Return to Video

မြိုံတစ်မြို့မှာ သေဆုံးသွားသူတို့အတွက် နေရာကုန်သွားတဲ့အခါ ဖြစ်တတ်ပုံ။

  • 0:01 - 0:05
    ဒီတော့ ရှင်တို့အတွက် သတိမမမူမိကြတဲ့
    ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးရှိမယ့်
  • 0:05 - 0:07
    အခွင့်အလမ်း တစ်ခု ကျွန်မမှာရှိတယ်။
  • 0:08 - 0:11
    U K မှာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က
  • 0:11 - 0:14
    သုသာန်မြေကွက်တွေဆီက အမြတ်အစွန်းဟာ
    UK အိမ်ခြံမြေစျေးကွက်ထက်
  • 0:14 - 0:17
    သုံးချိုး တစ်ချိုးလောက်ကို သာလွန်ခဲ့တယ်။
  • 0:18 - 0:22
    ကိုယ်ပိုင် သုသာန်တွေကို ထူထောင်ခဲ့ကြရာ
    ရင်းနှီးမြှုပ်နှံသူတွေ မြေကွက်ရောင်းကြရာ
  • 0:22 - 0:25
    ပေါင် ၃၉၀၀ လောက်က ဈေးစတင်ပါတယ်။
  • 0:25 - 0:28
    ၎င်းတို့ဟာ ၄၀ % တိုးပွားလာမယ်လို့
    ခန့်မှန်းကြတယ်။
  • 0:28 - 0:34
    အကြီးမားဆုံး အကျိုးကျေးဇူးကတော့
    ဝယ်လိုအား တစ်ချိန်လုံးရှိတဲ့ စျေးကွက်ပါ။
  • 0:36 - 0:38
    ကဲ ဒါဟာ တကယ့် အဆိုပြုချက်ဖြစ်ပြီး
  • 0:38 - 0:43
    ဒီရင်းနှီးမြှုပ်နှံမှုကို တကယ်ပဲ
    ကမ်းလှမ်းနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်၊
  • 0:43 - 0:45
    ဒါပေမဲ့ ဒီအပေါ် ကျွန်မရဲ့ စိတ်ဝင်စားမှုက
    လုံးဝ တစ်မျိုးပါ။
  • 0:46 - 0:48
    ကျွန်မဟာ ဗိသုကာ နဲ့ မြို့ပြ ဒီဇိုင်နာပါ၊
  • 0:48 - 0:49
    ပြီးခဲ့တဲ့ တစ်နှစ်ခွဲ လုံးလုံး
  • 0:49 - 0:52
    သေတာနဲ့ သေခါနီး ကိုင်တွယ်ပုံတွေနဲ့
    ဒါတွေဟာ မြို့တွေနဲ့
  • 0:52 - 0:56
    မြို့တွင်းက အဆောက်အဦတွေကို
    ဘယ်လိုပုံဖော်တယ်ဆိုတာကို ကြည့်နေခဲ့တယ်။
  • 0:57 - 1:00
    ဒါနဲ့ နွေရာသီမှာ သေခြင်းနဲ့ ဗိသုကာ
    အကြောင်း ကျွန်မရဲ့ ပထမဆုံး
  • 1:00 - 1:02
    ပြပွဲ တစ်ပွဲ Venice မှာ လုပ်ခဲ့ပြီး
  • 1:02 - 1:04
    " Death in Venice" လို့ခေါ်ပါတယ်။
  • 1:05 - 1:07
    သေခြင်းဟာ ကျွန်မတို့အများစု ပြောဆိုဖို့
  • 1:07 - 1:10
    စိတ်မသက်မသာ ဖြစ်တဲ့ အကြောင်းရပ်
    ဆိုတော့ ပြပွဲကို တော်တော်လေး
  • 1:10 - 1:12
    မြူးတူးပျော်ပါးဖို့ စီစဉ်ခဲ့တယ်။
  • 1:12 - 1:15
    လူတွေ ဒါနဲ့ အရှိအတိုင်း
    ထိတွေ့မှုရှိနိုင်အောင်ပါ။
  • 1:15 - 1:18
    ဒါနဲ့ ပြပွဲတစ်ခုကတော့ မြို့ထဲက အိမ်ရာ
    ဘယ်လောက်ကို သေခြင်းအတွက်
  • 1:18 - 1:21
    ခွဲပေးထားတယ်ဆိုတာပြတဲ့ London ရဲ့
  • 1:21 - 1:23
    တုံ့ပြန်ဆက်သွယ်တဲ့ မြေပုံပါ။
  • 1:23 - 1:26
    မြေပုံအထက်မှာ သင့်လက်ဖြင့်
    ဝှေ့ယမ်းလိုက်ရင်
  • 1:26 - 1:29
    အိမ်ရာအပိုင်းရဲ့ အမည်၊ အဆောက်အဦ
    ဒါမှမဟုတ် သုသာန်မြေဟာ
  • 1:29 - 1:30
    ပေါ်လာပါတယ်။
  • 1:31 - 1:33
    သင်တို့မြင်ရတဲ့ ဒီအဖြူရောင် သဏ္ဍာန်တွေ
  • 1:33 - 1:36
    အားလုံးဟာ မြို့ထဲမှာရှိတဲ့ ဆေးရုံတွေ၊
    နာတာရှည်ဆေးရုံတွေ၊
  • 1:36 - 1:39
    ရင်ခွဲရုံတွေနဲ့ သုသာန်တွေပါ။
  • 1:39 - 1:41
    တကယ်တော့ အများစုဟာ သုသာန်တွေပါ။
  • 1:42 - 1:46
    ပြချင်တာက သေခြင်းနဲ့ မြေမြှုပ်ခြင်း
    တွေဟာ ကျွန်မတို့မစဉ်းစားနိုင်လောက်တဲ့
  • 1:46 - 1:48
    ကိစ္စတွေဆိုတာတောင်မှ
  • 1:48 - 1:51
    ဒါတွေက ကိုယ်တစ်ဝိုက်မှာ ရှိနေပြီး
    မြို့တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။
  • 1:52 - 1:56
    ဒီတော့ နှစ်စဉ် လူဦးရေ သန်းတစ်ဝက်လောက်
    UK မှာ သေဆုံးကြပြီး
  • 1:57 - 2:00
    အဲဒီထဲက လေးပုံတစ်ပုံလောက်ဟာ
    မြေမြှုပ်သဂြိုဟ် ချင်ကြတယ်။
  • 2:00 - 2:04
    ဒါပေမဲ့ UK မှာက အခြား
    အနောက်တိုင်းနိုင်ငံတွေလိုပဲ
  • 2:04 - 2:05
    မြေမြှုပ်ဖို့နေရာက ကုန်လာနေတယ်၊
  • 2:05 - 2:07
    အထူးသဖြင့် အဓိကမြို့ကြီးတွေမှာပေါ့။
  • 2:08 - 2:11
    ဒါကို Greater London Authority က
    သတိထားမိတာ ကာလ အတော်ကြာခဲ့ပြီး
  • 2:11 - 2:15
    အဓိက အကြောင်းရင်တွေက လူဦးရေ တိုးပွားမှု၊
  • 2:15 - 2:18
    လက်ရှိ သုသာန်တွေဟာ ပြည့်လုနီးပါး
    ဖြစ်နေတာပါ။
  • 2:18 - 2:22
    အုတ်ဂူတွေဟာ ထာဝရ နေရာယူထားတယ်ဆို
    တဲ့ထုံးစံတစ်ခု UK မှာရှိနေပြီး
  • 2:22 - 2:26
    လူတွေဟာ ဒီမြေကိုပဲ အိမ်တွေ၊ ရုံးခန်းတွေ၊
    ဆိုင်တွေ ဆောက်ဖို့ဆိုတဲ့
  • 2:26 - 2:29
    'ဖွံ့ဖြိုးမှု ဖိအား' ကလည်း ရှိနေတယ်။
  • 2:30 - 2:32
    ဒါနဲ့ ဖြေရှင်းနည်းတစ်ချို့ တွေ့လာတယ်။
  • 2:32 - 2:36
    ဒါတွေကတော့ အင်း ဖြစ်နိုင်တာကနှစ် ၅၀
    ကြာအပြီးမှာ ဒီဂူတွေကို ပြန်သုံးနိုင်တယ်၊
  • 2:36 - 2:38
    ဒါမှမဟုတ် တစ်နေရာတည်း
    လေးယောက်မြှုပ်နိုင်အောင်
  • 2:38 - 2:41
    လေးဆနက်အောင် တူးလျက်
    လူလေးယောက်ကို မြှုပ်နိုင်တယ်။
  • 2:41 - 2:44
    ဒီနည်းနဲ့ မြေကို ပိုအကျိုးရှိအောင်
    အသုံးပြုနိုင်တာပေါ့။
  • 2:44 - 2:47
    ဒီနည်းနဲ့ အနာဂတ်မှာ London မှာ
    လူတွေမြှုပ်ဖို့ နေရာတွေ ရှိနေဦးမယ်လို့
  • 2:47 - 2:48
    မှန်းရတာပေါ့။
  • 2:49 - 2:52
    ဒါပေမဲ့ အစဉ်အလာအရ သုသာန်တွေကို
    ဒေသဆိုင်ရာ အာဏာပိုင်က
  • 2:52 - 2:54
    စောင့်ရှောက်ထားတာ မဟုတ်ပါဘူး။
  • 2:54 - 2:57
    အမှန်က UK မှာ သုသာန်နေရာကို
    ထောက်ပံ့ဖို့ တစ်ဦးတစ်ယောက်မှ
  • 2:57 - 3:00
    တရားဝင် ဝတ္တရားမရှိတာက အံ့ဩစရာကောင်းပါတယ်။
  • 3:00 - 3:05
    အစဉ်အလာအရ ခရစ်ယာန်ဘုရားကျောင်း
    တွေ၊ ဗလီတွေနဲ့ ရဟူဒီဘုရားကျောင်းတွေလို
  • 3:05 - 3:08
    ပုဂ္ဂလိကနဲ့ ဘာသာရေးဆိုင်ရာ
    အဖွဲ့အစည်းတွေက လုပ်ကြတာပါ။
  • 3:09 - 3:12
    ဒါပေမဲ့ အခါအားလျော်စွာ
    လုပ်ဆောင်မှုမှာပါဝင်ချင်တဲ့
  • 3:12 - 3:14
    အမြတ်အတွက်လုပ်တဲ့ အဖွဲ့လည်းရှိပါတယ်။
  • 3:14 - 3:18
    သိတဲ့အတိုင်း မြေမြှုပ်တဲ့နေရာ
    သေးသေးလေးနဲ့
  • 3:18 - 3:20
    ကြီးမားတဲ့ ကုန်ကျစရိတ်ကို ကြည့်တော့
  • 3:20 - 3:22
    ငွေအသည်းအသန် ရှာတဲ့ပုံပေါက်တာပေါ့။
  • 3:23 - 3:26
    ဒီတော့ တကယ်တမ်းက ရှင်ဟာ ကိုယ့်သုသာန်ကို
    ကိုယ်တိုင် စချင်တယ်ဆိုရင်
  • 3:26 - 3:28
    ရှင် စလုပ်နိုင်တာမျိုးပါ။
  • 3:28 - 3:30
    South Wales က စုံတွဲ ရှိခဲ့ဘူးတယ်၊
  • 3:30 - 3:33
    သူတို့မှာ လယ်တဲတစ်လုံးရှိပြီး ဘေးမှာ
    ကွင်းပြင်တွေက အများကြီးရှိပြီး
  • 3:33 - 3:35
    မြေယာကို ချဲ့ထွင်ချင်ကြတယ်။
  • 3:35 - 3:37
    စိတ်ကူးတွေ အများကြီးရှိတယ်။
  • 3:37 - 3:40
    ပထမတွေးမိတာက လူနေယာဉ် စခန်းလုပ်ဖို့ပေါ့၊
  • 3:40 - 3:42
    ဒါပေမဲ့ ကောင်စီက ငြင်းလိုက်တယ်။
  • 3:42 - 3:44
    နောက် ငါးမွေးမြူရေးခြံလုပ်ချင်တော့လည်း
  • 3:44 - 3:45
    ကောင်စီက ငြင်းပြန်ရော။
  • 3:46 - 3:48
    နောက်တော့ သုသာန်လုပ်ဖို့ တွေးမိသွားပြီး
  • 3:48 - 3:51
    ဒါလုပ်ခြင်းအားဖြင့် သူတို့ရဲ့မြေတန်ဖိုးကို
  • 3:51 - 3:53
    ပေါင် ၉၅၀၀၀ ကနေ ပေါင် တစ်သန်းထိ
  • 3:53 - 3:58
    တိုးမြှင့်နိုင်တယ်လို့ တွက်ချက်မိကြတယ်။
  • 3:59 - 4:04
    ဒါပေမဲ့ သုသာန်တွေကနေ အမြတ်ရအောင်လုပ်
    တယ်ဆိုတဲ့ စိတ်ကူးကို ပြန်ကြည့်လိုက်တော့
  • 4:04 - 4:06
    ဆိုပါတော့ ဒါဟာ သဘာဝမကျသလိုမျိုးကြီးလေ။
  • 4:06 - 4:10
    သုသာန်မြေကွက်တွေ ကုန်ကျစရိတ်မြင့်တဲ့
    ကိစ္စဟာ တကယ်တော့
  • 4:10 - 4:12
    အထင်အမြင်လွဲမှားစေတာပါ။
  • 4:12 - 4:14
    ဒါတွေဟာ စျေးကြီးပုံပေါက်နေပေမဲ့
  • 4:14 - 4:18
    ဒီကုန်ကျစရိတ်ဟာ သုသာန်မြေကို ထိန်းသိမ်း
    ဖို့လိုတယ်ဆိုတဲ့ အချက်ကို ထင်ဟပ်တာပါ။
  • 4:18 - 4:21
    ဥပမာ တစ်ယောက်ယောက်က နောင်နှစ်
    ၅၀ တိုင် မြက်ရိတ်ဖို့လိုတာမျိုးပေါ့။
  • 4:21 - 4:24
    သုသာန်တွေကနေ ငွေရှာရတာ
    အရမ်းခက်တယ်လို့ ဆိုလိုတာပါ။
  • 4:24 - 4:27
    ဒါက ပုံမှန်အနေနဲ့ ဒါတွေကို ကောင်စီ
    ဒါမှမဟုတ် အမြတ်မယူတဲ့
  • 4:27 - 4:29
    အဖွဲ့ကနေ ကွပ်ကဲတဲ့ အကြောင်းပြချက်ပါ။
  • 4:29 - 4:32
    ဒါပေမဲ့ ကောင်စီကပဲ ဒီလူတွေကို
    လုပ်ခွင့်ပေးပြီး
  • 4:32 - 4:34
    အခု သူတို့ရဲ့ သုသာန်ကို ဆောက်ဖို့
    ကြိုးစားနေပါတယ်။
  • 4:34 - 4:38
    ဒီတော့ ဒါက ဘယ်လိုလုပ်တယ်ဆိုတာကို
    ရှင်တို့ကို ရှင်းပြဖို့ပါ။
  • 4:38 - 4:40
    UK ကျွန်မ တစ်ခုခုဆောက်ချင်တယ်ဆိုရင်
  • 4:40 - 4:42
    ဥပမာ သုသာန်လိုမျိုးပေါ့၊
  • 4:42 - 4:45
    ပထမဆုံး ဆောက်လုပ်ခွင့် လျှောက်ဖို့
    လိုအပ်ပါတယ်။
  • 4:45 - 4:49
    ဒီတော့ ဖောက်သည်တစ်ယောက်အတွက်
    ရုံးသစ် အဆောက်အဦတစ်လုံး ဆောက်ချင်ရင်
  • 4:49 - 4:51
    ဒါမှမဟုတ် အိမ်ကိုချဲ့ချင်ရင်
  • 4:51 - 4:55
    သိတဲ့အတိုင်း ကိုယ့်မှာ ဆိုင်ရှိပြီး ဒါကို
    ရုံးခန်းအဖြစ် ပြောင်းချင်ရင်
  • 4:55 - 4:57
    ပုံကြမ်းတွေ တစ်ပုံကြီး ဆွဲရတယ်။
  • 4:57 - 4:59
    ပြီး ဒါတွေကို ကောင်စီမှာ
    ခွင့်ပြုချက်လျှောက်တယ်။
  • 4:59 - 5:03
    သူတို့က ဒါဟာ ပတ်ဝန်းကျင်နဲ့ ဘယ်လို
    အံကျမလဲဆိုတာမျိုးတွေ ကြည့်မယ်။
  • 5:03 - 5:05
    ဒါနဲ့ ဘာပုံမျိုးလဲဆိုတာ ကြည့်မှာပေါ့။
  • 5:05 - 5:09
    ဒါပေမဲ့ ဒါက အနီးပတ်ဝန်းကျင်မှာ
    ဘာသက်ရောက်မှုများ ရှိလာမလဲ
  • 5:09 - 5:10
    ဆိုတာမျိုးလည်း ကြည့်သေးတယ်။
  • 5:10 - 5:12
    နောက်ပြီး ဒါက ညစ်ညမ်းမှုဖြစ်စေမလား၊
  • 5:12 - 5:14
    (သို) ကျွန်မဆောက်မယ့်ဆီကို သွားချင်တဲ့
  • 5:14 - 5:16
    ယာဉ်ကြောတွေ အများကြီးဖြစ်မှာလား
  • 5:16 - 5:19
    ဆိုတာမျိုးတွေလည်း စဉ်းစားကြတယ်။
  • 5:19 - 5:20
    ဒါပေမဲ့ ကောင်းတာတွေရောပါ။
  • 5:20 - 5:23
    ဒေသခံတွေသုံးလို့ရမယ့် ပတ်ဝန်းကျင်မှာ
    ဆိုင်တွေလိုမျိုး ဒေသတွင်း
  • 5:23 - 5:25
    ဝန်ဆောင်မှုတွေ တိုးလာမလား ဆိုတာပေါ့။
  • 5:26 - 5:29
    ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်ဆပြီး
  • 5:29 - 5:30
    သူတို့ ဆုံးဖြတ်ကြမှာပေါ့။
  • 5:31 - 5:35
    ဒီတော့ ဒါက သုသာန်ကြီးတစ်ခု ဆောက်ချင်
    တယ်ဆိုရင် ဖြစ်တတ်တဲ့ပုံပါ။
  • 5:35 - 5:37
    ဒါပေမဲ့ ကျွန်မမှာ မြေကွက်တစ်ခုရှိပြီး
  • 5:37 - 5:41
    လူ ငါးယောက် ခြောက်ယောက်လောက်ကိုပဲ
    မြှုပ်ချင်တယ်ဆိုရင်ရော။
  • 5:42 - 5:45
    အင်း ဒါဆိုရင် တကယ်က ဘယ်သူ့ဆီကမှ
    ခွင့်ပြုချက် မလိုဘူးလေ။
  • 5:46 - 5:50
    တကယ်က UK မှာ မြေမြှပ်တာနဲ့ပတ်သက်ပြီး
    စည်းမျဉ်းဆိုတာ မရှိသလောက်ပါ။
  • 5:50 - 5:54
    မဆိုစလောက်ရှိတာက ရေလမ်းကြောင်းတွေ၊
    မြစ်ကြောင်းတွေ၊ မြေအောက်ရေလိုမျိုးတွေမှာ
  • 5:54 - 5:57
    မညစ်ညမ်းဖို့ ဆိုတာလောက်ပါပဲ။
  • 5:57 - 6:00
    ဒီတော့ တကယ်က ရှင်ဟာ ကိုယ့်
    ကိုယ်ပိုင်သုသာန်အသေးစားလေး
  • 6:00 - 6:01
    သွား ဆောက်လိုက်ရင် ရပြီလေ။
  • 6:01 - 6:05
    ဒါပေမဲ့ ဆိုလိုတာက တကယ်က
    ဒါကိုဘယ်သူလုပ်လဲ။ ဟုတ်ပြီနော်။
  • 6:06 - 6:10
    ကောင်းပြီ၊ ရှင်ဟာ မင်းမျိုးမင်းနွယ်
    မိသားစုဖြစ်ပြီး မြေယာကြီးတစ်ကွက် ရှိရင်
  • 6:10 - 6:12
    ရှင့်မှာ ဂူဗိမာန်ဆောက်ဖို့ အခွင့်အလမ်း
    တစ်ခုရှိပြီး
  • 6:12 - 6:14
    မိသားစုကို အဲဒီမှာ မြှုပ်လိမ့်မယ်။
  • 6:15 - 6:17
    ဒါပေမဲ့ တကယ့် ဆန်းနေတာကြီးက
  • 6:17 - 6:20
    ကိုယ့်ကို လူတွေကို စမြှုပ်ခွင့်မပေးခင်မှာ
    အတိုင်းအတာတစ်ခုရှိတဲ့
  • 6:20 - 6:23
    မြေကွက်တစ်ကွက် မရှိတာပါ။
  • 6:23 - 6:25
    ဒီတော့ ဒီအဓိပ္ပါယ်က စာအုပ်ကြီးအတိုင်းဆို
  • 6:25 - 6:29
    ဆင်ခြေဖုံးက ရှင့်အိမ်ရဲ့ နောက်ဖေး
    ဥယျာဉ်နဲ့ ဆိုင်နေတာမျိုးပေါ့။
  • 6:29 - 6:30
    (ရယ်သံများ)
  • 6:30 - 6:34
    ဒီတော့ ဒါကို ကိုယ်တိုင်အိမ်မှာ
    လုပ်ကြည့်ချင်တယ်ဆိုရင်ရော။
  • 6:34 - 6:38
    ကောင်းပြီ၊ ကောင်စီတစ်ချို့မှာရှင်တို့ကို
    ကူညီနိုင်တဲ့ လမ်းညွှန်ချက်တွေပါတဲ့
  • 6:38 - 6:40
    သူတို့ရဲ့ ဝက်ဘ်ဆိုဒ်ရှိတယ်။
  • 6:40 - 6:42
    ဒီတော့ ပထမဆုံး ရှင်ကို သူတို့ ပြောပြမှာက
  • 6:42 - 6:46
    ရှင်ရှေ့မဆက်နိုင်ခင် ရှင့်မှာ
    မြေမြှုပ်တဲ့ လက်မှတ်တစ်ခု ရှိဖို့လိုတာပါ..
  • 6:46 - 6:49
    ရှင့်ကို လူတွေကိုသတ်ပြီး အိမ်ရှေ့ဝင်း
    အောက်မှာထားဖို့ ခွင့်မပြုဘူးလေ။
  • 6:49 - 6:51
    (ရယ်သံများ)
  • 6:52 - 6:56
    အုတ်ဂူက ဘယ်မှာဆိုတာ မှတ်တမ်း
    တစ်ခုထားဖို့လိုတယ်လို့လဲ ပြောပါတယ်။
  • 6:56 - 6:59
    ဒါပေမဲ့ တရားဝင် ပြဌာန်းချက်တွေ
    အတွက်တော့ အတော်များတယ်။
  • 6:59 - 7:02
    ရှင့်အိမ်နီးချင်းတွေက ကြိုက်ချင်မှ
    ကြိုက်မှာဆိုပြီး သတိပေးတယ်၊
  • 7:02 - 7:06
    ဒါပေမဲ့ ဥပဒေကြောင်းအရကျတော့
    သူတို့လုပ်နိုင်တာဆိုလို့ မရှိသလောက်ပဲလေ။
  • 7:06 - 7:11
    အကယ်၍ ရှင်တို့ တစ်ဦးဦးဟာ ဒီသုသာန်
    မြေကွက်တွေဟာ ဘယ်လောက်ကုန်တယ်၊
  • 7:11 - 7:13
    ဘယ်လောက်ငွေရနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး
  • 7:13 - 7:16
    စိတ်မှာ အမြတ်ပေါ်တဲ့ စိတ်ကူးရှိခဲ့ရင်
  • 7:16 - 7:18
    ရှင့်အိမ်တန်ဖိုးဟာလ၂၀% လောက်
    ကျသွားလောက်တယ်
  • 7:18 - 7:20
    ဆိုတာကိုလည်း သတိပေးနိုင်ပါတယ်။
  • 7:21 - 7:22
    တကယ်တော့ ပိုဖြစ်နိုင်တာက ဒါပြီးရင်
  • 7:22 - 7:25
    ရှင်တို့အိမ်ကို ဘယ်သူမှဝယ်ချင်စိတ်ရှိမှာ
    မဟုတ်ဘူးဆိုတာတောင်လေ။
  • 7:26 - 7:29
    ဒီတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်မတွေ့တဲ့
    စိတ်ဝင်စားစရာက
  • 7:29 - 7:34
    သေခြင်းအပေါ် ကျွန်မတို့ အများစုရဲ့ သဘော
    ထားတွေကို အကျဉ်းရုံးပြသလိုဖြစ်တာပါ။
  • 7:34 - 7:39
    UK မှာနဲ့ ကျွန်မအထင် ဥရောပတလွှား
    ကိန်းဂဏန်းတွေဟာ ဆင်တူပြီး
  • 7:39 - 7:42
    လူဦးရေရဲ့ ၃၀% လောက်ကပဲ
    သေတာနဲ့စပ်လျဉ်းပြီး
  • 7:42 - 7:44
    သူတို့ရဲ့ ဆန္ဒတွေကို ပြောဖူးကြပြီး
  • 7:44 - 7:45
    ၇၅% ကျော် လူတွေအတွက်တောင်မှ
  • 7:46 - 7:49
    ၄၅% လောက်ပဲ ဒီအကြောင်းကို
    ပြောဖူးကြတယ် ထင်ပါတယ်။
  • 7:49 - 7:52
    ပြီးတော့ လူတွေပေးတတ်တဲ့
    အကြောင်းပြချက်တွေက..သိတဲ့အတိုင်း
  • 7:52 - 7:54
    သူတို့သေဖို့က အဝေးကြီးလို့ ထင်ကြတာ
  • 7:54 - 7:57
    ဒါမှမဟုတ် ဒါကို ပြောလိုက်ခြင်းအားဖြင့်
    လူတွေကို ကသိကအောင့်
  • 7:57 - 7:58
    ဖြစ်စေလိမ့်မယ်လို့ ထင်ကြတာပါ။
  • 7:58 - 8:00
    သိတဲ့အတိုင်း အတိုင်းအတာတစ်ခုအထိတော့
  • 8:00 - 8:04
    ကျွန်မတို့ကို စောင့်ရှောက်နေတဲ့
    အခြားသူတွေ ရှိပါတယ်။
  • 8:04 - 8:07
    အစိုးရမှာ ဒီစည်းမျဉ်းအားလုံးနဲ့
    ဒီတစ်ဝိုက်က ဥပမာ လူသေကို မြှုပ်တာမျိုးလို
  • 8:07 - 8:10
    ရှပ်ထွေပြီး အရာမရောက်တဲ့
    နည်းလမ်းတွေ ရှိပြီး
  • 8:10 - 8:12
    ဒီကိစ္စမှာ အလုပ်လုပ်တဲ့ဘဝတစ်ခုလုံး
  • 8:12 - 8:14
    ရည်စူးထားတဲ့ အသုဘ ဒါရိုက်တာတွေ
    လိုမျိုးတွေရှိပါတယ်။
  • 8:14 - 8:16
    ဒါပေမဲ့ ကျွန်မတို့ မြို့တွေနဲ့
  • 8:16 - 8:19
    မြို့မှာ သေတာဘယ်လောက်
    ဆန့်တယ်ကို စဉ်းစားဖို့ကျတော့
  • 8:19 - 8:23
    စည်းမျဉ်း၊ အစီအစဉ်၊ အတွေးတွေက
    ကျွန်မတို့ စိတ်ကူးလို့နိုင်လောက်တာထက်
  • 8:23 - 8:24
    အရမ်းကို နည်းပါးပါတယ်။
  • 8:24 - 8:27
    ဒီတော့ ကျွန်မတို့ ဒီအကြောင်း တွေးမနေပါဘူး။
  • 8:27 - 8:29
    ဒါပေမဲ့ ကျွန်မတို့ တွေးမိတဲ့ လူတွေကတော့
    ဒါကို တွေးနေလိမ့်မယ်။
  • 8:30 - 8:32
    ဒါကို ဂရုလည်း စိုက်ကြမှာ မဟုတ်ပါဘူး။
  • 8:32 - 8:33
    ကျေးဇူးတင်ပါတယ်။
  • 8:33 - 8:36
    (လက်ခုပ်သံများ)
Title:
မြိုံတစ်မြို့မှာ သေဆုံးသွားသူတို့အတွက် နေရာကုန်သွားတဲ့အခါ ဖြစ်တတ်ပုံ။
Speaker:
Alison Killing
Description:

Alison Killing ဆိုလိုက်တာက " အကယ်လို့များ သင်ဟာ သင့်ရဲ့ သုသာန်ကို သင်ကိုယ်တိုင် စချင်တယ်ဆိုရင် သင်စလို့ ရနိုင်တာမျိုးပါ"တဲ့။ သူမက ကျွန်ုပ်တို့ သေကြတဲ့ နေရာနဲ့ မြေမြှုပ်ခံရတဲ့နေရာအကြောင်း အများကြီးစဉ်းစားမိပါတယ်။ ဒီဟောပြောချက်မှာ ဗိသုကာပညာရှင်နဲ့ TED ဝိုင်းတော်သားက ကျွန်ုပ်တို့ရဲ့ မြို့ငယ်၊ မြို့ကြီးတွေရဲ့ သတိမမူမိတဲ့ အင်္ဂါရပ်တစ်ခုဖြစ်တဲ့ သုသာန် အကြောင်းကို မျက်စိဖွင့်ပေးတဲ့ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ အမြင်တစ်ရပ်ကို တင်ပြထားပါတယ်။ တိတိကျကျပြောရရင်တော့ U.K ဥပဒေတွေပေါ့။ သင့်ကို မြှပ်နှံတဲ့ နေရာနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့၊ တစ်ခါတစ်လေ ရယ်စရာကောင်းတဲ့ မကြာခဏဆိုသလို အမြီးအမောက်မတည့်တဲ့ ဥပဒေတွေကို ဖွင့်ချပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:49

Burmese subtitles

Revisions