-
Title:
အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းသမားတစ်ဦး ဖြစ်ခြင်းအတွက် လျှို့ဝှက်ချက်။
-
Description:
အကြိမ်အတော်များများမှာတော့ ဖန်တီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ငွေရှာခြင်းကြားမှာ ရွေးချယ်ဖို့လိုတယ်လို့ ကိုယ်ပိုင်လုပ်ငန်းသမားတွေကို ပြောတတ်ကြပါတယ်။ ဘဏ္ဍာရေး အကြံပေးဖြစ်သူ
Paco de Leon က ဒီအတွေးအခေါ်ဟာ မမှန်ဘူးဆိုတာကို ဖွင့်ချလိုက်ပြီး သင့်ကိုယ်သင် (အခြားသူတွေကနေ) ကွာခြားစေပြီး သင်နဲ့ ထိုက်တန်တဲ့ ဝင်ငွေရစေနိုင်ပုံအကြောင်း လက်တွေ့ကျတဲ့ အကြံဉာဏ် ပေးထားပါတယ်။
-
Speaker:
Paco de Leon
-
ကျွန်မဟာ ဝင်ငွေကို ရှာရာမှာ တကယ့်ကို
ညံ့ဖျင်းခဲ့သူပါ။
-
အရင်က အငယ်တန်း
ဘဏ္ဍာရေး စီမံချက်ဆွဲသူဖြစ်ခဲ့ပြီး
-
အလုပ်က လူတွေရဲ့
ဓနဥစ္စာကို စီမံရာမှာကူညီဖို့ပါ။
-
ဒါပေမဲ့ ဓာတ်ဆီဖိုး ချွေတာဖို့
အလုပ်ကို စက်ဘီးစီးသွားရလောက်အောင်
-
ကျွန်မရဲ့လစာက နည်းခဲ့တော့
-
အစားအသောက်မှာ သက်သာစေဖို့
ဥယျာဉ်ကို စလုပ်ခဲ့ရတယ်။
-
အခု စာရင်းကိုင် လုပ်ငန်းတစ်ခု
လုပ်နေပါတယ်၊
-
အထူးသဖြင့် ဖန်းတီးတီထွင်ရေး
လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတာပါ။
-
[TED: ကျွန်ုပ်တို့ အလုပ်လုပ်ကြပုံ]
¶
-
[Dropbox ၏ ပံ့ပိုးမှုဖြင့်
ပြုလုပ်နိုင်ခဲ့သည်]
¶
-
အရင် ဘဏ္ဍာရေး စီမံချက်ဆွဲသူကနေ
ဖြစ်လာတာက ဆန်းနေပုံရပေမဲ့
¶
-
အရင်းရှင်စနစ်ကို အားပေးသူတော့ မဟုတ်ဘူး။
-
ကျွန်မ အပါအဝင် တွဲလုပ်တဲ့သူတိုင်းနီးပါး
သိတာ၊ နှစ်သက်တာက အနုပညာရှင်တွေပါ။
-
ဒီတော့ ဒီစနစ် ထူထောင်နည်းကို
ကျွန်မ သိတယ်၊
-
ကိုယ်ပိုင်လုပ်ငန်းသမားတွေနဲ့ အနုပညာရှင်
တွေဟာ ဝင်ငွေ နည်းကြပါတယ်။
-
ငွေကိုအာရုံစိုက်ခြင်းက ဖန်တီးနိုင်စွမ်းကို
ဖျက်ဆီးပစ်မယ်လို့ မကြာခဏ ထင်ကြတယ်။
-
(သို့) ငွေရှာရာမှာ ဘယ်နည်းနဲမှ
သူတို့ဟာ မတော်နိုင်ဘူးလို့ ထင်မိကြတယ်။
-
ဒါပေမဲ့ တကယ်ကတော့ ဒီနေရာမှာ
သူတို့ တော်နိုင်ပါတယ်။
¶
-
တကယ်ကို တော်ဖို့လိုတယ်လေ။
-
အဲဒီလိုမဟုတ်ရင် ကိုယ့်လွတ်လပ်မှုကို
အရှုံးခံလိုက်ရမယ်လေ၊
-
လွတ်လပ်စွာ ဖန်တီးဖို့၊ ဩဇာလွှမ်းဖို့နဲ့
-
ငွေရဲ့အစွမ်းကို အသုံးပြုပြီး
-
အနုပညာရှင်တွေကို ဆက်ပြီး
မွဲစေတဲ့ အမြတ်ထုတ်မှုကို ပြောင်းလဲဖို့ပါ။
-
ကျွန်မဟာ ရုန်းကန်မနေရတော့ဘဲ
¶
-
ဘဏ္ဍာရေး စီမံချက်ဆွဲသူကတည်းက
အတော်များများ သိရှိခဲ့ပြီး
-
ဒီအသိသုတကို မျှဝေချင်တာ သက်သက်ပါ။
-
ကျွန်မ သိပြီး လုပ်ခဲ့တာတွေက ဒီလိုပါ။
-
-
ကိုယ့်တောင်းဆိုချက်ကို
တင်ပြတဲ့ အခါမှာ
-
အောက်ပါ မေးခွန်းကို
ဖြေနိုင်ဖို့ လိုပါတယ်။
-
ပြိုင်ဆိုင်ကြသူတို့ အကြားမှာ
ဘာလို့ သင့်ကို ခန့်ရမှာလဲ။
-
ဒီမေးခွန်းကို သင် မဖြေနိုင်ရင်
သင့် ဖောက်သည်တွေလည်း ဖြေနိုင်မှာမဟုတ်လို့
-
သင့်အလုပ်ရဲ့ ထူးခြားချက်အတွက်
ပိုပြီး တောင်းခံမရနိုင်ပါ။
-
စျေးနှုန်းက ခွဲခြားပစ်တဲ့ အချက်ဖြစ်လာပြီး
ဈေးပြိုင်စနစ်ထဲ ဝင်ပြိုင်ရတာပါ။
-
သင့်ကို ထူးကဲစေနိုင်တာက ဘာလုပ်တတ်လဲ၊
ဘာကြောင့် လုပ်တယ်၊ လုပ်ကိုင်ပုံပါ။
-
ဟစ်ဟော့ သီချင်းစုတွေကို
စီစဉ် တီးခတ်တဲ့ လေးဦးဂီတအဖွဲ့
-
(သို့) ဒုတိယကမ္ဘာစစ်လွန် မွေးသူတွေ ရောင်း
ချရေး နည်းပညာရှိတဲ့ နာမည်ကြီးကုမ္ပဏီ
-
(သို့) ဇာတ်ထောက်နဲ့ စက္ကူပျော့ဖတ်
အလှအရုပ်လေးတွေကို
-
လက်နဲ့ ဖန်တီးနိုင်တဲ့
ဒီဇိုင်းနာ ဖြစ်နိုင်ပါတယ်။
-
နှစ်။ သင် လုပ်ပေးတာက ဘယ်သူ့အတွက်လဲ။
¶
-
သင့်ကို သူများနဲ့ ထူးကဲစေတာကို
နားလည် ဆုံးဖြတ်ပြီးတဲ့ နောက်မှာ
-
သင့်ရဲ့ စံဖောက်သည်နေရာမှာ
ကိုယ့်ကိုယ်ကိုယ် ထားကြည့်ပါ။
-
အဲဒါ ထိရောက်မှုရှိစေဖို့
သင့်အာရုံနယ်ပယ်ကို ချုံ့ပစ်ရမယ်။
-
အာရုံကို မစူးစိုက်နိုင်ရင်
လူတိုင်းအတွက် အရာတိုင်း ဖြစ်လာကာ
-
ဘယ်သူအတွက်မှ ဘာမှမဟုတ်တဲ့
သဘောနဲ့ အဆုံးသတ်သွားမှာပါ။
-
ပြီးတော့ သင် ရည်ရွယ်ထားတဲ့ ဖောက်သည်ကို
ဆွဲဆောင်နိုင်မယ့် ဘာသာစကားမျိုးကိုသုံးပါ။
-
သူတို့ကို ဆွဲဆောင်နိုင်မယ့် စျေးကွက်ရှာရေး
ပစ္စည်းတွေ (သို့) အချက်တွေ ဖန်တီးပါ။
-
ဒီနောက် သူတို့ရဲ့ လက်တွေ့ဘဝနဲ့
အင်တာနက်ဝန်းကျင်းမှာ ရှိပါစေ။
-
ဥပမာ၊ သင်ဟာ ဗီဒီယိုရိုက်သူဖြစ်ပြီး
-
ရေရှားတဲ့ နေရာတွေဆီ သန့်စင်တဲ့ရေ
ယူဆောင်ပေးရေး
-
တာဝန်ကို ဖြည့်ဆည်းပေးချင်တဲ့
ကုမ္ပဏီတွေနဲ့ တွဲလုပ်ချင်ရင်
-
ရုပ်ရှင် အစွမ်းက လူတွေကို လုပ်ဆောင်ဖို့
စေ့ဆော်ပေးပုံ နမူနာပါတဲ့ ဗီဒီယိုဖန်တီးပါ။
-
သုံး။ ငွေအကြောင်း ပြောဖို့ လိုလာရင်
သင်ဖန်တီးတဲ့ တကယ့် တန်ဖိုးကို နားလည်ပါ။
¶
-
ပရောဂျက်တစ်ခုအပေါ် အလုပ်လုပ်တဲ့
အချိန်အတွက် ထေမိရုံတင် မကပါဘူး။
-
သင် သင်ယူခဲ့တဲ့ အရာတိုင်းအတွက်နဲ့
သင်လုပ်ကိုင်ပုံကို
-
သူများထက် ပြောင်မြောက်အောင်
လုပ်ဖို့ သင်ခဲ့ရတဲ့ နှစ်တွေအားလုံးနဲ့
-
သင်လုပ်ထားတဲ့ အရာတိုင်း
အတွက် ထေမိစေခြင်းပါ။
-
သင့်ကိုယ်သင် ဒီလိုမျိုး မေးပါ။
-
ဝန်ဆောင်မှုက ဖောက်သည်ရဲ့
အသားတင်ဝင်ငွေကိုဘယ်လိုသက်ရောက်လဲ
-
သင်ရဲ့ ဖန်တီးမှုရဲ့ ထိရောက်မှုကြောင့်
စရိတ်တွေ ဘယ်လောက် သက်သာလာမလဲ။
-
သင်ကူညီ ဖန်တီးပေးခဲ့တဲ့ ထုတ်ကုန်ကနေ
-
သင့်ဖောက်သည်က ငွေဘယ်လောက်ရှာနိုင်မလဲ။
-
ဥပမာ၊ သင်ဟာ တီရှပ်နဲ့ ဘေ့စ်ဘော ဦးထုပ်
တွေလို ထုတ်ကုန်တွေကိုထွင်တဲ့ YouTube
-
ဖန်တီးရှင်တွေကို
ကူညီတဲ့ ကိုယ်ပိုင်လုပ်ငန်းသမားဆိုရင်
-
သင့်ဝယ်သူတွေကို ငွေဘယ်လောက်
ရရှိစေဖို့ သင်ကူညီခဲ့တာကို ဖော်ပြပါ။
-
(သို့) သင်ဟာ ကော်ပိုရေးရှင်းတွေအတွက်
သင်တန်း အစီအစဉ်အပါအဝင်
-
မျိုးစုံတစ်ခု ဖန်တီးပေးထားခဲ့ရင်
-
သင့်ထုတ်ကုန်ကို ဝယ်ယူခြင်းအားဖြင့်
ကုမ္ပဏီတစ်ခုဟာ အချိန်နဲ့ ငွေဘယ်လောက်
-
သက်သာစေတဲ့အကြောင်း ပြောပြပါ။
-
လေး။ သင့် စျေးနှုန်းထဲမှာ အခွန်တွေ၊ အထွေ
ထွေ အသုံးစရိတ်နဲ့ အမြတ် ပါဝင်တာ သေချာပါစေ။
¶
-
သင်ဟာ ကိုယ်ပိုင်လုပ်ငန်းသမား၊
ကိုယ့်လုပ်ငန်း ကိုယ်ပိုင်တော့
-
စျေးကွက် ရှာတာ၊ စာရင်းကိုင်၊ အခွန်တွေ၊
-
ဥပဒေရေးရာ၊ အာမခံ၊
အထွေထွေ အသုံးစရိတ်နဲ့
-
အမြတ်အတွက် သင့်မှာ တာဝန်ရှိတယ်။
-
သင့်စျေးက နိမ့်လွန်းနေရင်
-
သင့်ဟာ သင့်ကိုယ်သင်
ဈေးနှိမ်ပစ်လိုက်တာပါ။
-
အလားအလာရှိတဲ့ ဝယ်သူတစ်ဦးက
သင့်စျေးသတ်မှတ်မှုကို တုံ့ဆိုင်းနေရင်
-
တောင်းပန်ဖို့ မလိုပါဘူး။
-
သင်ဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီး
-
ဒီ့ထက် ဈေးလျှော့ပေးလို့
မရနိုင်ကြောင်း ပြောပြပါ။
-
ငွေရှာတာကို အာရုံစိုက်ခြင်းက
ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးမှုအစား
¶
-
လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ကို
ရရှိစေမှာမို့
-
ဖန်တီးနိုင်စွမ်းကို
တကယ် မြှင့်တင်ပေးမှာပါ။
-
အကြောင်းက သင့်အလုပ်ကို တန်ဖိုးထားတဲ့ ဖောက်
သည်တွေနဲ့ အလုပ်မှ ဝင်ငွေ လုံလောက်စွာရနေရင်
-
တန်ဖိုးမထားတဲ့ ဖောက်သည်တွေနဲ့
ဆက်ဆံဖို့ မလိုတော့လို့ပါ။