-
Title:
တကယ်ပဲ ရာသီဥတုအခြေအနေက ပိုမို ပြင်းထန်လာနေပြီလား။
-
Description:
အပြည့်အစုံကို https://ed.ted.com/lessons/is-the-weather-becoming-more-extreme-r-saravanan တွင် ကြည့်ရှုနိုင်ပါတယ်။
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနစ်အတွင်း စံချိန်တင် အပူလှိုင်းများ၊ ပြင်းထန်တဲ့တောမီးလောင်မှုများ နှင့် အရှည်ကြာဆုံး အပူပိုင်းဆိုင်ကလုန်းအမျိုးအစား၅ ကို တွေ့ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်လေးဆယ်အတွင်း ဆိုးရွားတဲ့မိုးလေ၀သအဖြစ်အပျက်အရေအတွက်မှာ တိုးမြင့်လျက်ရှိပြီး ထိုကဲ့သို့ ဆက်လက်ဖြစ်ပွားလိမ့်မည်ဟု ခန့်မှန်းထားကြပါတယ်။ ဒါဆို ဒီဆိုးရွားပြင်းထန်တဲ့ မိုးလေ၀သအခြေအနေမြင့်တက်လာမှုက အမှတ်မထင် ဖြစ်ပေါ်မှုပဲလား ဒါမှမဟုတ် ပြောင်းလဲနေတဲ့ရာသီဥတုကြောင့်လားဆိုတာကို R. Saravanan က လေ့လာထားပါတယ်။ သင်ခန်းစာကို R. Saravanan က ပြုစုပြီး Hype CG က ရိုက်ကူးထားပါတယ်။
-
Speaker:
R. Saravanan
-
၂၀၁၆ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း
-
မိုးလေ၀သပညာရှင်များက ကမ္ဘာတ၀န်းမှာ
အပူလှိုင်းစံချိန်သစ်များ၊
-
ဆိုးရွားတဲ့ ကယ်လီဖိုးနီးယားနဲ့
ဩစတေးလျ တောမီးလောင်မှုတွေနဲ့
-
အကြာဆုံး အပူပိုင်း ဆိုင်ကလုန်းအမျိုးအစား
၅ မျိုးတို့ကို ကြုံတွေ့ခဲ့ရပါတယ်။
-
အနှစ်လေးဆယ်အတွင်း ပြင်းထန်တဲ့မိုးလေ၀သ
အခြေအနေ အရေအတွက် မြင့်တက်လျက်ရှိပြီး
-
အလားတူ ဆက်လက်ဖြစ်ပွားနိုင်ခြေ
ရှိတယ်လို့ ခန်ံ့မှန်းထားကြပါတယ်။
-
ဒါပေမဲ့ ဒီသဘာ၀ဘေးအန္တရာယ်တွေက
သာမန် မိုးလေ၀သအခြေအနေ ဆိုးရွားမှုပဲလား။
-
ဒါမှမဟုတ် ရာသီဥတုပြောင်းလဲမှုကြောင့်လား။
-
ဒီမေးခွန်းကိုဖြေဖို့အတွက်
-
မိုးလေ၀သနှင့်ရာသီဥတုတို့ရဲ့ ခြားနားချက်၊
သူတို့အကြောင်း၊ကြိုတင်ခန့်မှန်းချက်ထုတ်ပုံ
-
ယင်းခန့်မှန်းချက်များနောက်ကွယ်က
ညွှန်ပြချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။
-
ပညာရှင်များက "မိုးလေ၀သ"ကို
ဒေသတစ်ခုရဲ့ အချိန်ကာလတစ်ခုအတွင်းရှိ
¶
-
လေထုအခြေအနေလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
-
လက်ရှိမှာ သုတေသီများက နောင်လာမည့်
အပတ်အတွက် ဒေသတွင်းမိုးလေ၀သအခြေအနေကို
-
အကြမ်းအားဖြင့် ၈၀%ခန့်
တိကျအောင် ခန့်မှန်းနိုင်ကြပါတယ်။
-
"ရာသီဥတု"ကတော့ ဒေသတစ်ခုရဲ့ လတစ်လ
ဒါမှမဟုတ် တစ်လထက်ပိုတဲ့ကာလအတွင်း
-
လေထုရဲ့ပျမ်းမျှအခြေအနေကို ပြသပါတယ်။
-
ရာသီဥတုခန့်မှန်းချက်များက လာမည့်ဆယ်စုနှစ်
ရဲ့ပျမ်းမျှအပူချိန်ကို ခန့်မှန်းနိုင်ပေမဲ့
-
ဖြစ်လာနိုင်တဲ့မိုးလေ၀သအခြေအနေ
အတိအကျကိုတော့ မပြောပြနိုင်ပါဘူး။
-
ဒီခန့်မှန်းချက်နှစ်မျိုးက မတူညီတဲ့
အချက်အလက်တွေအပေါ်
¶
-
အခြေခံထားတာဖြစ်တဲ့အတွက်
ယခုလို ကွဲပြားနေရခြင်း ဖြစ်ပါတယ်။
-
မိုးလေ၀သအခြေအနေကို ခန့်မှန်းနိုင်ဖို့
¶
-
ပညာရှင်များအနေနဲ့ ဒေသတစ်ခုရဲ့ လေထုအတွင်း
ရှိ မိုးလေ၀သအခြေအနေကိုဆုံးဖြတ်နိုင်တဲ့
-
မိုးရေချိန်၊ လေထုဖိအား၊ သိပ်သည်းဆ၊ လေတိုက်
နှုန်းနဲ့လေလမ်းကြောင်းရဲ့ လက်ရှိအဆင့်ကို
-
တိုင်းတာရန် လိုအပ်ပါတယ်။
-
ကမ္ဘာတစ်ဝှမ်းရှိ အခြေစိုက်စခန်း
ပေါင်း၈၀၀ကျော်မှ မိုးလေ၀သပညာရှင်များက
-
မိုးပျံပူဖောင်းများကို တနေ့နှစ်ကြိမ် လေထု
အတွင်းကို လွှတ်တင်လေ့ရှိကြတယ်။
-
မိုးပျံပူဖောင်းတွေက "radiosonde"
ဟုခေါ်သော ကိရိယာများကို
-
သယ်ဆောင်တယ်၊ ဒါတွေက ကနဦး
အခြေအနေများကို တိုင်းတာပြီး
-
တွေ့ရှိချက်များကို နိုင်ငံတကာ
မိုးလေ၀သစင်တာများသို့ ပို့ပေးတယ်။
-
ဒီကနေ ရရှိလာသောအချက်အလက်များကို အခြေခံပြီး
-
ပညာရှင်များက မိုးလေ၀သ
ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။
-
ဖြစ်ချင်တော့ ပြီးပြည့်စုံတဲ့
-
ခန့်မှန်းချက်တစ်ခုကိုထုတ်ပြန်ဖို့
တားဆီးနေတဲ့ အရာ ရှိနေပါတယ်။
¶
-
မိုးလေ၀သသည် အခြေခံအားဖြင့်
ရှုပ်ထွေးလွန်းသောစနစ်တစ်ခု ဖြစ်ပါတယ်။
-
ဆိုလိုတာက ယင်းသည် အံ့ဩဖို့ကောင်းအောင်
အထိခိုက်မခံတဲ့အရာဖြစ်ပြီး
-
စနစ်၏အစိတ်အပိုင်းအားလုံးကို နားမလည်ဘဲ
ပြီးပြည့်စုံစွာ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး
-
ဆယ်ရက်တာကာလအတွင်း
အလွန်သေးငယ်သော နှောင့်ယှက်မှုလေးတစ်ခုက
-
လေထုအခြေအနေအပေါ် ကြီးမားတဲ့
အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်ရုံသာမက
-
ရက်သတ္တပတ်နှစ်ပတ်နောက်ပိုင်း မိုးလေဝသကိူ
ခန့်မှန်းမရနိုင်အောင် ဖြစ်စေတာပါ။
-
ရာသီဥတုခန့်မှန်းချက်များကတော့ မိုးလေ၀သ
လှိုင်းလေထန်တာ ပိုနည်းတယ်။
-
ဘာကြောင့်လဲဆိုရင် ဒေသတစ်ခုရဲ့ရာသီဥတုက
¶
-
မိုးလေ၀သရဲ့ အချက်အလက်ကို
ပျမ်းမျှယူထားခြင်းပဲဖြစ်ပါတယ်။
-
ဒါ့အပြင် ရာသီဥတုခန့်မှန်းချက်ထုတ်ရာမှာ
-
လေထုအတွင်း လက်ရှိ
ဖြစ်ပေါ်နေတာကို လျစ်လျူရှုပြီး
-
ဖြစ်နိုင်တဲ့အရာများကိုသာ အဓိကထား
တာကြောင့်မို့လည်း ဖြစ်ပါတယ်။
-
ယင်းတို့ကို ကန့်သတ်အခြေအနေများလို့ခေါ်ပြီး
-
ရာသီဥတုနှင့်မိုးလေ၀သတို့မှ
ကန့်သတ်ချက်များပဲဖြစ်ပါတယ်။
-
ကန့်သတ်အခြေအနေရဲ့ဥပမာတစ်ခုက
နေရောင်ခြည်စွမ်းအင်ဖြာထွက်ခြင်းပါ။
-
နေနှင့် တည်နေရာတစ်ခုအကြားရှိ တိကျတဲ့
အကွာအဝေးနှင့်ထောင့်ကို စိစစ်ခြင်းဖြင့်
¶
-
ဒီဧရိယာမှ လက်ခံရရှိမယ့်အပူပမာဏကို
သိရှိနိုင်ပါတယ်။
-
တစ်နှစ်ပတ်လုံး နေရဲ့လှုပ်ရှားမှုကို
သိနေတဲ့အတွက်ကြောင့်
-
၎င်း၏ အပူချိန်ပေါ်သက်ရောက်မှုကို
တိကျစွာ ခန့်မှန်းနိုင်ပါတယ်။
-
နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့
ဒေတာများကို ပျမ်းမျှယူခြင်းဖြင့်
-
အချိန်ကာလာအလျောက် ပုံမှန်ဖြစ်လေ့
ရှိတဲ့ပုံစံတွေကို ထုတ်ဖော်နိုင်ပါတယ်။
-
ကန့်သတ်အခြေအနေအများစုက တဖြည်းဖြည်း
ပြောင်းတဲ့ တန်ဖိုးတွေ ကောင်းစွာသတ်မှတ်တယ်။
-
ဒါက သုတေသီတွေကို အနာဂတ် နှစ်တွေအတွေအတွက်
ရာသီဥတုကို စိတ်ချက်ချ ခန့်မှန်းခွင့်ပေးတယ်
¶
-
ဒါပေမဲ့ ဒီမှာ ခဲရာခဲဆစ်နိုင်တဲ့ နေရာပါ။
-
ကန့်သတ် အခြေအအနေထဲက မပြောပလောက်တဲ့
ပြောင်းလဲမှုက ကမောက်ကမ ရာသီဥတုစနစ်မှာ
-
ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို
ကိုယ်စားပြုပါတယ်။
-
ဥပမာပြရရင် လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀အတွင်း
-
ကမ္ဘာမြေ၏မျက်နှာပြင်အပူချိန်ဟာ
၁ ဒီဂရီဆဲလ်စီးရပ်စ်နီးပါး တိုးလာပါတယ်။
-
ဒီပြောင်းလဲမှုဟာ သေးငယ်တယ်လို့ထင်ရပေမဲ့
-
ဒီ ၁ ဒီဂရီဆိုတဲ့ပြောင်းလဲမှုကြောင့်
လေထုထဲမှာ အကြမ်းအားဖြင့်
-
နျူကလီယားထိပ်ဖူး ၁သန်းနဲ့ညီမျှတဲ့
စွမ်းအင် တိုးလာပါတယ်။
-
ဒီ ကြီးမားတဲ့စွမ်းအင်ထုက အပူလှိုင်းများ၊
-
မိုးခေါင်မှုများ၊ မုန်တိုင်းများ
ဖြစ်ပေါ်မှုမှာ သိသိသာသာတိုးမြင့်လာပါတယ်။
-
ပြင်းထန်တဲ့မိုးလေ၀သ တိုးပွားလာမှုက ကျပန်း
လား(သို့)ပြောင်းနေသောရာသီဥကြောင့်လား။
¶
-
-
မိုးလေ၀သက အမြဲတမ်း
ကမောက်ကမ ဖြစ်နေမယ်ဆိုပေမဲ့
-
ရာသီဥတုအတွင်းက အပြောင်းအလဲတွေက ပြင်းထန်သော
မိုးလေ၀သအခြေအနေဖြစ်နိုင်ခြေ တိုးစေတာပါ။
-
သိပ္ပံပညာရှင်များက ရာသီဥတု
အခြေအနေ ပြောင်းလဲလာပြီး
-
လူသား အပြုအမူများက ဒီပြောင်းလဲမှုကို
မြန်ဆန်စေပါတယ်ဆိုတာကိူ လက်ခံလုနီးပါးပါ။
¶
-
ကံကောင်းတာက
-
လူသားတွေရဲ့ဘယ်အပြုအမူတွေက ရာသီဥတု
အပေါ် အများဆုံး အသက်ရောက်မှူရှိတယ်ဆိုတာ
-
ဘယ်ကန့်သတ်အခြေအနေအမျိုးအစား ပြောင်းလဲ
နေသလဲကို ခြေရာခံကာ သိရှိနိုင်ပါတယ်။
-
ဒါကြောင့် နောင်လာမည့်လအတွက်မိုးလေ၀သ
အခြေအနေက ပဟေဠိတစ်ခုအနေနဲ့ ရှိတာတောင်
-
အားလုံး အတူတကွပူးပေါင်းလုပ်ကိုင်ကာ
နောင်လာမည့် ရာစုနှစ်များအတွက်ရာသီဥတုကို
-
ကြိုတင်ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။