဟာ
    အာဂျင်တီးနားဖြစ်ဖို့ ကိုရီးယာဆန်လွန်းပေမဲ့
  • 2:57 - 2:59
    ကိုရီးယာဖြစ်ဖို့ အာဂျင်တီးနား
    ဆန်လွန်းနေတာလေ။
  • 3:00 - 3:03
    ဒါက ကျွန်မအတွက် အရေးပါတဲ့
    အသိတရားတစ်ခုဖြစ်ခဲ့တယ်။
  • 3:04 - 3:09
    ကမ္ဘာထဲမှာ အိမ်လို့ခေါ်ဖို့ နေရာကိုရှာဖို့
    မအောင်မြင်ခဲ့ဘူး။
  • 3:09 - 3:14
    ဒါပေမဲ့ စပိန်လေသံနဲ့ပြောတဲ့
    ဂျပန်ရုပ်ပေါက်တဲ့ ကိုရီးယား
  • 3:14 - 3:17
    ပိုပြီးတိကျရမယ်ဆို
    အာဂျင်တီးနား လေသံပေါ့
  • 3:17 - 3:19
    ဘယ်နှစ်ယောက်များ ဒီမှာရှိတယ်ထင်လဲ။
  • 3:19 - 3:22
    ဒါဟာ အကျိုးကေးဇူတစ်ခု ဖြစ်နိုင်လောက်တယ်။
  • 3:23 - 3:25
    ထူးခြားနေဖို့က ကျွန်မအတွက် လွယ်ကူခဲ့တယ်။
  • 3:25 - 3:28
    ဒါက အလျှင်အမြန်ပြောင်းလဲနေတဲ့
    ကျွမ်းကျင်မှုတွေဟာ ညတွင်ချင်းကို
  • 3:28 - 3:31
    ခေတ်နောက်ကျကျန်နိုင်တဲ့
    ကမ္ဘာတစ်ခုမှာ မထိခိုက်နိုင်ပါဘူး။
  • 3:32 - 3:38
    ဒီတော့ ကျွန်မဆုံတွေ့ခဲ့တဲ့ လူတွေနဲ့
    ရာနှုန်းပြည့် တူညီမှုကို ရှာနေတာကို
  • 3:38 - 3:40
    ကျွန်မ ရပ်လိုက်တယ်။
  • 3:40 - 3:46
    ဒီအစား ကျွန်မဟာ မကြာခဏဆိုသလို
    တစ်ဦးကိုတစ်ဦး အမြဲလို ဝိရောဓိဖြစ်နေတဲ့
  • 3:46 - 3:50
    လူစုတွေကြားမှာ ထပ်ယှက်နေတာလို့ပဲ
    သဘောပေါက်ခဲ့တယ်။
  • 3:51 - 3:54
    ဒီတော့ စိတိထဲကဒီအသိတရားနဲ့
  • 3:54 - 3:58
    ကျွန်မကိုယ်တိုင်ရဲ့ မတူတဲ့ပုံစံအားလုံးကို
    လက်ခံယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 3:58 - 4:03
    တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို
    ဆန်းသစ်တီထွင်ဖို့တောင် ခွင့်ပြုလိုက်တယ်။
  • 4:03 - 4:07
    ဒီတော့ ဥပမာအနေနဲ့ အထက်တန်းကျောင်းမှာ
  • 4:07 - 4:09
    ကျွန်မဟာ တကယ့် ဂွတီးဂွကျပဲ
    ဆိုတာဝန်ခံရမယ်။
  • 4:09 - 4:12
    လှလှပပ မနေတတ်ခဲ့ဘူး
    မျက်မှန်ကထူထူ၊ ဆံပင်ပုံစံက ရိုးရိုးနဲ့လေ၊
  • 4:12 - 4:14
    စိတ်ကူးကြည့်နိုင်ပါတယ်
  • 4:14 - 4:18
    တကယ်တော့ ကျွန်မရဲ့အိမ်စာတွေ မျှဝေ
    လို့ သူငယ်ချင်းတွေရှိခဲ့တာလို့ထင်တယ်။
  • 4:18 - 4:19
    ဒါက အမှန်တရားပါ။
  • 4:20 - 4:22
    ဒါပေမဲ့ တစ်ခါတော့ တက္ကသိုလ်မှာ
  • 4:22 - 4:25
    ကျွန်အတွက် ကိုယ်ပိုင်လက္ခဏာသစ်တစ်ခု
    ရှာတွေ့နိုင်ခဲ့ပြီး
  • 4:25 - 4:29
    ဂွတီးဂွကျက လူသိများတဲ့ကောင်မလေး
    ဖြစ်လာခဲ့တယ်။
  • 4:30 - 4:31
    ဒါပေမဲ့ MIT မှာဆိုတော့
  • 4:31 - 4:34
    ဒါအတွက် အမှတ်အများကြီးယူနိုင်
    မလားဆိုတာ ကျွန်မ မသိဘူး။
  • 4:34 - 4:36
    အဲဒီမှာ ပြောတဲ့အတိုင်းဆို
  • 4:36 - 4:38
    "တစ်မူထူးတာတွေက ကောင်းတယ်၊
  • 4:38 - 4:40
    ဒါပေမဲ့ ကောင်းတာတွေက တစ်မူထူးတယ်"တဲ့။
  • 4:41 - 4:42
    (ရယ်သံများ)
  • 4:43 - 4:47
    အဓိဘာသာတွေကို အကြိမ်အများကြီး
    ပြောင်းလွန်းလို့ အကြံပေးတွေက
  • 4:47 - 4:50
    ကျွန်မဟာ "ကြုံရာ လေ့လာမှု"ဘွဲ့
    ယူသင့်တယ်လို့ ဟာသလုပ်ကြတယ်။
  • 4:50 - 4:52
    (ရယ်သံများ)
  • 4:52 - 4:53
    ဒါကို ကလေးတွေကိုပြောခဲ့တယ်
  • 4:53 - 4:58
    ဒီနောက် နှစ်တွေကြာတော့ ကျွန်မမှာ မတူတဲ့
    ကိုယ်ပိုင်လက္ခဏာတွေ အများကြီးရခဲ့တယ်။
  • 4:59 - 5:02
    တီထွင်သူ၊ စီးပွားရေးစွမ်းဆောင်ရှင်
    အနေနဲ့ စတင်ခဲ့တယ်။
  • 5:02 - 5:06
    ဒီနောက် ရင်းနှီးမြှပ်နှံသူ၊
    စက်မှုသိပ္ပံက အမျိုးသမီး၊
  • 5:06 - 5:07
    ကျောင်းဆရာမ
  • 5:07 - 5:08
    ဖြစ်လာခဲ့တယ်။
  • 5:08 - 5:11
    သိပ်မကြာခင်ကတော့ မိခင်တစ်ဦး
    ဖြစ်လာခဲ့တယ်၊
  • 5:11 - 5:15
    ဒါမှမဟုတ် ကျွန်မရဲ့ လမ်းလျှောက်ခါက
    ကလေး ခဏခဏပြောသလို
  • 5:15 - 5:18
    နေ့ရောညပါ "မေမေ" ပေါ့။
  • 5:19 - 5:24
    ကျွန်မရဲ့ ဝဲသံကတောင် ရောထွေးခဲ့တာလေ။
  • 5:24 - 5:26
    ၎င်းရဲ့မူလကို မရှင်းလင်းလွန်းတော့
  • 5:26 - 5:29
    မိတ်ဆွေတေွက ခေါ်တာက "Rebecanese"တဲ့။

  • 5:29 - 5:31
    (ရယ်သံများ)
  • 5:31 - 5:34
    ဒါပေမဲ့ မိမိကိုယ်ကို ဆန်းသစ်တီထွင်ဖို့က
    အတော် ခက်ခဲနိုင်ပါတယ်
  • 5:34 - 5:37
    တစ်ခါတစ်လေမှာ အတိုင်အခံ
    အများကြီး သင်ကြုံရနိုင်တယိ။
  • 5:37 - 5:41
    ကျွန်မရဲ့ ပါရဂူဘွဲ့ ပြီးခါနီးလေးမှာ
  • 5:41 - 5:43
    စီးပွားရေးစွမ်းဆောင်မှုပိုး အကိုက်ခံရတယ်။
  • 5:43 - 5:45
    ကျွန်မက Silicon Valley မှာပါ၊
  • 5:45 - 5:51
    ဒါနဲ့ မြေအောက်ခန်းမှာ ကိုယ်ပိုင်ကုမ္ပဏီ
    စဖို့လောက် စိတ်ဝင်စားစရာ ကောင်းပုံမရတဲ့
  • 5:51 - 5:52
    သုတေသနစာတမ်းတစ်စောင်ရေးနေတယ်။
  • 5:52 - 5:56
    ဒါနဲ့ ကျွန်မရဲ့ အင်မတန်
    ရိုးရာဆန်တဲ့ မိဘတွေဆီသွားခဲ့တယ်။
  • 5:56 - 5:57
    ဒီနေ့ ဒီမှာရှိပါတယ်
  • 5:57 - 5:59
    ကျွန်မ ပါရဂူတန်းကနေ
  • 5:59 - 6:02
    ထွက်တော့မယ်လို့ သူတို့ကို အသိပေးဖို့ပေါ့။
  • 6:02 - 6:07
    မြင်တဲ့အတိုင်း ကျွန်မတို့မောင်နှမတွေဟာ
    တက္ကသိုလ်တက်ဖို့ ပထမဆုံးမျိုးဆက်ပါ။
  • 6:07 - 6:10
    ရွေ့ပြောင်းနေထိုင်သူ မိသားစုအတွက်တော့
    ဒါဟာ ရေးကြီးခွင်ကျယ်ဖြစ်တာမျိုးလေ။
  • 6:10 - 6:13
    ဒီဆွေးနွေးမှု ဘယ်လိုဖြစ်တော့မယ့်ဆိုတာ
    စိတ်ကူးကြည့်လို့ရတယ်။
  • 6:14 - 6:18
    ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်မဆီမှာ
    လက်နက်ပုန်းတစ်ခုရှိတယ်၊
  • 6:18 - 6:25
    ဒါက Stanfor d PhD
    အစီအစဉ်တွေကဘွဲ့ရအားလုံးရဲ့
  • 6:25 - 6:27
    ပျမ်းမျှဝင်ငွေပါတဲ့ ဇယားတစ်ခုပါ။
  • 6:27 - 6:31
    ဒီနောက်Stanford ဘွဲ့ရ အစီအစဉ်က
    ကျောင်းထွက်သွားသူတွေရဲ့
  • 6:31 - 6:32
    ပျမ်းမျှဝင်ငွေပေါ့။
  • 6:33 - 6:34
    (ရယ်သံများ)
  • 6:34 - 6:36
    ကျွန်မပြောရမှာက ဒီဇယားဟာ
    Google တည်ထောင်သူတွေကနေ
  • 6:36 - 6:38
    တကယ့်ကို ဘက်လိုက်ထားတာပါ။
  • 6:38 - 6:39
    (ရယ်သံများ)
  • 6:39 - 6:41
    ဒါပေမဲ့ အမေက ဇယားကိုကြည့်ပြီး
  • 6:41 - 6:42
    ပြောလိုက်တာက
  • 6:42 - 6:46
    "အိုး နင့်အတွက်ကတော့
    စိတ်သန်ရာသာ လိုက်တော့ဟေ့"တဲ့။
  • 6:46 - 6:47
    (ရယ်သံများ)
  • 6:47 - 6:49
    ဟိုင်း မေးမေ။
  • 6:50 - 6:57
    ယနေ့ ကျွန်မရ်ကိုယ်ပိုင်လက္ခဏာ ရှာဖွေမှုက
    ကိုယ့်လူမျိုးစုကို ရှာဖို့မဟုတ်တော့ဘူး။
  • 6:57 - 6:59
    ကျွန်မကိုယ်တိုင်ရဲ့ ဖြစ်နိုင်သမျှ
    အတွဲစဉ်အားလုံးကို
  • 6:59 - 7:03
    လက်ခံယုံကြည်ဖို့
    ကိုယ့်ကိုယ်ကို ခွင့်ပြုခြင်းနဲ့
  • 7:03 - 7:09
    ကိုယ့်ဝန်းကျင်ကတင်မဟုတ်ပဲ
    ကျွန်မကိုယ်တွင်းက ထွေပြားမှုကို
  • 7:09 - 7:11
    ပျိုးထောင်ပေးခြင်းနဲ့ ပိုဆိုင်ပါတယ်။
  • 7:12 - 7:15
    ယနေ့ဆို ကျွန်မသားတွေဟာသုံးနှစ်သားနဲ့
    ငါးလသားတွေပါ။
  • 7:15 - 7:19
    သူတို့ဟာ လူမျိုးသုံးမျိုးနဲ့
    ဘာသာစကားလေးမျိုးနဲ့အတူ
  • 7:19 - 7:20
    မွေးဖွားလာခဲ့တယ်။
  • 7:21 - 7:26
    အခု ကျွန်မထည့်ပြောသင့်တာက ကျွန်မခင်ပွန်းက
    တကယ်တော့ ဒိန်းမတ်ကဆိုတာပါ၊
  • 7:26 - 7:28
    လိုရမည်ရကျွန်မဘဝမှာ ယဉ်ကျေးမှု
    နေသားမကျမှုတွေ သိပ်မရှိအောင်
  • 7:28 - 7:30
    ဒိန်းမတ်သားကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 7:30 - 7:33
    တကယ်တမ်းက ကျွန်မကလေးတွေဟာ
    အသက်ကြီးလာတဲ့အခါ မုတ်ဆိတ်မွေးပေါက်တာ
  • 7:33 - 7:37
    အခက်ကြုံကြမယ့် ပထမဦးဆုံး
    ဗိုက်ကင်းတွေလို့ ကျွန်မထင်တယ်။
  • 7:37 - 7:38
    (ရယ်သံများ)
  • 7:38 - 7:40
    ဟုတ်တယ်၊ ဒါကို လုပ်ဖို့ လိုမယ်လေ။
  • 7:40 - 7:46
    ဒါပေမဲ့ တကယ်မျှော်လင့်မိတာက မျိုးစုံမှုဟာ
    သူတို့ရဲ့ဘဝတွေမှာ သူတို့အတွက်
  • 7:46 - 7:50
    တံခါးအများကြီးကိုဖွင့်ပေး၊
    ဖန်တီးပေးကာမယ်ဆိုတာ သူတို့တွေ့ရှိမယ်၊
  • 7:50 - 7:54
    ဒါကို ယနေ့ တိုးတိုးပြီး တူညီလာနေတဲ့
    ကမ္ဘာတစ်ခုအတွင်းက
  • 7:54 - 7:58
    ဘုံတူညီမှုကိုရှာဖို့ နည်းလမ်းတစ်ခုအဖြစ်
    သူတို့ အသုံးပြုနိုင်တယ်ဆိုတာပါ။
  • 7:58 - 8:02
    မျှော်လင့်တာက တစ်ဘူးတည်းမှာ ဝင်ဆန့်
    နိုင်မယ် မထင်ပါဘူး
  • 8:03 - 8:05
    (သို့) သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာဟာ
  • 8:05 - 8:08
    တစ်နေ့နေ့မှာ မဆီမဆိုင်ဖြစ်လာမယ်လို့
    ပူပန်၊သောကဖြစ်နေမယ့်အစား
  • 8:08 - 8:11
    ကိုယ်ပိုင် ဇာတ်လမ်းနဲ့ကိုယ်ပိုင်လက္ခဏာကို
  • 8:11 - 8:17
    စမ်းသပ်၊ဖို့၊ ထိန်းချုပ်ဖို့
    စိတ်ကြိုက်လုပ်နိုင်တာပါ။
  • 8:17 - 8:20
    မျှော်လင့်သေးတာက သူတို့ရဲ့
    တန်ဖိုးတွေ၊ ဘာသာစကားတွေ၊
  • 8:21 - 8:26
    ယဉ်ကျေးမှုတွေနဲ့ ကျွမ်းကျင်မှုတွေရဲ့
    တမူထူးတဲ့ ပေါင်းစပ်မှုကို
  • 8:26 - 8:27
    ကိုယ်ပိုင်လက္ခဏာဟာ
  • 8:28 - 8:33
    ခြားနားပုံရတာကို ဖယ်ကြဉ်ဖို့မဟုတ်တော့ဘဲ
    လူတွေကို အတူစုစည်းပေးဖို့ဆိုတဲ့
  • 8:33 - 8:37
    ကမ္ဘာတစ်ခုဖန်တီးဖို့
    အသုံးပြုကြမယ်ဆိုတာပါ။
  • 8:38 - 8:41
    အရေးအကြီးဆုံးက
    ဒီမြေပုံမှာမပါတဲ့ နယ်မြေတွေကနေ
  • 8:41 - 8:46
    သွား မှာ ကြီးမားတဲ့ ဝမ်းသာမှု
    သူတို့တွေ့တာကို တကယ် မျှော်လင့်ပါတယ်။
  • 8:46 - 8:47
    အကြောင်းက ကျွန်မမှာရှိတာ သိလို့ပါ။
  • 8:50 - 8:52
    ကဲ ကျွန်မအဖွားအတွက်ကတော့
  • 8:52 - 8:57
    သူမရဲ့ နောက်ဆုံးဆန္ဒကလည်း ကျွန်မအတွက်
    သူမရဲ့နောက်ဆုံး သင်ခန်းစာပါ။
  • 8:57 - 9:02
    ဖြစ်သွားတာက ကိုရီးယားကို ပြန်သွားပြီး
  • 9:02 - 9:03
    အဲဒီမှာ မြေမြှုပ်ဖို့မဟုတ်ဘူး၊။
  • 9:03 - 9:07
    သူမ အာဂျင်တီးနားကို ပြောင်းမလာခင်
    အချိန်များစွာက
  • 9:07 - 9:11
    ဆုံးသွားခဲတဲ့
    သူ့သားရဲ့ဘေးနာမှာ အနားယူခြင်းပါ။
  • 9:12 - 9:16
    သူမအတွက် အရေးကြီးတာက
    သူမရဲ့အတိတ်နဲ့ ကမ္ဘာသစ်ကို
  • 9:16 - 9:19
    ပိုင်းခြားထားတဲ့ သမုဒ္ဒရာမဟုတ်ဘူး၊
  • 9:20 - 9:26
    အခြေခံတူညီမှုကို ရှာဖွခြင်းပါ။
  • 9:26 - 9:27
    ကျေးဇူးတင်ပါတယ်။
  • 9:27 - 9:30
    (လက်ခုပ်သံများ)
Title:
သင့်ကိုယ်တွင်းမှာရှိတဲ့ စုံလင်ကွဲပြားမှုရဲ့ စွမ်းအား။
Speaker:
Rebeca Hwang
Description:

Rebeca Hwang ဟာ ကိုယ်ပိုင်လက္ခဏာတွေ အပြောင်းအလဲလုပ်ရင်း တစ်သက်တာလုံးကို ကုန်ဆုံးခဲ့ပါတယ်၊ ကိုရီးယား မျိုးရိုး၊ အာဂျင်တီးနားမှာ ကြီးပြင်းလာခြင်း၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူခြင်းပါ။ အချိန်ကာလများစွာ အိမ်လို့ခေါ်ဖို့ ကမ္ဘာထဲက နေရာတစ်ခုကိုရှာဖို့ မလွယ်ခဲ့သူပါ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေနဲ့အတူ ပါလာတဲ့ အချက်အချာကျတဲ့ အသိတရားတစ်ခုက မျိုးစုံတဲ့ နောက်ခံအကြောင်းတစ်ခုဟာ ယနေ့ နိုင်ငံတကာကိုပေါင်းစည်းလာစေနေတဲ့ ကမ္ဘာထဲမှာ ထူးခြားတဲ့ အားသာချက်တစ်ခုဖြစ်တယ်ဆိုတာပါ။ ဒီကိုယ်ရေးကိုယ်တာအကြောင်း ဟောပြောချက်ထဲမှာ Hwang ကနေပြီး အစိတ်အပိုင်းများစွာပါဝင်တဲ့ ကိုယ်ပိုင်လက္ခဏာတွေကို လက်ခံယုံကြည်ခြင်းရဲ့ အဆုံးမဲ့ အကျိုးကျေးဇူးတွေကို လှစ်ဟပြပြီး ကိုယ်ပိုင်လက္ခဏာတွေဟာ အရင်ကလို ဖယ်ကြဉ်ခံနေရတာမျိုးမဟုတ်ပဲ ဒီအစား လူတွေကို အတူစုစည်းပေးတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးခြင်းအတွက် သူမရဲ့ မျှော်လင့်ချက်တွေကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:44

Burmese subtitles

Revisions